← Chapters

ထိုက်ချင်အဆက်အနွယ်မှသိုင်းပညာများရရှိခြင်း

Vol. 80 Ch. 1126

ထိုက်ချင်အဆက်အနွယ်မှသိုင်းပညာများရရှိခြင်း

Vol. 80 Ch. 1126

အခန်း (၁၁၂၆) ထိုက်ချင်အဆက်အနွယ်မှသိုင်းပညာများရရှိခြင်း

ကိစ္စရပ်များ ဤအတိုင်းအတာအထိ ဖြစ်လာပြီးနောက် ချီလင်ကမ်းပါးက ‘ချန်’ ညီအစ်ကိုများကို လျှို့ဝှက်ကာကွယ်ပေးမည်ဖြစ်ကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။

ချန်ချန်းဟွာ၏ ကံကြမ္မာကို မိုးကောင်းကင်အလိုအတိုင်း ဆုံးဖြတ်ခွင့်ပေးပြီး မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများက ဓားဖြင့် ဝိုင်းဝန်းထိုးနှက်ကြသည်။ သို့သော် မြေကမ္ဘာထိပ်တန်းအရှင်သခင်နှင့် ချင်းယွမ်ဧကရာဇ်က မြောက်ဖေးတောင်ထွတ်မှလူများကို စိတ်ကြိုက်ပြုလုပ်ခွင့်မပေးဘဲ အခြေအနေကို ဝင်ရောက်ထိန်းသိမ်းမည်သာပင်။

ချန်ချန်းဟွာ ဒဏ်ရာအပြင်းအထန်ရသည်က အဆင်ပြေသော်လည်း အသက်မသေဆုံးရန် လိုအပ်သည်။

အခွင့်အရေးသာ ရရှိပါက ရန်ကျောက်ကဲကတော့ ချန်ချန်းဟွာ ကျရှုံးချိန်တွင် အတော်လေး ကန်ထုတ်ချင်နေမိသည်။

ရန်ကျောက်ကဲကိုကြည့်ပြီး လျိုကျန်းကူက ကူရာကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ရင်း...

“မြောက်ဖေးတောင်ထွတ်က ဆင်းလာပြီးတဲ့နောက် အထက်ရပ် ‘ချန်’ တို့ ညီအစ်ကို ဘယ်ရောက်သွားမှန်း ဒီအဘိုးကြီးလည်း မသိဘူး ၊ သူတို့ ချန်းဟွာတောင်ထွတ်ကိုလည်း ပြန်မသွားကြဘူး”

ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...

“ခန့်မှန်းရတာတော့...”

ချန်ချန်းဟွာက ဘာကိုမှအရေးမစိုက်ဘူးဆိုလျှင်တောင်မှ ချန်ခွန်းဟွာက သူ၏အစ်ကိုဖြစ်သူ ဒဏ်ရာပြန်လည်သက်သာလာသည်အထိ ပုန်းခိုနေရန် လျှို့ဝှက်နေရာတစ်ခု စီစဉ်ပေးမည် ဖြစ်သည်။ ချန်ချန်းဟွာ အားနည်းနေသည့်ကာလတစ်လျှောက် ဘေးကင်းအောင် ပြုလုပ်ပေးပေလိမ့်မည်။

ရန်ကျောက်ကဲဆိုလျှင်လည်း ထိုသို့ပင် ပြုလုပ်မည် ဖြစ်သည်။

ချန်ချန်းဟွာက မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အခြားသူများ သူ့ကိုခြေရာခံမည်ကို လျှော့ချနိုင်စွမ်းရှိပြီး နက္ခတ်ပညာအသုံးပြုပြီး သဲလွန်စရှာဖွေရန်ပင် အလွန်ခက်ခဲပေမည်။

နက္ခတ်ပညာတွင် ကျွမ်းကျင်ပြီး ချန်ချန်းဟွာထက် ကျင့်ကြံခြင်းအဆင့် မြင့်မားမှသာလျှင် သူ့ကို ခြေရာခံနိုင်ပေမည်။

ချန်ချန်းဟွာ ခွေးဖြစ်နေစဉ် တုတ်နှင့်မရိုက်နိုင်သဖြင့် ရန်ကျောက်ကဲ အတော်လေး စိတ်မကောင်း ဖြစ်နေမိသည်။ သို့သော် သူက ချက်ချင်းပင် ထိုကိစ္စကို ဘေးဖယ်ထားလိုက်၏။

သူက...

