ဟိုင်ထျန်းပွဲ
Vol. 46 Ch. 689
ဆုလဒ်ကို လက်ခံပြီးနောက် လင်းရီ live stream ဘက်သို့ အကြည့်လှည့်လိုက်သည်။ PK ပွဲစဉ်မှာ ပြီးမြောက်သွားသော်လည်း သူ၏ ကြည့်ရှုသူနှုန်းထားကတော့ မလျော့ကျသွားခဲ့ချေ။
“ မျက်နှာဖုံး အစ်ကိုကြီး… မင်းရဲ့ နောက်ထပ် live stream က ဘယ်အချိန်လဲ… ငါ မင်းကို သေချာပေါက် လက်ဆောင်တွေ ပေးမယ်…”
“ ငါ့ကို ပေးဖို့ မလိုပါဘူးကွာ… အဲ့လောက် ပိုက်ဆံ နည်းနည်းလေးကို ငါလည်း မက်မောမနေဘူး… မင်းတို့ရှာထားတဲ့ ပိုက်ဆံကို ကိုယ်လိုအပ်တဲ့နေရာမှာပဲ သုံးလိုက်ကြ….” လင်းရီ ပြောလိုက်ပြီး “ နောက်ထပ် Live stream က ဘယ်ချိန်လုပ်မလဲဆိုတာကတော့ ငါလည်း မဆုံးဖြတ်ရသေးဘူး… ငါ့ရဲ့ QQ ဖန်ဂရုထဲ Join ပြီး အဲ့မှာ ဆွေးနွေးကြည့်ကြလေ… မင်းတို့ ဖြစ်ချင်တဲ့ ဆန္ဒကို လိုက်လျောပေးမယ်….”
“ အစ်ကိုကြီး… ငါကြားတာတော့ နောက်အပတ် ရာဝမ်းကျွန်းမှာ သီးသန့်ရွက်လှေစုစည်းပွဲရှိတယ်…. ငါတို့ကို ခေါ်သွားပေးလို့ရလား….”
“ သီးသန့်ရွက်လှေ စုစည်းပွဲ… ဟိုင်ထျန်းပွဲဆိုတာလား….”
“ ပြောလိုက်တာနဲ့ ဒက်ကနဲသိတယ်ဆိုတော့ မျက်နှာဖုံးအစ်ကိုကြီးက တော်တော်လေး အတွေ့အကြုံတွေ ရှိထားတယ်နဲ့တူတယ်….”
“ အိုကေလေ.. ငါ့ ညီကိုတွေကို ခေါ်သွားပေးရမှာပေါ့…”
“ မဖြစ်နိုင်လိုက်တာ… အစ်ကို မင်း တကယ်ကြီး ပြောနေတာလား….”
“ အသေးမွှားလေးပါ… အချိန်ကျလာရင် ငါမင်းတို့ကို လိုက်ပြပေးမယ်… “
“ မျက်နှာဖုံးအစ်ကိုကြီးက အံ့ဩဖို့ကောင်းတယ်… အချိန်ကျလာရင် ကျုပ်လည်း စူပါဒုံးပျံကြီးတွေ လက်ဆောင်ပေးမယ်… ဘယ်ကောင်မှ ငါ့လာမတားနဲ့…”
“ ဒီကလည်း ပိုက်ဆံတွေ ကြိုစုထားတော့မယ်…”
“ အစ်ကိုကြီး .. မင်း ငါတို့ကို ဖိုက်တာဂျက်တွေ လိုက်ပြပေးမယ်လို့လည်း ပြောထားတယ်နော်… မေ့ချင်ယောင် ဆောင်မနေနဲ့ဦး…”
“ အဲ့ကိစ္စ စိတ်မပူနဲ့… ငါက ကတိပေးပြီးရင် လွယ်လွယ်နဲ့ မမေ့တတ်ဘူး…. “ လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် လက်ဆောင်တွေ ပေးစရာ မလိုပါဘူး… ငါတကယ်ကြီး မလိုအပ်လို့ ပြောနေတာ…”
“ ဝါး.. မျက်နှာဖုံး အစ်ကိုကြီးက တကယ့် လူကောင်းပဲ….”
