← Chapters

အခန်း (၇၂၄)

Vol. 49 Ch. 724

အခန်း (၇၂၄)

Vol. 49 Ch. 724

ယွဲ့ရှောက်ချုံး ၏ခြေဖဝါးတွင် လက်ချောင်းအရွယ်ရှိသော ပိန်းပေါက်အောင်နက်မှောင်သည့် သက်ရှိတစ်ကောင်ရှိနေသည်။ ၎င်း၏ဦးခေါင်းက ယွဲ့ရှောက်ချုံး၏ ခြေဖဝါးအား စူးဖောက်ပြီးဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်က ပေါက်ဖက်ကဲ့သို့ဖြစ်၏။

ဤအရာအားမြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်က ယွဲ့ရှောက်ချုံး ခုန်ပေါက်လိုက်သည့် အခိုက်အတန့်ကိုအခွင့်ကောင်းယူပြီး ကတ်ကြေးတစ်စုံကဲ့သို့သူ၏လက်တို့ဖြင့် အနက်ရောင်သတ္တဝါကို ဆုပ်ကိုင်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏လက်အတွင်းသို့ရောက်ရောက်

ချင်းနက်မှောင်သောသက်ရှိက တွန့်လိမ်က အပြင်းအထန်ရုန်းကန်နေသည်။

ရှစ်ဖုန့်မှာ အနက်ရောင်ဦးခေါင်းအားမြင်တွေ့လိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။ ၎င်း၏ဦးခေါင်းသေးသေးလေးက တကယ့်ကို လူသားတစ်ယောက်၏မျက်နှာအသွင်

အပြင်ရှိနေသည်ဖြစ်သည်။ ၎င်း၏ကိုယ်၌ အနက်ရောင်အမွှေးအမျှင်တို့ဖုံးလွှမ်းနေပြီး ၎င်း၏မျက်နှာက ကြမ်းကြတ်ခက်ထန်ကာ အကျည်းတန်လှသည်။ ၎င်းကစက်ဆုပ်ရွံရွှာဖို့ကောင်းသောခံစား

ချက်တစ်ခုကိုပေးစွမ်းနေ၏။

“ရှီး..ရှီး..”

အနက်ရောင်မျက်နှာက မှန်အားသံဖြင့်ခြစ်လိုက်လျှင်ထွက်လာ

သောအသံကဲ့သို့ နားစူးစေသောအသံတစ်ခုကိုရှစ်ဖုန့်ထံ

သို့ထုတ်လွှတ်နေသည်။ယင်းကလွန်စွာ စူးဝါးသည်ဖြစ်သည်။

“ဒါကဘယ်လိုမွန်းစတားမျိုးလဲ.. “

သူ့လက်ချောင်းတို့အတွင်းမှမွန်းစတား

အားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ပင် စက်ဆုပ်မှုကိုခံစားလိုက်ရသည်။

“ဗြန်း”

အသံတစ်ခုနှင့်အတူ ယွဲ့ရှောက်ချုံး၏ ခြေဖဝါးက ရေမျက်နှာပြင်ပေါ်သို့ ကျသွားသည်။ သို့သော် ဤအခိုက်အ

တန့်တွင် သူ၏ကိုယ်က ရုတ်တရက်ပြင်းထန်စွာတွန့်လိမ်သွားပြီး သူ၏မျက်နှာကအနက်ရောင်အဖြစ်ပြောင်း

လဲသွားသည်။ သူအဆိပ်မိသွားသည်မှာသိသာသည်။ သူ၏ပါးစပ်မှ ပါးစပ်အပြည့်အဖြူရောင်အမြှုပ်များ

ဆက်တိုက်ထွက်နေ၏။

“အားကောင်းတဲ့အဆိပ်ပဲ”

ယွဲ့ရှောက်ချုံး၏အသွင်အပြင်အား

တွေ့ရသောအခါတွင် ရှစ်ဖုန့်၏လက်ညှိုး၌ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။ သူကယွဲ့ရှောက်ချုံး၏ နဖူးထံသို့ထိုးလိုက်သည်။

“ဝေါ့”

ယွဲ့ရှောက်ချုံး ထပ်မံအန်လိုက်သည်။ ဤအကြိမ်တွင် ၎င်းက ပါးစပ်အပြည့်အနက်ရောင်သွေးတို့ဖြစ်သည်။

