တိုင်ချူးရွှယ်၊ ကျိုးနင် (၂)
Vol. 6 Ch. 82
သို့သော်လည်း... “သူ့ကို အဆုံးသတ်လိုက်” ဆိုသော စကားလုံးလေးနှင့် အတူ ဖြစ်ပေါ်လာသည့် ရွှေရောင် အလင်းတန်းအကြောင်း ပြန်လည် တွေးတောမိသောအခါ အခြေအနေ အရပ်ရပ်ကို သူတို့ လက်ခံ လာနိုင်ကြသည်။ သားရဲပင် ထိုမျှ အစွမ်းထက်လျှင် စီးနင်းသူမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနိုင်သည်။
ထိုငွေရောင် မျက်လုံးများနှင့် လူငယ်သည် နတ်ဘုရား အရှင် သို့မဟုတ် နတ်ဘုရား ဧကရာဇ် တစ်ပါးပင် ဖြစ်နိုင်သည်။ သေချာတွေးကြည့်ပါက... နတ်ဘုရားလဲ့ သေဆုံးသွားရခြင်းမှာလည်း မည်သူ့အလွန်မှ မဟုတ်ချေ။ သူကား နတ်ဘုရားဧကရာဇ် အဆင့် ဖြစ်နိုင်သူ တစ်ယောက်အပေါ် ပါးစပ်စည်းမစောင့်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ ချီပျစ်ခဲခြင်း အဆင့်ခြောက်နှင့် အဆင့်ကိုးတို့မှာ ကျင့်ကြံခြင်း အဆင့် သုံးဆင့်တိုင်တိုင် ကွာခြားပေသည်။ ထိုကွာခြားမှုက ကောင်းကင်နှင့် မြေကြီးကဲ့သို့ အလှမ်းကွာဝေးလှသည်။ နတ်ဘုရား ဧကရာဇ် တစ်ပါးသည် ကျောက်စိမ်းကြာပန်းဂိုဏ်းထက်ပင် ပို၍ ကြီးမြတ်လှသည်။
ဝေ့ဝူယင်က အေးစက်စွာ ပြုံးလိုက်၏။ သူသည် ရည်ရွယ်ချက် ရှိရှိဖြင့် ဂိုဏ်းချုပ်၏ ဝိညာဥ် အာရုံကို ဖျက်ဆီး ပစ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း... သူကား ကျောက်စိမ်းကြာပန်းဂိုဏ်း၏ အဓိက ပိုင်နက် အတွင်းကို မျက်စိကန်းသလို ဝင်ရောက်သည်အထိ မမိုက်မဲပါချေ။ ထိုနေရာတွင် သူ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ဝိညာဥ် ဝင်္ကပါနှင့် အစီအရင်များစွာ ရှိပေသည်။
ထို့ကြောင့်ပင်... သူက ခေါင်းတစ်ချက် ညိတ်ကာ နေရာတွင်သာ စောင့်နေလိုက်၏။
ချင်းရွှေမှာ ဝေ့ဝူယင်၏ သဘောထားနှင့် သတိထားမှုကို လျှင်မြန်စွာပင် နားလည်လိုက်၏။ သူမက မဟာ အကြီးအကဲများကို တိုင်ချူးရွှယ်နှင့် ကျိုးနင်တို့အား ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။ အဘယ်ကြောင့် ထိုကလေးမကို ဝေ့ဝူယင် စိတ်ဝင်စားနေကြောင်း သူမ မသိသော်လည်း... တစ်ခါတစ်ရံ၌ ယောက်ျားများမှာ မိန်းမ တစ်ယောက်အတွက် တစ်လောကလုံးနှင့် ရင်ဆိုင်တတ်ကြပေသည်။
ဝေ့ဝူယင်သည် ပိုင်လင်၏ ကျောပေါ်၌ တိတ်ဆိတ်စွာပင် ရပ်နေခဲ့၏။ စုမေ့က လှမ်းကြည့်လိုက်ရာ မဟာ အကြီးအကဲများ၏ မျက်လုံးများမှာ လေးစားမှုနှင့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် မျက်နှာထက်၌ ဖော်ရွေသော အပြုံးများကို ဆင်မြန်းထားကာ ဝေ့ဝူယင်နှင့် မိတ်ဆွေဖွဲ့ချင်နေပုံ ရလေသည်။
