အခန်း (၇၂၅)
Vol. 49 Ch. 725
“ ဒါက …..များလိုက်တဲ့မွန်းစတားတွေ.. ဒါကအရမ်းရွံဖို့ကောင်းလိုက်တာ”
လောချင်းချွမ်မှာလှည့်လိုက်ပြီး သိပ်သည်းထူထပ်များပြားလှသော လူသားမျက်နှာနှင့်အနက်ရောင်အမွှေး
ထူမွန်းစတားများအားကြည့်ကာ နောက်ထပ် အော်ပြောလိုက်သည်။
“သွားစို့”
ရှစ်ဖုန့်ကပြောလိုက်သည်။
ဤနေရာ၌မရေတွက်နိုင်လောက်သော အနက်ရောင်အမွှေးထူမွန်းစတားများ
ရှိနေသည်ဖြစ်သည်။ အကယ်၍သူတို့သာ၎င်းတို့နှင့်
ဆက်လက်တိုက်ခိုက်နေလျှ် သူတို့၏စွမ်းအင်တော်တော်များများ
ကုန်ဆုံးရလိမ့်မည်ဖြစ်သည်။ ယင်းကထိုက်တန်ခြင်းလုံးဝမရှိပေ။ ထိုထက်ပိုသည်ကား ဤရှေးဟောင်းကမ္ဘာအတွင်းတွင် မျှော်လင့်မထားသည့်အန္တရာယ်များလည်းရှိလိမ့်မည်သာဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံးသောအခြေအနေတွင်နေထိုင်ဖို့အတွက်က ပို၍အရေးကြီးသည်ဖြစ်သည်။
ရှစ်ဖုန့်ကဦးဆောင်ပြီး ရှေ့သို့ထပ်မံတစ်ဟုန်ထိုးဦးတည်သွားသည်။ မကြာခင်တွင် လောချင်းချွမ်အား ပျံသန်းဖြတ်ကျော်သွားပြီး သူ၏ကိုယ်မှသွေးနီရောင်မီးတောက်
တို့ဟုန်းခနဲထွက်ပေါ်လာသည်။ ဧရာမအနက်ရောင်အမွှေးထူမွန်းစတားကြီး၏ ကိုယ်မှာ သွေးနီရောင်မီးတောက်တို့၏ ရုတ်ခြည်းဝါးမျိုခံလိုက်ရသည်။
ဧကရာဇ်နယ်ပယ် မွန်းစတား၏သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့် သွေးတို့အား ဝါးမျိုပြီးသည့်နောက် ရှစ်ဖုန့်မှာ သိုင်းနယ်ပယ်အဆင့်အားချိုးဖျက်နိုင်ခြင်း
မရှိသေးပေ။ သူယခင်က စုဆောင်းထားခဲ့သောစွမ်းအင်တို့ကို ပေါင်းထည့်သည်တောင် သူ၏ကောင်းကင်မီးတောက်နှင့်
ပေါင်းစပ်ထားသောဒန်တန်အား တစ်ဝက်သာဖြည့်တင်းနိုင်သေးသည်ဖြစ်သည်။
“အကယ်၍ ငါ့အရင်ဘဝကဒန်တန်သာဆိုရင် အဆင့်ကိုချိုးဖျက်ပြီးတာကြာလောက်ပြီ”
ရှစ်ဖုန့်ကခေါင်းကိုခါယမ်းလိုက်ပြီး သွေးနီရောင်မီးတောက်အဖြစ်ပြောင်း
လဲကာဥမှင်ကိုဖြတ်သန်းရင်းပြောလိုက်သည်။
သို့သော် ရှစ်ဖုန့် ၏လက်ရှိကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တိုက်ခိုက်နှိုင်စွမ်းက ယခင်ဘဝက ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်စွမ်း
အားဖြင့်နှိုင်းယှဉ်၍မရနိုင်ပေ။
