← Chapters

လက်ဆောင်များ

Vol. 72 Ch. 1001

လက်ဆောင်များ

Vol. 72 Ch. 1001

“မရှိတော့ပါဘူး။ ဒါက ကျွန်တော် သိချင်တာ အကုန်ပါပဲ” လော့ချန်က ဦးနှောက်ထဲမှ အန်ဒရီနာလင်း ပျောက်ကွယ်သွားကာ မဟာဧကရာဇ်တစ်ယောက်ရှေ့ မည်သို့ပြုမူခဲ့သည်ကို သတိရသွားလေသည်။ ပြောရလျှင် မဟာဧကရာဇ်ထက် ပိုမို မြင့်မြတ်သည့် သက်ရှိတစ်ယောက်ရှေ့တွင် ဖြစ်၏။ သူ့ကျောတွင် ချွေးများ စီးကျလာသည်။

(အန်ဒရီနာလင်း - အန္တရာယ် သို့မဟုတ် စိတ်ခံစားချက် ပြင်းထန်တဲ့ အချိန်မျိုးမှာ ရင်ဆိုင်ဖို့အတွက် ခန္ဓာကိုယ်ကို ယာယီပြောင်းလဲသွားစေနိုင်တဲ့ ဟော်မုန်းဓာတ်)

“ဘာမှ ထိတ်လန့်တကြားဖြစ်ဖို့ မလိုဘူး” မီးတောက်ဧကရာဇ်က ပြောလိုက်သည်။

“အရှင် ကျွန်တော်ရဲ့ ရိုင်းပြတဲ့အပြုအမူအတွက် တောင်းပန်ပါတယ်”

“ကိစ္စမရှိဘူး” မီးတောက်ဧကရာဇ်က သူ့ကို အပြစ်မတင်ပေ။ လော့ချန်က ကောင်းကင်ရွေးချယ်ခံ တစ်ယောက် မဟုတ်သည့်အတွက် သူ့တာအိုနှလုံးသားနှင့် စိတ်အခြေအနေက သိပ်မကောင်းကြောင်း နားလည်ထား၏။

လော့ချန်က ထိုအရာကို ကြားကာ သက်ပြင်းချလိုက်သည်။ သိပ်မကြာခင် သူက ဘာပြောရမှန်း မသိတော့သည့်အတွက် နေရခက်လာသလို ခံစားမိလာသည်။

“ငါ့ဆီမှာ အချိန်သိပ်မရဘူး။ မင်းအတွက် ပစ္စည်းတချို့ရှိတယ်” မီးတောက်ဧကရာဇ်က ဆက်ပြောလိုက်သည်။

“ပထမတစ်ခုက အကြံဉာဏ်ပဲ”

“ကျွန်တော် နားထောင်နေပါတယ်”

“ဝမ်ဝေ့ရဲ့ အရိပ်အောက်မှာ နေဖို့မလိုဘူး။ သူက မင်းဘဝကို မင်းထက်ကောင်းအောင် မနေနိုင်ဘူး။ မင်းဆီမှာ တစ်လျှောက်လုံး ရှိနေခဲ့ပြီး မသိခဲ့တဲ့ အလားအလာကို သူက ပြခဲ့ရုံပဲ”

လော့ချန်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် မျက်ခုံးများက အနည်းငယ် လှုပ်ခတ်သွားသည်။

“အမှန်ပဲလား”

“ငါက မင်းကို ဘာမှလိမ်ညာနေစရာ မလိုဘူး”

“ဟုတ်သားပဲ” သူက ရေရွတ်လိုက်သော်လည်း ငေးမောတွေဝေနေဟန် ပေါ်သည်။ သို့သော်လည်း မီးတောက်ဧကရာဇ်က မတားဆီးခဲ့ပေ။

