← Chapters

အခန်း (၇၂၃)

Vol. 49 Ch. 723

အခန်း (၇၂၃)

Vol. 49 Ch. 723

သစ်ပင်များ၊ပေါင်းပင်များနှင့်နတ်ဆိုးသား

ရဲများပြည့်နှက်နေသော တောအုပ်အ

တွင်းတွင် သူတို့၏ရှေ့၌ ရှေဟောင်းရေတွင်းတစ်ခုပေါ်လာခြင်းက သူတို့အားထူးဆန်းသောခံစားချက်တစ်ခု

ကိုပေးစွမ်းနေသည်။

မုရုံခန်းမှာ သူ့ရှေ့ရှိရှေးဟောင်းရေတွင်းအား မြင်တွေ့လိုက်ရသောအခါတွင် အရမ်းစိတ်လှုပ်ရှားစွာဖြင့် အမြန်ဆုံး ထိုနေရာသို့စတင်လျှောက်လှမ်းသွား

လိုက်သည်။

“စီနီယာအကို..ခဏလေးစောင့်ပါအုံး”

နောက်တွင်ကျန်နေခဲ့သော ထျန်းချင်းချင်းက ချက်ချင်းပဲ မုရုံခန်းကို အော်ပြောလိုက်သည်။

ထျန်းချင်းချင်း၏အော်သံအားကြား

လိုက်ရသောအခါတွင် မုရုံခန်းကရပ်လိုက်ပြီးလှည့်လိုက်သည်။ သသို့သော်သူ၏မျက်မှောင်က

တော့ကြုတ်သွား၏။ သူစိတ်မကျေမနပ်ဖြစ်နေသည်မှာ

သိသာသည်။ သူက စိတ်မရှည်စွာဖြင့်ထျန်းချင်းချင်းကို

ပြောလိုက်သည်။

“ မင်းဘာအကြောင်းပြောမလို့လဲ”

“ဂျူနီယာ ညီမ မင်းဘာတွေဖြစ်နေတာလဲ. မင်းအခုတလော ထူးထူးဆန်းဆန်းတွေပြုမူနေတာ

ကိုငါသတိထားမိတယ်.. မင်းကအမြဲတမ်းအမြဲရူးနေတာပဲ. မင်းအရင်ကဒီလိုမျိုးဖြစ်တာကိုငါမမှတ်မိပါဘူး. မင်းဘာတွေဖြစ်နေတာလဲ”

“စီ…စီနီယာအကို ဒီနေရာ က အရမ်းတိတ်ဆိတ်လွန်းတာကို အကိုသတိထားမိလား. ဒါကထူးထူးခြားခြားကို အရမ်းတိတ်ဆိတ်လွန်းတယ်”

ထျန်းချင်းချင်းကပြောလိုက်သည်။

“တိတ်ဆိတ်တာလား. ထူးထူးခြားခြားလား”

ထျန်းချင်းချင်း၏ စကားအားကြားလိုက်ရသောအခါတွင် မုရုံခန်းလေးနက်စွာမျက်မှောင်ကြုတ်

လိုက်သည်။ ဖြည်းဖြည်းချင်း မုရုံခန်းလည်းဤဧရိယာ၏ အရမ်းတိတ်ဆိတ်မှုကို သတိပြုမိလာသည်။

ယခင်က သူတို့နတ်ဆိုးသားရဲများ၏ ဟိန်းသံများနှင့် အင်းစက်များ၏ ကျည်ကျည်ကျာကျာမြည်သံတို့ကို ကြားရသည်ဖြစ်သည်။ သို့သော် ဤနေရာ၌ ဘာသံကိုမှသူတို့ကြားရခြင်းမရှိတော့ချေ။ ယင်းက တစ်သီးတစ်ခြားဖြစ်နေသော ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ယင်းကထူးဆန်းစွာတိတ်ဆိတ်နေပြီး အရမ်းတိတ်ဆိတ်နေလွန်းသောကြောင့်အနည်းငယ်ပင်ဆန်းပြာသလိုဖြစ်နေသည်။