ဖြည်းဖြည်ချင်းသူတို့၏နောက်ဘက်ရှိဆူညံသံများကသူတို့နှင့်ဝေးသည်ထက်ဝေးလာသည်ကို ရှစ်ဖုန့်နှင့်အခြားသူများ သဘောပေါက်လိုက်ကြသည်။ ရွံဖို့ကောင်းသော အနက်ရောင်အမွှေးနှင့်မွန်းစတားများ
သူတို့၏ဝန်းကျင်၌မရှိတော့သောအခါတွင် ရှစ်ဖုန့်က အတွေးတစ်ချက်ဖြင့်သွေးနီရောင်
မီးတောက်တို့အား သူ၏ကိုယ်အတွင်းသို့ရုတ်သိမ်းလိုက်သည်။
ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်ကပျံသန်းနေသောသူ၏ပုံရိပ်ကိုရပ်တန့်လိုက်ပြီး မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။
ထို့နောက် လောချင်းချွမ်နှင့် ယွဲ့ရှောက်ချုံးအားကိုင်ထားသော တီရှာတို့ကလည်း ရှစ်ဖုန့်၏နောက်၌ရပ်လိုက်ကြပြီး
ကျယ်လောင်သော အသံတစ်ခုကိုထွက်ပေါ်စေသည်။
သို့သော်ဤအချိန်တွင် သူတို့၏ရှေ့၌ ဥမှင်သုံးခုပေါ်လာသည်။
ရှစ်ဖုန့်ကလှည့်လိုက်ပြီး ယွဲ့ရှောက်ချုံးကိုကြည့်လိုက်သည်။ သူကမေးလိုက်၏။
“မင်းဘယ်လိုနေလဲ”
“ငါအဆင်ပြေတယ်”
ယွဲ့ရှောက်ချုံးကပြန်လည်တုန့်ပြန်လိုက်သ်ည။ ယွဲ့ရှောက်ချုံးမှာ ယခင်ထက်များစွာပိုကောင်းမွန်လာ
သည့်ပုံပေါ်သည်။
ယွဲ့ရှောက်ချုံးကသူ၏ကိုယ်အားဂရုတစိုက်အာရုံခံလိုက်ပြီးနောက်ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ငါအခုအဆင်ပြေလောက်ပါပြီ”
ယွဲ့ရှောက်ချုံး၏ စကားများအားကြားပြီးနောက်ရှစ်ဖုန့်ကခေါင်းအနည်းငယ်ညိမ့်လိုက်သည်။
ထို့နောက်လိုက်ပါ၍ ယွဲ့ရှောက်ချုံးက သူ့အားဆုပ်ကိုင်ထားသော တီရှာကိုပြောလိုက်သည်။
“ခင်ဗျား..ကျေးဇူးပြုပြီးကျုပ်ကို အောက်ချပေးပါ.. “
အမှန်အတိုင်းပြောရလျှင် ယွဲ့ရှောက်ချုံး အနေဖြင့် တီရှာ၏ကြက်ကလေးတစ်ကောင်လို
သယ်ဆောင်ခြင်းကိုခံထားရခြင်းက ခံစားချက်မကောင်းပေ။
သို့သော် တီရှာ၏ခက်ထန်သောအကြည့်နှင့်ရင်ဆိုင်လိုက်ရချိန်တွင် ယွဲ့ရှောက်ချုံးယဉ်ကျေးစွာဖြင့် “ကျေးဇူးပြုပြီး” ဟုပြောလိုက်သည်ဆဲဖြစ်သည်။
ယွဲ့ရှောက်ချုံး၏ စကားအားကြားလိုက်ရသောအခါတွင်
တီရှာက ယွဲ့ရှောက်ချုံးအား ကိုင်ထားမှုကိုဖြေလျော့ပေးလိုက်သည်။
ယွဲ့ရှောက်ချုံး၏ ခြေတောက်တို့ကမြေပြင်ပေါ်ဆင်း
သက်လိုက်၏။
ဤအချိန်တွင်ရှစ်ဖုန့်က တီရှာနှင့်လောချင်းချွမ်တို့အားပြောလိုက်သည်။
“ တီရှာ..ချင်းချွမ်.. လမ်းကြောင်းတစ်ခုစီကိုလူခွဲကြစို့. အကယ်၍မင်းတို့တစ်ခုခုရှာတွေ့ရင် ဒီသခင်လေးကိုအသိပေးကြ”
“အင်း”
