← Chapters

နောက်အဆင့် မြည်းစမ်းခြင်း အပိုင်း(၃)

Vol. 72 Ch. 1008

နောက်အဆင့် မြည်းစမ်းခြင်း အပိုင်း(၃)

Vol. 72 Ch. 1008

ဓားဧကရီ ပေးထားသည့် ဆေးလုံးက အမှန်တကယ် မှော်ဆန်လှသည်။ ထိုအရာက သူ့ဝိညာဉ်ကို ကောင်းကင်ဘုံအဆင့် မြှင့်တင်ပေးခြင်း မဟုတ်ပေ။ ထိုအရာက သူ့ခန္ဓာကိုယ်၏ ခွန်အားကို တိုးမြှင့်ခြင်း သို့မဟုတ် ကြုံရာကျပန်း အားကောင်းသည့် စွမ်းရည်တစ်ခုကို ရှိလာစေခြင်း မဟုတ်ပေ။

ထိုဆေးလုံးက ပြီးပြည့်စုံသည့် အထုပ်လေး တစ်ခု ဖြစ်၏။ သူ့ဝိညာဉ်က ယာယီ ထိုအဆင့်သို့ ရောက်ရှိသွားကာ သူ့ခန္ဓာကိုယ်ကလည်း အနည်းဆုံး မွေးကင်းစမကောင်းဆိုးဝါးနတ်ဘုရား ၁၀ ခွန်အား တိုးပွားလာသည်။ ပို၍အရေးကြီးသည်က သူ့မဟာတာအိုအရင်းအမြစ်သည် ၇၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။

ဆေးလုံးက သူ့အား အနာဂတ်၏ အလားအလာကို ပေးစွမ်းလေသည်။ ဝမ်ဝေ့က ထိုဆေးလုံးသည် အဖိုးတန်ပြီး ဒိုင်မေးရှင်းအမြင့်မှလူများသည် လူတချို့အား အဆင့်တက်လှမ်းဖို့ရာ ကြိုတင်ပြင်ဆင်ဖို့အတွက် မြင့်မားသည့် အဆင့်၏ စွမ်းအားကို တွေ့ကြုံခံစားဖို့ အသုံးပြုစေခြင်း ဖြစ်သည်။

ထို့အပြင် ထိုအရာက လူတစ်ယောက်၏ တာအိုနှလုံးသည် ကောင်းကင်ဘုံအဆင့်တစ်ယောက်၏ စံနှုန်းဖြင့် ကိုက်ညီလား စမ်းသပ်ပေးနိုင်ဖို့လည်း အသုံးပြုနိုင်သည်။

ဒါပေမဲ့ ငါက တကယ့် ကောင်းကင်ဘုံအဆင့် မဟုတ်သေးဘူး…

ဝမ်ဝေ့က ဆက်လက် မတိုက်ခိုက်ခင် တွေးလိုက်သည်။

ကံကြမ္မာသုတ်သင်ရေး လက်သီးချက်

လူအိုကြီးငရဲ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သူက မရဏအငွေ့အသက်ကို ခံစားမိလိုက်၏။ သူက တုံ့ဆိုင်းမနေဘဲ တုံ့ပြန်လိုက်သည်။

ငိုကြွေးဝိညာဉ် တံတိုင်း

သူ့ရှေ့တွင် တံတိုင်းထောင်ချီပေါ်ထွက်လာပြီး တစ်ခုချင်းစီက အကုသိုလ်ပြည့်နှက်နေသည့် ဝိညာဉ်ထရီလီယံဖြင့် ပြုလုပ်ထားသည်။

ထိုဝိညာဉ်က လူအိုကြီးငရဲကိုယ်စား အစားဝင်ကာ သူတို့၏ ကံကြမ္မာကို သူ့အစား ပျက်သုဉ်းသွားစေသည်။ ထိုနည်းလမ်းဖြင့် သူက တိုက်ကွက်ကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့၏။ သို့သော် သူ့တခြားနည်းလမ်းက ကျရှုံးသွားခဲ့သည်။

သူက ထိုလူများ၏ အကုသိုလ်ကို တိုက်ခိုက်သူဆီ ကူးပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ဝမ်ဝေ့က ထိုနည်းလမ်းကို တိတ်တဆိတ် လှောင်ပြောင်လိုက်၏။ လူအိုကြီးငရဲ၏ ကံတာအိုအသုံးပြုမှုက အနိမ့်ဆုံးအဆင့်ဖြစ်ကာ အကောင်း၊ အဆိုးကဲ့သို့ အခြေခံအရာများကိုသာ အာရုံစိုက်ထားသည်။

