အခန်း (၇၃၄)
Vol. 49 Ch. 734
မှောင်မိုက်နေသောမြေအောက်ကမ္ဘာထဲတွင် အချိန်တို့က ဖြည်းညှင်းစွာကုန်ဆုံးသဲ့သို့ ပြင်းထန်သောမြည်ဟိန်းသံ၊ စွမ်းအင်အတက်အကျများနှင့် အဖြူရောင်အလင်းအသီးသီးတို့က ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်လာသည်။
ဧရာမဘဲဥပုံကျင်းအတွင်းတွင် အဝတ်မဲ့ ကိုယ်တစ်ခုက ဖြည်းဖြည်းချင်းထွက်ပေါ်လာ၏။ သူ၏ ကိုယ်က အရောင်စိုသော အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေဆဲဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏အောက်ရာက ကြီးစွာပြောင်းလဲသွားသည်။ သူ၏ကာယခန္ဓာကိုယ်က အရာအားလုံးအားဖျက်ဆီးပစ်နိုင်သည့်ပုံပေါ်၏။
သူ၏ခုခံမှုက သံမဏိကဲ့သို့ မာကျောသည်ဖြစ်သည်။
ရှစ်ဖုန့်၏ငရဲဘုံကိုးခု ခန္ဓာက အစောပိုင်းအခြေအနေသို့ရောက်ရှိနေ
ပြီဖြစ်သည်။သူ၏ ကာယခန္ဓာကိုယ်လက်သီး၏ခွန်အားက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသည်။သူ့ကာယခန္ဓာကိုယ်၏ အကြမ်းပတမ်းခံနိုင်မှုကလည်း ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သွေးနီရောင်ချပ်ဝတ်နှင့်နှိုင်းယှဉ်၍ရနိုင်သည်ဖြစ်သည်။
“ငါ့ရဲ့ ငရဲဘုံကိုးခုခန္ဓာက ပိုပြီးစွမ်းအားကြီးလာနိုင်သေးတယ်”
ရှစ်ဖုန့်ကသူ့ကာယခန္ဓာ၏ ခွန်အားကို ခံစားပြီးနောက် သူ့ဖာသာသူတွေးလိုက်သည်။
ထို့နောက်တွင် ရှစ်ဖုန့်ကသူ၏ ညာလက်ကို ဖြန့်လိုက်ပြီး အစောပိုင်းသိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သော ယခုအခါ၌လက်သီးဆုပ်အရွယ်သာရှိတော့သည့် ရွှေရောင် အရာဝတ္ထုက သူ၏လက်အတွင်းထပ်မံပေါ်လာသည်။
ထို့နောက်ရှစ်ဖုန့်က ရွှေရောင်အရာဝတ္ထုအားကြည့်၍ ပြောလိုက်သည်။
“ဒါတစ်ခုလုံးကိုစုပ်ယူပြီးသွားရင် ငါ့ရဲ့ငရဲဘုံကိုးခုခန္ဓာက သေချာပေါက် ကြယ်နှစ်ပွင့် ဧကရာဇ်နယ်ပယ် အထွတ်အထိပ်ကိုရောက်လိမ့်မယ်”
ရှစ်ဖုန့်က ထိုသို့ပြောပြီးနောက် ငရဲဘုံကိုးခု ခန္ဓာကို ထပ်မံလှည်ပတ်လိုက်ပြီး ရွှေရောင်အရာဝတ္ထု၏ ထူးဆန်းသောစွမ်းအားတို့ကိုစတင်စုပ်ယူလိုက်သည်။
ပြင်းထန်သောထူးဆန်းသည့်စွမ်းအားတို့က ရှစ်ဖုန့်၏ကိုယ်အတွင်း ထပ်မံဝင်ရောက်လာပြီး ရှစ်ဖုန့်၏ကိုယ်ထဲ၌ စတင် ဒေါသတကြီးပြေးလွှားနေသည်။
