← Chapters

ငါ ဂါဝရပြုတာ ခံလိုက်စမ်း

Vol. 51 Ch. 685

ငါ ဂါဝရပြုတာ ခံလိုက်စမ်း

Vol. 51 Ch. 685

ဓားအလက်ရှစ်ထောင်က ရှေ့သို့ ပျံသန်းသွားပြီး ချင်မူ့အရှေ့တွင် ဒိုင်းကာကြီးတစ်ခု ဖွဲ့တည်လိုက်သည်။ ဒိုင်းကာ၏ မျက်နှာပြင်သည် အပြင်းထန်ဆုံး တိုက်အားကို အသေးငယ်ဆုံးအထိ ဖြန့်ကျက်ပေးနိုင်အောင် ကွေးညွတ်နေ၏။

ချင်မူက ခန္ဓာကိုယ်ကို တစ်ဖက်လှည့်၍ ဒူးတစ်ဖက်ထောက်ကာ လက်တစ်ဖက်ဖြင့် ဒိုင်းကာ၏ နောက်‌ကျောအား တွန်းထားသည်။ ဤကိုယ်ဟန်အနေအထားက တစ်ဖက်မှ တိုက်အားကို ခုခံရန် အကောင်းဆုံး ကိုယ်ဟန်အနေအထား ဖြစ်သည်။

သူ့အနောက်ရှိ မူလဝိညာဉ်မှ ချီစွမ်းအင်ကြိုးမျှင်များကလည်း ဒိုင်းနှင့် တွဲဆက်သွားပြီး ဒိုင်းအား ပိုမိုခိုင်မာလာစေသည်။

ဒိုင်းမျက်နှာထက်ရှိ ဓားပျံများသည် သံချပ်ဝတ်ပမာ ချိတ်ဆက်နေ၏။ ဤအသွင်သဏ္ဍာန်ဖြင့် အပြင်းထန်ဆုံး တိုက်အားကို ‌တောင့်ခံနိုင်လိမ့်မည်။

ထို့အပြင် ဒိုင်းကာအပေါ်၌ အကာအကွယ် သင်္ကေတအမှတ်အသားမျိုးစုံလည်း ပေါ်လွင်လာပြီး သင်္ကေတများမှာ လိပ်နက်သင်္ကေတအများ ဖြစ်သည်။ ဒိုင်းကာမျက်နှာပြင်တွင် လိပ်နက်သွေးကြောများ ရှိနေကာ ဒိုင်းကာ၏အနားသတ်များ၌မူ မြွေပျံအမှတ်အသားများ တောက်ပနေ၏။

ထွမ်

ကောင်းကင်အသုဘခေါင်းလောင်းဆီမှ အားလှိုင်းက တရှိန်ထိုး ထွက်လာနေသည်။ ကျယ်လောင်စွာ မြည်ဟည်းနေခြင်းမရှိဘဲ နေရာဟင်းလင်းပြင်တွင် ပြင်းထန်အားကောင်းသော လှိုင်းဂယက်များသာ ဖြာထွက်နေ၏။ ချင်မူ တိုက်အားကို မခံစားလိုက်ရပေ။ သို့သော် သူ့အနောက်ရှိ မူလဝိညာဉ်မှာ လေပြင်းဖြင့် တိုက်ခတ်ခံလိုက်သည့်အလား လွင့်ထွက်သွားသည်။

‘ဒီကောင်းကင်အသုဘခေါင်းလောင်းက မူလဝိညာဉ် ဒါမှမဟုတ် ဝိညာဉ်ကို ပစ်မှတ်ထားတဲ့ ကောင်းကင်နတ်သိုင်းပဲ’

ချင်မူ အံ့အားသင့်နေစဉ် မူလဝိညာဉ်က ဖျတ်ခနဲ ပြန်ရောက်လာသည်။ မူလဝိညာဉ်တစ်ခု၏ အမြန်နှုန်းသည် ကမ္ဘာပေါ်တွင် အမြန်ဆုံးဖြစ်ပြီး မိုင်တစ်သောင်းအကွာသို့ လွင့်ထွက်သွားလျှင်ပင် တမုဟုတ်ချင်း ပြန်လာနိုင်၏။ တစ်ခုတည်းသော ပြဿနာမှာ ကောင်းကင်အသုဘခေါင်းလောင်းဆီမှ တိုက်ကွက်များကို သူ၏မူလဝိညာဉ် တောင့်ခံနိုင်မည်လား ချင်မူ မသိပေ။

