အခန်း (၇၂၆)
Vol. 49 Ch. 726
သူ၏ရှေ့ရှိ ရွှေရောင်အလင်းအတွင်းမှနတ်ဘုရားလက်က်တစ်ခုအနား တွေးမိသောအခါတွင် မုရုံခန်းတစ်ယောက်သူ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုတို့အားဖုံးဖိထားနိုင်ခြင်းမရှိပေ။ သူအလျှင်အမြန်ရှေ့သို့ပျံသန်းသွားလိုက်ပြီး “ဘဝအတွက်အရာအလုံးထက်ကို ပို၍ အရေးကြီးသည်”ဟုသူပြောခဲံသည့် ထျန်းချင်းချင်းအားသူ၏နောက်၌ချန်ရစ်ထားခဲ့လိုက်သည်။
“စီနီယာအကို”
မုရုံခန်းကသူမအားစောင့်ခြင်းမရှိသည်ကိုတွေ့ရသောအခါတွင် ထျန်းချင်းချင်းက သူမ၏ခြေကိုဆောင့်လိုက်ပြီး သူ၏နောက်သို့လျှင်မြန်စွာလိုက်လိုက်၏။
“နတ်ဘုရားလက်နက်..နတ်ဘုရားလက်နက်..နတ်ဘုရားလက်နက်”
ရွှေရောင်အလင်းရှိရာနှင့်ပို၍နီးကပ်လာလေ မုရုံခန်းတစ်ယောက်ပို၍ စိတ်လှုပ်ရှားပျော်ရွှင်လာလေဖြစ်သည်။ သူ၏မျက်နှာထက်၌အပြုံးတို့ဝေဆာနေပြီး သူ၏ကိုယ်က စိတ်လှုပ်ရှားမှုတို့ကြောင့်တုန်ယင်နေသည်။ သူက အရှိန်ကို ပို၍ တင်လိုက်သည်။
ထို့နောက်တွင် မုရုံခန်း ဥမှင်လမ်းကြောင်းအတွင်းမှပျံသန်း
ထွက်သွားပြီး ရွှေရောင်အလင်းတို့ပြည့်နှက်နေသော
နေရာတစ်ခုသို့ရောက်ရှိသွားသည်။
“ဒါကဘာလဲ”
မုရုံခန်းရပ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ ဤအချိန်တွင် ၎င်းကငြိမ်သက်နေသော ရေကန်ငယ်လေးတစ်ခုကဲ့သို့ဖြစ်သည်။ သို့သော်ကန်အတွင်းရှိရေတို့မှာ ရွှေရောင်ကဲ့သို့ဖြစ်ကာ တလက်လက်လင်းလက်တောက်ပနေသော ရွှေရောင်အလင်းတစ်ခုကိုထုတ်လွှတ်နေသည်။
သူတို့ဥမှင်အတွင်း၌ မြင်တွေ့ခဲ့ရသောရွှေရောင်အလင်းက ရေကန်ငယ်၏ရွှေရောင်ရေတို့မှထုတ်လွှတ်သည့်အလင်းတို့ဖြစ်ပုံပေါ်သည်။
“ဒါက..”
ဤအချိန်တွင် ထျန်းချင်းချင်းလည်းရောက်လာသည်။ သူမက မုရုံခန်း၏ဘေးတွင်ရပ်လိုက်ပြီး သူမအောက်ရှိရွှေရောင် ရေကန်ငယ်ကိုငုံ့ကြည့်လိုက်သည်။
“ဒါကအရမ်းလှလိုက်တာ”
ထျန်းချင်းချင်း က ရွှေရောင် ရေကန်ငယ်အားကြည့်၍ အံ့အားသင့်စွာရေရွတ်ပြောလိုက်သည်။
ထျန်းချင်းချင်း၏ စကားလုံးတို့က မုရုံခန်းအားမိန်းမောနေမှုတို့မှ ကိုင်လှုပ်နှိုးလိုက်သလိုဖြစ်သွားသည်။ မုရုံခန်း၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာပြီး ထျန်းချင်းချင်းကိုပြောလိုက်သည်။
“ဂျူနီယာညီမလေး. ဒီရွှေရောင်ရေက ထူးခြားအံ့ဖွယ်ကောင်းတဲ့အရာပဲဖြစ်ရမယ်.. ဒါကိုတို့တွေရဲ့ကျင့်ကြံခြင်းကိုတိုးတက်လာစေဖို့အတွက်သုံးလို့ရရင်ရနိုင်လောက်တယ်”
“ဒါပေမဲ့…”
မုရုံခန်း၏ စကားတို့အားကြားလိုက်ရသောအခါတွင် ထျန်းချင်းချင်းတစ်ယောက်အနည်း
ငယ်စိုးရိမ်နေမိသည်။ သူမကပြောလိုက်သည်။
“စီနီယာအကို ရေတွေက ထူးခြားအံ့ဖွယ်ကောင်းတဲ့ပုံပေါ်နေပေမဲ့.. အကယ်၍ ညီမတို့ဝင်သွားရင် ညီမတို့ရဲ့အသက်တွေအန္တရာယ်ဖြစ်မှာကို
ကြောက်မိတယ်”
“အကိုတော့အဲ့လိုမထင်ဘူး”
မုရုံခန်းကထိုသို့ပြောလိုက်သော်လည်း သူ၏စိတ်ပိုင်းဖြတ်ထားသောအမူအယာက ယင်းကလုံးဝကိုမဖြစ်နိုင်ဟုပြောနေ
သည်ဖြစ်သည်။
“ဒါပေမဲ့..”