ထို့နောက်တွင် မုရုံခန်းကလှည့်လိုက်ပြီး သူတို့ရှေ့ရှိရှေးဟောင်းရေတွင်း

ကိုထပ်မံကြည့်လိုက်သည်။

ဤအချိန်တွင် ထျန်းချင်းချင်းက မုရုံခန်း၏ဘေးသို့လျှောက်လှမ်း

လာပြီးပြောလိုက်သည်။

“စီနီယာအကို..ညီမအမြဲတမ်း ထူးဆန်းပြီး စိတ်မသက်မသာဖြစ်မှုကိုခံစားရတယ်. ဘာလို့ညီမတို့တွေ ရှေးဟောင်းရေတွင်းနားကိုမသွား

ပဲမနေရတာလဲ. အဲ့တာကအန္တရာယ်ရှိနေမှာကိုညီမ

ကြောက်မိတယ်”

“မဟုတ်ဘူး . ဂျူနီယာညီမလေး”

ဤအချိန်တွင် မုရုံခန်းက ထပ်မံပြောလိုက်သည်။ သူ၏မျက်နှာကရှေးဟောင်းရေတွင်း

အားကြည့်၍ စိတ်လှုပ်ရှားမှုအဖြစ်ပြောင်းလဲသွားသည်။

“ ဂျူနီယာညီမလေ… ဒီဧရိယာက အခြားဧရိယာတွေနဲ့ ကွဲပြားတာကြောင့် ဒီရှေးဟောင်းရေတွင်းကထူးခြား

တယ်လို့ဆိုလိုနေတာပဲ.. တို့တွေသွားပြီးတော့ စူးစမ်းသင့်တယ်.. ဒီရှေးဟောင်းရေတွင်းထဲမှာ ကောင်းကင်ဘုံကိုတောင်ဆန့်ကျင်ပစ်နိုင်

တဲ့အခွင့်အလမ်းတွေရှိချင်ရှိနေလောက်တယ်”

“ဒါပေမဲ့ စီနီယာအကို.”

ထျန်းချင်းချင်းက ဆက်လက်ပြောလိုသော်လည်း မုရုံခန်း၏ ကြားဖြတ်ဟန့်တားမှုကိုခံလိုက်ရသည်။

“ဂျူနီယာညီမလေး. မင်းတကယ်ပဲပြောင်းလဲသွားတာ

ကိုငါသတိပြုမိတယ်. မင်းအန္တရာယ်ကိုကြောက်လန့်တာ

ကိုငါသိပေမဲ့.. အကယ်၍ ငါတို့သာအဲ့တာကိုကြောက်နေရင် အခွင့်အလမ်းတွေကို ငါတို့တွေဘယ်နေရာကနေရမှာလဲ.. ငါတို့တွေဘယ်လိုလုပ်ပြီးတော့

သန်မာလာနိုင်မှာလဲ”

“ဒီကမ္ဘာမှာ ဘယ်ယောက်ျားသားကများ တစ်စုံတစ်ခုကို အောင်မြင်မှုမရချင်တဲ့သူဘယ်သူရှိလဲ.. ဘယ်ယောက်ျားသားကများ ကမ္ဘာကြီးကိုနှိမ့်ချက်ရှုမြင်နိုင်ပြီး

ကမ္ဘာကြီးကသူ့ကိုပြန်မော်ကြည့်ရတာကို မလိုချင်တဲ့သူ ဘယ်သူရှိလဲ”

“အကယ်၍ ငါတို့သာ သန်မာလာရင် အနာဂတ်မှာငါတို့ကလေးရလာတဲ့အခါ သူတို့မွေးဖွားလာလာချင်းမှာပဲ ထူးခြားကောင်းမွန်တဲ့ဘဝတစ်ခုမှာ သူတို့ နေထိုင်ရှင်သန်ခွင့်ရအောင်ငါတို့လုပ်ပေးနိုင်မှာ”

“ငါ့ရဲ့ကလေး”

မုရုံခန်း၏ စကားအားကြားလိုက်ရသောအခါတွင် ထျန်းချင်းချင်းကတီးတိုးရေရွတ်လိုက်သည်။ ဤအချိန်သူကမုရုံခန်းအားငြင်းဆန်ခြင်း

