အခန်း (၇၃၂)
Vol. 49 Ch. 732
အနက်ရောင်နတ်ဆိုးလက်အား ကိုင်ထားသော ရှစ်ဖုန့်၏ညာလက်၌ သွေးနီရောင်မီးတောက်တို့တောက်
လောင်နေသည်။
ထို့နောက်တွင် ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိသွေးနီရောင်ချပ်ဝတ်ထံမှ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ သွေးနီရောင်အလင်းတို့က အနက်ရောင်နတ်ဆိုးလက်ပေါ်တွင်
စုစည်းသွားပြီး သွေးနီရောင်မီးတောက်နှင့်အတူ ၎င်းအားအရည်ဖျော်နေသည်။
ကောင်းကင်မီးတောက်နှင့် သွေးနီရောင်အလင်းတို့၏အောက်တွင် ရှစ်ဖုန့်၏လက်အတွင်းရှိအနက်ရောင်
နတ်ဆိုးလက်မျာ အရည်ပျော်လာသည်။သို့သော်အရည်ပျော်သည့်အမြန်နှုန်းကအရမ်းကိုနှေးကွေးသည်ဖြစ်သည်။
အနက်ရောင်နတ်ဆိုးလက်ထံမှ အနက်ရောင်အရည်စက်များကဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီးရှစ်ဖုန့်၏လက်ဖဝါးပေါ်၌
လည်ပတ်နေသည်။ဤအချိန်တွင် ရှစ်ဖုန့်၏ဘယ်လက်၌ငွေရောင်အလင်း
တစ်ခုလင်းလက်လာသည်။ ငွေရောင်တံစဉ်ကရှစ်ဖုန့်၏လက်ဆီ
သို့ပြန်လည်ပျံသန်းလာပြီး ရှစ်ဖုန့်၏ဘယ်လက်ဖမိုး၌ငွေရောင်တံစဉ်
အမှတ်အသားတစ်ခုဖြစ်သွားသည်။
ထို့နောက် ရှစ်ဖုန့်ကသူ၏ဘယ်လက်အား မီးတောက်တို့တောက်လောင်နေသည့် သူ၏ညာလက်ထံသို့လှမ်းလိုက်သည်။သူ၏ညာလက်အား ၎င်းပေါ်တွင်ထားလိုက်ပြီး သူ၏ညာလက်ပေါ်၌လည်ပတ်နေသော အနက်ရောင်အရည်စက်များက ရုတ်ခြည်း သူ၏ဘယ်လက်ထံသို့ပစ်ဝင်သွားသည်။
ထို့နောက်တွင် ၎င်းတို့က ဘယ်လက်အတွင်းသို့ပေါင်းစည်းသွားသည်။
အနက်ရောင်နတ်ဆိုးလက်က ဖြည်းဖြည်းချင်းအရည်ပျော်နေသည်။ရှစ်ဖုန့်၏ဘယ်လက်ကလည်းအနက်ရောင်အ
ရည်တို့အားဖြည်းဖြည်းချင်းစုပ်ယူနေသည်။
ယွဲ့ရှောက်ချုံးမှာ ရွှေရောင်ရေကန်ငယ်နှင့်သိပ်မဝေးလှသော ဂူဝင်ပေါက်နား၌ရပ်နေဆဲဖြစ်သည်။ သူကရွှေရောင်ရေကန်၏မျက်နှာပြင်ပေါ်
ရှိအဖြူရောင်ပုံရိပ်ကိုစိုက်ကြည့်နေသည်။ပြောရလျှင်ယွဲ့ရှောက်ချုံးဤနေရာသို့ရောက်ရှိ
နေသည်မှာ ကြာနေပြီဖြစ်သည်။ သို့သော်လူငယ်နှစ်ယောက်ကြားမှ
တိုက်ပွဲကြောင့်သူတုန်လှုပ်နေပြီး
ထိုနေရာသို့သွားရဲခြင်းမရှိပေ။
အကယ်၍များ တိုက်ပွဲ၏စွမ်းအားတစ်စွန်းတစ်စ
