← Chapters

သွေးမျိုးဆက် ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၂)

Vol. 72 Ch. 1004

သွေးမျိုးဆက် ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၂)

Vol. 72 Ch. 1004

ဟို့ဖုန်းဟွမ်က ပထမတိုက်ကွက် အောင်မြင်ပြီးသည့်နောက်တွင် တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူမက ဒုတိယဓားချက်ကို ထုတ်ဖော်ဖို့ ကြိုးစားသည်နှင့် အောင်းရှန်ကလည်း ပြန်လည်တုံ့ပြန်လာခဲ့သည်။

သူ့ခန္ဓာကိုယ်က ပုရွက်ဆိတ်ထက် သေးငယ်သည့် အရွယ်အစားအဖြစ် ကျုံ့သွားကာ သူမကို ပစ်မှတ်ပျောက်သွားစေသည်။

အောင်းရှန်က ဆက်လက် ကျုံ့နေရင်း သူ့အသွင်ပြောင်းသွေးမျိုးဆက်ထဲမှ တစ်ခုကို သုံးကာ သေးငယ်သော သက်ရှိအဖြစ် ပြောင်းလဲခဲ့၏။ သူ့အပြုအမူက ထိုအရာက သူ့ခန္ဓာကိုယ်၏ အဆီအနှစ်ကို ပြောင်းလဲပေးနိုင်သည့်အတွက် သူ့အပြုအမူက ဉာဏ်ရှိရာကျသည်။ သူက နဂါးတစ်ကောင် မဟုတ်တော့ဘဲ သေးငယ်သည့် ပိုးမွှားတစ်ကောင် ဖြစ်နေလေ၏။

သူက နဂါးတစ်ကောင် မဟုတ်တော့သည့်အတွက် ဟို့ဖုန်းဟွမ်၏ နဂါးသတ်ဖြတ်ရေး တိုက်ကွက်၏ သက်ရောက်မှုက သိသိသာသာ အားနည်းသွားခဲ့ကာ သူ့ကို အသက်ရှူဖို့ အခွင့်အရေး ရလာစေသည်။

အောင်းရှန်၏ အသွင်ပြောင်းမှုက ယာယီမျှသာ ဖြစ်၏။ အကြောင်းအရင်းမှာ ယင်ယန် ပြောင်းပြန်နည်းစနစ်က သက်ရောက်မှုရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် ကျုံ့ကာ အသွင်ပြောင်းသည့် ဖြစ်ရပ်က မကြာခင် ကြီးထွားကာ ပြန်ပြောင်းသွားသည်။ မာနကြီးသည့် နဂါးက အလျင်အမြန် တုံ့ပြန်ကာ ယင်ယန်တာအိုကို အသုံးပြုခဲ့၏။

သို့သော်လည်း သူက တစ်ဖက်လူ၏ စွမ်းအားကို တားဆီးဖို့ မကြိုးစားခဲ့ပေ။ သူက ယခင်တိုက်ကွက်မှ သင်ယူထားပြီး ဟို့ဖုန်းဟွမ်နှင့် တူညီသည့် တာအိုကို အသုံးပြုပြီး တိုက်ရိုက်တွေ့ဆုံခြင်း မလုပ်ခဲ့ပေ။ သူ့အရေးသာချက်က စွယ်စုံသုံးမှုဖြစ်ပြီး သူ့တွင်ရှိနေသည့် စွမ်းရည်အမျိုးမျိုး ရှိနေသည်။ ထို့ကြောင့် သူက သေချာသည့် ကဏ္ဍ၌ ထူးချွန်သူအပေါ် လွှမ်းမိုးဖို့ ကြိုးစားခဲ့လျှင် အရူးတစ်ယောက်သာ ဖြစ်နေလိမ့်မည်။

အောင်းရှန်က ယင်ယန်ဖြင့် လွှမ်းခြုံထားပြီး ပြောင်းပြန်နည်းစနစ်သက်ရောက်မှုမှ တားဆီးလိုက်သည်။ သူ့နည်းလမ်းက ဟို့ဖုန်းဟွမ်၏ နေရာကျယ် သက်ရောက်မှု ရှိသည့် နည်းစနစ်နှင့် ယှဉ်လိုက်လျှင် စုစည်းသလို ဖြစ်နေသည့်အတွက် အခွင့်အရေး ရလာစေသည်။

