← Chapters

အခန်း (၇၃၀)

Vol. 49 Ch. 730

အခန်း (၇၃၀)

Vol. 49 Ch. 730

ရန်သူနှင့်တွေ့ဆုံရချိန်တွင် သူတို့၏မျက်လုံးများ၌ အမုန်းတရားအခိုးအငွေ့များနှင့်

ပြည့်နှက်နေသည်။

သူတို့ကြား၌ရှိနေသောရန်ကြွေးက မကျေအေးနိုင်သောအရာပင်ဖြစ်သည်။

ရှစ်ဖုန့်မြင်တွေ့လိုက်ရသောအနက်ရောင်နှင့်လူငယ်ကသူနှင့်သွေးနတ်ဆိုး၏သွေးရောင်ကမ္ဘာအတွင်း၌တွေ့ဆုံခဲ့သော ဓားဧကရာဇ်ယွဲ့ရှောင်း၏ ဆက်ခံသူ ဖြစ်သည်။သူသည် သွေးရောင်ကမ္ဘာအတွင်းရှိ မြေအောက်ခန်းအတွင်း၌ ရှစ်ဖုန့်၏ ဘယ်လက်အားခုတ်ဖြတ်မှုနှင့်သွေးနီရောင်ချပ်ဝတ်တို့အားခိုးယူခြင်းကိုခံလိုက်ရသော

လူငယ်ပင်ဖြစ်သည်။

ဓားကြီးနှင့်လူငယ်မှာရှစ်ဖုန့်အားမြင်တွေ့လိုက်ရသောအခါတွင် ရွှေရောင်ရေအတွင်းမှထွက်လာပြီး၎င်း၏ထိပ်၌ ရပ်လိုက်သည်။ထို့နောက်ချက်ချင်း သူ့ထံသို့ပြန်လည်လွင့်လာသော အနက်ရောင်သံမဏိဓားကြီးအား သူ၏ညာလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ဓားကြီးနှင့်လူငယ်က သူ၏လက်သီးတို့ကိုဆုပ်လိုက်ပြီး ရှစ်ဖုန့်ထံသို့ခုတ်ပိုင်းလိုက်၏။

စွေစောင်းနေသောဧရာမ အနက်ရောင်ဓားချီကြီးတစ်ခုက ပေါ်လာပြီး ရွှေရောင်ရေအား ဖြတ်သန်းကာ ရွှေရောင်ရေလှိုင်းတို့ကို ဖန်တီးလိုက်သည်။ထို့နောက်တွင် ဓားချီကရှစ်ဖုန့်ထံသို့ခုတ်ပိုင်းလာသည်။

“လွန်ခဲ့တဲ့တစ်နှစ်ဒီသခင်လေးတို့တွေ့တုံးက မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်မှာ

ပဲရှိသေးတယ်..မင်းက မဟာသူတော်စင်နယ်ပယ်အဆင့်ကိုရောက်နေလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ. ကြည့်ရတာမင်းကို ပါရမီရှင်တစ်ဦးအဖြစ်သုံးသပ်လို့ရတဲ့ပုံပဲ.. ဒီသခင်လေးကလည်း ပါရီရှင်ဆိုတဲ့သူတွေကိုမှသတ်ရတာကြိုက်တာ”

ရှစ်ဖုန့်ကရွှေရောင်ရေတို့အပေါ်၌ လက်နောက်ပစ်လျှက်ရပ်နေပြီး တည်ငြိမ်စွာပင်ပြောလိုက်သည်။ သူကသူ့ထံသို့ခုတ်ပိုင်းကျဆင်းလာနေသော အနက်ရောင်ဓားချီကိုကြည့်နေသည်။

အနက်ရောင်ဓားချီကသူ့နားသို့ရောက်လာသောအခါတွင် ရှစ်ဖုန့်၏ကိုယ်ပေါ်မှသွေးနီရောင်

မီးတောက်တစ်ခုရုတ်တရက်ထွက်

ပေါ်လာသည်။ ၎င်းက ဧရာမသွေးနီရောင်မီးတောက်မြွေတစ်ကောင်ကဲ့သို့ အနက်ရောင်ဓားချီထံသို့ တလိပ်လိပ်ဦးတည်သွားသည်။သွေးနီရောင်