မင်တု၏ ကောင်းကင်နတ်သိုင်းများအကြောင်း များများစားစား နားမလည်သည့်အပြင် လော့ချန်းကျောင်း၏ သိုင်းကွက်များကိုသာ မြင်ခဲ့ဖူးသည်။ လော့ချန်းကျောင်းမှာလည်း မသေခင် သိုင်းကွက်တစ်ကွက်သာ ထုတ်ဖော်နိုင်ခဲ့ရာ မင်တု၏ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းတို့အား လေ့လာရန် ချင်မူ အခွင့်အရေးမရခဲ့ပေ။

သူ၏မူလဝိညာဉ် ပြန်ရောက်လာသည့်အချိန်မှာပဲ ကောင်းကင်အသုဘခေါင်းလောင်းဆီ ဒုတိယအားလှိုင်းက လျင်မြန်စွာ ရောက်ချလာကာ မူလဝိညာဉ်ကို တွန်းထုတ်ပစ်လိုက်သည်။

သို့တိုင်အောင် ချင်မူ၏ရုပ်ခန္ဓာမှာ တိုက်အားကို သိပ်မခံစားရသေးပေ။

‘‌ကောင်းကင်အသုဘခေါင်းလောင်းက အင်အားကြီးပေမယ့် မူလဝိညာဉ်နဲ့ ဝိညာဉ်အပေါ်ပဲ  သက်ရောက်နိုင်တယ်... ဒီလိုဆိုမှတော့....’

ဒိုင်းကာကြီး ရုတ်တရက် တစစီ ပြိုကွဲသွားသည်။ ဒိုင်းကာ ပြိုကွဲသွားသော အခိုက်အတန့်တွင် ချင်မူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းပြီးချေပြီ။ သူ၏လက်ခြောက်ဖက်က ဓားအလက်ရှစ်ထောင်မှ ဖွဲ့တည်ပေးထားသော ကောင်းကင်ဓားမခြောက်လက်ကို ဆုပ်ကိုင်ထားသည်။ သူက ခုန်၍ ကောင်းကင်အသုဘခေါင်းလောင်းဆီသို့ တိုက်ခိုက်လိုက်၏။

ချင်မူကား သိုးအုပ်ထဲ တိုးဝင်သွားသော ကျားရိုင်းတစ်ကောင်လို ကြမ်းတမ်းသည်။ သူ၏ကောင်းကင်ဓားမခြောက်လက်က နိမ့်ချည်၊ မြင့်ချည် လွှဲယမ်းလျက် လည်တိုင်များကို ခုတ်ဖြတ်နေ၏။ သူသည် မြက်ပင်များ ဖြတ်တောက်နေသကဲ့သို့ ခေါင်းတို့အား ခုတ်ပိုင်းရင်း သားသတ်သမား၏ ကောင်းကင်ဓားမကွက်ကိုးကွက်ကို စိတ်တိုင်းကျ ထုတ်ဖော်ကစားနေတော့သည်။

ကောင်းကင်ဓားမ၏ ဓားမကွက်ကိုးကွက်၊ မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ၊ အရှေ့ပင်လယ်အပေါ်က လှိုင်းလုံးတစ်‌ထောင် နေမင်းမှ လရောင်အောက်က ဓားမရှည်၊ ကြယ်စင်ကြားက နတ်မြင်းများအထိ — ဓားမကွက်တိုင်းက လှပသေသပ်ပြီး အထင်ကြီးဖွယ်ကောင်းသည်။

ဓားမရောင်သည် လေပြင်းများလို၊ မိုးပေါက်များလို၊ ပင်လယ်လှိုင်းလုံးများလို ဝေါခနဲ ၊ ဝုန်းခနဲ ကျရောက်နေ၏။ လရောင်အောက်၌ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသကဲ့သို့ ထင်ရပြီး ကြယ်စင်ကြားက နတ်မင်းများသဖွယ် ကခုန်နေသည်။