သတ်ဖြတ်ရေးမျက်လုံး

နောက်ဆုံးတိုက်ပွဲအတွင်း ဟို့ဖုန်းဟွမ်က သတ်ဖြတ်ရေးတာအိုအကြောင်း လီကျွင်းနှင့် စကားပြောဆိုခဲ့၏။ ထို့နောက် သူမက ကောင်းကင်မျက်လုံးနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်သည့် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။

သူမက အောင်းရှန်၏ ခန္ဓာကိုယ်အထက် အနီရောင်ကြိုးမျှင်များစွာကို မြင်တွေ့လိုက်ရသည်။ သူမသာ ထိုကြိုးမျှင်များကို တိုက်ခိုက်သည်နှင့် တစ်ဖက်လူကို သတ်ပစ်နိုင်ချေ အခွင့်အရေးမြင့်မားလာကြောင်း သိလိုက်သည်။ သူမ ကျရှုံးသွားလျှင်ပင် သူမ၏ တိုက်ကွက်က သဘာဝကုသနိုင်စွမ်း ရှိထားသည့် ဧကရာဇ်များကိုပင် ထိခိုက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။

ဝှစ်

ဟို့ဖုန်းဟွမ်၏ အရှိန်က ပြိုင်ဘက်ကင်းလှသည်။ သူမက လျင်မြန်မှုနှင့် နှေးကွေးမှု သဘောတရားကို အာရုံစိုက်လိုက်ပြီး သူမ၏ အရှိန်ကို မြှင့်တင်လိုက်သည်။ သူမက အုပ်ချုပ်သူတာအို၏ ကဏ္ဍကို အသုံးပြုကာ သူမ၏ အရှိန်ကို တားဆီးနေသည့် အဟန့်အတားများကို ဖယ်ရှားပစ်ခဲ့သည်။ မြေဆွဲအား ၊ အတားဆီး၊ ဒြပ်ထုနှင့် ကာလံဒေသံ အချုပ်အနှောင်များပင် အပါအဝင်ဖြစ်၏။

အောင်းရှန်က အန္တရာယ်ကို ခံစားမိလိုက်သည့်အတွက် ယခင် ကျရှုံးသွားသည့် သူ့အစီအစဉ်တစ်ခုကို ထုတ်သုံးလိုက်သည်။ သူက ပတ်ဝန်းကျင်ရှိ စွမ်းအားကို အသုံးပြုကာ ကိုယ်ထည်မဲ့အနေအထားသို့ ဝင်ရောက်ခဲ့၏။

နဂါးက နာကျင်စွာ အော်ညည်းလိုက်ရသည်။ သူ့အပြုအမူက အနည်းဆုံးတော့ လက်ရှိအခြေအနေတွင် အောင်မြင်ခဲ့လေသည်။ ဟို့ဖုန်းဟွမ်၏ တိုက်ကွက်က အားကြီးလွန်းသည့်အတွက် ကိုယ်ထည်မဲ့ စွမ်းအားတချို့ကိုပင် နှောင့်နှေးသွားစေသည်။ အောင်းရှန်အတွက် သတင်းကောင်းကမူ သူမက သူ့သတ်ဖြတ်ရေး ကြိုးမျှင်များကို ပစ်မှတ်မထားနိုင်တော့ပေ။

“အား”

နဂါးက လေဟာနယ်ထဲ အော်ညည်းကာ အမျိုးသမီးစစ်နတ်ဘုရားထံ ပြေးဝင်လာသည်။ အောင်းရှန်၏ တစ်ခုတည်းသော ရည်ရွယ်ချက်က သူမကို နှောင့်နှေးပြီး သူ တုံ့ပြန်နိုင်စေဖို့ ဖြစ်၏။ နှမြောစရာကောင်းလှစွာဖြင့် သူ့ ကြိုးပမ်းမှုက ကျရှုံးခဲ့သည်။

