အခန်း (၇၂၉)
Vol. 49 Ch. 729
ရှစ်ဖုန့်က သူ၏ရှေ့ရှိ ငရဲဘုံကိုးခု တစ္ဆေလက်သည်းအတွင်းသို့ကျ
ရောက်နေသော နာကျင်မှုအပြည့်ဖြစ်နေသည့် မုရုံခန်းကိုကြည့်လိုက်သည်။
ထို့နောက်ရှစ်ဖုန့်က၎င်းအား
လျစ်လျူရှုလိုက်၏။ သူကလှည့်လိုက်ပြီး ယွဲ့ရှောက်ချုံးကိုပြောလိုက်သည်။
“ဒီသခင်လေး ဒါကိုမင်းနဲ့ လက်လွှဲထားလိုက်ပြီ”
“ကောင်းပြီ”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံး၏ကိုယ်မှာတုန်ယင်သွားသည်။
“ဟားဟား…ဟားဟား..ဟားဟားဟားဟား..”
ယွဲ့ရှောက်ချုံးကမုရုံခန်းကိုကြည့်လိုက်သည်။ သူ၏ခြေထောက်က ပေါ့ပါးစွာရွေ့လျားသွားပြီး မုရုံခန်းထံသို့ဖြည်းညှင်းစွာလျှောက်လှမ်းသွားလိုက်သည်။
လျှောက်လှမ်းနေရင်း ယွဲ့ရှောက်ချုံးက ရယ်မောကာပြောလိုက်သည်။
“မုရုံခန်း..မုရုံခန်း မင်းဒီလိုဖြစ်လာမှာကိုမမျှော်လင့်
ထားဘူးမလား”
“လွန်ခဲ့တဲ့သုံးနှစ်က ငါကတောင်အောက်ကိုမင်းတို့သူတောင်းစားနှစ်ယောက်နဲ့အတူ ဆင်းခဲ့တယ်. ရှေးဟောင်းသင်္ချိုင်းကိုရှာတွေခဲ့ပြီးတော့မင်းတို့သူတောင်းစားနှစ်ယောက်ကိုအ
တူတူခေါ်ခဲ့တယ်.. “
“ဒါပေမဲ့ မင်းဘာလုပ်ခဲ့လဲ..သူတောင်းစား .. မင်းအဲ့ခွေးမထျန်းချင်းချင်းကိုငါ့ဆီလွှတ် ငါ့ကိုဖျောင်းယောင်း ခိုင်းခဲ့ပြီးငါ့ကိုချောက်ကမ်းပါးပေါ်က
တွန်းချပစ်ခဲ့တယ်”
“ငါ့ကိုဖျားယောင်းတော့ရောဘာဖြစ်လဲ.. အနည်းဆုံတော့သူမငါနဲ့လိင်ဆက်ဆံ
ခဲ့သင့်တယ်..ဒါပေမဲ့.. ငါသူ့ကိုတစ်ချက်လေးတောင်မထိရသေးခင် သူကငါ့ကိုချောက်ကမ်းပါးပေါ်ကနေတွန်းချပစ်ခဲ့တယ်”
“အား”
ယွဲ့ရှောက်ချုံးမှာနောက်ဆုံးစကားအား ပြောချိန်တွင် ထိုနှစ်ကဖြစ်ရပ်များကိုပြန်အမှတ်ရမိလိုက်သည်။ဒေါသအရမ်းထွက်လွန်းသောကြောင့် သူ၏တစ်ကိုယ်လုံးပင်တုန်ယင်နေသည်။ သူ ကငရဲဘုံကိုးခု တစ္ဆေလက်သည်းအတွင်း၌ရှိနေသော
မုရုံခန်းအား ခက်ထန်စွာဖြင့်အော်ဟစ်ပစ်လိုက်သည်။သူ၏တစ်ကိုယ်လုံး၌သတ်ဖြတ်လိုခြင်း
စိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။
