← Chapters

လွန်ခဲ့သောနှစ်သောင်းချီမှ ပုံရိပ်များ

Vol. 44 Ch. 613

လွန်ခဲ့သောနှစ်သောင်းချီမှ ပုံရိပ်များ

Vol. 44 Ch. 613

"ငါလည်း မသိဘူး။ ငါ့ကိုယ်ပွားနဲ့ ဆက်သွယ်နိုင်စွမ်းရှိပေမယ့် ဒီနေရာက ခရမ်းရောင်အလင်းကြယ်နဲ့ အရမ်းဝေးလွန်းနေတယ်။ ငါ့ကိုယ်ပွားမသေမချင်း ဘာမှသိရမှာမဟုတ်ဘူး။ အနည်းဆုံးတော့ အချိန်ဒီလောက်ကြာတဲ့အထိ ငါ့ကိုယ်ပွား အသက်ရှင်နေသေးတယ်ဆိုတော့ ရောင်ယွမ်လည်း အဆင်ပြေလိမ့်မယ်။ သူမမှာ ငါ့ထက် အသက်ကယ်ဝှက်ဖဲတွေ ပိုပြီးပိုင်ဆိုင်ထားတယ်မလား။ ငါ့ကိုယ်ပွားသေရင်တောင် သူမ အသတ်ခံရဖို့ မလွယ်ကူဘူး"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ ရောင်ယွမ် အဆင်ပြေနေကြောင်း သိလိုက်ရသောအခါ ပတ်ဝန်းကျင်က ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

"ရောင်ယွမ် လုံလုံခြုံခြုံနဲ့ ပြန်ရောက်လာဖို့ ဆုတောင်းနေလိုက်"

ဧကရာဇ်ယုက အေးစက်စက် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ အကယ်၍ သူတို့က ယဲ့ချန်နှင့်စကားများမနေဘဲ တိုက်ခိုက်မည်ဆိုလျှင် နှင်းဧကရာဇ်က သေချာပေါက် ဝင်ပါလာပေလိမ့်မည်။ သူတို့က အဆင့်တစ် စစ်ဧကရာဇ်များဖြစ်ပြီး လင်ယွမ်က အဆင့်သုံးဖြစ်သောကြောင့် တိုက်ခိုက်လျှင် အသာစီးရနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ခရမ်းရောင်အလင်းကြယ်သို့ ရောင်ယွမ်ဝင်သွားသည့် ကိစ္စသည် သူနှင့်မသက်ဆိုင်လျှင်၊ ရောင်ယွမ် လုံခြုံစွာ ပြန်ရောက်လာလျှင်ပင် သူမနှင့်ယဲ့ချန်ကြားတွင် ဆက်ဆံရေးတစ်ခုရှိနေနိုင်သဖြင့် သူတို့က ယဲ့ချန်ကို ရန်ငြှိုးထားနေကြသည်။

"ဒီကိစ္စကို မှတ်ထားလိုက်"

အကယ်၍ လင်အိမ်တော်၌ဆက်နေလျှင်လည်း ယဲ့ချန်ကို မထိနိုင်သောကြောင့် သူတို့က နှာခေါင်းရှုံ့၍ ပြန်လည်ထွက်ခွာလာကြသည်။ ရောင်ယွမ်၏ကိစ္စကို နတ်ဧကရာဇ်ထံ သတင်းပို့လိုက်လျှင် သူ၏သဘောထားအရ သူတို့ကို ဒေါသတကြီး အပြစ်တင်ပေလိမ့်မည်။

"ဆရာတူအစ်ကို ငါတို့ ဘာလုပ်ကြမလဲ"

ဧကရာဇ်ယုက စိုးရိမ်စွာ မေးလိုက်သည်။ သူတို့က ရောင်ယွမ်ကို ပိုင်ဆိုင်ရရေးနှင့်ပတ်သက်၍ တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်သော်လည်း ယာယီစည်းလုံးရပေလိမ့်မည်။

"ငါလည်း မသိဘူး"

