အခန်း (၇၃၃)
Vol. 49 Ch. 733
သွေးနီရောင်ကျောက်ပြားက တောင်ကုန်းငယ်လေးတစ်လုံး
ကဲ့သို့ဖြစ်လာပြီး ၎င်း၏ကိုယ်တစ်ဝက်က ရွှေရောင်ရေကန်ငယ်အတွင်းနစ်မြုပ်နေသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏ထိန်း
ချုပ်မှုအောက်၌ သွေးနီရောင်
ကျောက်ပြားထံမှ အားကောင်းသောစုပ်ယူအား
တစ်ခုကိုထုတ်လွှတ်ပြီး ရွှေရောင်အရည်တို့ကို စုပ်ယူလိုက်သည်။
ပြင်းထန်အားကောင်းသော စုပ်ယူအားအောက်တွင် ရွှေရောင်ရေကန်ငယ်က ဆူပွက်လာပြီး တလိပ်လိပ်ထလာသည်။ ထို့နာက်တွင် သွေးနီရောင်ကျောက်ပြားအားဗဟိုပြု၍ ဧရာမ ရွှေရောင်ဝဲကြီးတစ်ခုဖြစ်လာသည်။
ရွှေရောင်ရေကန်ငယ်ရှိ ရေတို့မှာမူ အရမ်းသိသာစွာဖြင့် တစ်ဟုန်ထိုးနှိမ့်ဆင်းနေသည်။ ရွှေရောင်ရေကန်ငယ်အတွင်းနစ်မြုပ်နေသောသွေးကျောက်ပြားမှာ မူ ဖြည်းဖြည်းချင်း ၎င်း၏အသွင်အပြင်ကိုအပြည့်
အဝပြသလာသည်။
ရေကန်ငယ်အတွင်းရှိ ရွှေရောင်ရေတို့ ခမ်းခြောက်သွားသောအခါတွင် ရွှေရောင်အရည်တစ်စက်ပင်၎င်း
အတွင်း၌ကျန်ရစ်ခဲ့ခြင်းမရှိပေ။ နေရာတစ်ခုလုံးက ဖြည်းဖြည်းချင်းမှောင်မိုက်မှုအဖြစ်
သို့ပြောင်းလဲလာသော်လည်း ရှစ်ဖုန့်၏ ခန္ဓာကိုယ်အောက်တွင် ဧရာမဘဲဥပုံစံချိုင့်ကြီးတစ်ခုပေါ်လာသည်။
ဤအချိန်တွင် ရှစ်ဖုန့်က သွေးနီရောင်ကျောက်ပြားအား စတင် ကျုံ့စေလိုက်သည်။
မကြာခင်တွင် သွေးနီရောင် ကျောက်ပြားက လက်ချောင်းတစ်ချောင်းစာအရွယ် ကျုံ့သွားပြီး ရှစ်ဖုန့်၏လက်ဖဝါးထံသို့ပြန်လည်
ပျံသန်းလာသည်။ သွေးနီရောင်အလင်းတစ်ချက်လင်း
လက်မှုနှင့်အတူ ၎င်းကသွေးနီရောင်ကျောက်ပြားအမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“အမ်”
သို့သော်ဤအချိန်တွင် ရှစ်ဖုန့်အံ့အားသင့်သွားသည်။ ခမ်းခြောက်နေသော ဧရာမတွင်းကြီး၏အလယ်ဗဟိုအတွင်းရှိ နုန်းမြေအတွင်း၌ ရွှေရောင်အလင်းတစ်ခု ခပ်မှိန်မှိန်လင်းနေသည်။ ၎င်းက အသက်ရှူနေသကဲ့သို့လင်းနေ၏။
