← Chapters

အခန်း (၇၂၇)

Vol. 49 Ch. 727

အခန်း (၇၂၇)

Vol. 49 Ch. 727

မုရုံခန်းနှင့်ထျန်းချင်းချင်းတို့ ဂိုဏ်းမှထွက်လာခဲ့သည့်လွန်ခဲ့သောသုံးနှစ်က သူတို့သည် ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်များဖြစ်ကြသည်။

သို့သော် နောက်ပိုင်းသူတို့ ရှေးဟောင်းသင်္ချိုင်းထံမှ အမွှေအနှစ်နှင့် ကျင့်ကြံခြင်းနည်းစနစ်များ၊ သိုင်းပညာရပ်များ၊ လျှို့ဝှက်နည်းစနစ်တို့အားရရှိခဲ့ကြသည်။ သုံးနှစ်ကျော်လွန်ပြီးသည့်နောက်၌ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်များ

သူတို့ဖြစ်လာကြသည်။

သူတို့ရရှိခဲ့သောလျှို့ဝှက်နည်းစနစ်များကြားထဲတွင် “သွေးဖောက်ခွဲခြင်း” ဟူသည့် လျှို့ဝှက်နည်းစနစ်တစ်ခုရှိသည်ဖြစ်သည်။

၎င်းက လူတစ်ယောက် ၏ ကာယခန္ဓာကိုယ်အားဖောက်ခွဲပစ်ပြီး စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်သည်ဖြစ်သည်။ ကာယခန္ဓာကိုယ်က ပို၍စွမ်းအားကြီးမားလေ တိုက်ခိုက်မှုစွမ်းအားကလည်းပို၍စွမ်းအား

ကြီးမားလေဖြစ်သည်။

ထိုထက်ပိုသည်ကား “သွေးဖောက်ခွဲခြင်း” လျှို့ဝှက်နည်းစနစ်နှင့်ဆိုလျှင် ခန္ဓာကိုယ်အတွင်းသို့လျှို့ဝှက်စွမ်းအားအား ထည့်သွင်းလိုက်သည်နှင့် ၎င်းက လူတစ်ယောက်၏ ကိုယ်ပိုင် ကာယခန္ဓာကိုယ်ကိုပင် ဖောက်ခွဲပစ်နိုင်သည်ဖြစ်သည်။

ထိုအချိန်တွင် ပျံသန်းလာနေသော အနက်ရောင်သံမဏိဓားက သူတို့အားထိုးဖောက်ဝင်ရောက်ကာနီးတွင် မုရုံခန်းက အစိမ်းရောင်နှင့်လှပသောပုံရိပ်လေးအားကြည့်လိုက်ပြီး သူ၏ စိတ်ထဲ၌ “သွေးဖောက်ခွဲခြင်း”လျှို့ဝှက်နည်းစနစ်က ပေါ်လာသည်။

“နှစ်ယောက်လုံးအတူတူသေတာထက်စာရင်..ဘာလို့…. “

မုရုံခန်းသူ့ဖာသာသူ ကြမ်းကြုတ်စွာတွေးလိုက်သည်။ ထို့နောက် သူ၏မျက်လုံးထဲမှ ကြမ်းကြုတ်မှုတို့နှင့်အတူ မပြေမပြစ်လှည့်လိုက်သည်။

“စီနီယာအကို”

ထျန်းချင်းချင်းမှာ လှည့်လိုက်သောမုရုံခန်းအားတွေ့လိုက်ရသောအခါတွင် တုန်လှုပ်သွားသည်။ ထို့နောက်သူမက စိုးရိမ်တကြီး မုရုံခန်းထံသို့အော်ပြောလိုက်သည်။

“စီနီယာအကို. ထွက်ပြေး.. ဘာလို့အကိုလှည့်လာတာလဲ..ထွက်ပြေး”

