← Chapters

ကောင်းကင်ဘုံအဆင့်၏ စွမ်းပကား

Vol. 72 Ch. 1005

ကောင်းကင်ဘုံအဆင့်၏ စွမ်းပကား

Vol. 72 Ch. 1005

အောင်းရှန်က ကွေ့ပတ်ပြီးတော့ မနေပေ။ သူက ဟို့ဖုန်းဟွမ်ဆီ သူ လိုချင်သည့်စာရင်းကို ထုတ်ပြလိုက်၏။ ထိုသူက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ ဓားပြ မတိုက်လိုက်လဲ” ဟို့ဖုန်းဟွမ်က ပြန်ပြောလိုက်သည်။

“တန်ကြေးက နည်းနည်းမြင့်နေပေမဲ့ ထိုက်တန်ပါတယ်။ အထူးသဖြင့် မင်းလိုမျိုး မာနကြီးတဲ့သူအတွက်ပေါ့”

“ဒီလိုမျိုးညှိနှိုင်းတဲ့နေရာမှာ မာနတွေအကြောင်း ထည့်ပြောလို့ရမယ်လို့ ထင်နေရင် ရှင် ကျွန်မကို လျှော့တွက်နေတာပဲ” ဟို့ဖုန်းဟွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ ဤအပြုအမူက သူမ၏ လက်နှစ်ဖက် ဆုံးရှုံးနေသည့်အခါ ထူးဆန်းလှ၏။ သို့သော် သူမက လှပကာ မြင့်မြတ်နေဆဲ ဖြစ်၏။

သူမက စာရင်းကို ဒုတိယအကြိမ်မြောက် ကြည့်ကာ ဒုတိယအကြိမ် ဒေါသထွက်လာမိသည်။ နဂါးက သေလုနီးပါးဖြစ်နေသည့် မဟာဧကရာဇ်ကိုပင် အထွတ်အထိပ်အခြေအနေ ပြန်လည်ရောက်ရှိသွားစေနိုင်သည့် ဇာမဏီမျက်ရည်လိုမျိုး ရှားပါးသည့်အရာကိုပင် လိုချင်နေလေ၏။ ထိုအရာက အသက်ရှည်အရင်းအမြစ်နှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။

အင်မော်တယ်တစ်ယောက်၏ စံနှုန်းအရပင် ဟို့ဖုန်းဟွမ်က ထိုအရာကို ဖွဲ့စည်းဖို့ အချိန်အတော်ကြာမြင့်လိမ့်မည်။

“မဟုတ်ဘူး။ တန်ကြေးကို လျှော့ရမယ်” သူမက ငြင်းခုန်လိုက်သည်။

“ကောင်းပြီလေ။ ငါတို့တွေ အဲ့လိုလုပ်လို့ရတယ်။ တန်ကြေးကို သုံးပုံတစ်ပုံ လျှော့ချလို့ရတယ်” အောင်းရှန်က လှောင်ကာ ပြောလိုက်သည်။

ဟို့ဖုန်းဟွမ်က သူ့မျက်နှာကို ပိတ်ရိုက်ချင်လာမိသည်။ သို့သော်လည်း သူမက တည်ငြိမ်စွာဖြင့် သူ့စကားကို စောင့်ဆိုင်းလိုက်သည်။

“ဒါပေမဲ့ ဒီနည်းလမ်းကို မင်းတစ်ယောက်တည်းပဲ သုံးလို့ရတယ်ဆိုတဲ့ စာချုပ်ကို ချုပ်ဆိုရမယ်”

ဟို့ဖုန်းဟွမ်က ထိုစကား၏ ရှုပ်ထွေးမှုကို နားလည်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုနည်းလမ်းကို သူမ၏ မျိုးနွယ်ထံ လက်ဆင့်ကမ်း၍ မဖြစ်သလို အုတ်မြစ်အနေဖြင့် ချန်ထားခဲ့၍လည်း မရပေ။

“မရဘူး။ ဒီအပေးအယူကို ငြင်းတယ်”