လောက်က သူအားထိမှန်ခဲ့လျှင် သူအပိုင်းပိုင်းဖြစ်သွားမည်ဖြစ်သည်
ကိုသံသယမရှိပေ။
“ဒီရှစ်ဖုန့်လေး..သူကဘယ်လောက်
တောင်သန်မာတာလဲ”
အချိန်တို့ဖြည်းညှင်းစွာကုန်ဆုံးသွားသည်။
ဤအချိန်တွင် ခြောက်နာရီခန့်ကုန်ဆုံးသွားပြီဖြစ်သည်။
နောက်ဆုံးတွင်ရှစ်ဖုန့် အနက်ရောင်နတ်ဆိုးလက်ကိုလုံးဝ
သန့်စင်ပြီးသွားပြီး ဧကရာဇ်နယ်ပယ်စွမ်းအားကိုပိုင်ဆိုင်သွားသည်။ သူ၏ဘယ်လက်က အနက်ရောင်နတ်ဆိုးလက်မှသန့်စင်ထားသော အနက်ရောင်အရည်အားလုံးကိုစုပ်ယူခဲ့သည်။
သွေးနီရောင်ချပ်ဝတ်ပေါ်ရှိသွေးနီရောင်အလင်းကလည်းပျောက်ကွယ်သွားပြီး သူ၏ညာလက်ပေါ်ရှိသွေးနီရောင်
မီးတောက်တို့ကလည်းထို့အတူပင်ဖြစ်သည်။ ဤအချိန်တွင် ရှစ်ဖုန့်ရုတ်တရက်သူ၏ဘယ်
လက်အားဆုပ်လိုက်သည်။သူ၏လက်သီး
တစ်ခုလုံးက ရုတ်ခြည်းပိန်းပေါက်အောင်နက်မှောင်
မှုအဖြစ်ပြောင်းလဲသွားပြီး အနက်ရောင်နတ်ဆိုးလက်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။အနက်ရောင်နတ်ဆိုးလက်ထံမှအနက်ရောင်နတ်ဆိုးချီတို့တစ်ဟုန်ထိုးထွက်ပေါ်လာသည်။
“ဟားဟာ..ကောင်းတယ်..မဆိုးဘူး”
ဤနတ်ဆိုးလက်၏စွမ်းအားကိုခံစားရင်း ရှစ်ဖုန့်ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ဤအချိန်တွင် ဤနတ်ဆိုးလက်၏တိုက်ခိုက်မှုကကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသည်ကိုသူ ခံစားနိုင်သည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်၏ညာဘက်လက်ညှိုးကလည်း နတ်ဆိုးလက်ချောင်းအဖြစ်သို့ပြောင်း
လဲသွားသည်။တတိယတိုက်စားခြင်းနတ်ဆိုးမျက်လုံးကလည်းပွင့်လာသည်။ နောက်ထပ် အနက်ရောင်နတ်ဆိုးချီနှစ်ကြောင်းက
သူ၏ကိုယ်မှတစ်ဟုန်ထိုးထွက်ပေါ်လာ၏။
ဤအချိန်တွင် အထင်အရှားဖြစ်ပေါ်လာသောနတ်ဆိုးလက်၊
နတ်ဆိုလက်ချောင်းနှင့်နတ်ဆိုးမျက်လုံးတို့က လှုံ့ဆော်မှုအခြေအနေတစ်ခုသို့ရောက်နေပုံရပြီး ပြင်းထန်စွာတုန်ခါလာသည်ကိုရှစ်ဖုန့်
ခံစားမိသည်။
နတ်ဆိုးချီတန်းသုံးခုကတစ်ခုနှင့်တစ်ခု
ဆွဲဆောင်ပုံရပြီးစတင်ပေါင်းစည်းလာသည်။
