အခန်း (၇၃၅)
Vol. 49 Ch. 735
ရှေးဟောင်းကမ္ဘာအတွင်းရှိ အကန့်သတ်မဲ့ပုံရသော ကန္တာရအတွင်း၌ဖြစ်သည်။
ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က ကန္တရာအထက်မှနေ၍ပျံသန်းနေသည်။ ဤအချိန်တွင်
“ဆံဖြူအဆိပ်မယ်”
ရုတ်တရက်ခက်ထန်သာ ဟစ်အော်သံတစ်ခုကရှစ်ဖုန့်၏
နားထဲသို့ဝင်ရောက်လာသည်။
ရှစ်ဖုန့်ကငုံ့ကြည့်လိုက်ပြီး မြေပြင်ပေါ်၌ဒူးထောက်ကာဒေါသတကြီးအော်ဟစ်နေသော ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရသည်။ ၎င်း၏ရှေ့တွင် မီးခိုးဖြူရောင် အလောင်းတစ်ခုက လဲလျောင်းနေပြီး ၎င်းက အဆိပ်မိပြီးသေဆုံးသည်မှာသိသာသည်။
“ဆံဖြူအဆိပ်မယ်.. သူခုဏတုံးက ဆံဖြူအဆိပ်မယ်လို့ပြောခဲ့တယ်.. ကမ္ဘာဦးကျော်တုံး ဆယ်မီလီယံ.. “
ဤအချိန်တွင် ယွဲ့ရှောက်ချုံးမှာလည်း အသံကိုကြားလိုက်ရပြီး အောက်ရှိလူငယ်နှင့်အလောင်းအား
မြင်တွေ့လိုက်ရသည်။
“အင်း..သွားစို့”
ရှစ်ဖုန့်ကပြောလိုက်သည်။
နှစ်ယောက်သား လူငယ်၏ရှေ့တွင်ဆင်းလိုက်ကြ၏။
“ဆံဖြူအဆိပ်မယ် ဘယ်ကိုထွက်သွားလဲ”
ယွဲ့ရှောက်ချုံးကဆင်းဆင်းချင်းလူငယ်အားမေးလိုက်သည်။
“ မင်း.”
ကြယ်သုံးပွင့်ဘုရင်နယ်ပယ်သာရှိသော
လူငယ်မှာ နောက်ထပ်လူများရောက်လာသည်ကို
တွေ့ရသောအခါတွင် ထပ်မံတုန်လှုပ်သွားသည်။
သို့သော် ၎င်းကရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးဖြစ်သည်ကို တွေ့ရသောအခါတွင် သူ၏မျက်နှာထားကယွမ်ရိအားတွေ့
ရစဉ်ကလောက်ပြောင်းလဲခြင်းမရှိပေ။ သူက၎င်းတို့အား အထင်သေးစွာကြည့်လိုက်သည်။
သူတို့နီညိုရောင်နန်းတော်အတွင်း
ဆင်းလာစဉ်က ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ကအ
ရင်ဆင်းခဲ့ရသည်ဖြစ်သည်။ လူအများစု၌ ၎င်းတို့နှင့်ပက်သက်ပြီးနက်ရှိုင်းသောအမြင်တစ်ခုရှိသည်။
ထို့နောက်လူငယ်ကအထင်သေးမှု
အပြည့်ဖြင့်ပြောလိုက်သည်။
“ငါ့အဖေက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲ. သူတောင်မှ ဆံဖြူအဆိပ်မယ် သတ်တာကိုခံလိုက်ရတယ်.. မင်းတို့အဲ့ကိုသွားရင်သေဖို့သွားသလိုပဲရှိမယ်”
“အဓိပ္ပါယ်မရှိတာတွေအများကြီးပြောမနေနဲ့. ငါတို့မင်းကိုမေးတာကသူဘယ်မှာလဲပဲမေးတာ.. မင်းကသူဘယ်ကိုသွားတယ်ပြောရုံပဲ. သေတာရှင်တာကငါတို့အလုပ်မင်းနဲ့မဆိုင်ဘူး.”