သူမ၏ ဓားချက်အဝှေ့တွင် ဟို့ဖုန်းဟွမ်က ဟွင်သွမ်းကို သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲကို အသုံးမဝင်ဖြစ်သွားစေသည်။

တာအိုသတ်ဖြတ်ရေး ဓားချက်

အောင်းရှန်က ဓားချက်၏ ပစ်မှတ်သည် သူ့ဟွင်သွမ်းစည်းမျဉ်းဖြစ်နေကြောင်း ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။

ရက်စက်သား …

သူက တွေးလိုက်မိသည်။ သို့သော်လည်း နှစ်ဦးသားက ဤကစားပွဲကို ဆက်ကစားနိုင်သေးသည်။

ဝုန်း

သူ့စွမ်းအားကြီးနဂါးခန္ဓာကိုယ်က ဟွင်သွမ်းမီးတောက်အဖြစ် ပေါက်ကွဲထွက်သွားပြီး တိုက်ကွက်ကို တားဆီးကာ ဟို့ဖုန်းဟွမ်အား အလင်းနှစ်အချို့ လွင့်စင်သွားစေသည်။

အောင်းရှန်က သူ့ခန္ဓာကိုယ် သို့မဟုတ် အခွံကို လိုအပ်လာသည့်အခါ လွတ်မြောက်သည့် နည်းစနစ်တစ်ခုအဖြစ် ပစ်ပယ်နိုင်သည့် သွေးမျိုးဆက်စွမ်းရည် တချို့ကို ရရှိထားလေသည်။ ပုံမှန်အားဖြင့် ထိုသက်ရှိများသည် ထိုစွမ်းရည်ကို အသုံးပြုပြီးသည့်နောက်တွင် အားနည်းသည့် အနေအထားသို့ ရောက်ရှိသွားလိမ့်မည်။ သို့သော်လည်း နဂါးက ကြိုတင်ပြင်ဆင်ထား၏။

ဤငြိမ်းအေးနေသည့် အချိန်တိုအတွင်း သူက ဤဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည့် လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခုကို ဝင်ရောက်လိုက်သည်။ သူက ထိုနေရာတွင် အားပြန်ဖြည့်ပြီး အထွတ်အထိပ်သို့ ရောက်လာ၏။

ဟို့ဖုန်းဟွမ်၏ ကျားဖြူဓားမှ ကြောက်မက်ဖွယ်ထက်ရှမှုတို့ ထွက်ပေါ်လာသည်။ ထိုတိုက်ပွဲကို ကြည့်နေသည့် ဓားသမားများက သူမသည် သူတို့ထဲမှ တစ်ယောက်ဖြစ်ကာ အကောင်းဆုံးထဲမှ တစ်ယောက်ဖြစ်လိမ့်မည်ဟု တွေးထင်ကြလိမ့်မည်။ သို့သော်လည်း ထိုအရာက ဖြစ်ရပ်နှင့် အလှမ်းကွာနေသေး၏။

ဟို့ဖုန်းဟွမ်၏ ထက်ရှမှုက ကျားဖြူ၏ သတ္တုဓာတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအရာကို ကန့်သတ်ချက်ထိ တွန်းပို့ပြီးသည့်နောက်တွင် သူမက ထိုနည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

အစွန်းရောက် သတ္တုဓားချက်

အောင်းရှန်က ထိုဓားချက် သူ့ဆီ ကျရောက်လာသည်ကို ကြည့်နေရင်း လမ်းကြောင်းတွင် ရှိနေသည့် အရာအားလုံးက နှစ်ပိုင်းကွဲထွက်သွားသည်ကို ခံစားမိလိုက်သည်။ အချိန်၊ ဒြပ်ထု၊ ကာလံ သို့မဟုတ် သူ့ဟွင်သွမ်းပင် အပါအဝင် ဖြစ်၏။

အခု ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးရမဲ့ အချိန်ပဲ…

အောင်းရှန် သူ့နဂါးခန္ဓာကိုယ်ဖြင့် ရှောင်ရှားရမည့်အစား ရှေ့တိုးလိုက်သည်။ သူ့လက်သည်းချက်က ထက်ရှမှုအပြည့်ရှိသည့် ဓားချက်ဖြင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံလိုက်သည်။