“ဒီလိုဆိုမှတော့ ဒီကိစ္စ အဆုံးသတ်သွားပြီပေါ့ ၊ ကျွန်တော်လည်း အဖေနဲ့တွေ့ဖို့ တောင်ပိုင်းကို ပြန်တော့မယ် ၊ အကြီးအကဲ’လျို’ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဗျ”

လျိုကျန်းကူက...

“အထက်ဘုံကမ္ဘာမှာလည်း အခုတလော ပြဿနာတွေ အတော်များနေတယ် ၊ မင်းလည်း ဂရုစိုက်ပါ မိတ်ဆွေလေး’ရန်’ ၊ လောလောဆယ် ပြေလည်သွားပြီဆိုပေမယ့် ဒီကိစ္စတွေက အဆုံးမသတ်နိုင်သေးမှာကို စိတ်ပူမိတယ် ၊ မင်းပြောသလိုပဲ... အဖြူရောင်နဲ့အနက်ရောင် ပိုးသားဧကရာဇ်ကြားမှာတော့ တဖြည်းဖြည်း အဆုံးအဖြတ် ထွက်ပေါ်လာမှာပါ”

ရန်ကျောက်ကဲက သိမ်မွေ့သည့်လေသံဖြင့်...

“အကြီးအကဲ’လျို’ ... အဖြူရောင်ပိုးသားဧကရာဇ်နဲ့ အနက်ရောင်ပိုးသားဧကရာဇ် ဘယ်သူ့ဘက်က ထောက်ခံမှာလဲ”

လျိုကျန်းကူက တစ်ချက်မတုံ့ဆိုင်းဘဲ...

“ရူးမသွားခင်က ပိုးသားဧကရာဇ်က အကောင်းဆုံးပဲ ၊ ရူးသွားတဲ့ပိုးသားဧကရာဇ်ကတော့ အဆိုးဆုံးပဲ ၊ အခု နှစ်ခြမ်းကွဲသွားပြီဆိုတော့... အရင်ကလောက်တော့ မကောင်းနိုင်တော့ဘူး ၊ မင်းပြောသလိုဆိုရင် တစ်ယောက်က ခံစားချက်ပြင်းထန်လွန်းတယ် ၊ တစ်ယောက်ကတော့ ခံစားချက်ကင်းမဲ့ပြီး အေးစက်တဲ့လူတစ်ယောက် ဖြစ်နေတယ်”

သူက ဆက်ပြောသည်။

“သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင်တော့... ဒီအဘိုးကြီးက အနက်ရောင်ပိုးသားဧကရာဇ်ကို ရွေးချယ်မိမှာပဲ ၊ သူက ပိုပြီး တက်လမ်းရှိတယ်လေ ၊ အနည်းဆုံးတော့ ငါတို့အထက်ဘုံကမ္ဘာအတွက် အုပ်စိုးရှင်တစ်ပါးထက်ပိုပြီး အဆင့်မြင့်မားတဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ချေရှိတယ်”

သွေးအေးပြီးခံစားချက်ကင်းမဲ့ခြင်းဆိုသည်က တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် မတူညီပေ။

ကိုယ်ကျိုးစီးပွားအတွက် တစ်ကိုယ်ကောင်းဆန်စွာပြုလုပ်ပြီး သစ္စာမရှိသူတစ်ယောက်အတွက် ဘဝတွင် အမြဲတမ်း ဆုံးရှုံးမှုများဖြင့် ရင်ဆိုင်ရပေမည်။

အနက်ရောင်ပိုးသားဧကရာဇ်ကတော့ ခံစားချက်ကင်းမဲ့သည်ဆိုသော်လည်း ထိုသို့သောလူမျိုး ဖြစ်လာမည် မဟုတ်ပေ။ လိုအပ်လျှင် သူက ကူညီပေးမည့်သူ ဖြစ်သည်။

သို့သော် သူပေးသည့်အကူအညီက တိကျသည့် ရည်ရွယ်ချက်ရှိမည်မှာ မလွဲမသွေ ဖြစ်သည်။ အတိအကျဆိုရသော် သူ၏အကူအညီကို ရယူလိုက်သည်နှင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သလို အပေးအယူလည်း ရှိပေလိမ့်မည်။

ဟုတ်ပေ၏။

အနက်ရောင်ပိုးသားဧကရာဇ်က ခံစားချက်ကင်းမဲ့သည့်အတွက် လောကီကိစ္စရပ်များတွင် သူ၏ဆုံးဖြတ်ချက်များက လက်တွေ့ဖြင့်သွေဖည်သွားမည်မှာ သေချာသည်။