မုရုံခန်းမှာရှေ့မှလာနေသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ကို ရုတ်ခြည်းခံစားလိုက်ရသည်။ သူဒေါသထွက်နေသော ယွဲ့ရှောက်ချုံးအားကြည့်လိုက်ပြီးသူအား၎င်းကအလွတ်ပေးမည်မဟုတ်သည်ကိုသိလိုက်ည်။
ထိုသို့ဆိုလျှင်တောင် မုရုံခန်းအနေဖြင့်မသေချင်သေးပေ။
သူကအသနားခံတောင်းပန်လိုက်သည်။
“ယွဲ့ရှောက်ချုံးက ..ငါတို့ကဂိုဏ်းတစ်ခုတည်းကပဲ.. မင်း. ကျေးဇူးပြုပြီးငါ့ကိုလွှတ်ပေးပါ. အဲ့တာကအဲ့နှစ်တွေတုံးက အရာအားလုံးကအဲ့ခွေးမထျန်းချင်းချင်းရဲ့
အကြံတွေကြီးပါ”
“မင်းကိုလွှတ်ပေးရမှာလား.. ဟားဟား..ဟားဟားဟားဟား”
ယွဲ့ရှောက်ချုံးမှာမုရုံခန်း၏ အသနားခံတောင်းပန်မှုအားကြားလိုက်ရသောအခါတွင် ရယ်မောလိုက်သည်။
“မုရုံခန်း. မင်းကငါ့ကိုလွှတ်ပေးဖို့တောင်းပန်းတယ်တဲ့..
ဟားဟား..ဟားဟားဟားဟား..ဒါပေမဲ့ အဲ့တာကဖြစ်နိုင်တယ်လို့မင်းထင်လို့လား”
“ထန်”
ယွဲ့ရှောက်ချုံး စကားပြောနေရင်းအသံတစ်ခုထွက်ပေါ်လာသည်။ ယွဲ့ရှောက်ချုံး၏ နောက်ကျောဘက်မှ ဓားရှည်က ရုတ်ခြည်းဓားအိမ်ထဲမှထွက်လာသည်။ ယွဲ့ရှောက်ချုံးက ဓားအားမုရုံခန်းထံသို့ထိုးညွှန်လိုက်သည်။
ဓားရှည်က မုရုံခန်းထံသို့ ပျံသန်းသွားသည်။
“မဟုတ်ဘူး”
မုရုံခန်း၏မျက်လုံးတို့ပြူးကျယ်သွားပြီး လက်သင့်မခံနိုင်မှုတို့ပြည့်နှက်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ထို့နောက် ဓားရှည်က မုရုံခန်း၏လည်ပင်းကိုပိုင်းဖြတ်သွားပြီး ဦးခေါင်းက လေပေါ်လွင့်ပျံသွားသည်။
ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ်ကျင့်ကြံသူ မုရုံခန်းတစ်ယောက်ကျဆုံးသွားပြီဖြစ်သည်။
ယွဲ့ရှောက်ချုံးက သူ၏ လက်တို့ကိုဆန့်ထုတ်လိုက်ပြီး ကျဆင်းလာသောဦးခေါင်းကိုဆုပ်ကိုင်ုလိုက်သည်။ သူကရယ်မောပြီးပြောလိုက်၏။
“ဟားဟား..သေပြီ.. ဒီသူတောင်းစား..ဒီဖောက်ပြန်တဲ့စုံတွဲ. နောက်ဆုံးတောသေပြီ.. သူသေသွားပြီ..ဟားဟားဟား”
“ထျန်းချင်းချင်းအဲ့ခွေးမ …နှမြောဖို့ကောင်းလိုက်တာ.. သူကလှပေမဲ့ ငါယွဲ့ရှောက်ချုံး သူနဲ့ ကစားဖို့အခွင့်အရေးတစ်ခုမရခင် သူအရင်သေသွားတယ်.. ..အကယ်၍ အဲ့လူသတ်တဲ့သူက မုရုံခန်းဖြစ်ပြီး ထွက်ပြေးလာတဲ့သူက အဲ့ခွေးမထျန်းချင်းချင်းသာဖြစ်ခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ”