အကူးအပြောင်း စမ်းသပ်ချက်က ကြောက်စရာကောင်းပြီး ကြယ်ငါးလုံးယွမ်ထီနှင့်အထက်အတွက် အောင်မြင်နိုင်ချေ တစ်ရာခိုင်နှုန်းထက်ပင် နည်းပါးလှသော်လည်း ထိုနည်းလမ်းက အားကောင်းသည့် မျိုးနွယ်တစ်ခုအတွက် အရေးကြီးနေဆဲ ဖြစ်သည်။

“ကောင်းပြီလေ။ ဒါပေမဲ့ ကြယ်အမှတ်အသား ပြပေးထားတဲ့ ပစ္စည်းတွေကိုတော့ ညှိနှိုင်းလို့မရဘူး”

ဟို့ဖုန်းဟွမ်က စာရင်းကို တတိယအကြိမ်မြောက် ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ဇာမဏီမျက်ရည်က ထိုပစ္စည်းထဲမှ တစ်ခု ဖြစ်နေလေ၏။

“ကျွန်မ သိပြီ။ ဟွင်သွမ်းက အထွတ်အထိပ် တားမြစ်ခံ စည်းမျဉ်းငါးခုထဲက တစ်ခုဆိုတော့ ရှင်သာ တာအိုကို မပြောင်းသရွေ့ စမ်းသပ်ချက်က ဘယ်လောက်ခက်ခဲမလဲဆိုတာကို သိတယ်။ အဲဒါဆိုတော့ ရှင်က အသက်ရှင်နိုင်ချေရှိမဲ့ ဇာမဏီမျက်ရည်လို ပစ္စည်းမျိုးကို လိုချင်နေတာပဲ”

“ဟုတ်တယ်။ ဒီအရာကို ရဖို့ ငါ ဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာကို မင်းနားလည်ထားသင့်တယ်”

ဟို့ဖုန်းဟွမ်က သူ အလျင်အမြန် ဝန်ခံသည့် သတင်းအချက်အလက်ကြောင့် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလိုက်၏။ သို့သော်လည်း သူမက များစွာ အာရုံမစိုက်ခဲ့ပေ။

“ဇာမဏီမျက်ရည်ကို ဖွဲ့စည်းဖို့ အချိန်ဘယ်လောက်လိုလဲဆိုတာကို သိသင့်တယ်”

“အဲဒီအတွက် မစိုးရိမ်နဲ့။ အချိန်လေဟာနယ်ဧကရီက ငါနဲ့ အပေးအယူ လုပ်ထားတယ်။ ငါ့ရဲ့ တောင်းဆိုချက်တစ်ခုက မင်းကို သူမရဲ့ အချိန်မြှင့်တင်ရေး ကျင့်ကြံရေးအခန်းကို သုံးခွင့်ပေးဖို့ပဲ”

ဟို့ဖုန်းဟွမ်က ထိုအရာသည် သူမအတွက် အခွင့်အရေးကောင်းဖြစ်မှန်း သိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ သူမသာ ကတ်များကို မှန်ကန်စွာ ကစားနိုင်ပါက သူမဘက် အခွင့်သာ လာနိုင်သည်။ သူမက အချိန်ကို ထိန်းချုပ်နိုင်သော်လည်း ထိုအရာကို ပင်မ သို့မဟုတ် အရန်တာအိုအဖြစ် အသုံးပြုသည့်သူများဖြင့် မနှိုင်းယှဉ်နိုင်ပေ။

“ကောင်းပြီ။ ဒါပေမဲ့ ကျွန်မတို့တွေ တန်ကြေးတော့ ပြန်ညှိရမယ်”

နဂါး တောင်းဆိုသည့်အရာတချို့က သူမအတွက် လက်သင့်မခံနိုင်ပေ။ နမူနာအားဖြင့် သူမ၏ သွေးမျိုးဆက် ငါးခုမှ သွေးအရင်းအမြစ် ဖြစ်သည်။

သူမက ထိုအရာကို ပေးမည် မဟုတ်ပေ။

အောင်းရှန်က သူ့တောင်းဆိုမှုသည် အကျိုးအကြောင်းမသင့်မှန်း သိသည့်အတွက် နှစ်ဖက်လုံး ကျေနပ်သည်အထိ ညှိနှိုင်းခဲ့ကြသည်။

