← Chapters

နောက်အဆင့်ကို မြည်းစမ်းခြင်း အပိုင်း(၂)

Vol. 72 Ch. 1007

နောက်အဆင့်ကို မြည်းစမ်းခြင်း အပိုင်း(၂)

Vol. 72 Ch. 1007

ဝမ်ဝေ့က တတိယအကြိမ်မြောက် သေဆုံးသွားသော်လည်း သူ့ရည်ရွယ်ချက်ကို မပြီးမြောက်မချင်း မရပ်တန့်မည့် “Terminator” များကဲ့သို့ ဖြစ်နေလေသည်။ သူ့အတွက် နှမြောစရာကောင်းလှသည်က လူအိုကြီးငရဲသည် လေးကြိမ်မြောက်တွင် ကွဲပြားသည့် နည်းဗျူဟာကို အသုံးပြုလာခဲ့သည်။

ငရဲသံကြိုး

လူအိုကြီးငရဲ၏ အနောက်ဖက်တွင် ကြောက်မက်ဖွယ် အနီရောင် ငရဲဂိတ်ပေါက် ပေါ်ထွက်လာခဲ့ပြီး အထဲမှ သံကြိုးများစွာ ထွက်ပေါ်လာကာ တစ်ဖက်လူဆီ ဝင်ရောက်လာသည်။

ဝမ်ဝေ့က သူနှင့် ထိုတိုက်ကွက်ကြား စကြဝဠာများစွာကို ဖန်တီးပြီး သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။ ဤသည်က သူ့ခုခံမှု၏ အဆုံးသတ် မဟုတ်သေးပေ။ ထိုစကြဝဠာများထဲတွင် သူက အချိန်မြစ်ကြောင်းကိုပင် ပြန်လည်ဖန်တီးခဲ့၏။ တခြားနည်းဖြင့် ပြောရလျှင် လူအိုကြီးငရဲ၏ သံကြိုးက သက်ရှိများစွာ၏ ကံကြမ္မာနှင့် ထိပ်တိုက်ရင်ဆိုင်ရင်း အဆုံးမဲ့စကြဝဠာကို ထိုးဖောက်လာရမည် ဖြစ်သည်။ သို့သော် သံကြိုးများက စက္ကန့်ပိုင်းမျှသာ ရပ်တန့်သွားပြီး ဝမ်ဝေ့ဆီ ကျရောက်လာကာ သူ့ကို ဖမ်းဆီးလိုက်၏။

သူက တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ပြီး သံကြိုးများမှ ရှောင်ရှားလိုက်၏။

ကွာဟချက်က ဒီလောက်တောင် ကြီးမားတယ်လား…

သူ့စွမ်းအားက မဟာဧကရာဇ်အဆင့်၏ ကန့်သတ်ချက်သို့ ရောက်နေပြီး မဟာတာအိုအရင်းအမြစ် ၆၉.၉၉ ရာခိုင်နှုန်းရောက်ရှိနေသော်လည်း တိုက်ပွဲက တစ်ဖက်သတ် ဖြစ်နေလေသည်။

သူက ဘေးပတ်လည် စည်းတံဆိပ်များကို အသုံးပြုကာ လူအိုကြီးငရဲသည် ဤကွင်းပြင်တွင် သူ့စွမ်းအား ၇၀ရာခိုင်နှုန်းကိုသာ ထုတ်သုံးနိုင်ဖို့ ချမှတ်လိုက်သည်။

အဆိုးဆုံးအနေအထားက အဲဒီလူက တိုက်ပွဲ မတိုက်တာကြာတော့ သူ့ရဲ့ တိုက်ပွဲဉာဏ်ရည်နဲ့ အတွေ့အကြုံက သာမန်ဖြစ်နေသေးတာပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်ပြီး နောက်ထပ်နည်းဗျူဟာကို စဉ်းစားလိုက်သည်။ သူက မဟာတာအိုအားဖြည့်မှု အားလုံးကို အသုံးပြုကာ သူ့ဝိညာဉ်ကို ကောင်းချီးပေးပြီး တိုက်ခိုက်လိုက်သည်။

ဝိညာဉ်ရိုက်ချက်

လူအိုကြီးငရဲက လက်ကိုဝှေ့လိုက်ပြီး မျက်မှောင်အသာကြုတ်လိုက်သည်။ ဝမ်ဝေ့၏ အားကောင်းသော ဝိညာဉ်တိုက်ကွက်က တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားလေ၏။

