အခန်း (၇၃၁)
Vol. 49 Ch. 731
“ဝုန်း”
ဧရာမအနက်ရောင်နတ်ဆိုးမြူဓားကြီးက သွေးနီရောင် ချပ်ဝတ်အရိပ်ကို ထိမှန်သွားပြီး နောက်ထပ်ကျယ်လောင်သော
ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ နေရာလွတ်တစ်ခုလုံးတုန်ခါသွားပြီး ရွှေရောင်ရေကန်မှရေတို့ကလည်း
ပြင်းထန်စွာဆူပွက်လာပြန်သည်။
နီညိုရောင်ချပ်ဝတ် အရိပ်၏အောက်တွင်ရှစ်ဖုန့်က အေးစက်စွာဖြင့်မော့ကြည့်နေသည်။ယခုတီရှာကအနားတွင်ရှိမနေစဉ်တွင် ယင်အလောင်းကောင်နှစ်ထောင့်ငါးရာကိုးဆယ့်ကိုးကောင်နှင့်ဖွဲ့စည်းထားသော အလောင်းကောင်အုပ်ကြီးက ရှစ်ဖုန့်၏ဝန်းကျင်၌ပေါ်လာသည်။
ရှစ်ဖုန့်က အလောင်းတစ်သောင်းအစီအရင်ကို အသက်သွင်းလိုက်၏။ သိပ်သည်းများပြားလှသောယင်အ
လောင်းကောင်အုပ်ကြီးထံမှ အနက်ရောင်မြူတို့တစ်ဟုန်ထိုးထွက်လာပြီးအလယ်ဗဟို၌ရှိနေသောရှစ်ဖုန့်ထံသို့ အလိပ်လိပ်ဦးတည်လာသည်။၎င်းတို့အား ရှစ်ဖုန့်လက်အတွင်းရှိငွေရောင်တံစဉ်တို့က စုပ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏ဒန်တန်အတွင်းမှငရဲဘုံကိုးခု စွမ်းအင်တို့ကလည်း ငွေရောင်တံစဉ်အတွင်းသို့ စီးဆင်းသွာသးည်။ မကြာခင်တွင် ရှစ်ဖုန့်၏လက်အတွင်းရှိငွေရောင်တံစဉ်မှာ ပြင်းထန်စွာတုန်ခါလာသည်။ အားကောင်သောအော်ရာတစ်ခုက ငွေရောင်တံစဉ်ထံမှ မြင့်တက်ထွက်ပေါ်လာ၏။
ကောင်းကင်ထက်တွင် သွေးနီရောင်ချပ်ဝတ်၏ခုခံမှုအောက်၌ အနက်ရောင်မြူဓားကြီးမှာ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်လာသည်။ ဓားကြီးနှင့်လူငယ်မှာမူ နောက်ထပ်စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုအားသူထုတ်ဖော်လိုခဲ့သည်။သို့သော် အောက်မှမြင့်တက်လာသော စွမ်းအားကြီးအော်ရာတစ်ခုအား သူခံစားရချိန်တွင် သူ၏ သွင်ပြင်လက္ခဏာက ပြောင်းလဲသွားသည်။
“ဒီ..ဒီစွမ်းအားက”
ဓားကြီးနှင့်လူငယ်မှာ အရင်ဆုံး တုန်လှုပ်အံ့အားသင့်သွားသည်။ ထို့နောက် သူထိတ်လန့်သွား၏။ သူ၏အောက်ဘက်မှ သူ၏နတ်ဆိုးလက်ထက် များစွာ သာလွန်သောစွမ်းအားတစ်ခုကိုသူ ခံစားမိသည်ဖြစ်သည်။