ချိမင်ခေတ်၏ အင်အားအကြီးမားဆုံး ဖန်ဆင်းကောင်းကင်နတ်သိုင်းမှ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့်အတူ ဓားချက်များက နေရာလပ်မကျန် ခုတ်ဖြတ်နေသည်။ ကျားရိုင်းသုံးကောင် သိုးအုပ်ထဲ သောင်းကျန်းနေသည်နှင့် မထူးခြားနားပင်။

ရုတ်တရက် ဓားမရောင်များ နောက်ပြန်ဆုတ်သွားပြီး သူ၏လက်ခြောက်ဖက်က မြင့်မြင့်မြှောက်လိုက်သည်။ ဓားမခြောက်လက်က တစ်လက်တည်း ပေါင်းစည်းသွားကာ ဓားမရှည်ကြီးတစ်လက်အား ဖွဲ့တည်လိုက်၏။ သူက လက်ခြောက်ဖက်နှင့်အတူ ခုတ်ချလိုက်သည်။

ချွင်

ရင်သပ်ရှုမောဖွယ်ရာ ဓားမရောင်က နန်းဆောင်ခန်းမ၏ တံခါးကို နှစ်ခြမ်းပိုင်းပစ်လိုက်သည်။ တံခါးမှာ နှစ်ခြမ်းကွဲ၍ ဘေးနှစ်ဖက်သို့ လွင့်ထွက်သွား၏။

ထိုစဉ် သူ၏အရှေ့၊ အနောက်၊ ဘယ်နှင့်ညာသို့ အလောင်းများ ပြုတ်ကျလာသည်။ အလောင်းတစ်လောင်းပြီးတစ်လောင်း တဘုတ်ဘုတ် ပြုတ်ကျလာကာ မည်သူမှ မတ်တပ်မရပ်နိုင်တော့ပေ။

ချင်မူ၏မူလဝိညာဉ်က သူ့နောက်သို့ ဖျတ်ခနဲ ပြန်ရောက်လာသည်။

ချင်မူ လက်ခြောက်ဖက်ကို အသာအယာ လှုပ်ခါလိုက်သည့်အခါ ဓားမရှည်က ဓားစက်လုံးအသွင် ပြောင်း၍ သူ၏မျက်ခုံးနှစ်ဖက်ကြား အရှေ့၌ လွင့်မျောနေသည်။ သူက ရပ်၍ ချီစွမ်းအင်ဖြင့် ဘူးလေးကို ပြန်ကောက်ကာ ဆုပ်ကိုင်လိုက်၏။ ထို့နောက် ခန်းမထဲ ဝင်သည်။

ဒေါင်

ကောင်းကင်အသုဘခေါင်းလောင်းက မြေပြင်ပေါ် ပြုတ်ကျသွားပြီး လှေကားထစ်များအတိုင်း လိမ့်ဆင်းသွား၍ တဒေါင်ဒေါင် မြည်သံများ ထွက်ပေါ်နေ၏။

ခန်းမထဲတွင် အနက်ရောင်ခြုံထည် လွှားခြုံထားသော မိစ္ဆာနတ်ဘုရားတစ်ပါးက ပလ္လင်ထက်၌ မတ်မတ်ထိုင်နေသည်။ သူ့ခေါင်းတွင် ကောက်ကောက်ကွေးကွေး အနီရောင်ချိုရှည်ကြီးများ ရှိပြီး သူ့မျက်လုံးများကမူ လူ့မျက်လုံးများနှင့် တူသည်။

မိစ္ဆာနတ်ဘုရားက စာအုပ်တစ်အုပ်ကို ကိုင်၍ ဖတ်နေသည်။ ချင်မူက ဘူးလေးကို ဆုပ်ကိုင်ရင်း လမ်းလျှောက်နေ၏။ ဘူးလေးက အနည်းငယ် ဟလာည်။