အချိန်အတော်ကြာ ငြင်းခုန်ပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က သူမ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ အဆုံးသတ်အနေဖြင့် စာချုပ်ချုပ်လိုက်ကြသည်။ အောင်းရှန်က ပြုံးပျော်လျက် မြောက်ပိုင်းကုန်းမြေဆီ ပြန်သွားလေသည်။

အရာအားလုံး အဆင့်သင့်ဖြစ်ပြီ…

သူက တွေးလိုက်မိသည်။ သူက ဇာမဏီမျက်ရည်စက်ဖြင့် သူ့ခန္ဓာကိုယ်ကို စွန့်ပယ်ကာ တာအိုကို သက်သေပြလက်နက်အဖြစ် သန့်စင်နိုင်လိမ့်မည်။

သူ့စမ်းသပ်ချက်မတိုင်ခင် ပြင်ဆင်ထားဖို့ ဖြစ်၏။ သူ့ခန္ဓာကိုယ်က ပိုမိုအားကောင်းလေလေ အောင်းရှန် သန့်စင်နိုင်မည့် လက်နက်က ပိုမိုကောင်းမွန်လေလေ ဖြစ်သည်။

ထိုမျက်ရည်ဖြင့် သူက အထွတ်အထိပ်သို့ အလျင်အမြန် ပြန်လည်ရောက်ရှိလိမ့်မည်။

သူက အလွှာနိမ့်အတွင်း သူ့အတွက် သွေးမျိုးဆက် အမဲလိုက်ဖို့ တာဝန် ချထားပေးကာ လူများအား သိုင်းပညာအုပ်စိုးသူကမ္ဘာဆီ စေလွှတ်ထားလေသည်။ အောင်းရှန်က ရက်စက်ပြီး ပင်လယ်မျိုးနွယ်၏ သွေးမျိုးဆက်ကို အမဲလိုက်ဖို့ရာအတွက်ပင် လူများကို စေလွှတ်ထားခဲ့၏။ သူတို့၏ လတ်တလော မဟာမိတ်အကြောင်း ဂရုမစိုက်ပေ။

သူက ခိုးကြောင်ခိုးဝှက် ပြုမူထားသည်။ နတ်ဆိုးများကို လှုပ်ရှားစေမည့်အစား သူက လူသားများကို တိတ်တဆိတ် ခန့်အပ်ကာ လုပ်ဆောင်ခိုင်းခဲ့၏။

သူက ကောင်းကင်ဧကရာဇ်မှလွဲ၍ ကမ္ဘာရှိလူအားလုံးထံမှ သူ့နည်းလမ်းကို ဖုံးကွယ်ထားနိုင်မည် ဖြစ်ကြောင်း သိလေသည်။

သူတို့က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားလျှင်ပင် သူက ငြင်းဆန်နိုင်ပြီး တချို့သူများက သူတို့မျိုးနွယ်နှစ်ခုကြားမှ မဟာမိတ်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြောင်း ပြောနိုင်သည်။

…………………………………………………………….

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က သူတို့၏ ညှိနှိုင်းမှုနှင့် သဘောတူညီမှုကို တည်ငြိမ်စွာ ကြည့်နေလေသည်။

“ဒီလူတွေက တကယ့်ကို တွဲဖက်ကောင်းပဲ”

သူတို့၏ ထူးကဲကာ အားကောင်းသည့် သွေးမျိုးဆက်ဖြင့် ထိုသူနှစ်ဦး၏ ကလေးက ပြိုင်ဘက်ကင်းပါရမီ ရှိလာလိမ့်မည်။

သူက ထိုအရာသည် ဘယ်သောအခါမှ မဖြစ်နိုင်မှန်း သိသည့်အတွက် ခေါင်းအသာယမ်းလိုက်၏။ သူ့အနေဖြင့် ရှင်းပြလို့ရသည့် အကြောင်းအရင်းက မာနကြောင့်သာ ဖြစ်သည်။ ရှေးဟောင်းမျိုးနွယ်က ပင်ကိုနတ်ဆိုးနတ်ဘုရားများကို သူတို့၏ ဘိုးဘေးများကြောင့် ရှုံးနိမ့်သွားသူများအဖြစ် သတ်မှတ်ထားကြသည်။

