← Chapters

NEXON ဘယ်တုန်းက အဲ့လောက်ထိ သဘောကောင်းသွားတာ

Vol. 46 Ch. 686

NEXON ဘယ်တုန်းက အဲ့လောက်ထိ သဘောကောင်းသွားတာ

Vol. 46 Ch. 686

လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများက အဆိုပါ သတင်းကို ကြိုတင်ပြောပြပြီး ဖြစ်သောကြောင့် သူ မအံ့ဩသွားခဲ့ပေ။

“ ဪ .. ဟုတ်လား...ကံကောင်းတာပေါ့…”

“ မင်းက တကယ့်ကို တည်ငြိမ်နေတာပဲ.... ငါတော့ ပွဲစဖို့ မစောင့်နိုင်တော့ဘူး…” မုန့်ကျင်းရန် ပြောလိုက်ပြီး “ ဒါမှမဟုတ် ခုစကြတော့မလား… ငါမင်းကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးမယ်လေ… အဲ့လိုဆို သောက်ရမ်းနဲ့ ကြည့်လို့ကောင်းမှာ….”

“ အရင် မလောသေးနဲ့ဦး… ငါ ခုလေးတင် ကောင်းကင်အစုံကို ရထားတာ…. ခု တစ်ချို့ လက်နက်လေးတွေ ကံစမ်းလိုက်ဦးမယ်….”

“ ညီကို … ငါမင်းကို စာနာလို့ အကြံတစ်ချို့ပေးလိုက်မယ်…… အဲ့ဒီ လေလံအိမ်ကရနိုင်တဲ့ ပစ္စည်းတွေ အကုန်လုံးက အမှိုက်တွေချည်းပဲ… အသုံးလည်း မဝင်ဘူး… ဘာလို့ အဲ့လောက်တောင် ခေါင်းမာနေရတာ…”

“ ငါ လေလံအိမ်ကနေ ပစ္စည်းတွေ ဝယ်မယ်လို့ မင်းကို ဘယ်သူပြောလဲ..”

သို့နှင့် လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများကို ကြည့်ကာ “ ညီကိုတို့... အခု ခေတ်စားနေတဲ့ လက်နက်က ဘာလဲ.. ဘယ်ကနေယူလို့ရလဲ… သိတဲ့သူတွေရှိလား….”

“ အကောင်းဆုံး လက်နက်က ထိုက်ကျိကောင်းကင်အင်ပါယာဓားပဲ… အသူရာချောက်နက်ကို အောင်မြင်အောင်လုပ်ပြီးတော့ ယူလို့ရတယ်….”

လင်းရီ စစ်ဆေးကြည့်လိုက်တော့ “ ဂိမ်းစည်းမျဉ်းတွေအရဆို Jar( ဖန်ပုလင်း) တွေဖွင့်ပြီးလည်း ရနိုင်တယ်မလား…”

“ ရနိုင်တာပေါ့… ဒါပေမယ့် အဲ့လို ရနိုင်ခြေကတော့ အတော်လေးနည်းတယ်… ဆာဗာဖွင့်ထားတာ ဒီလောက်ကြာနေပြီကိုတောင် ဓားတစ်ချောင်းတည်းပဲ အဲ့ကနေ ရတာ ကြားဖူးသေးတယ်.. ပြီးတော့ ဟုတ်မဟုတ်တောင် မသေချာဘူး…”

“ အစ်ကိုကြီး… မင်း အဲ့ဒီ ထိုက်ကျိ ကောင်းကင် အင်ပါယာဓားကို ဖန်ပုလင်းဖောက်ပြီး ရချင်နေတယ်လို့တော့ မပြောနဲ့နော်… အဲ့တာက လုံးဝကို စောက်အဓိပ္ပာယ် မရှိတာပဲ…”

“ ဟုတ်တယ်… မကြိုးစားကြည့်တာ အကောင်းဆုံးပဲ… မနက်ဖြန် နေထွက်တဲ့ထိ ဒါမှမဟုတ် ကုန်းကောက်စရာမရှိတဲ့အထိ ကြိုးစားရင်တောင် ရနိုင်မှာ မဟုတ်ဘူး… ဒီတိုင်း လေလံအိမ်ကိုသာ သွားပြီး လက်နက်ကောင်းကောင်းလေး တစ်ခု သွားရှာကြည့်လိုက်…. ဖန်ပုလင်းထဲက လိုချင်နေတဲ့အကြံကိုတော့ စွန့်လွှတ်လိုက်တော့….”

