အဇူရီအကျေးခွံ
Vol. 7 Ch. 98
ကြီးမားခြင်း၊ ကြောက်မက်ဖွယ်ကောင်းခြင်း...
ဝေ့ဝူယင်မှာ မည်သည့် စကားလုံးဖြင့် ဖော်ပြရမည်မှန်း မသိတော့ချေ။
မျက်လုံးတစ်လုံး...
ထိုအရာကား ဧရာမ မျက်လုံးကြီး တစ်လုံးပင်...။
ရှူး...
ဝေ့ဝူယင် အံ့သြတကြီး ကြည့်နေစဥ်မှာပင် မျက်လုံးကြီးမှာ လှုပ်ရှားသွား၏။
သူနောက်သို့ ဆုတ်လိုက်မိသည်။ သို့သော်လည်း သူ မကြောက်ပါချေ။ ဘဝတွင် သူ ကြောက်ရသော အရာ မရှိချေ။
ဝေ့ဝူယင် စိတ်ကို စုစည်းကာ အခြေအနေကို အကဲခတ်လိုက်၏။ ထိုမျက်လုံးကြီးမှာ သူ့ထက် အဆမတန်ကြီးမားလှသည့် သက်ရှိကြီး တစ်ကောင်၏ မျက်လုံး ဖြစ်နိုင်သည်။ သူက ပိုမို လင်းထင်းစေရန် ရည်ရွယ်ချက်ဖြင့် မီးလုံးကို အပေါ်သို့ မြှင့်တင်လိုက်၏။
အဇူရီရောင်က သူ၏ အာရုံကို ဖမ်းစားသွား၏။ သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေသည့် ဧရာမ မျက်လုံးကြီးကို ပြန်လည် စိုက်ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
“ဘယ်လိုဟာကြီးလဲ... ငါတစ်ခမ”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။
“သင်က... ဘက်ပဲ့နေတယ်”
အသံတစ်ခုမှာ ဝေ့ဝူယင်၏ စိတ်အတွင်း တိုက်ရိုက် ဝင်ရောက်လာ၏။
"မင်းက အသံကို လွှဲပြောင်းနိုင်တယ်...”
ဝေ့ဝူယင်မှာ အံ့အားသင့်သွား၏။
"ငါ လုပ်နိုင်တယ် ဘက်ပဲ့လူသား...”
အသံကို နားထောင်ခြင်းအားဖြင့် ထိုမျက်လုံးရှင်မှာ အဖိုသတ္တဝါ တစ်ကောင် ဖြစ်ကြောင်း ဝေ့ဝူယင် မှတ်ချက် ချလိုက်သည်။
သူ မီးလုံးကို မျက်လုံးနှင့် ပိုမို နီးကပ်အောင် မြှောက်လိုက်၏။ ထိုမျက်လုံးကြီးကား အနည်းဆုံး မီတာ သုံးရာလောက်တော့ ရှိပေလိမ့်မည်။ သူ ထိုမျှ ကြီးမားသော မျက်လုံးကြီးကို အသက်နှင့် တစ်ကိုယ် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
“မင်း ဘာလို့ ငါ့ကို ခေါ်လိုက်တာလဲ...”
ဝေ့ဝူယင် မီးအလင်းရောင်နှင့် မြင်နေရသည့် အဇူရီရောင်နား ကပ်သွားလိုက်သည်။ ထို့နောက် စိုးရိမ်စိတ် မရှိပဲ သူ မျက်နှာပြင်ကို လက်ဝါးနှင့် ထိကြည့်လိုက်၏။
“အကျေးခွံလား...”
ထိုအထိအတွေ့ကို ဝေ့ဝူယင် ကောင်းစွာ မှတ်မိပေသည်။ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည့်တိုင် ထိုအရာကြီးကို မကြောက်ရသည့် အကြောင်းရင်း ဝေ့ဝူယင်တွင် ရှိပေသည်။ ပထမဆုံး အနေဖြင့် ထိုသတ္တဝါကြီးမှာ သူ့အား သတ်ချင်ပါက အချိန်မရွေး သတ်ပစ်နိုင်ကြောင်း သူခံစားနေရသည်။ ဒုတိယ တစ်ချက်အနေဖြင့် ထိုသတ္တဝါကြီးမှာ လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားကို အသုံးပြုကာ သူ့အား ဆွဲချခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုအကောင်ကြီးသည် တစ်ခုခု အတွက် သူ့ကို လိုအပ်နေသည်။
“ဘက်ပဲ့လူသား... ငါ သင့်ဆီက အကူအညီ လိုတယ်”
ဝေ့ဝူယင် ထင်သည့် အတိုင်းပင် သတ္တဝါကြီးမှာ ပြောလာ၏။
“ဘာအကူအညီလဲ...”