အဲဒါဆိုတော့ ဝိညာဉ်မှာ ကျွမ်းကျင်သူလား။ မဟုတ်သေးဘူး။ ဒါက ယင်ချီနဲ့ သက်ဆိုင်တဲ့ စွမ်းအားပဲ ဖြစ်ရမယ်…

ကံကြမ္မာသံကြိုး

ဝမ်ဝေ့က လွှမ်းမိုးနိုင်စွမ်း သို့မဟုတ် ကံကြမ္မာမှတဆင့် လူတစ်ယောက်အပေါ် ထိန်းချုပ်နိုင်စွမ်းရှိသည့် သူ့ကိုယ်ပိုင်သံကြိုးကို ဖွဲ့စည်းလိုက်သည်။ သံကြိုးများက ထိပ်တိုက်တွေ့ဆုံသွားပြီး ကံကြမ္မာက ငရဲထက် ပိုမိုစွမ်းအားပြင်းနေသည်။

အချုပ်အနှောင်များမှ လွတ်မြောက်ခြင်း

ဝမ်ဝေ့ တာအို၏ လွတ်မြောက်ရေး ကဏ္ဍက အသက်ဝင်လာကာ ထိုတိုက်ကွက်ကို ဖြေရှင်းခဲ့သည်။ ရလဒ်က အတူတူသာ ဖြစ်၏။ စွမ်းအားကွာခြားမှုက နည်းဗျူဟာအားလုံးသည် အသုံးမဝင်ကြောင်း သက်သာနေသည်။ ထို့ကြောင့် သူက သူ့ကိုယ်ပိုင်ရွေးချယ်မှုကြောင့် ထပ်မံ သေဆုံးသွားပြန်သည်။ သူ ပြန်လည်အသက်ရှင်လာသည့်အခါ မျက်နှာအထက် အမာရွတ်များ ပေါ်ထွက်လာ၏။ သို့သော် သူက ဂရုမစိုက်ပေ။

လူအိုကြီးငရဲက စိတ်မရှည်တော့မှန်း မြင်လိုက်သည့်အတွက် အချိန်က သူ့ဘက်တွင် မရှိတော့ပေ။

ထင်ထားသည့်အတိုင်း တိုက်ပွဲကွင်းပြင်အတွင်း ငရဲမှ မိစ္ဆာသက်ရှိများစွာ ပေါ်ထွက်လာကာ ဝမ်ဝေ့ကို ဖမ်းဆီးဖို့ ကြိုးစားနေကြသည်။

သူက ငါ့ကို ဖမ်းဆီးဖို့ ဆုံးဖြတ်ထားတာပဲ….

သူက တွေးလိုက်မိသည်။ အားလုံးက သူတို့၏ သခင်ကို လွတ်မြောက်ဖို့ရာအတွက် သူ့ကို အသက်ရှင်လျက် ဖမ်းဆီးဖို့ရာ အာရုံစိုက်ထားကြဟန်ပေါ်၏။

အချိန်မရှိတော့ဘူး။ ငါ့အစီအစဉ်က အလုပ်မဖြစ်ဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤတိုက်ပွဲအတွက် သူ့ရည်ရွယ်ချက်တစ်ခုက တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ချောင်းကြည့်နိုင်ဖို့ ဖြစ်၏။

နှမြောစရာကောင်းလှသည်က ထိပ်တိုက်ရင်ဆိုင်မှုတချို့နှင့် သေဆုံးမှုအကြိမ်ရေ အနည်းငယ်အပြီးတွင် သူက ရှေ့လျှောက်ရမည့် လမ်းစဉ်ကို မမြင်ရသေးပေ။ သူ့စိတ်ထဲ ပေါ်ထွက်လာသည့်အတွေးက သူ့ဝိညာဉ်ကို စည်းဖွင့်ကာ ကောင်းကင်ဘုံအရည်အသွေးအဆင့် ဝိညာဉ်စွမ်းအားကို ရယူဖို့ ဖြစ်၏။

သို့သော်လည်း ဝမ်ဝေ့က ထိုနည်းလမ်းသည် ဈေးပေါကာ အစစ်အမှန် တားမြစ်တိုက်ခိုက်ရေးနယ်ပယ်အဆင့် မဟုတ်ကြောင်း ခံစားမိသည်။ အင်မော်တယ်အဆင့် သုံးခုလုံး၌ တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရရှိဖို့ရာ သူ့ရည်ရွယ်ချက်အတွက် အကျိုးဆက်များ ရှိနေနိုင်သည်။