ရွှေရောင်အလင်းအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်၏ကိုယ်က ချက်ချင်းရွှေ့လျားသွားပြီး ပျံသန်းဆင်းသွားသည်။ သူ၏ခြေထောက်က စက်ဝိုင်းပုံစံ တွင်း၏ အလယ်သို့ဆင်းသက်လိုက်သည်။ ရှစ်ဖုန့်၏လက်ဝါးက အောက်ဘက်သို့မျက်နှာမူလိုက်ပြီး ရုတ်တရက်စုပ်ယူလိုက်သည်။
ရုတ်တရက် ရွှေရောင်အရာဝတ္ထုတစ်ခုက နုန်းမြေထဲမှ ထွက်လာသည်။ ၎င်းထွက်လာပြီးမကြာခင် တောက်ပသောရွှေရောင်အလင်း
တစ်ခုလင်းလက်လာပြီး ရှစ်ဖုန့်၏လက်ဖဝါးထံသို့ပျံသန်းလာ၏။ ရှစ်ဖုန့်က၎င်းအားဖမ်းလိုက်သည်။
ရှစ်ဖုန့်က သူ၏လက်ထဲရှိ ရွှေရောင်အရာဝတ္ထုအား ကြည့်နေသည်။ ၎င်းက လူဦးခေါင်းတစ်ခုစာအရွယ်ကြီးမားပြီး ရွှေဖြင့်ပြုလုပ်ထားသော ရွှေရောင်အလုံးတစ်လုံးပုံစံရှိသည်။
ဤအချိန်တွင် ရွှေရောင်အလုံး နုန်းမြေထဲမှထွက်လာပြီးနောက် ၎င်း၏ရွှေရောင်အလင်းအကုန်ထုတ်လွှတ်နေပြီး အစောပိုင်းကမှောင်မိုက်သွား
သောနေရာတစ်ခုလုံး အားရွှေရောင်အလင်းတို့တစ်ဖန်
စွန်းထင်းသွားစေသည်။
“ဒါက”
သူ၏လက်ထဲရှိရွှေရောင်အရာဝတ္ထုအားရှစ်ဖုန့်အာရုံခံလိုက်သည်။ ထို့နောက်တွင် ရွှေရောင်ရေကန်ငယ်ကဲ့သို့ တူညီသောစွမ်းအားတစ်ခုကို ရှစ်ဖုန့်အာရုံခံမိသည်။ သို့သော်ဤရွှေရောင်အလုံး၏စွမ်းအားက ပို၍ အားကောင်းပြီးကြွယ်ဝသည်။
သွေးနီရောင်ကျောက်ပြားအတွင်း
စုပ်ယူထားသော ရွှေရောင်ရေကန်၏ရေတို့က ၎င်းနှင့်နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။
“ဖြစ်နိုင်တာက”
ရှစ်ဖုန့်က သူ၏ညာလက်ထဲရှိ ရွှေရောင်အရာဝတ္ထုအားကြည့်လိုက်ပြီး ရွှေရောင်အရည်တစ်စက်ကိုမြင်
တွေ့လိုက်ရသည်။ ဤအရည်က စက်က ရွှေရောင်အရာဝတ္ထုထံမှ စီးကျလာခြင်းဖြစ်သည်။
“ဖြစ်နိုင်တာက. ရွှေရောင်အရာဝတ္ထုကနေများပြားလှတဲ့ ရွှေရောင်အရည်တွေစီးထွက်လာပြီး အချိန်တစ်ခုကြာပြီးတဲ့နောက် အဲ့တာက ရွှေရောင်ရေကန်ငယ်ထဲကရေတွေ
အဖြစ်ပြောင်းလဲသွားတာလား..ဒါ.ဒါက သေချာပေါက် ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ရတနာတစ်ခုပဲ”
ထို့နောက်ရှစ်ဖုန့်က ရွှေရောင်အရာဝတ္ထုအား ပို၍ ဂရုတစိုက်ကြည့်လိုက်သည်။ တစ်ခုခုအားစောင့်ဆိုင်းနေသကဲ့သို့ သူကထိုအရားအားစိုက်ကြည့်နေသည်။
