← Chapters

နောက်တစ်ဆင့်ကို မြည်းစမ်းခြင်း

Vol. 72 Ch. 1006

နောက်တစ်ဆင့်ကို မြည်းစမ်းခြင်း

Vol. 72 Ch. 1006

ခဏအကြာတွင် ဝမ်ဝေ့က လူအိုကြီးငရဲ၏ စကားများကို လျစ်လျူရှုကာ သူ့ကိုယ်သူသာ အာရုံစိုက်ထားလိုက်သည်။ သူက ပျောက်ကင်းဖို့ ငြင်းဆန်နေသည့် ဒဏ်ရာတချို့ကို တွေ့လိုက်ရသည်။ အတိအကျပြောရလျှင် သူတို့က အင်မတန် ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်နေခြင်း ဖြစ်သည်။ ထိုအရာက တာအိုဆန္ဒ သို့မဟုတ် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်း၏ စွမ်းအား မဟုတ်ကြောင်း သိလေသည်။

တည်ရှိမှုဝါစဉ်လား…

သူက တွေးလိုက်မိသည်။

ဤသည်က သူ့အနေဖြင့် ထိုကိစ္စမျိုးကို ရင်ဆိုင်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း ထိုအရာ၏ စကြဝဠာဆိုင်ရာ အသုံးအနှုန်းကို သိသည်မှာ လတ်တလောမျှသာ ရှိသေး၏။ မဟာဧကရာဇ် သို့မဟုတ် တခြားအင်မော်တယ်အဆင့် သက်ရှိများက သေမျိုးတစ်ယောက်ကို သတ်ခဲ့ပါက ထိုသေမျိုးသည် သူတို့၏ တည်ရှိမှုပယ်ဖျက်ခံရမည်ဖြစ်ကာ တခြားသူများ သေခြင်းရှင်ခြင်းတာအို၊ အချိန်တာအို သို့မဟုတ် တခြားပြန်လည်ရှင်သန်ရေးနည်းလမ်းများကို အသုံးပြု၍ အသက်မသွင်းနိုင်အောင် တားဆီးထားနိုင်သည်။

ကောင်းကင်ဘုံအဆင့်တွင် ကျင့်ကြံသူများက ဒုတိယအကြိမ် မဟာတာအိုအရင်းအမြစ် ဆေးကြောမှုကို တွေ့ကြုံရမည်ဖြစ်သည့်အတွက် သူတို့၏ တည်ရှိမှုက ဒုတိယအကြိမ် ပြောင်းလဲသွားလိမ့်မည်။ ထိုအရာက ပုံမှန်ကောင်းကင်ဘုံအဆင့်များအတွက်ပင် မှန်ကန်လေ၏။ ထိုအပြောင်းအလဲ၏ ရလဒ်က တည်ရှိမှုဝါစဉ်၏ အသုံးပြုမှု ဖြစ်လာစေသည်။

လူအိုကြီးငရဲ၏ တည်ရှိမှုက ဝမ်ဝေ့ထက် မြင့်မားနေသည်။ ထို့ကြောင့် ထိုသူက သူ့ကို ဒဏ်ရာပေးနိုင်လေ၏။ ကံကောင်းစွာဖြင့် ဝမ်ဝေ့၏ စွမ်းအားက ကောင်းကင်ဘုံအဆင့်နှင့် အင်မတန် နီးကပ်နေသည့်အတွက် သူ့ဒဏ်ရာများက မပြောပလောက်ပေ။

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့်သူကို အာရုံစိုက်လိုက်သည်။ ထိုသူက သာမန်နှင့်တူသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခပ်ထွားထွား အမျိုးသားတစ်ဦး ဖြစ်၏။ သူက ခြင်္သေ့လည်ဆံမွေးနှင့်တူသည့် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူ ရှိလေသည်။