စုမေ့၏ စိတ်မှာ အနည်းငယ် တုန်ရီသွားခဲ့၏။ မကြာသေးခင်ကပင် အရှင်ဝေ့သည် သူတို့၏ သေမျိုး နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ခဲ့ပြီး ဂိုဏ်း၏ လူသားရင်းမြစ် အခြေခံကို အားနည်းစေခဲ့သည်။ သို့သော်လည်း သူတို့၏ အမူအရာက ရန်လိုခြင်း အလျင်းမရှိပဲ ဖော်ရွေမှုများနှင့်သာ ပြည့်ရွှမ်းနေခဲ့သည်။ ထိုအရာက စွမ်းအား ဆိုခြင်း၏ အဓိပ္ပာယ်လော။
စုမေ့က ဘေးနားရှိ တိုင်ဖေးကိုလည်း လှမ်းကြည့်လိုက်၏။ ထိုမိန်းကလေး၏ မျက်ဝန်းများမှာ ခံစားချက် မျိုးစုံဖြင့် ရောနှောပြည့်ရွှမ်းနေသည်။ ထိုအခိုက်၌ သေမျိုး နတ်ဘုရား တစ်ပါးကား ချောမောသည့် လူငယ်လေးကို လေးစားချစ်ခင်စွာ ငေးကြည့်နေသည့် သာမန် မိန်းကလေး တစ်ယောက်နှင့်ပင် တူနေချေသေးတော့၏။
...
ချင်းရွှေ၏ အမိန့်အတိုင်းပင်... လူအိုကြီး ကျွင်းထျန်းချိုးနှင့် သူ၏ တာအို လက်တွဲဖော်တို့သည် ကျောက်စိမ်းကြာပန်းဂိုဏ်းသို့ ပြန်လည် ပျံသန်းလာကြသည်။ ဝေ့ဝူယင်က သူ၏ မိန်းမ နှစ်ယောက်ကို ထုတ်ပေးရန် တောင်းခံခဲ့သည်။ ထိုနှစ်ယောက်ကို ထုတ်ပေးပြီးသည်နှင့် ပြဿနာ အားလုံးမှာ ပြေလည်သွားပေလိမ့်မည်။
သူတို့သည် ကျောက်စိမ်းငရဲ မျှော်စင်ကို ရောက်ရှိလာကာ အတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွားကြ၏။ မည်သည့် အစောင့်မျှ သူတို့အား တာဆီးရဲခြင်း မရှိပါချေ။ မကြာခင်မှာပင် သူတို့သည် မျှော်စင်ထဲရှိ အခန်းတစ်ခန်းတွင် ချုပ်နှောင်ထားသည့် တိုင်ချူးရွှယ်ကို တွေ့ရှိလိုက်ရ၏။
သူမကား အရိုးပေါ် အရေတင်အောင် ပိန်လှီနေကာ ယခင်က ကျောက်စိမ်းအလား ဝါဝင်းခဲ့သော အသားအရေမှာ ချေးအထပ်ထပ်နှင့် မွဲခြောက် ညစ်ပတ်နေ၏။ တစ်ချိန်တည်း၌သူမ၏ နှုတ်ခမ်းများမှာ ခြောက်သွေ့အက်ကွဲနေသည့် မြေပြင်အလား...။
နှစ်နှစ်ကျော် အကျည်းချခံထားရသည့် အတောအတွင်း တိုင်ချူးရွှယ်၏ နုပျိုမှုများကား အရိပ်အငွေ့မျှပင် မကျန်အောင် ပျောက်ရှ သွားခဲ့ပြီ ဖြစ်လေသည်။
သူမ၏ မျက်တွင်းများက ဟောက်ပက်ဖြစ်နေ၏။ သူမသည် နေကို မမြင်ရသည့် ဤပတ်ဝန်းကျင်တွင် အချိန် မည်ရွေ့မည်မျှ မသိ ဖြတ်ကျော်နေရသည်။ သူမ၏ ခြေချင်းဝတ်တွင်မူ တစ်ကိုယ်လုံးရှိ ချီစွမ်းအင် စီးဆင်းမှုကို ပိတ်ပင်တားဆီးနိုင်သည့် သံကြိုးတစ်ခုကို ချည်နှောင်ထားသည်။
တိုင်ချူးရွှယ်၏ လက်ရှိ အခြေအနေကို မြင်ပြီးနောက် ကျွင်းထျန်းချိုးတို့ လင်မယားကား တစ်ယောက်ကို တစ်ယောက် ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ အကယ်၍ တိုင်ချူးရွှယ်သာ ဆေဘာအာဏာရှင် အတွက် အရေးကြီးသူ တစ်ယောက် ဖြစ်ပါက အကျိုးဆက်မှာ မည်ကဲ့သို့ ဖြစ်လာနိုင်မည်နည်း။
“ကျွန်မ သူ့ကို ဆေးတိုက်လိုက်ရမလား...”