မီးတောက်မြွေ၏တိုက်ခိုက်မှုအောက်တွင် ဓားချီမှာ တစ်စစီပြိုကွဲသွားသည်။

“ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်”

အခြားတစ်ဖက်တွင် ဓားကြီးနှင့်လူငယ်မှာသူ၏တိုက်ခိုက်မှု

ပြိုကွဲသွားသည်ကိုတွေ့ရသောအခါတွင်

တုန်လှုပ်အံ့အားသင့်သွားသည်။သူကတော့ ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်သာဖြစ်သော်လည်း သူ့အနေဖြင့် ရှစ်ဖုန့်၏ကျင့်ကြံခြင်းက ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

သို့ရောက်ရှိနေပြီဖြစ်သည်ကို မြင်နိုင်သည်ဖြစ်သည်။

ထို့နောက်လက်တစ်ဖက်ဖြင့် အနက်ရောင်သံမဏိဓားကြီးအားကိုင်ထားသောလူငယ်က ကျယ်လောင်စွာရယ်မောလိုက်သည်။

“ဟားဟား..ရှစ်ဖုန့်.. ငါဒါကိုမမျှော်လင့်ထားဘူး. ငါတကယ်ဒါကိုမမျှောင်လင့်ထားဘူး. မင်းရဲ့ပါရမီစွမ်းရည်က အရမ်းကိုလက်ဖျားခါဖို့ကောင်းတယ်.. မင်းကကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကိုတောင်ရောက်နေပြီ.. မင်းကငါ့ဘဝမှာတွေ့ဖူးသမျှထဲမှာ နံပါတ်တစ်ပါရမီရှင်ဖြစ်တယ်ဆိုတာကို

ငါဝန်ခံပါတယ်”

“ဒါပေမဲ့ဒီနေ့ငါမင်းကိုဒီနေရာမှာပဲ အဆုံးသတ်သွားအောင်လုပ်ပေးမယ်..

မင်းကကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်တာနဲ့ပဲမင်းကိုမင်း

သန်မာလာပြီလို့ထင်နေတာလား”

အနက်ရောင်ဓားကြီးနှင့်လူငယ်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး သိပ်သည်းသောအနက်ရောင်နတ်ဆိုးချီတစ်ခုက သူ၏ဘယ်လက်မှ ရုတ်ခြည်းထွက်ပေါ်လာကာ ကောင်းကင်ထဲသို့ထိုးတက်သွားသည်။ ဤအချိန်တွင် ဓားနှင့်လူငယ်၏အော်ရာက လုံးဝကိုပြောင်းလဲသွားသည်။

သူ၏ရှည်လျားသောဆံပင်တို့နှင့်အ

နက်ရောင်အဝတ်တို့က လေမတိုက်ပါဘဲ တဖျပ်ဖျပ်လူးလွန့်နေသည်။

“နတ်ဆိုး”

ထို့နောက်တွင် ရှစ်ဖုန့်မှာ သူဖြတ်တောက်ခဲ့သောလူငယ်၏

ဘယ်လက်ကိုသတိပြုမိပြီး ၎င်း၌ ပိန်းပေါက်အောင်နက်မှောင်သော နတ်ဆိုးလက်တစ်ခုအားအစားထိုးထားသည်ကိုတွေ့လိုက်ရသည်။ကောင်းကင်ထဲသို့ထိုးတက်သွားသော နတ်ဆိုးမြူတို့က သူ၏ဘယ်လက်ထံမှလာခြင်းဖြစ်သည်။ သူ၏အော်ရာကလည်းနတ်ဆိုးလက်ကြောင့် လုံးဝပြောင်းလဲသွားသည်။

အနက်ရောင်နတ်ဆိုးလက်ထံမှာအ

နက်ရောင်မြူတို့ ထွက်လာလာချင်း သူ၏ နတ်ဆိုးလက်ချောင်းနှင့်ပေါင်းစပ်ထားသော ညာလက်ညှိုးနှင့် တတိယမိစ္ဆာနတ်ဆိုးမျက်လုံးတို့က အနည်းငယ်တုန်ယင်သွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