လောချင်းချွမ်နှင့်တီရှာတို့က တစ်ချိန်တည်းတွင်ခေါင်းညိမ့်လိုက်ကြသည်။ တီရှာ၌ ရှစ်ဖုန့်နှင့် သခင်အစေခံစာချုပ်ရှိသည်ဖြစ်သည်။ သေချာသောအကွာအဝေးတစ်ခုအတွင်း၌ရှိနေသ၍ သူတို့အနေဖြင့်သတင်းစားပါးမှုကို အာရုံခံနိုင်သည်ဖြစ်သည်။
လောချင်းချွမ်သည်လည်းတူညီလုနီးပါးဖြစ်သည်။ ငရဲဘုံကိုးခု လျှို့ဝှက်နည်းလမ်းဖြင့် ရှစ်ဖုန့်အားသူသတင်းစကားပါးနိုင်သည်ဖြစ်၏။
ထို့နောက်လောချင်းချွမ်ကညာဘက်
လမ်းကြောင်းသို့သွားချိန်တွင်တီရှာက
ဘယ်ဘက်သို့ထွက်ခွာသွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က အလယ်လမ်းကြောင်းကိုသွားခဲ့သည်။
အစကယွဲ့ရှောက်ချုံးရှစ်ဖုန့်၏နောက်မှ
လိုက်လာခဲ့သည်။ သို့သော် ဂရုတစိုက်တွေးတောပြီးနောက် နောက်၌နေရခြင်းကမလုံခြုံသလိုခံစားရ၏။
သူယခင်က အဆိပ်မိနေခဲ့သော်လည်း သူတို့နောက်ရှိ သိပ်သည်းများပြားလှသော လူသားမျက်နှာနှင့်အမွှေးထူအနက်ရောင်မွန်းစတားအုပ်ကြီး၏မြင်ကွင်းကိုသူမြင်
တွေ့ခဲ့ရသည်ဖြစ်သည်။ထိုမြင်ကွင်းကအရမ်းကိုထိတ်လန့်တုန်လှုပ်ဖို့ကောင်းသည်ဖြစ်သည်။ယွဲ့ရှောက်ချုံး၏နှလုံးသားထဲ၌ ယင်းကစိတ်ပိုင်းဆိုင်ရာအရိပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်ဖြစ်သည်။သူ့အား
သွေးအန်စေသောမြင်ကွင်းကိုပြန်၍တွေးမိ၏။
ရှေ့ရှိလမ်းကြောင်းကပို၍ဆိုးရွား
သည်ဖြစ်သည်။ သူတို့၏ရှေ့၌စွမ်းအားကြီးမွန်းစတား
များပေါ်လာမည်ကိုမည်သူကသိနိုင်ပါမည်နည်း။
ထို့နောက်တွင် ယွဲ့ရှောက်ချုံးထိုအရာအားတွေးမိပြီး ပို၍လုံခြုံစေရန်ရှစ်ဖုန့်၏ဘေးသို့
လျှောက်သွားဖို့တွေးမိသည်။
“ရှစ်ဖုန့်လေး..ခုဏတုံးကပုဂ္ဂိုလ်ကဘယ်သူလဲ.. သူကအရမ်းစွမ်းအားကြီးပြီးကျွမ်းကျင်
သူတစ်ယောက်လိုအရှိန်အဝါကြီးမားတဲ့အသွင်ရှိတယ်.. သူက မွန်းစတားရဲ့အနက်ရောင်အငွေ့တွေကိုလက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်တဲ့အပြင် တိုက်ရိုက်လည်းမွန်းစတားကို
သတ်ပစ်လိုက်တယ်..”
ယွဲ့ရှောက်ချုံးကရှစ်ဖုန့်ကိုပြောလိုက်သည်။
“သူ့နမည်ကလောချင်းချွမ်”
ရှစ်ဖုန့်ကခြားနားမှုမရှိပြောလိုက်သည်။
“အိုး. ဒီနမည်ကအရမ်းကိုရင်းနှီးနေသလိုပဲ.. “
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ယွဲ့ရှောက်ချုံးကခေါင်းညိမ့်လိုက်သည်။
“လောချင်း….”