ထိုသူပေးသည့် ခံစားချက်က ထူးဆန်းလှ၏။ ပုံမှန်အားဖြင့် အသက်ကြီးရင့်သည့် ကျင့်ကြံသူများက ပိုမိုဉာဏ်ရှိသည့် သွင်ပြင်မျိုး ရှိတတ်ကြသည်။ သို့သော် လူအိုကြီးငရဲကမူ သူ့အဘိုးနှင့်တူပြီး အရိုင်းဆန်ကာ ထိန်းချုပ်မှုကင်းလွတ်သည့် အငွေ့အသက်မျိုး ရှိနေသည်။

သူက အကြောင်းအရင်းသေးသေးလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်တဲ့ လူစားမျိုးပဲ…

“ကောင်လေး … မင်း လျှာပြတ်သွားပြီလား။ ငါ မင်းကို မေးခွန်းမေးနေတယ်”

“ကျုပ်က နည်းနည်းစိတ်ပျက်မိသွားတယ်” ဝမ်ဝေ့က ရုတ်တရက် ပြောလိုက်သည်။

“ဘာ”

“ခင်ဗျားက ဘယ်လောက်အားကောင်းလဲ။ ဘယ်လောက်တောင် ခြိမ်းခြောက်မှု ဖြစ်ခဲ့တယ်ဆိုတာကိုပဲ ကြားခဲ့ရတာလေ။ ဒါပေမဲ့…”

ဝမ်ဝေ့က သူ့စကားကို အဆုံးမသတ်ဘဲ ခေါင်းအသာယမ်းလိုက်သည်။ သို့သော်လည်း လူအိုကြီးငရဲက သူ့ကို ဒေါသတောက်လောင်နေသည့် အကြည့်များဖြင့် ကြည့်လာသည်။

သူက ဒီလိုကိစ္စလေးနဲ့ ဒီလောက်ဒေါသထွက်နေတာလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ တစ်ခါတစ်ရံ လူတစ်ယောက်၏ အရှိန်အဝါက နားလည်မှုလွဲစေနိုင်သည်။ သို့သော်လည်း ထိုသို့ဖြစ်ဟန်မပေါ်ပေ။

“ကောင်လေး”

“ခင်ဗျားရဲ့ အပြုအမူက ကျုပ်အမြင်မှာ အမှတ်တချို့ လျော့သွားပြီ။ ဒီလိုမျိုး နိမ့်ကျတဲ့ လုပ်ဆောင်ချက်မျိုးက ခင်ဗျားလိုအဆင့်အတန်းမျိုးကို တွေးကြည့်လိုက်ရင် ကျစ်ကျစ် … ”

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ အကြမ်းဖျင်း လေ့လာအကဲခတ်ပြီးသည့်နောက်တွင် ထိုသူက အဘယ်ကြောင့် ဤသို့ဖြစ်နေမှန်း နားလည်သွားခဲ့၏။

သူက ဒိုင်မေးရှင်းအမြင့်တွင် အချိန်များစွာကုန်ဆုံးပြီး ပြိုင်ဘက်ကင်းလာပြီးသည့်နောက်တွင် သူ့စိတ်အနေအထားက ပြောင်းလဲသွားသည်။ လူအိုကြီးငရဲက စည်းတံဆိပ်သာ မထားရှိပါက ပိုမိုပင် မောက်မာနေနိုင်၏။

“မင်းက ကံကောင်းမှုကို တွန်းလွှတ်နေတာပဲ”

“ကျုပ်က မှားတာပြောမိလို့လား။ ပထမဦးဆုံး ခင်ဗျားက သာမန်ကောင်းကင်ဘုံအဆင့်ပဲ။ ဒုတိယအနေနဲ့ ခင်ဗျားက ဒီလောက်နှစ်တွေအများကြီး ကြာပြီးတာတောင် အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ တတိယအနေနဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က သံသရာကို ထိန်းချုပ်ဖို့ဆိုပေမဲ့ ခင်ဗျားရဲ့ ပင်မတာအိုက သေခြင်းရှင်ခြင်း ဒါမှမဟုတ် သံသရာတာအို ဖြစ်မနေဘူး။ အဲဒီအစား သံသရာတာအိုရဲ့ အသေးစားကဏ္ဍလေးတွေ ပေါင်းစည်းထားတဲ့ တာအိုတစ်ခုပဲ။ ပြောစမ်းပါဦး ကျုပ်က ဘယ်လိုလုပ် စိတ်မပျက်ဘဲ နေပါ့မလဲ”