နောက်တစ်ခု စမ်းကြည့်ရအောင်…

သူက တွေးလိုက်မိပြီး ခန္ဓာကိုယ်၏ ဂုဏ်သတ္တိဖြစ်သည့် ဗလာနတ္ထိကို အသက်သွင်းလိုက်သည်။ တာအိုကို သက်သေပြပြီး သူ့လူသား မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် ဗလာအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ကျွမ်းကျင်လာပြီ ဖြစ်၏။

ဝုန်း

ဝမ်ဝေ့၏ လက်သီးချက်က လူအိုကြီးငရဲ၏ သံကြိုးကို ထိုးနှက်လိုက်သည်။ သူ့အကြည့်က တောက်ပလာ၏။ သူက သူ့တိုက်ကွက်သည် သံကြိုးကိုအနည်းငယ် ထိခိုက်မှုဖြစ်စေခဲ့ကြောင်း သတိထားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့စွမ်းအားက သံကြိုးကို တိုက်စားနေကြောင်း မြင်တွေ့လိုက်ရသည်။

ဒါက အဖြေလား။ ဗလာနတ္ထိစွမ်းအား အများကြီးကို ငါ ဗလာနတ္ထိရဲ့ ထိပ်သီးအဆင့်ရောက်တဲ့အထိ ဖွဲ့စည်းပြီးမှ တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရမှာလား…

အပ်တိုစက္ကန့်ပိုင်းလေးအတွင်း ဝမ်ဝေ့က အချိန်မြစ်ကြောင်းမှတဆင့် ဂမ္ဘီရများစွာနှင့် တူညီသည့် အဆုံးမဲ့ဖြစ်နိုင်ချေများစွာကို တွက်ချက်ကာ ကောက်ချက်ချလိုက်သည်။ သူက ပြုံးလိုက်၏။

ပြီးပြည့်စုံမှု အုတ်မြစ်က တစ်ခုတည်းသော နည်းလမ်းလား…

သူ့ကောက်ချက်ချမှုက အောင်မြင်ပြီး ဗလာနတ္ထိစွမ်းအားက တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရရှိဖို့ နည်းလမ်းတစ်ခု ဖြစ်နေသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားပမာဏက များစွာ ဆုပ်ကိုင်ထားဖို့ လိုအပ်ပြီး သူ့ကောက်ချက်ချမှုအများစုတွင် သူ့အား ပျက်စီးသွားစေကာ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားစေလိမ့်မည်။

ထိုရလဒ်က သူသည် ကောင်းကင်ဘုံအဆင့် သို့မဟုတ် ခွန်အားဂိတ်ပေါက်ကို မဖွင့်လှစ်နိုင်သရွေ့ အတူတူသာ ဖြစ်၏။ သူက သူ့သွေးမျိုးဆက်ကို အားဖြည့်ပြီး ဗလာနတ္ထိစွမ်းအားဖြင့် လိုက်လျောညီထွေမှုကို မြှင့်တင်နိုင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

ထိုကောက်ချက်ချမှုအပြီးတွင် ဝမ်ဝေ့က တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရောက်ရှိဖို့ရာအတွက် လူတစ်ယောက်၏ ပါရမီ၊ အားစိုက်ထုတ်မှု သို့မဟုတ် ဦးနှောက်ပေါ်တွင်သာ မှီခိုနေခြင်း မဟုတ်ကြောင်း သိလိုက်ရ၏။ အောင်မြင်မှုအတွက် ရှေ့ပြေးက လူတစ်ယောက်၏ ကံကောင်းမှု သို့မဟုတ် နောက်ခံအပေါ် မူတည်နေသည်။ ထိုအဆင့်ကို ရောက်ရှိဖို့ရာအတွက် ရှားပါးအရင်းအမြစ်များစွာ လိုအပ်ပြီး အစစ်အမှန် ကောင်းချီးပေးခံထားရသည့်သူများကသာ အောင်မြင်လိမ့်မည်။

သူ့အတွက် ကံဆိုးသည်က သူသည် အစစ်အမှန် ကောင်းချီးပေးခံထားရသည့်သူ တစ်ဦး ဖြစ်နေသော်လည်း ဤရေကန်ငယ်အတွင်း ပိတ်ဆို့နေဆဲသာ ဖြစ်၏။ ဒိုင်မေးရှင်းအနိမ့်က သူလိုအပ်နေသည့် အရင်းအမြစ်များ မရှိပေ။ သူက အလင်းမဲ့အမှန်တရားထံ မမေးသရွေ့ ဖြစ်သည်။