ယွဲ့ရှောက်ချုံး နောင်တရမှုအပြည့်နှင့်သက်ပြင်းချလိုက်သည်။ ဖြည်းဖြည်းချင်း မုရုံခန်းသေသွားသောကြောင့် မုရုံခန်း၏ဦးခေါင်းမဲ့ကိုယ်အား
ဆုပ်ကိုင်ထားသော တစ္ဆေလက်သည်းမှာလည်း
ပျောက်ကွယ်သွားသည်။ အသံတစ်ခုနှင့်အတူ ဦးခေါင်းမဲ့ကိုယ်က မြေပြင်ထက်သို့ကျဆင်းလာသည်။
“အမ်..ရှစ်ဖုန့်လေးကဘယ်မှာလဲ.. ရှစ်ဖုန့်လေး ဘယ်ကိုသွားတာလဲ”
ယွဲ့ရှောက်ချုံးအသိပြန်ဝင်လာပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ဤအချိန်တွင် ရှစ်ဖုန့်အားဘယ်နေရာမှာမှမြင်တွေ့
ခြင်းမရှိရတော့သည်ကို သူသဘောပေါက်လိုက်သည်။ ရှစ်ဖုန့်ကမသိလိုက်ခင်မှာပင်ထွက်
ခွာသွားပြီဖြစ်သည်။
ထို့နောက်ယွဲ့ရှောက်ချုံး ရှေ့သို့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“သူက မုရုံခန်းပြောခဲ့တဲ့ ရွှေရောင်ရေကန်ငယ်ဆီကိုသွားတာပဲဖြစ်ရမယ်”
ထို့နောက် ယွဲ့ရှောက်ချုံး ရှေ့သို့လှုပ်ရှားပြီးပျံသန်းမသွားခင် ခဏတုန့်ဆိုင်းသွားသည်။ သူကဤရှေးဟောင်းကုန်းမြေအတွင်း ရှစ်ဖုန့်၏နောက်သို့လိုက်သွားခြင်းက
သာပို၍ကောင်းမွန်လိမ့်မည်ဟုတွေးမိပြီး ထိုမှသာ သူ၏အသက်အားအလွယ်တကူ
ဆုံးရှုံးခြင်းမရှိဖြစ်လိမ့်မည်ဖြစ်သည်။
……………………………………..
ဥမှင်အတွင်းတွင် ရှစ်ဖုန့်က အဖြူရောင်အလင်းအဖြစ်ပြောင်းလဲသွားပြီး ရှေ့သို့လျှင်မြန်စွာပျံသန်းသွားသည်။ သူကမုရုံခန်းပြောခဲ့သည့်ရွှေရောင်ရေကန်ငယ်ဆီသို့တစ်ချက်သွားကြည့်ခြင်းဖြစ်သည်။ ထိုလူငယ်အတွက်မှာမူ သူ့အတွက်ဘာကကောင်းသည်မှန်းမသိခဲ့ပါက ရှစ်ဖုန့်အနေဖြင့် ၎င်းအား နောက်ကမ္ဘာသို့ပို့ဆောင်ပေးရန်ဝန်လေးနေလိမ့်မည်မဟုတ်ပေ။
မကြာခင်တွင် သူ၏ရှေ့၌ ရွှေရောင်အလင်းတို့တလက်လက်
လင်းလက်တောက်ပလာသည်။
“ဒါကဟိုမှာပဲဖြစ်ရမယ်”
ရှစ်ဖုန့်မှာသူ့ရှေ့ရှိရွှေရောင်အလင်းအား
တွေ့လိုက်ရသောအခါတွင် တီးတိုးရေရွတ်လိုက်သည်။ထို့နောက် သူက ပျံသန်းမှုကိုအရှိန်တင်လိုက်၏။
