← Chapters

အထွတ်အထိပ် အပြင်ခန္ဓာကိုယ်

Vol. 83 Ch. 1153

အထွတ်အထိပ် အပြင်ခန္ဓာကိုယ်

Vol. 83 Ch. 1153

ဝမ်ပေါင်လဲ့၏ ဓားအိမ်လေး စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များနှင့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား စုပ်ယူပြီးသွားသည်နှင့် ထို နေရာတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် အကြည်ရောင်ပြောင်းသွား၏။

သေသေချာချာ အာရုံစိုက်၍ ကြည့်ရှုနေခြင်းမရှိပါက မည်သည့်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မြင်ရမည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ဓားအိမ်လေးမှာ အကြည်ရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ၎င်း၏ ဘေးနားတစ်ဝိုက်ရှိ အရာအားလုံးကို နောက်ထပ်တစ်ကြိမ် ထပ်၍ စုပ်ယူလိုက်ပြန်သည်။

ထို့ကြောင့် ထိုနေရာတစ်ဝိုက်တွင် ရှိနေကြသည့် အစိမ်းရောင်အမျှင်အတန်း အခုရေ တစ်သန်းနီးပါးခန့်မှာ ပရမ်းပတာသွားကြ၏။ ခဏအကြာတွင် ၎င်းတို့အားလုံးမှာ ဓားအိမ်ထဲသို့ စီးဆင်းဝင်ရောက်သွားကြသည်။ ထို့ကြောင့်လည်း ပြင်ပကမ္ဘာထဲ၌ ပြောင်းလဲမှုများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ထို ဓားအိမ်လေး၏ စုပ်ယူအားမှာ အားကောင်းလွန်းနေ၏။ ၎င်းမှာ အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားကို တစ်ပြိုင်နက်တည်း စုပ်ယူလိုက်သဖြင့် ပြင်ပကမ္ဘာကြီးထဲတွင်ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးများမှာ ဟန်ချက်ပျက်သွားရသည်။ သို့ဖြစ်ရာ ၎င်းတို့မှာ လွန်ဆွဲနေသကဲ့သို့ပင်။ တစ်ဖက်မှ ရုတ်တရက်ဆိုသလို အားပါပါ ဆောင့်ဆွဲလိုက်မည်ဆိုပါက အခြားတစ်ဖက်မှာ တောင့်ခံနိုင်စွမ်းမရှိဘဲ ရှေ့သို့ အဆွဲခံလိုက်ရမည် ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဓားအိမ်လေးမှာ အစိမ်းရောင်အမျှင်အတန်း တစ်သန်းနီးပါး စုပ်ယူလိုက်ပြီးနောက် ကျေးဇူးပြန်ဆပ်လိုသည့်အနေဖြင့် အံ့သြမှင်တက်ဖွယ်ရာ အာဟာရဓာတ်များ ကိန်းအောင်းနေသည့် အငွေ့အသက်များကို ဝမ်ပေါင်လဲ့ဆီသို့ ပြန်လည် ထုတ်လွှတ်ပေးလိုက်သည်။

ထို အာဟာရဓာတ်များမှာ အလွန်အင်မတန်မှ အားကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့်ခုနစ်ဆယ်တွင် ရှိနေရာမှ အဆင့်ကိုးဆယ်အထိ ချက်ချင်း တက်လှမ်းသွား၏။ ထို့အပြင် ၎င်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက် တိုးတက်နေဆဲပင်...

ကိုးဆယ့်သုံး၊ ကိုးဆယ့်လေး၊ ကိုးဆယ့်ငါး...

ထို တိုးတက်မှုနှုန်းမှာ မြန်ဆန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။ ထိုသို့ဖြင့် အဆင့်တစ်ရာသို့ ရောက်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ ထစ်ချုန်းသံများ အဆက်မပြတ်ထွက်ပေါ်လာတော့သည်။

ထိုအခါ ရှေးဟောင်းအငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည့် ကမ္ဗည်းစာလုံးများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ ရှေးပဝေသဏီကတည်းက ရှိနေခဲ့ကြသည့်အလားပင်။ ၎င်းတို့ ပေါ်ပေါက်လာသည်နှင့် သဘာဝတေးသံများလည်း ထွက်ပေါ်လာ၏။ ထိုအသံများ ဘေးပတ်ပတ်လည်၌ ပဲ့တင်ထပ်နေစဉ် ကမ္ဗည်းစာလုံးများမှာ အပြင်ဘက်သို့ ပြန့်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ဝန်းရံထားလိုက်တော့သည်။

အဝေးမှကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ တန်ခိုးရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ်ထွက်ပေါ်လာနေသည့် ရှေးဟောင်းအငွေ့အသက်များနှင့် ကြောက်မက်ဖွယ်ရာ ဖိအားကြီးကြောင့် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရသလို အာကာသကောင်းကင်ကြီးမှာလည်း တုန်ရီသွားရ၏။ သို့ဖြစ်ရာ ထိုနေရာကြီးတစ်ခုလုံးမှာ ၎င်းတို့အား တောင့်ခံထားနိုင်စွမ်း မရှိတော့သည့်ပုံပင်။

အဘယ်ကြောင့်ဆိုသော် သူသည် အဆင့်တစ်ရာအထိ ရောက်သွားခဲ့သောကြောင့် ဖြစ်ပေသည်။

၎င်းမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ ကန့်သတ်ချက်ဖြစ်ပေသည်။ မိမိ၏ ကျင့်ကြံခြင်းအဆင့်နှင့် အပြင်ခန္ဓာကိုယ်အား ထိုအဆင့်အထိ ရောက်အောင် မြှင့်တင်နိုင်ရန်မှာ အလွင်အင်မတန်မှ ခဲယဉ်း၏။ အခက်ခဲဆုံးမှာမူ... နတ်ဘုရားဝိညာဉ် ဖြစ်သည်။ ရှားပါး ရတနာများနှင့် မျိုးသုဥ်းပျောက်ကွယ်သွားပြီဖြစ်သည့် ပစ္စည်းများ၏ အကူအညီများ မပါပါက ထိုအဆင့်အထိ တက်လှမ်းနိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။

အဆုံးမဲ့တာအိုနယ်မြေထဲရှိ အင်အားကြီးအဖွဲ့အစည်းများ၏ အထက်တွင် ရှည်လျားသည့်သမိုင်းကြောင်းများ ပိုင်ဆိုင်ထားကြသော ရှေးဟောင်းဂိုဏ်းများနှင့် အဖွဲ့အစည်းအချို့ ရှိပေသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများ၏ အရေအတွက်မှာ များများစားစားမရှိသဖြင့် အဆုံးမဲ့မျိုးနွယ်စုပင်လျှင် ၎င်းတို့အား တလေးတစား ဆက်ဆံရ၏။ ဥပမာပြရလျှင် ရှဲ့မိသားစုမှာ ထိုကဲ့သို့သော အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်ပေသည်။

ထိုကဲ့သို့သော ရှေးဟောင်းအဖွဲ့အစည်းများထဲတွင် ပထမအဆင့် ပါရမီရှင်များ၏ အရည်အချင်းများအား တိုင်းတာရာ၌ အသုံးပြုသည့် စံနှုန်းမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်၊ နတ်ဘုရားဝိညာဉ်နှင့် အပြင်ခန္ဓာကိုယ်တို့ဖြစ်ကြပေသည်။ သူတို့မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့်ကိုးဆယ်အထက်တွင် ရှိနေရန် လိုအပ်ပေသည်။

အကယ်၍ ဝမ်ပေါင်လဲ့ သူ၏ အပြင်ခန္ဓာကိုယ်အား ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့်တစ်ရာအထိ မြှင့်တင်နိုင်ခဲ့သည့်သတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင်.. လူတိုင်းမှာ သေချာပေါက် တုန်လုံးချောက်ချားသွားရမည်သာ ဖြစ်သည်။

သစ်ရွက်အချုပ်အနှောင်ထဲ၌ ပိတ်မိနေသည့် ကလေးမလေးပင် အံ့သြတုန်လှုပ်နေရပြီဖြစ်သည်။ သူမသည် အသက်မပါသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏ ပတ်ပတ်လည်တွင် ဝန်းရံနေသည့် ကမ္ဗည်းစာလုံးများအား ကြည့်လိုက်၏။ ထိုအခါ သူမသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် ကြောက်မက်ဖွယ်ရာ ဖိနှပ်ချုပ်တည်းမှုစွမ်းအားများကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် ကလေးမလေး၏ ခန္ဓာကိုယ်မှာ အပြင်းအထန် စတင်တုန်ရီလာတော့သည်။