သို့သော် ရှစ်ဖုန့်၏ ကာယခန္ဓာက ငရဲဘုံကိုးခု ခန္ဓာအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။ သူကပြင်းထန်သောနာကျင်မှုအား
ထပ်မံခံစားရခြင်းမရှိတော့ပေ။ ၎င်းက အနည်းငယ်သာနာကျင်သည်ဖြစ်သည်။ ဤကဲ့သို့သော နာကျင်မှုကသူ့အား မျက်မှောင်ပင်မကြုတ်စေပေ။
ပြောရလျှင် ဤကဲ့သို့သောအရာအား နာကျင်မှုဟုပင်မခေါ်ပေ။
ရှစ်ဖုန့်၏ညာလက်အတွင်းမှ ရွှေရောင်အရာဝတ္ထုအားလုံးဝစုပ်
ယူပြီးသောအခါတွင် ရှစ်ဖုန့်က ရုတ်တရက်သူ၏ညာလက်သီးကိုဆုပ်လိုက်ပြီး သူ့ရှေ့ရှိလေထဲသို့ပြင်းထန်စွာထိုးလိုက်သည်။
“ဝုန်း”
ပေါက်ကွဲသံများအတွဲလိုက်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏လက်သီးချက်က မြေပြင်အားနောက်တစ်ကြိမ်ပြင်းထန်စွာလှုပ်ခါသွားစေသည်။ နေရာတစ်ခုလုံးပင်ပေါက်ကွဲလုနီးပါးဖြစ်လာ၏။ ရှစ်ဖုန့်တိုက်ခိုက်လိုက်သောအခါတွင်လေထဲ၌ အနက်ရောင် အက်ကွဲကြောင်းတစ်ခုပင်ပေါ်လာသည်။ ထို့နောက်ရုတ်ခြည်းအက်ကွဲကြောင်းက လျှင်မြန်စွာပိတ်သွားသည်။
“ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်ခွန်အား”
ရှစ်ဖုန့်က သူပစ်လွှတ်လိုက်သောလက်သီးချက်၏ခွန်အားကိုအာရုံခံလိုက်သည်။သူ၏နှုတ်ခမ်း
ထောင့်ကအေးစက်သောအပြုံးတစ်ခုအဖြစ်တွန့်ကွေးသွား၏။
ရှစ်ဖုန့်က သိုင်းပညာ၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ကိုတစ်ချိန်တည်းတွင်ကျင့်ကြံသည်ဖြစ်သည်။မူလကသူ၏ခန္ဓာကိုယ်မှားအားအနည်းဆုံးဖြစ်ခဲ့သော်လည်း ယခုအခါတွင် ဤရှေးဟောင်းကမ္ဘာအတွင်းသို့ဝင်
ရောက်လာပြီးနောက်၌ သူ၏ခန္ဓာကိုယ်က တန်ပြန်တိုက်ခိုက်လာနိုင်ပြီး အစွမ်းအထက်ဆုံးဖြစ်လာသည်။
ရှေးဟောင်းအမွေနှစ်အတွင်း၌ မျှော်လင့်မထားသော ကံကောင်းမှုများကြုံတွေ့ရသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က ငရဲဘုံကိုးခု ခန္ဓာအားသူသန့်စင်နေချိန်တွ် ချွတ်ထားခဲ့သော အဖြူရောင်ဝတ်ရုံကို သူ ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူဝတ်ဆင်လိုက်သည်။
ထို့နောက်ချက်ချင်း သူကလှုပ်ရှားလိုက်ပြီး ဘဲဥပုံစံတွင်းထဲမှပျံသန်းထွက်လိုက်သည်။ ထို့နောက် သူက ယွဲ့ရှောက်ချုံးရှိရာ ဂူထံသို့ ပျံသန်းသွား၏။
ဤနေရာ၌ယွဲ့ရှောက်ချုံးရှိနေသော ဥမှလွဲ၍ အခြားထွက်ပေါက်မရှိသည်ကို ရှစ်ဖုန့်သူ၏ဝိညာဉ်စွမ်းအားဖြင့်အာရုံခံမိပြီးဖြစ်သည်။