ဓားကြီးနှင့်လူငယ်မှာ စွမ်အား အခြေတည်ဖြစ်တည်လာရာရင်းမြစ်ကိုလျှင်မြန်စွာရှာတွေ့သွားသည်။ ၎င်းက ရှစ်ဖုန့်၏လက်အတွင်းရှိငွေရောင်
တံစဉ်ထံမှလာခြင်းဖြစ်သည်။
“ဒါ.. ဒါက မဖြစ်နိုင်ဘူး. သူကကြယ်ရှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်လေးတစ်ယောက်ပဲဟာ. ဘယ်လိုဖြစ်ပြီးသူ့မှာဒီလိုစွမ်းအားမျိုးရှိနေရတာလဲ. ဘာလို့လဲ.သူ..ရှစ်ဖုန့် ဒင်းကငါ့ရဲ့အဆက်မပြတ်တိုက်ခိုက်မှု
တွေအောက်မှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးတော့ ငါကသူ့ကိုပျော်ရွှင်စွာနဲ့သတ်သင့်တာ”
“မဟုတ်သေးဘူး. ဒီသူတောင်းစားကသူကငါ့ထက်ပိုသန်မာတဲ့ဆိုတဲ့ခံစားချက်ကို ငါ့ကိုပေးပြီးတာ့ ငါ့ကိုခြောက်ပြီး အဝေးကိုထွက်ပြေးချင်လို့ စိတ်လှည့်စားတဲ့လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုနေတာပဲ.. ဘယ်လိုလုပ်ပြီးငါကသူ့ကိုအောင်မြင်ခွင့်
ပေးရမှာလဲ. ငါသူ့ကိုသတ်ရမယ်..သူ့ကိုသတ်မယ်”
ဓားကြီးနှင့်လူငယ်က ခက်ထန်စွာပြောလိုက်သည်။ ထို့နောက် နောက်ထပ်တိုက်ခိုက်မှုတစ်ခုကိုသူထုတ်ဖော်လိုက်သည်။အနက်ရောင်နတ်ဆိုးလက်မှ
အနက်ရောင် နတ်ဆိုးမြူတို့ထွက်ပေါ်လာပြီး သူ၏လက်ဖဝါး၌စုစည်းသွားသည်။ သူ၏လက်ဖဝါးအတွင်း၌ အနက်ရောင်နတ်ဆိုးမြူအလုံးတစ်ခုက တစ်ဟုန်ထိုးကြီးထွားလာသည်။
အနက်ရောင်နတ်ဆိုးမြူလုံးက တောင်ငယ်လေးတစ်လုံးစာအရွယ်ကြီးမားလာသည်။ ဓားကြီးနှင့်လူငယ်က အနက်ရောင်မြူလုံးအား အောက်သို့ပြင်းထန်စွာပစ်လွှတ်လိုက်သည်။
“သေစမ်း.. ရှစ်ဖုန့်. မင်းသေရမယ်”
ဓားကြီးနှင့်လူငယ်မျက်နှာမှာကြမ်းကြုတ်ခက်ထန်နေပြီး အသားကုန်အော်ဟစ်လိုက်သည်။
အော်သံကလေထုအားရိုက်ခတ်ပြီး ရှစ်ဖုန့်၏နားထဲသို့ရောက်ရှိလာသည်။
ရှစ်ဖုန့်ကသူ့ထံသိုကျဆင်းလာနေသော အနက်ရောင်နတ်ဆိုးမြူလုံးကို စိုက်ကြည့်နေသည်။သူ၏ဘယ်လက်အား
ဖျက်ခနဲလှုပ်ရှားလိုက်ပြီး သူ၏လက်အတွင်းမှ ငွေရောင်တံစဉ်ကိုပစ်လွှတ်လိုက်သည်။
ရှစ်ဖုန့်က သွေးနီရောင်ချပ်ဝတ်အရိပ်အားဖယ်
ထုတ်လိုက်ပြီးဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ငွေရောင်တံစဉ်ကကျဆင်းလာသောဧရာမ အနက်ရောင်မြူလုံးကြီးကိုခုတ်ပိုင်းသွားည်။