သူက မေးလိုက်သည်။
“အသက်...”
အဖြေက စကားလုံး တစ်လုံးတည်း...။
ဘုန်း...
ကြီးမားလှသော ခွန်အား တစ်ခုမှာ ရိုက်ခတ်လာရာ ဝေ့ဝူယင်၏ အသိစိတ်မှာ အမှောင်ထု တစ်ခုထဲသို့ ကျဆင်းသွား၏။ ထိုခွန်အားကား ရှေးကျကာ၊ အလွန် ခမ်းနား ထည်ဝါလှ၏။ ၎င်းမှာ ဝေ့ဝူယင်၏ စိတ်နှင့် ဝိညာဥ်ကို တိုက်ရိုက် ချုပ်ကိုင်ကာ အသိစိတ် ပင်လယ်ကို ဝါးမျိုရန် ကြိုးစားလေ၏။
ဝှစ်... ဝှစ်...
ထျန်းတျန်အတွင်း တည်ရှိနေသည့် ဆန်းကြယ်ချီ ဝိညာဥ် နှစ်ခုမှာ ချက်ချင်းပင် အလောတကြီး တုန့်ပြန်ကြ၏။ ဒြပ်စင်ချီနှင့် ဆေဘာချီတို့သည် ချွေးပေါက်များမှ ထွက်ပေါ်လာကာ အကာအကွယ် တံတိုင်းတစ်ခုကို ထုတ်ဖော် လိုက်ကြသည်။
သို့သော်လည်း ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာမူ ရေခဲရိုက်ထား သကဲ့သို့ တောင့်တင်းနေ၏။ သူ၏ မူလ ဝိညာဥ်မှာလည်း အနည်းငယ်ပင် လှုပ်ရှားခြင်း မပြုနိုင်ပဲ အေးခဲနေသည်။ ထိုခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းကာ သူ၏ အာရုံအားလုံးကို ထိန်းချုပ်ထား၏။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ ကိုယ်ပိုင်စွမ်းအား မရှိသလောက်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူကား လက်တစ်ချောင်းကိုပင် လှုပ်ရှားနိုင်စွမ်း မရှိပါချေ။ ဤသတ္တဝါကြီး၏ ခွန်အားကား သူ တွေးတောနိုင်သည့် ကန့်သတ်ချက်များကိုပင် ကျော်လွန်နေသည်။ သေခြင်းတရားကို မခံစားရသည့်တိုင် ထိုကဲ့သို့ ထိန်းချုပ်မှုကား ခြောက်ချားဖွယ်ကောင်းလှပေသည်။
“လူသား... ငါ...”
သတ္တဝါကြီးမှာ နောက်တစ်ကြိမ် ထပ်ပြောလိုက်သော်လည်း အသံက တိမ်ဝင်သွား၏။ သူကား အားနည်းသွားဟန် ရလေသည်။
"ဘုန်း...”
ဝေ့ဝူယင်၏ ဧဒင်ချီ နှလုံးသားထံမှ စွမ်းအား တစ်ခုမှာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ဧဒင်ချီများသည် ခုနစ်သွယ်သော အလင်းရောင်များကို ဖြန့်ကျက်သွားသည်။ အဂ္ဂိရတ် ဧဒင်ချီ နှလုံးသားသည် အသွင် စတင် ပြောင်းလဲလာကာ သစ်ပင် တစ်ပင် ဖြစ်သွား၏။
ထိုသစ်ပင်ကား ဧဒင်သစ်ပင်ကြီးနှင့် တစ်ပုံစံတည်းပင်။ သစ်ပင်၏ အမြစ်များမှာ အသိတ်စိတ် ပင်လယ်ကို ကုပ်တွယ်ကာ အခြား ဝိညာဥ်များနှင့် ချိတ်ဆက်သွား၏။ ထို့နောက်တွင် အလင်းများမှာ ပို၍ ပို၍ လင်းထင်လာကာ အမှောင်ထုများမှာ ပို၍ အားနည်းလာခဲ့လေသည်။
မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။
“ဘာလဲ...”
