အဂ္ဂိရတ် ပညာ
Vol. 6 Ch. 84
စက္ကန့်၊ မိနစ်များမှသည် နာရီများစွာကို ဖြတ်ကျော်သွား၏။ သိမ်းငှက်များသည် အတောင် ညောင်းညာ လာကြရာ မြေပြင်ပေါ်တွင် ဆင်းသက် စခန်းချကြသည်။ ပိုင်လင် တစ်ကောင်သာလျှင် မည်သည့် အခက်အခဲမျှ ရှိပုံ မပေါ်ပဲ ကောင်းကင်တွင် စက်ဝိုင်းသဏ္ဌာန် ဝိုင်းပတ် ပျံဝဲနေ၏။ သူမသည် ဝေ့ဝူယင် ကုသခြင်း လုပ်ငန်းစဥ် အပေါ် အာရုံစိုက် လုပ်ဆောင်နေသည်ကို သိလေရာ နှောက်ယှက်ရန် ကြိုးစားလိမ့်မည် မဟုတ်ချေ။
ဤသို့ဖြင့် နေ့တစ်နေ့ ကုန်လွန်သွား၏။ အတွင်းစည်း အကြီးအကဲများ၊ အဓိက အကြီးအကဲများနှင့် တပည့်များသည် တစ်နေရာမှ နေ၍ သူတို့အား စောင့်ကြည့်နေဆဲ ဖြစ်သည်။
လက်ထောက်ဂိုဏ်းချုပ် ချင်းရွှေသည် ကြာပန်းပွင့်ဖတ် တစ်ခုပေါ်တွင် တည်ငြိမ်စွာပင် ရပ်နေခဲ့၏။ အခြားသော မဟာ အကြီးအကဲများမှာမူ အကျဥ်းသားများ အထူးသဖြင့် တိုင်ချူးရွှယ်ကို ပြန်လည် ကောင်းမွန်လာစေရန် ကူညီပေးနေခဲ့သည်။ သူမကား ကျိုးနင်နှင့် မတူပဲ လူတစ်ယောက်တည်း၏ တစ်ကြိမ်တည်းသော အဓမ္မပြုခြင်းကိုသာ ခံခဲ့ရခြင်း ဖြစ်သည်။ လုံလောက်သော ဆေးကုသမှုနှင့် ရက်အနည်းငယ်ကြာ အနားယူလိုက်ပါ သူမ အပြည့်အဝ ပြန်လည် ကောင်းမွန်လာပေလိမ့်မည်။
တိုင်ချူးရွှယ်သည် မည်သို့ မည်ပုံ ဖြစ်ခဲ့သည်ကို အပြည့်အဝ ကြားသိခဲ့ပြီး ဖြစ်သည်။ ခံစားချက် မျိုးစုံ ပြည့်ရွှမ်းနေသော ရီဝေဝေ မျက်လုံးများဖြင့် သူမက ကောင်းကင်ဆီ လှမ်းကြည့်လိုက်၏။ သူမ ကျိန်းသေ သိပေသည်။ ဝေ့ဝူယင် ရောက်လာသည်က သူမ အတွက် လုံးဝ မဟုတ်နိုင်ချေ။ သူ၏ ကိုယ်လုပ်တော် မိန်းမ ကျိုးနင် အတွက်သာ ဖြစ်ရပေမည်။
သူမ တွေးတောနေစဥ်တွင်ပင်... ကြွက်သားများ တောင့်တင်း သန်မာသည့် လူကြီးတစ်ယောက်သည် လူငယ်လေး တစ်ယောက်ကို ဆွဲခေါ်လာ၏။ ထိုလူငယ်လေးမှာ ချောမောသော်လည်း ပါးလွှာသည့် နှုတ်ခမ်းများနှင့် ဂဏှာမငြိမ်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူကား ပြဿနာ အားလုံး၏ အကြောင်းရင်း ဖြစ်သော အဓိက တပည့် လဲ့ယွမ်ပင် ဖြစ်လေ၏။
ဘုန်း...
သန်မာသော လူကြီးက လဲ့ယွမ်ကို မြေပြင်ပေါ် ကြမ်းတမ်းစွာ ပစ်ချလိုက်၏။ သူ့အား မြင်သည်နှင့် တိုင်ချူးရွှယ်၏ မျက်လုံးများက မုန်းတီးခြင်းများနှင့် သွေးရောင် လွှမ်းသွားသည်။
“ငါ နင့်ကို သတ်မယ်...”