“ဒါက.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. မဖြစ်နိုင်တာကြီး.. “
ဤအချိန်တွင် သူ၏စိတ်ထဲ၌ရှစ်ဖုန့်အား သတ်ရန်တတွတ်တွတ်ရေရွတ်နေသည့် ဓားကြီးနှင့်လူငယ်မှာ ရုတ်တရက်သေလုအောင်ဖြူဖျော့သွားသည်။ သူ၏မျက်လုံးတို့ကသူငယ်အိမ်ထဲမှ
ကျွတ်ထွက်လုနီးပါးဖြစ်နေပြီး မယုံကြည့်နိုင်စွာဖြင့်အော်ဟစ်လိုက်သည်။
သူနတ်ဆိုးလက်မှထုတ်လွှတ်သောလွန်စွာစွမ်းအားကြီးမားသည့် စွမ်းအားကြီးတိုက်ခိုက်မှုက တလိပ်လပ်ထနေသောအနက်ရောင်မြူများ
အဖြစ်ပြောင်းလဲသွားသည့် ငွေရောင် တံစဉ်ကြောင့်ဖျက်ဆီးခံလိုက်ရသည်ကို သူတွေ့လိုက်ရသည်။ ငွေရောင်တံစဉ်က တလိပ်လိပ်ထနေသောနတ်ဆိုးမြူတို့အားရုတ်ခြည်းခုတ်ပိုင်းပြီး သူ၏ခန္ဓာကိုယ်ထံသို့ ပျံသန်းလာနေသည်။
“မဟုတ်ဘူး.မဟုတ်ဘူး.မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး”
ဓားကြီးနှင့်လူငယ်မှာ လက်သင့်မခံနိုင်စွာဖြင့်အသားကုန်
ဆက်တိုက်အော်ဟစ်လိုက်သည်။
သူသည်သူဘယ်နေရာ၌မွေးဖွားခဲ့သည်ကိုမသိခဲ့သလိုသူ၏နမည်ကိုပင်သိခြင်းမရှိခဲ့ပေ။ သူမှတ်မိနိုင်သောအရွယ်ကတည်းက သူ့အနေဖြင့်ထိုလူ၏ ရေခဲနှင့်နှင်းကမ္ဘာတစ်ခုဆီသို့နှင်ထုတ်ခြင်းခံခဲ့ရသည်။နေ့တိုင်း သူ၏စွမ်းအားတွေအားလုံးကုန်ခမ်းသည်အထိ သူ၏ဓားကိုထပ်တလဲလဲလွှဲယမ်းခဲ့ရသည်။
အသက်လေးနှစ်အရွယ်၌ ရေခဲနှင့်နှင်းကမ္ဘာအတွင်းဘယ်တော့မှနိုးထခြင်းမရှိနိုင်တော့သည်နီးပါးခပ်ယဲ့ယဲ့အခြေနေကိုကြိမ်ဖန်များစွာကြုံတွေ့ခဲ့ရသည်။
သူအသက်ခြောက်နှစ်အရွယ်တွင်ထိုလူနှင့်ထပ်မံဆုံတွေ့ခဲ့သည်။ ထိုလူက သူ့အား အန္တိမဓားပညာရပ်တစ်ခုကိုသင်ကြားပေးခဲ့ပြီး ထိုအန္တိမဓားပညာရပ်အားနားလည်သည်နှင့် သူ့အားဤရေခဲနှင့်နှင်းကမ္ဘာအတွင်းမှ ထွက်သွားနိုင်သည်ဟုပြောခဲ့သည်။
အသက်ရှစ်နှစ်အရွယ်တွင် အန္တိမဓားပညာရပ် ၏စစ်မှန်သောအဓိပ္ပါယ်ကိုသူနားလည်ခဲ့ပြီးရေခဲနှင့်နှင်းကမ္ဘာထဲမှသူထွက်လာခဲ့သည်။ သူက ကမ္ဘာအနှံ့လှည့်လည်သွားလာခဲ့ပြီး ဓားသမားများစွာကိုအနိုင်ယူခဲ့သည်။