မိစ္ဆာနတ်ဘုရားသည် စာအုပ်ကို ချပြီး သူ့ဆီသို့ ကြည့်၏။ သူက ဟက်ခနဲ ရယ်ကာ ပြောသည်။ “ကောင်းကင်ယင်ကမ္ဘာထဲ လူတွေ ရောက်မလာတာ ကြာပြီ... နောက်ဆုံးတစ်ယောက် ရောက်လာတုန်းက လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းကပဲ... ခိုင်ဧကရာဇ်က ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ကြီးမားကျယ်ပြန့်လဲ မသိတော့ နတ်ဘုရားတွေကို ဒီနေရာထဲ လွှတ်ခဲ့တယ်... အခုတော့ မင်း ရောက်လာပြီ... အပြင်လောကမှာ ကောင်းကင်ဘုံကို မှောက်ခုံလှန်ချင်တဲ့ အရူးတစ်ယောက်ယောက် ရှိနေတာလား”

ချင်မူက ဘူးလေးနှင့်အတူ အရိုအသေပေးလိုက်သည်။ “ခိုင်ဧကရာဇ်ရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက်၊ ချင်ဖုန်းကျင့် နတ်ဘုရားကို အရိုအသေပေးပါတယ်”

“မင်းက ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်တစ်ယောက်ကိုး... တော်တော် ငယ်သေးတာပဲ”

မိစ္ဆာနတ်ဘုရားက အပြုံးတစ်ခုဖြင့် မေးသည်။ “ခိုင်ဧကရာဇ် သေပြီလား... မသေသေးရင် မင်းရဲ့ နာမည်အစစ်ကို ဘယ်တော့မှ ထုတ်မပြောဖို့ မှာခဲ့လောက်တယ်... အထူးသဖြင့် မင်တုက လူတစ်ယောက်ကိုပေါ့... မင်းမှာ အစွမ်းအစတော့ ရှိပေမယ့် ငယ်လွန်းတယ်... ငါ ဘယ်သူလဲ သိလား”

သူ ထရပ်လိုက်သည့်အခါ ထွားကြိုင်းသန်မာလှသော သူ၏ခန္ဓာကိုယ်က ကိုက်သုံးဆယ်ကျော်သော ချင်မူ၏မူလဝိညာဉ်ထက်ပင် မြင့်မားလေသည်။

“ခွေ့မျိုးရိုးက မင်တုမှာ နတ်ဘုရားအများကြီး မွေးထုတ်ပေးခဲ့တဲ့ မျိုးရိုးကြီးတစ်ခုပဲ... ငါ့မျိုးရိုးကလည်း ခွေ့အပြင် တခြားမဟုတ်ဘူး”

သူ့အသံက အလွန်တရာ ကျယ်လောင်လှသည်။ “ငါ့ဘွဲ့နာမည်က ခွေ့ဝူချွီ... ဒီနာမည် အစစ်မဟုတ်ပေမယ့် လူအတော်များများကတော့ ငါ့ကို ဘုရင်ဝူချွီလို့ ခေါ်နေကြတုန်းပဲ”

ချင်မူ ရင်ထဲ လှုပ်ရှားသွားပြီး မေးလိုက်မိသည်။ “ကျွန်တော် ခွေ့မျိုးရိုးနဲ့ နတ်ဘုရားနှစ်ပါး တွေ့ခဲ့ဖူးတယ်... တစ်ယောက်က မှော်ဆရာနတ်ဘုရားခွေ့... တစ်ယောက်က ခွေ့ချင်းပိုင်တဲ့... နတ်ဘုရားနဲ့ သူတို့နှစ်ယောက်က အမျိုးတော်တာလား”

“ခွေ့ချင်းပိုင်က အရှင်မင်းကြီးရဲ့ တပည့်၊ ငါတို့ခွေ့မိသားစုမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ”

မိစ္ဆာနတ်ဘုရား ခွေ့ဝူချွီက ပြုံးလျက် ပြောသည်။ “မှော်ဆရာနတ်ဘုရားခွေ့ကတော့ ငါ့တပည့်... ကောင်းကင်နတ်ဘုံကနေ မင်တုဆီ လွှတ်လိုက်တဲ့ ကောင်လေးပဲ... သူက ငါ့လက်အောက်မှာ ပညာသင်ခဲ့တယ်... သူတို့နှစ်ယောက်နဲ့ တွေ့ပြီးတာတောင် မင်းက အသက်ရှင်နေသေးတယ်ဆိုတော့ မခေဘူး ဖြစ်မယ်... ဒါပေမဲ့ ငါ့တပည့် မှော်ဆရာနတ်ဘုရားခွေ့နဲ့ တွေ့ပြီးမှတော့ နာမည်အစစ် ပြောလိုက်ရင် ဘယ်လောက်အန္တရာယ်များမှန်း မင်း သိသင့်ပါတယ်”