အကြီးအကဲ အဘွားအိုက မေးလိုက်သည်။ သို့သော်လည်း ကျွင်းထျန်းချိုးက ခေါင်းခါလိုက်၏။
“ဆေးတိုက်မယ် ဆိုရင်တောင် သူ ပုံမှန် ပြန်ဖြစ်လာဖို့ အနည်းဆုံး တစ်ရက်လောက် လိုမှာ... ဒီအတောအတွင်း ငါတို့ သူ့ကို ဘယ်လိုလုပ်ပြီး အချိန်ဆွဲထားရမှာလဲ... နောက်ပြီး မိန်းမတွေဟာ သူတို့ ယောက်ျားနဲ့ ပြန်တွေ့တာနဲ့ ခံစားခဲ့ရတဲ့ အကြောင်းတွေကို အပိုအကဲလုပ်ပြီး ပြန်တိုင်တတ်တာ မင်းလည်း သိတာပဲ... သူ့ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် လုပ်ပေးရုံနဲ့ ငါတို့ အပြစ်တွေကို ဖုံးကွယ်လို့ ရမှာ မဟုတ်ဘူး”
သူက လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်... တံခါးအားဖွင့်၍ သူမ၏ ခြေချင်းဝတ်မှ သံကြိုးများကို ဖယ်ရှားပေးရန် ဘေးနားရှိ အစောင့်ကို ညွှန်ကြားလိုက်၏။
“ချွင်... ချွင်...”
အစောင့်သည် လျှင်မြန်စွာပင် လုပ်ဆောင်လိုက်၏။ အကြီးအကဲ အဘွားအိုက တိုင်ချူးရွှယ် အနားသို့ ကပ်သွားကာ ဖေးမလိုက်သည်။ ရုတ်တရက်ပင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မထိန်းချုပ်နိုင်အောင် တုန်ရီသွားသွားကာ ကျွင်းထျန်းချိုးထံ လှမ်းကြည့်လိုက်သည်။
“မူ... မူလယင် မရှိတော့ဘူး... သူ အဓမ္မကျင့်ခံထားရတယ်”
ကျွင်းလင်း၏ အသံက အစီအစဥ် မကျနိုင်လောက်အေင် တုန်ခါနေ၏။ ကျွင်းထျန်းချိုးမှာလည်း ချက်ချင်းပင် တောင့်တင်းသွားသည်။ သူ၏ မျက်လုံးများမှာ ညဥ့်နက်ကဲ့သို့ နက်မှောင်လာခဲ့၏။ သူ အံကို တင်းတင်းကြိတ်ကာ ရင်ထဲရှိ အပူမီးကို ငြိမ်းသတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်ကဲ့သို့ လုပ်နိုင်ပါမည်နည်း။
ကျောက်စိမ်းငရဲ မျှော်စင်အတွင်းရှိ မိန်းမများသည် အမျိုးမျိုးသော နှိပ်စက် ညဥ်းပန်းမှုများကို ယောက်ျားသားများမှာ ပို၍ပင် အခြေအနေဆိုးသေးသည်။ အချို့ဆိုလျှင် ယောက်ျားပင် မဟုတ်တော့သည် အထိ နှိပ်စက်ခံကြရ၏။
ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းတွင် ထိုကဲ့သို့ အမှောင်ဘက်ခြမ်းများ ရှိကြပေသည်။ နေသွေးနီနီဂိုဏ်းပင်လျှင် လခရမ်းဂိုဏ်းကို ဖျက်ဆီးကာ မရေမတွက်နိုင်သော ဂိုဏ်းသားများကို ကျွန်ပြုခဲ့သည်။ ဝေ့ဝူယင်သည် အကျွင်းအကျန် ဂိုဏ်းသားများကို လိုက်လံ နှိမ်နင်းရန် တာဝန်ကို ယူခဲ့ရပြီး ယင်သုံးခု ခန္ဓာကိုယ် ပိုင်ရှင်ကို တွေ့သော အခိုက်၌ သူမ၏ မူလယင်ကို ရယူခဲ့ပေသည်။
“ကျွန်မတို့ ဘာလုပ်ကြမလဲ...”