အဲဒါဆိုတော့ သူ့အပေါ် ဘယ်လိုလုပ် သက်ရောက်မှုရှိမှာလဲ…

ကံကြမ္မာ အချုပ်အနှောင်

ကောင်းကင်ဘုံအရှင် တစ်ယောက်အနေဖြင့် လူအိုကြီးငရဲက အသက်မည်မျှသတ်ခဲ့မည်နည်း။ သူ့ရည်မှန်းချက်နောက်လိုက်နေစဉ် သူလွှမ်းမိုးခဲ့သည့် ကမ္ဘာ မည်မျှရှိမည်နည်း။ သူ့ကမ္ဘာထံ တင်ရှိသည့် အကြောင်းတရားနှင့် အကျိုးတရား မည်မျှရှိမည်နည်း။

ပုံမှန်အားဖြင့် သူသည် မြင့်မားသည့် သက်ရှိဖြစ်သည့်အတွက် ထိုကိစ္စကို စိုးရိမ်စရာ မလိုအပ်ပေ။ သို့သော်လည်း သူနှင့် အဆင့်တူသူနှင့် ရင်ဆိုင်သည့်အခါ ပြဿနာ တက်လာနိုင်သည်။ ထိုသူက သူ့ယခင်အပြုအမူများကို အနှောင်အဖွဲ့အဖြစ် ပြောင်းလဲပစ်နိုင်၏။

သူ့လည်ပင်း၊ လက်နှင့် ခန္ဓာကိုယ် အောက်ပိုင်းအထက် အနီရောင်ကြိုးမျှင်များ ထွက်ပေါ်လာကာ သူ့ကို ရစ်ပတ်ထားသည်။ လူအိုကြီးငရဲက ယင်စွမ်းအားနှင့် မရဏချီပြည့်နှက်နေသည့် ဓားတစ်ချောင်းကို ဖွဲ့စည်းကာ ထိုကြိုးမျှင်များကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့သည်။

နှမြောစရာကောင်းလှသည်က သူ့အပြုအမူသည် အသုံးမဝင်ခဲ့ပေ။

ပြောရလျှင် သူ့အပြုအမူက ကြိုးမျှင်များ၏ စွမ်းအားကို လှုံ့ဆော်လိုက်သလို ဖြစ်သွားကာ သူက ပိုမိုရုန်းကန်လေလေ ကြိုးမျှင်များက ပိုမိုတင်းကြပ်လာလေလေဖြစ်ပြီး အတိတ်မှ အပြုအမူများ၏ သက်ရောက်မှုကို ခံယူနေရသည်။

“ကျစ်” သူ့ခန္ဓာကိုယ်က အစိမ်းရင့်မီးတောက်တစ်ခု ပေါက်ကွဲထွက်လာပြီး အဝေးတစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။

ဝမ်ဝေ့က သူ့ကြိုးမျှင်သည် တစ်ဖက်လူဆီ မသွားနိုင်ကြောင်း မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက အမှန်တရားကို ရှာဖွေတွေ့ရှိသည့်အခါ အကြည့်များ တောက်ပသွား၏။

မရဏအစားထိုး အမျိုးစားမျိုးပဲ…

သူက သုံးသပ်လိုက်သည်။

လူအိုကြီးငရဲက သူ့အကုသိုလ် အားလုံးကို ခံယူဖို့ လက်အောက်ငယ်သား တစ်ယောက်အား ရွေးချယ်ခဲ့ပြီး အစားထိုးခဲ့သည်။

ဒါပေမဲ့ ဒါက ခင်ဗျားကို ကယ်တင်နိုင်မှာမဟုတ်ဘူး…

ဝမ်ဝေ့က တွေးလိုက်ကာ ထိုကြိုးမျှင်က မူလပိုင်ရှင်ဆီ ပစ်မှတ်ပြောင်းသွားလေသည်။ ဤတစ်ကြိမ် သူတို့က သူ့ကံကြမ္မာကြိုးမျှင်ကို ပစ်မှတ်ထားထား၏။ လူအိုကြီးငရဲ၏ မီးတောက်မျက်နှာက ပြောင်းလဲသွားကာ သူ့စိတ်အခြေအနေကို ညွှန်ပြနေသည်။

