← Chapters

တိုင်ချူးရွှယ်၊ ကျိုးနင်

Vol. 6 Ch. 81

တိုင်ချူးရွှယ်၊ ကျိုးနင်

Vol. 6 Ch. 81

မကြာခင် အချိန်အတွင်းမှာပင် ဝေ့ဝူယင်နှင့် ချူးရွှေတို့ အုပ်စုကား ကောင်းကင်ယံထက်၌ မျက်နှာချင်းဆိုင်မိနေပြီ ဖြစ်လေသည်။ သူတို့ အကြား၌ အများဆုံး မီတာတစ်ရာခန့်သာ ကွာဝေး‌တော့၏။

ချင်းရွှေ၏ အမူအရာက ယုံကြည်မှု အပြည့်နှင့် တည်ငြိမ်နေသည်။ တိုင်ဖေးအား မျက်မှောင်ကြုတ်ကာ တစ်ချက် ကြည့်လိုက်ပြီးနောက်မှ သူမက ဝေ့ဝူယင် ဘက်သို့ လှည့်လိုက်၏။

“နင်က ဘယ်သူလဲ...”

သူမက မေးလိုက်သည်။

ချင်းရွှေ၏ ကျင့်ကြံခြင်း အခြေခံကို စစ်ဆေးရင်း ဝေ့ဝူယင်၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။ အခြားလူများ အနေဖြင့် သူမ၏ ကျင့်ကြံခြင်း အခြေခံကို ထိုးဖောက်မြင်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း သူကမူ အလွန် နက်ရှိုင်းသည့် ဝိညာဥ်အာရုံအား ပိုင်ဆိုင်ထားသူ ဖြစ်သည်.

“ချီပျစ်ခဲခြင်း အဆင့် ခုနစ်၊ မြင့်မြတ်သောချီ အဆင့်...”

ဝေ့ဝူယင် မထီမဲ့ပြင် ပြုံးလိုက်၏။

“ငါဒီကိုလာတာ ငါ့မိန်းမတွေ အတွက်ပဲ... သူတို့ကို ထုတ်ပေးစမ်း”

ချင်းရွှေက မျက်မှောင်ကြုတ်လိုက်သည်။ ဒေါသအရိပ်အငွေ့ အချို့မှာ သူမ၏ မျက်လုံးတွင် နေရာယူ လာခဲ့၏။ သို့သော်လည်း သူမ ဘာမှ မပြောရသေးခင်မှာပင် အကြီးအကဲ လူအိုကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်တို့ရဲ့  ဗဟုသုတ နိမ့်ပါးမှုအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်... မောင်ရင်ပြောတဲ့ မောင့်ရင့် မိန်းမတွေက ဘယ်သူဆိုတာ ကျုပ်တို့ မသိပါဘူး...”

“မင်းက ဘယ်သူလဲ...”

ဝေ့ဝူယင်က တန်ပြန် မေးခွန်းထုတ်လိုက်သည်။ လူအိုကြီးကား အိန္ဒြေ မပျက်ချေ။ သူ၏ မျက်လုံးများက တည်ငြိမ်နေကာ လေးစားမှု အရိပ်အယောင် အချို့ကိုပင် ဖော်ထုတ် ပြသလိုက်သေး၏။

“ကျုပ်က ကျွင်းထျန်းချိုးပါ”

ဝေ့ဝူယင်က လိုက်လံ ရေရွတ်ကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ငါ့နာမည်က ဝေ့ဝူယင်... ဆေဘာအာဏာရှင်လို့ ခေါ်လို့ရတယ်”

“ ... “

တိတ်ဆိတ်မှု လှိုင်းတစ်ခု ဖြာထွက်သွား၏။ အကြီးအကဲများမှာ မျက်မှောင်ကြုတ်ကာ အတွေးနက်သွားပုံ ရကြသည်။ ဝေ့ဝူယင် ဆိုသော နာမည်မှာ မကြာခဏ တွေ့ရတတ်သော နာမည် တစ်ခု ဖြစ်သည်။ သူတို့ ဂိုဏ်းထဲတွင်ပင် ထိုနာမည်နှင့် လူများ ရှိသည်။ သူတို့ ဂရုစိုက်သည်က “ဆေဘာအာဏာရှင်” ဆိုသော သူ၏ ဘွဲ့အမည်ပင် ဖြစ်သည်