ထို့နောက်ယွဲ့ရှောက်ချုံးသူ၏လမ်းကြောင်း
ကိုရုတ်ခြည်းရပ်တန့်လိုက်သည်။သူ၏ပါးစပ်ကခပ်ကျယ်ကျယ်ပွင့်သွားပြီး သူ၏မျက်လုံးတို့ကပြူးကျယ်နေသည်။ သူက လွန်စွာတုန်လှုပ်နေဟန်ရှိပြီးအံအား
သင့်စွာပြောလိုက်သည်။
“လောချင်းချွမ်..လောချင်းချွမ်. ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်. သေခြင်းမဲ့တောင်တန်းရဲ့လောချင်းချွမ်.. ဒါက…”
“မဟုတ်သေးဘူး..မဟုတ်သေးဘူး.မဟုတ်သေးဘူး”
ယွဲ့ရှောက်ချုံးတုန့်ပြန်လိုက်ပြီးသူ၏
ခေါင်းကို၎င်းအားငြင်းဆိုသည့်အနေဖြင့်ခါယမ်းလိုက်သည်။ တွေးတောပြီးနောက် သူ၏တုန်လှုပ်နေသောအမူအယာမှာ သူ၏မျက်နှာထက်မှ လျှင်မြန်စွာပျောက်ကွယ်သွားသည်။
ယွဲ့ရှောက်ချုံး ရှေ့သို့ခပ်သွက်သွက်သွားလိုက်ပြီး သူသ့အားချန်ထားခဲ့သော ရှစ်ဖုန့်ကိုအမှီလိုက်လိုက်သည်။ သူက ရှစ်ဖုန့်ကိုဆက်ပြော၏။
“ငါခုဏကသေလုအောင်လန့်သွားတာပဲ.. ငါကအဲ့တာလောချင်းချွမ်လို့တွေးလိုက်တာ.. ဘယ်လိုဖြစ်ပြီးတော့ လောချင်းချွမ်ကတို့နဲ့အတူတူ
လျှောက်သွားပြီး မင်းကိုသခင်လေးဖုန့်လို့ခေါ်မှာတဲ့လဲ”
“ကမ္ဘာပေါ်မှာ လောချင်းချွမ်နမည်နဲ့လူတွေအများ
ကြီးရှိလိမ့်မယ်.. ဒါကနမည်တူတာပါ..ဟားဟား. ဒါပေမဲ့ လောချင်းချွမ်ဆိုတဲ့နမည်က
တကယ်ကိုတုန်လှုပ်စရာပဲ. နမည်နဲ့တင်ကြောက်လန့်မိတာက
ပုံမှန်ပါပဲလေ”
ရှစ်ဖုန့်မှာ ယွဲ့ရှောက်ချုံး၏စကားတို့အားကြားပြီး
နောက်ခပ်ယဲ့ယဲ့သာပြုံးလိုက်ပြီး များစွာရှင်းပြနေခြင်းမရှိပေ။ သူတို့ရှေ့သို့ အတူတကွလျှောက်သွားသော်လည်းရှစ်ဖုန့်က အကာအကွယ်ကိုလှစ်ဟင်းစေခြင်းမရှိပေ။
………………………………………………
“စီနီယာအကို.. ဒီလမ်းကြောင်းကအရမ်းကိုရှည်လိုက်တာ.. အဆုံးသတ်ကို ဘယ်အချိန်မှရောက်မလဲမသိတော့ဘူး.. “
မှောင်မိုက်နေသောလမ်းကြောင်းတစ်ခုထဲတွင် အစိမ်းရောင်ပုံရိပ်တစ်ခုနှင့်ခရမ်းရောင်ပုံရိပ်တစ်ခုတို့ကဖြည်းညှင်းစွာလျှောက်လှမ်းနေပြီး နိုးကြားမှု ၊လေးနက်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ဤပုံရိပ်နှစ်ခုမှာယွမ်ယန်ဓားဂိုဏ်းမှ ထျန်းချင်းချင်းနှင့်မုရုံခန်းတို့ပင်ဖြစ်သည်။
