← Chapters

PK တိုက်ရိုက်ထုတ်လွင့်မှု စတင်ပြီ

Vol. 46 Ch. 684

PK တိုက်ရိုက်ထုတ်လွင့်မှု စတင်ပြီ

Vol. 46 Ch. 684

“ ကျွန်မ ရှင့်ကို ဒီလာဖို့ ဖုန်းဆက်မိတာတောင် နောင်တရသွားပြီ….”

သုတေသန စင်တာထဲမှ ထွက်လာရင်း ကျောက်ဝန်ပြောလိုက်၏။

“ မင်းငါ့ကို အပြစ်တင်လို့ မရဘူးလေ… ပြီးတော့ မင်းလည်း ငါ့အကြောင်း သိသားနဲ့… တံခါးဝရှေ့ ရောက်လာတဲ့ အခွင့်အရေးကိုတော့ ငါလည်း ဘယ်ငြင်းနိုင်မှာ….”

၎င်းကိုကြားတော့ ကျောက်ဝန် ပိုလို့တောင် ငိုချင်သွားခဲ့တော့၏။

‘ ကျွန်မရှင့်ကို ဒီခေါ်လိုက်တာက ပြဿနာ ဖြေရှင်းခိုင်းဖို့ရှင့် .. ခုတော့ ကောင်းရော ဓာတ်ခွဲခန်းက ရှင့်လက်ထဲ ရောက်သွားခဲ့ပြီ…’

ထိုအကြောင်းတွေးမိတော့ ကျောက်ဝန်ပို၍ပင် ငိုချင်းချချင်သွားတော့သည်။

သူမ ဘာမကောင်းကြံလိုစိတ်မှလည်း မရှိဘူးလေ… ဘာလို့ ဒီလိုမျိုးလှည့်စားခံလိုက်ရတာလဲ….

ကားပါကင်ကို ရောက်တော့ လင်းရီ ကားဘေးတွင်ရပ်ရင်း ကျောက်ဝန်အား ကြည့်လိုက်၏။

“ မစ်ကျောက်… မင်း ငါတို့ လှေဘက် မကူးခဲ့ချင်ဖူးလား…”

“ ဟမ်.. ရှင်က ကျွန်မကို စည်းရုံးချင်နေတာလား….”

“ ဒါပေါ့... မင်းက ဘာထင်နေတာ… ငါမင်းကို ဒချိဒချိ လုပ်ချင်တယ်လို့များ ထင်နေတာလား….”

“ ခုလောလောဆယ်တော့ အချိန်တစ်ခုလောက်အထိ ကျွန်မ အလုပ်မပြောင်းချင်သေးဘူး…ဒါပေမယ့် ဥက္ကဌလင်းရဲ့ ကြင်နာမှုကိုတော့ ကျေးဇူးတင်ပါတယ်…”

“ ကောင်းပြီလေ… မင်း လှေပြောင်းချင်ရင် အချိန်မရွေး ငါ့ဆီ ဖုန်းခေါ်လိုက်…”

“ အွန်း…..”

ပြောပြီးနောက် လင်းရီ ကားထဲသို့ ဝင်ကာ မောင်းထွက်လာခဲ့လိုက်သည်။

သူ နာရီကို တစ်ချက်ကြည့်လိုက်တော့ လေးနာရီ ထိုးတော့မည် ဖြစ်ပြီး ကျီချင်းရန် အလုပ်ဆင်းတော့မည့် အချိန်ပင်။

လမ်းတွင် လင်းရီ လျန်ရူရွှယ်ထံဖုန်းခေါ်လိုက်၏။

“ ဘာလဲ.. ငါ့ကို ညစာလိုက်ကျွေးချင်လို့ ဖုန်းဆက်လာခဲ့တာလား….”

“ စား စား .. မင်းက စားဖို့ပဲသိတယ်… “ လင်းရီ ပြောလိုက်ပြီး “ မင်းခေါင်းထဲမှာ တစ်ချိန်လုံး ဘာစားရင်ကောင်းမလဲပဲ စဉ်းစားနေတာမလား….”