ထိုစဉ် အောင်းရှန်က ထိုခေတ်ကာလတွင် ပထမဦးဆုံး ပင်ကိုသက်ရှိအနေဖြင့် မောက်မာမှုရှိကာ လူသားများကို အထင်သေးလေသည်။ အတိအကျပြောရလျှင် သူက လူသားများက သူ့နတ်ဆိုးမျိုးနွယ်ကို လုပ်ခဲ့သည့်အရာများကြောင့် အမုန်းတရား ရှိနေသည်။ သူက ထိုစိတ်ခံစားချက်ကို လူသိရှင်ကြား ထုတ်မပြခဲ့သည်မှာ လူသားမျိုးနွယ်က ဤကမ္ဘာကို အုပ်စိုးနေမှန်း သိနေ၍ ဖြစ်သည်။ ထိုအပြုအမူက သူ့နတ်ဆိုးမျိုးနွယ်ကို ထိခိုက်သွားစေနိုင်၏။

ဝမ်ဝေ့က သူတို့၏ ညှိနှိုင်းမှုကို အာရုံမစိုက်တော့ပေ။ သူက အကူးအပြောင်းနည်းလမ်းကို လိုချင်သောကြောင့် ဂိုဏ်းမှလူတစ်ယောက်ကို စေလွှတ်ကာ အောင်းရှန်နှင့် ညှိနှိုင်းခိုင်းလိုက်သည်။ သို့သော်လည်း သူက အမိန့်မထုတ်ပြန်ခင် အနာဂတ်ကို မြင်လိုက်ရ၍ ပြုံးလိုက်မိသည်။

“ဒါက ကံကြမ္မာက မျက်နှာသာပေးတယ်ဆိုတာလား”

သူက အပြုအမူကို ရပ်တန့်က လုပ်လက်စကို အာရုံစိုက်လိုက်သည်။ သူက အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့၏ တိုက်ပွဲကို အိပ်မက်လောက၏ တိုက်ပွဲမျှော်စင်ထဲ မှတ်တမ်းတင်ထားလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို အာရုံစိုက်လိုက်သည်။

အလောင်းရောင်းဝယ်ရေးဂိုဏ်း

သူ့အုပ်စိုးမှုစတင်ကတည်းက ထိုသူများအတွက် ဘာမှအပြောင်းအလဲ မဖြစ်ခဲ့ပေ။

သူတို့ကို လိုအပ်သည့်သူများအတွက် ခန္ဓာကိုယ်များကို ဆက်လက် ရောင်းချနေပြီး စည်းမျဉ်းမဖောက်ခဲ့ပေ။

သူတို့က ကောင်းကင်ခုံရုံး အကြောင်းကိုတောင် သူတို့ တခြားအဖွဲ့ခွဲများဆီ ပြန်မပြောခဲ့ဘူးပဲ …

ဝမ်ဝေ့က အလောင်းရောင်းဝယ်ရေးဂိုဏ်းနှင့် တခြားကမ္ဘာ့အသိုက်အဝန်းများဆက်နွယ်ထားသည့် ကြိုးမျှင်များစွာကို မြင်လိုက်သည်။

နှစ်များစွာ လေ့လာပြီးသည့်နောက်တွင် သူတို့ထံ မှားယွင်းနေသည့်အရာကို မတွေ့ခဲ့ရပေ။ ပို၍အရေးကြီးသည်က အလောင်းရောင်းဝယ်ရေးဂိုဏ်း၏ လျှို့ဝှက်အဖွဲ့ခွဲကိုပင် ရှာမတွေ့ခဲ့ပေ။

ဘာမှစိုးရိမ်နေဖို့မလိုဘူး။ ငါ့ဆီမှာ အချိန်တွေအများကြီး ရှိသေးတယ်…

ဝမ်ဝေ့က တွေးလိုက်မိ၏။ အချိန်ကျလာသည့်အခါ သူက လျှို့ဝှက်အန္တရာယ်အားလုံးကို တစ်ခါတည်းဖြင့် ဖယ်ရှားပြီး ပြန်လည်ပေါ်ထွက်လာဖို့ အခွင့်အရေးပေးမည်မဟုတ်ပေ။

