← Chapters

ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ

Vol. 130 Ch. 1805

ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ

Vol. 130 Ch. 1805

‘ဖုန့်နီကို ပြန်ပေးရမှာလား’

ကျန်းရီသည် ထိုစကားကို ကြားသောအခါ ရင်ခုန်မြန်သွား၏။ သူက ထျန်းဖုန့်ဧကရာဇ်နှင့် မညှိနှိုင်းလိုခြင်း မဟုတ်ပါ။ သို့သော် သူ ဖုန့်နီကို ပြန်ပေးလိုက်လျှင် သေချာပေါက် သေရပေလိမ့်မည်။ ထျန်းဖုန့်ဧကရာဇ်က သူ့အနား ရောက်လာလျှင်လည်း သူ သေရမည်ဖြစ်သည်။ ထို့ကြောင့် ညှိနှိုင်းရန် မဖြစ်နိုင်ချေ။

မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ထိုစကားမှနေ၍ အလွန်အသုံးဝင်သော အရာတစ်ခုကို သိလိုက်ရသည်။ ထျန်းဖုန့်ဧကရာဇ်က ဖုန့်နီကို အလွန်ချစ်သဖြင့် ကျန်းရီကို မဆင်မခြင် သတ်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူက ကျန်းရီကို ကောင်းကင်မိစ္ဆာဘုံအပြင်သို့ ပို့ပေးမည်ဟုလည်း ပြောခဲ့သေးသည်။

ထျန်းဖုန့်ဧကရာဇ်က ဖုန့်နီကို ထိုမျှအရေးစိုက်နေရာ ကျန်းရီ ထိုအခွင့်အရေးကို အသုံးမချလျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ သူ ဖုန့်နီကို အပြင်ထုတ်လိုက်၏။ သူမ၏ နတ်ဘုရားအမြုတေမှာ ချိပ်ပိတ်ခံထားရဆဲဖြစ်သည်။ ထို့ကြောင့် သူမ မဆင်မခြင် မပြုမူဝံ့ပါ။

ဘုန်း...

ဖုန့်နီက စကားတစ်ခွန်းမှ မပြောရ‌သေးခင်မှာပင် ကျန်းရီသည် သူမ၏ ဇက်ပိုးကိုရိုက်၍ သူမကို ထပ်မံ သတိမေ့သွားစေလိုက်၏။ ထို့နောက် ကျန်းရီ သူမကို လည်ပင်းမှနေ၍ ကိုင်မြှောက်ကာ ပြန်အော်ပြောလိုက်သည်။

“ထျန်းဖုန့်ဧကရာဇ်လား။ ချက်ချင်း ရပ်လိုက်၊ မဟုတ်ရင် ကျွန်တော် ဖုန့်နီကို ကျွန်တော်နဲ့အတူ သေရွာကို ခေါ်သွားရမှာပဲ။ ကျွန်တော့်အသက်က တန်ဖိုးမရှိဘူး။ ကျွန်တော် သေရရင်လည်း နောင်တရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်သေရင် ခင်ဗျားရဲ့ အဖိုးတန်မင်းသမီးလေးလည်း သေရလိမ့်မယ်”

“မင်း လုပ်ရဲလား”

ကျန်းရီ၏ နားထဲတွင် အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ သူ့စိတ်ဝိညာဉ်လည်း တုန်ယင်သွားပြီး သူ သတိလစ်မလိုပင် ဖြစ်သွားသည်။ သို့သော် သူ့မျက်ဝန်းများက ချက်ချင်း အေးစက်သွား၏။ သူ၏ ကျန်လက်တစ်ဘက်မှာ ဖုန့်နီ၏ ဝမ်းဗိုက်အောက်ပိုင်းကို ရုတ်တရက် ဆုပ်ဖြဲလိုက်လေသည်။

ရွှီး...