“ ဟဲ့ အချိန်ကိုလည်း ကြည့်လိုက်ဦးလေ… လေးနာရီတောင် ထိုးနေပြီကို ညစာစားဖို့ မဟုတ်တော့ ဘာလုပ်ဖို့ ဖုန်းခေါ်လာခဲ့တာ…”

“ တကယ်လို့ အလှလေးလျန်က ငါနဲ့ ထမင်းအတူစားချင်တယ်ဆိုရင်လည်း ရတယ်နော်.. မနက်ဖြန် အားတယ်…”

“ သွားစမ်းပါ… ငါနင်နဲ့ ထမင်းအတူစားချင်တယ်လို့များ ထင်နေတာလား… အံ့ဩပါ့…”

“ အပြောင်အပြက်တွေ တော်တော့… ငါမင်းကို ပြောစရာရှိလို့ ဖုန်းခေါ်လိုက်တာ…” လင်းရီ ပြောလိုက်ပြီး “ ခု သုတေသနနဲ့ ဖွံ့ဖြိုးမှု စင်တာရဲ့ ဓာတ်ခွဲခန်းက ငါ့ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ… ဒါပေမယ့် မင်းလည်း သိတဲ့အတိုင်းပဲ... ငါ့မှာ စီမံခန့်ခွဲဖို့ အချိန်ကလည်း မရှိဘူးကွာ… ဒါကြောင့်မို့ သင့်တော်တဲ့ လူတစ်ယောက်လောက် အဲ့ကို စေလွှတ်ပေးဦးလို့….”

“ နင်ဘာပြောလိုက်တယ်…. နင်က အဲ့ဒီ စင်တာက ဓာတ်ခွဲခန်းကို ထိန်းချုပ်နိုင်လိုက်ပြီ ဟုတ်လား…”

“ အေး… လောင်းကြေးစားကြေး လုပ်ပြီး နိုင်လာခဲ့တာလေ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် စီမံခန့်ခွဲရေးကတော့ သူတို့လက်ထဲမှာပဲ ရှိသေးတယ်… ဒါပေမယ့် ငါတစ်နည်းကြံဦးမှာပါ.. အဲ့ခါကျ စင်တာက လုံးဝ ငါတို့ အပိုင် ဖြစ်လာလိမ့်မယ်…”

“ အွန်း …. ကောင်းတာပေါ့….” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ သိလား…”

“ ဒါဆို ငါ့ကို ထမင်းတစ်နပ်လောက် မကျွေးချင်ဘူးလား…”

“ ငါက ဘာလို့ ကျွေးရမှာ… ခုလေးတင် နင်ပဲ ငါ့ကို ကျွေးမယ်ဆိုပြီး ပြောလိုက်တာ မဟုတ်ဘူးလား….”

“ မင်းပြောတော့ မစားဘူးဆို…”

“ ဟွန့်... ငါ့ကို စကားအကျ လာကောက်မနေနဲ့..” လျန်ရူရွှယ် နှာခေါင်းရှုံ့လိုက်ပြီး “ သန်ဘက်ခါကျ ရန်ရန် ကျိုးဟိုင် ရောက်လာလိမ့်မယ် … အဲ့ဟာမလေးက နင်နဲ့ အတူ ထမင်းစားချင်လို့ ငါ့ကို ပြောပေးဦးတဲ့… အဲ့တာ နင်အားရင် လာခဲ့ဦး….”

“ ရတယ်လေ… အချိန်နဲ့ နေရာကို မင်းပဲ စီစဉ်လိုက်…”

“ အွန်း..”

ဖုန်းချပြီးနောက် လင်းရီ ကျီချင်းရန်ကို သွားကြိုရန် ချောင်ရန်အုပ်စုထံသို့ ဆက်လက်မောင်းနှင်လာခဲ့လိုက်သည်။

“ ရီ .. နင်ဒီည သူများနဲ့ PK ကစားမှာမလား… ပြင်ဆင်နေတာ အခြေအနေဘယ်လိုရှိလဲဟင်…”

ကျီချင်းရန် ကားထဲသို့ရောက်ရောက်ချင်းပဲ စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးလိုက်၏။

“ မဆိုးပါဘူး... အားလုံး အေးဆေး…”

“ အဲ့လိုဆို ကောင်းတယ်… နင် သေချာပေါက် အနိုင်ရရမယ်နော်… တစ်ဖက်သူကို မျှော်လင့်ချက် ရေးရေး‌လေးတောင် ပေးလိုက်လို့ မဖြစ်ဘူး…” ကျီချင်းရန် သူမ၏ လက်သီးဆုပ်လေးများအား ချစ်စဖွယ် ဝှေ့ယမ်းရင်း ပြောလိုက်၏။

“ အေးပါ အေးပါ….”