ယင်းမှာ သူ၏ကိုယ်မှအဆိပ်အားရှစ်ဖုန့်ကအ

တင်းအကျပ်အပြင်သို့ထုတ်ယူလိုက်

သည့်လက္ခဏာဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏လက်အတွင်းရှိ လူသားမျက်နှာနှင့်အနက်ရောင်အမွှေး

သတ္တဝါက ၎င်း၏ပါးစပ်ကိုဖွင့်ပြီး ပိန်းပေါက်အောင်နက်မှောင်သော အစွယ်နှစ်ခုကိုလှစ်ဟာပြလာသည်။ ၎င်း၏ရှစ်ဖုန့်၏ ညာဘက်လက်ညှိုးကိုကိုက်လိုက်သည်။

ဤအရာအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်၏ ညာဘက်လက်၌ သွေးနီရောင်မီးတောက်တစ်ခုတောက်

လောင်လာသည်။

“ရှီး.ရှီး.”

နားစူးစေသော စူးစူးဝါးဝါးအော်သံတို့အလယ်တွင် စက်ဆုပ်ဖို့ကောင်းသောအနက်ရောင်

သတ္တဝါမှာ ရှစ်ဖုန့်၏အစအနမကျန်မီးရှို့မှုကို

ခံလိုက်ရသည်။

အနက်ရောင်သတ္တဝါအား သတ်ဖြတ်ပြီးနောက်ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးကိုကြည့်ပြီးမေးလိုက်သည်။

“မင်းဘယ်လိုနေလဲ”

ဤအချိန်တွင် ယွဲ့ရှောက်ချုံး၏မျက်နှာမှ အနက်ရောင်က ပြေလျော့သော်လည်း သူ၏မျက်နှာကတော့စာရွက်ဖြူ

တစ်ရွက်ကဲ့သို့ ဖြူဖျော့နေဆဲဖြစ်သည်။

“ငါ..ငါအရမ်းအေးသလိုခံစားရတယ်”

ယွဲ့ရှောက်ချုံး၏ကိုယ်မှာပြန်ဖြေရင်း

တွန့်လိမ်နေဆဲဖြစ်သည်။

“အား”

သို့သော်ဤအချိန်တွင် ယွဲ့ရှောက်ျချုံးမှာရုတ်တရက်ထပ်မံအသားကုန်အော်ဟစ်လိုက်ပြန်သည်။ သူတို့အောက်ဘက်ရှိရေအတွင်းတွင် ရုတ်တရက် ဦးတည်ချက်အနှံ့မှ အနက်ရောင်သတ္တဝါများကသူတို့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

“ရှီး..ရှီး.ရှီး..ရှီး..”

စိတ်မချမ်းမြေ့ဖွယ် နားစူးစေသော စူးစူးဝါးဝါးအော်သံတို့က ဤမှုန်မှိုင်းသော ဥမှင်အတွင်း ရုတ်ခြည်းရိုက်ခတ်ထွက်ပေါ်လာသည်။ယင်းမှာ လုံးဝပရမ်းပတာအခြေအနေဖြစ်သည်။

ကြီးမားသောအနက်ရောင်အစုအဝေးတစ်ခုက ရေအတွင်းဦးတည်ချက်အနှံ့မှ လာနေသည်ကို ရှစ်ဖုန့်လည်းသတိပြုမိပြီးဖြစ်သည်။ ဤအချိန်တွင် ၎င်းတို့၏ရောက်ရှိလာမှုကြောင့်ထင် ရေထဲ၌ ဤအနက်ရောင် မွန်းစတားတို့၏အားကောင်းသောအ

ဆိပ်များဖြင့်ပြည့်နှက်သွားသည်။

“သွားစို့.. ဒီသခင်လေးလမ်းဖွင့်ပေးမယ်..

တီရှာ. မင်းသူ့ကိုခေါ်လာခဲ့”

ရှစ်ဖုန့်ကလှည့်ပြီးအော်ပြောလိုက်သည်။

ထို့နောက်လိုက်ပါ၍ သွေးနီရောင်မီးတောက်တို့ကရှစ်ဖုန့် ၏ကိုယ်မှ ထပ်မံထွက်ပေါ်လာပြီး ဦးတည်ချက်ပေါင်းစုံသို့ပြန့်ကား

ထွက်သွားသည်။

“ရှီး..ရှီး..ရှီး..ရှီး..ရှီး..”