ဧကရာဇ်ချင်က ခါးသက်သက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ အကယ်၍ သူတို့က ဤအကြောင်းကို ဆရာဖြစ်သူထံ သတင်းပို့လိုက်လျှင် ရောင်ယွမ် လုံခြုံစွာ ပြန်ရောက်လာသည့်တိုင် အပြစ်တင်ခံရခြင်းမှ မလွတ်မြောက်နိုင်ပေ။

"ငါက ရောင်ယွမ်ကိုကယ်ဖို့အတွက် ခရမ်းရောင်အလင်းကြယ်ကို လိုက်သွားမယ်။ ဆရာတူအစ်ကိုက ဒီမှာ သတင်းကို စောင့်နေလိုက်ပါ"

ဧကရာဇ်ယုက ခဏတာစဥ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု လေးနက်စွာ ချလိုက်သည်။ ခရမ်းရောင်အလင်းကြယ်သို့ စစ်ဧကရာဇ်ဆယ်ယောက်ကျော် ဝင်ရောက်သွားသော်လည်း တစ်ယောက်မှ ပြန်ရောက်မလာခဲ့ပေ။ အကယ်၍ ဧကရာဇ်ချင်က ကျစ်ဟွာတော်ဝင်မြို့၌ ကျန်ရစ်မည်ဆိုလျှင် နတ်ဧကရာဇ်၏အပြစ်တင်ခြင်းကို တစ်ယောက်တည်း ခံရပေလိမ့်မည်။ အကယ်၍ ဧကရာဇ်ယုရော ရောင်ယွမ်ပါ ထိုနေရာ၌သေဆုံးသွားလျှင် တာအိုအိမ်တော်သခင်ရာထူးက သူနှင့် အလွန်ဝေးကွာသွားပေလိမ့်မည်။ ထို့အပြင် ရောင်ယွမ်က သူ့ကို အထင်သေးသွားမည်ဖြစ်ကာ လိုက်လံပိုးပန်းရန် မဖြစ်နိုင်သည့် အချက်မျိုးလည်း ရှိနေသည်။ တစ်ခုတည်းသောနည်းလမ်းမှာ သူမကိုကယ်တင်ရန်အတွက် ခရမ်းရောင်အလင်းကြယ်သို့ လိုက်ပါသွားခြင်းဖြစ်သည်။ ဧကရာဇ်ယုက အဆင်အခြင်မဲ့ကာ ဒေါသကြီးသည် ဟုထင်ရသော်လည်း အမှန်တကယ်ဉာဏ်များသူဖြစ်ပြီး အခွင့်အရေးကို ရှာဖွေနိုင်ခဲ့သည်။ ခရမ်းရောင်အလင်းကြယ်က အသက်အန္တရာယ်ရှိသော်လည်း သူက ကျန်ရစ်နေခဲ့လျှင် အခွင့်အရေးတစ်ခုပင် ရမည်မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးက တာအိုအိမ်တော်သခင်ရာထူးကို အလွန်တပ်မက်နေသောကြောင့် အသက်ကိုစွန့်ရန် ဝန်လေးမနေခဲ့ချေ။

"ဆရာတူညီလေး မင်းကို တစ်ယောက်တည်းလွှတ်ရမှာ စိတ်မချဘူး။ ငါလည်း လိုက်ခဲ့မယ်"

ဧကရာဇ်ချင်က အကျိုးအပြစ်များကို တွက်ဆပြီးနောက် ဆုံးဖြတ်လိုက်သည်။

"ငါတို့နှစ်ယောက်လုံး သွားမယ်ဆိုရင် ခွေးကောင်ယဲ့ချန်ကို ဘယ်လိုလုပ်ကြမလဲ။ ဒီကောင့်ကို သတ်မှဖြစ်မယ်"

