← Chapters

ကောင်းကင်ယင်သားတော်၏ တိုက်ခိုက်မှု

Vol. 51 Ch. 690

ကောင်းကင်ယင်သားတော်၏ တိုက်ခိုက်မှု

Vol. 51 Ch. 690

ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ စိုးရိမ်ပူပန်လာပြီး သူ့အင်္ကျီစကို ဆွဲရင်း ဆက်သွားရန် လောနေသည်။ သူက မလိုလားသည့် အန္တရာယ်ဖြစ်အောင် ကောင်းကင်ယင်ကမ္ဘာမှ အမြန်ဆုံး ထွက်သွားချင်နေ၏။ သို့သော် ချင်မူက တုတ်တုတ်မှ လှုပ်မလာ။

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်ယင်ကမ္ဘာထဲရှိ အနက်ရောင်အမှုန်များ စုဝေးလာပြီး သောင်းကျန်းအုံကြွနေသည်ကို မြင်လိုက်ရသည်။ လေထဲတွင် အနက်ရောင်အမှုန်များသည် နဂါးသဏ္ဍာန် လေစီးကြောင်းများပမာ လူးလွန့်လှုပ်ရှားနေကြ၏။

၎င်းတို့က ကောင်းကင်နှင့်‌ မြေပြင်တွင် ထိန်းမနိုင်သိမ်းမရအောင် ကူးလူးသွားလာနေသောကြောင် ချင်မူ ‌ဝေးဝေးလံလံ မမြင်ရပေ။

“နတ်ဘုရားမ ဂရုစိုက်ပါ”

ဤတိုက်ပွဲကို မစောင့်ကြည့်သင့်ကြောင်း သိ၍ ချင်မူက ထောင်ကျယ်အိတ်နှစ်လုံးကို ပြန်ကောက်ပြီး ကောင်းကင်မီးလျှံကို ပွေ့ဖက်ကာ ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားနှင့်အတူ ထွက်သွားသည်။ နှစ်ယောက်သား တောင်နံရံထဲရှိ အက်ကွဲကြောင်းနေရာသို့‌ ရောက်လာကြသည်။

ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ ဒယိမ်းဒယိုင်ဖြင့် မူးလဲတော့မလို ဖြစ်နေသည်။

ချင်မူ မျက်မှောင်ကြုတ်သွားပြီး သူ့အနောက်၌ မူလဝိညာဉ် ဖွဲ့တည်လာသည်။ သူက ထောင်ကျယ်အိတ်နှင့် မီးလျှံသလင်းကျောက်ကို မူလဝိညာဉ်ဆီ ပေး၍ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာ ထုတ်လွှတ်သည်။ ထို့‌နောက် ချီစွမ်းအင်ကို အပ်သဖွယ် အသုံးချရင်း ခိုင်ဧကရာဇ်ခေတ် နတ်ဘုရား၏ ခန္ဓာကိုယ်အား ထိုးစိုက်ကာ အလေးအနက် ပြောလိုက်၏။ “ဆရာသစ်ခုတ်သမား ဆရာကြီးအပေါ် စီရင်ပေးထားတဲ့ အတားအဆီးအစီအရင်က ဝိညာဉ်ကို ဖိနှိပ်ထားတာ များလွန်းတယ်... ဆရာကြီး ဒီလောက်အထိ အားနည်းသွားမယ် မထင်ထားတာကြောင့်လည်း ပါလောက်တယ်... ကျွန်တော် ဆရာကြီးရဲ့ ဝိညာဉ်ကို နည်းနည်းပြန်လွှတ်ပေးပါ့မယ်”

သူ အစီအရင် ထုတ်လွှတ်လိုက်‌သော အမြန်နှုန်းက အလွန်မြန်သည်။ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ အတော်လေး သက်သောင့်သက်သာ ရှိသွား၏။ ထိုအခိုက်အတန့်တွင် ကောင်းကင်ယင်ကမ္ဘာမှ နူးညံ့ညင်သာသော အသံတစ်သံ ထွက်လာသည်။ “နတ်ဘုရားမ၊ မတွေ့ရတာ ကြာပြီနော်”

အသံကြားလိုက်သည်နှင့် ချင်မူ စိတ်ထဲ နောက်ကျိသွားသဖြင့် ထိတ်လန့်သွားမိ၏။ “ကောင်းကင်ယင်သားတော်ရဲ့အသံမှာ ဝိညာဉ်ကို ထွေပြားစေနိုင်တဲ့ ကောင်းကင်နတ်သိုင်း ကိန်းဝပ်နေတယ်”

သူက စိတ်အစဉ် ရှင်းလင်းသွားအောင် ထိန်းရင်း နတ်ဘုရားကို ဆွဲကာ ရှေ့ဆက်လျှောက်သွားသည်။ သူ၏မူလဝိညာဉ်က နောက်မှ တစ်လှမ်းချင်း လိုက်လာ၏။

“သေရွာက ပြန်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်... နတ်ဘုရားမကို အသက်ပြန်သွင်းပေးခဲ့တဲ့ တာအိုအဆွေတော်က ဘယ်သူလဲ သိခွင့်ရှိမလား”

ကောင်းကင်ယင်သားတော်၏အသံက နူးညံ့သိမ်မွေ့စွာ ထွက်လာပြီး ဝိညာဉ်ကို ထွေပြားစေနိုင်သော ကောင်းကင်နတ်သိုင်းကို သယ်‌ဆောင်လာသည်သာမက နားအလည်ပေးတတ်ဆုံး ချစ်သူတစ်ယောက်ကဲ့သို့ ခံစားချက်ကိုလည်း ရစေသည်။ မှန်သည်၊ ယောက်ျားများအပေါ်တော့ သက်ရောက်မှုမရှိပေ။