ဝေ့ဝူယင်မှာ ခန္ဓာကိုယ်နှင့် ဝိညာဥ်ကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့၏။ သူ၏ စိတ်ထဲ၌ မယုံကြည်နိုင်မှု လှိုင်းများမှာ တစ်ခုပြီး တစ်ခု ပျံ့နှံ့လာသည်။
သို့သော်လည်း အရာအားလုံးကား မပြီးဆုံးသေးချေ။ “ဒြပ်စင်”သည် သူ၏ အသိစိတ် ပင်လယ်ထဲ ဝင်ရောက်လာကာ ထက်ရှသော အသွားများဖြင့် အမှောင်ထု၏ ထိန်းချုပ်ခြင်း ဆန္ဒကို ရိုင်းစိုင်းစွာ ခုတ်ဖြတ်လေ၏။ မကြာခင် အချိန်အတွင်းမှာပင် ထိုဆန္ဒကား ပြင်းထန်သော ခုတ်ပိုင်းခြင်းများ အောက်၌ ဖျက်ဆီးခံလိုက်ရတော့သည်။
မျက်လုံးကြီးမှာ အနည်းငယ် ကျဥ်းမြောင်းသွား၏။ ကမ္ဘာကြီးကို တုန်လှုပ်စေသည့် တိုးညှင်းသော ငြီးတွားသံ တစ်ခု ထွက်ပေါ်သည်။ ထိုသတ္တဝါကြီးမှာ ဧဒင်သစ်ပင်နှင့် ဒြပ်စင်တို့၏ ပြန်လည် တိုက်ခိုက်မှုကြောင့် နာကျင်သွာဟန် ရလေသည်။
ဝေ့ဝူယင်သည် သူ၏ ဝိညာဥ်များနှင့် ဆေဘာဝိညာဥ်တို့မှာ သူ၏ ဆန္ဒ မပါဝင်ပဲ ထိုကဲ့သို့ တန်ပြန် ခုခံနိုင်လိမ့်မည် ဟု မျှော်လင့် မထားခဲ့ချေ။ သူ မျက်မှောင်များကို တင်းတင်းကြပ်ကြပ် ကြုတ်လိုက်ရင်း မျက်လုံးကြီးကို ကြည့်လိုက်၏။
“သင်...”
သတ္တဝါကြီး၏ အသံတွင် အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ ပါဝင်နေသည်။ ဝေ့ဝူယင်မှာ သူ၏ ချုပ်နှောင်ခြင်း စွမ်းအားများကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားပုံ မရချေ။
ဝေ့ဝူယင် တင်းမာစွာဖြင့် မျက်လုံးကြီးကို ကြည့်လိုက်သည်။
“ငါ့ကို အရူးလို့ ထင်မနေနဲ့... မင်းက ဘယ်က ဘယ်သူလဲ... ဘာလိုချင်တာလဲ... ရှင်းလင်းတဲ့ အဖြေ မပေးနိုင်ဘူး ဆိုရင် ငါ ခုချက်ချင်း ထွက်သွားမယ်”
အလွန်ကြီးမားလှသော အသားလွှာကြီး တစ်ခု ကျဆင်းလာရာ မျက်လုံးကြီးမှာ အနည်းငယ် တုန်ရီသွား၏။ ဝေ့ဝူယင်က ထိုအသားလွှာကြီးမှာ သတ္တဝါကြီး၏ မျက်တောင် ဖြစ်ကြောင်း အံ့အားသင့်စွာပင် သဘောပေါက် လိုက်သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ထိုမျက်ခွံကြီးမှာ မျက်လုံးကို လွှမ်းခြုံ၍ ပိတ်သွားကာ အဇူရီရောင် ဖုံးလွှမ်းသွားလေသည်။
“လူသား...”
အသံက နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာ၏။ သို့သော်လည်း ယခုတစ်ကြိမ်က စိတ်ထဲ ဝင်ရောက်လာခြင်း မဟုတ်ပဲ နားဖြင့် အသံကို ကြားလိုက်ရခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် မည်းမှောင်သွားကာ အသံထွက်ပေါ်လာသည့် အမှောင်ထုဘက်ကို မျက်နှာမူ လိုက်သည်။ ထိုနေရာ၌ သူ အဇူရီရောင် အလင်းဖျော့ဖျော့ကို မြင်ရ၏။ ထိုအရာက သူနှင့် မီတာ ဆယ်ပေါင်းများစွာ ကွာဝေးကာ သဲကန္တရထဲမှ တံလျှပ်တစ်ခုလို အလင်းကို ထုတ်လွှင့်နေ၏။
ဝိညာဥ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးပြီးနောက် ဝေ့ဝူယင်၏ မျက်လုံးများမှာ နားလည်မှုတစ်မျိုးဖြင့် တောက်ပလာ၏။