နတ်ဆိုးချီတန်းသုံးခုကရှစ်ဖုန့်၏ဝန်းကျင်တွင်လျှင်မြန်စွာလည်ပတ်နေသည်။ ထို့နောက်မကြာခင် နတ်ဆိုးချီတန်းသုံးခုကအတူတကွ
ပေါင်းစည်းသွားပြီး ဧရာမအနက်ရောင်နတ်ဆိုးတိုင်လုံး
ကြီးအဖြစ်ပြောင်းလဲသွားသည်။ ရှစ်ဖုန့်၏ကိုယ်ပင်နတ်ဆိုးတိုင်လုံး၏ဝါးမျိုမှုကိုခံလိုက်ရသည်။
သိပ်သည်းသောနတ်ဆိုးချီတို့အတွင်း၌
ရှိနေသည့် ရှစ်ဖုန့်မှာ နတ်ဆိုးချီအားအာရုံခံမိသောအခါတွင် အံ့အားသင့်သွားသည်။ ယခင်က နတ်ဆိုးလက်ချောင်းနှင့် နတ်ဆိုးမျက်လုံးတို့အား သူတစ်ချိန်တည်းထုတ်ဖော်သည့်အချိန်တွင် ဤကဲ့သို့ထူးဆန်းသောအခြေအနေတစ်ခု မပေါ်ပေါက်ခဲ့ပေ။ နတ်ဆိုးလက်ချောင်းသို့မဟုတ်နတ်ဆိုး
မျက်လုံးတစ်ခုခုကအရမ်းအားနည်း
နေသောကြောင့် သို့မဟုတ် နှစ်ခုလုံးကအရမ်းအားနည်းလွန်း
သောကြောင့်ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ယခု နတ်ဆိုးလက်၏အကူအညီဖြင့် ဤကဲ့သို့ထူးဆန်းသောအခြေအ
နေတစ်ခုပေါ်ပေါက်လာ၏။
“ရှီး”
ရုတ်ခြည်းလွန်စွာထူးဆန်းပြီး ကြီးမားသောသံမဏိချင်းပွတ်တိုက်သကဲ့သို့ နားစူးစေသည့် အသံတစ်ခုက ဤနေရာအတွင်းထွက်ပေါ်လာသည်။ ရုတ်ခြည်း ဘီလူးကြီးတစ်ကောင်ကဲ့သို့ လွန်စွာကြီးမားသောအနက်ရောင်
ပုံရိပ်တစ်ခုက သူ၏ခေါင်းထက်၌ခပ်းရေးရေး
ပေါ်လာသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။
၎င်း၏ဦးခေါင်းထက်တွင် အနက်ရောင်ဦးချိုကွေးတစ်ခုရှိပြီး ၎င်း၏ကိုယ်၌ သိပ်သည်းသော အနက်ရောင်နတ်ဆိုးရုန်းများဖုံးလွှမ်းနေသည်။ အနက်ရောင်ပုံရိပ်ထံမှ လေးလံသောတောင်တစ်လုံးကဲ့သို့ နှိုင်းယဉ်ဖော်ပြ၍မရနိုင်သော
အော်ရာတစ်ခုအားထုတ်လွှတ်နေ၏။
၎င်း၏မျက်နှာက ထည်ဝါပြီး ကမ္ဘာကြီးအား စီးမိုးကြည့်နေသကဲ့သို့ပင်ဖြစ်သည်။
“နတ်ဆိုး”
ရှစ်ဖုန့်မှာ ဧရာမအနက်ရောင်ပုံရိပ်ကြီးအား တစ်ချက်ကြည့်ရုံနှင့်မှတ်မိသည်ဖြစ်သည်။
၎င်းမှာ “နတ်ဆိုး”ဖြစ်သည်။ ထိုနေ့က နတ်ဆိုးလက်ချောင်းထဲမှ နတ်ဆိုး၏ဝိညာဉ်အကြွင်းအကျန်ကို အတင်းအကျပ်ထုတ်ခဲ့သည်ဖြစ်သည်။ ဝိညာဉ်အကြွင်းအကျန်က လက်ချောင်းတစ်ချောင်းစာအ
ရွယ်သာရှိသော်လည်း ၎င်းမှာ နတ်ဆိုး၏ပုံရိပ်နှင့်တစ်ထေရာ
တည်းတူညီသည်ဖြစ်သည်။
“ဒါ..ဒါက..”
