← Chapters

ပေးသလောက် ပြန်မရတဲ့ ကျောက်၀န်

Vol. 46 Ch. 682

ပေးသလောက် ပြန်မရတဲ့ ကျောက်၀န်

Vol. 46 Ch. 682

ကျောက်ဝန် လင်းရီဘေးတွင်ရပ်နေရင်း မသိမသာ မျက်မှောင်ကြုတ်လိုက်၏။

သို့သော်လည်း မလိုလားအပ်သည့် အထိကရုဏ်းများကို ကျော်လွှားရန် ရည်ရွယ်ချက်ဖြင့် “ လူတိုင်းကို မိတ်ဆက်ပေးရဦးမယ်… ခု ကျွန်မဘေးနားမှာ ရပ်နေတဲ့ ပုဂ္ဂိုလ်က မစ္စတာလင်းရီ… ဟွာရှရဲ့ နာမည်ကြီး ဆေးဝါးဖော်စပ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်တဲ့အပြင် သုတေသန စင်တာကြီးရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦးပဲ……….”

“ မင်းက ပုံထဲကထက်တောင် ပိုပြီး ငယ်နေပါလားကွ…” မစ်လာမှ သူ၏ အမြင်ကို ပထမဦးစွာ စပြောလာခဲ့၏။

“ အတော်ပဲ .... ငါတို့လည်း ခုလေးတင် မင်းအကြောင်း ဆွေးနွေးနေကြတာ … သုတေသန စင်တာကြီးရဲ့ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ငါမင်းကို တစ်ခု ကြိုပြောလိုက်မယ်….”

“ မစ္စတာမစ်လာက ပြောစရာရှိရင် လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်….”

မစ်လာ လင်းရီကို ကြည့်လိုက်ပြီး “ ငါ မင်းအကြောင်း ကြားပြီးသွားပြီ… ဒါပေမယ့် မင်းဘာမင်း ဘာကောင်ကြီးပဲ ဖြစ်နေပါစေ ဒီရဲ့ စင်တာထဲ ရောက်ရင်တော့ ဒီစင်တာရဲ့ စည်းမျဉ်းကို လိုက်နာရမယ်… မင်း လက်ထောက်ရာထူးကနေ စဝင်ပြီးတော့ ငါတို့ဆီကနေ အများကြီး သင်ယူလို့ရတယ်… ဒါပေမယ့် မင်းရဲ့ အထူးအင်္ဂါရပ်တွေကြောင့် ကိုယ့်ကိုယ်ကို အထင်ကြီးနေတာမျိုးတော့ မလိုချင်ဘူး… ပြောတာ နားလည်တယ်မလား မစ္စတာလင်း…”

“ ခင်များပြောတဲ့ စကားကို လူ နားလည်အောင် ဘာသာပြန်ရမယ်ဆိုရင် ကျုပ် ဒီမှာ အလုပ်လုပ်လို့ရတယ်… ဒါပေမယ့် အရေးကြီး ကိစ္စတွေကျရင်တော့ ဘေးကနေ ရပ်ကြည့်နေ .. ဝင်မပါနဲ့… အဲ့သဘောမျိုးလား….”

“ ငါဆိုလိုချင်တာ အဲ့သဘောမျိုးတော့ မဟုတ်ဘူး… ဒါပေမယ့် မင်း ဒီရောက်ရင် နိမ့်နိမ့်ချချလေး နေပေးဖို့တော့ မျှော်လင့်တယ်… ဘာပဲဆိုဆို မင်းက ငါတို့ဆီကနေ လေ့လာရမှာလေ….” မစ်လာမှ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းက အဲ့လိုမျိုး အတွေးပေါက်သွားတယ်ဆိုလည်း .. အဆင်ပြေပါတယ်…”

လင်းရီ ကျောက်ဝန်ကို ပြုံးပြလိုက်ပြီး “ အဲ့တာဆို … ကျုပ် ထွက်သွားရတော့မလား… “

“ ထွက်သွားတော့မယ်….”