“ ပထမနဲ့ ဒုတိယနေရာက သူဌေးမကြီးတွေ ရှိတယ်လေ.. မျက်နှာဖုံးအစ်ကိုကြီးက ငါတို့ရဲ့ ပိုက်ဆံနည်းနည်းလေးကို ဘယ်လိုအပ်မှာ….
“ မျက်နှာဖုံး အစ်ကိုကြီး … မင်းက ကျွမ်းကျင်တဲ့ စထွင်မာဆိုသာ အသိအသာကြီးပဲ… အဲ့တာကို ဘာလို့ မျက်နှာဖုံးကြီး တပ်ထားတာ….”
“ အဟုတ်ပဲ … တကယ်လို့ အစ်ကိုကြီးက ရုပ်ဆိုးဆိုးကြီးဆိုရင်တောင် ကျုပ်တို့က အားပေးနေမှာ….”
“ အမှန်ပဲ… မစ္စတာလုတောင် ကြိုက်ပေးတဲ့ ငါတို့က ရုပ်ဆိုးလည်း ကိစ္စမရှိပါဘူး… ဒါနဲ့ အစ်ကိုကြီးက မစ္စတာလုထက်တော့ ရုပ်မဆိုးနေဘူးမလား…”
“ အဲ့လိုမပြောစမ်းနဲ့… မစ္စတာလုက လူကြီးလူကောင်းကွ…”
အခန်းထဲရှိ လူတစ်ချို့နှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ လိုင်းဆင်းရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် စနစ်၏ အသိပေးသံမှာ သူ၏ စိတ်ထဲတွင် မြည်ဟီးလာလေသည်။
[ စနစ်မစ်ရှင် - ကြည့်ရှုသူဦးရေ ဆယ်သန်းကျော်ပါ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
“ ဟမ်… ဒီ မစ်ရှင်က နည်းနည်းလေးတော့ ခက်သွားပြီ…” လင်းရီ စိတ်ထဲတွင် ရေရွတ်လိုက်၏။
ယခင်တစ်ခေါက် မစ်ရှင်တုန်းက နှစ်သိန်းကျော်ရုံမျှနှင့် အဆင်ပြေသော်လည်း ယခုက ဆယ်သန်းပင်။
ထို့ပြင် သူ၏ ယနေ့ live stream မှာ အတော်လေး ကောင်းမွန်နေပါသော်လည်း ကြည့်ရှုသူ ငါးသန်းကျော်မျှသာ ရရှိလိုက်၏။
ယခု တာဝန်က အနည်းငယ်တော့ ခက်ခဲလေသည်။
ထိုအကြောင်း တွေးတောရင်း လင်းရီ ပလတ်ဖောင်းထဲရှိ ရေပန်းအစားဆုံး စထွင်မာကို ကြည့်လိုက်တော့ ကြည့်ရှုသူဦးရေမှာ ရှစ်သန်းမျှသာ ရှိသည်။
အကယ်၍ သူသာ ဆယ်မီလီယမ် ရရှိမည်ဆိုပါက ပလတ်ဖောင်း၏ ဘုရင်ကြီး ဖြစ်လာမည် မဟုတ်ပါလော။
‘ တော်တော်လေးတော့ အခက်သားကွ….’
မစ်ရှင်ကို ဘေးချိတ်ထားပြီး ကြည့်ရှုသူများနှင့် နောက်ထပ် မိနစ်အနည်းငယ်ခန့်လောက်အထိ စကားပြောကာ လင်းရီ လိုင်းဆင်းလိုက်လေသည်။
ထိုအခိုက်အတန့်တွင်ပဲ ကျီချင်းရန် သူ့ထံသို့ ရောက်ရှိလာပြီး စုံထောက်ကဲ့သို့ စစ်ဆေးသည့် မျက်ဝန်းတို့ဖြင့် အစုံအဆန် ကြည့်လိုက်သည်။
“ ဟေ့ ဘာလို့အဲ့လိုကြီး ကြည့်နေတာ….”