ထိုအခါ သူက မရဏအရှင်နှင့် ထိပ်တိုက်ရင်ဆိုင်ရနိုင်ချေရှိပြီး သူ့လက်ရှိက ထိုအရာအတွက် အဆင်သင့်မဖြစ်သေးပေ။ ဝမ်ဝေ့က သူ့လက်ရှိအင်အားဖြင့် ဒိုင်မေးရှင်းအနိမ့်တွင် ပြိုင်ဘက်ကင်းသည်ဟု မဆိုနိုင်ကြောင်း သိလေ၏။ ထို့ကြောင့် သူက မောက်မာခြင်း မရှိဘဲ တစ်ကြိမ်လျှင် တစ်လှမ်းစီ ဂရုစိုက်နေသည်။

“အခု အချိန်ကျပြီ” သူ့လက်ထဲတွင် ဘောလီဘောအရွယ်ရှိသည့် ခဲဖြူရောင်ဘောလုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ” သူ့အသံက ဓားအရှင်၏ စိတ်ထဲ ဝင်ရောက်လာသည်။ သူက သူမ ပြုံးသည်ကို မြင်လိုက်ရ၏။

ဝမ်ဝေ့က သူ့သွေးထဲမှ ဗလာနတ္ထိစွမ်းအားကို စုစည်းကာ ဧကရာဇ်အဆင့်လေဟာနယ် တည်ငြိမ်ရေးစက်လုံးကို အားဖြည့်ပေးလိုက်သည်။ သူ ပြီးမြောက်သွားသည်နှင့် သူ့ မဟာတာအိုအရင်းအမြစ်ဖြင့် ဆေးကြောကာ လေဟာနယ်တိုက်ပွဲကွင်းပြင်ဖြင့် ပေါင်းစည်းခဲ့သည်။

သူက ထိုနေရာ၏ အပြောင်းအလဲကို ခံစားမိကာ ရေရွတ်လိုက်၏။

“အခု စမ်းသပ်ကြည့်ရမဲ့အချိန်ပဲ”

သူက တစ်ကမ္ဘာလုံးနှင့် ကောင်းကင်တာအို၏ ကံကောင်းမှု သို့မဟုတ် ကြမ္မာကို စုစည်းကာ ကြောက်မက်ဖွယ် စည်းတံဆိပ်တစ်ခုကို ဖန်တီးခဲ့သည်။ ထို့နောက် သူက လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ငရဲကမ္ဘာနှင့် ဆက်နွယ်ပြီး သူတို့၏ စည်းတံဆိပ်အချင်းချင်းကို ဆက်နွယ်ကာ ထိုဖြစ်စဉ်ကို အားဖြည့်ပေးခဲ့သည်။

“လူအိုကြီးငရဲ … ခင်ဗျားက ကျုပ်ကို သတ်ချင်နေတာမလား။ အခု အခွင့်အရေးပဲ” ဝမ်ဝေ့က လေဟာနယ်တိုက်ပွဲကွင်းပြင်အထက် ပေါ်ထွက်လာလေ၏။

“ကျစ် ကောင်စုတ်လေး” အားကောင်းသည့်အသံက တိုက်ပွဲကွင်းပြင်အတွင်း ပျံ့နှံ့လာသည်။ ကံကောင်းစွာဖြင့် အဆင့်မြင့်စည်းတံဆိပ်ဖြင့် ဖွဲ့စည်းထားလေသည်။ မဟုတ်ပါက ထိုအသံသည် ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်၏။

ဝမ်ဝေ့က မယုံနိုင်လောက်ဖွယ်စွမ်းအားဖြင့် စွမ်းအားပါရှိသည့် ဧရာမလက်ဝါးကြီးက သူ့အပေါ် ကျဆင်းလာသည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာကာ သူ့စွမ်းအားအားလုံးကို အသက်သွင်းလိုက်၏။