သို့သော် ဤနေရာ၌ဓားကြီးနှင့်လူငယ်နှင့်ဆုံ
တွေ့ခဲ့ပြီးနောက်ရှစ်ဖုန့် ဖြစ်နိုင်ချေတစ်ခုကို တွေးခဲ့သည်။ ဤရှေးဟောင်းကမ္ဘာနှင့်နီညိုရောင်နန်းတော်မှာ ဤကမ္ဘာ၏ဝင်ပေါက်များထဲမှတစ်
ခုဖြစ်လိမ့်မည်ဖြစ်သည်။ ဤကမ္ဘာသို့ဝင်ရောက်သည့်အခြား
သောဝင်ပေါက်များသည်လည်း ထျန်းဟန်တိုက်ကြီး၏ အခြားသောနေရားများ၌ရှိနေလိမ့်
မည်ဖြစ်သည်။
ထို့အပြင် နီညိုရောင်နန်းတော်မှာသူတို့ဝင်လာသည့်အခါမှသာပွင့်လာခြင်းဖြစ်သည်။
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးရှိရာဂူထံသို့ပျံသန်းသွားလိုက်ပြီး ၎င်း၏ဘေး၌ဆင်းသက်လိုက်သည်။ သူကယွဲ့ရှောက်ချုံးကိုကြည့်၍ ပြောလိုက်၏။
“သွားစို့.. နောက်ထပ်နေရာတွေကို သွားကြည့်ရအောင်”
“ကောင်းပြီ..အိုး”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ယွဲ့ရှောက်ချုံးကြက်သေသေစွာဖြင့် ခေါင်းညိမ့်လိုက်သည်။ သို့သော် အချိန်များစွာအတောအတွင်း သူကြုံတွေ့ခဲ့ရသော တုန်လှုပ်ထိတ်လန့်မှုတို့နှင့်ဖြည်းဖြည်းချင်း
အသားကျလာသည်။
သို့သော် အကြိမ်တိုင်းအကြိမ်တိုင်း “ငရဲဘုံကိုးခု အမှောင်ခန္ဓာ” ဟူသည့်စကားလုံးတို့က သူ၏စိတ်ထဲ၌ပဲ့တင်ထပ်နေဆဲဖြစ်သည်။ ငရဲဘုံကိုးခု ဧကရာဇ် ၏ ပြိုင်ဘက်ကင်းအံ့ဖွယ်ခန္ဓာဖြစ်သည်။
ထို့နောက်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က မြေအောက်ဥမှင်အား ပျံသန်းဖြတ်သန်းခဲ့သည်။ နောက်ပိုင်းတွင် တီရှာနှင့်လောချင်းချွမ်တို့ဝင်ရောက်သွားသော ဥမှင်နှစ်ခုသို့ရောက်လာသည်။
သူတို့နှစ်ယောက်သားဥမှင်လမ်းကြောင်းနှစ်ခုကိုလျှင်မြန်စွာဖြတ်သန်းခဲ့သည်။ ထူးဆန်းသောပုံစံရှိသည်နတ်ဆိုးသားရဲအချို့၏အလောင်းများအားတွေ့ရသည်မှလွဲ၍ အခြားဘာကိုမှရှာတွေ့ခြင်းမရှိပေ။ လောချင်းချွမ်နှင့်တီရှာတို့မှာ လမ်းကြောင်းနှစ်ခုအတွင်း၌ရှိမနေပေ။ သူတို့ကထွက်သွားပြီးရှေးဟောင်းကမ္ဘာ
၏အခြားသောနေရာများကို ရှာဖွေလေ့လာနေပုံရသည်။
တီရှာနှင့်ရှစ်ဖုန့်၌ သခင်အစေခံစာချုပ်ရှိသည်ဖြစ်သည်။ အကယ်၍တစ်စုံတစ်ခုဖြစ်လာခဲ့လျှင် ရှစ်ဖုန့် ၎င်းအား သေချာပေါက်အာရုံခံနိုင်စွမ်းရှိ
လိမ့်မည်ဖြစ်သည်။