ချင်မူ့မျက်နှာ ဖြူလျော့သွားပြီး သူက ဘူးလေးကို မြှောက်လိုက်သည်။

ခွေ့ဝူချွီက ပြုံးလိုက်သည်။ “သုံးမနေနဲ့ အလကားပဲ.... နတ်ဘုရားစီရင်ရာဓားမက အင်အားကြီးပြီး ငါ မယှဉ်နိုင်ပေမယ့် မင်းရဲ့ နတ်ဘုရားစီရင်ဓားမအနေနဲ့ ငါ့ကို တစ်ချက်တောင် ထိနိုင်မှာမဟုတ်ဘူး... စောစောက မင်တုနတ်ဘုရားတွေနဲ့ မင်း တိုက်ခိုက်နေတုန်းက နတ်ဘုရားစီရင်ရာဓားမရဲ့ အားနည်းချက်ကို ငါ မြင်ထားပြီးပြီ.... မင်းက ဒီဓားမနဲ့ ငါ့လက်အောက်ငယ်သားတွေကို သတ်နိုင်ခဲ့ပေမယ့် မင်တုထဲ ပုန်းနေတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရင်ဆိုင်ဖို့ ဓားမကို မသုံးခဲ့ဘူး... အဲဒီကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ တွေ့ရင် ဓားပျံနဲ့ပဲ သတ်တယ်... အဲဒါ ဘာအဓိပ္ပါယ်လဲ သိလား”

သူက တဟားဟား အော်ရယ်သည်။ “နတ်ဘုရားစီရင်ရာဓားမက မင်တုထဲ မဝင်နိုင်လို့ပေါ့”

ချင်မူ့မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူဖျော့သွားတော့သည်။

ဘုရင်ဝူချွီက အလွန်စိတ်ကျေနပ်နေပြီး အေးအေးဆေးဆေး ပြောနေသည်။ “ငါ့လက်အောက်ငယ်သားတွေကို မင်း သတ်နေတုန်းက ငါ ဘာလို့ပေါ်မလာလဲ သိလား... အခုတော့ မင်းကို ပြောပြလို့ရပြီ... ငါ နတ်ဘုရားစီရင်ရာဓားမကို ကြောက်လို့.... ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အကြည့်တွေက ဓားမတွေ ပြင်းထန်အားကောင်းတဲ့အပြင် အဲဒီခေါင်းပြတ်က သွေးလည်း သောက်တယ်... ဒါကြောင့် သူ့ရဲ့အားနည်းချက်ကို ငါ မမြင်သေးသရွေ့ မလှုပ်ရှားခဲ့တာ... အခု မြင်လိုက်ရပြီဆိုတော့ မင်း ငါ့ကို ဘယ်လိုနည်းနဲ့မှ မထိနိုင်တော့ဘူး”

ချင်မူက စိတ်ပျက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ “လက်အောက်ငယ်သားတွေ သတ်ခံနေရတာတောင် မလှုပ်ရှားပဲ ထိုင်ကြည့်နေတယ်... အင်မတန် ရက်စက်တာပဲ...”

ခွေ့ဝူချွီက ကျောနောက်သို့ လက်ပစ်ကာ ပြုံးနေသည်။ “မင်းက ငယ်လွန်းပါတယ် ကောင်လေး... သူတို့ သေသေ,မသေသေ ငါနဲ့ ဘာဆိုင်လဲ... သေသွားရင်တောင် သူတို့ကို မင်တုမှာ အသက်ပြန်သွင်းလို့ ရသေးတယ်... အဲဒီဓားမကြောင့် မူလဝိညာဉ်ရော၊ ဝိညာဉ်ပါ စားသုံးခံလိုက်ရတဲ့ ကောင်တွေပဲ တကယ် သေသွားတာ... ဒါပေမဲ့ ငါက ဘာလုပ်ပေးရမှာလဲ... မင်းက ငါ့တပည့် မှော်ဆရာနတ်ဘုရားခွေ့ကို သိထားမှတော့ ပိုအားကောင်းတဲ့ ကောင်းကင်နတ်သိုင်းတွေ မမြင်ချင်ဘူးလား”