“ စောနက နင်ပြောတဲ့ ဟိုင်ထျန်းပွဲ ဆိုတာက ဘာကြီးလဲ…”
“ ဟိုင်ထျန်းပွဲလား…” လင်းရီ ဦးနှောက်ကို လျင်မြန်စွာ အလုပ်လုပ်ခိုင်းလိုက်ပြီး “ မင်းက နေ့တိုင်း ချက်ပြုတ်နေပြီးတော့မှ အဲ့တာလေးတောင် မသိဘူးပေါ့…”
“ အမ်… အဲ့တာက ဟင်းချက်တာနဲ့ ဘာဆိုင်လို့….”
“ တကယ်ကြီး မသိဘူးပေါ့….”
“ အဲ့တာက မဆလာတွေ ရောင်းတဲ့ပွဲလေ…. ပရိသတ်တွေက ကြည့်ချင်နေတယ်ဆိုတော့ လိုက်လျောပေးရမယ် .. ဟုတ်တယ်ဟုတ်..”
“ အွန်း… နင်ပြောတာ မှန်တယ်… ဒါပေမယ့် ငါတို့ရဲ့ ကိုယ်ပိုင် အထောက်အထားကိုလည်း သတိရဦးနော်… နင်က ချမ်းသာတယ်ဆိုရင်တောင်မှ အလုပ်လုပ်ရင် လေးလေးနက်နက်နဲ့လုပ်…”
“ လေဒီဘော့စ်လေး ပြောတာ အရမ်းမှန်တယ်…”
“ ဒါဆို live stream လွင့်ရင် အပျင်းတစ်မနေနဲ့.. ကြားလား…..”
သူမ လေဒီဘော့စ် ဟု အခေါ်ခံလိုက်ရသည့် အချိန်တိုင်း ကျီချင်းရန် သူမ သကြားလုံးလေး စားလိုက်ရသကဲ့သို့ ချိုမြိန်သွားခဲ့၏။
ကျီချင်းရန်၏ အမူအရာကို မြင်တော့ လင်းရီ ရင်ထဲတွင် တိတ်တခိုး သက်ပြင်းချလိုက်သည်။
အကယ်၍ ကျီချင်းရန်သာ သူ ရေကူးဝတ်စုံနှင့် မိန်းကလေးများအား တိုက်ရိုက်ထုတ်လွင့်မည့် အကြောင်းသိလျှင် သူ့အား အိမ်တံခါးပိတ် သော့ခတ်ထားလောက်လေသည်။
‘ ဟဲဟဲ.. ငါက အရမ်းဉာဏ်ကောင်းတယ် ဟုတ်တယ်ဟုတ်….’
“ စိတ်ချစမ်းပါ… ငါမင်းကို အရှက်မရစေပါဘူးကွ….”
ကျီချင်းရန် ရယ်မောလိုက်ပြီး သူမ၏ မျက်ဝန်းများမှာ ဆန်းသစ်စ လဆန်းအသွင်သို့ ကူးပြောင်းသွားခဲ့လေသည်။
“ ငါသွားအိပ်တော့မယ်…”
“ အင်း…”
ကျီချင်းရန် ထွက်ခွာသွားပြီးနောက် လင်းရီ code editor ကိုဖွင့်၍ အလုပ်စရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ ဖုန်းသံ မြည်လာခဲ့၏။
အမည်မသိ ဖုန်းနံပါတ်ပင်။
“ ဟယ်လို….”
“ ရှင်က မျက်နှာဖုံး အစ်ကိုကြီးလား…”
“ အမ်… မင်းက ဘယ်သူတုန်း….”