ထျန်းချင်းချင်းမှာ မုရုံခန်းက ရွှေရောင်ရေကန်မှထွက်သွားလိုခြင်း

မရှိသောကြောင့် ပြန်လှည့်လိုသည်ဟု ထင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ထျန်းချင်းချင်းမှာ မုရုံခန်းကသူမနှင့်နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ညာလက်က ဓားလက်ချောင်းအသွင်ဖြစ်သွားပြီး ထျန်းချင်းချင်း၏ ရင်ဘက်ထံသို့ထိုးညွှန်လိုက်သည်။

ထူးဆန်းသောစွမ်းအင်တစ်ခုက သူမ၏ကိုယ်အတွင်းသို့ ဦးတည်လာပြီးနောက် သူမ၏ကိုယ်အားဖြတ်သန်း၍ မရီဒီယန်များသို့ စီးဆင်းသွားသည်ကို ထျန်းချင်းချင်း ရုတ်ခြည်းခံစားလိုက်ရသည်။ အသက်ရှူတစ်ဝက်စာအချိန်အတွင်း သူမ၏ကိုယ်ရှိ မရီဒီယန်တို့မှာ ဆီးလ်ခတ်ခံလိုက်ရပြီး သူမအနေဖြင့် လုံးလုံးလျားလျား လှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။

“စီနီယာအကို.. အကိုဘာလုပ်…..”

ဤရုတ်ခြည်းဆန်သောပြောင်းလဲသွားသည့်ဖြစ်ရပ်ကြောင့် ထျန်းချင်းချင်း ပို၍ပင်စိတ်ရှုပ်ထွေးသွားသည်။

ဤအချိန်တွင် မုရုံခန်းမှာ နှလုံးကြေကွဲသည့်ပုံပေါ်နေသည်။ သူကထျန်းချင်းချင်းကိုပြောလိုက်သည်။

“ဂျူနီယာညီမလေး.. တို့နှစ်ယောက်အတူတူသေရတာထက် ဘာလို့ညီမအရင်ဆုံးမသွားတာလဲ.. စီနီယာအကိုဖြစ်တဲ့ငါက ညီမလေးကို ဒီဘဝလုံးဝမမေ့ပါဘူးလို့ ကျိန်ဆိုပါတယ်”

မုရုံခန်းက စကားပြောနေရင်း သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။ ထို့နောက် ဆီးလ်က ထျန်းချင်းချင်း၏ရင်ဘက်ထဲသို့

ဦးတည်သွားသည်။

မုရုံခန်း ၏ စကားတို့အားကြားရပြီး မုရုံခန်းသူမကိုယ်အတွင်းသို့ထည့်သွင်းခဲ့သော လျှို့ဝှက်နည်းစနစ်အားအာရုံခံမိသော

အခါတွင် ထျန်းချင်းချင်း၏ အမူအယာက သိသိသာသာကိုပြောင်းလဲသွားသည်။ သူမက မုရုံခန်းကိုအော်ပြောလိုက်သည်။

“မုရုံခန်း… နင်..သူတောင်းစား. သူတောင်းစားကောင်”

သူမ၏အသံက စူးရှခက်ထန်နေသည်။

မုရုံခန်းက ထျန်းချင်းချင်း၏အော်သံအား ဂရုစိုက်ခြင်းမရှိပေ။ထို့နောက် သူက ထျန်းချင်းချင်း၏ရင်ဘက်အား

ရိုက်ထုတ်လိုက်ပြီး သူမအား အနက်ရောင်သံမဏိဓားကြီးထံ

သို့ပို့လွှတ်လိုက်သည်။

“မုရုံခန်း..သူတောင်းစား..ငါ့ကလေးနဲ့ငါက မကောင်းဆိုးဝါးဝိညာည်တွေဖြစ်သွားရင်တောင် ငါတို့နင့်ကိုလာရှာမယ်..”