ဖုန့်နီ၏ ခန္ဓာကိုယ်ပေါ်တွင် ပန်းရောင်စစ်ချပ်ဝတ် ထွက်ပေါ်လာ၏။ ၎င်းက ရှေးဦးဝိညာဉ်ရတနာတစ်ခုပင်။ ကျန်းရီ၏ လက်သည်းများနှင့် စစ်ချပ်ဝတ်တို့ ထိခတ်သွားပြီး မီးပွားများ ထွက်လာသည်။

ကျန်းရီ ဒေါသထွက်သွားပြီး အလောင်းကြီးကို ချက်ချင်းထုတ်ကာ ဖုန့်နီ၏ ဝမ်းဗိုက်ကို ဆုတ်ဖြဲစေလိုက်၏။ ထိုရှေးဦးဝိညာဉ်ရတနာချပ်ဝတ်သည် အလောင်းကြီ၏ လက်သည်းများကြောင့် ပျက်စီးသွားသည်။ အလောင်းကြီး၏ လက်မှာလည်း ဖုန့်နီ၏ ဝမ်းဗိုက်ကို ဖောက်၍ သူမ၏နတ်ဘုရားအမြုတေကို ဆုပ်ကိုင်ထားလိုက်သည်။ အလောင်းကြီး၏ လက်တစ်လျှောက်တွင် သွေးများ စီးလာသည်။ ထိုမြင်ကွင်းမှာ ထိတ်လန့်ဖွယ်ပင်။

“အာ...”

ဖုန့်နီသည် နာကျင်မှုကြောင့် သတိလည်လာ၏။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေသည်။ သူမ နှုတ်ခမ်းကိုက်ထားပြီး မညည်းညူမိအောင် တောင့်ခံနေပေသည်။ ကျန်းရီ ထပ်မံ၍ ဒေါသထွက်သွားမည်ကို သူမ စိုးပေသည်။

ရွှီး...

ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အလင်းတန်းတစ်တန်း ထွက်လာ၏။ ကောင်းကင်ဝါးမျိုသားရဲလေးက ဖုန့်နီ၏ စိတ်ဝိညာဉ်ထဲ ပျံဝင်သွားပြီး သူမ၏ အသိစိတ်ကို ရပ်တန့်လိုက်သည်။ ထို့နောက် ကျန်းရီ အော်ပြောလိုက်လေသည်။

“ထျန်းဖုန့်ဧကရာဇ်... ထပ်လှုပ်ကြည့်လိုက်”

ကီလိုမီတာသိန်းကျော်အကွာတွင် ရှိနေသော ထျန်းဖုန့်ဧကရာဇ် ရပ်တန့်သွား၏။ သူ၏ ဝေဝါးဝါးပုံရိပ်ထဲတွင် ငွေရောင်မျက်ဝန်းတစ်စုံ ရုတ်တရက် တောက်ပလာသည်။

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ရှင်းရှင်းလင်းလင်း မတွေ့ရသော်လည်း ထိုငွေရောင်မျက်ဝန်းတစ်စုံကိုမူ မိုင်သိန်းကျော်အကွာမှပင် ထင်ထင်ရှားရှား လှမ်းမြင်နေရသည်။ မကြာခင်မှာပင် ထျန်းဖု်န့ဧကရာဇ်၏ ဒေါသသံ ထွက်ပေါ်လာသည်။

“လူသား... မင်းက ဘာလိုချင်တာလဲ”

‘အရမ်းကောင်းတယ်’

ကျန်းရီ ရင်ထဲမှနေ၍ သက်ပြင်းချလိုက်၏။ သူ ဖုန့်နီနှင့် အလောင်းကြီးကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်ပြီး ကော့ချန်ဘုရင်အား သူ့ကိုဆွဲခေါ်၍ ဆက်ပျံရန် ပြောလိုက်သည်။ ပြီးမှ သူ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ထျန်းဖုန့်ဧကရာဇ်... ကျွန်တော်က ဘယ်မှ မလိုချင်ပါဘူး။ အသက်ရှင်ရက်နဲ့ ကောင်းကင်မိစ္ဆာဘုံထဲက ထွက်သွားချင်ရုံပါပဲ။ ဒါပေမဲ့... ကျွန်တော် ခင်ဗျားကို မယုံဘူး။ ခင်ဗျားက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပဲ။ ခင်ဗျား ကျွန်တော့်နားကို ကပ်လာရင် ကျွန်တော် သေချာပေါက် သေလိမ့်မယ်။ အဲ့တော့ ကျွန်တော့်ကို ဘေးကင်းကင်းနဲ့ အပြင်ထုတ်ပေးနိုင်မဲ့ နည်းလမ်းကို စဉ်းစားပါ။ ကျွန်တော် ကောင်းကင်မိစ္ဆာဘုံ အပြင်ကို ရောက်တာနဲ့ ခင်ဗျားရဲ့ မင်းသမီးလေးကို လွှတ်ပေးမယ်”