“ ဒီစင်တာကြီးက ကျုပ်ကို မလိုအပ်မှတော့ ကျုပ်က ဒီမှာနေပြီး လူပို လုပ်ပေးရဦးမှာလား… ဘာမှ နေစရာ အကြောင်း မရှိဘူးလေ….”

ကျောက်၀န် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့၏။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ကျောက်ဝန် အနှီ အရိုးအိုကြီးများအား တန်းစီ အလုပ်ထုတ်ပစ်ချင်နေသည်။

ယခု စင်တာ တည်ထောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လင်းရီကို စည်းရုံးရန်နှင့် ဆေးအသစ် ဖန်တီးရန်ပင်။

သို့တိုင်အောင် အနှီလူများက ဆေးဝါးဖန်တီးသည့် ဖြစ်စဉ်တွင် လင်းရီအား မပါဝင်ရန် တကယ်ကြီး ပြောလိုက်သည်လော။

ရပ်ကြည့်နေလို့တော့ မဖြစ်တော့ဘူး… ငါ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်….

“ မစ္စတာလင်း … ကျေးဇူးပြုပြီး ထွက်သွားဖို့ အလျင်မလိုပါနဲ့ဦးလား….” ကျောက်ဝန် လင်းရီကို ဆွဲထားလိုက်ပြီး မစ်လာနှင့် ကျန်သူများကို မျက်နှာထားတင်းတင်းဖြင့် ကြည့်ကာ “

“ ကျွန်မက ဒီရဲ့ ဆေးဝါးစင်တာကြီးရဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာ မဟုတ်ဘူးဆိုရင်တောင် ကျွန်မ တစ်ခုတော့ ထပ်လောင်း မှာထားချင်တယ်…. မစ္စတာလင်းက ဒီစင်တာကြီးရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦးပဲ.. ဒီစင်တာထဲ ဝင်ပါပြီ ဆိုကတည်းကရင် သူ့ရဲ့ အခွင့်အာဏာက မစ္စတာမစ်လာနဲ့ မစ္စတာယူရှီမီဆူတို့နဲ့ မကွာဘူး.. လူတိုင်း အဲ့တစ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားလိမ့်မယ်လို့ မျှော်လင့်တယ်….”

“ နောက် ဒုတိယတစ်ချက် ကျွန်မ ပြောချင်တာ ဒီရဲ့ သုတေသန စင်တာကြီးက မစ္စတာလင်း မရှိရင် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာပဲ….”

“ အိုးမိုင် ဂျီးဆပ်စ်… မင်း ဘာပြောလိုက်တယ်…. အဲ့တာဆို သူ့ရဲ့ အဆင့်အတန်းက ငါနဲ့ ယူရှီထက်တောင် မြင့်မားနေသေးတာပေါ့…”

မစ်လာ၏ အမူအရာမှာ ချဲ့ကားသွားခဲ့ပြီး

“ မစ်ကျောက် … ကျုပ်က ဟားဗက်တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ.... ပြီးတော့ မစ္စတာ ယူရှီကလည်း BIT ရဲ့ ပရော်ဖက်ဆာ … နောက်ပြီး ကျုပ်တို့ နှစ်ယောက်လုံးက နိုဘယ်ဆုရှင်တွေ… ဒီလူငယ်လေးက ဘာကောင်မို့လို့ ကျုပ်တို့နဲ့ တန်းတူအခွင့်အရေးရနေတာ… ဟွာရှန့် တိုင်းရင်းဆေး စာအုပ်လေး ဖတ်ပြီးသွားတာနဲ့ပဲ အဲ့လိုအဆင့်အတန်းမျိုး ပိုင်ဆိုင်သွားတယ်ပေါ့…”

“ အဟမျး အဟမျး ….”

