← Chapters

အခန်း (၇၂၈)

Vol. 49 Ch. 728

အခန်း (၇၂၈)

Vol. 49 Ch. 728

မုရုံခန်းမှာ ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့အားမြင်တွေ့လိုက်ရသော

အခါတွင် စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

“မိုးကောင်းကင်က ငါ့ဘက်မှာရှိနေတာပဲ”

မုရုံခန်းမှာစွမ်းအားကြီးအနက်ရောင်ဝတ်ရုံနှင့်လူငယ် ထိုနေရာတွင်ရှိနေသောကြောင့် ရွှေရောင်ရေကန်ငယ်ရှိရာနေရာသို့သွားရဲခြင်းမရှိပေ။ သို့သော် ဤလူနှစ်ယောက်ကိုတော့ ရွှေရောင်ရေများအားတစ်ယောက်ပြီးတစ်ယောက်ခိုးယူရန်အတွက်သူစေလွှတ်နိုင်

သည်ဖြစ်သည်။

အရင်ဆုံး သူ့အနေဖြင့် ၎င်းတို့နှစ်ဦးအား အနက်ရောင်ဝတ်ရုံနှင့်လူငယ် သတိပြုမိပြီးမသတ်ခင်အထိ တက်နိုင်သမျှမျှားစွာခိုးယူခိုင်းနိုင်

သည်ဖြစ်သည်။

အကယ်၍ သူတို့အဝေးသို့ထွက်ပြေးခဲ့လျှင်လည်းမုရုံခန်းအနေဖြင့်သူတို့အားကြောက်လန့်ခြင်းမရှိပေ။ သူ၌ သူ၏ မူလချီအား ကုန်ဆုံးစေနိုင်သော လျှို့ဝှက်နည်းစနစ်တစ်ခုရှိသည်ဖြစ်သည်။ သူ့အနေဖြင့် သူ့ထက်ပိုအားနည်းသောထိုနှစ်ယောက်အား

သခင်နှင့်အစေခံစာချုပ်ကို အတင်းအကျပ်ချုပ်ဆိုခိုင်းနိုင်သည်ဖြစ်၏။

ပင်ကိုယ်အားဖြင့် သူတစ်ကြိမ် မြေစာပင်အဖြစ်မှတ်ယူဖူးသောထိုလူ

နှစ်ယောက်အားနည်းသူများအဖြစ်

မုရုံခန်းမှတ်ယူလိုက်သည်။

မူလချီအချို့အားကုန်ဆုံးစေခြင်းက ရွှေရောင်ရေအတွက်ဆိုလျှင် ထိုက်တန်မှုရှိသည်ဟု မုရုံခန်းခံစားရသည်။ ထိုသူတောင်းစားလေးက ဤကဲ့သို့ငယ်ငယ်ရွယ်ရွယ်ဖြင့် အရမ်းစွမ်းအားကြီးလှသည်ဖြစ်သည်။ယင်းမှာရွှေရောင်ရေတို့ကြောင့်ဖြစ်ရမည်ဖြစ်၏။

မုရုံခန်းက ပြုံးလိုက်ပြီး ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ကိုကြည့်လိုက်သည်။ သူကပြောလိုက်သည်။

“ငါ့ရဲ့သူငယ်ချင်းဟောင်းနှစ်ဦးပဲကိုး. တွေ့ရတာအရမ်းဝမ်းသာတယ်ကွာ”

မုရုံခန်း၏မျက်နှာထက်မှအပြုံးအားမြင်တွေ့

လိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံး၏ မျက်နှာကအေးစက်သွားသည်။ မုရုံခန်းကသေချာပေါက်သူ၏အပြုံးကဲ့သို့

ကောင်းမွန်ခြင်းမရှိသည်ကို သူ သိသည်ဖြစ်သည်။

“မုရုံခန်း.မင်းဘာလိုချင်တာလဲ”