လျိုကျန်းကူက ပွင့်လင်းစွာပင်ဆိုသည်။

“သွေးအေးပြီး ခံစားချက်ကင်းမဲ့တာအတွက်နဲ့တော့ သူ့ကို ဖယ်ကြဉ်စရာမလိုပါဘူး ၊ သူ့အမူအကျင့်နဲ့လုပ်ဆောင်ချက်တွေက တခြားသူတွေနဲ့ စိမ်းသက်နေတယ်ဆိုပေမယ့် အပေးအယူမျှတနေသရွေ့ အဆင်ပြေမှာပါ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုလူမျိုးတေါကို ငါ သဘောမကျတာတော့အမှန်ပဲ”

ရန်ကျောက်ကဲက ကြိုးစားပြီးပြုံးလိုက်ရင်း...

“အနက်ရောင်ပိုးသားဧကရာဇ် ကျင့်ကြံခြင်းရှေ့ဆက်ချင်တယ်ဆိုရင် သူ့သမီးနှစ်ယောက်လုံးကို သတ်ပစ်မှ ရလိမ့်မယ်”

ထိုစကားကြားတော့ လျိုကျန်းကူ မျက်ခုံးတစ်ချက်ပင့်ရင်း...

“အိုး... ဟုတ်လား”

“ချီလင်ကမ်းပါးက တာအိုရောင်းရင်း ‘ဝမ်ကျန်းချန်’ က ဒီကိစ္စကို ဘာလို့မပြောတာပါလိမ့် ၊ ဒါဆိုရင်တော့ အနက်ရောင်ပိုးသားဧကရာဇ်ရဲ့ ခံစားချက်ကင်းမဲ့တဲ့လမ်းစဉ်နဲ့ပတ်သက်ပြီး သေသေချာချာ စဉ်းစားဆုံးဖြတ်ရမယ့် သဘောပဲ”

အနောက်မြောက်ထိပ်တန်းအရှင်သခင်က မျက်မှောင်ကြုံ့ရင်း...

“ဒီလိုကိစ္စမျိုးကိုတော့ ဒီအဘိုးကြီး မထောက်ခံနိုင်တာ အမှန်ပဲ ၊ ဒါပေမဲ့ ဒီကိစ္စက လူတစ်ယောက်ရဲ့ တာအိုလမ်းစဉ်နဲ့ သက်ဆိုင်နေတယ် ၊ ဆိုတော့... ကျုပ်က အပြင်လူတစ်ယောက်အနေနဲ့တော့ အများကြီးပြောနိုင်မှာ မဟုတ်ဘူး”

လူတစ်ယောက်၏ တာအိုလမ်းစဉ်ကိုတားဆီးခြင်းက လူတစ်ယောက်၏ မိဘများကိုသတ်ဖြတ်သည့်ပမာ ရန်ငြိုးရန်စနှင့် အပြစ်တရား ကြီးမားလွန်းသည်။

ရန်ကျောက်ကဲကတော့ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များထဲတွင် ပိုးသားဧကရာဇ်နှင့် အကျိုးစီးပွားလည်းမရှိ ၊ ပဋိပက္ခလည်းမရှိသော လူအများစုကတော့ လျိုကျန်းကူကဲ့သို့ပင် ထင်မြင်ယူဆကြပေမည်။

သူတို့အနေဖြင့် အဖြူရောင်ပိုးသားဧကရာဇ်ကိုရော အနက်ရောင်ပိုးသားဧကရာဇ်ကိုပါ မထောက်ခံကြဘဲ ပြဿနာပြေလည်သွားသည်အထိ စောင့်ဆိုင်းကြပေမည်။

သို့သော် ပြတ်သားသောစိတ်ဓာတ်ရှိသူများကတော့ အနက်ရောင်ပိုးသားဧကရာဇ်ကို ပိုပြီးထောက်ခံကြပေမည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင်ကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲနှင့် မန်ဝမ်တို့ အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်မှ ထွက်ခွာကာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ဦးတည်ခဲ့သည်။

လမ်းတစ်လျှောက်မန်ဝမ်က အတော်လေး တည်ငြိမ်စွာပင်ရှိနေသည်။

သူမက ....