လင်းရီ တဒင်္ဂမျှ ကြက်သေသေသွား၏။ သူ၏ ကုတ်နာမည်ကို ခေါ်ဆိုလာသည်ဆိုတော့ live stream ထဲမှ ဖန်တစ်ယောက် ဖြစ်ရပေမည်။
နေစမ်းပါဦး… သူ့ ဖုန်းနံပါတ်ကို ဘယ်လိုရသွားတာတုန်းဟ…
“ ကျွန်မက Doy yu ရဲ့ မားကတ်တင်း ဒါရိုက်တာ လီလင်းပါရှင့်….ဒီနေ့ ရှင့်ရဲ့ live stream ကို အရမ်း သဘောကျမိတော့ ပလတ်ဖောင်းက ရှင်နဲ့ စာချုပ်ချုပ်ဖို့ ဆုံးဖြတ်လိုက်တယ်…အဲ့တာ ရှင်ဘယ်အချိန်လောက် အားလဲ မသိဘူး….”
“ အာ….”
လီလင်း၏ ဆက်သွယ်လာမှုက လင်းရီကို အံ့အားသင့်သွားစေခဲ့သည်။ ပလတ်ဖောင်းဘက်မှ ထိုမျှ လျင်မြန်စွာ ဆက်သွယ်လာလိမ့်မည်လို့ သူ ထင်မထားခဲ့ချေ။
ထို့ပြင် ဆက်သွယ်လာသူကလည်း မားကတ်တင်းဌာန၏ ဒါရိုက်တာ ဖြစ်နေသေးပြန်သည်။
“ ရပြီ… စာချုပ် စာတမ်းတွေက တော်တော်လေး စိတ်ရှုပ်ဖို့ ကောင်းလွန်းတယ်…” လင်းရီပြောလိုက်ပြီး “ တကယ်လို့ ဒီကြားထဲ ဘာကိစ္စမှ မရှိဘူးဆိုရင်တော့ ခုက စပြီး Dou Yu ပလတ်ဖောင်းမှာပဲ စထွင်းဖြစ်မှာ… ဘာမှ စိတ်မပူနဲ့….”
၎င်းကိုကြားတော့ လီလင်း လုံးဝ အံ့အားမသင့်သွားခဲ့ပေ။ ယင်းက သူမ မျှော်လင့်ထားသည့် ဘောင်အတွင်း၌ ရှိလေသည်။
ထိုသို့သော စထွင်မာမျိုးက ကောင်းမွန်သည့် ကမ်းလှမ်းမှုတို့ကို စောင့်ဆိုင်းပြီး ဘယ်တော့မှ လွယ်လွယ်ကူကူနှင့် သဘောတူလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူမဘက်မှ အလောတကြီး မနိုင်ပဲ ဖြည်းညင်းစွာဖြင့် သွားရပေမည်။
“ မျက်နှာဖုံး အစ်ကိုကြီးရှင့် … ပလတ်ဖောင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ကျွန်မတို့ဘက် အစ်ကို့ကို အရင်းအမြစ်နဲ့ ပရိုမိုးရှင်းတွေ လုပ်ပေးဖို့က အရင်ဆုံး စာချုပ်ချုပ်ထားတဲ့ စထွင်မာ ဖြစ်နေဖို့ လိုနေလို့ပါ…” လီလင်း ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မတို့က ပလတ်ဖောင်း အကြီးစားဆိုတော့ တခြား ညစ်ညမ်းတဲ့ ဘယ်လိုကိစ္စမျိုးကိုမှ ကမ်းလှမ်းမှာ မဟုတ်ပါဘူး.. တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မျက်နှာချင်းဆိုင် တွေ့ပြီး စကားပြောလို့ရမလားမသိဘူး…”
လီလင်း၏ စကားလုံးများက လင်းရီကို အနည်းငယ် လှုပ်ခတ်သွားစေခဲ့သည်။
အရင်းအမြစ်နဲ့ ပရိုမိုးရှင်းတွေက သူ့မစ်ရှင်ပြီးမြောက်စေဖို့အတွက် ကောင်းကောင်းကြီး အထောက်အကူ ဖြစ်စေမှာပဲ…