လူငယ်၏အသွင်အပြင်နှင့်စကားတို့အားကြားရသောအခါတွင် ယွဲ့ရှောက်ချုံးက အေးစက်စွာပြောလိုက်သည်။
ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်က
အသတ်ခံရသည်ဟုကြားရသောအခါတွင် ယွဲ့ရှောက်ချုံးတုန်လှုပ်သွားသည်။ ဆံဖြူအဆိပ်မယ်ကအရမ်း
ကြောက်ဖို့ကောင်းလှ၏။ ကံကောင်းစွာဖြင့်သူကသူမအား
ပိုင်ယွမ်မြို့အပြင်ဘက်၌ရှာ
မတွေ့ခဲ့ခြင်းဖြစ်သည်။
သို့သော်သူ၏ဘေးရှိထူးခြားသောတည်ရှိမှုအားတွေးမိချိန်တွင် သူ၏တုန်လှုပ်မှုကလျှင်မြန်စွာပျောက်ကွယ်သွားသည်။
“သူမအဲ့ဘက်ကိုသွားတယ်”
လူငယ်ကျင့်ကြံသူက ရှေ့သို့ထိုးညွှန်ပြီး ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးကိုပြောလိုက်သည်။ သူတို့ကသေချင်နေကြသောကြောင့် သူ့အနေဖြင့်၎င်းတို့အားဖုံးကွယ်
ထားရန်မလိုအပ်ပေ။
“သွားစို့”
လူငယ်၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကစကားတစ်ခွန်းပြောလိုက်ပြီး ထိုဘက်သို့လျှင်မြန်စွာပျံသန်းသွားသည်။
“ငါကိုစောင့်ပါအုံး”
ရှစ်ဖုန့်ကအလျှင်အမြန်ထွက်သွားသည်ကိုတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးကလည်းတုန့်ဆိုင်း
နေရာမှာသူ့နောက်သို့လိုက်လိုက်သည်။
“သေစမ်း.သေ.. မင်းတို့အားလုံးငရဲကိုသွားကြ..”
လူငယ်ကျင့်ကြံသူမှာ ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က သေဖို့စိတ်ထက်သန်နေသည်ကို
တွေ့ရသောကြောင့်ပြောလိုက်သည်။
ထို့နောက်သူကခေါင်းငုံ့လိုက်ပြီး သူ၏အလောင်းအားကြည့်၍ ပြောလိုက်သည်။
“အဖေ. အဖေအောက်ကမ္ဘာကိုသွားတဲ့လမ်းမှာ အထီးမကျန်ချင်ရင်.. ကျေးဇူးပြုပြီး သူတို့ကို ရက်စက်တဲ့ဆံဖြူအဆိပ်မယ်ဆီ
ယွမ်ရိထက်အရင်ရောင်ဖို့ ကောင်းချီးပေးပါ”
……………………
ရှေးဟောင်းကမ္ဘာ၏ ကန္တာရထဲတွင် ပုံရိပ်နှစ်ခုလျှောက်လှမ်းနေသည်။ ၎င်းတို့ထဲမှတစ်ယောက်က လူငယ်ဖြစ်ပြီးတစ်ယောက်က အဘိုးအိုတစ်ဦးဖြစ်သည်။
“အကြီးအကဲရှန့်.. ဒါက ကျုပ်တို့တောင်နောက်မှာရှိတဲ့
ရှေးခေတ်အမွှေအနှစ်ဝင်ပေါက်မလား. ဘယ်လောက်တောင်ထူးဆန်းလိုက်လဲ. ဘယ်လိုဖြစ်ပြီးဒီလိုငနုံ့တွေဝင်လာရတာလဲ”
လူငယ်ကသူ၏ဘေးရှိ အဘိုးအိုကိုပြောလိုက်သည်။
လူငယ်က ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားသောခရမ်းရောင်ဆံပင်တို့ရှိသည်။ သူ၏မျက်နှာကပုံမှန်မဟုတ်စွာဖြူဖျော့နေပြီး သူက မိစ္ဆာပညာရပ်ကျင့်ကြံနည်းအချို့
ကိုကျင့်ကြံပုံရသည်။
လမ်းလျှောက်နေရင်း လူငယ်ကသူ၏လက်ထရှိ ဦးခေါင်းတစ်လုံးနှင့်ကစားနေသည်။