“ဆေးလုံးအတွက် အရင်ဆေးဖော်စပ်နည်းကို အဆင့်မြှင့်တင်ထားတယ်။ အဲဒါကို မင်းဆီ ပေးမယ်။ ပြီးတော့ ဆုလာဘ်ကိုပါ ထပ်တိုးထားတယ်။ ဒီဟာက မင်းရဲ့ တာအိုလက်တွဲဖော်အတွက်”

လော့ချန်က ဗဟုသုတအမြောက်အများ ရှိသည်။ သိပ်မကြာခင် သူက ယင်ယန်အချစ်ပန်းဟု ခေါ်ဆိုသည့် အရူးအမူးစွဲလမ်းပန်းကို ဧကရာဇ်အဆင့်ရောက်အောင် မည်သို့ပျိုးထောင်ရမည်ကို တွေ့ရှိသွား၏။ သူတို့နှစ်ယောက်က ပန်းပွင့်ကို ရရှိပြီးကတည်းက ထိုအကြောင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို ဖတ်ရှုခဲ့သည်။ ထို့ကြောင့် လော့ချန်က ဆေးဖော်စပ်နည်းနှင့် ပေါင်းစပ်လိုက်ခြင်းအပေါ် ထိုစကားများ နောက်ကွယ်မှ ရှုပ်ထွေးမှုကို သိလိုက်၏။

မီးတောက်ဧကရာဇ်က လက်ကို မြှောက်ကာ နှလုံးသားပုံသဏ္ဌာန်ရှိသည့် အနက်ရောင်နှင့်အဖြူရောင် မီးတောက်ကို ဖွဲ့စည်းလိုက်သည်။

“ဒါက သံသရာနှလုံးသား မီးတောက်ပဲ။ ကမ္ဘာပေါ်မှာ ပျက်စီးနေတဲ့ တာအိုနှလုံးသားကို ကုသပေးပြီး လေ့ကျင့်ပေးနိုင်တဲ့ ပစ္စည်းတချို့ပဲ ရှိတယ်။ ဒါကို သန့်စင်ပြီးတဲ့နောက်မှာ မင်းရဲ့အခြေအနေကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”

မီးတောက်ဧကရာဇ်က မီးတောက်အား လော့ချန်၏ ခန္ဓာကိုယ်အတွင်း ပေါင်းစည်းမပေးခဲ့ဘဲ သူ့ရှေ့တွင် ချန်ထားခဲ့သည်။

လော့ချန်က မျက်နှာပူလျက် အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ထိုမီးတောက်အား သူ့အသိစိတ်ပင်လယ်အတွင်း ထည့်သွင်းလိုက်သည်။

“ပြီးတော့ မင်း ပိုပြီးတော့ သရုပ်ဖော်လှုံ့ဆော်လို့ရအောင် ပုံရိပ်ယောင်အစီအရင်ကို အဆင့်မြှင့်တင်ပေးထားတယ်။ ပြီးတော့ ဆေးဝါးပညာနဲ့ပတ်သက်ပြီး ငါ့ရဲ့ နားလည်နိုင်စွမ်းတချို့ကိုလည်း ချန်ထားခဲ့တယ်ဆိုတော့ မင်း ကြည့်ကြည့်လိုက်ပေါ့”

လော့ချန်က ဤအခြေအနေတွင် ဘာပြန်ပြောရမှန်း မသိတော့ပေ။

“ဒါက မင်းအတွက် နောက်ဆုံးလက်ဆောင်” မီးတောက်ဧကရာဇ်က အနက်ရောင်အဆောင် တစ်ခုကို ထုတ်ရင်း ပြောလိုက်သည်။

“ဒိုင်မေးရှင်းအမြင့်က ဖရိုဖရဲဖြစ်နေတာ။ မင်းလိုလူမျိုးက ရောက်ရှိလာတဲ့ ကပ်ဘေးမှာ ရှင်သန်နိုင်ပါ့မလား သံသယဖြစ်မိတယ်။ ဒီအဆောင်ကို အသက်သွင်းလိုက်ရင် ဒါက မင်းနဲ့ သူမကို ဘေးကင်းတဲ့ တစ်နေရာဆီ ပို့ဆောင်ပေးလိမ့်မယ်”