သို့နှင့် နှစ်ယောက်သား အိမ်သို့ ပြန်လာခဲ့ကြပြီး ကျီချင်းရန် လင်းရီအတွက် အနောက်တိုင်း ဟင်းလျာများ ပြင်ဆင်ပေးလေသည်။

သူမ ပြောတာကတော့ ကောင်းကောင်းစားထားမှ ခနနေ ကစားတဲ့အချိန်ကျ အားရှိမယ်တဲ့….

ကလင် ကလင် ကလင်

နှစ်ယောက်သား စားသောက်နေစဉ်တွင် လင်းရီဖုန်းသံ မြည်လာခဲ့လေသည်။ ကျန်းရှောင်ယွီမှ ဖုန်းဆက်လာခဲ့ခြင်းပင်။

“ အစ်ကိုရီ… ရှင်ဘာတွေလဲ လုပ်နေတာ… ခု ခုနစ်နာရီတောင် ကျော်နေပြီနော်… လိုင်းလည်း မတက်လာသေးဘူး…”

“ ငါ အခု ညစာစားနေတာ… ဘာလဲ … အရေးကြီးကိစ္စရှိလို့လား….”

“ ရှင် အဲ့ဒီ တောဓားပြဗိုလ်ဆိုတဲ့ကောင်နဲ့ PK ပွဲ ချိန်းထားတယ် မဟုတ်ဘူးလား… မေ့သွားပြီလို့တော့ မပြောနဲ့နော်… မြန်မြန် လိုင်းတက်လာပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်တော့…”

“ အဲ့လောက်ထိ လောစရာ မလိုပါဘူးဟ… ငါတစ်မနက်ခင်းလုံး လေ့ကျင့်နေတာ ဘာပြဿနာမှ မရှိဘူး…. စိုးရိမ်မနေနဲ့…”

“ တကယ်… အစ်ကိုရီ.. ရှင် သောက်ရမ်းလန်းတဲ့ အကောင့်တွေများ ငှားထားသေးလား….”

“ ကျွတ်ဆင်ကြီးတော့ ဘယ်ဟုတ်မှာ.. အဆင်ပြေရုံလောက်လေးပေါ့….”

“ ဒါဆို မစားနဲ့တော့… မြန်မြန်… လူတိုင်းက ရှင့်ကို လိုင်းပေါ်မှာ စောင့်နေကြပြီ….”

“ အိုကေလေ… ငါလဲ စားပြီးတော့မှာ….”

ရိုးရှင်းစွာ စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

“ သူတို့ နင့်ကို live လွင့်ခိုင်းနေကြတာလား…”

“ အင်း…”

“ အဲ့တာဆိုလည်း မြန်မြန်လုပ်လေ… ငါဒါတွေ သိမ်းပြီး နင့်ဆီ လာခဲ့မယ်….”

“ အိုကေ…”

လင်းရီ ထရပ်လိုက်ပြီး စာကြည့်ခန်းထဲသို့သွားကာ သူ၏ တတိယအကြိမ်မြောက် တိုက်ရိုက်ထုတ်လွင့်ခြင်းအား စတင်လိုက်သည်။

လင်းရီ ဝင်လာသည်ကို မြင်တော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတိုင်း နှုတ်ဆက်လိုက်ကြ၏။

“ မျက်နှာဖုံးအစ်ကိုကြီးလည်း ခုမှပဲ ရောက်လာတော့တယ်… မျှော်နေတာ ပေါ်မလာ ပေါ်မလာနဲ့…”

“ ငါတို့ ပြောထားတာ ရှစ်နာရီမှ မဟုတ်ဘူးလား… တစ်နာရီတောင် လိုသေးတယ်.. မင်းတို့ကိုက စောနေကြတာ….”