အကယ်၍ ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့သာ ဤနေရာ၌ရှိနေလျှင် လူငယ်၏လက်ထဲရှိဦးခေါင်းအား
မှတ်မိလိမ့်မည်ဖြစ်သည်။ ၎င်းက ပိုင်ယွမ်မြို့အရှင်သခင်ယွမ်ရိ၏
ဦးခေါင်းပင်ဖြစ်သည်။
လူငယ်က ယွမ်ရိ၏ဦးခေါင်းမဲ့ကိုယ်အား
လိမ်ပတ်ထားသည်။
ယွမ်ရိသေဆုံးသွားပြီဖြစ်သော
ကြောင့်သူ၏နောက်လိုက် အနက်ရောင်ချပ်ဝတ်စစ်သား
များသည်လည်းသေလောက်ပြီဖြစ်သည်။
လူငယ်၏ဘေးရှိအဘိုးအို၏မျက်နှာ
ကလည်းသေလုအောင်ဖြူဖျော့နေသည်။သူ၏အမူအယာကအသက်မပါဘဲ လူသေတစ်ယောက်ကဲ့သို့ ပြုမူနေ၏။
လူငယ်၏စကားအားကြားပြီးနောက် အဘိုးအိုကပြောလိုက်သည်။
“ဟိုးရှေးရှေးတုံးက ထျန်းဟန်တိုက်ကြီးပေါ်မှာ ရှေးခေတ်အမွေအနှစ်ဆီကိုဝင်ရောက်
ဖို့မရေတွက်နိုင်တဲ့ဝင်ပေါက်တွေရှိ
တယ်လို့ပြောကြတယ်.. သူတို့တွေဝင်ပေါက်တစ်ခုကိုရှာတွေ့ပြီးတော့ဝင်လာတာဖြစ်ကောင်းဖြစ်လောက်တယ်”
အဘိုးအို၏အသံက အက်ရှပြီး အားနည်းက လူသေတစ်ဦးကဲ့သို့ပင်ဖြစ်သည်။
“သူတို့ဝင်လာတာကောင်းတယ်. အဖေက ပြောတယ် ကျွန်တော်အသက်ဆယ့်ရှစ်နှစ်မ
ရောက်ခင်အထိ တောင်ထဲကနေထွက်ခွင့်မပြုဘူးတဲ့.. သူက လေ့ကျင့်ဖို့ရှေးဟောင်းအမွေအနှစ်ထဲကိုပဲဝင်ခွင့်ပေးတယ်..အမြဲတမ်းကျွန်တော်တွေ့နေရတာက ရှေးခတ်ကနတ်ဆိုးသားရဲအချို့ပဲ. အခုတော့ ကျွန်တော်သက်ရှိလူသားအချို့နဲ့ကစားလို့ရပြီ.. ဟီးဟီး..ဟီးဟီးဟီးဟီး..”
လူငယ်ကစကားပြောနေရင်းရုတ်တရက် ဆိုးယုတ်စွာရယ်မောလိုက်သည်။ “ဘန်း”ဟူသောအသံနှင့်အတူ သူ၏ညာလက်ရှိခွန်အားအနည်းငယ်ဖြင့် ယွမ်ရိ၏ဦးခေါင်းကိုခြေမွပစ်လိုက်၏။
“အာ…”
သူ၏လက်ထဲရှိ ဦးခေါင်းပေါက်ကွဲသွားသည်အားကြည့်ရင်း လူငယ်ကတုန်လှုပ်စွာအော်လိုက်သည။
“ကျွန်တော်ခုဏကမတော်တဆနဲ့ သတိမထားမိဘဲ ဒီဦးခေါင်းကိုတကယ်ကြီးခြေမွပစ်လိုက်တယ်.. နှမြောစရာကောင်းလိုက်တာ.. ကြယ်ခြောက်ပွင့်သူတော်စင်
နယ်ပယ်တစ်ယောက်ရဲ့ဦးခေါင်းနဲ့ ကျွန်တော်မကစားရတာ
တော်တော်ကြာနေပြီကို”
“ထားလိုက်ပါ”
သူ၏ဘေးမှအဘိုးအိုကနှစ်သိမ့်လိုက်သည်။
“ဝင်ပေါက်ကပွင့်လာတာမို့. အမွှေအနှစ်ထဲကိုအနည်းဆုံး လူရာဂဏန်းကျော်လောက်တော့ဝင်လာမှာပါ.. စွမ်းအားကြီးကျင့်ကြံသူအချို့
တောင်မှရှိချင်ရှိလောက်မှာ”
“အိုး. အဲ့လိုမျှော်လင့်ရတာပဲ”
လူငယ်ကအဘိုးအို၏ စကားအားကြားပြီးနောက်
ခေါင်းညိမ့်လိုက်သည်။
သူက ခေါင်းမော့၍ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ သို့သော် ဤအချိန်တွင် လူငယ်မှာ ဟင်းလင်းပြင်ထဲ၌ပုံရိပ်နှစ်ခုပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ရုတ်ခြည်းလူငယ်၏ရှုံ့မဲ့နေသောမျက်နှာထက်၌ ပျော်ရွှင်မှုတို့ဖြစ်ပေါ်လာသည်။ သူ ကဘေးရှိအဘိုးအိုအားပြုံး၍ပြောလိုက်သည်။