မီးတောက်ဧကရာဇ်က နားကာ ဆက်ပြောလိုက်သည်။

“မင်း မတက်လှမ်းခင် သုံးတာတော့ အကောင်းဆုံးပဲ”

“ဘာလို့လဲ”

“ဒိုင်မေးရှင်းအမြင့်မှာ အလုပ် မဖြစ်နိုင်ချေရှိတယ်”

“အဲ့လို့လား ခဏလေးနေပါဦး။ ဒိုင်မေးရှင်းအမြင့်က ဖရိုဖရဲ ဖြစ်နေတာလား။ ဘာတွေဖြစ်နေတာလဲ” လော့ချန်က မေးလိုက်သည်။

“မင်း ဒီဆေးလုံးကို ဖော်စပ်ပြီး တာအိုကို သက်သေပြနိုင်ရင် သူ့ကို မေးပြီးတဲ့နောက်မှာ သိလာလိမ့်မယ်။ တကယ်လို့ မင်း ကျရှုံးသွားတယ်ဆိုရင်တော့ မင်းနဲ့ မသက်ဆိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့စကားကို မှတ်ထားပြီးတော့ ဆုံးဖြတ်ချက်ချဖို့ပဲ လိုတယ်”

လော့ချန်က အဆောင်ကို ကြည့်ကာ မျက်နှာက နီရဲလာသည်။

“ကျွန်တော် အရှင့်ဆီက အများကြီး လက်ခံရပေမဲ့ ကျွန်တော် ဘယ်လိုများ ပြန်ပေးဆပ်ရမလဲ”

“ငါ ပြောပြီးပြီ။ မင်းက ဒီဆေးလုံးကို ဖော်စပ်ဖို့ပဲ လိုတယ်” မီးတောက်ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော် အကောင်းဆုံးလုပ်ပါ့မယ်”

“အဲဒါပဲ ငါ တောင်းဆိုတာ။ စိတ်မရှည်မဖြစ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုလည်း ဖိအားအများကြီး မပေးနဲ့။ မင်းကျရှုံးသွားရင်တောင် ဒါက အကူအညီ ဖြစ်လိမ့်မယ်” မီးတောက်ဧကရာဇ်က တည်တည်ငြိမ်ငြိမ် ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။

လော့ချန်က အခန်းမှ ထွက်လာကာ သက်ပြင်းချလိုက်သည်။

တံခါးအနီးတွင် ငိုသံကို ကြားလိုက်ရ၍ သူ့နှလုံးသားပင် နာကျင်သွားမိသည်။ သူက ထိုအသံလားရာဆီ အပြေးအလွှားသွားချင်သော်လည်း သူ့စိတ်ထဲတွင် အပြစ်ရှိစိတ် ကိန်းအောင်းလာသည်။ သူက ထိုနေရာတွင် ထာဝရကြာရှည်သလိုမျိုး ရပ်နေမိ၏။

ထို့နောက် သူက စကားသံများကို ကြားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲ ဆုံးဖြတ်ချက်ချမှု ထွက်ပေါ်လာလေသည်။

“မလိုတော့ဘူး”

“ချန်းအာလား”

“လောင်ကုန်း”

လော့ချန်က သူမကို ပွေ့ဖက်ထားလိုက်သည်။

“မင်းကို ဒါတွေအကုန်လုံး ဖြတ်ကျော်စေမိလို့ ကိုယ်တောင်းပန်ပါတယ်။ အခုကစပြီးတော့ ပိုကောင်းလာမယ်လို့ ကတိပေးပါတယ်”

“ရှင် အဆင်ပြေရင် ပြီးတာပါပဲ” သူမက ငိုရှိုက်ကာ ပြောလိုက်သည်။

ယဲ့လောင်က သူ့တပည့်ပုခုံးကို ပုတ်ကာ သက်ပြင်းချလိုက်၏။ သူက ယခုမှစ၍ အရာအားလုံး အဆင်ပြေတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

………………………………………………………….