ဟို့ဖုန်းဟွမ်ကို အံ့အားသင့်သွားစေသည်က သူမ၏ ဓားချက်သည် ဖျက်ဆီးခံလိုက်ရ၏။

သို့သော်လည်း သူမက တုံ့ပြန်ဖို့ရာ နောက်ကျသွားခဲ့သည်။ အောင်းရှန်က သူမရှေ့မှ ရောက်ရှိလာပြီး သူမက လှုပ်ရှားမှုနှင့် ပတ်ဝန်းကျင်ရှိ နှေးကွေးမှုတို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သော်လည်း အောင်းရှန်က သူမရှေ့မှ ရောက်ရှိနေပြီ ဖြစ်၏။

ဝုန်း

အောင်းရှန်၏ နဂါးလက်သည်းချက်က သူမကို အဟန့်အတားသဖွယ် ရိုက်ထုတ်လိုက်သည်။ သူမက တုံ့ပြန်ကာ တားဆီးခဲ့သော်လည်း သူမ၏ ညာဖက်လက်က ပေါက်ကွဲထွက်သွားခဲ့သည်။ သို့သော်လည်း အောင်းရှန်က ထိုအခွင့်အရေးကို လက်လွတ်မခံပေ။ ထိုအခိုက်အတန့်တွင် သူက ပြုတ်ကျလာသော သူမ၏ ခန္ဓာကိုယ်ထံ ထွက်ပေါ်လာကာ တိုက်ခိုက်လိုက်သည်။

ဟို့ဖုန်းဟွမ်က ဘယ်ဖက်လက်ကို ထပ်မံ ဆုံးရှုံးလိုက်ရသည်။ ကံကောင်းစွာဖြင့် သူမက တတိယ တိုက်ကွက်အတွက် ဉာဏ်ရှိလှ၏။ သူမ၏ ရှေ့မှောက်တွင် အထွတ်အထိပ်သားရဲ ၅ကောင် ပေါ်ထွက်လာကာ အောင်းရှန်ကို တိုက်ခိုက်လိုက်သည်။ ထိုသတ္တဝါများက သက်ရှိများကဲ့သို့ ဖြစ်၏။

သူတို့က အောင်းရှန်နှင့် အရွယ်အစား တူပြီး သူတို့အတူတကွ ပူးပေါင်းသည့်အခါ ဟို့ဖုန်းဟွမ်အတွက် အသက်ရှူဖို့ အချိန်ဆွဲထားပေးနိုင်သည်။

ဒါက စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းပဲ…

သူမက အံကြိတ်ကာ တွေးလိုက်မိ၏။ လွန်ခဲ့သည့်နှစ်ပိုင်းခန့်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် သူမက မပြီးပြည့်စုံသည့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းသာ ရရှိခဲ့စဉ် အောင်းရှန်က ပြီးပြည့်စုံသည့် တစ်ခု ရရှိလာခဲ့သည်။

ဟို့ဖုန်းဟွမ်က တခြားထာဝရဧကရာဇ်နှစ်ယောက်သည် မပြီးပြည့်စုံသည့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကို ရရှိထားသည့်အတွက် ထိုအရာသည် မည်မျှခက်ခဲကြောင်း သိထားလေ၏။ ဧကရီအသစ် ထုံရို့ပင်းက ခန္ဓာကိုယ်လေ့ကျင့်သူ မဟုတ်သည့်အတွက် ထည့်တွက်မထားပေ။

ထို့အပြင် သူမ၏ အတွေ့အကြုံနှင့် ဗဟုသုတများမှ အောင်းရှန်သည် နိုးထလာရုံသာမကဘဲ ထိန်းချုပ်မှု မြင့်မားကြောင်း ပြောနိုင်လေသည်။ ထို့အပြင် သူ့စိတ်စွမ်းအားက စံနှုန်းထက် မြင့်မားပြီး မူမမှန်သည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။