“သွားစို့”
“အကြီးအကဲရှန့်. အကြီးအကဲ ခန့်မှန်းချက်ကမှန်ပုံပဲ. တကယ့်ကိုတစ်ယောက်ယောက်လာနေပြီ.. ကောင်းတယ်. ကောင်းလိုက်တာ. ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်.ဒါက တော်တော်လေးသုံးစားမရဘူး. ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်.ဒါ..ဒါကပိုလို့တောင်သုံးစားမရသေးတယ်”
သို့သော်လူငယ်မှာ ဟင်းလင်းပြင်ထဲရှိပုံရိပ်နှစ်ခု၏ကျင့်ကြံမှုအားတွေ့လိုက်ရသောအခါတွင် သူ၏မျက်နှာထက်၌ စိတ်ပျက်မှုတို့ဖြစ်ပေါ်လာသည်။
“ဟီးဟီး.”
ဤအချိန်တွင် အဘိုးအို၏လူသေကဲ့သို့မျက်နှာထက်၌ ရုပ်ဆိုးသောအပြုံးတစ်ခုပေါ်လာ၏။ သူက ပေါ့ပါးစွာရယ်မောလိုက်ပြီး သူ့ဘေးရှိလူငယ်ကိုပြောလိုက်သည်။
“သခင်လေး. အဲ့ကျင့်ကြံသူကတကယ့်ကို ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ပဲ. အဲ့လူကတော့သူ့ရဲ့ကျင့်ကြံမှုကိုဖုံး
ကွယ်ထားတာ. သူရဲ့တကယ့်ကျင့်ကြံမှုက ကြယ်ရှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်မှာရှိတယ်”
“ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်.ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်”
အဘိုးအို၏စကားအားကြား
လိုက်ရသောအခါတွင်လူငယ်က ရုတ်ခြည်းဝမ်းမြောက်သွားသည်။
“ဒါ..ဒါကကောင်းလိုက်တာ. သူကဒီလိုအသက်ငယ်ငယ်လေးနဲ့ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တောင်ရောက်နေပြီ. သူ့ရဲ့ခေါင်းက အရမ်းကိုကစားရတာပျော်ဖို့ကောင်းမှာပဲ. အကြီးအကဲရှန့် ကျွန်တော့ကိုသူ့ခေါင်းကိုချိုးဖို့ကူညီပေး”
“သူကတကယ့်ကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပဲ”
အကြီးအကဲရှန့်က ကောင်းကင်ထဲရှိ အဖြူရောင်ပုံရိပ်အားကြည့်၍ ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူ၏ကိုယ်ကလှုပ်ရှားသွားပြီး ကောင်းကင်ထဲသို့ပျံတက်လိုက်၏။
“ဟားဟား. ကောင်းလိုက်တာ”
ခရမ်းရောင်နှင့်လူငယ်ကလည်းကောင်းကင်ထဲသို့ပျံတက်လိုက်သည်။ သူ၏မျက်နှာထက်၌ အလွန်စိတ်ဝင်စားဖို့ကောင်း
သောအရုပ်တစ်ခုအားမြင်တွေ့လိုက်ရသကဲ့သို့ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေ၏။
“အမ်”
ယွဲ့ရှောက်ချုံးနှင့်အတူတကွ
ပျံသန်းနေသောရှစ်ဖုန့်မှာ ရုတ်တရက်အောက်ဘက်မှပုံရိပ်နှစ်ခုကသူ့ထံသို့ ပျံသန်းလာနေသည်ကို သတိပြုမိလိုက်သည်။
“ဒီလူနှစ်ယောက်.. သူတို့မှာ အလောင်းစွမ်းအင်တွေနဲ့အရမ်း
ပြည့်နှက်နေတယ်. အထူးသဖြင့် အဲ့အဘိုးကြီးပဲ”