သို့သော်လည်း... စက္ကန့်အနည်းငယ် ကြာပြီးသည့် အထိ သူတို့သည် ထိုနာမည်နှင့် ပတ်သက်သည့် မည်သည့် အချက်အလက်ကိုမျှ စဥ်းစား မရကြချေ။ အသက် အကြီးဆုံး ဗဟုသုတ အနက်ရှိုင်းဆုံး ဖြစ်သည့် ကျွင်းထျန်းချိုးပင် မျက်မှောင်ကြုတ်နေ၏။ သေမျိုး နတ်ဘုရားများထဲတွင်ပင် ထိုကဲ့သို့ နာမည်မျိုးကို သူ မကြားဖူးချေ။

“ဘယ်သူတွေ အတွက် ဒီကို ရောက်လာတာပါလဲ နတ်ဘုရားဝေ့...”

ကျွင်းထျန်းချိုးက တည်ငြိမ်စွာပင် မေးလိုက်၏။ သူသည် အမြင့်မားဆုံး ဖြစ်နိုင်ချေကို တွက်ချက်ခဲ့ပြီး ဖြစ်သည်။ ထိုလူငယ်မှာ ယခုမှ လောလောလတ်လတ် အဆင့်တက်ထားသည့် သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်ရပေမည်။ သူသည် ရေအိုင်ထဲမှ ဖားသူငယ် ကဲ့သို့ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းပြီဟု ယူဆကာ ဤနေရာအထိ ရောက်လာခြင်း ဖြစ်ရပေမည်။

“တိုင်ချုးရွယ်နဲ့ ကျိုးနင်... သူတို့ကို ခုချက်ချင်း ထုတ်ပေးစမ်း”

ဝေ့ဝူယင်က အထက်စီးဆန်စွာပင် အမိန့်ပေးလိုက်၏။ သူသည် “ဆေဘာအဏာရှင်” ဟူသော ဘွဲ့အမည်အား ကျောက်စိမ်းကြာပန်းဂိုဏ်းမှ စတင်၍ တောက်ပအောင် မွမ်းမံရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ လေသံကို နည်းနည်းမျှ မလျှော့တော့ချေ။ နတ်ဘုရားအရှင် တစ်ပါး အနေဖြင့် ထိုကဲ့သို့ ပြုမူရန် သူ့တွင် အခွင့်အရေး ရှိပေသည်။

“ ... “

အကြီးအကဲများမှာ ဝေ့ဝူယင်ကို ဒေါသထွက်ရမည့် အစား ရှုပ်ထွေးသည့် ခံစားချက်များဖြင့် တိုင်ဖေးအား ကြည့်လိုက်မိကြ၏။ ထိုမိန်းမက တိုင်ချူးရွှယ်ကို ကယ်တင်ရန် လူမိုက်ငှားလာသည်လား။ လူအိုကြီးနှင့် တစ်အိပ်ရာတည်း အိပ်ရင်း ရူးသွားပြီလား။

မျက်နှာတွင် တင်းတိပ်များ ရှိသည့် လူငယ်က တိုင်ဖေးအား ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

“အရူးပဲ...”

တိုင်ဖေးက ထိုလူငယ်ကို မုန်းတီးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူသည် ဂိုဏ်း၏ သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်ပြီး တိုင်ချူးရွှယ်နှင့် ပြဿနာ ဖြစ်ခဲ့သည့် တဏှာရူး၏ ဖခင်ပင် ဖြစ်သည်။ ပြဿနာ အားလုံးကား သူတို့ မိသားစုကြောင့် စတင်ခဲ့ခြင်း ဖြစ်၏။

တင်းတိပ်နှင့် လူငယ်က တိုင်ချူးရွှယ်အား လုံးဝ ဂရုမစိုက်ဟန် လျစ်လျူကာ ဝေ့ဝူယင်ထံ မောက်မာစွာ လှမ်းကြည့်လိုက်သည်။