နောက်သို့လွင့်ပျံသွားသောထျန်းချင်းချင်းမှာ အဆုပ်ကွဲမတက်အော်ဟစ်နေဆဲဖြစ်သည်။ သူမ၏မျက်လုံးတို့မှမျက်ရည်စီးကြောင်းနှစ်ခုစီးကျလာသည်။

“ကလေးလား”

ထျန်းချင်းချင်း၏ စကားတို့အားကြားလိုက်ရသောအခါတွင်မုရုံခန်း၏ကိုယ်ကတုန်တက်သွားသည်။ သူကြက်သေသေသွားသော်လည်း လျှင်မြန်စွာအသိပြန်ဝင်လာသည်။ သူ၏နှလုံးသားထဲမှခက်ထန်စွာဖြင့် တွေးလိုက်သည်။

“ငါမုရုံခန်းမသေသေးသ၍ ငါမိန်းမတွေအများကြီးယူနိုင်ပြီး

ကလေးတွေလည်းငါလိုချင်သ

လောက်ရနိုင်တယ်”

“ပေါက်ကွဲစမ်း”

မုရုံခန်း၏ လက်တို့ကနောက်ထပ်ဆီးလ်ကို

ပုံဖော်လိုက်ပြီး ရုတ်တရက်အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်က နောက်သို့ တစ်ဟုန်ထိုးလွင့်ထွက်သွားသည်။ သူ၏ရှေ့တွင် အနက်ရောင်သံမဏိဓားထံသို့ဦး

တည်သွားသောထျန်းချင်းချင်းမှာ အနက်ရောင်သံမဏိဓားနှင့်နီးကပ်

သွားသောအခါတွင် ရုတ်တရက်ပြင်းထန်စွာပေါက်ကွဲ

ထွက်သွားသည်။

“ဝုန်း”

မိုးချုန်းသံကဲ့သို့သောအသံနှင့်အတူ တစ်ဟုန်ထိုးပျံသန်းလာနေသောအနက်ရောင်သံမဏိဓားကြီးမှာ စွမ်းအားကြီးပေါက်ကွဲအားနှင့် ထိတွေ့မိသောအခါတွင် ရုတ်ခြည်းရပ်တန့်သွားသည်။ ၎င်းက ချိုးဖျက်နိုင်စွမ်းရှိမနေခဲ့ပေ။

အကွာအဝေးတစ်ခုအတွင်းရှိ ရွှေရောင်ရေကန်၏မျက်နှာပြင်ထက်မှ မျက်လုံးတို့အားပိတ်ထားပြီးကျင့်ကြံခြင်းအခြေအနေသို့ထပ်မံဝင်ရောက်နေပုံရ

သောအနက်ရောင်ဝတ်ရုံနှင့်လူငယ်မှာ သူ၏မျက်လုံးတို့ကိုထပ်မံဖွင့်လိုက်သည်။ ပေါက်ကွဲမှုဖြစ်ပေါ်သောနေရာသို့ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ုလိုက်သည်။ သူက တီးတိုးရေရွတ်လိုက်၏။

“အစတုံးကသူတို့ကို အရေးမပါတဲ့ပုရွက်ဆိတ်လေးတွေလို့တွေးခဲ့ပြီး သာမန်ကာလျှံကာတိုက်ခိုက်မှုတစ်

ခုကသူတို့အသက်ကို ယူနိုင်လိမ့်မယ်လို့ထင်ခဲ့တာ.. ဒါပေမဲ့ ပုရွတ်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ဖောက်ခွဲမှုကနေထွက်လာတဲ့ထူးဆန်းတဲ့စွမ်းအားက အခြားတစ်ကောင်ကို ထွက်ပြေးလွတ်မြောက်အောင်လုပ်

ပေးနိုင်လိမ့်မယ်လို့မထင်ထားခဲ့ဘူး”

“ထားလိုက်ပါလေ. သူတို့ကပုရွက်ဆိတ်တွေပဲ.. ငါ့အချိန်တွေကိုဖြုန်းပစ်ဖို့မလိုပါဘူး”

အနက်ရောင်နှင့်လူငယ်က ပြောလိုက်ပြီး သူ၏မျက်လုံးတို့အားဖြည်းညှင်းစွာ

ပိတ်လိုက်ကာ ကျင့်ကြံခြင်းအခြေအနေသို့ထပ်မံ

ဝင်ရောက်သွားသည်။

အခြားတစ်ဖက်တွင် ပေါက်ကွဲမှုအားချိုးဖျက်နိုင်ခြင်းမရှိသောအနက်ရောင်သံမဏိဓားကြီးက အနက်ရောင်နှင့်လူငယ်ထံသို့ ပြန်လည်ပျံသန်းလာသည်။

……………………………..