သူ့ဧကရာဇ်လက်နက်က သူ့နဖူးအထက် သလင်းကျောက်သဖွယ် ပြောင်းလဲသွားကာ သူ့စွမ်းရည်အားလုံးကို အားဖြည့်ပေးနေသည်။ သူ့မျက်ဝန်းအထက် အနီရင့်ရင့် လျှပ်စီးက ဖြတ်ပြေးသွားကာ သူ့တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကို ပေါင်းစည်းလိုက်သည်။ သူက တာအိုခန္ဓာကို နိုးထအသက်ဝင်စေလိုက်သည့်အတွက် ကံကြမ္မာနန်းဆောင်ဆယ်ခု ပေါ်ထွက်လာလေသည်။

သူ့ခန္ဓာကိုယ်ထဲမှ သွေးက လျှပ်စီးထက်ပင် မြန်ဆန်နေပြီး မွေးကင်းစမကောင်းဆိုးဝါးနတ်ဘုရား ၇၆ ခွန်အားကို လှုံ့ဆော်လိုက်သည်။ သူ့ဝိညာဉ်က သူ့စွမ်းဆောင်ရည် ကန့်သတ်ချက်အလိုက် လုပ်ဆောင်နေသည့်အတွက် သူ့အကြည့်များက ပိုမိုတောက်ပနေ၏။

သူက သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် မဟာတာအိုအရင်းအမြစ်ကို ထိုအရာအားလုံးကို ကိုင်စွဲနိုင်သည့် သက်ရှိအလား အနေအထားတစ်ခုအထိ တွန်းပို့နိုင်သည့် အစွမ်းထိန်းချုပ်ရေးပညာရပ်ကို အသုံးပြုလိုက်သည်။

ထို့အပြင် သူက အသစ်ဖန်တီးထားသည့် နည်းစနစ်ကို အသုံးပြုလိုက်၏။ ရှုရှစ်၏ စွဲလမ်းမှုအသုံးပြုခြင်းကို မြင်တွေ့ပြီးသည့်နောက်တွင် သူက လွတ်လပ်မှုအပေါ် စွဲလမ်းခြင်းပေါ် နည်းစနစအဖြစ် အသုံးပြုခဲ့ပြီး မဟာတာအိုအရင်းအမြစ် တစ်ရာခိုင်နှုန်း အားဖြည့်မှုကို ရယူခဲ့သည်။

ကံကြမ္မာသုတ်သင်ရေးလက်သီးချက်

လူတစ်ယောက် သို့မဟုတ် အရာဝတ္ထု၏ ကံကြမ္မာကို ပစ်မှတ်ထားသည့် လက်သီးချက်ဖြင့် ဝမ်ဝေ့က သူသည် ဒိုင်မေးရှင်းအနိမ့် တစ်ဝက်ကို ဖျက်ဆီးပစ်နိုင်ကြောင်း သိလိုက်သည်။ သို့သော်လည်း ထိုအရာက အသုံးမဝင်ခဲ့ပေ။

လက်ဝါးက သူ့တိုက်ကွက်ကို ရိုက်ထုတ်လိုက်ပြီး သူ့အပေါ် ဆက်လက်ကျဆင်းလာကာ ကမ္ဘာမြေမှ ဖယ်ရှားဖို့ ကြိုးစားနေလေသည်။

“မင်း မသေဘူးလား” လူအိုကြီးငရဲက အဝေးတစ်နေရာတွင် အသစ်ဖြစ်ပေါ်လာသည့် ဝမ်ဝေ့ကို ကြည့်ကာ မေးလိုက်၏။

သူက ထိုသူသည် အသက်ရှည်နည်းစနစ် သို့မဟုတ် အရင်းအမြစ်ဖြင့် ပြန်လည်အသက်ရှင်လာခြင်း မဟုတ်ကြောင်း သိသည့်အတွက် အံ့အားသင့်သွားလေသည်။

“ဆယ်ဆတိုက်ခိုက်ရေး နယ်ပယ်အဆင့်လား။ အဲဒီအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီးတော့ တားမြစ်နယ်ပယ်အဆင့်ကို ရောက်လုနီးပါးပဲလား”

သူ့အသံတွင် တုန်လှုပ်အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ပေ။

All Chapters