ကျွင်းလင်းက စိတ်ပူပန်မှု အပြည့်ဖြင့် မေးလိုက်၏။
“ဘာဖြစ်ဖြစ်ကွာ ဖြစ်လာသမျှကို ရင်ဆိုင်ရမှာပဲ... အရင်ဆုံး ကျိုးနင်နဲ့ အခြားလူတွေကို ငါတို့ ဘက်ကနေ လွှတ်ပေးရမယ်... အဲဒါကြောင့် သူ့ရဲ့ ဒေါသကို တစ် ရာခိုင်နှုန်းလောက် လျော့သွားလည်း ငါတို့အတွက် အမြတ်ပေါ့”
ကျွင်းထျန်းချိုးက သက်ပြင်းတစ်ချက် ချကာ ကျောက်စိမ်းငရဲ မျှော်စင်အတွင်းရှိ အခန်းများကို လိုက်လံ ရှာဖွေလိုက်တော့သည်။
မကြာခင်မှာပင် သူတို့သည် ကျိုးနင် အပါအဝင် တိုင်ချူးရွှယ်၏ အဖွဲ့သားများကို တွေ့ရ၏။ ကံမကောင်းစွာပင် ထိုအထဲမှ အများစုမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားကြပြီ ဖြစ်သည်။ ထိုကဲ့သို့သော အခိုက်အတန့်မျိုး၌ အပြင်ဘက်တွင် ရှိသည့် သူတို့၏ ရန်သူများသည် ကလဲ့စားချေရန် အတွက် ရောက်ရှိလာတတ်ကြပေသည်။
ကျိုးနင်၏ အခြေအနေကို ကြည့်ရင်း ကျွင်းထျန်းချိုးတို့မှာ ငရဲခန်းထဲသို့ ရောက်သွားသလို ရုပ်ပျက် သွားကြသည်။ သူမကား ကိုယ်လုံးထီးဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ အမျိုးမျိုးသော အနာစိမ်းများ၊ အနာရွတ်များဖြင့် ပြည့်နှက်နေသည်။ သူမ၏ သူငယ်အိမ်များမှာ နံရံကိုသာ စိုက်ကြည့်ရင်း လုံးဝ လှုပ်ရှားမှု မရှိတော့ချေ။ သို့သော်လည်း ကံကောင်းထောက်မစွာပင် သူမကား မျှင်းမျှင်းလေး အသက်ရှူနေဆဲ ဖြစ်သည်။
ဤသည်မှာ ဂိုဏ်းများ၏ အမှန်တရားနှင့် ရက်စက် ကြမ်းကြုတ်မှု ကိုယ်ပိုင်ကမ္ဘာပင် ဖြစ်လေသည်။
ကျွင်းမောင်နှံမှာ ခံစားချက်များ ဆိုးရွားနေသည့်တိုင် လုပ်စရာ ရှိသည်များကို ဇယ်ဆက်ဆိုသလို လုပ်လိုက်ကြသည်။ သူတို့သည် ရေချီဖြင့် ကျိုးနင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဆေးကြောပေးကာ သင့်တော်သော အဝတ်များ ဝတ်ဆင်ပေးလိုက်ကြသည်။ သို့သော်လည်း ကျိုးနင်မှာမူ တစ်ချိန်လုံး အသိစိတ် လွတ်နေကာ သူတို့ လုပ်ကိုင်နေသည်များကို သိပုံပင် မရချေ။
ကျွင်းမောင်နှံသည် အသက်ရှင်နေသေးသည့် တိုင်ချူးရွှယ်၏ အဖွဲ့သား နှစ်ဆယ်ကို သိမ်းငှက်များ ပေါ်သို့ တင်လိုက်သည်။ အတတ်နိုင်ဆုံး သန့်ရှင်းရေး လုပ်ကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးထားသော်လည်း သူတို့၏ မျက်လုံးများထဲရှိ စိတ်ဝေဒနာများကိုမူ ဖုံးကွယ်ပေးနိုင်စွမ်း မရှိပါချေ။
ဟူး... ဟူး...