“ ကောင်းပြီလေ….” လင်းရီ သဘောတူလိုက်၏။
“ အစ်ကို့ရဲ့ နေရပ်လိပ်စာလေး တစ်ချက်လောက်ပါရှင့်..” လီလင်း ချိုသာယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။
“ ကျွန်တော်ကခု ကျိုးဟိုင်မှာ …”
“ အိုး… အဲ့လိုဆို အရမ်းကောင်းတာပေါ့… ကျွန်မလည်း မကြာခင် ကျိုးဟိုင်ကို အလုပ်ကိစ္စနဲ့ လာဖို့ ရှိသေးတယ်ဆိုတော့ ရောက်မှပဲ ဆက်သွယ်လိုက်တော့မယ်…”
“ အိုကေလေ…”
ရိုးရှင်းစွာ စကားဆိုပြီးနောက် လင်းရီဖုန်းချလိုက်သည်။
တစ်ချိန်တည်းတွင် ကျီချင်းရန် မျက်နှာမတ်ကပ်ထားပြီး ယုန်ပုံစံ ဘီးစကုပ်နှင့် ရောက်လာခဲ့၏။
“ ချင်းရန် ..... ငါ ထင်နေတာ မင်းအိပ်သွားပြီပေါ့…”
“ ဘာလို့လဲ.. နင်က ငါ့ကို ဒီမလာစေချင်လို့လား….” ကျီချင်းရန် လင်းရီကို ကြည့်လိုက်ပြီး “ နင် တခြား မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတာကို မိသွားမှာ ကြောက်နေတယ်လို့တော့ မပြောနဲ့နော်….”
“ အာ….”
အမျိုးသမီးတွေ အကုန်လုံးက ဒီလိုပဲ အကြားအမြင် ရထားကြတာလား….
“ မဟုတ်တာ....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ… ငါ့လိုမျိုး ရိုးသားကြိုးစားတဲ့ မောင်အုတ်ခဲလေးက အဲ့လိုကိစ္စမျိုး လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…” လင်းရီပြောလိုက်ပြီး “ ညဉ့်နက်နေပြီဆိုတော့ မင်းကို စောစောအိပ်စေချင်လို့လေ…”
“ ခစ်ခစ် အဲ့လိုလား.…” ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး “ ငါနင့်ကို မျက်နှာ mask ကပ်ပေးမယ်….”
“ မလိုပါဘူး…ယောက်ျားဆိုတာ အဲ့လို ပစ္စည်းတွေ မသုံးဘူး….”
“ နင် ခုတလော အိပ်တာတွေ အရမ်းနောက်ကျနေတာကို အရေးအကြောင်းတွေ ကာကွယ်ဖို့ မတ်(mask)ကပ်ရမယ်လေ…”
ပြောရင်းဖြင့် သူမ မတ်အသစ်ဖောက်ကာ လင်းရီ မျက်နှာပေါ် တင်ပေးလိုက်၏။
“ အွန်း.. ဆက်ကပ်ထားနော်… ငါသွားအိပ်တော့မယ်….”
“ အင်း… သွားအိပ်တော့…သွား....”
ကျီချင်းရန် ပြုံးလိုက်ပြီး သူမ မျက်နှာကို လင်းရီအနားသို့ တိုးကပ်လိုက်ကာ “ ညအိပ်ရာဝင် အနမ်းပေးဦး…”
“ Mua ! ”
“ ခစ်ခစ်….” သဘောကျစွာ ရယ်မောပြီးနောက် ကျီချင်းရန် စာကြည့်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။