ကျန်းရီသည် အမှန်ပင် ထျန်းဖုန့်ဧကရာဇ်ကို မယုံပါ။ သူ အထက်ပါအတိုင်း ပြောခဲ့ခြင်းမှာလည်း သူတို့ နတ်ဆိုးချောက်နက်သို့ ရောက်သည်အထိ အချိန်ဆွဲနိုင်ရန်ဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်က ခေတ္တမျှ တွေးတောပြီးနောက် အသံပို့လွှတ်လိုက်သည်။

“အဲ့ဒါက လွယ်ပါတယ်။ ကောင်းကင်မိစ္ဆာဘုံရဲ့ ထွက်ပေါက်က ဒေသလေးခုအလယ်မှာရှိတဲ့ အောက်ခြေမဲ့တွင်းထဲမှာပဲ။ ငါ မင်းနားကို မကပ်ဘူး၊ ဒါပေမဲ့ ခပ်လှမ်းလှမ်းကနေ လိုက်လာမယ်.. ဟုတ်ပြီလား”

“ဟားဟား... ခင်ဗျားက ကျွန်တော့်ကို လိမ်ချင်သေးတာလား”

ကျန်းရီသည် အချိန်ဆွဲနိုင်ရန် ပါးစပ်ထဲရှိရာများ လျှောက်ပြောလိုက်သည်။

“ထွက်ပေါ်က နတ်ဆိုးချောက်နက်မှာလို့ ကျွန်တော်ကြားတယ်။ ခင်ဗျားက ကျွန်တော့်ကို အောက်ခြေမဲ့တွင်းထဲမှာ သေရအောင် လှည့်စားဖို့ ကြိုးစားနေတာလား”

“ပေါက်ကရတွေ...”

ထျန်းဖုန့်ဧကရာဇ် ဒေါသထွက်သွားပြီး ချက်ချင်း အသံပို့လွှတ်လိုက်သည်။

“မင်းက ငါ့ကို ဘယ်သူထင်နေလဲ။ ငါက ဘာလို့ မင်းလို ကလေးတစ်ယောက်ကို လိမ်ရမှာလဲ။ နတ်ဆိုးချောက်နက်ထဲမှာ ကြောက်စရာဖြစ်တည်မှုတစ်ခု ရှိနေတယ်။ မင်းက အရူးပဲ။ မင်း အဲ့ကို သွားရင် သေချာပေါက် သေလိမ့်မယ်”

“ခင်ဗျား တကယ်ပြောနေတာလား။ ကျွန်တော့်ကို လိမ်နေတာ မဟုတ်ဘူးလား။ ကြမ်းကြုတ်နဂါးဘုရင်ကတော့ ထွက်ပေါ်က နတ်ဆိုးချောက်နက်ထဲမှာလို့ ပြောခဲ့တာပဲ”

ကျန်းရီသည် မျက်တောင်ပုတ်ခတ်၍ မသင်္ကာဟန် သရုပ်ဆောင်လိုက်၏။ ကော့ချန်ဘုရင်ကမူ မရပ်တန့်ဘဲ နတ်ဆိုးချောက်နက်ဆီသို့သာ ဆက်ပျံသန်းနေသည်။

ထျန်းဖုန့်ဧကရာဇ်က လိုက်မီလာ၏။ သူသည် သူ့အမြန်နှုန်းကို ထိန်းချုပ်ကာ ကျန်းရီတို့နှင့် ကီလိုမီတာငါးသောင်းအကွာမှနေ၍ လိုက်လာသည်။ သူ အသံလည်း ဆက်ပို့လွှတ်နေသည်။

“ငါ့ရဲ့ တိုက်ခိုက်စွမ်းအားက ကောင်းကင်မိစ္ဆာဘုံမှာ နံပါတ်တစ်ပဲ။ ငါ့စကားကလည်း အလေးအနက်ရှိတယ်။ ငါက ဘာလို့ မင်းလိုကလေးတစ်ယောက်ကို လိမ်ရမှာလဲ။ အောက်ခြေမဲ့တွင်းဆီ သွားလိုက်ပါ။ ငါ မင်းကို ကောင်းကင်မိစ္ဆာဘုံအပြင်ဘက် ပို့ပေးမယ်။ နီအာသာ ဘေးကင်းရင် ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်’

“ကျွန်တော့်ကို စဉ်းစားခွင့်ပေးပါ”

ကျန်းရီ အလေးအနက် တွေးတောလိုက်သည်။ ကော့ချန်ဘုရင်ကလည်း ဆက်ပျံသန်းနေသည်။ သူတို့ နတ်ဆိုးချောက်နက်နှင့် နီး၍ နီး၍ လာပေပြီ။ ငါးမိနစ်ကြာပြီးနောက် ကျန်းရီ ပြန်ပြောလိုက်၏။

“ထျန်းဖုန့်ဧကရာဇ်... ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျွန်တော် အဲ့ကို မသွားရင် တခြားမိစ္ဆာအရှင်နှစ်ပါးက ကျွန်တော့်ကို သတ်မှာလား”

“ဟမ်...”

ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများ ခက်ထန်သွား၏။ ကျန်းရီက သူ့ကို အရေးမစိုက်ဘဲ အချိန်ဆွဲနေခြင်းဖြစ်ကြောင်း သူ မသိသေးလျှင် ကောင်းကင်မိစ္ဆာဘုံ၏ နံပါတ်တစ်ဖြစ်ရန် ထိုက်တန်လိမ့်မည် မဟုတ်ချေ။

ထျန်းဖုန့်ဧကရာဇ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး လျှပ်တပြက်ပြောင်းရွှေ့ စွမ်းရည်ကို အသုံးပြု၍ ကီလိုမီတာငါးသောင်းကို ရုတ်ခြည်း ဖြတ်ကျော်ကာ ကျန်းရီနှင့် မိုင်တစ်ထောင်အကွာတွင် ပြန်ထွက်ပေါ်လာသည်။ သူ၏ ခက်ထန်သော အရှိန်အဝါလည်း ထွက်လာသည်။ ထို့နောက် သူ့မျက်ဝန်းထဲမှနေ၍ အဖြူရောင်အလင်းတန်း နှစ်တန်း ထွက်လာပြီး ကျန်းရီထံသို့ ဦးတည်ပျံသန်းသွားလေသည်။

“အာ...”

အဖြူရောင်အလင်းတန်း နှစ်တန်း၏ အမြန်နှုန်းက အလွန်လျင်မြန်၏။ ကျန်းရီ၏ စိတ်ဝိညာဉ်သည် အသက်အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ့ခေါင်းထဲ၌ အလွန်သေချာသော အတွေးတစ်ခု ထွက်ပေါ်လာ၏။ နောက်တစ်စက္ကန့်အတွင်း သူ သေရပေတော့မည်။ ထို့ပြင် သူ မည်သည့်ဘက်သို့ ရှောင်ပါစေ အဖြူရောင်အလင်းတန်းများက သူ့ကို ထိမှန်သွားဦးမည်သာဖြစ်ကြောင်းလည်း ခံစားနေရသည်။

သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ နည်းလမ်းနှစ်ခုကို တွေးမိလိုက်၏။ ပထမနည်းလမ်းမှာ ကော့ချန်ဘုရင်ကို ဒိုင်းအဖြစ်သုံး၍ ထိုတိုက်ခိုက်မှုကို ကာရန်ပင်။ ဒုတိယနည်းလမ်းမှာမူ အလောင်းကြီးနှင့် ကာရန်ဖြစ်သည်။ သူကိုယ်တိုင် ထိုအလင်းတန်း နှစ်တန်းကို ကာမည်ဆိုလျှင် သေချာပေါက် သေရပေလိမ့်မည်။

နောက်ဆုံးတွင် ကျန်းရီသည် အလောင်းကြီးကိုသုံး၍ ကာရန် ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော ကော့ချန်ဘုရင်က သူ့ကို ဆွဲခေါ်ကာ ပျံသန်းနေ၍ပင်။ အရှေ့ဆိုလျှင် နတ်ဆိုးချောက်နက်ကို ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူ တစ်စက္ကန့်ပင် အချိန်မဖြုန်းနိုင်ချေ။

ရွှီး...

ကျန်းရီ အလောင်းကြီးကို ထုတ်လိုက်၏။ အလောင်းကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက သူနှင့် ကော့ချန်ဘုရင်တို့ကို ကွယ်ပေးလိုက်သည်။

အမှန်တွင် ကျန်းရီသည် ဖုန့်နီကိုသုံး၍ ကာနိုင်သည်။ သို့သော် ဖုန့်နီက ထိုအဖြူရောင်အလင်းတန်းများကြောင့် သေသွားလျှင် ထျန်းဖုန့်ဘုရင်က ညှာမနေတော့ဘဲ သူ့ကို ပိုကြောက်မက်ဖွယ်ကောင်းသည့် ဆန်းကြယ်စွမ်းရည်များနှင့် သတ်ပစ်မည်ကို သူ စိုးရိမ်ပေသည်။

ဝုန်း...