“သောက်ကလေး” လူအိုကြီးငရဲက ကျိန်ဆဲလိုက်သည်။

ငရဲမီးတောက် - နှိပ်စက်မီးတောက်

ဗလာကျင်းနေသည့် လေဟာနယ်တိုက်ပွဲကွင်းပြင်အတွင်း အစိမ်းရင့်ရင့် မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာမှ အော်ညည်းသံများစွာ ထွက်ပေါ်နေ၏။

ဝမ်ဝေ့က သူ့ပထမဦးဆုံး အလိုလိုသိစိတ်သည် ထိုမီးတောက်ကို စုပ်ယူပြီး သူ့နာကျင်မှု ပင်ကိုစွမ်းရည်ကို အဆင့်မြင့်အောင် တိုးမြှင့်ဖို့ ဖြစ်၏။ နှမြောစရာကောင်းလှစွာဖြင့် သူက အနာဂတ်ကို မြင်တွေ့ထားပြီးပြီဖြစ်ကာ သူက ထိုနည်းဗျူဟာကို ကြိုးစားကြည့်ခဲ့ပါက ဆိုးရွားသည့် ကံကြမ္မာက စောင့်ကြိုနေလိမ့်မည်။

မရဏမီးတောက်

အနက်ရောင်မီးတောက်တစ်ခုက ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အစိမ်းရောင်မီးတောက်ကို ရင်ဆိုင်နေသည်။ သို့သော်လည်း သူ့တိုက်ကွက်က စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့၏။ ထိုအစိမ်းရောင်မီးတောက်က သူ့ကို လွှမ်းခြုံသွားကာ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အလျင်အမြန် တိုက်စားနေသည်။

သူက ငါ့ကို ဒုက္ခ ခံစားစေချင်တာလား…

ဝမ်ဝေ့က ပျောက်ကွယ်မသွားခင် တွေးလိုက်သည်။ ထိုမီးတောက်က သူ့အလုပ်သူ လုပ်စဉ် သူက ကြောက်မက်ဖွယ် နာကျင်မှုကို ခံစားမိလိုက်၏။ သို့သော်လည်း သူက ကမ္ဘာပေါ်တွင် အကောင်းဆုံးခန္ဓာကိုယ် လေ့ကျင့်သူထဲမှ တစ်ယောက်ဖြစ်သည့်အတွက် ဤတိုက်ကွက်မျိုးက သူ့အတွက် အသုံးမဝင်ပေ။

သူက ထိုကိစ္စအသေးအမွှားကို အာရုံမစိုက်ထားတော့ဘဲ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။

သူ့သံသရာတာအိုက အတော်လေးကို ဟန့်တားခံရတာပဲ…

သူက ပထမတိုက်ကွက်ကတည်းက မူမမှန်မှုကို သတိထားမိခဲ့သော်လည်း ဒုတိယမြောက်အကြိမ်တွင် အတည်ပြုလိုက်နိုင်သည်။

ထို့ကြောင့် ကောင်းကင်ဘုံအရှင်က မဟာဧကရာဇ်၏ မဟာတာအိုအရင်းအမြစ် လုပ်ဆောင်ချက်ကို နှောင့်နှေးထားနိုင်သည်။ အကယ်၍ သူတို့၏ တာအိုသာ အတူတူဖြစ်နေပါက နှောင့်နှေးမှုအဟန့်အတားသည် ပိုမိုပြင်းထန်လာမည်ဖြစ်ကာ ပိတ်ဆို့ခြင်းအနေအထားထိ ရောက်ရှိလာနိုင်သည်။