ဧကရာဇ်ယုက မျက်မှောင်ကြုတ်၍ ကန့်ကွက်လိုက်သည်။

"မစိုးရိမ်နဲ့။ ငါက ဆရာ့ဆီကို စာတစ်စောင်ရေးပြီး ဒီကောင့်ကို သင်ခန်းစာပေးခိုင်းလိုက်မယ်။ ငါတို့က ခရမ်းရောင်အလင်းကြယ်ကို ရောက်နေချိန်မှာ ဆရာက သူ့ကို အပြစ်ပုံချလိမ့်မယ်။ ဆရာက ငါတို့နှစ်ယောက်နဲ့ ရောင်ယွမ်အတွက် သူ့ကို သေချာပေါက်သတ်လိမ့်မယ်"

ဧကရာဇ်ချင်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ကြောင့် တောက်ပနေသည်။

"ငါတို့က ပြန်ထွက်လာနိုင်ရင်ရော"

"ငါတို့ပြန်ထွက်လာနိုင်ရင်တောင် ခရမ်းရောင်အလင်းကြယ်မှာ ဒီကောင့်ကိုယ်ပွားကို လိုက်သတ်ရမယ်။ ဆရာက ကျစ်ဟွာမြို့က ယဲ့ချန်ကိုသတ်လိုက်မယ်ဆိုရင် ဒီကောင် သေခြင်းတရားက လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ဧကရာဇ်ချင်က ယုတ်မာစွာ ကြံစည်ထားခြင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံး၏အမြင်တွင် ရောင်ယွမ်ကဲ့သို့ သုညပိုင်ရှင်တစ်ယောက်ဖြစ်သော ယဲ့ချန်က ခြိမ်းခြောက်မှုတစ်ခုဖြစ်၍ သုညပိုင်ရှင်အချင်းချင်းကြားတွင် ဆက်သွယ်မှုအချို့ ရှိနေသည်ဟု ထင်မြင်နေကြသည်။ ရောင်ယွမ်က ယဲ့ချန်နှင့်အတူ ခရမ်းရောင်အလင်းကြယ်သို့ ဝင်ရောက်သွားခြင်းက ရိုးရှင်းသောဆက်ဆံရေးတစ်ခု မဖြစ်နိုင်ပေ။ အနည်းဆုံး သူမက ယဲ့ချန်အပေါ် အနည်းငယ် စိတ်ဝင်စားနေနိုင်သည်။ ထို့ကြောင့် သူတို့က ဤအခွင့်အရေးကို အသုံးချကာ ရောင်ယွမ်ကိုကယ်တင်ရင်း ယဲ့ချန်ကိုသတ်ရန် တစ်ချက်ခုတ်နှစ်ချက်ပြတ် ကြံစည်လိုက်ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူတို့က ခရမ်းရောင်အလင်းကြယ်မှ ရောင်ယွမ်ကို ကယ်တင်နိုင်ခဲ့သော်လည်း သူမက အခြားတစ်ယောက်၏မိန်းမ ဖြစ်သွားနိုင်သည်။ သူတို့အတွက် ခြိမ်းခြောက်မှုကို ကြီးထွားမလာခင် သတ်ရန်ကသာ အရေးကြီးပြီး အထင်မှားနေမည်ကို လုံးဝဂရုမစိုက်ကြပေ။

"ဒီကောင်က သေသင့်တယ်"