“ဂျူနီယာညီမလေး မကြာခင်ရောက်တော့မှာပါ”
မုရုံခန်းက အသံတိုးတိုးဖြင့်ပြောလိုက်ပြီးသူ၏
မျက်လုံးတို့ကတော့ ဘေးပတ်ဝန်းကျင်ကိုဂရုတစိုက်နှင့်
အာရုံခံနေဆဲဖြစ်သည်။
ထို့နောက်တွင် သူတို့၏ရှေ့၌ရွှေရောင်အလင်းတစ်ခုကို မုရုံခန်း ရုတ်တရက်မြင်တွေ့လိုက်ရသည်။ သူက ရုတ်ခြည်း ဝမ်းမြောက်သွားပြီ ထျန်းချင်းချင်းအားလျှင်မြန်စွာရှေ့
သို့ထိုးညွှန်ပြ၍ ပြောလိုက်သည်။
“ဂျူနီယာညီမလေး. ကြည့်လိုက်.. ဟိုမှာအလင်းရောင်ရှိတယ်. အဲ့တာကရွှေရောင်အလင်းပဲ. ရွှေရောင်.. အဲ့တာက နတ်ဘုရားလက်နက်တစ်ခုရဲ့ ရွှေရောင်အလင်းမဟုတ်လား”
ရွှေရောင်အလင်းအားမြင်တွေ့လိုက်ရသောအခါတွင် မုရုံခန်း သူ၏ စိတ်လှုပ်ရှားမှုကိုထိန်းထားနိုင်ခြင်းမရှိပေ။ မှုန်မှိုင်းနေသော လမ်းကြောင်း၌သူတို့အချိန်အတော်
ကြာလျှောက်လှမ်းခဲ့ပြီးနောက် ၌ နောက်ဆုံးတွင်အလင်းကိုတွေ့ရပြီဖြစ်သည်။
“နောက်ဆုံးတော့…ဟားဟား.
ဟားဟားဟားဟား”
မုရုံခန်း မထိန်းနိုင်ဘဲကျယ်လောင်စွာ
အော်ရယ်လိုက်သည်။
သူ၏ဘေး၌ရှိနေသောထျန်းချင်းချင်းက မုရုံခန်းအား မျက်စောင်းထိုးကာကြည့်လိုက်သည်။ သူမကဒေါသထွက်ဟန်ဆောင်ပြီး
ချိုသာသောအသံဖြင့်ပြောလိုက်၏။
“ကြည့်ပါအုံး.. အကို့မျက်လုံးတွေကို.. ဒါက နတ်ဘုရားလက်နက်၊ လျှို့ဝှက်ရတာ၊ ကျင့်ကြံခြင်းပညာရပ်၊ အခွင့်အလမ်းလေးနဲ့ စွန့်စားမှုလေးပဲကို”
“မဟုတ်တာ..မဟုတ်တာ”
မုရုံခန်းဤအချိန်၌စိတ်အခြေအနေ
ကောင်းမွန်နေသည်။ ထျန်းချင်းချင်း၏စကားတို့အား
သူကြားလိုက်ရသောအခါတွင် ချက်ချင်းသူ့ကိုယ်သူကာကွယ်ပြောလိုက်သည်။
“အကို့မျက်လုံးထဲမှာတော့ညီမမှ အကို့ရဲ့တကယ့်အစစ်အမှန်ရတနာပါ.. ညီမကအကို့ဘဝအတွက်အရာအားလုံးပဲ.. ညီမကဘယ်အရာမဆိုထက်ကိုပိုအ
ရေးကြီးတယ်”
“အကို..ဟမ့်. အကိုကအရမ်း အပြောကောင်းတာပဲ”
“ဘာလို့အကိုပြောတာမဟုတ်ရမှာလဲ . အကို့ရဲ့ ဂျူနီယာညီမလေးရဲ့”
မုရုံခန်းကထျန်းချင်းချင်းအား ချိုသာစွာပြောပြီးနောက်ဆက်ပြောသည်။
“အကို့ရဲ့ဂျူနီယာညီမလေး.. အဲ့ကိုမြန်မြန်သွားရအောင် အကိုတို့ကိုစောင့်စားနေတဲ့ ရတနာအတွက်အကိုတို့ရှင်သန်ရမယ်လေ”