မပြုတော့ပေ။ထိုအစား အမှုမဲ့အမှတ်မဲ့ တစ်ချက်သာကြည့်လိုက်သည်။

“တကယ်တော့ ညီမတို့ကလေးကို ညီမ လွယ်ထားရပြီဆိုတာကို စီနီယာအကိုမသိလို့ပါ. လက်တလော ညီမမှာ ဒီကလေးရလာကတည်းက အရင်နဲ့မတူကွဲပြားလာပြီး အကိုကညီမကိုရူးနေတာလို့အမြဲပြောခဲ့တယ်”

“ဒါ.ဒါပေမဲ့. ညီမတို့လုံခြုံမှုရှိမယ်လို့ညီမ

မျှော်လင့်မိသေးတယ်”

မုရုံခန်းကအခြားဘာမှပြောခြင်းမရှိပေ။ ဤအချိန်တွင် သူ၏မျက်နှာက ပုံမှန်မဟုတ်စွာ ပြတ်သားနေပြီး ရှေးဟောင်းရေတွင်းထံသို့ပြတ်သား

စွာပင်လျှောက်လှမ်းသွားလိုက်သည်။

“အခွင့်အလမ်း .အခွင့်အရေး..ကြီးမားတဲ့အခွင့်အလမ်းတစ်ခု.. ငါပိုပြီးသန်မာလာချင်တယ်.. ငါမုရုံခန်း ကမ္ဘာကြီးကငါ့ကိုမော်ကြည့်ရတာ

ကိုလိုချင်တယ်..”

မုရုံခန်းကသူ၏လက်သီးတို့ကိုဆုပ်၍ သူ့ဖာသာသူတီးတိုးပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းစတင်တုန်ယင်လာ၏။

…………………………

ထူထပ်သော တောအုပ်၏အခြားဧရိယာအတွင်းတွင် ရှစ်ဖုန့်၊ယွဲ့ရှောက်ချုံးနှင့်တီရှာတို့က ရှေးဟောင်းရေတွင်းတစ်ခု၏ရှေ့တွင် ရပ်နေကြသည်။ သူတို့က မတူညီသော ဧရိယာတွင် ရှိနေကြသော်လည်း အကယ်၍ မုရုံခန်းနှင့်ထန်းချင်းချင်းတို့သာ ဤနေရာ၌ရှိနေမည်ဆိုလျှင် ဤရှေးဟောင်းရေတွင်းက သူတို့တွေ့ခဲ့သော ရှေးဟောင်းရေတွင်းနှင့် တစ်ထေရာတည်းတူညီသည်ကို သူတို့သေချာပေါက်သဘော

ပေါက်ကြမည်ဖြစ်သည်။

ဤရှေးဟောင်းရေတွင်းမှာ ရှစ်ဖုန့်တောအုပ်အတွင်း၌ရှာဖွေနေစဉ် တီရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့နာက်တွင် သူကရှစ်ဖုန့်ကိုသတင်းပေးခဲ့သည် ။ ရှစ်ဖုန့်သတင်းကိုလက်ခံရရှိသည်နှင့် သူကရုတ်ခြည်းထိုနေရာသို့ အပြင်းသွားလိုက်သည်။

ဤအချိန်တွင် သူတို့နှစ်ဦးနှင့်တီရှာတို့က သူတို့၏ခေါင်းများကိုငုံ့၍ ရှေးဟောင်းရေတွင်းကိုကြည့်နေကြသည်။ ရှေးဟောင်းရေတွင်း၏အတွင်းပိုင်းကမ္ဘာက ပိန်းပေါက်အောင်မည်းမှောင်နေသည်။ ရှစ်ဖုန့်ပင် ရေတွင်း၏အတွင်းပိုင်းကိုမြင်ရခင်းမရှိပေ။ သူ၏ ဝိညာဉ်စွမ်းအားကိုလည်းအောက်သို့

အသုံးပြနိုင်ခြင်းမရှိပေ။

“အောက်မှာ..အောက်မှာ ပုံမှန်မဟုတ်တဲ့ အရာ တစ်ခုခုရှိကိုရှိရမယ်. အောက်မှာ ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့အခွင့်အလမ်းတစ်ခုရှိနေတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်..”