“ရှင်ပြောသလိုဆိုရင် အထက်ရပ်ထိပ်တန်းအရှင်သခင်က ကျွန်မကို ရှာတွေ့ဖို့အရမ်းလွယ်နေတာပေါ့”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“အထက်ရပ် ‘ချန်’ တင်မဟုတ်ဘူး ၊ မင်းအဖေလည်း မင်းကိုရှာချင်တယ်ဆိုရင် အရမ်းလွယ်တယ် ၊ သူက နက္ခတ်ပညာမတတ်ကျွမ်းပေမယ့် မင်းတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းကအရမ်းကွာတော့ ရှာတွေ့သွားမှာပဲလေ”

သူက ဆက်ပြောသည်။

“အရှေ့တောင်ပိုင်းကိုသွားပြီး ထန်ယုံဟောင်အသစ်ပြန်လည်တည်ထောင်ထားတဲ့ နေသူတော်စင်ဂိုဏ်းကိုသွားမယ်ဆိုရင် လောလောဆယ် မင်းအတွက် အလုပ်မဖြစ်နိုင်ဘူး”

သူက မန်ဝမ်ကို လှည့်ကြည့်ရင်း...

“မင်းကိုအကြံပေးချင်တာက... ငါနဲ့အတူ တောင်ပိုင်းကိုလိုက်ခဲ့ပြီး ငါ့အဖေရဲ့ ထိုက်ယိဟွာတိမ်တိုက်အကာအကွယ်အောက်မှာ နေစေချင်တယ်”

“ဖုထင်မိန်းကလေးလည်း အဲဒီမှာ ရှိနေတယ်လေ ၊ ဒီတော့ မင်းတို့နှစ်ယောက်ကို အတူတူ ပုန်းခိုခိုင်းထားဖို့က ပြဿနာမရှိပါဘူး ၊ ဒါပေမဲ့ မင်း သူနဲ့တွေ့ရမှာကတော့ နည်းနည်း အနေခက်မယ်ထင်တယ်”

မန်ဝမ်က သက်ပြင်းချရင်း...

“သူနဲ့က အခုမတွေ့လည်း နောက်ပိုင်းတွေ့ရမှာပဲလေ”

ရန်ကျောက်ကဲက...

“ပြီးတော့ မင်းသွားချင်တဲ့နေရာကို စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် သွားနိုင်မှာ မဟုတ်ဘူး ၊ အဲဒီလိုရော နေနိုင်ရဲ့လား”

မန်ဝမ်က ထိုကိစ္စကို စိတ်ပူပန်ဟန် မရှိပေ။

“ကျွန်မ အသက်ရှင်ဖို့က ပိုပြီးအရေးကြီးပါတယ် ၊ ဘာလို့မနေနိုင်ရမလဲရှင် ၊ ဒါပေမဲ့ အစ်ကိုကြီး ‘ရန်’ ကို ဒုက္ခပေးသလို ဖြစ်နေမှာပဲ စိုးရိမ်တာပါ”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ဒါက ပြဿနာမရှိပါဘူး”

သို့သော် ရန်တိကတော့ လတ်တလောတွင် သိုသိုသိပ်သိပ် နေထိုင်ရမည် ဖြစ်သည်။ မဟုတ်ပါက ဖုထင်နှင့် မန်ဝမ်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက ဖုထင်နှင့်မန်ဝမ်ကို ကာကွယ်ရန် ဆုံးဖြတ်ထားပြီး ဤသို့ကူညီသည်က သူ့အတွက်လည်း အမှန်တကယ် အကျိုးအမြတ် ရှိမည်သာပင်။

ရန်ကျောက်ကဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ရောက်ရှိပြီး ရန်တိနှင့် တွေ့ဆုံသည့်အခါ ပထမဆုံး ရန်တိပြောလိုက်သည့် စကားက...

“မင်း ထိုက်ချင်အဆက်အနွယ်နဲ့ပတ်သက်တဲ့ သိုင်းပညာအသစ်တွေလိုချင်တယ်ဆိုရင် ဘာမှ စိတ်ပူစရာ မရှိတော့ဘူး”

ထိုစကားကြောင့် ရန်ကျောက်ကဲက အံ့အားသင့်ခြင်း မရှိပေ။

“ဖုထင်က မိန်းကလေးတစ်ယောက်ဆိုပေမယ့် စိတ်ထားဖြောင့်မတ်တယ် ၊ သူက ကျွန်တော်တို့ရဲ့ ကူညီမှုအတွက် ဘာမှပြန်မပေးဘဲ အခွင့်ကောင်းယူမှာ မဟုတ်ဘူး”