လူအိုကြီးငရဲ၏ တာအိုက သံသရာတာအို အသေးစားကဏ္ဍမျှသာ ပါဝင်သော်လည်း ဝမ်ဝေ့ တာအို၏ ထိုကဏ္ဍကို အသုံးမဝင်ဖြစ်သွားအောင် လုပ်ဖို့ လုံလောက်နေပြီဖြစ်၏။ ထိုအရာအတွက် အဓိကအကြောင်းအရင်းကမူ ဝမ်ဝေ့၏ အဓိကကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၃၂ ရာခိုင်နှုန်းသာ ရှိသေးလေသည်။

“ကြည့်ရတာ မင်းက အပြောကြီးနေတာတော့ မဟုတ်ဘူးပဲ။ ငါ အလေးအနက် မှတ်ယူရတော့မယ်”

“ခင်ဗျား အသိပြန်ဝင်လာတာ တော်သေးရဲ့။ ဒါပေမဲ့ ကျုပ်က ပိုပြီးတော့ စိတ်ပျက်သွားမိပြီ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။ သို့သော်လည်း သူက သတိကြီးကြီး ထားထားလေသည်။ သူက လူအိုကြီးငရဲ၏ ရူးသွပ်လုနီးပါးအခြမ်းက ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် တည်ငြိမ်မှုဖြင့် အစားထိုးဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ဟုတ်တယ်။ ဒီလိုမျိုး အကြာကြီးအသက်ရှင်လာတဲ့သူက ဘယ်လိုမျိုး ထိုးဖောက်မြင်နိုင်ပါ့မလဲ…

သူက တွေးလိုက်သည်။

လူအိုကြီးငရဲက သူ့ကို တဲ့တိုးကြည့်ကာ ပြောလိုက်၏။

“ကောင်လေး မင်းက ဘာလိုချင်တာလဲ”

“ကျုပ်က နဂိုတကည်းက သိချင်စိတ်များတော့ အဖြေလိုချင်တယ်” ဝမ်ဝေ့က တဲ့တိုးသာ ပြောလိုက်သည်။

“ခင်ဗျားက အသင်္ချေအင်ပါယာကမ္ဘာမှာ ဘယ်လောက်ကြာကြာ နေခဲ့တာလဲ။ ဒီလိုမျိုးအသက်ရှည်မှုနဲ့ဆိုရင် လျှို့ဝှက်ချက်တချို့တော့ သိမှာမလား။ ခင်ဗျားနောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တဲ့ ဖြစ်ရပ်တွေ ဘယ်လောက်များ ရှိနေမလဲ။ ခင်ဗျားက ဘာလို့ စည်းပိတ်ခံခဲ့ရတာလဲ။

ခင်ဗျားက သံသရာကို ထိန်းချုပ်ဖို့ ဘာလို့ စွဲလမ်းနေရတာလဲ။ ဒိုင်မေးရှင်းအမြင့်ကနေ ကောင်းကင်ဘုံအဆင့် တစ်ယောက်အနေနဲ့ ဘယ်လို ဆင်းသက်လာခဲ့တာလဲ။ အစစ်အမှန်ကောင်းကင်က ခင်ဗျားကို ဖျက်ဆီးပစ်တာကို ဘယ်လိုတားဆီးခဲ့တာလဲ။ ကျုပ် ပြောတဲ့အတိုင်း ကျုပ်ဆီမှာ မေးခွန်းအများကြီး ရှိတယ်”

“ငါက မဖြေရင်ရော”

“အဲ့လို မလုပ်စမ်းပါနဲ့” ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ ထပ်ပြောလိုက်သည်။

“ကျုပ်က တချို့ကိစ္စတွေကိုတော့ သိသွားပြီးပြီ။ အဲဒါဆိုတော့ ကျုပ် မှန်လားဆိုတာကို ပြောပြပေါ့။ ခင်ဗျားရဲ့ ငရဲကမ္ဘာက ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ရဖို့ ပထမဦးဆုံး ကြိုးပမ်းမှုပဲ ဖြစ်လိမ့်မယ်။ အဲဒီတုန်းက ခင်ဗျားက သံသရာကို ထိန်းချုပ်တာ မဟုတ်ဘဲနဲ့ ကိုယ်ပိုင်ပုံစံကို ဖန်တီးချင်တာပဲ။