“ဟားဟား..ဟားဟားဟား”

ဤအချိန်တွင် ဓားကြီးနှင့်လူငယ်မှာလည်းရှစ်ဖုန့်

၏ကိုယ်ပေါ်ရှိနတ်ဆိုးလက်ချောင်း

နှင့်နတ်ဆိုးမျက်လုံးတို့ကိုအာရုံခံမိပုံပေါ်သည်။ သူကထပ်မံရယ်မောလိုက်ပြီးပြောလိုက်သည်။

“ရှစ်ဖုန့်.. မင်းမှာလည်းနတ်ဆိုးရဲ့လျှို့ဝှက်ရတနာ

ရှိနေမယ်လို့ငါမမျှော်လင့်ထားဘူး. ဟားဟား..ကောင်းတယ်..အရမ်းကောင်းတယ်.. မင်းကိုသတ်ပြီးရင်အဲ့တာတွေအားလုံး

ကငါ့ဟာပဲ”

ဓားကြီးနှင့်လူငယ်က ရယ်မောခြင်းကိုရပ်လိုက်သည်။ ထို့နောက် သူ၏ကိုယ်က ရှေ့တွင်ရှိနေသော ရှစ်ဖုန့်ထံသို့ ဒေါင်လိုက်အတိုင်းရွေ့လျားလာသည်။မျက်စိတ်တစ်မှိတ်အတွင်းသူကရှစ်ဖုန့်၏အထက်

သို့ရောက်ရှိလာ၏။ထို့နောက်တွင်နတ်ဆိုးလက်က လက်သည်းတစ်ခုအသွင်ပြောင်းသွားပြီး အောက်ရှိရှစ်ဖုန့်ထံသို့ဆုပ်ကိုင်လိုက်သည်။

ဧရာမအနက်ရောင်နတ်ဆိုးလက်သည်းကြီးက အောက်ရှိရှစ်ဖုန့်ထံသို့ပြင်းထန်စွာ

ကျဆင်းလာ၏။

“ရှစ်ဖုန့်ကို ဖျက်ဆီးပစ်စမ်း”

တစ်ချိန်တည်းမှာပင် ဓားကြီးနှင့်လူငယ်က ခက်ထန်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။

သူ၏ တိုက်ခိုက်မှု၌ပါဝင်သောစွမ်းအားက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်စွမ်း

အားဖြစ်သည်။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်း အနက်ရောင်နတ်ဆိုးလက်သည်းက သေးငယ်လှသောရှစ်ဖုန့်၏ကိုယ်ကို

ဝါးမျိုသွားပြီး ကောင်းကင်နှင့်မြေပြင်အားရိုတ်

ခတ်သွားစေသည့် ကျယ်လောင်သောပေါက်ကွဲသံ

တစ်ခုထွက်ပေါ်လာစေသည်။ ဧကရာဇ်နယ်ပယ်စွမ်းအားအောက်တွင် နေရာတစ်ခုလုံးပြင်းထန်စွာစတင်

တုန်ခါလာပြီး ရွှေရောင်ရေကန်ငယ်အတွင်းရှိရေတို့မှာ ဦးတည်ချက်ပေါင်းစုံသို့ စတင်ပြင်းထန်စွာ ရိုက်ခတ်လှုပ်ရှားထကြွနေသည်။

“ဟားဟား..သူသေပြီ.. ဒီသူတောင်းစားနောက်ဆုံးတော့သေပြီ.

သူနောက်ဆုံးတော့သေသွားပြီ”

ရှစ်ဖုန့်အားဝါးမျိုသွားသော အနက်ရောင်နတ်ဆိုးလက်သည်းအား

ငုံ့ကြည့်ရင်းအမြဲတမ်းအေးစက်သော

မျက်နှာထားရှိသည့် ဓားကြီးနှင့်လူငယ်မှာ ကောင်းကင်ထဲသို့မော့၍ ရယ်မောလိုက်သည်။

ညပေါင်းများစွာ သူ၏ဘယ်လက်အား ဤလူကထပ်မံဖြတ်သွားသည်ဟု အိမ်မက်မက်ခဲ့ရသည်။ ဤလူကသူ၏စွမ်းအားကြီး နတ်ဆိုးလက်အား ယူဆောင်သွားချိန်တါငွင် သူ၏အိမ်မက်ဆိုးမှအမြဲတစေနိုးထ