ယွဲ့ရှောက်ချုံးက မုရုံခန်းအား အေးစက်စွာအော်ပြောလိုက်သည်။

ယွဲ့ရှောက်ချုံးဒေါသထွက်ခြင်းမရှိပေ။ ထိုအစားသူကရယ်မောပြီးပြောလိုက်သည်။

“ဟားဟား. ငါသိပါတယ်..လွန်ခဲ့တဲ့သုံးနှစ်တုံးက မိုးကောင်းကင်ကမင်းကိုကြီးမားတဲ့အ

ကြောင်းပြချက်တစ်ခုအတွက်အသက်ချမ်း

သာပေးခဲ့တယ်ဆိုတာကို.. ဟားဟား.. ထင်ထားတဲ့အတိုင်းပဲ ထင်ထားတဲ့အတိုင်းပဲ.. မင်း က ခဏတော့အသုံးဝင်မှာပါ”

“ငါ..မုရုံခန်းကတကယ့်ကိုမိုးကောင်းကင်

ရဲ့ကောင်းချီးပေးမှုကိုခံရတဲ့သူပါလား”

မုရုံခန်းကစကားပြောရင်း သူ၏လက်နှစ်ဖက်လုံးဖြင့်ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။ ထို့နောက်သူကရှေ့သို့တစ်ဟုန်ထိုးတိုး

ဝင်လိုက်ပြီး ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့၏ရှေ့သို့

ရောက်ရှိလာသည်။ သူ၏ညာလက်ရှိဆီးလ်က ရှစ်ဖုန့်၏ရင်ဘက်ထံသို့ချိန်ရွယ်လိုက်သည်။

သူ၏ဘယ်လက်ရှိဆီးလ်က ရုတ်တရက်ယွဲ့ရှောက်ချုံး၏ရင်ဘက်

ကိုရိုက်လိုက်၏။

မုရုံခန်း၏သူတော်စင်နယ်ပယ်လက်ဖဝါးကသူ့ထံသို့လာနေသည်ကိုတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံး၏ အမူအယာက သိသိသာသာကိုပြောင်းလဲသွားသည်။ လက်ဖဝါးရိုက်ချက်အောက်၌သူခုခံနိုင်ခြင်း

မရှိသောစွမ်းအားတို့ပါဝင်နေသည်ကို သူအာရုံခံမိနိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်၏မျက်နှာကအေးစက်မှုအဖြစ်သို့ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ညာလက်က လှုပ်ရှားသွားပြီး မုရုံခန်း၏မျက်နှာက ၎င်းထက်မြန်သောအမြန်နှုန်းဖြင့်

လက်ပြန်ရိုက်ထုတ်လိုက်သည်။

“ဖြန်း”

ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။

မုရုံခန်းမတုန့်ပြန်နိုင်ခင်မှာပင် ရှစ်ဖုန့်၏ဖြတ်ရိုက်ချက်ကြောင့်လွင့်ထွက်သွားသည်။

နောက်သို့လွင့်ပျံနေရင်း ရှင်းလင်းသောလက်ရာကြီးရှိနေသည့် မုရုံခန်း၏မျက်နှာထက်၌ လွန်စွာတုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်

နှက်နေသည်။

“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ကျယ်လောင်သောအသံနှင့်အတူ မုရုံခန်း၏ ကိုယ်က မြေပြင်ထက်သို့ ပြင်းထန်စွာကျဆင်းသွားသည်။

မုရုံခန်း၏ဆီးလ်အားမြင်တွေ့လိုက်ရချိန်တွင် အမူအယာပြောင်းလဲသွားခဲ့သောယွဲ့ရှောက်ချုံးမှာ ရုတ်ခြည်း သူ၏ဘေး၌ရှစ်ဖုန့်ရှိနေသည်အား

မေ့နေသည်ကို သတိရလိုက်သည်။ စွမ်းအားကြီးရှစ်ဖုန့်၏ရှေ့မှောက်တွင် ဘယ်လိုလုပ်ပြီးမုရုံခန်းကပြဿနာတစ်ခုဖြစ်နိုင်ပါမည်နည်း။

ဤအချိန်တွင်ထိုသူတောင်းစား မုရုံခန်းက ပါးရိုက်ချက်ကြောင့်လွင့်ထွက်သွားပြီး

မြေပြင်ပေါ်သို့ကျသွားသည်ကို ယွဲ့ရှောက်ချုံးတွေ့လိုက်ရသည်။ ယွဲရှောက်ချုံးတစ်ယောက် ဝမ်းမြောက်ကျေနပ်စွာဖြင့်ကျယ်လောင်