"' ငါတော့ လက်လွန်ကြက်သွန်တွေ ဖြစ်ကုန်ပြီ " ကလေးမလေး ထိုသို့ ရေရွတ်လိုက်ချိန်တွင် သူမ၏ မျက်ဝန်းများထဲ၌ သူငယ်အိမ် အမြောက်အမြား ပေါ်ပေါက်လာပြီး သူမ၏ ခန္ဓာကိုယ်ထဲမှလည်း စကားသံအမြောက်အမြား ထွက်ပေါ်လာတော့သည်။

" အထွတ်အထိပ် အပြင်ခန္ဓာကိုယ်ပဲ "

" မဖြစ်နိုင်တာ။ အထွတ်အထိပ် အပြင်ခန္ဓာကိုယ်ဆိုတာ ဟိုးအရင်ကတည်းက ဒဏ္ဍာရီတစ်ခုအနေနဲ့ပဲ ရှိခဲ့တာလေ။ အဲဒီ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး "

" ဟုတ်တယ်။ လုံးဝမဖြစ်နိုင်ဘူး။ အထွတ်အထိပ် အပြင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်.... မိုးကောင်းကင်အဆင့် ရတနာတွေတောင် အဲဒီ အဆင့်အထိရောက်အောင် မြှင့်တင်ပေးနိုင်စွမ်းမရှိဘူး။ မိုးကောင်းကင်တာအိုက အစွမ်းထက်တာမှန်ပေမယ့် နောက်ဆုံးအဆင့်အထိ ရောက်သွားစရာအကြောင်း မရှိဘူးလေ "

ထိုကဲ့သို့သော စကားသံများ ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာ၏။ သူသည် သူ၏ အပြင်ခန္ဓာကိုယ် ယုံကြည်နိုင်ဖွယ်ရာမရှိသော အဆင့်တစ်ခုအထိ တိုးတက်သွားသည်ကို ခံစားမိနေသည်။ သို့သော် လက်ရှိတွင် သူ့အတွက် အရေးအကြီးဆုံးမှာ သူ၏ အပြင်ခန္ဓာကိုယ်အား အကဲခတ်လေ့လာရန်မဟုတ်ဘဲ ကလေးမလေးအား သုတ်သင်ရှင်းလင်းကာ ဤ နေရာကြီးထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ဖြစ်သည်။

ထို့ကြောင့် ကလေးမလေး မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားစဉ်မှာပင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် ကလေးမလေးအား စိုက်ကြည့်ကာ သူ၏ ဘယ်ဘက်လက်ကို မြှောက်၍ ဓားအိမ်လေးအား လှမ်း၍ ဆုပ်ကိုင်လိုက်တော့သည်။

တစ်ချိန်ထဲမှာပင် သူ၏ ညာဘက်လက်မှာလည်း ဓားအိမ်ပေါ်သို့ ရောက်သွား၏။ သူ၏ ညာဘက်လက်အောက်တွင် မျက်လုံးဖြင့်မမြင်နိုင်သည့် ဓားရိုးတစ်ခု ရှိနေသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ထို ဓားအိမ်လေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ သစ်ရွက်လေးအား သူ့ဆီသို့ ပြန်၍ ဆင့်ခေါ်လိုက်၏။

ထိုအခါ စွမ်းအားများ ကုန်ခမ်းသွားပြီဖြစ်သော သစ်ရွက်ကလေးမှာ မီးစွဲသွား၏။ သို့သော် ၎င်းမှာ ပျောက်ကွယ်သွားခြင်းမရှိပေ။ ယင်းမှာ မီးတောက်ခေါင်းဆောင်ကြီး ထည့်သွင်းထားသည့် ကျိန်စာ၏ အစွမ်းများဖြစ်ပေသည်။ ၎င်းမှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ပြန်လည်ဦးတည်လာ၏။ သူ့ဆီသို့ ပြန်ရောက်လာသောအခါမှ ထိုမြူခိုးများမှာ သစ်ရွက်တစ်ရွက်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ကလေးမလေးမှာမူ အသံကုန်အော်ဟစ်လိုက်သည်။ သူမသည် အသက်အန္တရာယ်ကြီးတစ်ခုအား အာရုံခံမိလိုက်သဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သို့သော် သူမသည် ထွက်ပြေးဆုတ်ခွာသွားခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်မှုအပြည့်ရှိသော မှုန်ဝါးဝါး ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းဖြင့် ဦးတည်လာတော့သည်။