လာခဲ့ရသည်။

ညပေါင်းများစွာအံကိုကြိတ်၍ ဤသူတောင်းစား၏နမည်ကိုသူရေရွတ်ခဲ့သည်။ သူ့အနေဖြင့်၎င်းအားအရှင်လတ်လတ်

ဝါးစားပစ်ချင်ခဲ့သည်။

အကယ်၍ ဤလူသာမသေလျှင် သူ့အနေဖြင့် ငြိမ်းချမ်းသောညတစ်ခုကိုပိုင်ဆိုင်ရလိမ့်မည်မဟုတ်ပေ။

ဤအချိန်တွင်နောက်ဆုံး၌သူဘယ်လောက်စွမ်းအားကြီးသည်ကိုမြင်တွေ့ခဲ့ရသည်။ သူကသူ၏ကိုယ်ပိုင်စွမ်းအားဖြင့်၎င်း

အားဖျက်ဆီးပစ်နိုင်ခဲ့သည်။

“မင်းအတွက်ပျော်ဖို့အရမ်းစောနေသေးတယ်”

ရုတ်တရက် အေးစက်သောအသံတစ်ခုက အောက်ရှိအနက်ရောင်နတ်ဆိုး

လက်သည်းထံမှထွက်ပေါ်လာသည်။

ဤအသံအားကြားလိုက်ရသောအခါတွင် လူငယ်၏မျက်နှာထက်ရှိအပြုံးတို့ကအေးခဲသွားသည်။ ထို့နောက်သူ၏မျက်နှာထက်တွင် ဒေါသတို့ဖြင့်ပြည့်နှက်နေသည်။ သူ က အော်ဟစ်လိုက်သည်။

“ဒါက..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ဓားကြီးနှင့်လူငယ်၏အောက်ဘက်ရှိ အနက်ရောင်နတ်ဆိုးလက်သည်းမှာ လေထဲ၌မြူကဲ့သိုမှေးမှိန်ပျောက်ကွယ်သွားသည်။ ဤအချိန်တွင် သွေးနီရောင်အလင်းတစ်ခုက

ထွက်ပေါ်လာသည်။

ဓားကြီးနှင့်လူငယ်မှာ ဧရာမသွေးနီရောင်ချပ်ဝတ်အ

ရိပ်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ သွေးနီရောင်ချပ်ဝတ်အရိပ်၏အောက်ဘက်တွင် သွေးနီရောင်ချပ်ဝတ်နှင့်ပုံရိပ်တစ်ခုရှိနေသည်။

၎င်းက ကြီးမားသော ငွေရောင်တံစဉ်တစ်ခုကိုကိုင်ထားပြီး သူ့အားအေးစက်စွာမော့ကြည့်နေသည်။

“ဒီ..ချပ်ဝတ်.. အား.အား.အား.အား.အား.. ချီးပဲ..ချီးပဲ”

ရှစ်ဖုန့်ကသွေးနီရောင်ချပ်ဝတ်အား

ဝတ်ဆင်ကာအသက်သွင်းပြီး သူ၏ စွမ်းအားကြီးတိုက်ခိုက်မှုအားတားဆီး

လိုက်သည်ကိုမြင်တွေ့ရချိန်တွင် ဓားကြီးနှင့်လူငယ်မှာ ရုတ်ခြည်းခက်ထန်စွာအော်ဟစ်

ပစ်လိုက်သည်။

“ဒီချပ်ဝတ်”

၎င်းမှာ အစကသူနှင့်သက်ဆိုင်သောအရာဖြစ်သည်။ ထိုနေ့က သွေးနီရောင်ကမ္ဘာ၏မြေအောက်အခန်းအတွင်းတွင် သူက၎င်းအားယူဆောင်ပြီး သူ၏ဘယ်လက်ရှိသိုလှောင်လက်စွပ်

အတွင်းထည့်ထားခဲ့သည်။ သို့သော်ထိုသူတောင်းစားရှစ်ဖုန့်ကသူ၏ဘယ်လက်အားတိုက်ရိုက်ဖြတ်၍ယူသွား