“ ဖြစ်နိုင်ချေရှိတယ်ဆိုမှတော့ စမ်းကြည့်သင့်တာပေါ့…မဟုတ်ဘူးလား… ကံကောင်းခြင်း နတ်သမီးက ငါ့ဘက်မှာ ရှိနေတယ်ဆိုရင် ဘယ်လိုလုပ်မှာ….”

“ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်ပဲ… မင်းအရင်က ဒီဂိမ်းကစားဖူးရင် ဒီစကားမျိုး ပြောမှာ မဟုတ်ဘူး… ရဖို့ အဲ့လောက်သာလွယ်နေလို့ကတော့ ရှားပါးစာရင်းထဲ ထည့်မနေဘူး…”

လင်းရီ ပြုံးလိုက်၏။

သူအလျင်လိုမနေချေ။ “ ဘာပဲဆိုဆို အချိန်လည်း ရှိနေသေးတာပဲလေ… ကြိုးစားကြည့်လို့ မပဲ့ပါသွားပါဘူး….”

သို့နှင့်လင်းရီ ဘောက်ချာများ ဖြည့်လိုက်ပြီး လေလံအိမ်သို့ သွားလိုက်သည်။ ထို့နောက် ဂိမ်းငွေကြေးများအားလုံးကို epic jars များဝယ်ရာ၌ အသုံးပြုလိုက်လေသည်။

ထိုသို့သော ချမ်းသာပြီး အသိဉာဏ် ကင်းမဲ့သည့် လုပ်ရပ်က တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများအား မကျေမနပ်ဖြစ်သွားစေသည်။

သူတို့အားလုံး ဤစထွင်မာက ဆေးမမှီတော့ဟုတောင် ခံစားနေရ၏။

မုန့်ကျင်းရန် စီးကရက်မီးညှိလိုက်ပြီး လင်းရီကို အပြုံးလေးဖြင့် ကြည့်ကာ “ စတော့လေ… ငါတို့အားလုံး စောင့်နေတယ်… ငါ့လို လက်နက်မျိုး ရတဲ့အထိ ကံကောင်းပါစေကွာ….”

“ ဟားဟား…..”

လင်းရီအခန်းထဲရှိ လူတိုင်း ပွဲကျသွားခဲ့ကြ၏။

“ ငါတော့ ဒီစထွင်မာ မွဲပြာကျမှာကို စောင့်ကြည့်နေပါတယ်….”

" ငါတော့ ဒီစထွင်မာ မွဲပြာကျမှာကို စောင့်ကြည့်နေပါတယ် +1 "

" +2 "

“ ဒီကောင်က အသားနာမှ မှတ်မဲ့ကောင်… သူ့ ရှေးအစဉ်အဆက်က စီနီယာကြီးတွေ ဘယ်လိုကြေကွဲခဲ့ရလဲဆိုတာ မမြင်ဖူးဘူးနဲ့တူတယ်….”

“ တကယ်လို့ မျက်နှာဖုံး အစ်ကိုကြီးသာ ထိုက်ကျိကောင်းကင် အင်ပါယာဓားရခဲ့မယ်ဆိုရင် ငါ့ ဈာပနာကျ ဒီအခိုက်အတန့်ကို ပြန်ပြပေးမယ်…”

“ မင်းက ဈာပနာကျမှ… ငါခု အိမ်သာထဲရောက်နေတာ… တကယ်လို့ အဲ့ကောင်သာ တကယ်ကြီး ရနိုင်မယ်ဆိုရင် ငါ live လွင့်ပြီး ချေးစားပြလိုက်မယ်…”