ဖုထင်က ထိုက်ယိဟွာတိမ်တိုက်၏ ကာကွယ်ပေးမှုအောက်တွင် နေထိုင်သည်ဖြစ်ရာ ထိုတိမ်တိုက်အတွင်းထဲမှ သဘောတရားများကို ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်စွမ်းရှိသည်။

ရန်ကျောက်ကဲကဲ့သို့ ထိုက်ယိလက်သီးသိုင်းနှင့်ပတ်သက်ပြီး နက်နဲသည့်နားလည်မှုမျိုးရရှိရန် သူမအတွက် အလွန်အမင်း ခက်ခဲသော်လည်း ၊ ဖုထင်က ‘ရှန်းထျန်းဝူထိုက်’ မှ အခြေားသော ‘ထိုက်’ (၄)ခုကို ကျင့်ကြံထားသည့် ထိုက်ယိအဆက်အနွယ် သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ သူ သူမ၏ အံ့သြစရာပင်ကိုယ်ပါရမီနှင့် ထိုက်ယိဟွာတိမ်တိုက် ပေါင်းစပ်လိုက်သည့်အခါ များပြားလှစွာသော ပညာရပ်များကို နားလည်နိုင်စွမ်း ရှိလာသည်။

ရန်တိနှင့် ရန်ကျောက်ကဲ၏ အကူအညီကိုအသာထား ထိုက်ယိဟွာတိမ်တိုက်၏ အခြေခံမူများကို ခွဲခြားစိတ်ဖြရန်အတွက် ဖုထင်မှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

ထို့ကြောင့် ပိုးသားဧကရာဇ်၏ ခွင့်ပြုချက်ကိုပင် မရယူတော့ဘဲ ဖုထင်က ဝါဒတောင်နှင့် သိုင်းပညာအလဲအလှယ်ပြုလုပ်ရန် အစပျိုးလုပ်ဆောင်ခဲ့သည်။

မြောက်ဖေးတောင်ထွတ်မှ အဆက်အနွယ်များ၏ သိုင်းပညာက ‘ရှန်းထျန်းဝူထိုက်’ တွင် ထိုက်ယိလက်သီးသိုင်းတစ်ခုတည်းသာ လိုအပ်နေခြင်း ဖြစ်သည်။

ယခု ထိုပညာရပ်ကိုရရှိရန် အခွင့်အရေးရရှိပြီဖြစ်ရာ သူတို့အနေဖြင့် မည်မျှပေးဆပ်ရပါစေ ရရှိအောင် ကြိုးစားမည် ဖြစ်သည်။

ကျိုးကြောင်းဆီလျော်သည့်ပိုးသားဧကရာဇ်သာ ကျင့်ကြံခြင်းသွေဖယ်မသွားဘူးဆိုလျှင်လည်း ထို့အတူပင် ပြုလုပ်ပေမည်။

ရန်ကျောက်ကဲကိုတွေ့တော့ ဖုထင်က ဆိုသည်။

“ဒီတစ်ခေါက် ရှင်နဲ့ ရှင့်ရဲ့ဂိုဏ်းက ကျွန်မကို ကူညီခဲ့တယ် ၊ အခု ကျွန်မ ထိုက်ယိလက်သီးသိုင်းကို ရှာဖွေနေတာ ၊ ဒါက ရှင်နဲ့ ရှင့်ရဲ့အဖေကို အပြစ်ပြုမိသလို မဖြစ်ဘူးလို့ မျှော်လင့်မိပါတယ်”

သူမက ထပ်ပြီး တောင်းပန်စကား ဆိုလိုက်သည်။

“ထိုက်ယိလက်သီးသိုင်းက ကျွန်မတို့ မြောက်ဖေးတောင်ထွတ်အတွက် အရမ်းအရေးကြီးလို့ပါ...”

ရန်ကျောက်ကဲက လက်ကာပြလိုက်ပြီး...

“ဒါက ငါတို့ဂိုဏ်းအတွက်လည်း အကျိုးရှိပါတယ် ၊ သိုင်းပညာ အလဲအလှယ်လုပ်တာပဲ မဟုတ်လား ၊ ‘ဖု’ မိန်းကလေး စိတ်ထဲမထားပါနဲ့”

ထို့နောက် သူက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။

“မင်းအဖေ... ဟုတ်တယ်... အဖြူရောင်ပိုးသားဧကရာဇ် ဒီပွဲမှာ အနိုင်ရပါစေလို့လည်း မျှော်လင့်ပါတယ်”

All Chapters