သိပ်မကြာခင် ခင်ဗျားရဲ့ ရည်မှန်းချက်က အလွန်ကြီးနေတာကို သဘောပေါက်သွားပြီးတော့ တည်ရှိပြီးသားအရာကို ထိန်းချုပ်ဖို့ အာရုံစိုက်ထားခဲ့တယ်။ အဲဒီအချိန် ခင်ဗျားက စည်းပိတ်ခံခဲ့ရတာပဲ။ အဲဒါကြောင့် ဒိုင်မေးရှင်းအနိမ့်ရဲ့ သံသရာက အကောင်းအတိုင်း ရှိနေသေးတာ။ သံသရာကိစ္စ ပါဝင်နေတော့ အစစ်အမှန်ကောင်းကင်တာအိုအနေနဲ့ ခင်ဗျားရဲ့ စည်းတံဆိပ်ထဲမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေလိမ့်မယ်”

ဝမ်ဝေ့က လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်ဧကရာဇ်ရာထူးသုံးခုမှ ကောက်ချက်ချထားသည့် လျှို့ဝှက်ချက်တချို့ကို အခြေခံ၍ အမှန်တရားကို သဘောပေါက်ခဲ့သည်။ အစစ်အမှန်ကောင်းကင်တာအိုက ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်နေသည့် မြေကမ္ဘာဧကရာဇ်ရာထူးကို အတော်လေး တင်းကြပ်ဟန်ပေါ်သည်။

ထိုတွေ့ရှိချက်ကြောင့် ကပ်ပါး၈ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် မြေကမ္ဘာဧကရာဇ်သည်ပင် အတုအယောင် မြေကမ္ဘာဧကရာဇ် ဖြစ်နေနိုင်ကြောင်း သံသယရှိမိသည်။ အနည်းဆုံးတော့ သူ့ရာထူးနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက် သို့မဟုတ် ပြစ်ချက်တချို့ရှိနေလိမ့်မည်။

“ခင်ဗျား ဘယ်လိုထင်လဲ။ ကျုပ် ပြောတာမှန်ရဲ့လား” ဝမ်ဝေ့က ပြုံးကာ မေးလိုက်သည်။ သို့သော် သူက လူအိုကြီးငရဲ၏ မျက်နှာအမူအရာကို အသေးစိတ် လေ့လာနေသည်။ ထိုသူ၏ တကယ့်ရည်ရွယ်ချက်က ပြန်လည်ဝင်စားခြင်း ဟွင်သွမ်းစကြဝဠာ၏ နောက်ထပ်ပုံစံတစ်ခုကို ပြန်လည်ထုတ်ဖော်ခြင်း သို့မဟုတ် ဖန်တီးခြင်းဖြင့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရောက်ရှိဖို့ ကြိုးစားနေခြင်း ဖြစ်၏။

သို့သော်လည်း ထိုကောက်ချက်ချမှုတွင် ဟာကွက်ကြီး ရှိနေလေသည်။ လူအိုကြီးငရဲက အားနည်းလွန်းလှသည်။ အကယ်၍ သူသာ ထူးကဲသာလွန်မှုကို ရယူဖို့ အတွေးကောင်းရှိနေပါက ဒိုင်မေးရှင်းအနိမ့်တွင် ကုန်ဆုံးခဲ့သည့်အချိန်များကို ထိပ်သီးစံပြတစ်ယောက်ဖြစ်လာဖို့ အသုံးပြုသည်က ပို၍ကောင်းလိမ့်မည်။