မြင့်မြတ်တော်ဝင်အလင်းရောင်

ကောင်းကင်အထက် တောက်ပသည့် အလင်းရောင်တစ်ခု ပေါ်ထွက်လာကာ နတ်သား တောင်ပံနှစ်စုံပေါ်ထွက်လာသည်။ လူအိုကြီးငရဲက ယခုအခါ အကောင်းအဆိုး၊ မိစ္ဆာနှင့် နတ်သား၊ အလင်းနှင့်အမှောင်အစရှိသည့် ထူးထူးဆန်းဆန်း သတ္တဝါအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝမ်ဝေ့က အရာအားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ ကမ္ဘာ‌မြေမှ ဘာသာရေးများဖြင့် မတူဘဲ အရှေ့ပိုင်းဒဏ္ဍာရီတွင် ငရဲက အပြစ်ရှိသူများကို တာဝန်ယူသည့် နေရာသာမကဘဲ စိတ်ကောင်းရှိသူ၊ နှလုံးသားကောင်းရှိသူတို့ကို အကဲဖြတ်ပေးနိုင်သည်။ တခြားနည်းဖြင့် ပြောရလျှင် ကောင်းကင်ဘုံနှင့် ငရဲကို ဆုပ်ကိုင်ထားသည့် နေရာတစ်ခုအဖြစ် ဖော်ညွှန်းနိုင်သည်။ ပြောရလျှင် ဟေဒီးစ်၏ မြေအောက်လောက ဖြစ်၏။

လူအိုကြီးငရဲ၏ ကျင့်စဉ်က ထိုအရာအပေါ် အခြေခံထားသည်။ သူက သူ့ကို ကောင်းချီးပေးကာ အကုသိုလ်ကို ဆေးကြောပေးမည့် အသက်ပေါင်းသန်းပေါင်း မြောက်များစွာ၏ ကံအနေအထားကို စုစည်းခဲ့ပြီး ထိုကြိုးမျှင်များ၏ သက်ရောက်မှုကို လျှော့ချခဲ့သည်။

ကံဆိုးတာက ခင်ဗျားက အဆင့်မတူတဲ့ ကစားပွဲကို ဆော့နေတာပဲ…

ကံကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် အကောင်းဆိုးကို ပြောင်းလဲဖို့ရာ မည်မျှ လွယ်ကူလိုက်သနည်း။

ဝမ်ဝေ့က အစီအစဉ်ကို အကောင်အထည်မဖော်ခင် သူ့ခန္ဓာကိုယ်က အန္တရာယ် အလိုလိုသိစိတ်ကြောင့် လှုပ်ရှားသွားခဲ့သည်။ နှမြောစရာကောင်းလှသည်ကား သူက နောက်ကျလွန်းသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ပိုင်း ပျောက်ဆုံးသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူက အလျင်အမြန် တုံ့ပြန်ကာ ဝိညာဉ်ကို ကာကွယ်ထားနိုင်ခဲ့၏။

ပုဆိန်လား …

ဝမ်ဝေ့က ထိုဖြစ်ရပ်၏ တရားခံကို မြင်သည့်အခါ တွေးလိုက်မိသည်။

အားကောင်းတဲ့ ဧကရာဇ်လက်နက်လား…

သူက ထိုအရာသည် ဤတိုက်ပွဲ၏ လက်နက်ကို ပြောင်းလဲပစ်နိုင်ကြောင်း သဘောပေါက်သွားသည့်အတွက် ညည်းတွားလိုက်သည်။ သူက ကြာကြာတိုက်ခိုက်လိုမိ၏။

တကယ်လို့ ငါ့တာအိုဆန္ဒနဲ့ စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းသာ ပိုပြီးတော့ အားကောင်းနေခဲ့ရင်…

ထိုဆေးလုံးက ထိုကဏ္ဍနှစ်ခုကို တိုးမြင့်မပေးနိုင်ပေ။ သူ့တာအိုဆန္ဒက ခွန်အားအားဖြည့်မှု ၅ ရာခိုင်နှုန်း ပေးနိုင်သော်လည်း မဟာတာအိုအားဖြည့်မှု မရှိပေ။ ထိုစဉ် သူ့စိတ်စွမ်းအားက ပိုမိုကောင်းမွန်လာ၏။ သူ့ခန္ဓာကိုယ်ကို အားဖြည့်ခြင်းဖြင့် ပိုမိုအသားကျလာခဲ့သည်။ သို့သော်လည်း အပြောင်းအလဲက ၂၀ ရာခိုင်နှုန်းမျှသာဖြစ်ပြီး မဟာတာအိုအရင်းအမြစ် အားဖြည့်မှု မရှိပေ။