သူမက ဒေါသတကြီး အော်ဟစ်ရင်း လှုပ်ရှားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်က အတော်လေး အားနည်းနေသေးရာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပါချေ။
ကျွင်းလင်းက သူမ၏ လက်ကို ကိုင်ရင်း ကျောပြင်အား ညင်သာစွာ ထိန်းကြောင်း ပေးလိုက်၏။
“အလျင်မလိုပါနဲ့... မင်း ပြန်ကောင်းလာတဲ့ အချိန်ကျရင် ကြိုက်သလို စီရင်ပါ”
တိုင်ချူးရွှယ်မှာ ဘာမှ ပြန်မပြောချေ။ သို့သော်လည်း... အပေါ်နှုတ်ခမ်းက တစ်ချက် တုန်ရီသွားကာ သူမ လဲ့ယွမ်အား မကောင်းဆိုးရွား မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ ကလဲ့စားချေခြင်းကား မကြာခင် သက်ရောက်စေရမည်။
ကျွင်းထျန်းချိုးက လဲ့ယွမ်၏ ပခုံးအား ပုတ်ကာ စကားမပြောနိုင်အောင်နှင့် မလှုပ်ရှားနိုင်အောင် လုပ်လိုက်သည်။ တိုင်ချူးရွှယ် အပြည့်အဝ ပြန်လည် ကျန်းမာလာသည်အထိ သူ ထိုမြေပြင်ပေါ်တွင် အချိန်ပြည့် လဲလျောင်းနေရပေလိမ့်မည်။
ဤသို့ဖြင့် သုံးရက်တိတိ ကုန်လွန်သွား၏။
ထိုနေ့၌ ဝေ့ဝူယင်၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပြန်လည် ပွင့်လာခဲ့သည်။ သက်တန့်ရောင် အလင်းများသည် ပျောက်ကွယ်သွားပြီဖြစ်ကာ ထိုနေရာတွင် ငွေရောင် တောက်ပသော မျက်ဝန်းတစ်ခုက ပြန်လည် အစားထိုး နေရာယူလာသည်။
ကျိုးနင်၏ ခန္ဓာကိုယ်မှာ ပြန်လည် ကျန်းမာနေပြီ ဖြစ်ကာ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ သူမ အနေဖြင့် ဒြပ်စင်များကို ပြန်လည် စုပ်ယူ စုစည်းရန် လိုအပ်နေသေးသည့်တိုင် ထိုအရာက အဆင်ပြေပေသည်။ အနည်းဆုံး သူမ နေကောင်းသွားခဲ့ပြီ ဖြစ်သည်။
တစ်ခုတည်းသော စိုးရိမ်စရာက သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသာ ဖြစ်၏။
ဝေ့ဝူယင် ကြည့်နေစဥ်မှာပင်... ကျိုးနင်၏ မျက်တောင်ရှည်များမှာ စတင်ကာ လှုပ်ရှားလာသည်။ ထို့နောက် မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်ဟလာခဲ့၏။ ကြေကွဲစရာ မှတ်ဉာဏ်များ မရှိတော့သော အလင်းရောင် တစ်ခုက ထိုမျက်ဝန်းများတွင် မြင်သာစွာ ထွန်းတောက်လာသည်။ ချောက်ကပ်နေသည့် လည်ချောင်းထဲသို့ တံတွေး မြိုချလိုက်ရင်း သူမ ရေဆာသလို ခံစားလိုက်ရသည်။
တဖြည်းဖြည်းနှင့်... မည်သို့ နေရာသို့ ရောက်ရှိနေသည်ကို သူမ သဘောပေါက်လာသည်။ ဝေ့ဝူယင်သည် ပြုံးကာ သူမအား ညင်သာစွာ ကြည့်နေခဲ့၏။
ငါ အိပ်မက်မက်နေတာလား...
သူမသည် မရေမတွက်နိုင်သော အိပ်မက်များ၌ ထိုလူငယ်၏ ရင်ခွင်အတွင်း တိုးဝင်ဖူးသည်။ ခုတင်ပေါ်၌ နှစ်ယောက်အတူ တုန်ရီ ရင်မောစွာ ဖြတ်ကျော်ဖူးသည်။
ဝေ့ဝူယင်သည် သူမ၏ အခြေအနေကို နောက်တစ်ကြိမ် စစ်ဆေးလိုက်ပြီးနောက် စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်၏။ သူမ၏ စိတ်အခြေအနေကား အတော်လေး ပြန်လည် တည်ငြိမ်သွားခဲ့ပြီဟု ဆိုနိုင်ပေသည်။
“ငါ့ကို လွမ်းနေသေးလား...”