သူတို့အား ကောင်းကင်သို့ ခေါ်ဆောင်လာ၏။ ပိုင်လင်၏ ကျောထက်၌ ရပ်နေသော ဝေ့ဝူယင်၏ မျက်လုံးတွင် သနားသည့် အရိပ်အယောင်အချို့ ဖြစ်ပေါ်လာသည်။
အလွန် အစွမ်းထက်သည့် ဝိညာဥ်အာရုံဖြင့် ဝေ့ဝူယင်သည် အခြေအနေ အလုံးစုံကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူသည် အရူးတစ်ယောက် မဟုတ်ရာ မည်သည်က လုပ်သင့်သည်၊ မလုပ်သင့်သည်ကို သိပေသည်။ ဆိုရလျှင်... တိုင်ချူးရွှယ်မှာ သူ့အတွက် အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ချေ။ သူ လမ်းကြုံ၍ ကယ်ခဲ့သည့် မိန်းမငယ်လေး တစ်ယောက်မျှသာ ဖြစ်သည်။
ထို့အတူ ကျိုးနင်မှာလည်း သူ တစ်ညတာ ပျော်ပါးခဲ့သည့် မိန်းမ တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း သူမနှင့် အပြည့်အဝ မပျော်ပါးခဲ့ရသည့် အတွက် သူနောင်တ ရမိသည်။ နောက်တစ်ကြိမ် ထပ်၍ ပျော်ပါးချင်သည်။ ထိုမျှသာ...။
ချင်းရွှေနှင့် မဟာ အကြီးအကဲများသည် သိမ်းငှက်များ ရောက်ရှိလာပြီးနောက် ဝိညာဥ်အာရုံများကို ဖြန့်ကျက်ကာ အခြေအနေကို စစ်ဆေး လိုက်ကြ၏။ သူတို့ အားလုံး၏ မျက်လုံးများမှာ အံ့သြမှု၊ ကြောက်လန့်မှုတို့နှင့် ပြည့်နှက်သွား၏။
“သောက် လဲ့မျိုးနွယ်... လုပ်လိုက်ရင် အမြဲတမ်း လွန်လွန်ကြူးကြူးပဲ”
မဟာ အကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။ လက်ထောက် ဂိုဏ်းချုပ် ချင်းရွှေမှာ တိုင်ချူးရွှယ်၏ မူလယင် အတင်းအကြပ် ထုတ်ယူခံလိုက်ရသည့် အဖြစ်ကို သတိပြုမိကာ အမူအရာ ပျက်ယွင်းသွား၏။ တိုင်ချူးရွှယ်မှာ ဂိုဏ်း၏ အဓိက တပည့် ဖြစ်ခဲ့သည် ဖြစ်သည်။ သူမ အခြားလူများကို ဂရုမစိုက်သော်လည်း တိုင်ချူးရွှယ် အနေဖြင့် ထိုကဲ့သို့ ကိစ္စမျိုး မကြုံခဲ့သင့်ချေ။
ချင်းရွှေက တည်ငြိမ်စွာ ရပ်နေသည့် ဝေ့ဝူယင်ကို တစ်ချက် လှမ်းကာ အကဲခတ်လိုက်ရင်း ကြေညာလိုက်၏။
“လဲ့မျိုးနွယ်က ဒီလို ဆိုးယုတ်လွန်းတဲ့ ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့တယ်... ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်လို့ မရနိုင်ဘူး... ဒီအမှုအတွက် သူတို့ ပြစ်ဒဏ် အပြည့်အဝ ပြန်ခံစားရမယ်”
ဝေ့ဝူယင် သူမကို လျစ်လျူရှုထား၏။ ကျောက်စိမ်းကြာပန်းဂိုဏ်းအနေဖြင့် မည်ကဲ့သို စီရင်စေကာမူ သူ ဘာမှ ဝင်ပြောလိမ့်မည် မဟုတ်ချေ။ သေချင်သေ၊ ရှင်ချင်ရှင်... ထိုအရာက သူ၏ မျိုးနွယ် မဟုတ်ချေ။
ကျင့်ကြံခြင်း လောကကား ရက်စက်လှ၏။ သင်နှင့် မသက်ဆိုင်သည့် ကိစ္စရပ် တစ်ခုက သင်၏ သေဆုံးခြင်း၊ သင့်မိသားစု တစ်ခုလုံး၏ သေဆုံးခြင်းကို မကြာခဏဆိုသလို ယူဆောင်လာလေ့ရှိပေသည်။
***