ဧကရာဇ်ယုက အေးစက်စက်ပြုံးလိုက်သည်။ ထို့နောက် ဧကရာဇ်ချင်က နတ်ဧကရာဇ်ထံ စာတစ်စောင်ရေးရန် သူ့ကို ကျောပေးသွားခဲ့သည်။ ဧကရာဇ်ချင်ကိုကြည့်နေသော သူ၏မျက်လုံးများက အေးစက်နေပြီး ရောင်ယွမ်ကိုကယ်တင်နိုင်ခဲ့ပြီး သူ၏ဆရာတူအစ်ကိုရော ယဲ့ချန်ကိုပါ ခရမ်းရောင်အလင်းကြယ်၌ ​မြေမြုပ်နိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်မည်ဟု တွေးနေခဲ့သည်။ ဧကရာဇ်ချင်ကလည်း အကင်းပါးသောကြောင့် သူ၏ရည်ရွယ်ချက်ကို အာရုံခံနိုင်ခဲ့ပြီး ခပ်မဲ့မဲ့ပြုံးလိုက်သည်။ ဧကရာဇ်ယုက ခရမ်းရောင်အလင်းကြယ်သို့ ဝင်ရောက်လိုခြင်းမှာ သူ၏ဝိညာဥ်ကို နတ်ငှက်မွေးတစ်ချောင်းနှင့်ပေါင်းစပ်၍ ကျစ်ဟွာတော်ဝင်မြို့၌ ထားရစ်ခဲ့နိုင်သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ သူက ခရမ်းရောင်အလင်းကြယ်၌ မတော်တဆအသတ်ခံခဲ့ရလျှင် နတ်ဧကရာဇ်မှ ထိုငှက်မွေးကိုရှာတွေ့ပါက ပြန်လည်အသက်သွင်းပေးနိုင်သည်။ သူက မှတ်ဉာဏ်အချို့ကွယ်ပျောက်သွားပြီး ကျင့်ကြံဆင့်က များစွာနိမ့်ကျသွားမည်ဖြစ်သော်လည်း ဆက်လက်ရှင်သန်နိုင်ပေလိမ့်မည်။ ဧကရာဇ်ချင်၌လည်း အသက်ကယ်ဝှက်ဖဲများရှိသောကြောင့် ဧကရာဇ်ယု မကောင်းကြံမည်ကို လျစ်လျူရှုထားနိုင်သည်။

ဆရာတူညီအစ်ကိုနှစ်ယောက်က အာဏာအတွက် အချင်းချင်းမကောင်းကြံရင်းဖြင့် မီးဝိညာဥ်ကြယ်မှတဆင့် ခရမ်းရောင်အလင်းကြယ်သို့ ဝင်ရောက်လိုက်ကြသည်။

အဝေးတစ်နေရာရှိ ကြယ်ကောင်းကင်အတွင်း ပုံရိပ်နှစ်ခုက ဦးတည်ရာတစ်ခုသို့ ဆက်တိုက်မျောလွင့်နေသည်။ လေဟာနယ်လမ်းကြောင်းအတွင်း မတော်တဆဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် ယဲ့ချန်နှင့် ရောင်ယွမ်က မျက်လုံးများကို မှိတ်ထားရပြီး ဝိညာဥ်အသိစိတ်ဖြင့်သာ ဆက်သွယ်နိုင်သည်။

"ဘာတွေဖြစ်နေတာလဲ"

ကောင်းကင်မူလကြယ်မှ မီးဝိညာဥ်ကြယ်သို့လာရန် အချိန်ခဏသာယူခဲ့ရသော်လည်း ခရမ်းရောင်အလင်းကြယ်သို့ရောက်ရှိရန် အချိန်ကြာလွန်းနေသည်။ သူတို့က တစ်ရက်တိုင်တိုင် လွင့်မျောနေသော်လည်း တည်နေရာရွှေ့ပြောင်းနေဆဲဖြစ်သောကြောင့် ယဲ့ချန်က သံသယဝင်လာခဲ့သည်။ မီးဝိညာဥ်ကြယ်နှင့် ခရမ်းရောင်အလင်းကြယ်ကြားရှိ အကွာအဝေးက မီးဝိညာဥ်ကြယ်နှင့် ကောင်းကင်မူလကြယ်၏ အကွာအဝေးထက် အဆပေါင်းထောင်ချီပိုနေခြင်းလည်း မဖြစ်နိုင်ပေ။ ဤမျှဝေးကွာလွန်းနေလျှင် အကန့်အသတ်ပမာဏတစ်ခုရှိသော လေဟာနယ်လမ်းကြောင်း ဖောက်လုပ်ရန် မဖြစ်နိုင်ချေ။