အဖြူရောင်အလင်းတန်း နှစ်တန်းက အလောင်းကြီးကို ထိမှန်သွား၏။ အလောင်းကြီး၏ တောင့်တင်းသော ကြွက်သားများမှာ တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် အရိုးအားလုံးလည်း ကွဲအက်သွားကာ နောက်ဆုံးတွင် ပေါက်ကွဲသွားလေသည်။

“ဖူး...”

ကျန်းရီနှင့် ကော့ချန်ဘုရင်တို့လည်း တစ်ချိန်တည်း သွေးအန်လိုက်ကြ၏။ သူတို့၏ ကိုယ်တွင်းအင်္ဂါများက ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ဒဏ်ရာရသွားပေသည်။ ကျန်းရီ တုန်လှုပ်သွားသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက အမှန်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။ အလောင်းကြီးက တောက်လန်၏ အစွမ်းကုန်တိုက်ကွက်ကိုပင် ကာနိုင်ခဲ့သော်လည်း ထျန်းဖုန့်ဧကရာဇ်၏ ပုံမှန်တိုက်ခိုက်မှုတစ်ခုကို မကာနိုင်ချေ။

ကျန်းရီက သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်ကို ကျင့်ကြံပြီးပြီဖြစ်၍ ထိုအလောင်းကြီးက သူ့အတွက် များစွာအသုံးမဝင်တော့ပါ။ သို့သော် သူ နှမြောမိပေသေးသည်။ အလောင်းကြီးက တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခဲ့သည်။ ၎င်းသည် ထျန်းဖုန့်ဧကရာဇ်၏ တိုက်ခိုက်မှုကို ကာ၍ ကျန်းရီနှင့် ကော့ချန်ဘုရင်တို့ကို အဝေးသို့ လွင့်သွားစေလိုက်သည်။ ထို့ကြောင့် ကော့ချန်ဘုရင်၏ အမြန်နှုန်းက အဆများစွာ ပိုတိုးသွားသည်။

ကျန်းရီတို့အရှေ့တွင် ဧရာမချောက်နက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ချောက်နက်ထဲရှိ သွေးနီရောင် မီးတောက်များမှ အနီရောင်အလင်းမှာ ကောင်းကင်ကို ဟပ်နေသည်။

ကျန်းရီသည် နတ်ဆိုးချောက်နက်ကို ရောက်သည်နှင့် ကော့ချန်ဘုရင်ကို ချက်ချင်း သိမ်းလိုက်၏။ ထို့နောက် သူ့လက်ထဲတွင် အနီရောင် ဓားတစ်လက် ထွက်ပေါ်လာသည်။ ပြီးလျှင် သူ တုံ့ဆိုင်းမှုမရှိဘဲ ချောက်နက်ထဲ ပျံဆင်းသွားလိုက်လေသည်။

ရွှီး...

ထျန်းဖုန့်ဧကရာဇ်က ထပ်မံ၍ လျှပ်တပြက်ပြောင်းရွှေ့လိုက်ပြီး နတ်ဆိုးချောက်နက်ဘေးတွင် ထွက်ပေါ်လာသည်။ သူ့လက်က အဖြူရောင်အလင်း လင်းလက်လာကာ သူ ပျံဆင်းနေသော ကျန်းရီကို ရိုက်ရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအခိုက်တွင် ကျန်းရီက ဖုန့်နီကို ထုတ်၍ ကာလိုက်သဖြင့် ထျန်းဖုန့်ဧကရာဇ် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရသည်။

“နတ်ဆိုးချောက်နက်လား၊ ကျန်းရီ... ရှင် ရူးနေတာလား”

ဖုန့်နီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် ထိတ်လန့်စွာ ပြောလိုက်၏။ ကျန်းရီသည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ဖုန့်နီ ထိတ်လန့်သည်ကို မြင်ဖူးခြင်းပင်။ ထို့ကြောင့် သူ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

“ဟားဟားဟား၊ မင်းသမီးဖုန့်နီ... မင်းသမီးနဲ့အတူ နတ်ဆိုးချောက်နက်ကို စူးစမ်းရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ...”

ဝှစ်...

ကျန်းရီ စကားမဆုံးသေးခင်မှာပင် မျက်မှောင်ကြုတ်သွား၏။ ထျန်းဖုန့်ဧကရာဇ်က အမှန်ပင် ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ပျံဆင်းလာနေပေသည်။

***

All Chapters