သို့သော်လည်း သူက ပြီးပြည့်စုံသည့် အုတ်မြစ်နှင့် ဗလာအဆင့် ကျင့်ကြံရေးအတွက် အရင်းအမြစ်များအကြောင်း မေးဖို့ရာက အကျိုးဆက်ရှိမည်လား မသိရသေးပေ။ ထို့အပြင် ယခင်တွက်ချက်ထားမှုအရ ပြီးပြည့်စုံသည့် အုတ်မြစ်ကို ရယူခြင်းက တူညီသည့် သက်ရောက်မှုမျိုး ရှိ၏။

ဝူဟုန်က ဒီရလဒ်ကို မှန်းဆမိလို့ ငါ့ကို ပြီးပြည့်စုံတဲ့ အုတ်မြစ်ချဖို့ အကြံပေးခဲ့တာနေမယ်…

သူက ၅ကြိမ်မြောက် သေဆုံးသွားခဲ့သည်။ ဝမ်ဝေ့က အတွေးနက်နေမိသည်။ သူက တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရယူဖို့ ကိုယ်ပိုင်နည်းလမ်း ရှိနေပြီး ပြီးပြည့်စုံသည့် အုတ်မြစ်ကို အသုံးပြုဖို့ရာအတွက် အဆင်ပြေသည်။

ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်၏။ သူက ဆုံးဖြတ်ထားပြီးသားဖြစ်သော်လည်း အနည်းငယ် ဝန်လေးနေမိသည်။ ထို့ကြောင့် သူက ဤမျှနှောင့်နှေးနေခြင်း ဖြစ်၏။

လူအိုကြီးငရဲက တစ်ဖက်လူ၏ အပြောင်းအလဲကို အာရုံခံစားမိလိုက်သည်။ ထို့ကြောင့် သူက တိုက်ကွက်ကို ယာယီရပ်တန့်လိုက်ပြီး မေးလိုက်သည်။

“မင်းက စိတ်ပြောင်းသွားပြီးတော့ မင်းရဲ့ အားထုတ်မှုတွေက အသုံးမဝင်တော့ဘူးဆိုတာကို သိသွားပြီလား”

“ခင်ဗျားက ကျုပ် လုပ်နေတာ အသုံးမဝင်ဘူးဆိုတာကို သိနေတယ်ပေါ့”

“ဒါပေါ့ တားမြစ်တိုက်ခိုက်ရေးနယ်ပယ်အဆင့်က ဒဏ္ဍာရီပဲ။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသမိုင်းတစ်လျှောက် ဘယ်သူကမှ မအောင်မြင်ခဲ့တာတောင် အံ့အားသင့်စရာ မဟုတ်ဘူး။ အဲ့လောက်တောင် ရှားပါးတယ်”

“ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် ပထမအကြိမ်ဆိုတာ ရှိတတ်တာပဲ”

“ဒီနေ့ခေတ်လူငယ်တွေက လက်လှမ်း မမှီတဲ့အရာတွေကို အိပ်မက်မက်နေကြတာပဲ”

“ခင်ဗျားအတွက်လည်း အတူတူပါပဲ။ အဲဒါတောင် ခင်ဗျားက မရပ်တန့်ခဲ့ဘူးလေ”

လူအိုကြီးငရဲက မျက်မှောင်ကြုတ်လိုက်ပြီး ပြန်လည်တည်ငြိမ်သွားသည်။

“ကောင်းပြီ။ မင်းအတွက် လုံလောက်ပြီ။ တိုက်ပွဲကို အဆုံးသတ်လိုက်ရအောင်”

ငရဲဘုရင်

အရိုးများဖြင့် ပြုလုပ်ထားသည့် အနက်ရောင်ချပ်ဝတ်က လူအိုကြီးငရဲ၏ ထွားကျိုင်းကျိုင်း ခန္ဓာကိုယ်အထက် ပေါ်ထွက်လာခဲ့သည်။ သူ့ဆံပင်ရှည်နှင့် မုတ်ဆိတ်များက ခရမ်းရောင် မီးတောက်အဖြစ် ပြောင်းလဲသွားပြီး သူ့မျက်လုံးက မျက်ဆံ မရှိသည့် အနီရောင်အဖြစ် ပြောင်းလဲသွားသည်။

ဝမ်ဝေ့က ထိုအသွင်ပြောင်းမှုအပြီးတွင် စည်းတံဆိပ်က ကန့်သတ်ချက်ထိ ရောက်အောင် တွန်းပို့ခံလိုက်ရသည်ကို အာရုံခံမိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ယခင်လူအိုကြီးငရဲ၏ စွမ်းအားက ၇၀ ရာခိုင်နှုန်းမျှ ရှိနေလျှင် ယခုအခါ ၇၉.၉၉ ရာခိုင်နှုန်းရောက်ရှိသွားလေပြီ။