ကမ္ဘာဦးနတ်ဘုရားကမ္ဘာ

မီးတောက်ဧကရာဇ်က မျက်လုံးဖွင့်လာကာ “စိတ်ပျက်စရာပဲ”

လော့ချန်က ဤပြဿနာများနှင့် ထိုက်တန်လောက်အောင် သူ့တန်ဖိုး ရှိနေသည်။ မီးတောက်ဧကရာဇ်က တခြားကမ္ဘာများရှိ သူ ရွေးချယ်ထားသည့်သူများကို စစ်ဆေးကြည့်လိုက်၏။

ငါ သူ့အပေါ်ပဲ မှီခိုလို့ မဖြစ်ဘူး။ ပင်မအရင်းအမြစ် ဟွင်သွမ်းကမ္ဘာတွေက လူတွေ ထပ်ပြီး ရွေးချယ်ဖို့ လိုတယ်…

သူ့စမ်းသပ်ချက်၏ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုက ပင်မအရင်းအမြစ် ဟွင်သွမ်းကမ္ဘာများဆီမှ သတင်းအချက်အလက် လိုအပ်နေကြောင်း သဘောပေါက်သွားစေသည်။ နှမြောစရာကောင်းလှသည်က လုပ်ဆောင်ခြင်းက ပြောသည်ထက် ပို၍ ခက်ခဲနေသည်။

အကြွင်းမဲ့တားမြစ်ချက်အပြီးတွင် ထိုကမ္ဘာအများစုက ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့် တစ်ယောက်နှင့် တစ်ယောက်ထက် ပိုပြီး ရှိနေကြပြီ ဖြစ်၏။

ထိုစဉ် နယ်ခြားကမ္ဘာများမှ ဆက်တိုက်ကျူးကျော်ခြင်း မခံရသည့်သူများကမူ အလွန်တရာ အဖိုးတန်လာလေသည်။

အခြေအနေက မီးတောက်ဧကရာဇ်အတွက် ထိုကမ္ဘာများထံ တိတ်တဆိတ် ဝင်ရောက်ကာ သေမျိုးများထဲ ပါရမီထူးကဲပြီး ဆေးလုံးဖော်စပ်နိုင်သည့် နောက်ခံရှိသည့်သူကို ရှာဖို့ရာ အခက်တွေ့စေသည်။

မီးတောက်ဧကရာဇ်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

လော့ချန်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူက အဆောင်ကို အသက်သွင်းလိမ့်မယ်။ ဆေးလုံးဘိုးဘေးနဲ့ တွေ့ဆုံမှုပြဿနာကိုတော့ ဖြေရှင်းပြီးသားဖြစ်သွားပြီ…

သူက စကားကို ပြန်ရုတ်သိမ်းခြင်း သို့မဟုတ် လော့ချန်ကို သတ်ဖြတ်ခြင်းအပေါ် သဘောမကျသောကြောင့် ဤဖြေရှင်းနည်းကို စဉ်းစားခဲ့ခြင်း ဖြစ်သည်။ မီးတောက်ဧကရာဇ်က မျက်လုံးကို ပြန်မှိတ်လိုက်၏။ ကမ္ဘာက နဂိုငြိမ်းအေးသည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။ လူများစွာက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ကောင်းကင်ဘုံထံ သူတို့အား ဘာမှမဖြစ်စေဖို့ ဆုတောင်းနေကြသည်။

…………………………………………………….