ယွဲ့ရှောက်ချုံးက ရှေးဟောင်းရေတွင်းအားကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

သူ၏စိတ်ထဲ၌ ပြိုင်ဘက်ကင်းသိုင်းပညာရပ်တစ်ခုက ပေါ်လာပြီးဖြစ်သည်။ ပြိုင်ဘက်ကင်းနတ်ဘုရား

လက်နက်တစ်ခု၊ပြိုင်ဘက်ကင်း

လျှို့ဝှက်ရတနာတစ်ခုတို့ကပေါ်

လာပြီးဖြစ်သည်။

ရှေးဟောင်းရေတွင်းထဲမှထွက်လာပြီးနောက် ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်ကာ ကမ္ဘာပေါ်ရှိကျွမ်းကျင်သူတို့ကိုစီးမိုး

ကြည့်နေသည့်သူကိုယ်တိုင်၏ပုံရိပ်က သူ၏စိတ်ထဲ၌ပေါ်လာပြီးဖြစ်သည်။

“လာ..ဆင်းကြစို့.. သတိထားကြ”

ရှစ်ဖုန့်ကပြောလိုက်သည်။ ထိုနောက်တွင်တစ်ချက်ခုန်လိုက်ပြီး ရှေးဟောင်းရေတွင်းအတွင်းသို့

ခုန်ဆင်းလိုက်၏။

ထို့နောက်တွင် တီရှင်နှင့် ယွဲ့ရှောက်ချုံးတို့ကလည်းသူ၏နောက်မှ

လျှင်မြန်စွာလိုက်ပါလာသည်။ ၎င်းတို့ကြားထဲတွင် ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးရှိမနေသောကြောင့်ကိစ္စများကတဲ့တိုးဆန်ပြီးရှေ့သို့သာ

တဲ့တဲ့ချီတက်ကြသည်။

ရှစ်ဖုန့်ရှေးဟောင်းရေတွင်းအတွင်းသို့ဝင်ရောက်လိုက်သည်နှင့် အမှောင်ထုကမ္ဘာတစ်ခုအတွင်း

ရောက်ရှိသွားသည်။

“ဟုန်း”

ရှစ်ဖုန့်ကသူ၏ညာလက်ကိုထိန်းချုပ်လိုက်ပြီး ငရဲဘုံကိုးခု ငရဲမီးတောက်ကို ထွန်းညှိလိုက်သည်။

သို့သော် မူလက ငရဲမီးတောက်ကသူ၏လက်ထဲ၌ အဖြူရောင်ဖြစ်သော်လည်း ယခုအခါတွင် ရှစ်ဖုန့်အနေဖြင့် မီးတောက်’ အရောင်ကိုမြင်နိုင်ခြင်းမရှိချေ။ ၎င်းက ပိန်းပေါက်အောင်မည်းမှောင်နေပြီး အမြင်ကွယ်နေသကဲ့သို့ပင်ဖြစ်သည်။

ထို့နောက်သူ၏ညာလက်၌ပင် ဟုန်းခနဲအသံနှင့်အတူ ကောင်းကင်မီးတောက်ကိုလည်း

ထွန်းညှိလိုက်သည်။ သို့သော် ကောင်းကင်မီးတောက်မှာလည်းငရဲဘုံကိုးခု ငရဲမီးတောက်ကဲ့သို့ပင်ဖြစ်သည်။ ဤမှောင်မိုက်သောကမ္ဘာအတွင်း

၌ရှစ်ဖုန့်၏အမြင်အားလုံးဝပိတ်ဆို့ထားသည်။

ထို့နောက်ရှစ်ဖုန့်များစွာတွေးနေခြင်းမရှိတော့ချေ။မီးတောက်နှစ်ခုကိုဖယ်ထုတ်ထားလိုက်ပြီး သူ၏ခန္ဓာကိုယ်ဆက်လက်ကျဆင်းနေမှုကိုခံစားလိုက်သည်။ အမြဲတမ်းနိုးနိုးကြားကြားနေပြီး မည်သည့်အန္တရာယ်ကိုမဆိုရင်ဆိုင်ရန်ပြင်ဆင်ထားသည်။

အသံတစ်ခုနှင့်အတူ ရေကိုနင်းမိသကဲ့သို့အသံတစ်ခု

ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ခြေထောက်က ရေမျက်နှာပြင်ပေါ်သို့သက်ဆင်းသွားပြီး ရေတို့နေရာအနှံ့လွင့်စင်သွားသည်။