“မင်းကရော မင်းပြဿနာထဲ ဓားခုတ်ရာ လက်ဝင်လျှိုချင်နေတာလား... တကယ့် အရူးတပဲ”

တစ်ချိန်တည်း၌  ချင်းရွှေ အပါအဝင် အခြား သေမျိုး နတ်ဘုရားများမှာလည်း တိုင်ဖေးကား မိုက်မဲရန်ကော ဟူသည့် အကြည့်များနှင့် ကြည့်နေကြသည်။ ဂိုဏ်းအတွင်း ပြဿနာများထဲ အခြားလူကို ဆွဲထည့ ဖြေရှင်းရန် ကြိုးစားခြင်းမှာ ဂိုဏ်းအပေါ် သစ္စာဖောက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

တိုင်ဖေးမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ဝေ့ဝူယင်မှာ နတ်ဘုရား အရှင် တစ်ယောက် ဖြစ်ကြောင်း သူမသာ သိသည်။ မှန်သံမဏိကိုပင် လက်သီးသက်သက်ဖြင့် ထိုးခွဲခဲ့သော သူ့အား သေမျိုး နတ်ဘုရား ခုနစ်ယောက်လောက်ဖြင့် ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း... ဂိုဏ်းမှာ ထိုအရာကို သဘောမပေါက်သည့် အပြင် အထင်လွဲကာ သူမကိုပါ ရန်ရှာချင်နေသေးသည်။

ချင်းရွှေမှာ တိုင်ဖေး၏ အမူအရာကို သတိထားမိသွားကာ မျက်မှောင်ကြုတ်လိုက်သည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်က အေးစက်စွာ ပြုံးလိုက်၏။ တင်းတိပ်နှင့် လူငယ်သည် မောက်မာစွာဖြင့် သူ့အား ဆဲရေးခဲ့သည်။ သူသည် ထိုအကွက်ကို စောင့်နေခြင်း ဖြစ်၏။

“သူ့ကို အဆုံးသတ်လိုက်...”

စကားလုံးများကား တိုတိုတုတ်တုတ်ပင်။ သို့သော်လည်း ထိုအရာက အဆင်သင့် စောင့်ဆိုင်းနေသည့် ပိုင်လင်ကို စိတ်အား ထက်သန်မှုများနှင့် ပြည့်နှက်သွား‌စေ၏။

ရွှစ်...

ရွှေရောင် အလင်းတန်း တစ်ခုမှာ ပိုင်လက်၏ ပါးစပ်မှ ထွက်ပေါ်လာ၏။ စက္ကန့်ဝက်မျှ အတော်အတွင်းမှာပင် ၎င်းသည် လောက ဖြတ်သန်းကာ ဘယ်ဆီဘယ်ဝယ်မှန်း မသိ ပျောက်ကွယ်သွားသည်။

တင်းတိပ်နှင့် လူငယ်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ သွေးစများသည် သူ၏ နှုတ်ခမ်းထောင့်မှ အတားအဆီး မရှိ စီးကျလာ၏။ သူက ရင်ဘတ်သို့ ငုံ့ကြည့်လိုက်ရာ နှလုံးသား တည့်တည့်တွင် အပေါက်တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် သိမ်းငှက်၏ ကျောပေါ်တွင် ဒူးထောက်ကာ ပြုတ်ကျသွား၏။ သူတစ်ခုခု ပြောချင်နေသော်လည်း သွေးများက ပါးစပ်တစ်ခုလုံး ပြည့်နှက်နေရာ မည်သည့် အသံမျှ ထွက်မလာခဲ့ချေ။ ကြည့်နေရင်း သူ၏ မျက်လုံးများက တဖြည်းဖြည်း ဝေဝါးလာ၏။ နောက်ဆုံး၌ အရာအားလုံးကာ မည်းမှောင်သွားကာ သူ လောကကြီးနှင့် အဆက်ပြတ် သွားလေတော့သည်။

သေမျိုး နတ်ဘုရားပါး သိမ်းငှက်ပေါ်တွင်ပင် သေဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။

“ဂီး...”