ထျန်းချင်းချင်းတစ်ယောက် စိတ်မသက်သာမှုကိုခံစားရသော်လည်း သူမ၏စကားမဆုံးလိုက်ခင် မုရုံခန်းကစိတ်မရှည်သောမျက်နှာထားဖြင့်ကြားဖြတ်ဟန့်တားလိုက်ခြင်းကိုခံလိုက်ရသည်။
“ဂျူနီယာညီမလေး. ဘာမှထပ်မပြောနဲ့တော့.. အကယ်၍ညီမကြောက်နေရင်.. အကို အရင်ဆုံးသွားမယ်.. အကိုအဆင်ပြေတဲ့အချိန်ကြမှ ညီမ ရွှေရောင်ရေထဲကိုဝင်နိုင်တယ်”
မုရုံခန်း၏စကားအားကြားလိုက်ရပြီးနောက် ထျန်းချင်းချင်းဘာမှထပ်မပြောတော့ပေ။ သူမက မုရုံခန်းနှင့်အတူကြီးပြင်းလာခဲ့သည်ဖြစ်
သောကြောင့်သူ့ကြောင်းကိုနားလည်သည်ဖြစ်သည်။ဘယ်လိုဖျောင်းဖျမှုမျိုးကမှ အလုပ်ဖြစ်မည်မဟုတ်သည်ကိုသူမကောင်းစွာသိသည်ဖြစ်သည်။
သို့သော်ထျန်းချင်းချင်းမှာ စိုးရိမ်နေဆဲဖြစ်သည်။ရွှေရောင်ရေတို့က အဆိပ်ဟုတ်မဟုတ်ကိုမည်သူကသိမည်နည်း။ ဤအချိန်တွင် ထျန်းချင်းချင်း၏မျက်လုံးတို့ကအမှုမဲ့အမှတ်မဲ့ ဧရိယာတစ်ခုလုံးကိုသိမ်းကျုံးကြည့်လိုက်သည်။ ရုတ်တရက် အကွာအဝေးတစ်ခုမှ အနက်ရောင်ပုံရိပ်တစ်ခုအားသူမမြင်တွေ့လိုက်ရ၏။
ထျန်းချင်းချင်းဤပုံရိပ်အားတွေ့
လိုက်ရသောအခါတွင် ရုတ်ခြည်း မုရုံခန်းကိုအော်ပြောလိုက်သည်။
“စီနီယာအကို ဟိုကိုကြည့်လိုက်အုံး”
“ဟမ်”
ရွှေရောင်ရေအတွင်းသို့တစ်ဟုန်ထိုး
ဆင်းတော့မည့်မုရုံခန်းမှာ ထျန်းချင်းချင်း၏စကားအားကြားလိုက်ရသောအါတွင် ရုတ်ခြည်းရပ်တန့်လိုက်သည်။ သူကထျန်းချင်းချင်းထိုးညွှန်ပြသောဦး
တည်ချက်သို့ကြည့်လိုက်၏။
ဤအချိန်တွင် ထိုနေရာရှိအကွာအဝေးတစ်ခုအတွင်း၌ တကယ်ပဲ လူတစ်ယောက်ရှိနေသည်ကို မုရုံခန်းတွေ့လိုက်ရသည်။ သူက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး တော်တော်လေးငယ်ရွယ်ကာ ဆယ့်ငါးဆယ့်ခြောက်အရွယ်ခန့်သာရှိသေးသည်ဖြစ်သည်။ သူ၏မျက်လုံးတို့ကပိတ်ထားပြီး သူ၏အောက်ပိုင်းကိုယ်က ရွှေရောင်ရေအတွင်းနစ်မြုပ်နေသည်။
လူငယ်ဘေးရှိရွှေရောင်ရေပေါ်တွင် လက်မောင်းနှစ်ခုစာကျယ်ဝန်းသော အနက်ရောင်သံမဏိဓားကြီးရှိနေသည်။
“ဒီလူက..”