"အကြောင်းအရင်းက အလင်းစက်ကွင်း ဖြစ်နိုင်တယ်။ ကြယ်သခင်တွေက ဒါကိုတည်ဆောက်ဖို့အတွက် အချိန်လေဟာနယ်ရုန်းတွေ အများကြီး အသုံးပြုခဲ့လောက်တယ်။ စက်ကွင်းက နည်းနည်းထိခိုက်ထားပေမယ့် ဖြတ်ကျော်သွားဖို့အတွက် အချိန်အများကြီး လိုမယ်ထင်တယ်"

ရောင်ယွမ်က ခဏတာစဥ်းစား၍ ယဲ့ချန်ကို စိတ်ဖြင့်ဆက်သွယ်ကာ ရှင်းပြလိုက်သည်။ ခရမ်းရောင်အလင်းကြယ်ကို ဖုံးကွယ်ပေးထားသော အလင်းစက်ကွင်းကို အချိန်လေဟာနယ်ရုန်းများစွာဖြင့် ပြုလုပ်ထားပြီး တစ်ခုချင်းစီက အချိန်ပမာဏတစ်ခုကို ကိုယ်စားပြုသည်။ ၎င်းတို့က အချိန်လေဟာနယ်တွန့်လိမ်ခြင်းမှ ဖြစ်ပေါ်လာတတ်သကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများ၏ ဖန်တီးခြင်းမှလည်း ဖြစ်ပေါ်လာနိုင်သည်။ အချို့က အလွန်အစွမ်းထက်လွန်းသဖြင့် ဖြတ်သန်းသွားသမျှ နေရာတိုင်းရှိကြယ်များကို ပိုင်းဖြတ်သွားနိုင်စွမ်းရှိကာ အများစုတွင် လေဟာနယ်ကို ပိုင်းခြားနိုင်စွမ်းရှိသည်။ ဒဏ္ဍာရီများအရ ကြယ်သခင်တစ်ယောက်သည် အချိန်လေဟာနယ်တာအိုကို နားလည်ရန် လိုအပ်ပြီး ရှင်းဟွမ်၏ရွေးချယ်ခြင်းခံရလျှင် ထိုရုန်းများကို လေ့လာဆင်ခြင်ရသည်။ ၎င်းတို့ကို နားလည်သဘောပေါက်သွားလျှင် အလွန်အစွမ်းထက်သော ကျင့်ကြံသူဖြစ်လာနိုင်ပြီး ကြယ်များကို ဖျက်ဆီးခြင်း၊ လေဟာနယ်ကို ဖြတ်သန်းနိုင်ခြင်း စသည်တို့ကို စွမ်းဆောင်နိုင်လာသည်။

ယဲ့ချန်သည် မျက်လုံးကို တင်းကျပ်စွာပိတ်ထားသော်လည်း ဝိညာဥ်အသိစိတ်ကို ခန္ဓာကိုယ်အတွင်းမှထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ ၎င်းက အချိန်လေဟာနယ်ရုန်းတစ်ခုကို ကျော်ဖြတ်သွားရန် နာရီနှင့်ချီလိုအပ်ပြီး အဆုံးမဲ့စကြဝဠာအတွင်း၌ တောက်ပနေသော ကြယ်တစ်လုံးကို မြင်လိုက်ရသည်။ အလွန်တရာကြီးမားသော ခရမ်းရောင်ကြယ်၏ပတ်ပတ်လည်တွင် စက်ဝိုင်းသဏ္ဍာန် ခရမ်းရောင်အလင်းကွင်းတစ်ခုရှိနေကာ မျက်စိပသာဒဖြစ်ဖွယ်ကောင်းလှသည်။ ထိုခရမ်းရောင်အလင်းက ကြယ်သခင်များဖန်တီးထားသော အချိန်လေဟာနယ်ရုန်းများ စုစည်းထားခြင်းဖြစ်ကာ အရောင်မရှိဘဲ ဖောက်ထွင်းမြင်ရသော သဘာဝရှိသော်လည်း ကြယ်၏ခရမ်းရောင်ဖြင့် အလင်းပြန်နေခဲ့သည်။ ကောင်းကင်မူလကြယ်၏ နတ်အစေခံတစ်ယောက်ဖြစ်သော နဂါးမင်းက ၎င်းကို အလွန်ဝေးကွာသောတစ်နေရာမှ ရှာတွေ့ခဲ့ပြီး ခရမ်းရောင်တောက်ပနေသဖြင့် ခရမ်းရောင်အလင်းကြယ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ယဲ့ချန်နှင့် ရောင်ယွမ်၏ရုပ်ခန္ဓာများက အလင်းစက်ကွင်းအတွင်းရှိ အချိန်လေဟာနယ်ရုန်းများကို ကျော်ဖြတ်လိုက်တိုင်း အချိန်ကြာမြင့်စွာ ယူနေရသည်။