ထို့နောက်တွင် ရှစ်ဖုန့်ဂူအတွင်းမှပျံသန်းထွက်လာပြီး ရွှေရောင်ရေကန်ငယ်၏အထက်၌ ရပ်တန့်လိုက်သည်။ သူ၏ကိုယ်ပေါ်မှအဖြူရောင်အလင်းကမှေးမှိန်ပျောက်ကွယ်လာပြီး အဖြူရောင်ဝတ်ရုံနှင့်အဖြူရောင်ပုံ
ရိပ်တစ်ခုထွက်ပေါ်လာသည်။
“ဒါကဘာလဲ”
ရှစ်ဖုန့်ကခေါင်းငုံ့လိုက်ပြီး ဖြည်းညှင်းစွာစီးဆင်းနေသော ရွှေရောင်ရေတို့ကိုကြည့်လိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားအား ရွှေရောင်ရေအတွင်းသို့ပို့လွှတ်လိုက်၏။
သူ့ဝိညာဉ်စွမ်းအားမှရိုက်ခတ်လာသော စွမ်းအင်အတက်အကျတို့အောက်တွင် သူ၏ကိုယ်မှသွေးတို့ ဆူပွက်လာသည်ကိုရှစ်ဖုန့်ခံစား
မိနိုင်သည်ဖြစ်သည်။
“ဒီရွှေရောင်အရည်.. ဒါက တကယ်ပဲငါ့သွေးကိုအလိုအလျောက်
ဆူပွက်အောင်လုပ်နိုင်တယ်”
ထို့နောက်တွင် ရှစ်ဖုန့်၏ ညာလက်က လက်သည်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဆုပ်ယူလိုက်သည်။
ရှစ်ဖုန့်ညာလက်သည်း၏ စုပ်ယူမှုအောက်တွင် သူ့အောက်ရှိရွှေရောင်ရေတို့က ဆူပွက်ပြီးတလိပ်လိပ်ထလာကာ သေးငယ်သောဝဲတစ်ခုအသွင်ဖြစ်လာသည်။ ထို့နောက်တွင် ရွှေရောင် အရည်တန်း
တစ်ခုက ရှစ်ဖုန့် ၏ညာလက်သည်းထံသို့ထိုးတက်လာ၏။ ရှစ်ဖုန့်၏လက်ဖဝါးနှင့်ထိမိလိုက်ပြီးပြီးချင်း ၎င်းကလက်မောင်းနှင့်ကိုယ်အတွင်းသို့လုံးဝစုပ်ယူခြင်းကိုခံလိုက်ရသည်။
“ဒီရွှေရောင်အရည်က တကယ်ပဲ ငါ့ရဲ့ကာယခန္ဓာခွန်အားကို အားကောင်းသန်မာလာစေနိုင်တယ်.. အံ့ဩစရာပဲ.တကယ်ကိုအံ့ဩဖို့ကောင်းတယ်”
ရှစ်ဖုန့်ကငရဲဘုံကိုးခုပညာရပ်ကိုအသက်သွင်းလိုက်ပြီး ရွှေရောင်အရည်တို့အားချေဖျက်ကာ သူ၏ကိုယ်အတွင်းမှပြောင်းလဲမှုများ
ကိုခံစားရင်း ပျော်ရွှင်နေသည်။
“အခုငါ့ရဲ့ကာယခန္ဓာက ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်
ပယ်မှာပဲရှိသေးတယ်..အကယ်၍ငါသာဒီလိုအံ့ဖွယ်ကောင်းတဲ့ရွှေရောင်အရည်ပမာ
ဏအများကြီးကိုစုပ်ယူနိုင်ခဲ့ရင် ခုဏတုံးက ငါ့ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေအရ ငါ့ရဲ့ကာယခန္ဓာကိုယ်က ဧကရာဇ်နယ်ပယ်ကိုရောက်ရှိပြီး ငါ့ရဲ့ ငရဲဘုံကိုးခု ခန္ဓာကိုယ်ကလည်းလုံးဝကိုပြည့်စုံ
သွားလိမ့်မယ်”
“ကောင်းတယ်.ဒါကကောင်းလိုက်တာ.. ရှေးဟောင်းအမွေအနှစ်ကတကယ်ကို ထိုက်တန်တဲ့ခရီးတစ်ခုပဲ”