မုရုံခန်းလူငယ်အားမြင်တွေ့လိုက်ရသော
အခါတွင် မျက်မှောင်ကြုတ်လိုက်သည်။ ဤလူကအရမ်းကိုငယ်ရွယ်ပုံပေါ်သော်လည်း မုရုံခန်းအနေဖြင့် ဤလူ၏ကျင့်ကြံမှုနယ်ပယ်ကိုအာရုံခံ
နိုင်ခြင်းမရှိပေ။
ယင်းမှာ ဤလူငယ်၏ ကျင့်ကြံမှုနယ်ပယ်က သူ၏ ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ်ထက်သာလွန်
နေသည်ဟု ပြသရန်လုံလောက်သည်ဖြစ်သည်။
“ဂျူနီယာညီမလေး ကြည့်လိုက်”
မုရုံခန်းက အနက်ရောင်နှင့်လူငယ်အား ထိုးညွှန်ပြလိုက်ပြီး သူ့ဘေးရှိထျန်းချင်းချင်းကိုပြောလိုက်သည်။
“ သူ့ကိုယ်တစ်ဝက်ကရေထဲမှာရှိနေတာ
မဟုတ်လား. သူ့အတွက်လုံးဝအဆင်ပြေနေတဲ့ပုံပဲ.. အဲ့ထက်ပိုတာကသူကအရမ်းငယ်သေးပြီးတို့တွေတကယ်ပဲသူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကိုလည်းမမြင်နိုင်ဘူး. ဒါကသူကတို့တွေထက်အများကြီးပိုသန်မာတာကို ပြသနေတာပဲ”
“ဒီလူက အောက်ကရွှေရောင်ရေကိုအသုံးပြုနေတာဖြစ်ဖို့များတယ်”
မုရုံခန်းကနောက်ဆုံးစကားအားပြောလိုက်ချိန်တွင် သူ၏လေသံနှင့်အမူအယာတို့က စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။
ထျန်းချင်းချင်းမှာ ထိုလူ၏ကိုယ်တစ်ဝက်က ရွှေရောင်ရေအတွင်းနစ်မြုပ်နေသည်ကို
တွေ့ရသောအခါတွင် များစွာပို၍ စိတ်သက်သာရာရမှုကိုခံစားလိုက်ရသည်။ သူမက မုရုံခန်းကိုခေါင်းညိမ့်ပြလိုက်သည်။
ထိုအချိန်တွင် အကွာအဝေးတစ်ခုအတွင်း၌ရှိနေသောလူငယ်က ရုတ်ခြည်းသူ၏မျက်လုံးတို့အားဖွင့်လိုက်ပြီး သူတို့ရှိရာသို့ ကြည့်လိုက်သည်ကို မုရုံခန်းနှင့်ထျန်းချင်းချင်းတို့ တွေ့လိုက်ရသည်။
မုရုံခန်းနှင့်ထျန်းချင်းချင်းတို့မှာ သူတို့အားကြမ်းကြုတ်သောသားရဲ
တစ်ကောင်က စိုက်ကြည့်လိုက်သလိုခံစားလိုက်ရ၏။
သူတို့၏ကျောရိုးထဲအထိစိမ့်တက်သွားမှုကိုခံစားလိုက်ရသည်။ထိုလူငယ်၏အကြည့်
တစ်ချက်တည်းကပင်သူတို့အား
ဤကဲ့သို့ခံစားရရန်လုံလောက်
စေသည်ဖြစ်သည်။
ရွှေရောင်ရေအတွင်းရှိအနက်ရောင်
နှင့်လူငယ်၏မျက်နှာထက်၌ အေးစက်သောမျက်နှာထားတစ်ခုရှိနေသည်။
မုရုံခန်းနှင့်ထျန်းချင်းချင်းတို့အား
ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးအတွင်း၌အေး
စက်သောသက်ဖြတ်ခြင်းစိတ်
ဆန္ဒတစ်ခုရှိနေ၏။ထို့နောက် သူ၏ညာလက်ဖြင့်ဓားတစ်ခုအ
သွင်ပုံဖော်လိုက်ပြီး သူတို့ထံသို့သာမန်ကာလျှံကာ
ထိုးညွှန်လိုက်သည်။
သတ်ဖြတ်ခြင်းအော်ရာလှိုင်းတစ်ခုက ဦးတည်ချက်အနှံ့သို့ ပျံ့နှံ့သွားသည်။လူငယ်၏ဝန်းကျင်
ရှိရွှေရောင်ရေတို့မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ သက်ရောက်မှုကိုခံလိုက်ရသည်။၎င်းတို့က ဆူပွက်နေသောရေကဲ့သို့ ဖြစ်လာ၏။