သည်ဖြစ်သည်။

ယခု၎င်းကသူနှင့်သက်ဆိုင်သော

ရတနာကိုအသုံးပြု၍ သူ၏ စွမ်းအားကြီးတိုက်ခိုက်မှုကိုတားဆီးခဲ့သည်။ ဓားကြီးနှင့်လူငယ်အနေဖြင့်မည်ကဲ့သို့ဒေါသမထွက်ပဲနေပါမည်နည်း။

“အကယ်၍ မင်းကသွေးနီရောင်ချပ်ဝတ်ကိုသုံးပြီးတော့ငါ့ရဲ့တိုက်ခိုက်မှုကိုတားရင်တောင် ဘာဖြစ်လဲ.. မင်းကကြယ်ရှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်လေးပဲဟာ.. ဒီသွေးနီရောင်ချပ်ဝတ်နဲ့ ဧကရာဇ်နယ်ပယ်တိုက်ခိုက်မှုဘယ်လောက်များများကိုခံနိုင်မလဲကြည့်ကြသေးတာပေါ့”

ဓားကြီးနှင့်လူငယ်ကနောက်တစ်ကြိမ် ဒေါသတကြီးအော်ဟစ်လိုက်သည်။ရုတ်ခြည်းနတ်ဆိုးမြူတို့ပြည့်နှက်နေသည့်အ

နက်ရောင်နတ်ဆိုးလက်မှ လက်ငါးချောင်းကပြန့်ကားစွာပွင့်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ဘက်တွင် သိပ်သည်းသောနတ်ဆိုးမြူများဖြင့်

ဖွဲ့စည်းထားသည့် ဧရာမအနက်ရောင်ဓားချီတစ်ခုပေါ်လာ၏။

ထို့နောက်တွင်ဓားကြီးနှင့်လူငယ်၏ နတ်ဆိုးလက်ကနတ်ဆိုးမြူဓားအား

တွန်းထုတ်လိုက်သကဲ့သို့အောက်ကိုရုတ်တရက်ဖိချလိုက်သည်။သူ၏ လုပ်ဆောင်ချက်အောက်တွင် ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏စွမ်းအားအပြည့်တိုက်ခိုက်မှုနှင့်ညီမျှသော နတ်ဆိုးမြူဓားက အောက်သို့ပြင်းထန်စွာခုတ်ပိုင်း

ကျဆင်းလာသည်။

ရှစ်ဖုန့်ကအေးစက်စွာမော့ကြည့်နေဆဲဖြစ်သည်။ဤသွေးနီရောင်ချပ်ဝတ်မှာ အစကတည်းက နတ်ဆိုးအား ထိန်းချုပ်ကန့်သတ်ရန်အတွက် သွေးနတ်ဆိုးက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ရှစ်ဖုန့်၏

ထိန်းချုပ်မှုအောက်တွင် နတ်ဆိုးလက်၏ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တိုက်ခိုက်မှုက ချပ်ဝတ်၏အရိပ်ကိုချိုးဖျက်နိုင်စွမ်းရှိမနေပေ။

ဧကရာဇ်နယ်ပယ်တိုက်ခိုက်ရေးစွမ်းအားကိုရရှိရန် နတ်ဆိုးလက်ပေါ်၌မှီခိုအားထားနေသော ဓားကြီးနှင့်လူငယ်အား ရင်ဆိုင်နေသည့်ရှစ်ဖုန့်မှာ အံ့ဖွယ်ဖြစ်သည်ဟုပြောနိုင်သည်ဖြစ်သည်။

သို့သော်အကယ် ခုခံမှုချည်းသက်သက်ဆိုလျှင်ယင်းကရှစ်ဖုန့်၏ စတိုင်မဟုတ်ပေ။ ရှစ်ဖုန့်က သူ၏စိတ်အားလှုပ်ရှားလိုက်ပြီး ရုတ်ခြည်း သွေးနီရောင်အလင်းတန်းများကသူ၏ ဝန်းကျင်၌ထွက်ပေါ်လာသည်။

“ဂါး.”

“ဂါး”

“ဂါး..ဂါး”

All Chapters