မီဆူ လည်ချောင်း ရှင်းလိုက်ပြီး “ မစ်ကျောက်… ခင်များလည်း သမာသမတ်ကျကျ နေတာ ပိုကောင်းလိမ့်မယ်… နှစ်ယောက်လုံးက ဟွာရှန့်ဆိုတာနဲ့ပဲ သူ့ရဲ့ အရည်အချင်းတွေကို ချဲ့ကားပြီးတော့ လာမပြောပြနဲ့…. ခေတ်သစ်သိပ္ပံနည်းပညာရဲ့ မျက်မှောက်မှာ အဲ့လိုမျိုး ချဉ်းကပ်လာတာက မမျှတတာပဲ…….”

လင်းရီနှင့် ရင်ဆိုင်တွေ့ချိန်တွင် ကျောက်ဝန်မှာ အနည်းငယ် မဝံ့မရဲဖြစ်နေသော်လည်း အနှီ လူ့ဂွစာများနှင့် ရင်ဆိုင်ရချိန်တွင်တော့ သူမ ရင်ပင် မခုန်ချေ။

“ ဆေးပညာလောကမှာ အဲ့ဒီဘွဲ့တွေအကြောင်းပြောပြပြီး ဂုဏ်ဖော်နေစရာ မလိုပါဘူး… ဒါပေမယ့် မစ္စတာလင်းရဲ့ အစွမ်းအစတွေကိုတော့ ကျွန်မ လိမ်ညာ နေတာမဟုတ်ဘူး…” ကျောက်ဝန်ပြောလိုက်ပြီး “ ရှင်တို့တွေ လွန်ခဲ့တဲ့ ခြောက်လလုံးလုံး ဒီရဲ့ အပင်ကနေ alteplase ကို ဘယ်လို သန့်စင်မလဲဆိုတာပဲ ဆွေးနွေးနေကြတယ်… ဘာဖြစ်မြောက်မှုမှလည်း မရှိကြသေးဘူး… ရှင်တို့ သုတေသနလုပ်နေတာက အကျိုးမဲ့ပဲ မဟုတ်ဘူးလား….”

“ ကျုပ်တို့က အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကို ဆွေးနွေးတိုင်ပင်နေတာ…” မစ်ဆူမှ ပြောလိုက်၏။

“ ဒါပေမယ့် မစ္စတာ မစ်လာနဲ့ ရှင့်နည်းလမ်းကကော ထိရောက်မှု ရှိနေလို့လား…” ကျောက်ဝန်ပြောလိုက်ပြီး “ ရှင်ပြောတဲ့ ရှင့်နည်းလမ်းက သန့်စင်မှုကိန်းကို တိုးမြင့်စေမယ်… ဒါပေမယ့် ရလဒ်က 65% လောက်ပဲ ရှိမယ်… ဟုတ်တယ်မလား….”

“ ပြီးတော့ မစ္စတာ မစ်လာ… ရှင်လည်း အမြဲတမ်း အဲ့ဒီ ရှင့်ရဲ့ နည်းလမ်းကို ပါးစပ်က မချဘူး… ရှင်ပြောတဲ့ နည်းလမ်းက ထုတ်လုပ်နိုင်တဲ့ ပမာဏကို တိုးပွားစေနိုင်ပါရဲ့… ဒါပေမယ့် alteplase ရဲ့ 0.03 % လောက်ကိုပဲ သန့်စင်နိုင်တယ်… အဲ့ဒီ စံနှုန်းက ဧရာမ ဆေးဈေးကွက်ကြီးထဲမှာ ဘာသွားလုပ်မှာလဲ…”

“ကျုပ်တို့က နည်းပညာ တစ်ဆို့တဲ့ အခြေအနေရောက်နေရုံလေးပဲ… အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ သိပ္ပံနည်းပညာလည်း တိုးတက်လာမယ်…. အဲ့ခါကျ ပမာဏနဲ့ သန့်စင်မှုညွှန်းကိန်းလည်း အလိုအလျောက် တိုးတက်လာမှာပဲ….” မစ်လာ ရှင်းပြလိုက်ပြီး “ ဒါကြောင့်မို့ အဲ့တာက ပြဿနာလို့ မခေါ်ဘူး…”

“ ဒါပေမယ့် မစ္စတာလင်းမှာက ပိုပြီး ကောင်းမွန်တဲ့ ဖြေရှင်းနည်း ဒါမှမဟုတ် အစားထိုးနည်း ရှိတယ်….”