“တစ်ခါတစ်လေ အများကြီးသိတာက ကောင်းတဲ့အရာမဟုတ်ဘူး” လူအိုကြီးငရဲက တည်ငြိမ်စွာပြောလိုက်သည်။ သူက အချိန်အတော်ကြာသည်အထိ ဤမျှ ဒေါသမထွက်ခဲ့ဖူးပေ။ သို့သော်လည်း သူက ပိုမိုတည်ငြိမ်လာလေလေ၊ ကြောက်ဖို့ကောင်းသည့်သူ ဖြစ်၏။ ထို့ကြောင့် သူက ဤစကားဝိုင်းအတွင်း အတော်လေး စိတ်အေးလက်အေးဖြစ်နေဟန်ပေါ်သည်။

“ကျုပ် သဘောတူတယ်။ အသိပညာဆိုတာက ကျိန်စာတစ်ခုပဲ။ ဒါပေမဲ့ အဲဒါက ဘယ်လိုသုံးရမလဲ မသိတဲ့သူတွေအတွက်ပဲ” ဝမ်ဝေ့က ထွက်ပြောလိုက်သည်။

“ကောင်စုတ်လေး” လူအိုကြီးငရဲက ရယ်မောလိုက်သည်။

“တစ်ယောက်ယောက်က ငါ့ကို ဒီလောက် ဒေါသထွက်စေတာ မယုံနိုင်သေးဘူး။ မင်း ဂုဏ်ယူသင့်တယ်။ မင်းက ငါ သတ်ကို သတ်ရမဲ့ စာရင်းထဲမှာ အမြန်ဆုံးရောက်သွားတဲ့သူအဖြစ် မှတ်တမ်းတင်သွားပြီ”

လူအိုကြီးငရဲက အညောင်းအညာဖြေနေစဉ် ဝမ်ဝေ့က သူ့ကို ကြည့်လာသည်။

“ကြည့်ရတာ ခင်ဗျားက စကားပြောချင်တဲ့ စိတ်အခြေအနေ မဟုတ်ဘူးပဲ။ ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် ကျုပ်ကို သတ်ရင်တောင် ဒီနေရာက စည်းတံဆိပ်ကို ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို သိသွားလောက်ပါပြီ” လူအိုကြီးငရဲက မျက်မှောင်ကြုတ်လိုက်၏။

“ဒီလိုဆိုရင် မင်းရဲ့ ဝိညာဉ်ကို ထိန်းချုပ်ပြီး သန့်စင်ဖို့ပဲ လိုတာပေါ့”

“အင်း ဒီလိုစိတ်ဓာတ်ပဲ” ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။

“နောက် ကျင့်ကြံဆင့်ရဲ့ အရသာကို မြည်းစမ်းပါရစေဦး”

“မင်းက တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရောက်နိုင်ဖို့ ငါ့ကို ခြေနင်းကျောက်တုံးအဖြစ် သုံးချင်နေတာမလား။ မင်း အိပ်မက်သာ ဆက်မက်နေလိုက်”

“ကြည့်ရတာ ခင်ဗျားက ကျုပ် ပြောသလောက် မတုံးဘူးထင်တယ်” ဝမ်ဝေ့က အားပါးတရ ရယ်မောလိုက်၏။

ဝုန်း

သူ့ခန္ဓာကိုယ်က အမှုန်များစွာအဖြစ် ပေါက်ကွဲထွက်သွားသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အမာရွတ်များစွာဖြင့် အဝေးတစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့၏။ ဝမ်ဝေ့အနေဖြင့် သူ့အစစ်အမှန်စိတ်ဆန္ဒကို အသုံးပြုပြီး ကုသနိုင်စွမ်းကို မြှင့်တင်ခြင်းက တည်ရှိမှုဒဏ်ရာများကို ဖြေရှင်းဖို့ နည်းလမ်းကောင်းဖြစ်ကြောင်း သဘောပေါက်သည့်အတွက် သိပ်ဂရုမစိုက်ပေ။

“ကောင်းပြီ။ စမ်းကြည့်ရအောင်” သူက ဒုတိယအကြိမ်မြောက် ဆက်လက် ရှေ့တိုးသွားလိုက်သည်။

All Chapters