စွာရယ်မောလိုက်သည်။

“ဟားဟား..မုရုံခန်း. မင်းကကောင်းကင်ဘုံကရွေးချယ်ထား

တဲ့သူမဟုတ်ဘူး. မင်းက ငရဲကိုသွားတဲ့လမ်းကြောင်းအမှားကိုရွေးခဲ့တာ.. မင်းကမင်းကိုယ်မင်းငါ့ဆီကိုယ်တိုင်ကိုယ်

ကျလာပို့မှတော့လည်း ငါကမင်းကိုဒီမှာထာဝရနေသွားရအောင်

လုပ်ပေးတာပေါ့”

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အမှိုက်

တစ်ယောက်ကြောင့်နောက်သို့လွင့်ထွက်သွားရသကဲ့သို့ မုရုံခန်း၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ဖြည်းဖြည်းချင်းမုရုံခန်းတစ်စုံတစ်ခုကို သဘောပေါက်လာပုံရသည်။ သူကလူငယ်အားထပ်မံကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“မင်း..မင်းရဲ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားတာပဲ”

“ဟမ့်.. အမှိုက်ကောင်တစ်ကောင်ကများ…ဒီသခင်လေးကိုလျှို့ဝှက်နည်းစနစ်သုံးပြီး သခင်အစေခံစာချုပ်ကိုဒီသခင်လေးကိုချုပ်ဖို့အသုံးပြုရဲတယ်လား. မင်းတော့သေချင်နေတာပဲ.. “

ရှစ်ဖုန့်ကမုရုံခန်းအားအေးစက်စွာကြည့်၍ ပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က အေးစက်စွာမေးလိုက်သည်။

“ပြောစမ်း..ခုဏကဘာဖြစ်ခဲ့တာလဲ.. မင်းဘာကိုမြင်ခဲ့လဲ”

သူတို့၏ရှေ့၌ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ပြီး

နောက် မုရုံခန်းတစ်ယောက် ကမန်းကတမ်း ပြေးလာသည်ကို သူတို့တွေ့ရသည်ဖြစ်သည်။ မုရုံခန်းတစ်ယောက်ထိုနေရာ၌ တစ်စုံတစ်ခုနှင့် ပက်ပင်းကြုံလာခြင်းဖြစ်ဖို့သေချာ

သည်ဖြစ်သည်။

ဤအချိန်တွင် မုရုံခန်းမှာ ရှစ်ဖုန့်က သူ၏ကျင့်ကြံခြင်းအားဖုံးကွယ်ထား

ခြင်းဖြစ်သည်ကိုသိလိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က ပိုမြင့်မားသည်ကိုသိရသောအခါတွင် မုရုံခန်းတုန့်ဆိုင်းနေရဲခြင်းမရှိပေ။ သူက ထရပ်လိုက်ပြီး နောက်လှည့်၍လျှင်မြန်စွာ

ထွက်ပြေးလိုက်သည်။

“ဟမ့်. မင်းကထွက်ပြေးချင်တာလား”

မုရုံခန်း၏လှုပ်ရှားမှုအားတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က အေးစက်စွာနှာမှုတ်လိုက်သည်။ ထို့နောက် သူ၏ညာလက်ကိုလက်သည်း

တစ်ခုအသွင်ပုံဖော်လိုက်သည်။ ရုတ်ခြည်း လူသားတစ်ယောက်အရွယ်ရှိသောအဖြူရောင်တစ္ဆေလက်သည်းတစ်ခုက မုရုံခန်း၏ ရှေ့တွင်ပေါ်လာပြီး သူ၏လမ်းကိုပိတ်ဆို့ထားသည်။

မုရုံခန်းမှာ သူ့ရှေ့ရှိအဖြူရောင်တစ္ဆေလက်သည်း

ကြီးအားမြင်တွေ့လိုက်ရသောအခါတွင် သူ နှလုံးသား က ရုတ်တရက်တုန်လှုပ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုလှိုင်းတံပိုးတို့ကနှလုံးသားထဲ၌မြင့်တက်လာသည်.

