သူမ မင်းကို အနိုင်ကျင့်လို့လား
Vol. 46 Ch. 690
နောက်တစ်နေ့ နံနက် ကျီချင်းရန် အလုပ်သွားပြီးနောက် လင်းရီ သူ့ ဖုန်းကို ထုတ်ကာ လျန်ရူရွှယ်ထံ ဆက်သွယ်လိုက်သည်။
“ ဘာကိစ္စလဲ…”
သူမ ဖုန်းကိုင်ပြီးနောက် လျန်ရူရွှယ် ဗလုံးဗထွေး ပြောလိုက်သည်။
“ မင်း ဘာလဲလုပ်နေတာ… တစ်ယောက်ယောက် မင်းကို တိပ်နဲ့ ကပ်ထားလို့လား…”
“ ဘာတွေ လာပြောနေတာ… ဒီမှာ စားနေလို့ဟဲ့…” လျန်ရူရွှယ် ပြန်ခွပ်လိုက်ပြီး “ ပြော.. ဘာကိစ္စလဲ…”
“ ဟွာချင်း ရေကန်က ခု မွမ်းမံပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတော့ မင်း တစ်ချက်သွားပြီးတော့ စစ်ဆေးကြည့်ပါဦးလားလို့… တစ်လက်စတည်း အဲ့ဒီက ဝန်ဆောင်မှု အတွေ့အကြုံကိုလည်း ခံစားကြည့်ကြည့်.. တကယ်လို့ တစ်ခုခု ချို့ယွင်းချက်တွေရှိတယ်ဆိုရင် သူတို့ပြန်ပြင်လို့ရအောင် ပြောလိုက်လေ….”
“ နင်ငါ့ကို အလိုတူအလိုပါ ဖြစ်စေချင်နေတာမလား…” လျန်ရူရွှယ်မှ သိနေပါတယ်ဟူသော အထာဖြင့် ပြောလိုက်ပြီး “ ပေါက်တတ်ကရတွေ တော်လိုက်တော့… အစောကြီး ခေါ်လာတယ်ဆိုတော့ တစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်…”
“ ဟိုလို အရေးကြီး ကိစ္စတော့ မဟုတ်ပါဘူးကွာ…” လင်းရီ ပြောလိုက်ပြီး “ ငါသိချင်တာ မစ္စတာရန်က စစ်ခရိုင်ဒေသရဲ့ ရာထူး အမြင့်ဆုံး အကြီးအကဲမလား…”
“ အဲ့လိုပဲ ဆိုပါတော့… သူက ပင်စင်ယူသွားပြီဆိုပေမယ့် သူ့စကားလုံးတွေက ဝိတ်တော့ ရှိနေပါသေးတယ်.. “ လျန်ရူရွှယ်ပြောလိုက်ပြီး “ နင်က ဘာလုပ်မလို့ မေးနေတာ… “
“ ငါမင်းကို အရင်က Live stream လွင့်မယ်လို့ ပြောဖူးတယ်မလား… ခု ငါ့ရဲ့ ဖန်တွေ က ဖိုက်တာဂျက်ကြည့်ချင်နေတယ်ဆိုလို့ ငါ့ကို ကူညီပေးလို့ ရလားလို့…”
“ ဘာကြီး … နင့်ဖန်တွေက ဖိုက်တာဂျက် မြင်ချင်နေတယ်….” လျန်ရူရွှယ် စောဒကတက်လိုက်ပြီး “ သူတို့ နောက်တစ်ခေါက်ကျရင် လေယာဉ်တင် သင်္ဘောကြီးတွေ မြင်ချင်လားလို့ မေးကြည့်ကြည့်ဦး….”
“ သူတို့အဲ့တာတော့ မပြောကြဘူးပဲ…”
“ နင် တောင်းဆိုတာကတော့ ဖြစ်နိုင်ပါတယ်… ဒါပေမယ့် တခြားဟာတွေတော့ စဉ်းတောင် မစဉ်းနဲ့နော်…”
“ အဲ့လောက်ဆိုရင်ကိုပဲ ရပြီ….”
“ နင် ဘယ်အချိန် စထွင်းမှာ….”