ဝေ့ဝူယင်က ပြုံးပြရင်း မေးလိုက်လေတော့၏။
...
ထိုနေ့မှ စ၍ ရေတွက်ပါက ခုနစ်ရက် ကြာသွားခဲ့ပြီ ဖြစ်သည်။
ထိုအတောအတွင်း၌ လဲ့မျိုးနွယ်ကို စီရင်ချက်ချခြင်း အပါအဝင် များစွာသော အရေး ကိစ္စများကို ဖြေရှင်းပြီးသွားခဲ့ချေပြီ။ များစွာသော လူများသည် မယုံကြည်မှုနှင့် သနားမှုတို့ကို ခံစားနေရသည်။ ယောက်ျား တစ်ယောက်၏ တဏှာရူးထမှုက ထိုမျှသော အကျိုးဆက်များကို ဖြစ်ပျက်စေခဲ့သည် ဆိုလျှင် မည်သူက ယုံနိုင်ပါမည်နည်း။
များစွာသော လူများက ထိုအရာအားလုံးမှာ တိုင်ချူးရွှယ်၏ အစွမ်းထက်သော ချစ်သူကြောင့်ဟု ပြောဆိုနေကြသည်။ အချို့ကမူ ကျောက်စိမ်းသူတော်စင် တိုင်ဖေး၏ အဆက်အသွယ် ဖြစ်နိုင်ကြောင်း ငြင်းဆိုကြသည်။
ထိုကဲ့သို့ လူများစွာ ငြင်းခုန်နေကြစဥ်၌... ဝေ့ဝူယင်ကမူ ခမ်းနားစွာ အလှဆင်ထားသော အခန်းကျယ်ကြီး တစ်ခု၏ ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေခဲ့သည်။
သူကား ကျောက်စိမ်းကြာပန်းဂိုဏ်းနှင့် အနီးဆုံးမြို့ ဖြစ်သည့် ကျောက်စိမ်းဆုလာဘ်မြို့တွင် တည်ရှိနေခြင်း ဖြစ်သည်။ ထိုမြို့တော်၌ စျေးများမှာ သိပ်ကြီးမြင့်လှခြင်း မရှိရာ ဝေ့ဝူယင် အကောင်းဆုံး ဇိမ်ခံ အခန်းကို ငှားယမ်းနိုင်ပေသည်။
သူ၏ အခန်းအတွင်းရှိ ခုတင်ပေါ်၌ ကျောက်စိမ်းအသားအရေနှင့် ကိုယ်လုံးထီး မိန်းကလေး နှစ်ယောက်မှာ လှဲလျောင်းနေ၏။ သူတို့ကား မျက်နှာချင်းဆိုင်ကာ တစ်ယောက်ကို တစ်ယောက်ဖက်ရင်း အိပ်ပျော်နေကြခြင်း ဖြစ်သည်။ သူတို့၏ ပေါင်၊ တင်ပါးနှင့် ရင်သားများမှာ နီရဲနေရာ မကြာသေးခင်ကပင် တင်းတင်းကျပ်ကျပ် ညှစ်ထားခံရပုံ ပေါ်သည်။
နာရီအနည်းငယ်ကြာ စစ်ပွဲတစ်ခု ဆင်နွှဲပြီးနောက် ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့် တိုင်ဖေးနှင့် ကျိုးနင်တို့ကို ကြည့်ကာ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်.
“ငါအရင်တုန်းကထက် ပိုပြီး ကြာကြာ နေနိုင်နေပြီ... ကြည့်ရတာ ကျင့်ကြံခြင်း အခြေခံ တိုးတက်လာတာရဲ့ အကျိုးဆက် တစ်ခု ဖြစ်မယ် ထင်တယ်”
သူ ပြုံးလိုက်၏။ နောက်ဆုံး ကျိုးနင်နှင့် ဆက်ဆံခဲ့စဥ်က အချိန် တစ်နာရီလောက်နှင့်ပင် သူ မောပန်းကာ ပြီးဆုံးသွားခဲ့သည်။ ထိုတိုးတက်မှုကို သူ ကျေနပ်မိပေသည်။
ဝေ့ဝူယင် အကြည့်လွှဲကာ တောက်ပနေသည့် လပြည့်ဝန်းကြီးကို လှမ်းငေးကြည့်လိုက်၏။ လေးဆယ့်တစ်နှစ်... ထိုလေးဆယ့်တစ်နှစ် အတွင်း ဘဝအား အဓိပ္ပာယ် ပြည့်ဝအောင် နေထိုင်ရပေမည်။
ဂီး...