သိပ်မဝေးသောနေရာရှိဂူဝင်ပေါက်
၌ရပ်နေသော ယွဲ့ရှောက်ချုံးကလည်း ရှစ်ဖုန့်၏ကိုယ်အားလွှမ်းခြုံထားသည့် နတ်ဆိုးမြူထုကြီးအတွင်းထဲမှ ဧရာမပုံရိပ်ကြီးပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်ဖြစ်သည်။သူ၏တစ်ကိုယ်လုံးက အတင်းအဓမ္မမလုပ်ယူရပါဘဲ တုန်ယင်နေပြီး မမြင်နိုင်သောစွမ်းအားကြီးအော်ရာကြောင့် အသက်ရှူပင်ကျပ်လာသည်။
ယွဲ့ရှောက်ချုံးတို့၏ ခြေထောက်များက ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။
သို့သော် မကြာခင်တွင်ထိုပုံရိပ်က ရုတ်ခြည်းပျောက်ကွယ်သွားသည်
ကိုတွေ့လိုက်ရပြီး သူ၏တစ်ကိုယ်လုံး ပေါ့ပါးသွားမှုကိုယွဲ့ရှောက်ချုံး
ခံစားလိုက်ရသည်။
အနက်ရောင်နတ်ဆိုးမြူတို့အ
တွင်း၌ရှိနေသောရှစ်ဖုန့်မှာ လည်းနတ်ဆိုးအရိပ်ကြီးကရုတ်ခြည်း
ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။ထို့နောက်အတွေးတစ်ချက်ဖြင့် သူ၏ထိန်းချုပ်မှုအောက်တွင် ဧရာမနတ်ဆိုးမြူထုကြီးက ကောင်းကင်ထဲသို့ ထိုးတက်သွားပြန်သည်။
ရှစ်ဖုန့်၏အတွေးကလှုပ်ရှားသွားပြီး ဧရာမနတ်ဆိုးမြူတို့ လျှင်မြန်စွာခွဲထွက်ကာ နတ်ဆိုးမြူတန်းသုံးခုအဖြစ်ထပ်မံ
ပြောင်းလဲသွားသည်။
သို့သော်ဤအချိန်တွင် အနက်ရောင်နတ်ဆိုးမြူတို့အား ပေါင်းစည်းပြီး နတ်ဆိုး၏ပုံရိပ်ပေါ်လာပြီးသည့်နောက်၌ သူ၏နတ်ဆိုးလက်ချောင်း၊နတ်ဆိုး
လက်နှင့်တိုက်စားခြင်းနတ်ဆိုးမျက်လုံး တို့က တကယ်ကြီးကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်စွမ်းအားအားပိုင်ဆိုင်နေသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။
ယင်းမှာ နတ်ဆိုး၏အရိပ်က ၎င်းတို့အား ကောင်းချီးပေးလိုက်သကဲ့သို့ပင်ဖြစ်သည်။
“ဒါ..ဒါကတကယ်ကြီးဖြစ်လာတာပဲ”
နောက်တစ်ကြိမ်ရှစ်ဖုန့်အံ့အား
သင့်စွာပြောလိုက်သည်။
ဤသို့သာဆိုလျှင် အကယ်၍ သူသာ နတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား စုစည်းမိပါက ပို၍သန်မာလာလိမ့်မည်မဟုတ်ပါလော။
အကယ်၍သူသာနတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စုဆောင်းနိုင်ခဲ့ပါက သူဘယ်လောက်အထိသန်မာလာပါမည်နည်း။ နတ်ဘုရားနယ်ပယ်သို့သူဝင်ရောက်
နိုင်စွမ်းရှိမည်လော။
“နတ်ဘုရားနယ်ပယ်”
ရှေးဟောင်းဒဏ္ဍာရီများအတွင်း၌
သာတည်ရှိသော နတ်ဘုရားနယ်ပယ်နှင့်နတ်ဘုရား
အဆင့်စွမ်းအားအကြောင်းအား
တွေးမိသောအခါတွင် ရှစ်ဖုန့် ဝိုးတိုးဝါးတားစိတ်လှုပ်ရှားသွားသည်။
သို့သော် အခြားသော ဖြစ်နိုင်ချေကိုလည်းရှစ်ဖုန့်၏နှလုံး