ထို့နောက်တွင် သွေးနီရောင်မီးတောက်တို့က ဧရိယာတစ်ခုလုံးအားလွှမ်းခြုံသွားသကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်နားစူးစေသောအသံ

လှိုင်းများက ထပ်မံထွက်ပေါ်လာသည်။

သွေးနီရောင်မီးတောက်ပင်လယ်အဖြစ်သို့ပြောင်းလဲသွားသော ရှစ်ဖုန့်က ကြမ်းကြုတ်သော မီးတောက်သားရဲတစ်ကောင်ကဲ့သို့ ရှေ့သို့ တိုးဝင်သွားပြီး သူတို့အတွက်လမ်းကိုဖွင့်လိုက်သည်။

ရှစ်ဖုန့်ဖြတ်ကျော်သွားသောနေရာတိုင်းတွင် ဖရိုဖရဲဖြစ်မှုများ၊စိတ်မချမ်းမြေ့ဖွယ်နား

စူးစေသေ အော်သံများထွက်ပေါ်လာသည်။ သူတို့ရှေ့ရှိအနက်ရောင်မွန်းစတားများမှဗာ ရုတ်ခြည်းဘာမှကျန်ရစ်ခြင်းမရှိသည်အထိ သွေးနီရောင်မီးတောက်တို့၏လောင်ကျွမ်းခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်၏လမ်းကြောင်းအားဦးဆောင်

မှုနှင့်အတူ တီရှာမှာများစွာအားစိုက်ထုတ်ရခြင်းမရှိချေ။ သူယွဲ့ရှောက်ချုံးအားကြက်ကလေး

တစ်ကောင်ကဲ့သို့သယ်ဆောင်ပြီး ရှစ်ဖုန့်၏နောက်မှပျံသန်းလာသည်။

“ရှီး”

ဤအချိန်တွင် ထူးဆန်းသောမိုးချုန်း

သံကဲ့သို့ အော်သံတစ်ခုက ရှစ်ဖုန့်၏ရှေ့မှထွက်ပေါ်လာသည်။ လူသားမျက်နှာနှင့်ကြီးမားသော

အနက်ရောင် အမွှေးထူသတ္တဝါတစ်ကောင်က သူတို့၏လမ်းကြောင်းအားရှေ့မှပိတ်ထားသည်ကိုတွေ့လိုက်ရသည်။ သူ၏လွန်စွာကြီးမားသောကိုယ်ကြီးက လမ်းကြောင်းတစ်ခုလုံးကိုပိတ်လု

နီးပါးဖြစ်နေသည်။

၎င်း၏ မိုးချုန်းသံကဲ့သို့ အော်သံအောက်တွင်လမ်းကြောင်းတစ်ခုလုံး က ပြင်းထန်စွာတုန်ခါသွားသည်။

“ဧကရာဇ်နယ်ပယ်”

ဧရာမအနက်ရောင်အမွှေးထူမွန်းစတား၏ နယ်ပယ်အဆင့်အားတစ်ချက်ကြည့်ရုံဖြင့် ရှစ်ဖုန့်သိလိုက်သည်။ ကံကောင်းစွာဖြင့် ၎င်းက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သာ

ရှိနေသည်ဖြစ်သည်။

“ချင်းချွမ်..ထွက်လာခဲ့”

ရှစ်ဖုန့်၏အသံက သွေးကျောက်ပြားနေရာလွတ်အတွင်း

၌ထွက်ပေါ်လာသည်။ အထဲ၌ကျင့်ကြံနေသောလောချင်းချွမ်မှာ ရှစ်ဖုန့်၏အသံအားကြားလိုက်ရပြီး သူ၏ကျင့်ကြံခြင်းမှနိုးထလာသည်။