“ ဘာလို့လဲဆိုတော့ အစ်ကိုကြီး ဘယ်လိုတွေ ပြင်ဆင်နေလဲဆိုတာ သိချင်လို့လေ… ရုပ်ပျက်ဆင်းပျက်ကြီးလည်း အရိုက်မခံရစေနဲ့ဦးနော ….”

“ မင်းတို့ကောင်တွေ ဘာလို့ အပြင်လူဘက်က ရပ်တည်နေကြတာ… ပွဲတောင် မစသေးဘူး.. ရှုံးမယ်ဆိုပြီး နိမိတ်ဖတ်နေကြပြီ…. “ လင်းရီ ဒေါသမထွက်ပဲ ပြုံးလိုက်၏။

“ အဲ့တာကလည်း ကွာဟချက်က ကြီးမားနေတာကိုး.. ပြီး‌တော့ အဲ့ကောင်ရဲ့ လက်နက်တွေကလည်း စွန်းလန်းတာ… “

“ သူ့အကောင့်က အလန်းစားကြီးဆိုရင်တောင် ငါ့အကောင့်လေးလည်း မဆိုးရှာပါဘူးဟ…. မင်းတို့ထင်ထလောက်လည်း ဆိုးရွားမနေပါဘူး….”

“ တကယ်…. အစ်ကို မျက်နှာဖုံးကတော့ အစ်ကို မျက်နှာဖုံးပါပဲ… မြန်မြန် … ကျုပ်တို့ကို နတ်ဘုရားဆန်တဲ့ အကောင့်က ဘာလဲဆိုတာ ပြစမ်းပါဦး…”

“ မပူနဲ့… ငါခု ဂိမ်းထဲ ဝင်နေပြီ….”

ပြောရင်းဖြင့် လင်းရီ DNF ထဲသို့ ဝင်ကာ ကျန်းစုန့်၏ အကောင့်ထဲသို့ ဝင်ရောက်လိုက်သည်။

“ ဘယ်လိုလဲ… ဒီအကောင့်လောက်ဆို အိုကေလောက်လား…”

“ ငါလဂိုးတည်းမှ… ဒါက ဘာကြီးတုန်းဟ… ဒီလောက် စုတ်ပြတ်သပ်နေတဲ့ အကောင့်ကြီးက ဘယ်လိုလုပ်ပြီး အိုကေမှာ…”

“ အစ်ကိုကြီး မျက်နှာဖုံးက ဂိမ်းမဆော့တာ ကြာပြီမဟုတ်လား… အရင်နှစ်ဝက်လောက်တုန်းကဆိုရင်တော့ ဒီရဲ့ လက်နက်တွေနဲ့ အဆင်ပြေသေးတယ်… ဒါပေမယ့် ခုတော့ အမှိုက်လို့ပဲ ပြောရမှာပဲ… ဘာအသုံးမှ မဝင်တော့ဘူး…”

“ မဖြစ်နိုင်တာ…. ငါဆော့နေတုန်းကတော့ တော်တော်လေး အဆင်ပြေပါတယ်ဟ… မင်းတို့ ပြောသလောက်ကြီးလည်း မဟုတ်ပါဘူး….”

“ ကျုပ်တို့လို သာမန်လူတွေနဲ့ ဆိုရင်တော့ ဒီရဲ့ လက်နက်ပစ္စည်းတွေက အဆင်ပြေတယ်… ဒါပေမယ့် ပိုက်ဆံသုံးထားတဲ့ ကစားသမားတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ အင်အားချင်း ကွားဟမှုကြီးက မိုးနဲ့မြေလောက်ကြီးရှိတယ်…”

“ အမှန်ပဲ… ခုဟာက +10 ရှိတဲ့ လက်နက်က တစ်ခုတည်းရယ်.. ကျန်တာက +7, +8 တွေ.. ပြီးတော့ ကောင်းကင်အစုံ တစ်ခုလေးတောင် မရှိဘူး….ကျွတ် ကျွတ်… တကယ်လို့ ဒီအကောင့်နဲ့ သူများတွေကို PK ချမယ်ဆို အလကား သွားအသေခံတာနဲ့ ခြားမှာ မဟုတ်ဘူး…”

(PK = player killing)

“ အေးဟ… မင်းတို့ပြောမှ ငါလည်း ကောင်းကင်အစုံကို မေ့နေတာ….” လင်းရီ ပြောလိုက်ပြီး “ ခု အချိန်ရှိသေးတယ်ဆိုတော့ တစ်စုံလောက် ဆွဲလိုက်ကြတာပေါ့…”

“ မျက်နှာဖုံး အစ်ကိုကြီးကတော့ သောက်ရမ်း ရက်ရောတာပဲ… နီးမှ ကောင်းကင်အစုံ လိုချင်နေတယ်ဆိုတော့ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား….”