ညကောင်းကင်ယံအား ဖြတ်သန်းရင်း ပိုင်လင်သည် သူ၏ ပြတင်းပေါက် ရှိရာထံသို့ ပျံသန်းလာ၏။ စုမေ့သည် သူ၏ ကျောထက်၌ စီးနင်း လိုက်ပါလာသည်။
စုမေ့သည် ဝေ့ဝူယင်၏ ကိုယ်လုံးထီ ခန္ဓာအား ကြည့်ရင်း အနည်းငယ် ရှက်သွေးဖြာသွား၏။ သို့သော်လည်း သူမ စိတ်ကို ပြန်လည် ထိန်းသိမ်းလိုက်သည်။ ဝေ့ဝူရှင်သည် သူမ၏ အရှင် ဖြစ်သည်။ ညစ်ညမ်းသော အတွေးမျိုးဖြင့် မထားရှိသင့်ချေ။
သို့သော်လည်း... အကယ်၍ အရှင်ဝေ့မှ ဆန္ဒရှိပါလျှင်မူ...
“အရှင်ဝေ့...”
စုမေ့က ဦးညွှတ်ရင်း နှုတ်ဆက်လိုက်၏။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ အသိအမှတ် ပြုလိုက်သည်။ သူသည် သူမကို ကျောက်စိမ်းကြာပန်းဂိုဏ်းချုပ် ချင်းဖုန်းနှင့် ပတ်သက်သည့် ကိစ္စအဝဝအား ကိုင်တွယ်ရန် စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
စုမေ့က အစီရင်ခံလိုက်သည်။
“ဂိုဏ်းချုပ်ချင်းက ရန်သူ ဖြစ်ဖို့ထက် မိတ်ဆွေ ဖြစ်ဖို့ပဲ ဆန္ဒရှိပါတယ် တဲ့... နောက်ပြီး အရှင်ဝေ့ ပြောတဲ့ ကမ်းလှမ်းချက်ကိုလည်း သူ လက်ခံတယ်... သူ့ဘက်ကနေ အဆင့်ခြောက် မှော်ဆေးလုံးတွေ အတွက် လိုအပ်တဲ့ ရင်းမြစ်တွေကို ထောက်ပံ့ပေးမယ်... နောက်ပြီး စျေးကွက်ပေါက်စျေးရဲ့ ၇၅ ရာခိုင်နှုန်းကိုလည်း ပေးမယ်... အရှင်ဝေ့ဘက်က ဖော်စပ်ပေးဖို့ပဲ လိုအပ်တယ်”
“ဒီမှာ သူတောင်းဆိုထားတဲ့ စာရင်းနဲ့ ပစ္စည်းတွေပါ”
စုမေ့က သိုလှောင်လက်စွက် တစ်ခုကို ကမ်းပေးလိုက်သည်။ ဝေ့ဝူယင် ထိုအရာကို လက်ခံလိုက်၏။ ထိုအချိန်တွင်ပင် အသက်ရှူသံပြင်းပြင်းကို ဝေ့ဝူယင် ကြားလိုက်ရသည်။ တိုင်ဖေး နိုးလာပြီဖြစ်ကြောင်း သူ သိလိုက်ပေသည်။
သို့သော်လည်း... ဝေ့ဝူယင် ထိုအရာကို စိတ်မရှိပါချေ။ ဂိုဏ်းချုပ်ချင်းဖုန်းပေးလိုက်သည့် စာရင်းကိုသာ ဆွဲထုတ်ကာ သူ ဖတ်လိုက်၏။
သူ၏ စိတ်ထဲတွင် ဆေးလုံး ဖော်စပ်နည်း တစ်ထောင့် သုံးဆယ့်မျိုး၊ ဆေးပြား ဖော်စပ်နည်း သုံးရာ ကိုးဆယ်မျိုး၊ ဆေးရည် ဖော်စပ်နည်း ရှစ်ရာ ခုနစ်ဆယ့် ခုနစ်မျိုး၊ ဆေးတောင့် ဖော်စပ်နည်း တစ်ရာ့ ရှစ်မျိုး ရှိပေသည်။ ၎င်းတို့မှာ ဧဒင်ကမ္ဘာဂိုဏ်းတွင် ရှိသမျှ ဆေးဖော်စပ်နည်း အကုန်လောက် နီးပါး ဖြစ်၏။
ထို့ကြောင့်ပင်... စျေးကွက်ထဲတွင် ရှိသမျှ မှော်ဆေးအားလုံး နီးပါးကို ဝေ့ဝူယင် ဖော်စပ်တတ်ပေသည်။ သူသည် စာရင်းထဲ၌ ကျောက်စိမ်း ဝိညာဥ်ဆေးလုံ၊ ယန်လောင်မြိုက်ခြင်း ဆေးရည်၊ ဝိညာဥ် ဖြိုခွဲခြင်း ဆေးပြားနှင့် ခန္ဓာနုပျို ဆေးတောင့်တို့ကို တွေ့မြင်ရ၏။ ထိုအရာများမှာ အဆင့်ခြောက် မှော်ဆေးလုံးများ ဖြစ်ကာ စျေးကွက်ထဲ၌ ရှာတွေ့ရန် ခက်ခဲလှသည်။