“ အချိန်မရွေးပဲ.. မင်းအဆင်ပြေတဲ့အချိန်ပေါ့…”
“ငါ့ဘက်ကတော့ အဆင်ပြေပြီးသားပဲ…” လျန်ရူရွှယ်ပြောလိုက်ပြီး “ ရှေ့ရက်တွေတုန်းက ငါတပ်ထဲသွားပြီး အဘိုးရန်နဲ့ သွားတွေ့တော့ သူနင့်အကြောင်းတွေတောင် မေးနေသေးတယ်… အားရင် လက်ဖက်ရည်သောက်လှည့်ပါဦးတဲ့….”
“ အဲ့တာဆို အတော်ပဲပေါ့…”
“ တကယ်လို့ နင်အချိန်အားတယ်ဆိုရင် မနက်ဖြန်လာခဲ့လိုက်လေ…” လျန်ရူရွှယ်ပြောလိုက်ပြီး “ တိုက်တိုက်ဆိုင်ဆိုင် TV ပရိုဂရမ် တစ်ခုကလည်း တပ်နယ်မြေအကြောင်း အင်တာဗျူး လုပ်ချင်နေတာ…. အတူသွားကြတာပေါ့…”
“ တခြား လူတွေကော ရှိသေးတာလား….”
“ အွန်း…” လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး “ ကျိုးဟိုင် TV ဌာနကလေ…နင်မနက်ဖြန် လာရင် မြင်ပါလိမ့်မယ်…”
“ OK.. အဲ့တာဆို အတည်ဖြစ်ပြီ…” လင်းရီ ပြောလိုက်ပြီး “ ငါ ခု ဖုန်းဝင်လာလို့ ဖုန်းချလိုက်တော့မယ်နော…” လင်းရီ ပြောပြီးနောက် ဖုန်းချလိုက်ကာ ချင်းဟန်ဖုန်းကို ဖြေလိုက်လေသည်။
“ ရို.. ငါ့ကောင် ဘာတွေလဲ လုပ်နေတာ…”
“ ခုလေးတင် မနက်စာစားပြီးတာ.. ဘာကိစ္စလဲ…”
“ နောက်အပတ် တနင်္လာနေ့ကျရင် သီးသန့်ရွက်လှေနဲ့ စီးပွားရေးဂျက်တွေ စုဝေးပွဲရှိတယ်… ငါမင်းကို ကိုယ်စား စာရင်းပေးလိုက်ပြီဆိုတဲ့ အကြောင်း အသိလာပေးတာ…”
“ ငါ သဘောမတူရသေးတာကိုတောင် မင်းက စာရင်းပေးလိုက်ပြီပေါ့…”
“ လူကြီးလူကောင်း စတိုင် လာဖမ်းမနေစမ်းနဲ့.. မင်း ဘယ်လိုလူစားမျိုးလဲ ဆိုတာ ငါမသိဘူးများ မှတ်နေလား…” ချင်းဟန်ပြောလိုက်ပြီး “ ငါမင်းအတွက် စဉ်းစားပေးပြီးတော့မှ သေချာလေး စီစဉ်ပေးထားတာကွ…”
“ အေး အေး … မင်းရဲ့ နောက် မျိုးဆက် ရှစ်ဆက်လောက်အထိကို ကျေးဇူးတင်တယ် သိလား….”
“ မလိုပါဘူးကွာ… ဒါနဲ့ စကားမစပ် မင်းရဲ့ ဝမ်ကျန်းဆိပ်ကမ်းလည်း ဖိတ်စာရလောက်တယ်… မဟုတ်လည်း သွားရမှာပဲ…” ချင်းဟန် ရယ်မောပြောဆိုလိုက်ပြီး “ ယောက်ျားကောင်း မောင်းမတစ်ထောင်တဲ့… ဥက္ကဌကျီရဲ့ အလှက ထိပ်တန်းဆိုရင်တောင်မှ တစ်ခါတစ်လေ အပြောင်းအလဲလေး လုပ်ပေးရတယ်…”
“ မင်း စကားကို ဘယ်လိုတောင် ပြောလိုက်တာ.. ငါ့မှာ ကျီချင်းရန်အပြင် လျန်ရူရွှယ်လည်း ရှိပါသေးတယ်ဟ…”
“ လျန်ရူရွှယ်အပြင် ဝမ်ရင်းလည်း ရှိတယ်….”
“ဝမ်ရင်း အပြင်ကို သူ့ညီမ ဝမ်လု… ရင့်ကျက်တဲ့ အမျိုးသမီးတွေ… ကျောင်းသူလေးတွေ.. ရုံးဝန်ထမ်း အမျိုးသမီးတွေ အကုန်ရှိတယ်… ဘာဖြစ်လို့ အပြောင်းအလဲလေးဖြစ်အောင် အဲ့ပွဲ သွားနေရဦးမှာ….”