ပိုင်လင်က ထိုမြင်ကွင်းကို ကြည့်ရင်း အူမြူးသော အသံဖြင့် တွန်သံတစ်ချက် ပြု၏။ ဝေ့ဝူယင်က ခေါင်းညိတ်ကာ ပြုံးရင်း အသိအမှတ် ပြုလိုက်သည်။

“ ... “

တစ်ချိန်တည်း၌ စုမေ့ အပါအဝင် လူတိုင်းမှာမူ ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။ သူမသည် ဝေ့ဝူယင် ကိုယ်တိုင် လှုပ်ရှားလိမ့်မည်ဟု ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပိုင်လင် လှုပ်ရှားလာကာ သေမျိုး နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ပစ်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးချေ။

ဝေ့ဝူယင်တွင် သူတို့၏ အံ့သြသင့်မှုများကို တကူးတက စောင့်ကြည့်ရန် ရည်ရွယ်ချက် မရှိချေ။ သူက တိုက်ရိုက်ပင် ထပ်မံ တောင်းဆိုလိုက်၏။

“ငါ့မိန်းမတွေကို‌ ခေါ်ခဲ့ပေး... နောက်တစ်ကြိမ် ထပ်မပြောတော့ဘူး”

သူ၏ လေသံက နောက်လိုက်နောက်ပါများကို အမိန့်ပေးနေသည့် ဧကရာဇ် တစ်ပါး၏ လေသံမျိုးပင်။

ကျောက်စိမ်းကြာပန်းဂိုဏ်း၏ သေမျိုး နတ်ဘုရားများမှာ စတင်ကာ ထိတ်လန့် လာကြ၏။ စောစောပိုင်းက သူတို့၏ ပေါ့ပေါ့ဆဆ အတွေးများကား အငွေ့ပျံကာ လွင့်စဥ်သွားခဲ့ပြီ ဖြစ်သည်။ မီတာတစ်ရာခန့် အကာအဝေးကပင် သေမျိုး နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်သည့် ထိုငှက်ကား မည်သို့သော အမျိုးအစားနည်း။

ရုတ်တရက် ဝိညာဥ်အာရုံ တစ်ခုသည် ပျံ့လွင့်လာ၏။ ၎င်းကား အစွမ်းထက်ကာ ချီ၏ အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ထိုဝိညာဥ်အာရုံသည် ကောင်းကင် တစ်ခုလုံးကို ဖြန့်ကျက်ကာ ဝေ့ဝူယင်နှင့် သိမ်းငှက်ပေါ်ရှိ ရုပ်အလောင်းတို့ကို စစ်ဆေးနေ၏။

ဝေ့ဝူယင်သည် ထိုဝိညာဥ်အာရုံ ရောက်ရှိလာသည်ကို သတိထားမိ၏။ သူ၏ မျက်လုံးများက ဆေဘာချီနှင့် ဆက်သွယ်သွားသည်။ သူသည် ကိုယ်ပိုင် ဝိညာဥ်အာရုံကို ဆန့်ထုတ်ကာ ထိုဝိညာဥ်အာရုံအား တိုက်ခိုက်လိုက်၏။

၎င်းကား သံမဏိ ကြာပန်းတစ်ပွင့်ကို ဆေဘာဓား တစ်စင်းနှင့် ပိုင်းဖြတ်လိုက်သလိုပင်...။

...

မဟာကျောက်စိမ်း နန်းတော်အတွင်း၌ ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် အသက်လတ်အရွယ် ယောက်ျားတစ်ဦး ထိုင်နေခဲ့သည်။ ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားကာ အကြိမ် အနည်းငယ် ချောင်းဆိုးလိုက်ရ၏။ သွေးစက်အချို့က သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာပြီး သူ၏ မျက်လုံးများမှာ ထိတ်လန့် ခြောက်ခြားမှုများနှင့် ပြည့်နှက်နေလေ၏။