ထိုအချိန်တွင် သူတို့၏ဝိညာဥ်အသိစိတ်များသည် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ခရမ်းရောင်ကြယ်ကြီးတစ်လုံးအထက်ရှိ စကြဝဠာတွင် ကြယ်သခင်၁၂ယောက်က ဂြိုဟ်ရံလများကဲ့သို့ ဝိုင်းရံထားကြသည်။ သူတို့က စကားပြောနေ၍ ခေါင်းလောင်းကြီးများ တီးခတ်လိုက်သကဲ့သို့ ကျယ်လောင်သော်လည်း ယဲ့ချန်က နားလည်နိုင်စွမ်း မရှိပေ။ သူက ကြယ်သခင်များကို စူးစမ်းလိုက်သောအခါ အမျိုးသားကိုးယောက်နှင့် အမျိုးသမီးသုံးယောက်ဖြစ်ပြီး သူနှင့်ရင်းနှီးသော ကြယ်သခင်တျန်းယွမ်လည်း ပါဝင်နေကြောင်း တွေ့လိုက်ရသည်။ သူတို့က နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ဟန်ဖြင့် အချိန်လေဟာနယ်ရုန်းများစွာကို ဖန်တီးလိုက်သောကြောင့် ခရမ်းရောင်အလင်းကြယ်သည် စကြဝဠာအတွင်းမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုပုံရိပ်က ဖြစ်စဥ်အစအဆုံးကို လျှပ်တပြက်အတွင်း ပြသပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

"ငါ တစ်ခုခုကို မြင်လိုက်ရတယ် ထင်တယ်"

ယဲ့ချန်က ရောင်ယွမ်ထံ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

"ငါလည်း မြင်လိုက်တယ်။ ဒါက လွန်ခဲ့တဲ့နှစ်တွေက မြင်ကွင်းတစ်ခုဖြစ်လိမ့်မယ်။ ဒီပုံရိပ်က ငါတို့စိတ်ထဲကိုထွက်ပေါ်မလာမချင်း အချိန်လေဟာနယ်ရုန်းတွေထဲမှာ သွားလာနေပုံရတယ်"

ရောင်ယွမ်က ကောင်းကင်မူလကြယ်၏ရှင်းဟွမ်နှင့် အနီးကပ်ဆုံးလူဖြစ်သောကြောင့် ဤကိစ္စမျိုးကို နားလည်သဘောပေါက်ထားသည်။

လောကကြီးတွင် အချိန်လေဟာနယ်ရုန်းများကို ဖန်တီး၍ ကြယ်တစ်လုံးကို စကြဝဠာအတွင်းမှ ဖုံးကွယ်ထားနိုင်သော ကျင့်ကြံသူများရှိကြောင်း သိလိုက်ရသောအခါ ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထိုကြယ်သခင်၁၂ယောက်က အဆုံးတွင် မည်သို့ဖြစ်ပျက်သွားသည်ကို သူက ခန့်မှန်းနိုင်ခြင်းမရှိပေ။ ကြယ်သခင်တျန်းယွမ်လည်း အပါအဝင်ဖြစ်နေသောကြောင့် ခရမ်းရောင်အလင်းကြယ်ကို စကြာဝဠာအတွင်းမှ ဖုံးကွယ်ထားရသော အကြောင်းအရင်းကို သူက များစွာသိချင်လာခဲ့လေသည်။

All Chapters