“အံ့ဩသွားလား” အောင်းရှန်က မေးလိုက်သည်။ သူ့နဂါးမျက်နှာအထက် လှောင်ပြောင်သည့် အပြုံးမျိုး ရှိနေလေသည်။

“ဟုတ်တယ်။ ဒါပေမဲ့ အဓိပ္ပာယ်တော့ ရှိပါတယ်” သူမက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ အကြမ်းဖျင်းသုံးသပ်ပြီးသည့်နောက်တွင် သူမက အကြောင်းအရင်းကို နားလည်လိုက်၏။ အောင်းရှန်က သွေးမျိုးဆက် အမှတ်အသားများထဲမှ ချန်ထားခဲ့သည့် ဧကရာဇ်ဆန္ဒများစွာကို ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။ ထို့အပြုအမူက သူ့စိတ်စွမ်းအားကို ကြောက်မက်ဖွယ်ကောင်းသည့် အနေအထားတစ်ခုရောက်အောင် လေ့ကျင့်ပေးနိုင်ခဲ့သည်။

“နောက်ထပ်ဘာလဲ” အောင်းရှန်က မေးလိုက်သည်။

“ငါတို့ ဆက်တိုက်မှာလား။ ဒါမှမဟုတ် မင်းရဲ့ ရှုံးနိမ့်မှုကို ဝန်ခံမှာလား” ဟို့ဖုန်းဟွမ်က သူမထံ ဖြစ်နေသည့် ဆိုးဆိုးရွားရွားအခြေအနေကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူ၏ စိတ်စွမ်းအားက သူမခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ ကုသနိုင်စွမ်းကို နှောင့်နှေးထားပြီး ဖြစ်၏။

သူမက ဤအခြေအနေတွင် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိနေသေးသည်။ ဘိုးဘေးဆန္ဒ ဖြစ်၏။ ပင်ကိုနတ်ဆိုးနတ်ဘုရားများက ပင်ကိုဟော်သဲ့စစ်ပွဲအတွင်း လူသားမျိုးနွယ်ကို ကြာရှည်စွာတိုက်ခိုက်ဖို့ ခွင့်ပြုထားသည့် အရေးသာချက်တချို့ ရှိလေသည်။ ထိုအရာက ဘိုးဘေးဆန္ဒ ဖြစ်ပြီး သူတို့၏ သက်ဆိုင်ရာမျိုးစိတ်များ၏ စိတ်စွမ်းအားစုစည်းမှု ဖြစ်သည်။

ဟို့ဖုန်းဟွမ်က ဇာမဏီ၊ နဂါးပြာ၊ ကျားဖြူ၊ လိပ်နက်နှင့် ချီလင်၏ စိတ်ဆန္ဒကို ဆင့်ခေါ်ကာ သူတို့က တာအိုဆန္ဒ သို့မဟုတ် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းတို့ဖြင့် တူညီအောင် ပြုမူနိုင်သည်။

ဘိုးဘေးဆန္ဒက ကြာရှည်ခံမည် မဟုတ်ဘဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမည် ဖြစ်၏။ တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းတို့က လူတစ်ယောက်ထံ ထာဝရ ကြာရှည်တည်ရှိနိုင်သော်လည်း ဘိုးဘေးဆန္ဒကမူ လပိုင်းခန့်သာ ကြာမြင့်လိမ့်မည်။ ထိုအားနည်းချက် ရှိနေသော်လည်း တိုက်ပွဲကို အဆုံးသတ်ကာ ရန်သူကို သတ်ဖြတ်ဖို့ရာအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်၏။

ငါ ဘိုးဘေးဆန္ဒကို ဆင့်ခေါ်လိုက်ရင် သူကလည်း အတူတူလုပ်လာနိုင်တယ်…

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ အောင်းရှန်က ထိုနည်းစနစ်ကို သိမထားလျှင်ပင် သူတို့၏ တိုက်ပွဲအတွင်း သူ့ပါရမီဖြင့် သင်ယူနိုင်လိမ့်မည်။

နောက်ဆုံးတွင် သူမက သက်ပြင်းချကာ ပြောလိုက်၏။

“ကျွန်မ ရှုံးသွားပြီ”