ကမ္ဘာအနှံ့လှည့်လည်သွားလာရင်း ကောင်းကင်ထဲသို့ထိုးဖောက်ဝင်ရောက်နေသည့်ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ ရုပ်ထုတစ်ခုကိုသူမြင်တွေ့ခဲ့ရသည်။
၎င်းမှာသူရေခဲနှင့်နှင်းကမ္ဘာထဲ၌
တွေ့ဆုံခဲ့သောလူပင်ဖြစ်သည်။
အခြားသူများထံမှထိုလူ၏နမည်ကိုလည်းသူသိခဲ့ရသည်။ သူ၏နမည်ကယွဲ့ရှောင်းဖြစ်ပြီး ကမ္ဘာပေါ်ရှိလူများက သူ့အားလေးစားမှုအပြည့်ဖြင့်ဓား
ဧကရာဇ်ဟုခေါ်ကြသည်။
သူကသူ၏ဘဝအားတစ်ယောက်တည်း
အထီးကျန်ဆန်စွာဖြတ်သန်းခဲ့ရသည်။ သူ၏ဘဝအား ခြေဦးတည့်ရာစွန့်အားတိုက်ခိုက်ရင်းရှင်သန်ခဲ့ရသည်။ထိုနှစ်အသက်ဆယ့်လေးနှစ်အရွယ်၌ ရှစ်ဖုန့်နမည်နှင့်လူငယ်အားမတွေ့ဆုံခင်
အထိဖြစ်သည်။၎င်းကသူ့အားရှုံးနိမ့်မှု၏အရသာကိုခံစားခိုင်းခဲ့သည်။
သူကရှစ်ဖုန့်ကိုအရမ်းဆိုးဆိုးရွားရွား အရမ်းကိုဆိုးဆိုးရွားရွားသတ်ပစ်ချင်ခဲ့
သော်လည်း…………………
ရပ်တန့်သွားသောအချိန်တို့ကတစ်ဖန်စ
တင်လည်ပတ်လာသည်။ အနက်ရောင်သံမဏိဓားကြီးနှင့်လူငယ်မှာ လက်သင့်မခံနိုင်မှု၊ဒေါသဖြစ်မှုတို့ဖြင့်ခက်
ထန်စွာအော်ဟစ်လိုက်သည်ငွေရောင်တံစဉ်က ပျံသန်းလာပြီးသူ့အားခုတ်ပိုင်းလိုက်၏။
အနက်ရောင်သံမဏိဓားကြီးနှင့်လူငယ်မှာ ရေခဲတမျှအေးစက်သော အရာတစ်ခုကသူ၏ကိုယ်အား
အထက်မှုအောက်သို့ ခုတ်ပိုင်းသွားမှုကိုခံစားလိုက်ရသည်။မကြာခင်တွင်သူ၏ကိုယ်ကကွဲထွက်လာမှုကိုခံစားလိုက်ရသည်။သူ၏အသိကသူ၏စတ်ထဲမှဒီရေအလားလွင့်ပျယ်လာသည်။
အနက်ရောင်သံမဏိဓားကြီးနှင့်လူငယ်မှာ ငွေရောင်တံစဉ်၏နှစ်ပိုင်းဖြတ်မှုကိုခံ
လိုက်ရသည်။
ဓားဧကရာဇ်ယွဲ့ရှောင်း၏ ဆက်ခံသူ ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ် အမည်မဲ့အနက်ရောင်သံမဏိဓားနှင့်လူငယ်မှာကျဆုံးသွားပြီဖြစ်သည်။
အနက်ရောင်သံမဏိဓားနှင့်နှစ်ပိုင်းဖြတ်ခံလိုက်ရသည်ကို တွေ့လိုက်ရပြီးနောက် ရှစ်ဖုန့်ကဆိတ်ငြိမ်စွာ ကြည့်နေသည်။ကောင်းကင်ထဲတွင် နီရဲသောသွေးတို့က ရှစ်ဖုန့်၏ကိုယ်ပေါ်သို့ဖြန်းပတ်ကျ
ဆင်းလာသော်လည်း ၎င်းတို့ကရှစ်ဖုန့်၏ကိုယ်အတွင်းလျှင်မြန်စွာစုပ်ယူခံလိုက်ရသည်။
ထို့နောက်တွင် သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်ပေါ်၌ထပ်မံထွက်ပေါ်လာပြီး လူငယ်၏ခန္ဓာကိုယ်နှစ်ပိုင်းထံသို့