သူကား ကျောက်စိမ်းကြာပန်း၏ နတ်ဘုရားအရှင် ဖြစ်သည့် ဂိုဏ်းချုပ် ချင်းဖုန်းပင်...။

ချင်းဖုန်းသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းရင်း နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို သုတ်လိုက်သည်။ သူ၏ ဝိညာဥ်အာရုံသည် ချီစွမ်းအားဖြင့် အားဖြည့်ထားသည့်တိုင် ယခုကဲ့သို့ လွယ်လွယ်ကူကူ ပိုင်းဖြတ်ခံခဲ့ရသည်။ အဖြူရောင် ကြိုးကြာထက်ရှိ လူငယ်က အလွန်အမင်း အစွမ်းထက်သော နတ်ဘုရား အရှင် တစ်ယောက် သို့မဟုတ် နတ်ဘုရား ဧကရာဇ် တစ်ယောက်ပင် ဖြစ်နိုင်ကြောင်း သူတွေးလိုက်မိ၏။ ထိုအဆင့်ရှိ ကျင့်ကြံသူများမှ လွဲ၍ မည်သူမျှ သူ့အား ထိခိုက် ဒဏ်ရာရအောင် မလုပ်နိုင်ချေ။

သူ ချက်ချင်းပင် ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ ညီမ ဖြစ်သူ ချင်း‌ရွှေထံ စာတစ်စောင် ပို့လိုက်သည်။

“ဧည့်သည်တွေကို ကောင်းကောင်း ကြိုဆိုလိုက်”

ချင်းဖုန်းကား လိမ္မာပါးနပ်သူ တစ်ယောက် ဖြစ်သည်။ အနည်းဆုံး... ဝေ့ဝူယင်ကဲ့သို့ လူတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရခြင်းမှာ ရန်သူ တစ်ယောက် ဖြစ်ရခြင်းထက် ပိုမို ကောင်းမွန်ကြောင်း သူ သိရှိထားပေသည်။ သေမျိုး နတ်ဘုရား တစ်ယောက် သေဆုံးသွားခြင်းလား... ဂိုဏ်းတစ်ခုလုံး၏ ကံကြမ္မာနှင့် ယှဥ်ပါက ထိုအရာက ဘာမှ မဟုတ်ပါချေ။

ချင်းရွှေသည် စာကို လက်ခံ ရရှိ၏။ ဖတ်လိုက်ပြီးနောက် သူမ၏ မျက်လုံးများတွင် နားမလည်သည့် အရိပ်အယောင် အချို့ ဖြစ်ပေါ်လာသည်။ သို့သော်လည်း မတုန့်မဆိုင်းပင် သူမက လက်နှစ်ဖက်ကို ယှက်ကာ ဝေ့ဝူယင်ကို နှုတ်ဆက်လိုက်၏။

“နတ်ဘုရားလဲ့ရဲ့ အမူအရာက စော်ကားသလို ဖြစ်သွားစေခဲ့တဲ့ အတွက် ကျွန်မကပဲ ကိုယ်စား တောင်းပန်ပါတယ်ရှင်... သူ့ရဲ့ သေဆုံးမှုက ဧည့်သည်တော်ကြီးကို ကျေနပ်စေလိမ့်မယ်လို့ ထင်ပါတယ်...  မဟုတ်ရင်တောင် တိုင်ချူးရွှယ်ကို အဓမ္မ ချုပ်နှောင်ခဲ့တဲ့ အမှု့အတွက် သူနဲ့ သူ့မိသားစု တစ်ခုလုံးကို ကျွန်မတို့ ပြန်ပြီး အရေးယူတော့မှာပါ”

သူမ၏ စကားလုံးများက မဟာ အကြီးအကဲများ၏ နှလုံးသားများကို အေးစက်သွားစေ၏။ နတ်ဘုရားလဲ့ကား သတ်ဖြတ်ခံရသည့် အပြင် အကျိုးဆက် အနေဖြင့် သူ၏ တစ်မိသားစုလုံးပါ အရေးယူခံရဦးမည်။ သူစိမ်း တစ်ယောက်အတွက် ထိုအရာက ထိုက်တန်ပါ၏လော။ မည်မျှ နှလုံးသား ကင်းမဲ့လိုက်သနည်း။

***

All Chapters