သူ့အောက်ရှိစီးဆင်းနေသော ရွှေရောင်အရည်တို့ကိုကြည့်၍ ရှစ်ဖုန့်ကပျော်ရွှင်စွာဖြင့်ထပ်မံ
ရယ်မောလိုက်သည်။
“ဟမ်”
သို့သော်ဤအချိန်တွင် ရှစ်ဖုန့်ရုတ်တ
ရက်မျက်မှောင်ကြုတ်လိုက်သည်။ ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာတစ်ခုနှင့်
အားကောင်းသော စွမ်းအားကြီးလှိုင်းတစ်ခုတို့ကသူ
၏ရှေ့မှလာနေသည်။
ရှစ်ဖုန့်ရုတ်တရက်ခေါင်းမော့လိုက်ပြီး ရှေ့သို့တည့်တည့်စိုက်ကြည့်လိုက်သည်။ ဤအချိန်တွင် သူ့ထံသို့ရှေ့မှာပျံသန်းလာနေသော အနက်ရောင်သံမဏိဓားကို မြင်တွေ့လိုက်ရသည်။
“အဲ့ဓား”
သူ့ထံသို့ဦးတည်ပျံသန်းလာနေသော အနက်ရောင်သံမဏိဓားက တစ်နည်းနည်းဖြင့်ရင်းနှီးသလိုခံစား
ရသည်ကိုရှစ်ဖုန့်သဘောပေါက်လိုက်သည်။ ဤဓား၌ပါဝင်သောစွမ်းအား က မဟာသူတော်စင်နယ်ပယ်သို့ရောက်ရှိနေသည်။
ထို့နောက်ချက်ချင်းရှစ်ဖုန့်ကသူ၏လက်ကိုတောက်လိုက်ပြီး သူ၏လက်ချောင်းထိပ်မှစွမ်းအားတစ်ခုပေါက်ကွဲထွက်ပေါ်လာသည်။
“ဘန်း”ဟူသောအသံနှင့်အတူ ရှစ်ဖုန့်ထံသို့ ပျံသန်းလာနေသောအနက်ရောင်သံမဏိဓားကြီးက ရှစ်ဖုန့်၏လက်ချောင်းထိပ်မှစွမ်းအားကြောင့် ရုတ်ခြည်းပျောက်ကွယ်သွားပြီး နောက်ပြန်လွင့်သွားသည်ကိုတွေ့လိုက်ရသည်။
ရှစ်ဖုန့်၏အကြည့်ကနောက်ပြန်လွင့်သွားသော အနက်ရောင်သံမဏိဓားထံသို့လိုက်ပါ
ကြည့်လိုက်သည်။ ထို့နောက်လိုက်ပါ၍ ကိုယ်တစ်ဝက်က ရွှေရောင်ရေတို့အတွင်း၌ နစ်မြုပ်နေသော အနက်ရောင်ပုံရိပ်တစ်ခုကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“သူပဲ”
“ရှစ်…..ဖုန့်…..”
ရွှေရောင်ရေအတွင်း၌အစောပိုင်းကမုရုံခန်းနှင့် ထျန်းချင်းချင်းတို့အားလိုက်ဖမ်းခဲ့သော လူငယ်မှာ ယခုအခါ၌ သူ၏မျက်လုံးတို့က ဒေါသကြီးစွာပွင့်နေသည်။ သူ့ရှေ့ရှိအဖြူရောင်ပုံရိပ်အားတွေ့
လိုက်ရသောအခါတွင် နမည်တစ်ခုကိုခါးသီးစွာပြောလိုက်သည်။
၎င်းတို့ကြားထဲတွင် ကြီးမားသောအမုန်းတရားတို့ရှိနေ
သည့်ပုံပေါ်သည်။
ထို့နောက် အနက်ရောင်နှင့်လူငယ်က ရုတ်တရက်လှုပ်ရှားသွားပြီး သူ၏တစ်ကိုယ်လုံးကရွှေရောင်ရေ
တို့အတွင်းမှပျံသန်းထွက်လာသည်။