သူမ၏ အမြန်နှုန်းမှာ ကြောက်စရာကောင်းလွန်းနေပြီ သူမ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ မိုးကောင်းကင်ထဲအထိ ထိုးတက်သွား၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မှုန်ဝါးဝါးပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ခဏအကြာတွင် ၎င်းတို့၏ အရေအတွက်မှာ တစ်ရာနီးပါး ရှိသွား၏။ သို့ဖြစ်ရာ ထို ပုံရိပ်အားလုံး၏ စွမ်းအားများမှာ အတူတကွ စုစည်းသွားကာ ပါးစပ်ပေါက်ကြီးတစ်ပေါက်အသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ အေးစက်နေဆဲပင်။ သူသည် ဓားတစ်လက်အား ဓားရိုးမှ ကိုင်မြှောက်ထားသည့် မြင်ကွင်းတစ်ခုကို စိတ်ကူးထဲ၌ ပုံဖော်လိုက်ပြီး ၎င်းအား ဓားအိမ်ထဲမှ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တော့သည်။

တစ်လက်မ...

သူသည် ၎င်းအား တစ်လက်မမျှသာ ဆွဲထုတ်ရသေးသည်။

ထိုအချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ကွဲအက်သွားသလို အုန်းခနဲ အသံကျယ်ကြီးတစ်သံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံသွား၏။ ထို့နောက် အလွန်အင်မတန်မှ အားကောင်းသည့် ဖိအားတစ်မျိုးမှာ စူးရှတောက်ပသော အလင်းရောင်တစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေသည့် ကလေးမလေးမှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ ပွက်ပွက်ဆူနေသည့် ရေပူများထဲသို့ ကျသွားသည့် ဆီးနှင်းပွင့်လေးတစ်ပွင့်အလား ချက်ချင်း အရည်ပျော်ကျသွား၏။

သို့သော် ထို ကလေးမလေးမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်ပေသည်။ သူမသည် ခန္ဓာကိုယ် တစ်ခုလုံး အရည်ပျော်သွားသည့်တိုင်အောင် ၎င်းအား အတင်းအဓမ္မ ပြန်လည်စုစည်းလိုက်ဆဲပင်။ ထို့နောက် သူမသည် ဝေဒနာများနှင့် မကျေနပ်ချက်များကို မျိုသိပ်ကာ ရှေ့သို့ ဆက်လက် ပြေးထွက်သွားလိုက်ပြန်သည်။ သူမ၏ ပါးစပ်မှာ ဝမ်ပေါင်လဲ့၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားပြီး ဖြစ်ပြီး သူ့အား ကိုက်မိသွားတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားခြင်းမရှိဘဲ ဓားကိုသာ ဆက်၍ ဆွဲထုတ်နေလိုက်၏....

နှစ်လက်မ

ထိုအခါ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး မည်သည့်အရာကိုမဆို ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်းရှိသော စွမ်းအားတစ်မျိုးမှာ ဓားအိမ်လေးထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်း၏ အလင်းရောင်များမှာလည်း ပို၍ အားကောင်းလာ၏။ ကောင်းကင်ယံထဲတွင် အရောင်မျိုးစုံ ရောယှက်နေပြီး အာကာသကောင်းကင်ကြီးမှာ တွန့်လိမ်ပုံပျက်နေပြီ ဖြစ်သည်။ ပါးစပ်ဟပ်ထားသည့် ကလေးမလေးမှာမူ ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သဖြင့် အုန်းခနဲအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားတော့သည်။

ထိုအခါ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာ ပြန်လည်ပေါ်ပေါက်လာကြ၏။ သူတို့အားလုံးမှာ သတိမေ့မျောနေကြပြီး အဝေးသို့ လွင့်ထွက်သွားကြသဖြင့် နောက်ဆုံးတွင် ကလေးမလေး၏ ပူးကပ်ခြင်းကို ခံခဲ့ရသည့် အဆုံးမဲ့မင်းသားကို မြင်လိုက်ရတော့သည်။

ထို အဆုံးမဲ့မင်းသားမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီ သူ၏ ဦးခေါင်းနှစ်လုံးမှာ ပေါက်ကွဲသွား၏။ သူ၏ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများမှာလည်း ထိုနည်းတူပင်။ ကလေးမလေးမှာမူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းကာ အရှိန်ကုန်မြှင့်တင်၍ နောက်သို့ ထွက်ပြေးသွားတော့သည်။