ထို့နောက်လိုက်ပါ၍ သွေးနီရောင်အလင်းတစ်ခုကရှစ်ဖုန့်၏ရှေ့တွင် လင်းလက်လာသည်။ အလင်းရောင်မှေးမှိန်ပျောက်ကွယ်သွားပြီးသည့်နောက် လောချင်းချွမ်ကရှစ်ဖုန့်၏ရှေ့တွင် ရပ်နေသည်။

လောချင်းချွမ်မှာသူ၏ရှေ့မှအနက်ရောင်ရှိပြီး ခက်ထန်သောမျက်နှာနှင့် အနက်ရောင်အမွှေးထူမွန်းစတားအားမြင်တွေ့လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။သူကရေရွတ်

ပြောဆိုလိုက်၏။

“ဒါကဘယ်လိုမွန်းစတားမျိုးလဲ. အရမ်းကိုစက်ဆုပ်ဖို့ကောင်းလွန်းတယ်”

လောချင်းချွမ်စကားပြောနေတုံး သူ၏ရှေ့ရှိမွန်းစတားက ရုတ်ခြည်း ၎င်း၏ ပါးစပ်ကိုဖွင့်ဟ၍ အနက်ရောင်အဆိပ်ငွေ့များကိုမှုတ်ထုတ်လိုက်သည်။ ၎င်းတို့ကတလိပ်လိပ်နှင့်ရှေ့သို့ တစ်ဟုန်ထိုး ဦးတည်လာ၏။

“အားကောင်းလိုက်တဲ့အဆိပ်”

လောချင်းချွမ်က ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်နေခဲ့သည်တောင် အဆိပ်ငွေ့တို့အားမြင်တွေ့လိုက်ရသော

အခါတွင် အံ့အားသင့်စွာပြောလိုက်ဆဲဖြစ်သည်။ ထို့နောက်လိုက်ပါ၍ သူ၏ညာလက်သီးအားဆုပ်လိုက်ပြီး ရှေ့သို့ထိုးလိုက်သည်။

“ ပျက်သုဉ်းခြင်းလက်သီး”

လောချင်းချွမ်အသုံးပြုလိုက်သောလှုပ်ရှားမှုက လောမိသားစု ၏ ပျက်သုဉ်းခြင်းလက်သီးဖြစ်သည်။ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်၏လက်သီးချက်စွမ်းအားအောက်တွင် ရှေ့သို့ တစ်ဟုန်ထိုးတလိပ်လိပ်ဦးတည်လာနေသော အနက်ရောင်အဆိပ်ငွေ့များမှာ ရုတ်ခြည်းလက်သီး၏ စွမ်းအားကြောင့်ပျောက်ကွယ်သွားသည်။ မကြာခင်တွင် အနက်ရောင်အမွှေးထူမွန်းစတား၏

ကိုယ်နှင့်၎င်း၏ စက်ဆုပ်ဖို့ကောင်းသောအနက်ရောင်

လူသားမျက်နှာတို့ကထွက်ပေါ်လာသည်။

ထို့နောက်လိုက်ပါ၍ အနက်ရောင် လူသားမျက်နှာကြီးက ရုတ်တရက်ပေါက်ကွဲသွားပြီး အနက်ရောင်သွေးများက ဗြန်းခနဲကျဲပြန့်သွားသည်။

ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး

၏လက်သီးက အနက်ရောင်အဆိပ်ငွေ့တို့ကို

ပျောက်ကွယ်သွားစေရုံသာမက မွန်းစတား၏အနက်ရောင်မျက်နှာ

ကိုလည်းလက်သီးတစ်ချက်တည်းဖြင့်

ပေါက်ကွဲထွက်သွားစေသည်။

အေးစက်သောလေပြင်းတစ်ချက်နှင့်အတူ လောချင်းချွမ်၏ အဖြူရောင်အဝတ်တို့နှင့် ရှည်လျားသောအနက်ရောင်ဆံပင်တို့က တဖျပ်ဖျပ်လူးလွန့်နေ၏။

ဤအချိန်တွင်လောချင်းချွမ်ကလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုကြည့်၍ မေးလိုက်သည်။

“ သခင်လေး ဖုန့် ဒါကဘယ်နေရာလဲ. ကျွန်တော်တို့တွေ ကံကြမ္မာတောင်ကိုသွားနေကြတာ

မဟုတ်ဘူးလား. ဘာလို့ကျွန်တော်တို့ဒီမှာရှိနေရတာလဲ.. ပြီးတော့ဒီမှာ စက်ဆုပ်ဖို့ကောင်းတဲ့မွန်းစတား