ချင်မူ့မျက်နှာသည် လူသေကောင်လို ဖြူဆုပ်သွားပြီး သူက ကပျာကယာ ပြောလေသည်။ “ဆရာကြီး၊ ခဏလေး... ဆရာကြီး ကျွန်တော် ဘာလို့ ကောင်းကင်ယင်ကမ္ဘာကို လာလဲ မသိချင်ဘူးလား”

ခွေ့ဝူချွီက ခေါင်းလှည့်လာသည်။ ကောက်ကောက်ကွေးကွေး ချိုကြီးများကြောင့် သူ့ရုပ်သွင်မှာ တောင်ဆိတ်တစ်ကောင်လို ဖြစ်နေ၏။ သူက အပြုံးတစ်ခုဖြင့် ပြောသည်။ “ကောင်းပြီလေ... ဒီမှာ တာဝန်ကျနေတုန်း ဧည့်သည်လည်း လာခဲတော့ မင်းကို အချိန်ပေးပါ့မယ်... ပြောစမ်းပါဦး ဘာလို့ လာတာလဲ”

ချင်မူ လေးနက်စွာ ပြောလိုက်သည်။ “ကောင်းကင်ယင်နတ်ဘုရားမကို ရှာဖို့ လာတာပါ”

“ကောင်းကင်ယင်နတ်ဘုရားမ ဟုတ်သလား”

ခွေ့ဝူချွီသည် ရယ်စရာအားကောင်းဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်နေတော့သည်။ “ကောင်းကင်ယင်နတ်ဘုရားမက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အစားခံခဲ့ရလို့ အရေခွံပဲ ကျန်တော့တယ်... ဘာအတွက် သူ့ကို လာရှာတာလဲ... သူ့ ရှာတွေ့တော့ရော ဘာလုပ်မလို့လဲ... သူ့အရေခွံကို ငါ့ဆီ ဆက်သမလို့လား”

ချင်မူက မျက်နှာလေးညှိုးသွားပြီး တီးတိုးရေရွတ်နေသည်။ “ကောင်းကင်ယင်နတ်ဘုရားမ သေသွားပြီတဲ့လား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ကောင်းကင်ယင်နတ်ဘုရားမက သဘာဝအလျောက် မွေးဖွားလာတဲ့ ရှေးနတ်ဘုရားတစ်ပါးလေ... ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ... ကျွန်တော့်ကို လိမ်နေတာမလား... ကျွန်တော် မယုံဘူး”

ဝူချွီက တဟားဟား အော်ရယ်လိုက်၏။ “သူ့အရေပြားက ပင်လယ်အောက်မှာ ဖိနှိပ်ခံထားရတယ်... မင်းမြင်အောင် ဆင့်ခေါ်ပေးရမလား”

“ကျွန်တော် မယုံဘူး မညာနဲ့...”

ချင်မူသည် ငေးကြောင်နေသော မျက်လုံးများဖြင့် တတွတ်တွတ် ရေရွတ်နေ၏။ “ခင်ဗျား လိမ်နေတာ... ကျွန်တော်က ကောင်းကင်ယင်နတ်ဘုရားမနဲ့ မဟာမိတ်ဖွဲ့ဖို့ ဒီကို လာတာ.... သူက သဘာဝတရားကနေ မွေးဖွားလာတဲ့ နတ်ဘုရား၊ ကောင်းကင်ယင်ကမ္ဘာရဲ့ အရှင်သခင်လေ.. တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် အင်အားကြီးမားတယ်... သူက ဘယ်လိုလုပ် သေမှာလဲ...”