နာရီဝက်ခန့်ရှစ်ဖုန့်စောင့်ဆိုင်းခဲ့သော်လည်း ရွှေရောင်အရည်စက်တို့ထပ်မံစီးထွက်လာသည်ကိုသူမြင်တွေ့ရခြင်းမရှိပေ။
ရှစ်ဖုန့်က စိတ်ပျက်စွာဖြင့်သူ၏ခေါင်းကို
ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ဒီရတနာက မှော်ဆန်တဲ့ရွှေရောင်အရည်ကို ထုတ်ပေးနိုင်ပေမဲ့ ထုတ်လုပ်တဲ့အမြန်နှုန်းကအရမ်းကိုနှေးတယ်.. တစ်စက်တစ်စက်ကို တော်တော်လေးနည်းပါးတဲ့ပမာဏလောက်ပဲ ထုတ်ပေးတယ်”
“အချိန်ဖြုန်းပြီးစောင့်နေမဲ့အစား ဒါကို တိုက်ရိုက် ဝါးမျိုလိုက်တာကမှ ပိုကောင်းအုံးမယ်. သူ့မှာ ဆန်းကြယ်ပြီး ကြွယ်ဝတဲ့ ထူးဆန်းတဲ့စွမ်းအားပါရှိတယ်..အကယ်၍ ငါသာဒါကိုဝါးမျိုနိုင်ရင် ငါ့ရဲ့ကာယစွမ်းအားကသေချာ
ပေါက်ဧကရာဇ်နယ်ပယ်ကိုဝင်ရောက်ပြီး ငရဲဘုံကိုးခု ခန္ဓာကိုယ်ကလည်း စဦးအဆင့်ကိုရောက်လိမ့်မယ်.ဒါက ပြဿနာတစ်ခုဖြစ်မှာမဟုတ်ဘူး”
ဤအရာအားတွေးမိသောအခါတွင် တုန့်ဆိုင်းနေခြင်းအားရှစ်ဖုန့်
ရပ်တန့်လိုက်သည်။ သူ၏လက်အတွင်းရွှေရောင်အရာဝတ္ထုအားကိုင်ထားရင်း ငရဲဘုံကိုးခု အမှောင်ခန္ဓာကို အသက်သွင်းလိုက်ကာ ရွှေရောင်အရာဝတ္ထုအတွင်းမှထူးဆန်းသောစွမ်းအားအားတိုက်ရိုက်စုပ်ယူလိုက်သည်။ သူ၏ကာယခန္ဓာခွန်အားကိုစ
တင်တိုးမြှင့်လိုက်၏။
ရုတ်ခြည်းအရိုင်းဆန်ပြီးပြင်းထန်သော ထူးဆန်းသည့်စွမ်းအားတစ်ခုက သူ၏ကိုယ်အတွင်းတစ်ဟုန်ထိုးဦး
တည်လာသည်ကို ရှစ်ဖုန့် ခံစားလိုက်ရသည်။၎င်းမှာ မြင်းရိုင်းတစ်ကောင်က ၎င်း၏ဇတ်ကြိုးမှလွတ်ပြီး သူ၏ကိုယ်အတွင်း၌အရိုင်းဆန်စွာ
ပြေးနေသကဲ့သို့ပင်ဖြစ်သည်။
ယင်းက ရှစ်ဖုန့်အားသူ၏ခန္ဓာကိုယ်အတွင်း
ပြင်းထန်သောနာကျင်မှုလှိုင်းများ
ကိုခံစားရစေသည်။
သို့သော်စူးရှသောနာကျင်မှုဖြစ်သည်မှလွဲ၍ ရှစ်ဖုန့်အနေဖြင့် ၎င်းအားရပ်တန့်ရန်ရည်ရွယ်ချက်ရှိမနေပေ။ အစောပိုင်းက သူ၏ကာယခန္ဓာခွန်အားက သန်မာလာသည်ကို သူရှင်းလင်းစွာခံစားမိသည်ဖြစ်သည်။