“ ငလူးပဲ… မင်းလောက် အရှက်မဲ့တဲ့ကောင်မျိုး ငါ မကြုံဖူးသေးဘူး….”
သို့နှင့် ချင်းဟန် ဖုန်းချသွားခဲ့၏။
သကောင့်သားမှ ဖုန်းချသွားပြီးပြီးချင်းပဲ ဟော်ယွမ်ယွမ်မှ ဗွီဒီယိုကော ခေါ်ဆိုလာခဲ့သည်။
လင်းရီ လက်ခံလိုက်တော့ ဟော်ယွမ်ယွမ်မှာ ချီရှန်းကျောက် ရုံးခန်းထဲသို့ ရောက်နေပြီး ထျန်းရန်ကလည်း ထိုနေရာ၌ ရှိနေလေသည်။
“ ဘော့စ်… ကျွန်မ အရမ်း စိတ်တိုတယ်သိလား…”
လင်းရီ ဖုန်းကိုင်လိုက်သည်နှင့် ဟော်ယွမ်ယွမ်မှ ဒေါသတကြီးနှင့် ဆိုလာခဲ့၏။
“ ဘာလဲဖြစ်လို့… ထျန်းရန်မင်းကို ဟိုင်းဝေးလမ်းမကြီးဆိုပြီး အနိုင်ကျင့်နေလို့လား…”
“ ရှီးပဲ… အဲ့အကြောင်း မပြောလို့ မရဘူးလား…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ လူကို ရိုက်လို့ရတယ်… မျက်နှာကို မရိုက်ရဘူး.. လူကို ဆဲလို့ရတယ်… ဒါပေမယ့် သူများရဲ့ ချို့ယွင်းချက်ကိုတော့ မလှောင်ပြောင်ရဘူးတဲ့… ဘော့စ် အဲ့တာလေးတောင် နားမလည်ဘူးလား…”
“ အေးပါ..ဟုတ်ပါပြီ... အဲ့တာဆို ငါတို့ရဲ့ ဒါရိုက်တာဟော်ကို ဘယ်သူက အနိုင်ကျင့်လိုက်တာ… ငါ့ကိုပြော….”
“ ကျွန်မ မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ချို့ကို ဖုန်းဆက်ကြည့်တယ်… ဒါပေမယ့် သူတို့က ကျွန်မတို့ရဲ့ အော်ဒါကို လက်မခံကြဘူး… အကြောင်းပြချက် အမျိုးမျိုးပေးပြီးတော့ ငြင်းကြတယ်… ဒါပေမယ့် ဘယ်တစ်ခုကမှလည်း ကျိုးကြောင်းမဆီလျော်ဘူး…”
“ ဆိုတော့ မင်းက အဲ့တာကို မကျေမချမ်း ဖြစ်နေတာပေါ့…”
“ အမှန်ပဲ… “ ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ သေချာတယ်....ထိုင်ဝမ်း အီလက်ထရောနစ်က နောက်ကွယ်ကနေ တမင်သပ်သပ်လုပ်နေတာပဲ ဖြစ်ရမယ်.. ဘော့စ်.. ဒါကျွန်မတို့ကို စော်ကားလိုက်တာပဲနော်… သူတို့ကို တစ်နည်းနည်းနဲ့ ပြန်တုံ့ပြန်မှ ဖြစ်မှာ….”
ထျန်းရန် တစ်ခွန်းမှ ဝင်မပြောပဲ ပြုံးလိုက်၏။
ဒါရိုက်တာဟော်ရဲ့ အမူအကျင့်က ဘော့စ်နဲ့ အရမ်း ဆင်တူတာပဲ… နှစ်ယောက်က ဒီလောက်ထိ သင့်မြတ်နေတာ အဆန်းကြီးတော့ မဟုတ်တော့ပါဘူး…..