ခွေ့ဝူချွီက သူ့ဘေးသို့ လျှောက်လာပြီး အေးအေးလူလူ ပြောနေသည်။ “လူတစ်ယောက်ရဲ့ နှလုံးသားကို နင်းခြေပြီး သတ်ပစ်လို့ရတယ်တဲ့... မင်းလို မောက်မာဝင့်ကြွားနေတဲ့ ကောင်စုတ်လေး ပြိုလဲသွားတာ ငါ မြင်ချင်လိုက်တာ.... မသေခင်လေး မင်းကို လိုက်ပြရသေးတာပေါ့လေ... ‌နောက်က လိုက်ခဲ့၊ မင်း ကြည့်နိုင်‌အောင် ငါ ကောင်းကင်ယင်နတ်ဘုရားမကို ဆင့်ခေါ်ပေးမယ်”

ချင်မူ စိတ်ပျက်လက်မှိုင်ကျနေသော ပုံစံဖြင့် သူ့နောက်မှ လိုက်သွားသည်။ သူ့ခြေလှမ်းများပင် မညီညာဖြစ်နေပြီး တစ်ချက်တစ်ချက် မြေပြင်ပေါ်ရှိ အလောင်းများကို ခလုတ်တိုက်ကာ လဲတော့မလို ဖြစ်သွားတတ်သည်။ သူက လေးပင်နေသော ခြေထောက်များကို ဆွဲခေါ်လာရသကဲ့သို့ တရွတ်တိုက်ဆွဲ လျှောက်လာနေ၏။

ခွေ့ဝူချွီ ပင်လယ်ဘေးသို့ ရောက်သည့်အခါ မီးခိုးရောင်ပင်လယ်ပြင်ထက်၌ ပြင်းထန်အားကောင်းသော လှိုင်းလုံးများ ထကြွလာ၏။ ပင်လယ်၏လှုပ်ရှားမှုများက ပြင်းထန်သထက် ပြင်းထန်လာကာ တခဏကြာသော် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် တင့်တယ်ခံ့ညားသော နတ်ဘုရားမတစ်ပါး ပင်လယ်ထဲမှ ထွက်လာသည်။

နတ်ဘုရားမ၏ ရုပ်ခန္ဓာသည် အလွန်ကြီးမားသော်လည်း အဝတ်အစား ဝတ်ထားဟန်မတူဘဲ သက်တံ့တစ်ခုကို လွှားခြုံထားသကဲ့သို့ ဖြစ်နေ၏။

ချင်မူက ခေါင်းမော့လိုက်ပြီး မျှော်လင့်ချက်များ ပြန်လည်ပေါက်ဖွားလာဟန် ရှိသည်။ သူက အော်ဟစ်လိုက်၏။ “နတ်ဘုရားမ၊ အသက်ရှင်နေသေးတယ်မလား... နတ်ဘုရားမ၊ ကျွန်တော် နတ်ဘုရားမနဲ့ မဟာမိတ်ဖွဲ့ဖို့ အမိန့်ကြောင့် ဒီကို ရောက်လာတာပါ... နတ်ဘုရားမ ကျေးဇူးပြုပြီး ဒီလူ့ကို သတ်လိုက်ပါ”

ခွေ့ဝူချွီက တဟားဟား ရယ်ရင်း ပျော်ရွှင်နေ၏။ “မင်း မမြင်နိုင်ဘူးမလား... ကောင်းကင်ယင်နတ်ဘုရားမက အရေခွံနဲ့ မတူပေမယ့် တကယ်တမ်း အထဲမှာ ဟောင်းလောင်းကြီးကွ.... သူ့ကိုယ်ထဲမှာ အနက်ရောင်အမှုန်တွေနဲ့ ပြိုကွဲသွားတဲ့ ဝိညာဉ်တွေ ပြည့်နေတယ်... သူက သူ မဟုတ်တော့ဘူး... သူ့ရုပ်ခန္ဓာအခွံကြီးပဲ ကျန်တော့တာ... မူလဝိညာဉ်လည်း မရှိတော့ဘူး... သူလည်း ဆာလောင်နေတဲ့ အလောင်းတစ်လောင်း ဖြစ်နေပြီ”

သူက ချင်မူ့ဘက် လှည့်လာပြီး ယုတ်မာကောက်ကျစ်စွာ ပြုံးနေသည်။ “ကဲ အခု မင်း သေလို့ရပြီ”

ချင်မူ ဘူးလေးအား ဖွင့်လိုက်၍ သွေးရောင်အလင်းတန်းနှစ်တန်းသည် ဝူချွီဆီသို့ ခုတ်ပိုင်းလိုက်၏။