ရှစ်ဖုန့်ကရွှေရောင်ရတနာအတွင်းမှ ထူးဆန်းသောစွမ်းအားတို့အား စုပ်ယူနေဆဲဖြစ်သည်။ ဖြည်းဖြည်းချင်းသူ၏စုပ်ယူသောအမြန်နှုန်းကတိုးမြင့်လာသည်။ စူးရှသောနာကျင်မှုကပို၍ ပြင်းထန်လာ၏။ ရှစ်ဖုန့်၏ကိုယ်ကမ
ထိန်းနိုင်ပဲ တွန့်လိမ်နေပြီး သူ၏မျက်နှာကဖြည်းဖြည်းချင်းရှုံ့မဲ့လာသည်။
“ဟားဟား.ကောင်းတယ်..ကောင်းတယ်. ဆက်သွားစမ်း”
သူ၏ကာယခန္ဓာကပို၍သန်မာသည်
ထက်သန်မာလာသည်ကိုခံစားရင်းစူးရှသောနာကျင်မှုတို့အလယ်တွင်ရှစ်ဖုန့်ဟက်ဟက်
ပက်ပက်ရယ်မောလိုက်သည်။
သူပိုသန်မာလာသ၍ သူ၏ ငရဲဘုံကိုးခုအမှောင်ခန္ဓာပုံပေါ်လာသ၍ သူ၏တိုက်ခိုက်မှုနှင့် ကာယပိုင်းခုခံမှုက အဆင့်သစ်တစ်ခုသို့ရောက်ရှိလိမ့်မည်ဖြစ်သည်။
ဤအနည်းငယ်မျှသောနာကျင်မှုကသူ့အတွက်ဘာမှမဟုတ်ပေ။
ရှစ်ဖုန့်ကထူးဆန်းသောစွမ်းအားအား
ဆက်လက်စုပ်ယူနေသကဲ့သို့ စူးရှသောနာကျင်မှုကလည်းပြင်းထန်လာနေပြီး သူ၏ကာယခန္ဓာကိုယ်၏ခွန်အားကလည်းပို၍ သန်မာလာသည်။ သူ၏လက်အတွင်းရှိ ရွှေရောင်ရတနာမှလည်း မြင်နိုင်သောအမြန်နှုန်းဖြင့် ကျုံ့လာသည်။
ရှစ်ဖုန့်၏လက်အတွင်းရှိရွှေရောင်ရတနာက လူဦးခေါင်းအရွယ်မှ လက်သီးဆုပ်အရွယ်အထိကျုံ့မဝင်ခင်အထိ ထူးဆန်းသောစွမ်းအားအားစုပ်ယူနေမှု
ကိုရှစ်ဖုန့်ရပ်တန့်ခြင်းမရှိပေ။
ဤအချိန်တွင် အဖြူရောင်အလင်းက ရှစ်ဖုန့်၏ကိုယ်ပေါ်၌လင်းလက်လာပြီး အချို့အချိန်တွင် မြန်ဆန်ကာအချို့အချိန်တွင်နှေးကွေးသည်။ ၎င်းကအရမ်ကိုမတည်မငြိမ်ဖြစ်နေသည်။
ရှစ်ဖုန့်ကျန်ရှိနေသော ရွှေရောင်ရတနာကိုသူ၏သိုလှောင်
လက်စွပ်အတွင်းပစ်ထည့်လိုက်ပြီး ရုတ်တရက်သူ၏လက်သီးတို့ကိုဆုပ်လိုက်သည်။ သူ၏ကာယခန္ဓာစွမ်းအားကိုခံစားရင်း ရှစ်ဖုန့်သူ့ဖာသာသူတွေးလိုက်သည်။
“အချိန်ကျပြီ”
ရှစ်ဖုန့်၏အသံကပျောက်ကွယ်သွားသကဲ့သို့ ရှစ်ဖုန့်၏လက်သီးတို့ကရုတ်တရက်လက်သင်္ကေတနှစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ထို့နောက်တွင် လက်နှစ်ဖက်မှသင်္ကေတတို့က ဆက်တိုက်ပြောင်းလဲနေသည်။ ရှစ်ဖုန့်ရှေ့တွင် များစွာသောအဖြူရောင်လက်ချောင်း
ရိပ်များပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိလင်းလက်နေ