ဒါပေမယ့် ငါကတော့ အဲ့လိုမျိုး အတွေ့အကြုံကို ခံစားဖို့ မဖြစ်နိုင်တော့ပါဘူးလေ…
သို့သော်လည်း ထိုအခိုက်အတန့်တွင် ထျန်းရန် ရုတ်တရက် သူမ သူဌေးမှ ကထိကပါး ပြုလာခဲ့ရင် ဘယ်လိုနေမလဲဆိုတာကို မြင်ယောင်ကြည့်လိုက်၏။
‘အာ…’
ထျန်းရန် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပြီး သူမ ခြေထောက်နှစ်ချောင်းကို တင်းတင်းကြပ်ကြပ် ပူးကပ်ထားလိုက်သည်။
‘ ငါ့အတွေးတွေက ဘယ်လိုလုပ်ပြီး အဲ့ဘက်ရောက်သွားခဲ့တာ…’
“ စိတ်အေးအေးထားစမ်း… အခြေအနေတွေက အဲ့လောက်ကြီးလည်း ဆိုးရွားမနေပါဘူး….” လင်းရီ ပြောလိုက်ပြီး “ ဒီ နည်းလမ်းက အလုပ်မဖြစ်ဘူး ဆိုမှတော့ အဆင်ပြေတဲ့ စက်ရုံတစ်ရုံရှာပြီး တိုက်ရိုက်ဝယ်လိုက်ပေါ့….”
“ ဝယ်မယ်…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။
“ ဟွာရှမှာ စက်ရုံတွေ ဒီလောက်ထိ ပေါသောနေတာကို သူတို့ တစ်ခုချင်းစီတိုင်း လိုက်ပြီး မထိန်းချုပ်နိုင်ပါဘူး… တကယ်လို့ ငါတို့သာ လိုချင်ရင် အသာလေးပါ…”
“ ဘော့စ်… ရှင် ပြောင်းလဲသွားခဲ့ပြီပဲ…” ဟော်ယွမ်ယွမ် လင်းရီကို ကြည့်လိုက်ပြီး “ရှင်အရင်တုန်းက ဒီလိုမျိုး သူရဲဘောကြောင်မနေပါဘူး… ခုက ကြောက်နေတာလား…”
“ ငါ့ဖျင်ကြီးကိုပဲ ကြောက်နေလိုက်လေ…” လင်းရီ အသံမြင့် ဆူလိုက်ပြီး “ မင်းနဲ့ မင်းအစ်မကျီ နှစ်ယောက်ပေါင်းရင်တောင် ငါ့ကို မဖြိုနိုင်တာကိုများ….”
“ ဟွန့်.... ကျွန်မခုပဲ အစ်မကျီကို ဖုန်းဆက်ပြီးတော့ ဘော့စ်က ကျွန်မတို့ နှစ်ယောက်လုံးကို အတူ ပွဲတော်တည်ချင်နေပါတယ်လို့ ပြောလိုက်တော့မှာနော်…..”
“ အဟမ်း အဟမ်း….”
ချီရှန်းကျောက် ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး “ ယွမ်ယွမ်… စကားလမ်းကြောင်းတွေ လွဲကုန်ပြီလေ… ငါတို့ခု လေးနက်တဲ့ ကိစ္စတွေ ပြောနေတာနော်…”
“ အာ….”
ဟော်ယွမ်ယွမ် မျက်နှာထားကို တစ်ဖန် တည်တံ့လိုက်ပြီး “ ကျွန်မတို့က ဘာလို့ ငြိမ်ခံနေရမှာ… လင်းယွမ်အုပ်စုရဲ့ စွမ်းရည်နဲ့ဆိုရင် CITIC လို ကုမ္ပဏီကလွဲလို့ ဘယ်သူ့ကို ကြောက်နေရမှာ…”
“ မင်းပြောချင်နေတာကို ငါနားလည်တယ်..” လင်းရီ ပြောလိုက်ပြီး “ အရင်ဆုံး မိုဘိုင်းဖုန်း စီးပွားရေးဆိုတာ ငါတို့ ဖြန့်ကျက်ထားတဲ့ နယ်ပယ်တွေထဲက ကိုင်းခွဲလေး တစ်ခုပဲ… သူတို့နဲ့ တိုက်ခိုက်ပြီးတော့ ကိုယ့်ရဲ့ ခွန်အားတွေကို ဖြုန်းတီးနေစရာ မလိုဘူး… တကယ်လို့ မင်းမှာ အင်အားတွေ အပြည့်ရှိတယ်ဆိုရင်တောင် မလုပ်သင့်ဘူး… ငါတို့ရဲ့ လင်းယွမ်အုပ်စုက သူတို့နဲ့ ရန်ဖြစ်ပေးဖို့ တန်းညှိပေးစရာမလိုဘူး….”