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ မဟာချူးအံ့ဖွယ် တိုင်းပြည်

သီးသန့်ကျင့်ကြံရေးအခန်းတွင် ရှိနေဆဲဖြစ်သည့် ဖေးလန်က ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူက တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး အချိန်မဖြုန်းဘဲ အခန်းအတွင်းမှ ထွက်လာခဲ့လိုက်ကာ အရေးပေါ်အနေဖြင့် ကိုယ်ပွားတစ်ယောက်ကို ချန်ထားခဲ့သည်။

သူ ထွက်လာသည်နှင့် သူက သမာသမတ်ချီ ရှိသည့် ပိန်ပါးပါးပညာရှင် တစ်ယောက်အသွင် ပြောင်းလဲသွားခဲ့သည်။ ဖေးလန်က အာကာပြင်ကို တွန့်လိမ်စေကာ အရေအတွက်ဖြင့် တိုင်းတာလို့မရသည့် အကွာအဝေးတစ်ခုသို့ ကူးသန်းရောက်ရှိလာခဲ့၏။ ထိုသို့ဆိုလျှင်ပင် သူက သူ့ဦးတည်ရာကို ချက်ချင်း မရောက်ရှိသေးဘဲ အာကာပြင်ကို အကြိမ်များစွာ ထိုးဖောက်ကာ သွားခဲ့ရသည်။

သူ့ဦးတည်ချက်က မဟာချူးတိုင်းပြည်အတွင်း ရှိနေသည့် လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်၏။ ပြဿနာရှိလားဟု စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဖေးလန်က သူ့ကို ခေါ်နေသည့် အဖြူစွတ်စွတ် ဆေးလုံးရှိရာ ဒိုင်မေးရှင်းတစ်ခုအတွင်း ဝင်ရောက်ခဲ့သည်။

“ဒါက အင်မော်တယ်နှလုံးသား ဆေးလုံးလား”

သူက ထိုစံပြအဆင့်ဆေးလုံးကို မြင်သည့်အခါ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ပေ။ ထိုဆေးလုံးက ရွှေရောင်ခေတ်ကာလတွင်ပင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ အလွန်တရာ ရှားပါးပြီး အဖိုးတန်လှပြီဖြစ်ကာ ဤသို့သော ဆိုးရွားသည့် ခေတ်ကာလမျိုးတွင် ဆိုထားဖွယ် မရှိတော့ပေ။

ဆေးလုံး၏ အဓိကရည်ရွယ်ချက်က သူတို့သည် စံပြဖြစ်လာဖို့ ကြိုးစားသည့်အခါ ကမ္ဘာဦးစမ်းသပ်ချက်ကို ဖြတ်ကျော်နေစဉ်အတွင်း ကုသပေးဖို့ ဖြစ်သည်။ နောက်ပိုင်းတွင် ထိုအရာက စံပြအားလုံးအတွက် မရှိမဖြစ် ကုသရေးဆေးလုံး ဖြစ်လာသည်။

ဖေးလန်က သူ့စိတ်လှုပ်ရှားခြင်းကို မဖုံးကွယ်နိုင်တော့ပေ။ အန္တိမသဟဇာတ၏ တည်ရှိမှုဖြင့် သူ့စမ်းသပ်ချက်က ရိုးရှင်းမည် မဟုတ်ကြောင်း သိနေလေ၏။ ထို့ကြောင့် ဤဆေးလုံးက ယခုအခြေအနေကို ဖြေရှင်းဖို့ရာ လိုအပ်နေသည့်အရာ အတိအကျ ဖြစ်ပေသည်။

စိတ်ငြိမ်ငြိမ်ထား စိတ်ငြိမ်ငြိမ်ထား…

သူက စိတ်ထဲမှ တွေးလိုက်မိသည်။

ငါက အဆ့င်တက်တော့မှာ။ ဒီရှားပါးဆေးလုံးက ပေါ်လာတယ်ဆိုတော့ ဒါက ထောင်ချောက်လား၊ ဒါမှမဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ငါ့ကို ဒီကစားပွဲမှာ နယ်ရုပ်အဖြစ် အသုံးပြုဖို့ လှုပ်ရှားလိုက်တာလား…