အောင်းရှန်က ခေတ္တမျှ အံ့အားသင့်သွားပြီးသည့်နောက်တွင် ပြုံးလိုက်မိသည်။ သူက လူသားအသွင်ပြန်ပြောင်းလိုက်ပြီး နှုတ်ခမ်းထောင့်တို့က တွန့်ချိုးကာ ပြုံးလျက်ရှိနေသည်။

“အဲဒါ ကြားချင်တာပဲ”

ဟို့ဖုန်းဟွမ်က သူ့အသံထဲမှ လှောင်ပြောင်သံကို ဂရုမစိုက်ပေ။ သူတို့အဆင့်တွင် ရှုံးနိမ့်မှုက ဘာမှမဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် တိုးတက်ဖို့ရာ သင်ယူရသည့် အတွေ့အကြုံများသာ ဖြစ်၏။ ထို့အပြင် သူတို့ကြားရှိ ကွာဟချက်က သိပ်မကြီးမားလှပေ။

အကယ်၍ ဤသို့သာ ဖြစ်နေပါက သူမက မလွန်ဆန်နိုင်ဘဲ သူမ တစ်ဘဝလုံးအတွက် နိမ့်ကျမှုကို လက်ခံလိုက်ရမည်။

“အခု ဆွေးနွေးလို့ ရပြီလား”

အောင်းရှန်က ဘာမှမပြောဘဲ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ဤတိုက်ပွဲကို ကြည့်နေသည့် အားလုံး၏ အမြင်ကို ပိတ်ဆို့လိုက်သည်။

“ငါက ဘာလို့ မင်းနဲ့ အပေးအယူ လုပ်ရမှာလဲ”

“ရှင်က ဘာလို့ မလုပ်သင့်ရမှာလဲ။ ကျွန်မတို့ နှစ်ယောက်လုံးဆီမှာ ကျွန်မတို့ လိုချင်တာ ရှိတာပဲလေ”

“အကြောင်းအရင်းအတွက် မလုံလောက်သေးဘူးမလား”

“အဲဒီဆိုးရွားတဲ့အပိုင်းကို ထုတ်ပြောစေချင်တာလား” ဟို့ဖုန်းဟွမ်က ပြန်လည်ပြောလိုက်၍ အောင်းရှန်က တိတ်ဆိတ်သွားလေသည်။

ဆိုးရွားတဲ့ အပိုင်းက ဘာလဲ…

နတ်ဆိုးမျိုးနွယ်က ထိုအရာကို ထိန်းသိမ်းထားပြီး ရှေးဟောင်းမျိုးနွယ်ကို ရန်သူလုပ်ဖို့ရာ အားနည်းလွန်းလှသည်။

သူတို့က ပင်လယ်မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ထားသော်လည်း သူစိမ်းကြောက်တတ်သည့်သူများကို ယုံကြည်၍ မဖြစ်ကြောင်း သိထားလေသည်။ အောင်းရှန်က နတ်ဆိုးမျိုးနွယ်တွင် ရှိနေသည့် သတင်းအချက်အလက်သာ ပေါက်ကြားသွားပါက ဖြစ်လာမည့် အကျိုးဆက်ကို သိထားလေ၏။

သူတို့၏ မဟာမိတ်အသစ် ပင်လယ်မျိုးနွယ်ကပင် ထိုအရာကို ရရှိဖို့ ဝင်ရောက်စွက်ဖက်လာလိမ့်မည်။ သူ့လက်ရှိအင်အားဖြင့် သူက ထိုနည်းလမ်းကို ကာကွယ်ထားနိုင်သည်။ သို့သော် သူ ထွက်သွားပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်၏ အခြေအနေက သိပ်ကောင်းမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ အကောင်းဆုံးရွေးချယ်မှုက ထိုနည်းစနစ်နှင့် အလဲအလှယ်လုပ်ကာ အကျိုးအမြတ်များစွာ ရရှိဖို့ ဖြစ်၏။

“ကောင်းပြီလေ။ ပြောကြတာပေါ့”

All Chapters