ငါ ဘာလို့ ဒီအရာကို အာရုံမခံမိတာလဲ…

သူ့အာရုံခံစားမှုက မကောင်းဆိုးဝါး ဆန်လှသည်။ သူက အချိန် အပြောင်းအလဲ၊ သေခြင်းရှင်ခြင်း ခံစားလွယ်မှု၊ သူ့ကံကောင်းမှု အပြောင်းအလဲ (မသေဆုံးခင် တုံ့ပြန်တတ်)နှင့် ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုခြင်းတို့ဖြင့် ခံစားနိုင်သည်။ သူ့ဝိညာဉ်လည်း အပိုအနေနှင့် ရှိသေးသည်။

သို့သော် ထိုအရာအားလုံးဖြင့် သူက ပုဆိန်ကို မမြင်နိုင်ခဲ့ပေ။

သူက ပုဆိန် ပျောက်ကွယ်သွားသည်ကို ကြည့်နေသော်လည်း ဘာသတင်းအချက်အလက်မှ မရလိုက်ပေ။

လူအိုကြီးငရဲက တိုက်ကွက်အတွက် ပြင်ဆင်ထားပြီး သူ့ကိုအာရုံထွေပြားအောင် လုပ်ကာ ပုဆိန်ဖြင့် ထပ်မံတိုက်ခိုက်လာလိမ့်မည်။

သက်ရှိ စကြဝဠာအကျဉ်းထောင်

ဝမ်ဝေ့က သူ ဖန်တီးထားသည့် စကြဝဠာက လူအိုကြီးငရဲကို ဝါးမျိုလိုက်သည့်အခါ တိတ်တဆိတ် ခေါင်းခါလိုက်သည်။ တစ်ဖက်လူက တိုက်ပွဲ မတိုက်ခိုက်ရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်၍ သူ့သဘာဝ အလိုလို တုံ့ပြန်နှုန်းက နှေးကွေးလှသည်။

ထိုစကြဝဠာအတွင်း လူအိုကြီးငရဲက ပြဿနာဖြင့် ကြုံတွေ့နေရသည်။ သိပ်မကြာခင် သူက ဤစကြဝဠာသည် သူ့ကို ပိတ်လှောင်ဖို့ ရည်ရွယ်ချက်သာ ရှိသည့် သက်ရှိဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ထို့အပြင် ထိုအရာက အရွယ်အစား ချဲ့ထွင်နိုင်လေ၏။

ကာလံဒေသံ၊ ဝိညာဉ်နဲ့ စည်းပိတ်ရေးတာအိုပြီးပြည့်စုံအောင်လုပ်ထားတဲ့ နည်းစနစ်တစ်ခုပဲ…

သူက အားကျမနာလိုဖြစ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

ဝမ်ဝေ့က လူအိုကြီးငရဲ သူ့နည်းစနစ်မှ ထွက်လာသည်ကို ကြည့်နေလိုက်၏။

ဟမ် ငါထင်ထားတာထက် ပိုပြီးတော့ မြန်နေတာပဲ…

သူက အကြောင်းအရင်းကို သိလိုက်သည်။

ကောင်းကင်ဘုံအရှင်များက သူတို့စိတ်ကြိုက်ကမ္ဘာနှင့် အသက်များကို ဖန်တီးနိုင်စွမ်း ချီးမြှင့်ထားသည့် ရှေးဦးစွမ်းအား စက်ဝန်း ရှိထားကြသည်။ ထို့ကြောင့် သူက အတုအယောင် ကောင်းကင်ဘုံအဆင့်ဖြစ်နေစဉ် တစ်ဖက်လူအား အာကာပြင်စွမ်းအားဖြင့် ပိတ်လှောင်ထားသည်က မှားယွင်းသည့် အပြုအမူသာ ဖြစ်၏။

ကောင်းပြီလေ။ သင်ခန်းစာ ရခဲ့တာပေါ့…

ထိုတိုက်ပွဲက သူ့အနေဖြင့် တစ်ဖက်လူ၏ စွမ်းအားကို စမ်းသပ်ဖို့ရာ ရည်ရွယ်ထားစဉ် ကောင်းကင်ဘုံအဆင့် တိုက်ပွဲကို နေသားကျစေဖို့ ဖြစ်သည်။ သူ့တက်လှမ်းမှု၏ အခြေအနေကို မသိသေးရသည့်အတွက် သူ့အနေဖြင့် နေသားကျနေသည်က အကောင်းဆုံး ဖြစ်ပေသည်။

သူ ကောက်ချက်ချထားသည့် အဆိုးဆုံးအခြေအနေအရ သူသည် သေခြင်းရှင်ခြင်း တိုက်ပွဲများကြားတွင် နေသားကျကာ သင်ယူနိုင်လိမ့်မည်။