ဤအချိန်တွင် အဖြူရောင်တစ္ဆေလက်သည်းကြီးကရှေ့သို့ဆုပ်ကိုင်လိုက်သည်။ ဘာတုန့်ဆိုင်းခြင်းမှရှိမနေဘဲ တစ္ဆေလက်သည်းက မုရုံခန်းကို ဖမ်းလိုက်သည်။

“အား..လွှတ်စမ်း..ငါ့ကိုလွှတ်စမ်း”

မုရုံခန်းမှာတစ္ဆေလက်သည်းအတွင်း၌ အပြင်းအထန်ရုန်းကန်အော်ဟစ်နေသည်။ သူ၏ကိုယ်မှစွမ်းအားအားလုံးကိုအသုံးပြု၍ ထွက်ပြေးလွတ်မြောက်အောင်ကြိုးစားနေသည်။ သို့သော်သူ၏ခုခံမှုအားလုံးက တစ္ဆေလက်သည်းအားဆန့်ကျင်ရာတွင်အချည်းအနှီးသာဖြစ်သည်။

မကြာခင်တွင် မုရုံခန်းအားဆုပ်ကိုင်ထားသော အဖြူရောင်တစ္ဆေလက်သည်းကြီးက ရှစ်ဖုန့်ရှေ့သို့ ၎င်းကိုခေါ်ဆောင်လာသည်။ ရှစ်ဖုန့်က၎င်းအားကြည့်လိုက်ပြီး တည်ငြိမ်စွာပင်မေးလိုက်သည်။

“ပြောစမ်း.. ဒီသခင်လေးတို့ရဲ့ရှေ့မှာမင်းဘာနဲ့

ပက်ပင်းတိုးခဲ့တာလဲ”

မုရုံခန်းက ရှစ်ဖုန့်ကို ချက်ချင်းပြောလိုက်သည်။

“မင်းငါ့ကို မသတ်ဘူးလို့ကတိပေးရင် ငါမင်းကိုပြောမယ်”

“မင်းလိုဘာမဟုတ်တဲ့ကောင်က ဒီသခင်လေးကိုညှိနှိုင်းရဲသေးတယ်လား”

မုရုံခန်း၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကသရော်လိုက်သည်။ ထို့နောက်သူကသူ၏စိတ်ကိုအသုံး

ပြုလိုက်ပြီး တစ္ဆေလက်သည်းအားမုရုံခန်းကိုတင်းကျပ်စွာဆုပ်ကိုင်အောင်ပြုလုပ်လိုက်သိည်။

“အား”

အဖြူရောင်တစ္ဆေလက်သည်းက သူ့အားပေါ့ပါးစွာဆုပ်ကိုင်ထားပုံ

ပေါ်သော်လည်း မုရုံခန်းမှာ သူ၏ကိုယ်က ကွဲကြေတော့မတတ်ခံစားရသည်။ သူက နာကျင်မှုအပြည့်ဖြင့်အော်ဟစ်လိုက်သည်။

“ခရက်.ခရက်..ခရက်.ခရက်”

ထို့နောက်ရုတ်ခြည်းမှောင်မိုက်

နေသောဥမှင်အတွင်း၌ အရိုးအက်ကွဲသံများကိုကြားလာရသည်။

“ငါပြောမယ်..ငါပြောမယ်..

ငါမင်းကိုပြောပြပါ့မယ်.. ငါမင်းကိုအရာအားလုံးပြောပြပါ့မယ်..အား.. ငါတောင်းပန်ပါတယ်.. ကျေးဇူးပြုပြီးငါ့အပေါ်အား

ထပ်မသုံးပါနဲ့တော့.”

မုရုံခန်းမှာနာကျင်မှုတို့အလယ်မှပင် ရှစ်ဖုန့်အား အသနားခံတောင်းပန်နေသည်။

“ဟမ့်.. ဒုက္ခနည်းနည်းလေးမှမခံရရင် မင်းကရိုးသားမဲ့ကောင်မဟုတ်ဘူး. ဒီလိုလူစားမျိုးကအရမ်းဈေးပေါတယ်.. အဲ့လိုမထင်ဘူးလားရှစ်ဖုန့်လေး”

ယွဲ့ရှောက်ချုံးမှာ မုရုံခန်း၏အော်ဟစ်သံနှင့်အသနားခံမှုတို့အားစိတ်ကျေနပ်မှုအပြည့်ဖြင့်နားထောင်နေသည်။ မုရုံခန်း၏နာကျင်မှုအပြည့်ဖြစ်နေသောမျက်နှာအားကြည့်ရင်း သူကအထင်သေးမှုအပြည့်ဖြင့် ရှစ်ဖုန့်အားအမှန်အတိုင်းပြောလိုက်သည်။