" နင်က ဝမ်ပေါင်လဲ့ မဟုတ်ဘူး။ နင်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ ဒီခေတ်က လူတစ်ယောက်လည်းမဟုတ်ဘူး။ ဘာမှကို မဟုတ်တာ။ ပြီးတော့ ဒီ ကျောက်ပြားကမ္ဘာကြီးထဲကလည်း မဟုတ်ဘူး "

" နင် ဘယ်သူလဲ မှန်မှန်ပြောစမ်း "

ထိုစကားများကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် မျက်လုံးဖြင့် မမြင်နိုင်သည့် ဓားအား သုံးလက်မတိတိ ဆွဲထုတ်ရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ပြုံးကာ ရပ်တန့်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ထို ကလေးမလေး နောက်သို့ ထွက်ပြေးဆွတ်ခွာသွားနေစဉ် သူမ၏ နောက်တွင်ရှိနေသည့် ဟင်းလင်းပြင်ကြီးမှာ ဓားချီများ၏ ရိုက်နှက်ချက်တစ်ခုကြောင့် ရုတ်တရက်ဆိုသလို စုတ်ပြဲသွားသောကြောင့်ပင်။ ထို့နောက် လက်ကြီးတစ်ဖက် ဆန့်ထွက်လာကာ ကလေးမလေး၏ ဦးခေါင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်ပြီးနောက် အပြင်ဘက်သို့ ဆောင့်ဆွဲလိုက်၏။

" အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို ပြန်လည်နိုးထလာတုန်း ဒီ ရှေးဟောင်းစိတ်ဆန္ဒပါ ပြန်ပြီးတော့ နိုးထလာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ "

" ဂိုဏ်းတူညီလေး။ ဒါ အစ်ကို့ရဲ့ အမှားပါ "

ချန်ရှင်း၏ စကားသံထွက်ပေါ်လာသည်နှင့် ကလေးမလေး၏ ထူးဆန်းသောစွမ်းအားများကြောင့် ပြင်ပကမ္ဘာကြီးနှင့် တသီးတခြားစီ ဖြစ်နေခဲ့သည့် ထူးဆန်းသော နယ်မြေကြီးမှာ အုန်းခနဲမြည်ကာ ပျက်စီးသွားသည်။ သို့ဖြစ်ရာ မျက်လုံးဖြင့် မမြင်နိုင်သည့် အကာအရံတစ်ခုအား တစ်စစီ ဆုတ်ဖြဲပစ်လိုက်သဖြင့် အပြင်ဘက်တွင်ရှိနေသော မီးခိုးရောင်အာကာသကောင်းကင်ကြီးအား ပြန်မြင်လိုက်ရသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့နှင့် မတွေ့ရသည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည့် ချန်ရှင်းမှာ ဗဟိုမီးဖို၏ အထက်တွင် မတ်တတ်ရပ်နေသည်။

ဝမ်ပေါင်လဲ့မှာ ချန်ရှင်းအား လှမ်းကြည့်ရင်း မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ပြည့်နှက်သွား၏။ သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည် " ပေါင်လဲ့ ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ် "

ဘေးပတ်ပတ်လည်ရှိ မီးဖိုများထဲမှ သုံးလုံးထဲတွင်သာ စွမ်းအားများ ကျန်ရှိတော့သည်။ အခြားမီးဖိုများမှာ လုံးဝ အသုံးမဝင်တော့ပေ။ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာမူ သတိလစ်ကာ လေထဲ၌ မျောလွင့်နေကြ၏။

အသိစိတ် ရှိနေသေးသည့် ကျင့်ကြံသူဟူ၍ ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းတို့သာ ရှိပေသည်။

" မင်းတောင် အရွယ်ရောက်လာပြီပဲ " ချန်ရှင်းမှာ သက်ပြင်းချကာ ဆိုလိုက်၏။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ ထိုအခါ သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွား၏။ ထို့နောက် သူသည် အသံကျယ်ကျယ်ဖြင့် ရယ်မောကာ မေးလိုက်တော့သည်။

" ပေါင်လဲ့ရေ။ အစ်ကို ငါးကြီးတစ်ကောင် ဖမ်းမိထားတယ်။ အစ်ကိုနဲ့ အတူတူ စားချင်လား "

ဝမ်ပေါင်လဲ့မှာလည်း ရယ်မောကာ ပြန်ဖြေလိုက်၏ " ဂိုဏ်းတူအစ်ကိုကြီးရဲ့ အမိန့်ကို လွန်ဆန်လို့ ဖြစ်ပါ့မလားဗျ “

All Chapters