အနည်းဆုံးတော့ ငါက ပုဆိန်ရဲ့ လုပ်ဆောင်မှုကို သိလိုက်ရပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့ခန့်မှန်းချက်က ငရဲကမ္ဘာသည် ကောင်းကင်ဘုံအဆင့် ဖန်တီးထားသည့် အရာတစ်ခုဖြစ်ပြီး ထိုသူက အပြည့်အဝ ထိန်းချုပ်နိုင်လေသည်။ ထို့ကြောင့် လူအိုကြီးငရဲက သူ့ပုဆိန်ကို ကမ္ဘာအတွင်း ပြန်လည်ပို့ဆောင်လိုက်ခြင်း ဖြစ်ပြီး ထိုအရာက စကြဝဠာ၏ အပြင်ဘက်ရှိ နေရာတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် ဝမ်ဝေ့သည် ပုဆိန် တစ်နေရာမှ ပေါ်ထွက်လာကြောင်းကိုသာ ခံစားမိခြင်း ဖြစ်သည်။

သူက ငရဲကမ္ဘာက စည်းတံဆိပ်ကို သူ့ရဲ့ အရေးသာမှုရအောင် သုံးနေတာပဲ…

ထိုစည်းတံဆိပ်က ဝမ်ဝေ့ အာရုံခံစားဖို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်စေသည်။

ဒီနည်းဗျူဟာက ဒီလူက တိုက်ခိုက်ရေးမှာ ပါရမီရှိတဲ့အကြောင်း ပြနေတယ်။ သူ့လက်ရှိအနေအထားက မလှုပ်မယှက် ငြိမ်နေခဲ့တဲ့ ရလဒ်ပဲ…

ဒီတိုက်ပွဲက သူ့ရဲ့ မတိုက်ခိုက်ရတာ ကြာပြီဖြစ်တဲ့ အသိစိတ်ကို ပြန်လည်နိုးထလာစေမှာလား….

ထိုသတင်းက ဝမ်ဝေ့အတွက် မကောင်းလှပေ။ သူက လူအိုကြီးငရဲကို ဤတိုက်ပွဲအတွင်း မသတ်နိုင်ကြောင်း သိထားလေ၏။ သူ့လက်ရှိစွမ်းအားက ယာယီမျှသာ ဖြစ်ကာ ထိုသူကမူ ဝှက်ဖဲတစ်ခုထက် မနည်း ရှိနေနိုင်သည်။

ထို့ကြောင့် သူတို့၏ တကယ့် သေခြင်းရှင်ခြင်း တိုက်ပွဲစတင်သည့်အခါ လူအိုကြီးငရဲက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနေလာက်ပြီ ဖြစ်သည်။

ဒါက ငါ လိုချင်တဲ့အရာ မဟုတ်ဘူးလား။ ငါ့ကို ကန့်သတ်ချက်တွေ လွန်အောင် တွန်းပို့ပေးတာမျိုး …

ဝမ်ဝေ့က တစ်စုံတစ်ခုကို အာရုံစိုက်လိုက်သည်။ သူ့ပြန်ကောင်းလုနီးပါးဖြစ်နေသည့် ခန္ဓာကိုယ်တစ်ပိုင်းကို ဖြစ်၏။ ထိုဖြစ်စဉ်က သူ့သေခြင်းရှင်ခြင်း တာအိုနှင့် ခန္ဓာကိုယ် ပြန်လည်ကုစားနိုင်စွမ်းနှင့်ပင် တစ်စက္ကန့်မျှ ကြာမြင့်နိုင်သည်။ ဤတိုက်ပွဲအတွင်း တစ်စက္ကန့်က ကြာမြင့်လွန်းလှသည်။

အဆုံးသတ်တော့ ဆေးလုံးက ငါ့ကို ကောင်းကင်ဘုံအဆင့်ရဲ့ စွမ်းအားကို ပေးနိုင်ပေမဲ့ ငါ့ရဲ့တည်ရှိမှုကို အဲဒီအနေအထား ရောက်အောင် မြှင့်တင်ပေးခဲ့တာ မဟုတ်ဘူး…

သူက သူ့ဒဏ်ရာများသည် အပြည့်အဝ မပျောက်ကင်းကြောင်း နားလည်၏။ ဆေးလုံး၏ အာနိသင် ကုန်ဆုံးသွားသည့်အခါ သူက ဤတိုက်ပွဲအတွင်း ရရှိခဲ့သည့် ဒဏ်ရာများ၏ အကျိုးဆက်ကို ခံစားရလိမ့်မည်။

All Chapters