“ဟားဟား..မုရုံခန်း..မုရုံခန်း. သူတောင်းစားကောင်. မင်းဒီလိုမျိုးဖြစ်လာတဲ့နေ့ရှိလာတာပါပဲလား”

မုရုံခန်း၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က အဖြူရောင်တစ္ဆေလက်သည်း

၏ဆုပ်ကိုင်မှုကိုဖြေလျော့ပေးလိုက်သည်။

“အား..အား.အား.အား”

မုရုံခန်းမှာ နာကျင်စွာဖြင့်အော်ဟစ်နေဆဲဖြစ်သည်။ ထို့နောက် ရှစ်ဖုန့်ကမျက်မှောင်အနည်း

ငယ်ကြုတ်လိုက်ပြီး စိတ်မရှည်မှုအချို့ပြသလာသည်ကိုတွေ့ရသောအခါတွင် သူကလျှင်မြန်စွာပြောလိုက်သည်။

“ညီကို.. ငါတောင်းပန်ပါတယ်..ငါတောင်းပန်ပါတယ်”

“ရှေ့မှာ …ရေကန်တစ်ခုကိုရှေ့မှာငါရှာတွေ့ခဲ့တယ်.. အထဲကရေတွေကလုံးဝကိုရွှေရောင်တွေ.. အဲ့ရေသေချာပေါက်လုံးဝထူးခြား

တယ်လို့ငါခန့်မှန်းမိတယ်.. ဒါပေမဲ့ အဲ့တာကိုစွမ်းအားကြီးလူတစ်ယောက်ကသိမ်းပိုက်ထားတယ်.. သူကငါ့ဘဝရဲ့ချစ်ရသူ ထျန်းချင်းချင်းကိုသတ်လိုက်ရုံတင်မကဘူး. ငါ့ကိုလည်းသတ်လုနီးပါးပဲ…

ကံကောင်းလို့ငါမြန်မြန်ထွက်ပြေးခဲ့မိတာ”

အဖြူရောင်တစ္ဆေလက်သည်း

၏ခြိမ်းခြောက်မှုအောက်တွင် မုရုံခန်းက ရှစ်ဖုန့်အားအစောကဖြစ်ပျက်ခဲ့မှု

တို့ကိုပြောလိုက်သည်။

သူပြောခဲ့သည်ကားသူ၏ချစ်သူအား

သူ့လက်ဖြင့်ကိုယ်တိုင်သတ်ခဲ့သည်မှလွဲ၍ အခြေခံအားဖြင့်မှန်သည်ဖြစ်သည်။

သို့သော် သူ့ချစ်သူ၏သေခြင်းအကြောင်းအား

ပြောချိန်တွင် မုရုံခန်း၏ မျက်နှာထက်၌ လွန်စွာကြေကွဲဝမ်းနည်းမှုတို့ကိုပြသလာသည်။

မုရုံခန်းစကားပြောပြီးနောက် နာကျင်မှုအပြည့်ပုံစံတစ်ခုကိုပြသလာ၏။ သူကရှစ်ဖုန့်အားထပ်မံအသနားခံလိုက်သည်။

“ညီကို..ကျေးဇူးပြုပြီးငါ့ကိုအပြစ်မမြင်ပါနဲ့”

“ငါမင်းကို ခုဏကဖြစ်ခဲ့တာတွေကို အမှန်အတိုင်းအကုန်ပြောပြပြီးပါပြီ.. ကျေးဇူးပြုပြီးငါ့ကိုလွှတ်ပေးပါ.. အခုကငါ့အသက်တမျှချစ်ရသူကိုလည်း

ဆုံးရှုံးထားရတယ်. ငါ့ကိုသတ်မဲ့အစား နာကျင်မှုတွေနဲ့ပဲငါ့ကို ညှင်းပန်းနှိပ်စက်မှုဒဏ်တွေခံစားပြီး ရှင်သန်ခိုင်းတာက သေတာထက်ကိုပိုးဆိုးရွားစေမှာပါ”

All Chapters