လောချင်းချွမ်နှင့်ရှစ်ဖုန့်တို့ထပ်မံ ဆုံတွေစဉ်ကတည်းက သူတို့က တစ်ယောက်ကိုယ်ပေါ်တွင်တစ်ယောက် ငရဲဘုံကိုးခု ဝိညာဉ်ဆီးလ်ကိုချန်ထားရစ်ခဲ့သည်။အကယ်၍ လောချင်းချွမ်၌ တစ်စုံတစ်ခုဖြစ်လာခဲ့လျှင် ရှစ်ဖုန့်၎င်းအား အလိုအလျောက်အာရုံခံမိလိမ့်မည်ဖြစ်သည်။
ယခု၎င်းတို့နှစ်ဦးအဆင်ပြေနေသောကြောင့် ရှစ်ဖုန့်၎င်းတို့အားဂရုစိုက်ခြင်းမရှိပေ။ သူကအားလုံးအားရှေးဟောင်းကမ္ဘာအတွင်း၌စူးစမ်းပြီး ကိုယ်ပိုင်စွန့်စားမှုများကို ရှာဖွေခွင့်ပြုထားသည်။
ထို့နောက် ဤရှေးဟောင်းကမ္ဘာအတွင်း၌အခြား
ဘာကိုမှရှာမတွေ့သောကြောင့် ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့က လာရာလမ်းအတိုင်းလှည့်ပြန်ခဲ့သည်။ သူတို့အနေဖြင့်အခြားသောနေရာများသို့သွားပြီးစူးစမ်းရှာဖွေရမည်ဖြစ်သည်။
ထိုထက်ပိုသည်ကားရှစ်ဖုန့်အနေဖြင့် ဤနေရာသို့လာရောက်ရသည့်သူ၏မူလရည်ရွယ်ချက်ကို မေ့ခြင်းမရှိပေ။ သူကပိုင်ယွမ်မြို့မှကျင့်ကြံသူများပြောဆိုခဲ့သည့် ဆံဖြူအဆိပ်မယ်ကို ရှာဖွေနေခြင်းဖြစ်သည်။
“အား..အဖေ..အဖေ..ထပါအုံး. အဖေ.. ဆံဖြူအဆိပ်မယ်.အား. ဆံဖြူအဆိပ်မယ်.. ငါမင်းကိုသတ်ပစ်မယ်..ငါမင်းကိုမသတ်နိုင်ရင် ငါဒီဘဝလူမဟုတ်တော့ဘူးလို့ငါကျိန်ဆိုတယ်”
ရှေးဟောင်းကမ္ဘာအတွင်းရှိ ကန္တာရတစ်ခုအတွင်းတွင် လူငယ်တစ်ယောက်က အဆိပ်မိပြီးသေဆုံးထားသည်မှာထင်ရှားသည့် မီးခိုးဖြူရောင်အလောင်းတစ်ခုကို ပွေ့ဖက်ကာငိုယိုနေသည်။
အဖေနှင့်သားတို့ကအန္တရာယ်များ
ဖြင့်ပြည့်နှက်နေသော ဤရှေးဟောင်းကမ္ဘာအတွင်း
သို့ဝင်လာခဲ့ကြသည်။ခြေလှမ်းတိုင်းအားသူတို့ဂရုစိုက်ခဲ့ကြပြီး အန္တရာယ်များကို ထပ်ကာထပ်ကာ ရှောင်ရှားခဲ့သည်။
အစောပိုင်းက ဤကန္တာရထဲတွင် လှပသော အဖြူရောင်ပုံရိပ်တစ်ခုကိုသူတို့မြင်တွေ့ခဲ့သည်။သူတို့ကခေါင်းအပြည့်ဖြူနေသောဆံပင်တို့ကိုတွေ့ခဲသည်။ သူတို့၏မျက်လုံး တို့အရောင်လက်သွားသည်။ ဤသည်မှာ ပိုင်ယွမ်မြို့အရှင်သခင်မှဝရမ်းထုတ်ခဲ့သော ဆံဖြူအဆိပ်မယ်ဖြစ်သည်မှာ
သေချာသည်ဖြစ်သည်။
ပိုင်ယွမ်မြို့အရှင်သခင်၏ ဆုလာဘ်အကြီးစားကိုလည်းသူ
တို့မှတ်မိသည်ဖြစ်၏။
လူငယ်၏ကျင့်ကြံခြင်းကအားနည်းပြီး ကြယ်ငါးပွင့်ဘုရင်နယ်ပယ်၌သာရှိ
သည်ဖြစ်သည်။ သူ၏ဖခင်ကသူ့အား အကွာအဝေးတစ်ခု၌ပုန်းနေရန်