ဝမ်ဝေ့က ရုတ်တရက် ရယ်မောလိုက်သည်။ သူက ဆေးလုံးတစ်လုံး ထုတ်ကာ ပါးစပ်ထဲ မျိုချလိုက်၏။

ဝုန်း

သူ့အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်သွားကာ တစ်ဖက်လူနှင့် ယှဉ်နိုင်လောက်သည်။

“မင်း ဘာလုပ်လိုက်တာလဲ။ ဘာဆေးလုံးလဲ” လူအိုကြီးငရဲက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ကောင်းကင်ဘုံအဆင့် တက်လှမ်းရေးဆေးလုံးပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“နာမည်အတိုင်း ကျုပ်စွမ်းအားက ခင်ဗျားနဲ့ ယာယီ လက်ရည်တူနေလိမ့်မယ်”

“မဖြစ်နိုင်တာ ဒီဆေးလုံးမျိုးက သန့်စင်လို့ မရဘူး။ ဒိုင်မေးရှင်းအနိမ့်မှာ မရှိနိုင်ဘူး”

“ခင်ဗျားရဲ့ တည်ရှိမှုက ကမ္ဘာပေါ်မှာ ဘာမှအကြွင်းမဲ့ မဟုတ်ဘူးဆိုတာကို ပြသနေတာပဲ မဟုတ်ဘူးလား” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ ခင်ဗျား ပြောတာမှန်တယ်။ ကျုပ်လည်း ဒီဆေးလုံးကိုရဖို့ အတော်လေး အားထုတ်လိုက်ရတယ်”

ဝမ်ဝေ့က လူအိုကြီးငရဲ စိတ်ရှုပ်ထွေးနေစဉ် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ခံစားလိုက်သည်။

“ပုံရိပ်ယောင် ဆေးလုံးကျမ်း”

ထိုလူအိုကြီးငရဲက သဘောပေါက်သွားခဲ့သည်။ ထိုကျမ်းက ထူးကဲလှပြီး အသုံးပြုသူအား ပါဝင်ပစ္စည်းများ မရှိဘဲ ပုံရိပ်ယောင်ဆေးလုံးကို ဖန်တီးခွင့်ပြုထားသည်။

“ဆေးဖော်စပ်နည်းကို ဒိုင်မေးရှင်းအမြင့်က ရခဲ့တာမလား။ အဲဒီ … မင်းရဲ့ ဘိုးဘေးလား”

“ဟုတ်တယ်” ဝမ်ဝေ့က ထိုသူ၏ အမူအရာပျက်ယွင်းနေသည်ကို လျစ်လျူရှုကာ ခေါင်းညိတ်လိုက်သည်။ သူက သွေးကြောများမှတဆင့် ထွက်ပေါ်နေသည့် စွမ်းအားကို ခံစားမိလိုက်၏။

ဒီစွမ်းအားက စွဲမက်လောက်စရာပဲ။ ဘာမဆိုလုပ်နိုင်ပြီးတော့ ပြိုင်ဘက်ကင်းနေတယ်လို့ ခံစားမိနေတယ်။ ဒီအဆင့်ကို ရောက်ဖို့ မြင့်မားတဲ့ တာအိုနှလုံးသား လိုတယ်ဆိုတာ မထူးဆန်းတော့ဘူး

သူက မဟာဧကရာဇ်များထဲမှ အကောင်းဆုံး လူများပင် ထိုစွမ်းအားထဲ ပျောက်ဆုံးသွားဖို့ မည်မျှလွယ်ကူကြောင်း ယခုမှ သိလိုက်ရသည်။

ကောင်းကင်ဘုံအဆင့်က ဒီလောက်တောင် အားကောင်းနေရင် စံပြအဆင့်တွေက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ…

ဝမ်ဝေ့က သဘောပေါက်ပြီးသည့်နောက်တွင် ထိုကပ်ပါးများကို လျှော့မတွက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့က မည်မျှပင်အားနည်းနေသည်ဟု ပြောစေကာမူ သို့မဟုတ် သူတို့၏ အပြုအမူများကို မည်မျှပင် မကျေနပ်စေကာမူ သူတို့သည် စံပြအဆင့်သာ ဖြစ်သည့်အတွက် အလေးအနက် မှတ်ယူရမည်။

အကယ်၍ သူသာ ဂရုမစိုက်ပါက သူသာလျှင် ဒုက္ခတွေ့ရသည့်သူ ဖြစ်သွားနိုင်သည်။

“ကောင်းပြီ။ တိုက်ပွဲကို တကယ်ကို စလိုက်ကြရအောင်”

All Chapters