' ငိုးပဲ…'

လင်းရီ စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။

ကျောက်ဝန်ကတော့ တကယ့်ကို ကျားမကြီးပဲ… ခုက သူ့အသင်းဖော်တွေကို သစ္စာဖောက်နေတာ မဟုတ်ဘူးလား…

ကျောက်ဝန် ထိုသို့ ပြောလိုက်ရသည့် အကြောင်းပြချက်ကတော့ လင်းရီ၏ အစွမ်းအစကို တထစ်ချ ယုံကြည်သောကြောင့်ပင်။

သူက တစ်လအတွင်း တင်သွင်းသည့် ဆေးဝါး 25 မျိုးအတွက် အစားထိုးဆေးများကို ဖန်တီးနိုင်ခဲ့လေသည်။ ထို့ကြောင့် သူ၏ အရည်အချင်းများကို သံသယ ဖြစ်နေရန် မလိုအပ်ချေ။

ထိုအခိုက်အတန့်တွင်လည်း alteplase အတွက် ဟွာရှန့်တိုင်းရင်းနည်းလမ်းဖြင့် အစားထိုးဆေး ရှာဖွေရန် မခက်ခဲဟု သူမ ယုံကြည်လေသည်။

မစ်လာ ပခုံးတွန့်လိုက်ပြီး ထူးမခြားနားသည့် လေသံဖြင့် “ ဒါဆိုလည်း မစ္စတာလင်းရဲ့ ရလဒ်အသစ်ကို စောင့်ကြည့်ကြတာပေါ့…. ဒါပေမယ့် အဲ့တာမတိုင်ခင် ဒီရဲ့ ဓာတ်ခွဲခန်းက ကျုပ်ရဲ့ ပိုင်နက်....ဆိုတော့ သူ ဒီမှာ အလုပ်လုပ်ချင်ရင် ကျုပ်စကား နားထောင်ရမယ်….”

“ ခင်များပြောတဲ့ လေသံအရဆိုရင် ကျုပ်သာ ဒီပြဿနာကို ဖြေရှင်းပေးလိုက်တာနဲ့ ဟော့ဒီ ဓာတ်ခွဲခန်းရဲ့ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်က ကျုပ်လက်ထဲ ရောက်လာမယ်… ဟုတ်တယ်မလား….”

“ ဒါပေါ့… ဒီကလူတွေက အစွမ်းအစနဲ့ပဲ စကားပြောတယ်….သာတဲ့သူဆီကနေ သင်ယူရမှာ သဘာ၀ပဲ.....”

ကျောက်ဝန် ရင်တစ်ချက် ခုန်သွားခဲ့၏။ သူမ မကောင်းသည့် ခံစားချက်တို့ ရရှိနေလေသည်။

သူမ လင်းရီ၏ အရည်အချင်းကို မျက်ကန်းယုံကြည်ပါသော်လည်း အကယ်၍ ဤ ဓာတ်ခွဲခန်းသာ လင်းရီ၏ လက်အောက်သို့ ရောက်ရှိသွားပါက Pfizer နှင့် အဓိက ဆေးကုမ္ပဏီများရဲ့ လုပ်ပိုင်ခွင့်မှာ များစွာ ယုတ်လျော့သွားပေတော့မည်။

“ မစ္စတာမစ်လာ… ရှင့်မှာ မစ္စတာလင်းနဲ့ အဲ့လိုမျိုး လောင်းကြေးထပ်နိုင်တဲ့ အခွင့်အရေး မရှိဘူး…”

လင်းရီ တစ်ဖက်သို့လှည့်၍ ကျောက်ဝန်အား ကြည့်လိုက်၏။

ဒီအမျိုးသမီးက ချက်ဆိုတာနဲ့ နားခွက်က မီးတောက်ပြီးသားပဲ….