ပြောခဲ့ပြီးတစ်ယောက်တည်းထွက်သွားသည်။ သို့သော် ဆံဖြူအဆိပ်မယ်က သူ့အဖေ၏ကိုယ်အားတွေ့သည်နှင့်
အဆိပ်မြူတို့ဖြင့်ဝါးမျိုလိမ့်မည်ဟု သူမမျှောင်လင့်ထားခဲ့ပေ။
သူ၏အဖေအား ထပ်တွေ့ရချိန်တွင် အဆိပ်မိသာသေဆုံးနေသောအလောင်း
တစ်ခုဖြစ်နေပြီဖြစ်သည်။
“အား..အား..အား. ဆံဖြူအဆိပ်မယ်. “
လူငယ်ကထပ်မံအော်ဟစ်လိုက်သည်။
ဤအချိန်တွင် အနက်ရောင်ချပ်ဝတ်စစ်တပ်တစ်ခုက ကန္တာရအပေါ်မှပျံသန်းလာသည်။ ခေါင်းဆောင်ဖြစ်သူကအောက်ဘက်မှ
ငိုသံအားကြားလိုက်ရချိန်တွင် သူ၏ကိုယ်ကရုတ်တရက်တုန်ယင်သွားသည်။ သူ၏မျက်နှာက ခက်ထန်သွားပြီး စကားလေးလုံးထွက်လာသည်။
“ဆံ ..ဖြူ.. အဆိပ်.. မယ်”
ဆံဖြူအဆိပ်မယ်က သူ၏သားဖြစ်သူကိုသတ်ခဲ့သည်ဖြစ်သည်။
ဤသည်ကားပိုင်ယွမ်မြို့အရှင်သခင် ယွမ်ရိဖြစ်သည်။
ရုတ်ခြည်းယွမ်ရိ၏ ကိုယ်ကအောက်သို့ဆင်းသွားသည်။ “ဝုန်း”ဟူသောအသံနှင့်အတူ သူကလူငယ်၏ရှေ့တွင်ဆင်းသက်လိုက်ပြီး လေထဲ၌ဖုန်များထသွားစေသည်။
ယွမ်ရိကသူ၏လက်ကို လှမ်းကာ ငိုနေသောလူငယ်၏ ကော်လံကိုဆုပ်ကိုင်လိုက်သည်။ သူက ၎င်းအားထိုင်နေသောပုံစံမှဆွဲမပြီး အော်ပြောလိုက်သည်။
“ပြောစမ်း. ဆံဖြူအဆိပ်မယ် ဘယ်ကိုထွက်သွားလဲ”
“အဲ့..အဲ့ဘက်ကိုသွားတယ်”
လူငယ်က ပိုင်ယွမ်မြို့အရှင်သခင်အားတွေ့လိုက်ရသောအခါတွင် အလျှင်အမြန်ရှေ့သို ထိုးညွှန်လိုက်ပြီး တုန်ယင်နေသောလက်တို့နှင့်ပြောလိုက်သည်။
“ကောင်းတယ်”
ယွမ်ရိက ခက်ထန်စွာထပ်မံပြောလိုက်ပြီး လူငယ်အားကန္တာရပေါ်သို့ ပစ်ချလိုက်သည်။ထို့နောက်ချက်ချင်းသူ၏ကိုယ်က တစ်ဟန်ထိုးရွေ့လျားသွားပြီး လူငယ်ညွှန်ပြသောဦးတည်ချက်ဘက်သို့ အပြင်းနှင်လိုက်သည်။ သူဖြတ်သန်းသွားသောနေရာတိုင်းတွင် များပြားလှသောသဲများဖုန်များ
မွှေ့ထသွားသည်။
ဟင်းလင်းပြင်ထဲ၌ရပ်နေသည့် အနက်ရောင်ချပ်ဝတ်စစ်တပ်ကလည်း ထိုဦးတည်ချက်ဘက်သို့ ယွမ်ရိတစ်ဟုန်ထိုးသွားသည်းကို တွေ့လိုက်ရသောအခါတွင် နောက်မှအလျှင်အမြန်လိုက်လိုက်ကြသည်။
သူတို့နီညိုရောင်နန်းတော်အတွင်းသို့ဝင်လာချိန်တွင် အနက်ရောင်ချပ်ဝတ်စစ်တပ်၌ တပ်သားငါးရာကျော်ပါရှိသည်ဖြစ်သည်။ သို့သော် ယခုအခါ၌လူသုံးရာကျော်သာ
ကျန်တော့သည့်ပုံပေါ်သည်။ ဤရှေးဟောင်းကမ္ဘာသို့ဝင်
ရောက်လာသောအခါတွင် သူတို့အနေဖြင့်ကြီးစွာသော
သေကြေပျက်စီးမှုနှင့်ကြုံတွေ့ခဲ့ရပုံပေါ်၏။