မှောင်မိုက်နေသောဥမှင်အတွင်းတွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ကလမ်း

လျှောက်နေဆဲဖြစ်ပြီး သူတို့၏ရှေ့ဘယ်ညာသို့မကြာ

ခဏကြည့်နေသည်။

သို့သော်ထိုအချိန်တွင် သူတို့နှစ်ဦးသား ရှေ့ရှိအကွာအဝေးတစ်ခုဆီမှ ပြင်းထန်သောပေါက်ကွဲမှုတစ်ခု

ကိုခံစားမိလိုက်သည်။ ထို့နောက်မကြာခင် ဥမှင်တစ်ခုလုံး တုန်ခါသွားသည်။

“အား.. ဘာတွေဖြစ်နေတာလဲ”

ယွဲ့ရှောက်ချုံးတစ်ယောက်တုန်လှုပ်နေသည်။

ရှစ်ဖုန့်အတွက်မူသူက တုန်ခါနေသော ဂူအတွင်း၌ရှိနေသည်ဖြစ်သည်။ သူ၏မျက်လုံးတို့က ရှေ့သို့ စူးစိုက်ထား၏။ ပြင်းထန်သောပေါက်ကွဲမှုက သူ၏ရှေ့မှလာခြင်းဖြစ်သည်ကိုသူ အာရုံခံမိပြီးဖြစ်သည်။

“တစ်ချက်သွားကြည့်ကြစို့”

ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက် သူ၏ခြေထောက်တို့ကမြေပြင်မှခွာသွားပြီး သူ၏ကိုယ်ကရှေ့သို့တစ်ဟုန်ထိုး

လျှင်မြန်စွာဦးတည်လိုက်သည်။

“အား.ငါ့ကိုစောင့်ပါအုံး”

ရှစ်ဖုန့်ရုတ်တရက်ထွက်သွား

သည်ကိုတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးကထပ်မံအော်ဟစ်လိုက်ပြီး အလျှင်အမြန်သူ၏ကိုယ်ကိုထိန်းချုပ်ကာ ရှစ်ဖုန်နောက်သို့ အမှီလိုက်လိုက်သည်။

ရှစ်ဖုန့်၏ပုံရိပ်က ဥမှင်အားပျံသန်းဖြတ်သန်းနေသည်။ မကြာခင်တွင် သူ၏ရှေ့မှခရမ်းရောင်ပုံရိပ်တစ်ခု

ကိုမြင်တွေ့လိုက်ရသည်။ ခရမ်းရောင်ပုံရိပ်က သူထံသို့ မြင့်မားသောအမြန်နှုန်းဖြင့်ဦး

တည်လာနေသည်။

သို့သော်ထိုပုံရိပ်က ပေပွရှုပ်ပွေနေသည်ကို ရှစ်ဖုန့် ရုတ်ခြည်းအာရုံခံမိလိုက်သည်။ ၎င်းက ယွမ်ယန်ဓားဂိုဏ်းမှမုရုံခန်းပင်ဖြစ်သည်။

“မင်းပဲ”