“ ဘာတွေစိတ်လှုပ်ရှားဖို့ ကောင်းနေလို့… ယွမ် လေးငါးထောင်လောက်ပဲ ပေးရတာမဟုတ်ဘူးလား…”လင်းရီ ပြောလိုက်ပြီး “ ခနနေကျရင် ငါ lucky draw လှည့်ပြီးတော့ မင်းတို့ကိုလည်း လက်ဆောင်ပေးမယ်… ဒီအစ်ကိုကြီးက မင်းတို့ကို ပစ်မထားပါဘူးကွ…..”

“ ဟားဟား…. သောက်ရမ်းကြိုက်သွားပြီ… ကံကောင်းပါစေဗျို့….”

Lucky Draw လှည့်မည်ဆို‌တော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လေထုမှာ တစ်ဖန် စည်ကားလာလေသည်။

တစ်ချိန်တည်းတွင် ကြည့်ရှုသူ အများအပြား ရောက်လာကြပြီး လူတိုင်းက စထွင်မာအသစ်နှစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်မည်ကို စောင့်ကြည့်ရန် အဆင်သင့်ဖြစ်နေကြ၏။

………………….

Dou yu ရုံးချုပ်၊ ချိန်ကျောင်းရန်၏ ရုံးခန်း။

“ မင်းတို့ နှစ်ယောက်က ဟုတ်တော့ ဟုတ်နေတာပဲ… ငါ့ရုံးခန်းထဲ လာပြီးတော့တောင် Live stream ကြည့်ဝံ့နေတယ်ပေါ့… ကျန်တဲ့သူတွေဆို အဲ့လို လုပ်ရဲတဲ့ သတ္တိတောင် မရှိဘူး….”

ကော်ရှစ်ပေါ်နှင့် လီလင်းတို့မှာ ချိန်ကျားရန်၏ လူရင်းများ ဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်းသာ ပြောဆိုကြလေသည်။

“ ဘာလို့လဲဆိုတော့ ဒီနေ့ PK ပွဲက စိတ်ဝင်စားဖို့ကောင်းလို့လေ… ပြီးတော့ ဒါရိုက်တာလီကလည်း အရှုံးမပေးချင်သေးဘူး.. ဒါကြောင့်မို့ အတူလာခဲ့တာ…”

“ အေးပါ… ဘာပဲဖြစ်ဖြစ်… ငါလည်း အိမ်က ဟာမကြီး သူ့အမေအိမ်က ပြန်လာပြီဆိုတော့ ခုနေပြန်သွားရင် အပွားခံရလောက်တယ်… ဒီနေ့ တော့ ရုံးမှာပဲ ညအိပ်တော့မှာ... မင်းတို့ရှိတော့ အဖော်ရတာပေါ့…”

ကော်ရှစ်ပေါ် ပြုံးလိုက်ပြီး လက်တော့ နှစ်လုံး ယူလာခဲ့ကာ လင်းရီနှင့် မုန့်ကျင်းရန်၏ Live stream ထဲသို့ ဝင်လိုက်၏။

ထို့နောက် ၎င်းတို့၏ လက်ရှိ အခြေအနေများကို လေ့လာလိုက်သည်။

“ ဟိုက် ဘာတုန်းဟ.. နောက်တစ်နာရီလောက်ဆိုရင် PK ပွဲ စတော့မှာလေကွာ… ဒါပေမယ့် ဒီရဲ့ မျက်နှာဖုံး အစ်ကိုကြီးက တကယ်ကြီး ကောင်းကင်အစုံကို ကံစမ်းနေတယ်တဲ့လား…ဝှက်သယ်ဖက်ခ်…”

All Chapters