လင်းရီ ထိုပေါက်တတ်ကရ ကွန်းမန့်များကို ကြည့်ရင်း တခွီးခွီး ရယ်မောလိုက်၏။

“ အဲ့လိုဆိုရင်တော့ မင်း ဒီည Dou yu ပလတ်ဖောင်းမှာ နာမည်ကြီးဖို့သာ ပြင်ထားလိုက်တော့…”

သို့နှင့် လင်းရီ epic jar ကို သာမန်ကာလျှံကာ ဖွင့်လိုက်၏။

သို့သော်လည်း ထိုသို့ မဖွင့်မှီ လင်းရီ စနစ်၏ စာမျက်နှာကို ဖွင့်၍ ဆယ်မိနစ် ကံကောင်းခြင်းကတ်ကို အသက်သွင်းထားလိုက်လေသည်။

[ကံကောင်းခြင်းကတ်ကို အသက်သွင်းပြီးပါပြီ ။ ကျန်ရှိသည့် အချိန် - 10 : 00 , 09 : 59 , 09 :58……]

ဘူးကို ဖွင့်ပြီးနောက် လက်နက်ပေါင်းစုံပါဝင်သည့် အိုင်ကွန်ပုံရိပ်များမှာ စခရင်ပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်လာပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် ရပ်တန့်သွားခဲ့တော့၏။

ရလဒ်ကို မြင်တော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများအားလုံး ပေါက်ကွဲသွားကြလေသည်။

“ ငါ လခွမ်းတွေ ဖြစ်ပျက်နေတာလား…. ထိုက်ကျိကောင်းကင် အင်ပါယားဓားက တကယ်ကြီး ပေါ်လာတယ်…”

အဆိုပါ မြင်ကွင်းကို မြင်တွေ့လိုက်ရသည့် လူတိုင်း‌ မေးရိုးနှင့် ကြမ်ပြင်တို့ ထိစပ်သွားခဲ့ကြသည်။

ဆာဗာတစ်ခုလုံးမှာ ဒီလိုမျိုး ဖြစ်နိုင်ချေက တစ်ရာပုံ ပုံရင် တစ်ပုံတောင်မသေချာတာကို သူက ရသွားတယ်…

ကံကောင်းချက်က 9+.....

“ အင်း… ငါ့ကံလေးက မဆိုးရှာဘူးပဲ..…” လင်းရီ တည်ငြိမ်စွာပြောလိုက်ပြီး မည်သည့် ချဲ့ကားသည့် အမူအရာကိုမျှ မပြသချေ။

သူက ကံကောင်းခြင်းကတ်ကို အသုံးပြုထားပြီး မရလာသည်ကမှ ထူးဆန်းနေဦးပေမည်။

“ ဖက်ပဲ… မျက်နှာဖုံးအစ်ကိုကြီးက အရမ်း အံ့ဩဖို့ကောင်းတယ်….”

“ လူတိုင်းပဲ… မတ်တပ်ရပ်ပြီးတော့ မျက်နှာဖုံးအစ်ကိုကြီးက အရိုအသေပြုကြ…”

“ ဟမ့်....ဒီတိုင်း ကောင်းကင်အင်ပါယာ ဓားလေးပဲ မဟုတ်ဘူးလား… တောဓားပြဗိုလ်ဆီမှာလည်း တစ်ချောင်းရှိပါတယ်ကွ… မင်းတို့ကောင်တွေကိုက ပိုကို ပိုလွန်းတယ်...” မုန့်ကျင်းရန်၏ ဘက်တော်သားများမှ ပြောလိုက်ကြ၏။

“ အပေါ်ကကောင် ပြောတာကို ငါလည်း သဘောတူတယ်… သူက ထိုက်ကျိဓားပဲ ရသေးတာ.. ကျန်တာတွေက အကုန်အမှိုက်သရိုက်တွေ… အကုန်လုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် အမှိုက်က အမှိုက်ဖြစ်နေတုန်းပဲ…”