“ကိုယ်ပွားလား... ဒါပေမဲ့ ရုပ်တရားက အနှစ်သာရ ကင်းမဲ့နေတယ်... ဝိညာဥ် ကိုယ်ပွားတစ်ခု ဖြစ်နိုင်ချေ ရှိတယ်”
သူသည် ကိုယ်တိုင် ကိုယ်ပွားတစ်ခု ဖန်တီးခဲ့ဖူးရာ ကိုယ်ပွားကျင့်စဥ်နှင့် အတော်အတန် အကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် ရှင်းရှင်းလင်းလင်း မြင်ရသည် အထိ ထိုအလင်းရောင်နားသို့ လမ်းလျှောက်သွားလိုက်၏။ ပြီးပြည့်စုံစွာ မြင်လိုက်ရသော အခိုက်၌ ဝေ့ဝူယင်၏ နှလုံးသား တစ်ခုလုံးမှာ စိတ်လှုပ်ရှားခြင်း၊ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွားလေတော့သည်။
ထိုနေရာ၌ ရှိနေသည်ကား မီတာဒါဇင် ဂဏန်းခန့် မြင့်မားသည့် သတ္တဝါကြီး တစ်ကောင်ပင်။ ၎င်းသည် ဖွတ်ပုတက် ကဲ့သို့ ဦးခေါင်းကို ပိုင်ဆိုင်ထား၏။ ၎င်း၏ တစ်ကိုယ်လုံးတွင် အလင်းရောင် ဖျော့ဖျော့ တောက်ပနေသော အဇူရီ အကြေးခွံများက ဖုံးလွှမ်းနေသည်။ ၎င်းတွင် သန်မာသော ကြွက်သားများနှင့် လက်သည်း ငါးချောင်းစီ ရှိသည့် ရှေ့ခြေထောက် နှစ်ချောင်းနှင့် နောက်ခြေထောက် နှစ်ချောင်းတို့ ပါရှိ၏။
၎င်း၏ ဦးခေါင်းထိပ်တွင်မူ ဦးချိုတစ်ချောင်း ရှိသည်။ ၎င်း၏ ခန္ဓာကိုယ် အလျား မည်မျှ ရှည်လျားသည်ကိုတော့ ဝေ့ဝူယင် မခန့်မှန်း တတ်ချေ။ သို့သော်လည်း သူ့စိတ်၌ သေချာနေသည့် အရာတစ်ခု ရှိ၏။ ထိုအရာကား ယခု သူ၏ အရှေ့၌ ရှိနေသည့် သတ္တဝါကြီးမှာ တန်ခိုးရှင်ကမ္ဘာမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးလို လှပသည် ဆိုခြင်းပင် ဖြစ်လေသည်။
“နဂါးလား...”
သူ မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ နဂါးများကား အနန္တကုန်းမြေတိုက်ကြီးတွင် ဒဏ္ဍာရီလာ အဖြစ် သတ်မှတ်ခံထားရသည့် သတ္တဝါများ ဖြစ်သည်။ ၎င်းတို့သည် ဘယ်သောအခါမှ သက်သေ အတိအကျ မရှိသည့် သတ္တဝါများ ဖြစ်သော်လည်း ရှေးဟောင်း စာပေနှင့် မှတ်တမ်းများတွင်မူ အတိအကျ ဖော်ပြထားသည်။ ထိုမှတ်တမ်းများ အရဆိုလျှင် နဂါးများသည် သတ္တဝါအားလုံးကို အုပ်စိုးကာ ကြယ်ကောင်းကင်ကို ပျံတက်၍ အခြား ကမ္ဘာများသို့ပင် သွားရောက်နိုင်သည် ဟူ၏။
လူသားများ၊ မိစ္ဆာများ၊ အယ်ဗန်မှင်စားများနှင့် အခြား မျိုးစိတ် အသီးသီးတို့မှာ နဂါးများကို ဘာသာရေးများတွင်ပင် ထည့်သွင်းကာ ကိုးကွယ်ကြသည်။ သို့သော်လည်း ထိုအရာများက ကလေးများ၏ ကြီးမြတ်သော စိတ်ဆန္ဒကို မြင့်တက်စေရန် ဖန်တီးထားသည့် ပုံပြင်များ သက်သက် မဟုတ်သည်လော...။
ဤဘဝသက်တမ်း၌ နဂါးတစ်ကောင်ကို အမှန်တကယ် တွေ့မြင်ရလိမ့်မည်ဟု ဝေ့ဝူယင် တွေးပင် မတွေးဖူးခဲ့ချေ။
ကိုယ်ပွားကို အပြည့်အဝ ဖန်တီးပြီးနောက်၌ သတ္တဝါကြီးက ဆိုလိုက်၏။
“ငါက အန်နုပဲ... လူသား... ငါ သင့်ရဲ့ အသက်အင်အားကို လိုအပ်တယ်... အပြန်အလှန် အနေနဲ့ သင်တောင်းဆိုတာကို ငါပြန်ပေးမယ်”
***