သောအဖြူရောင်အလင်းတို့ကလည်း မြန်သည်ထက်မြန်လာ၏။ ရှစ်ဖုန့်၏ ဝန်းကျင်တွင် အဖြူရောင်ရုန်းများပေါ်လာပြီး ရှစ်ဖုန့်၏ကိုယ်အား လှည့်ပတ်ကာ တစ်ဟုန်ထိုးကူးလူးနေသည်။
အဖြူရောင်ရုန်းများကပို၍ပို၍ ပေါ်လာသည်။မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ပို၍ သိပ်သည်းလာပြီး ရှစ်ဖုန့်၏တစ်ကိုယ်လုံးကိုဖုံးသွားသည်။
ဤအချိန်တွင်စွမ်းအားကြီးအော်ရာတစ်ခုက ရှစ်ဖုန့်၏ကိုယ်မှပေါက်ကွဲထွက်လာပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
ထို့နောက်တွင် မျက်စိကျိန်းလောက်စရာကောင်းသော အဖြူရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ကိုယ်မှပေါက်ကွဲထွက်လာပြီး ကောင်းကင်ထဲသို့ ထိုးတက်သွား၏။
“ဝုန်း.ဝုန်း…ဝုန်း..ဝုန်း..ဝုန်း.”
ရှစ်ဖုန့်၏ခန္ဓာကိုယ်ရှိပြောင်းလဲမှုတို့ကြောင့် နေရာတစ်ခုလုံးပြင်းထန်စွစတင်
တုန်ခါလာသည်။
“ငရဲဘုံ..ကိုးခု. အမှောင်..ခန္ဓာ”
တုန်ခါလှုပ်ခတ်မှုနှင့်ပြင်းထန်သော
စွမ်းအင်အတက်အကျများဖြစ်ပေါ်လာသည်။သိပ်သည်းလှသောအဖြူရောင်ရုန်းများ
၏အလယ်မှ အဖြူရောင်အလင်းတန်းများ
ထွက်ပေါ်လာမှုနှင့်အတူ ရှစ်ဖုန့်၏ရုတ်တရက်ကျယ်လောင်စွာအော်သောအသံလည်းထွက်ပေါ်လာသည်။
သူ၏ အော်သံက နေရာတစ်ခုလုံးကိုရိုက်ခတ်သွားပြီး ပေါက်ကွဲသံထပ်ပင်ပို၍ ကျယ်လောင်နေသည်။ ၎င်းက နိုးထလာသော ကြမ်းကြုတ်သည့်သားရဲတစ်ကောင်၏ဟိန်းသံကဲ့သို့ပင်ဖြစ်သည်။
“ငရဲ..ဘုံကိုးခုး…အမှောင်ခန္ဓာ..”
ဤအချိန်တွင် ဂူဝင်ပေါက်၌ ယွဲ့ရှောက်ချုံး၏မျက်နှာထွက်တွင် အလွန်အံ့ဩမှုများဖြင့်ပြည့်နှက်နေသည်။ ရှစ်ဖုန့်၏အော်သံအားကြားပြီးနောက် သူ၏မျက်နှာကပို၍ပင်တုန်လှုပ်
အံ့အားသင့်လာ၏။
ထို့နောက် မယုံနိုင်လောက်အောင်အလန့်
တကြားအော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု အမှောင်ခန္ဓာ. ထျန်းဟန်တိုက်ကြီးထဲမှာ ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ ကျော်ကြားတဲ့ အံ့ဖွယ်ခန္ဓာကိုယ်”