သူ၏ဘေးရှိ အနက်ရောင်သံမဏိဓားကလည်း စတင်တုန်ခါပြီးတဝီဝီမြည်နေသည်။
“မဟုတ်ဘူး.. ဒါကမကောင်းတော့ဘူး..စီနီယာ
အကိုသွားကြစို့”
ထျန်းချင်းချင်းမှာ သူမတို့ထံသို့တစ်ဟုန်ထိုးလာနေသော သဏ္ဍန်မဲ့သတ်ဖြတ်ခြင်းအော်ရာနှင့်၊ ၎င်း၏ဘေးပတ်ဝန်းကျင်ရှိစွမ်းအင်အတက်အကျများ၊ အကွာအဝေးတစ်ခုအတွင်းရှိ လူငယ်၏လှုပ်ရှားမှုတို့အားမြင်တွေ့
လိုက်ရသောအခါတွင် မုရုံခန်းအား စိုးရိမ်တကြီးအော်ပြောလိုက်သည်။
ကြမ်းကြုတ်သောသားရဲတစ်ကောင်
ကဲ့သို့နိုးထလာသည့် အနက်ရောင်နှင့်လူငယ်ကသူတို့အား
သတ်ဖြတ်လိုနေသည်။
တစ်ချိန်တည်းမှာပင် လူငယ်၏ဘေးမှအနက်ရောင်သံမဏိဓားကြီးက ရုတ်တရက်တုန်ခါလာပြီးနောက် သူတို့ထံသို့မြင့်မားသောအမြန်နှုန်းဖြင့် ပျံသန်းလာနေသည်ကိုတွေ့လိုက်ရသည်။
“သွား.သွား”
မုရုံခန်းကလည်းအန္တရာယ်ကိုအာရုံခံမိပြီးစိုးရိမ်တကြီးအော်ပြောလိုက်သည်။ထို့နောက် လျှင်မြန်စွာဖြင့်သူတို့လာရာလမ်းဆီသို့ ပျံသန်းလိုက်၏။
“စီနီယာ…..စီနီယာအကို..”
ထျန်းချင်းချင်းမှာ မုရုံခန်းအားသူမနှင့်အတူ ထွက်ပြေးစေလိုသောကြောင့်အရင်ဆုံး
မလှုပ်ရှားခဲ့ပေ။ သို့သော်သူမအား သူ့ဘဝအတွက်အရာအာလုံးပါ ဟုပြောခဲ့သည့် သူမ၏စီနီယာအကိုက သူမအားမစောင့်ပဲအရင်ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။
ထျန်းချင်းချင်း၏နှလုံးသားထဲ၌ စိတ်ပျက်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သို့သော်သူမထပ်မံနေရဲခြင်းမရှိပေ။သူမလည်းလျှင်မြန်စွာလိုက်ပါထွက်ပြေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူမက မုရုံခန်းကိုမှီလာပြီးနောက်သို့ရောက်လာသည်။
သို့သော်ဤအချိန်တွင် ပျံသန်းလာနေသောအနက်ရောင်သံမဏိဓားက သူတို့အား နှိုင်းယှဉ်၍မရနိုင်သောအမြန်နှုန်းဖြင့်မှီလာသည်။ဖော်ပြ၍မရနိုင်သော စွမ်းအားကြီးစွမ်းအင်တို့က သူတို့၏ကိုယ်များကိုတုန်ယင်စေပြီး ခုခံနိုင်စွမ်းလုံးဝမရှိစေပဲ သူတို့အပေါ်၌ လုံးဝပိတ်ဆို့ထားသည်။
မုရုံခန်းမှာ မပြေမပြစ်လှည့်လိုက်ပြီး ထျန်းချင်းချင်း၏နောက်ရှိ အနက်ရောင်သံမဏိဓားကြီးကိုမြင်တွေ့လိုက်ရသည်။၎င်းက ငါးမီတာလောက်သာကွာဝေးတော့သည်ဖြစ်သည်။အကယ်၍ ဤသို့သာဆက်သွားနေလျှင် မကြာခင် အနက်ရောင်သံမဏိဓားကသူတို့အားမိသွားလိမ့်မည်ဖြစ်သည်။ထိုအချိန်ကြလျှင် ထိုစွမ်းအားကြီးဓားအောက်၌ သူတို့နှစ်ဦးလုံးသေရလိမ့်မည်ဖြစ်၏။
“ဟင့်အင်း..ငါမသေချင်ဘူး..ငါဒီလိုမျိုးမသေချင်ဘူး.. ငါအသက်ရှင်ချင်တယ်..ငါပြိုင်ဘက်ကင်း သန်မာသူတစ်ယောက်ဖြစ်လာချင်တယ်..”
မုရုံခန်းသူ၏နှလုံးသားထဲ၌မလိုလား
မှုတို့ဖြစ်စွာဖြင့် ပြောလိုက်ပြီး အစိမ်းရောင်ပုံရိပ်ထံသို့တစ်ချက်
ကြည့်လိုက်သည်။