ထိုသူများက ငွေကြေးလက်ခံထားပြီး တစ်ဖက်သူဘက်မှ ကာပြောပေးနေသူဖြစ်ကြောင်း လင်းရီ ရိပ်မိလေသည်။ သို့သော်လည်း လင်းရီ ထိုသူများအား မကန်ထုတ်လိုက်ပေ။ ထိုအစား ပြုံးလိုက်ပြီး “ အေးဆေးပေါ့… ငါ jar တွေအများကြီး ဝယ်ထားတာကို ခုမှ တစ်ခုပဲ ဖွင့်ရသေးတယ်.. ကျန်တာတွေ ဆက်ဖွင့်ကြမယ်…”

“ ဟီးဟီး.. မင်းကံက ခုလေးတင်ကောင်းထားတာကို နောက်ထပ် ကောင်းပေ့ပစ္စည်းတွေ ရဦးမယ် ထင်လား… အိပ်မက်မက်နေလိုက်…”

“ မကြိုးစားကြည့်ပဲနဲ့တော့ ဘယ်သိနိုင်မှာ…”

သို့နှင့် လင်းရီ နောက်ထပ် jar တစ်ခုကို ဖွင့်လိုက်၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် စခရင်မှာ ရပ်တန့်သွားလေသည်။

“ ရှီး… မရဏအရိပ် သားရေ ၀တ်စုံ… နောက်ထပ် ထိပ်တန်းအဆင့် ပစ္စည်းတစ်ခု…..! “

အခန်းထဲရှိ လေထုမှာ ရုတ်ချည်း ထူးဆန်းလာပြီး သူတို့အားလုံး ဘာပြောရကောင်းနိုးနိုး ဖြစ်သွားခဲ့ကြ၏။

ဒီကောင် ကစားနေတာ ငါတို့ ဆော့နေကျ DNF မှ ဟုတ်ရဲ့လားဟ….

အဲ့ Nexon ကဘယ်တုန်းက အဲ့လောက်ကြီး သဘောကောင်းသွားတာ…

ကံကောင်းခြင်းကတ်မှာ အချိန်အကန့်အသတ်ရှိသောကြောင့် လင်းရီ စက္ကန့်အနည်းငယ်လေးပင် မဖြုန်းတီးပဲ ကျန်ရှိသည့် jar များကို ဆက်ဖွင့်လိုက်သည်။

အခန်းထဲရှိ လူများ စာပြီးအောင် မရိုက်နိုင်သေးခင် နောက်ထပ် ထိပ်တန်းအဆင့် ပစ္စည်းတစ်ခု ထွက်ပေါ်လာပြန်သည်။

ယင်းက တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတိုင်းကို ဆီမီးနံ့သာတိုင်များနှင့် ပူဇော်ချင်စိတ် ပေါက်သွားစေခဲ့‌တော့၏။

“ ငိုးပဲ… ဘာတွေ ဖြစ်နေတာတုန်းဟ… ဒီကောင် ညစ်ပြီးဆော့နေတာများလား…” မုန့်ကျင်းရန်ဘေးရှိ မာဝေ့အန်းမှ ကျိန်ဆဲလိုက်၏။

ပုလင်း ဆယ်ခုဖွင့်ပြီးတော့ မုန့်ကြီးမှာ ရှိတဲ့ ထိပ်တန်း ပစ္စည်းတွေအကုန်လုံးကို သူက ရသွားတယ်….

အဲ့ဒီ သောက်ကျိုးနည်းကြီးက ပြန်ပြောပြရင် ဘယ်သူက ယုံနိုင်မှာ….

“ အစ်ကိုမာ… ဘာမှ စိတ်မပူနဲ့.. တကယ်လို့ သူ အဲ့ဒီ ပစ္စည်းတွေ အသုံးပြုနိုင်တယ်ဆိုရင်တောင်မှ အသုံးမဝင်ဘူး…” လျိုစီးယွမ် ပြောလိုက်ပြီး “ လက်နက် အဆင့်တွေအရဆိုရင် လောင်မုန့်က သာနေတယ်လေ… ပြီးတော့ သူ့ရဲ့ ကျွမ်းကျင်မှု စကေးတွေကလည်း ထိပ်တန်းပဲ… ပြိုင်ပွဲရဲ့ နောက်ဆုံး ရလဒ်ကို စိုးရိမ်နေစရာ မလိုပါဘူး…”