တစ်ကောင်လဲရှိနေတယ်”

သို့သော်လောချင်းချွမ်မှ ဤသည်နှင့်နေသားကျပြီးသားဖြစ်သည်။

သူတို့ ၏ ဆရာဖြစ်သူက အတိတ်တုံးကလည်းအတူတူပင်ဖြစ်သည်။ သူကမကြာခဏသူတို့ထံသို့မျှော်လင့်မ

ထားသည့် အံ့အားသင့်မှုများကို ယူဆောင်လာနေကြဖြစ်သည်။ သူ၏လမ်းညွှန်ပြသမှုအောက်တွင် ဤကဲ့သို့ရှားပါးပြီးစက်ဆုပ်ဖို့ကောင်းသော မွန်းစတားတစ်ကောင်နှင့်ပက်ပင်းကြုံရခြင်းက မထူးဆန်းပေ။

“ပိုင်ယွမ်မြို့က နေရာကူးပြောင်းအစီအရင်က ထိခိုက်မှုဖြစ်ထားတယ်.. ဒါကြောင့်တို့တွေ ပိုင်ယွမ်မြို့ရဲ့နယ်မြေထဲမှာ ယာယီနေခဲ့ရတယ်..နောက်တော့.. မြို့ရဲ့အပြင်ဘက်မှာ ရှေးဟောင်းအမွေအနှစ်တစ်ခု ပွင့်လာပြီး အဲ့ထဲကိုဝင်ခဲ့တာပဲ”

ရှစ်ဖုန့်က လိုရင်းတိုရှင်းပြန်ဖြေလိုက်သည်။

“ရှေးဟောင်းအမွေအနှစ်လား…ဒီမှာလား”

လောချင်းချွမ်ကရှစ်ဖုန့်၏စကားများအား

နားထောင်ရင်းဘေးပတ်ဝန်းကျင်

ကိုကြည့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က လောချင်းချွမ်အားဆက်၍ပြောလိုက်သည်။

“မင်းရဲ့ကျင့်ကြံမှုကို ဒီသခင်လေးရဲ့ ကြားဝင်နှောက်ယှက်မှုခံလိုက်ရတာမို့ အခုဒီသခင်လေးနဲ့အတူ ရှေးဟောင်းအမွေအနှစ်ကို

တစ်ချက်ကြည့်ကြစို့.. မင်းလည်း မမျှော်လင့်ထားတဲ့အခွင့်အလမ်းမျိုး

တွေရရင်ရလောက်တယ်”

“ကောင်းပါပြီ”

ရှစ်ဖုန့်၏ စကားများအားနားထောင်ပြီးနောက် လောချင်းချွမ်က ခေါင်းညိမ့်လိုက်သည်။ သူ၏ကျင့်ကြံခြင်းမှ နိုးလာပြီဖြစ်

သောကြောင့် ပင်ကိုယ်အားဖြင့်သူသည်လည်း ရှေးဟောင်းအမွေအနှစ်နှင့်မလွဲချော်လိုပေ။

“ရှီး..ရှီး..ရှီး..ရှီး..”

ဤအချိန်တွင် ရှစ်ဖုန့်၏နောက်ဘက်မှ အခြားသော ထူးဆန်းသည့် ဆူညံသံတို့ထွက်ပေါ်လာသည်။

ရှစ်ဖုန့်နောက်သို့ ကြည့်လိုက်သောအခါတွင် လူသားမျက်နှာနှင့်အနက်ရောင်အ

မွှေးထူမွန်းစတားအုပ်ကြီးက ဤဘက်ခြမ်းသို့အပြင်းလာနေသည်

ကိုတွေ့လိုက်ရသည်။ ဤအချိန်န်တွင် အနက်ရောင်မွန်းစတားအုပ်ကြီးမှာ ရေထဲတွင်သာမက သူတို့အားလုံးလမ်းကြောင်းတစ်ခုလုံးပြည့်လုနီးပါးအတူတကွစုစည်းနေကြသည်ဖြစ်သည်။

All Chapters