သို့သော် ဤအချိန်တွင် ရှစ်ဖုန့်မျက်စိအတွင်းဝင်ရောက်လာသည်ကား ယခင်ကကဲ့သို့ ပိန်းပေါင်အောင်နက်မှောင်သော

အမှောင်ထုမဟုတ်တော့ပေ။ ရှစ်ဖုန့်၏မြင်ကွင်းအတွင်း ဤနေရာကအလင်းမရှိဘဲမှုန်မှိုင်း

နေသော်လည်း ဤနေရာရှိပတ်ဝန်းကျင်ကို သူရှင်းလင်းစွာမြင်နိုင်သည်ဖြစ်သည်။

၎င်းကမြေအောက်လမ်းကြောင်း

တစ်ခုဖြစ်ပုံပေါ်၏။ သူ့အောက်ရှိတူးမြောင်းက စမ်းချောင်းလေးတစ်ခုကဲ့သို့ဖြစ်သည်။ ၎င်းကအရမ်းတိမ်ပြီး ရှစ်ဖုန့်၏ခြေဖဝါးသို့သာရောက်သည်ဖြစ်သည်။ ၎င်းကဖြည်းဖြည်းချင်းစီးဆင်းနေသည်။

“ဟူးလား..ဟူးလား”

ထို့နောက်တွင်နောက်ထပ်အသံနှစ်ခုထွက်ပေါ်လာသည်။ ယွဲ့ရှောက်ချုံးနှင့်တီရှာတို့လည်း

ရောက်ရှိလာပြီးရေများနေရာ

အနှံ့သို့လွင့်စင်သွားသည်။

ရှစ်ဖုန့်သူ၏ပတ်ဝန်းကျင်အား

ဂရုတစိုက်စတင်လေ့လာလိုက်သည်။ ဤအချိန်တွင် သူနှင့်သိပ်မဝေးလှသောရှေ့၌ သူတို့၏လမ်းကြောင်းကိုပိတ်ဆို့ထားသော ကျောက်နံရံတစ်ခုရှိနေသည်။ သူလှည့်လိုက်သောအခါတွင် သူမြင်လိုက်ရသည်ကား အဆုံးကိုမမြင်တွေ့ရသော လမ်းကြောင်းတစ်ခုဖြစ်သည်။ သူတို့၏ခြေဖဝါးအောက်ရှိရေတို့က

ထိုဦးတည်ချက်အတိုင်း ဖြည်းညှင်းစွာစီးဆင်းနေသည်။

ထို့နောက်တွင် ဘာမှထပ်ပြီးပြောနေရန်မလိုအပ်ချေ။ ရှစ်ဖုန့်က အဆုံးမရှိသောရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။ တီရှာနှင့်ယွဲ့ရှောက်ချုံးတို့ကလည်းသူ၏နောက်မှလိုက်ပါလာသည်။

လျှောက်လှမ်းနေရင်းသူတို့သုံးယောက်သား

စတင်လေ့လာလိုက်သည်။ သို့သော် သူတို့ခြေလှမ်းဒါဇင်ခန့်လျှောက်လှမ်းပြီးသောအခါတွင် ယွဲ့ရှောက်ချုံးထံမှ နာကျင်စွာဖြင့်ငယ်သံပါအောင်အော်သံ

ထွက်ပေါ်လာသည်။

“အား. ခြေထောက်.ငါ့ခြေထောက်..အား”

ယွဲ့ရှောက်ချုံးမှာနာကျင်စွာဖြင့်အော်ဟစ်နေသကဲ့သို့ခုန်ပေါက်နေသည်။

“ဟမ်..ဘာဖြစ်တာလဲ”

ယဲ့ရှောက်ချုံ၏နာကျင်စွာအော်သံအားကြား

လိုက်ရသောအခါတွင် ရှစ်ဖုန့်က ချက်ချင်းလှည့်လိုက်သည်။ ဤအချိန်တွင် ယွဲ့ရှောက်ချုံး၏ ညာခြေဖဝါး၌ လက်ချောင်းအရွယ်ရှိသော အနက်ရောင်သတ္တဝါတစ်ကောင်

ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။

All Chapters