ထိုစကားကြားတော့မှ မာဝေ့အန်း၏ အမူအရာမှာ အများကြီး စိတ်သက်သာရာ ရသွားခဲ့လေသည်။ ကံကောင်းစွာဖြင့် သူတို့ သဘောတူထားသည်က ရှုံးသည့်သူမှာ ပလတ်ဖောင်းမှ ထွက်ခွာသွားရမည်ဟု လောင်းကြေးထပ်ထားသောကြောင့်ပင်။ မဟုတ်ပါက အနာဂတ်တွင် ယခုလို ရေပန်းစားမှုနှုန်းနှင့် မုန့်ကြီးအား အလွယ်တကူ အမှုန့်ချေသွားနိုင်သည်။

“ ဘော့စ်… အဲ့ကောင်ကို ခုလောလောဆယ်‌ ပေးပျော်ထားလိုက်စမ်းပါ… သူ ကျွန်တော့်ကို နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”

…….

ကောင်းကင်ဘုံအား ဖီဆန်‌နေသည့် ကံတရားကြောင့် လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူ ဦးရေမှာ 2.4 သန်းကျော်အထိ ရောက်ရှိလာခဲ့လေသည်။

ထိုစဉ် လင်းရီစထွင်းရှိ ကြည့်ရှုသူများ၏ လေသံပင် ပြောင်းလဲသွားခဲ့တော့သည်။

သူတို့အားလုံး လင်းရီကို မကဲ့ရယ်ကြတော့ပဲ အကြံဉာဏ်တစ်ချို့ပင် ပေးလာခဲ့ကြတော့၏။

“ အစ်ကိုကြီး မျက်နှာဖုံး… မင်းရဲ့ ပစ္စည်းတွေက သူများတွေနဲ့ အတူတူပဲ… ဒါပေမယ့် မမြင့်တင်ရသေးတော့ ဓားချင်းယှဉ်ခုတ်လို့ ရဦးမှာ မဟုတ်သေးဘူး… မြန်မြန် အကွာအကွယ်ပေးတဲ့ ဝတ်ရုံဝယ်ပြီးတော့ +10 လောက်အထိ တင်ထားလိုက်… အဲ့လိုဆို အချိန်နည်းနည်းကြာအောင် တောင့်ခံနိုင်လောက်တယ်….”

“ ဟုတ်တယ်..ဟုတ်တယ်… အကာအကွယ်ဝတ်ရုံဝယ်ပြီး ဟိုခွေးမ ကယ်လီဆီကွာ +10အထိ မြင့်လိုက်ကွာ…”

“ အစ်ကိုကြီး မျက်နှာဖုံး … မင်းကံလေးက ကောင်းနေတုန်း နောက်ထပ် epic jar တွေဖွင့်ပြီး ပစ္စည်းကောင်းလေးတွေ ယူလိုက်ပါလား… ပြီးရင် အဆင့် တိုးမြင့်လိုက်… အဲ့လိုသာဆို အောင်မြင်နိုင်ချေ အခွင့်အရေးလည်း ပိုများတယ်…”

ကြည့်ရှုသူများ၏ အကြံပြုချက်များကို ကြည့်ရင်း လင်းရီ ဂိမ်း NPC ထံသို့မြောက်ကြွမြောက်ကြွဖြင့် ရောက်လာခဲ့ကာ ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

“ ငဝိလေးတွေပဲ တိုးမြင့်ပေးတဲ့အထုပ်တွေ သုံးတာ… စစ်မှန်တဲ့ သူရဲကောင်းတွေက ကယ်လီဆီမှာ အလုပ်အပ်တယ်ကွ….”

သို့နှင့် လင်းရီ ထိုက်ကျိကောင်းကင်အင်ပါယာဓားအား တိုးမြင့်သည့် မျက်နှာပြင်ထဲသို့ ထည့်ကာ တိုးမြင့်မည် ခလုတ်အား တုံ့ဆိုင်းခြင်း မရှိ နှိပ်ချလိုက်သည်။

ထို့နောက် စတင် ပေါင်းစပ်လေသည်။

All Chapters