ယန်လောင်မြိုက်ခြင်းဆေးရည်သည် သန့်စင်သည့် ယန်စွမ်းအင်နှင့် ဖွဲ့စည်းထားသည့် အရည်တစ်မျိုး ဖြစ်သည်။ သောက်သုံးလိုက်ပါက ၎င်း၏ အကျိုးသက်ရောက်မှုမှာ ယန် ရှေးဟောင်းကုန်းမြေတွင် ခြောက်လတာ ကျင့်ကြံခြင်းနှင့် ညီမျှသည်။ ယန်လောင်မြိုက်ခြင်း ဆေးရည်သည် ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်းကို ရောက်ရှိနိုင်မည့် အခွင့်အရေးအား တိုးမြှင့်ပေးနိုင်စွမ်း ရှိပေသည်။
ဝိညာဥ် ဖြိုခွဲခြင်း ဆေးပြားမှာမူ ပစ်ပေါက်လိုက်သည်နှင့် ဖုန်မှုန်းများ အဖြစ် ပြောင်းလဲသွားကာ ထိုတစ်ဝိုက်ရှိ ဝိညာဥ်အာရုံများကို ဖျက်ဆီးပစ်နိုင်သည်။ ၎င်းအား ထွက်ပြေးရာ၌ အလွန် အသုံးဝင်သော မှော်ဆေး တစ်မျိုး ဖြစ်၏။
“အဆင့်ခြောက် မှော်ဆေးတွေက ဟာသလုပ်လို့ရတဲ့ အရာတွေ မဟုတ်ဘူး...”
ထိုအရာများကား ချီပျစ်ခဲခြင်း အဆင့်ခုနစ်မှ အဆင့်ကိုး အထိ ကျင့်ကြံသူများ အတွက်ပင် သင့်တော်သော ဆေးလုံးများ ဖြစ်သည်။
စုမေ့သည် တိတ်ဆိတ်စွာပင် ဝေ့ဝူယင်၏ အမိန့်ကို စောင့်နေခဲ့၏။ ဝေ့ဝူယင် အနည်းငယ် စဥ်းစားလိုက်ပြီးနောက် ကိုယ်ပိုင် စာရင်း တစ်ခုကို လုပ်လိုက်သည်။ ထိုအရာက ချမ်းသာ ကြွယ်ဝနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သလို စုမေ့၏ ကျင့်ကြံရန် အတွက်လည်း မှော်ဆေးအချို့ ဖန်တီးပေးနိုင်သေးသည်။
စာရင်းပြီးသွားပြီးနောက် သူက စုမေ့ထံ ကမ်းပေးလိုက်၏။
“သုံးပတ်အတွင်း အပြီးအစီး ပြင်ဆင်ထားလို့ သူ့ကို ပြောလိုက်ပါ”
စုမေ့က စာရွက်ကို လက်ခံကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် ပိုင်လင်ကို ပြန်လည် ခေါ်ဆောင်ကာ ကျောက်စိမ်းကြာပန်းဂိုဏ်းဆီ ပျံသန်းသွားလေတော့သည်။
ဝေ့ဝူယင်သည် သူ့နောက်တွင် အရှိန်အဝါတစ်ခု ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ အိပ်ပျော်နေသော ကျိုးနင်နှင့် အိပ်ချင်ယောင်ဆောင်နေသည့် တိုင်ဖေးတို့ကို တွေ့လိုက်ရသည်။
သူ ပြုံးလိုက်၏။
“စိတ်မပူပါနဲ့... ငါ အချိန် နှစ်ပတ်ပဲ လိုတာပါ... ကျန်တဲ့ တစ်ပတ်ကတော့ ဟီးဟီး...”
တိုင်ဖေး၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ တစ်ချက် တုန်ရီသွား၏။ သူမက ဖြည်းညင်းစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်လေတော့သည်။
***