တစ်စုံတစ်ယောက်ကသူ၏လမ်းအားပိတ်ထားသည်ကိုတွေ့ရသောအခါတွင် မုရုံခန်း တုန်လှုပ်သွားသည်။ သို့သော် ရှစ်ဖုန့်၏ငယ်ရွယ်သောမျက်နှာအားသူတွေ့လိုက်ရသောအခါတွင် ချက်ချင်းပဲမှတ်မိသွားသည်။ သူက နီညိုရောင်နန်းတော်၏အပြင်ဘက်၌ ယွဲ့ရှောက်ချုံးနှင့်အတူရှိနေခဲ့သောလူငယ်ပင်ဖြစ်သည်။ ထိုအချိန်တွင် သူကယွဲ့ရှောက်ချုံးနှင့်အတူမြေစာပင်အဖြစ် တာဝန်ပေးခဲ့သည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က ထွက်ပေါ်လာသောမုရုံခန်းကိုတွေ့လိုက်ရသည်။ ဤအချိန်တွင် မုရုံခန်းမှာသူအဝေးကြီးသို့ပျံသန်း

ရောက်ရှိလာမှန်း သဘောပေါက်လိုက်သည်။ အကယ်၍ ထိုပုဂ္ဂိုလ်သို့မဟုတ် အနက်ရောင်သံမဏိဓားကြီးက

သူ့နောက်သို့လိုက်ဖမ်းလာမလာ

ကိုသူလှည့်ကြည့်လိုက်သည်။

သူတို့၏နောက်ရှိလမ်းကြောင်း၌

ဘာမှရှိမနေသည်ကိုတွေ့ရသောအခါတွင် မုရုံခန်း၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုတို့ ပြေလျော့သွားသည်။

“မိုးကောင်းကင်ကျေးဇူးပဲ..မိုးကောင်းကင်

ကျေးဇူးပဲ.. နောက်ဆုံးငါအသက်ရှင်ပြီ”

သို့သော် ရွှေရောင်ရေကန်ငယ်နှင့်၎င်းအတွင်း

မှရွှေရောင်ရေတို့အားတွေးမိသောအခါတွင် မုရုံခန်း၏ နှလုံးသား၌ လက်သင့်မခံနိုင်မှုတို့ကိုခံစားရသည်။

“ရွှေရောင်ရေတွေက ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတစ်ခုပဲဖြစ်ရမယ်.. နှမြောစရာပဲ.နှမြောဖို့ကောင်းလိုက်တာ.. အဲ့သူတောင်းစားလေးကသူ့အတွက်ပဲအားလုံးကိုယူသွားတယ်.. ခဏလေးနေပါအုံး..”

မုရုံခန်းမှာရွှေရောင် ရေအတွင်းမှလူငယ်အကြောင်းအား

တွေးမိချိန်တွင် သူ၏နောက်၌နောက်ထပ်လူငယ်

တစ်ယောက်ရှိနေသည်ကို ရုတ်ခြည်းသတိရလိုက်သည်။ သူကချက်ချင်းလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုကြည့်လိုက်၏။

“အဲ့သူတောင်းစားလေးဒီနေရာမှရှိ

နေတယ်ဆိုရင် ငါအဲ့ကိုသွားလို့မရဘူး.. အရမ်းကိုစွန့်စားလွန်းရာကျလွန်းတယ်..ဒါပေမဲ့ဘာလို့သူ့ကို တစ်ခြားသူဆီကနေ ရွှေရောင်ရေကိုငါ့အတွက်မခိုး

ယူခိုင်းပဲနေရမှာလဲ”

“မုရုံခန်း”

ဤအချိန်တွင် မုရုံခန်း၏ရှေ့မှမကျေမချမ်းသော

အသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံအားကြားသောအခါတွင် မုရုံခန်းကလှည့်ကြည့်လိုက်ပြီး ဒေါသတို့ပြည့်နှက်နေသော ယွဲ့ရှောက်ချုံးကိုမြင်တွေ့လိုက်ရသည်။

သို့သော် မုရုံခန်းမှာယွဲ့ရှောက်ချုံးအားမြင်တွေ့

လိုက်ရသောအခါတွင် ဒေါသထွက်ရမည့်အစား အပြုံးတစ်ခုကိုပင်ပြသလာသည်။

“မိုးကောင်းကင်ကတော့ငါ့ကိုကူညီနေပြီ”

All Chapters