“ မစ်ကျောက်… မင်း ဘာတွေ လာပြောနေတာ..” မစ်လာပြောလိုက်ပြီး “ ကျုပ်က ဒီနေရာရဲ့ တာဝန်ရှိသူ…. အဲ့တာကို ဘာလို့ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို လာပြီး စွက်ဖက်နေရတာလဲ…”

ထိုအခိုက်အတန့်တွင် အေးစက်စွာ ရပ်ကြည့်နေသည့် မစ်ဆူလည်း ယခုလို ဝင်ပြောလိုက်၏။ “ မင်းက အာရှ - ပစိဖိတ်ဒေသ Pfizer ရဲ့ တာဝန်ရှိသူလေးပဲ… ဒီနေရာမှာ လာပြီး စွက်ဖက်ဖို့ အဆင့်မမှီသေးဘူး… ဘေးကနေ အသာရပ်ကြည့်နေတာက မစ်ကျောက်အတွက် အကောင်းဆုံး‌ ရွေးချယ်မှုပဲ….”

လင်းရီ ခေါင်းခါရမ်းလိုက်၏။

ကျောက်ဝန်ကတော့ တကယ့်ကို သနားစရာပဲ….

သူပြောတာမှန်နေတာကို ဘာလို့ နားမလည်နိုင်ကြတာ….

“ သူမကို ပြောမနေနဲ့.. ခင်များ ဒီ စိန်ခေါ်မှုကို လက်ခံရဲလား….” လင်းရီ မေးလိုက်၏။

“ မင်းသာ ဒီအပင်ကနေ alteplase ကို ငါတို့ထက် ပိုသန့်စင် ပိုများတဲ့ ပမာဏ ရအောင် လုပ်ပေးနိုင်မယ်ဆိုရင် ငါတို့ အကုန်လုံး မင်းကို ဒီဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင်အဖြစ် ထားရှိဖို့ သဘောတူတယ်…မဟုတ်ရင်တော့ မင်း လက်ထောက် နေရာကနေ ငါတို့ဆီကတစ်ဆင့် ပြန်သင်ယူရမယ်….”

“ ရတယ်လေ…”

“ အဲ့တာဆို ကောင်းပြီ… မင်း ဒီအခန်းထဲက ကြိုက်တဲ့ ပစ္စည်းသုံး… အချိန်အကန့်အသတ်လည်း မရှိဘူး… တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် ကြာသွားလည်း ရတယ်… မင်းရဲ့ ရလဒ်က ငါတို့ထက်သာလွန်တာနဲ့ အဆင်ပြေပြီ…”

“ အဲ့လောက် အချိန် အများကြီး မလိုပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ခု ခင်များလက်ထဲမှာ ကိုင်ထားတဲ့ အပင်က နှင်းကြာပန်းမြက် မဟုတ်လား… အဲ့ အပင် ၅၀၀ ဂရမ် အသင့်ပြင်ထားပေး… ကျုပ် ခုချက်ချင်းလုပ်မယ်… မကြာခင် ရလဒ်ထွက်လာလိမ့်မယ်….”

“ ရှင် ဘာပြောလိုက်တယ်… ရှင်က အခုချက်ချင်း လုပ်မယ် …” ကျောက်ဝန် အံ့အားသင့်သွားခဲ့၏။

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ရောက်လက်စနဲ့ တစ်ခါတည်း သန့်စင်သွားလိုက်မယ်လေ… ဘာလဲ … ကျုပ်ကို နောက်တစ်ခေါက်ပြန်လာပြီး လုပ်စေချင်နေတာလား….”

“ ဒါပေမယ့် ဒီလိုကိစ္စမျိုးက ခုလုပ် ခုရမှ မဟုတ်တာ… ရှင် ဘယ်သူ့နားမှလည်း အကူအညီ မတောင်းတော့ဘူးလား…. ပြီးတော့ ရလဒ်ကလည်း မကြာခင်ပဲ ထွက်လာဦးမယ်…..”

All Chapters