အကယ်၍ ရှေ့တစ်ခုသာ ဖြစ်ပါက သူ့အနေဖြင့် ထိုဆေးလုံးကို ငြင်းပယ်ရလိမ့်မည်။

သို့သော်လည်း နောက်တစ်ခုကသာ ဖြစ်နေပါက ဖေးလန်က နယ်ရုပ်အနေဖြင့် အသုံးချခံရဖို့ စိတ်ထဲမထားပေ။ အထူးသဖြင့် ဤသို့အကျိုးကျေးဇူး ရှိနေသည့်အခါတွင် ဖြစ်၏။

ဖေးလန်က ထိုဆေးလုံးကို ကြည့်ကာ အတွေးနက်နေမိသည်။ သူ့ခန္ဓာကိုယ်က သူတောင်းစားနှင့် တူသည့် စုတ်တီးစုတ်ပြတ် ဝတ်စုံများ ဝတ်ဆင်ထားသည့် အသက်ကြီးကြီး အမျိုးသားအသွင်ပြောင်းလဲသွားခဲ့သည်။

သူက လိပ်ခွံကို ထုတ်ကာ ဂမ္ဘီရ တွက်ချက်ကြည့်လိုက်သည်။

သူ့ဂမ္ဘီရရလဒ်က ထိုအခွင့်အရေးသည် သူ့ကံကောင်းမှုကြောင့် ဖြစ်၏။ သို့သော် ဖေးလန်က စိတ်မအေးနိုင်သေးပေ။

ငါ့ကို ရာနှုန်းပြည့်စိတ်အေးစေမဲ့သူက မာတာမေတ္တယျပဲ။ ဒါပေမဲ့ သူမကို အခုဆက်သွယ်လို့ မဖြစ်နိုင်ဘူး။ ဒီလိုဆိုရင် လူအိုကြီးထျန်းကျိကို မေးကြည့်ရအောင်…

သူက လျှို့ဝှက်အခန်းမှ ပျောက်ကွယ်သွားပြီး သူ့လူများနှင့် ဆက်သွယ်လိုက်သည်။

လူအိုကြီးထျန်းကျိကို အလွယ်တကူ ရှာမတွေ့နိုင်ပေ။ သူသာ ပုန်းအောင်းလိုပါက မည်သူကမှ သူ့ကို ရှာတွေ့မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အပြုအမူက လူအိုကြီးထျန်းကျိသည် သူ့ကို ရှာဖွေနေကြောင်း ပြောနိုင်လေ၏။

………………………………………

အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး

သူ့စွမ်းအားလွှမ်းမိုးရေးအခန်းအတွင်း ဒိုက်ထိုးနေဆဲ ဖြစ်သည့် ဝမ်ဝေ့က သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်ဆီမှ ဆက်သွယ်ရေးအဆောင်ကို လက်ခံရရှိသည့်အခါ ရုတ်တရပ် ရပ်တန့်လိုက်သည်။ ထူးခြားသည်ကား ထိုသတင်းအချက်အလက်သည် သူ့ကမ္ဘာအတွင်းမှ ဖြစ်နေခြင်း ဖြစ်၏။

လော့ချန်က ပေါ်ထွက်လာပြီလား…

သူက တွေးလိုက်မိသည်။ သတင်းအချက်အလက်က လော့ချန်သည် မူလဆေးလုံးတာအိုဂိုဏ်းအတွင်း ပြန်လည်ပေါ်ထွက်လာသည့် အချက်ကလွဲ၍ သတင်းအချက်အလက် များများစားစား မရှိပေ။ သူလျှို၏ ပြောစကားအရ လော့ချန်သည် ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိနေသလို စိတ်ဓာတ်တက်ကြွနေဟန်လည်း ပေါ်နေ၏။

တစ်ခုခုများ ဖြစ်သွားတာလား…

All Chapters