ခွေ့ဝူချွီက တဟားဟား ရယ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် အနက်ရောင်အမှုန်များဖြင့် ဖွဲ့တည်ထားသကဲ့သို့ အမှောင်ထုထဲ၌ ပျောက်ကွယ်သွားသည်။ အလင်းတန်းနှစ်တန်းက  သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သော်လည်း သူ မည်သို့မျှ ဖြစ်မသွားပေ။

“ထင်ထားတဲ့အတိုင်းပဲ မင်တုရဲ့ ကောင်းကင်နတ်သိုင်းတွေက နတ်ဘုရားစီရင်ရာဓားမကို ရင်ဆိုင်နိုင်တယ်” ခွေ့ဝူချွီ ပြုံးလိုက်သည်။

သွေးရောင်အလင်းတန်းနှစ်တန်းက သူ့ကို ဝန်းရံနေသော်လည်း မည်မျှမြန်စေကာမူ သူ၏ရုပ်သွင်အစစ်ကို မပိုင်းဖြတ်နိုင်ပေ။

“ကစားတာ‌တော်ပြီ... မင်းကို ငရဲ ပို့ပေးပါရစေ”

ခွေ့ဝူချွီက မင်တု၏အမှောင်ထဲမှ နေ၍ ချင်မူ့ဆီသို့ ဦးညွှတ်အရိုအသေပေးကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငါ မင်း သေသွားအောင် ဂါဝရပြုလို့ရတယ်... ငါတို့ကြားမှာ ကမ္ဘာတစ်ခု ခြားနေရင်တောင် မင်းကို သတ်နိုင်သေးတယ်... ချင်ဖုန်းကျင့်၊ ငါ ဂါဝရပြုတာ ခံလိုက်စမ်း”

သူ ဂါဝရပြုလိုက်သည့်အခါ ချင်မူ မူးနောက်သွားပြီး ချာချာလည်သွားသည်။ နောက်တခဏတွင် သူကား မိစ္ဆာနတ်ဘုရားကြီးတစ်ပါး၏ အရှေ့သို့ ရောက်နေချေပြီ။

ထိုမိစ္ဆာနတ်ဘုရား၏ ဦးခေါင်းထက်၌ ချိုကြီးများ ရှိပြီး ခြေ‌ထောက်၌မူ ခွာများ ရှိနေသည်။ မိစ္ဆာမီးတောက်များက သူ့ခန္ဓာကိုယ်တွင် တောက်လောင်နေပြီး သူကား ခွေ့ဝူချွီ၏ မူလဝိညာဉ်အပြင် တခြားမဟုတ်ပေ။ ခွေ့ဝူချွီ၏ မူလဝိညာဉ်က ချင်မူ့အား လှမ်းဆွဲလိုက်သည်။

သို့သော် ချင်မူ့ကို မဆုပ်မိခင် သူ့အကြည့်မှာ ငေးကြောင်သွားပြီး ချင်မူ့အနောက်သို့ အူတူတူ ကြည့်နေ၏။

မျက်လုံးသုံးလုံးက ချင်မူ့အနောက်ရှိ အမှောင်ထုကို စုတ်ဖြဲလိုက်ပြီး လိပ်ပြာတောင်ပံသဏ္ဍာန်ရှိသည့် ထူးဆန်းသောအလင်းရောင်ဖြင့် တဖျတ်ဖျတ် တောက်ပနေသည်။ ထို့နောက် အမှောင်ထုထဲမှ ဝဝတုတ်တုတ် ကလေးကြီးတစ်ယောက်၏ မျက်နှာ တဖြည်းဖြည်း ပေါ်လာသည်။

“ဒါက....”

ခွေ့ဝူချွီ၏ မူလဝိညာဉ် မှင်သက်သွားသည်။ “ချင်ဖုန်းကျင့်နှစ်ယောက်လား”

ချင်မူ၏ ပျာယာခတ်နေသော အသွင်က ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးဆေးနေသည်။ “ဘုရင်ဝူချွီ၊ ကျုပ်အစ်ကိုကြီးနဲ့ တွေ့လိုက်စမ်း”

၎

င

၎

၎

၎

င

၎

၎

All Chapters