သားထဲ၌တွေးမိသည်။ အကယ်၍ သူသာ နတ်ဆိုး၏တစ်ကိုယ်လုံးအားစုစည်းနိုင်ခဲ့လျှင် သူ့အနေဖြင့် ထိုးနတ်ဆိုးအား နိုးထလာစေနိုင်သည်လည်း
ဖြစ်လိမ့်မည်ဖြစ်သည်။
ဤသည်မှာ အသွားနှစ်ဖက်ဓားတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်၏ အကူအညီဖြင့်သူနတ်ဘုရားအဆင့်ကို ရောင်လျှင်ရောက် သို့မဟုတ်ပါက သူက သူနိုးထလာစေမိသော စွမ်းအားကြီးနတ်ဆိုးနှင့်ရင်ဆိုင် တစ်ခုခုတော့ဖြစ်လိမ့်မည်ဖြစ်သည်။
သွေးပန်းခက်မျိုးနွယ်စုက စွမ်းအားကြီးသောထိုလူနှင့်
သွေးနတ်ဆိုးတို့ပင် ကြောက်လန့်ပြီး ရန်သူနှစ်ဦးတစ်ဖက်နှင့်တစ်ဖက်
ပူးပေါင်းခဲ့ကြသည်ဖြစ်သည်။ ၎င်းတို့ က သွေးနီရောင်ကမ္ဘာအတွင်းနတ်ဆိုးအား ဖိနှိပ်ရန်အတွက် သွေးနီရောင်ချပ်ဝတ်နှင့်သွေး
သောက်ဓား၏အပိုင်းအစတို့
ကိုအသုံးပြုခဲ့ကြသည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်တွေးနေခြင်း
ကိုရပ်တန့်လိုက်သည်။ သူ့၌ နတ်ဆိုး၏ခန္ဓာအစိတ်အပိုင်းသုံး
ခုသာရှိသည်ဖြစ်သည်။ ပြည့်စုံသောကာယခန္ဓာကိုယ်တစ်ခုဖြစ်လာရန်အတွက်များစွာ အလှမ်းဝေးသေးသည်ဖြစ်၏။
နတ်ဆိုးမှာ ရှေးခေတ်အချိန်ကာလများစွာက မရေတွက်နိုင်သောကျွမ်းကျင်သူ
များအားဒေါသထွက်စေခဲ့ပုံပေါ်သည်။ ထို့နောက်တွင် ၎င်းမှာ မရေတွက်နိုင်သောကျင့်ကြံသူများ၏ အပေါင်အလတ်ဖြတ်ပြီး ဖိနှိပ်ခြင်းခံခဲ့ရသည်ဖြစ်လောက်သည်။ ထို့နောက်တွင် ၎င်း၏ခန္ဓာကိုယ်အစိတ်အပိုင်းများက ထျန်းဟန်တိုက်ကြီး၏နေရာများစွာ၌ မြှုပ်နှံခံခဲ့ရသည်။
နတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား စုဆောင်းရန်က လွယ်ကူသောအရာမဟုတ်ပေ။
ဤအချိန်တွင်လွန်စွာအရေးကြီးသော အရာတစ်ခုက ရှစ်ဖုန့်အား ကိုင်တွယ်ရန်စောင့်ဆိုင်းနေသည်။ ရှစ်ဖုန့်အနေဖြင့် သူ၏ကာယခန္ဓာကို တိုးတက်စေနိုင်သော ရွှေရောင်ရေကန်ငယ်အတွင်းမှ ရွှေရောင်အရည်တို့ကို လုံးဝ လက်လွတ်ခံမည်မဟုတ်ပေ။ တစ်စက်တစ်လေတောင်မှသူပြုန်း
တီးခံမည်မဟုတ်ပေ။
ထို့နောက်တွင် အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏လက်ဖဝါး၌သွေးနီရောင်
အလင်းတစ်ခုတောက်ပလာသည်။ ရှစ်ဖုန့်၏လက်ဖဝါးအတွင်းမှ သေးငယ်သောသွေးနီရောင်
ကျောက်ပြားလေးတစ်ခု ပျံသန်းထွက်လာ၏။
သွေးနီရောင်ကျောက်ပြား
ထွက်လာပြီးပြီးချင်း၎င်းက ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်၌ ပြန့်ကား
ချဲ့ထွင်လာသည်။ မကြာခင်တွင် ၎င်းက တောင်ကုန်းငယ်လေးတစ်ခုအ
ရွယ်ဖြစ်လာပြီး ၎င်း ၏တစ်ဝက်က ရွှေရောင်ရေကန်ငယ်အတွင်း
နစ်မြုပ်သွားသည်။
“စုပ်ယူစမ်း”