“ ဒါဆို ဘော့စ်က ထိုင်ဝမ်း အီလက်ထရောနစ်ကို တိုက်ရိုက် ကိုင်တွယ်တော့မလို့လား…”
“ အဲ့ကုမ္ပဏီက ဒီတိုင်း ပွန်းရုပ်လေးပဲ……”
“ ပွန်းရုပ်….”
“ အင်း… သူတို့နောက်ကွယ်မှာ intel လိုမျိုး အကောင်ကြီးကြီးတွေက ထောက်ပံ့ပေးထားတာ… အဲ့ကောင်တွေကမှ ငါ့ရဲ့ တကယ့် ရည်မှန်းချက်….” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ခုနေ ငါတို့က အဲ့ဒီ စက်ရုံတွေကို အာရုံစိုက်လိုက်မယ်ဆို သူတို့ကို အချက်ပြလိုက်တာနဲ့ အတူတူပဲ.. အဲ့လိုသာဆို ငါတို့ရဲ့ အဓိက ဦးတည်ရာကို လှစ်ဟာပြလိုက်သလို ဖြစ်သွားလိမ့်မယ်…”
ဟော်ယွမ်ယွမ် နှုတ်ခမ်းကိုက်လိုက်ပြီး “ ဘော့စ်… ရှင် သူတို့ကို အဆုံးသတ်ဖို့ Cisco ကို အသုံးပြုခဲ့တဲ့ နည်းလမ်းအတိုင်း လုပ်မလို့တော့ မဟုတ်ပါဘူးနော်….”
“ ဒါပေါ့…. မဟုတ်ရင် ငါက အဲ့ကောင်တွေကို ကုန်းရှီဖားချိုင် လုပ်ခိုင်းရမှာလား…” လင်းရီ ပြောလိုက်ပြီး “ နောက်ပြီး ကမ္ဘာ့အဆင့်မှီ ကုမ္ပဏီဖြစ်တဲ့ ထိုင်ဝမ်း အီလက်ထရောနစ်ကလည်း လွယ်ကူတဲ့ ပစ်မှတ်တော့မဟုတ်ဘူး… ခုချိန်မှာ ငါတို့ လင်းယွမ်က သူတို့နဲ့ယှဉ်ရင် အနည်းငယ် အရေးနိမ့်နိုင်တဲ့ အနေအထားမှာ ရှိတယ်… တကယ်လို့ ရှည်လျားတဲ့ တိုက်ပွဲတဲ့ ဆင်နွှဲမယ်ဆိုရင် ငါတို့ဘက်က လွယ်လွယ်ကူကူနဲ့ မောဟိုက်သွားတော့မှာ… ဒါကြောင့်မို့ ကြိုတင်ပြင်ဆင်ထားပြီး တစ်ဖက်သူကို တုံ့ပြန်ချိန်လေးတောင် မပေးပဲ တစ်ချက်တည်းနဲ့ အပြီးဖျောက်ပစ်ရမယ်….”
“ ဘော့စ်.. ရှင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ.. မရတော့ဘူး… ကျွန်မ ရှင့်ကို ဆုချချင်လာပြီ….”
“ လစ်စမ်း..ဘာကိုဆုချမှာ.... မင်း ကုမ္ပဏီ ရန်ပုံငွေတွေနဲ့ ဒီလိုတွေနေတာကို ငါ မသိဘူးများ ထင်နေတာလား…”
“ ဘော့စ် စကားကို ဘယ်လိုတောင် ပြောလိုက်တာလဲ…ကုမ္ပဏီရဲ့ ငွေကြေးအင်အားက ကျွန်မရဲ့ လက်ထဲမှာပါနော်..တကယ်လို့ ကျွန်မရဲ့ နှစ်ပေါင်းများစွာ အလုပ်အတွေ့အကြုံတွေနဲ့ဆိုရင် ပိုက်ဆံတွေ ဖြောင်လိုက်မယ်ဆိုရင် ရှင်တောင် သိလိုက်မှာမဟုတ်ဘူး… ခု ကျွန်မက ရှင့်ကိုဆုချမယ် လုပ်နေတာ….. အဲ့တာကို ရှင်က ကျေးဇူး မတင်သင့်ဘူးလား….”
“ ငိုးပဲ… ဒီမှာ ဘယ်သူက ဘော့စ်တုန်းကွ…”