ဦးတည်သွားသည်။
ပြင်းထန်သောသွေးနီရောင်မီးတောက်တို့က ဓားကြီးနှင့်လူငယ်၏အလောင်းကို လွှမ်းခြုံသွားသည်။ ထို့နောက်တွင် သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်ထံသို့ပြန်လည်လှိမ့်ဝင်လာသည်။
သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်ပေါ်သို့ပြန်လည်
ရောက်ရှိလာသောအခါတွင် ရှစ်ဖုန့်၏လက်က သိပ်သည်းသောနတ်ဆိုးမြူတို့အား
ထုတ်လွှတ်နေဆဲဖြစ်သည့် အနက်ရောင်သိုလှောင်လက်စွပ်တစ်ကွင်းနှင့် နတ်ဆိုးလက်တစ်ခုကိုဆုပ်ကိုင်ထားသည်။
နတ်ဆိုး၏လက်က လူငယ်၏ဧကရာဇ်နယ်ပယ်စွမ်းအား
လာရာအရင်းအမြစ်ဖြစ်သည်။
ရှစ်ဖုန့်က အနက်ရောင်သိုလှောင်လက်စွပ်အား သာမန်ကာလျှံကာတစ်ချက်ကြည့်လိုက်ပြီး သူ၏ကိုယ်ပိုင်သိုလှောင်လက်စွပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။ထို့နောက် ရှစ်ဖုန့်ကသူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီး သူ၏လက်ထဲမှနတ်ဆိုးလက်ကိုအာ
ရုံခံလိုက်သည်။
“ဒီအနက်ရောင်နတ်ဆိုးလက်က ငါ့ရဲ့အနက်ရောင်နတ်ဆိုးမျက်လုံး နဲ့အနက်ရောင်နက်ဆိုးလက်ချောင်း
တို့နဲ့အတူတူပဲ.. ဒီမှာ နတ်ဆိုးရဲ့ဝိညာဉ်အကြွင်းအကျန်ရှိမနေဘူး. သူ့ကြောင့်ဖျက်ဆီးခံလိုက်ရတာ ဒါမှမဟုတ် သူတွေ့တဲ့အခါမှမရှိတော့တာလည်း
ဖြစ်ကောင်းဖြစ်နေနိုင်တယ်”
ရှစ်ဖုန့်ကနတ်ဆိုးလက်အားသူ၏ ဝိညာဉ်စွမ်းအားဖြင့်အာရုံခံရင်းတီးတိုးရေရွတ်လိုက်သည်။
ထို့နောက်ရှစ်ဖုန့်ကသူ၏ဘယ်လက်
ကိုကြည့်၍ပြောလိုက်သည်။
“အကယ်၍ဒီသခင်လေးသာဒီနတ်ဆိုးလက်နဲ့ ပေါင်းစပ်နိုင်ခဲ့ရင် သေချာပေါက်ဧကရာဇ်နယ်ပယ်စွမ်း
အားတစ်ခုကိုထုတ်ဖော်နိုင်လိမ့်မယ်.. တစ်ချက်ကြိုးစားကြည့်တာပေါ့”
ဤအရာအားတွေးမိပြီးရှစ်ဖုန့်၏ညာလက်က ဝုန်းခနဲတောက်လောင်လာသည်။ ရှစ်ဖုန့်ကအနက်ရောင်နတ်ဆိုးလက်အား သွေးနီရောင်မီးတောက်ဖြင့်စတင်
လောင်ကျွမ်းစေလိုက်သည်။
ရှစ်ဖုန့်မှာထိုနေ့က နတ်ဆိုးလက်ချောင်းဖြင့်ပေါင်းစပ်
တုံးကကဲ့သို့ပင် ဤအနက်ရောင်နတ်ဆိုးလက်အား အရည်အဖြစ်အရင်ဆုံး အရည်ဖျော်လိုခြင်းဖြစ်သည်။