“အဲဒီအဆွေတော်က ကြေမွနေတဲ့ ဝိညာဉ်တွေကို ပြန်စုဝေးနိုင်တဲ့ ကောင်းကင်နတ်သိုင်းမျိုး ဖန်တီးနိုင်ခဲ့တာဆိုတော့ သိပ်ကို ထူးချွန်ပါပေတယ်.. အဲဒီလို ပြိုင်ဘက်ကင်း အစွမ်းအစမျိုးနဲ့ သူဟာ ငါ့ရဲ့ တာအိုအဆွေတော်ဖြစ်ဖို့ ထိုက်တန်တယ်... ဒါကြောင့် သူ့ဆီက သင်ယူလေ့လာချင်လို့ ငါကိုယ်တိုင် လာရတာပါ... နတ်ဘုရားမ၊ ငါ့ကို သူနဲ့ မိတ်ဆက်ပေးလို့ရမလား"

ကောင်းကင်ယင်နတ်ဘုရားမ၏အသံ ထွက်လာသည်။ “အဲဒီပုဂ္ဂိုလ် ထွက်သွားပါပြီ ‌ကောင်းကင်ယင်သားတော်... သူ့ကို ရှင် မျက်စိကျနေရာမလိုပါဘူး... ကျွန်မတို့ မတွေ့ရတာလည်း ကြာပြီမဟုတ်လား... စကားအနည်းငယ် ပြောကြတာပေါ့”

သူမအသံက ချင်မူ့စိတ်ကို ကြည်လင်သွားစေ၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာတွင် တစ်ကိုယ်လုံး အေးစက်သွား၏။ သူ့အရှေ့တွင် ကောင်းကင်ယင်ကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံး ရှိနေသည်။

သူ့မှာ အက်ကွဲကြောင်းလမ်းအတိုင်း လျှောက်နေသည် ထင်ခဲ့သော်လည်း ကောင်းကင်ယင်ကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံးထံ ပြန်ရောက်လာမည် မထင်ခဲ့‌ပေ။

မသိလိုက်ဘဲ ကောင်းကင်ယင်သားတော်၏ အသံဖြင့် ပြုစားခံလိုက်ရလေသည်။

ကောင်းကင်ယင်သားတော်၏အသံထဲ၌ တိမ်မြုပ်နေသော ကောင်းကင်နတ်သိုင်းက သူ၏အာရုံခံနိုင်စွမ်းကို ဝေဝါသွားစေသည်။ ရလဒ်အနေဖြင့် နောက်ပြန်လျှောက်နေမိမှန်း မသိတော့ပေ။

ကောင်းကင်ယင်နတ်ဘုရားမ၏အသံ ကောင်းကင်ယင်သားတော်၏ သိုင်းကွက်အား ချိုးဖျက်လိုက်၍သာ မဟုတ်လျှင် သူ ကောင်းကင်ယင်ကမ္ဘာထဲ ပြန်ရောက်နေလောက်ချေပြီ။

ချင်မူ သတိပြန်ကပ်သွားသည်နှင့် ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားကို ဆွဲကာ ‌နောက်ပြန်လှည့်ပြေးသည်။

အနောက်မှ ကောင်းကင်ယင်သားတော်၏အသံ ထွက်လာပြန်သည်။ “ဟုတ်တာပေါ့ စကားပြောသင့်တာပေါ့.... ဒါပေမဲ့ ဝိညာဉ်ကို စုဝေးပြီး ကောင်းကင်နဲ့မြေပြင်ရဲ့ တာအိုကို ပြောင်းလဲစေခဲ့တဲ့ အဲဒီပညာရှင်ကို ငါ သိပ်သိချင်မိတယ်”

ချင်မူ စိတ်အာရုံ ထွေပြားပြီး ရပ်လိုက်ပြန်သည်။ သူ့မှာ ကောင်းကင်ယင်သားတော်၏ ထောင်ချောက်ထဲ ‌နောက်တစ်ကြိမ် ကျသွားမည်စိုး၍ ခြေမလှမ်းရဲတော့ပေ။

ကောင်းကင်ယင်နတ်ဘုရားမက ရယ်လိုက်သည်။ “လွယ်ပါတယ်... နောင်တစ်ချိန် အခွင့်အရေးရှိလာခဲ့ရင် ကျွန်မ ရှင့်ကို သူနဲ့ မိတ်ဆက်ပေးပါ့မယ်”

သူမအသံ ဟိန်းထွက်နေသည်ကို အခွင့်အကောင်းယူကာ ချင်မူ တရှိန်ထိုး ပြေးပြီး ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားကို အက်ကွဲကြောင်းအပြင် ခေါ်သွားလိုက်သည်။ မကြာခင် သူတို့အရှေ့တွင် အလင်းရောင်ကို မြင်လာရသည်။ ချင်မူက ခုန်၍ အက်ကွဲကြောင်းအရှေ့ရှိ ကျောက်တံခါးအပေါ် အသာအယာ ဆင်းသက်လိုက်ပြီးနောက် တောင်အောက် ဆက်ဆင်းသည်။

သူ့အနောက်ရှိ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ နေရောင်အား ထိလိုက်သည်နှင့် သူ၏မျက်လုံး၊ နှာခေါင်း၊ နားရွက်နှင့် ပါးစပ်တို့မှ အနက်ရောင်အခိုးအငွေ့များ ထွက်လာသည်။ များစွာမကြာလိုက်ဘဲ သူကား လူ့အရေခွံကြီး ပြန်ဖြစ်သွား၏။ ချင်မူက သူ့လက်ကို မလွှတ်တမ်း ဆွဲထားသည်။

လူတစ်ယောက်နှင့် အရေခွံတစ်ခု ကောင်းကင်ယံမှ တဖတ်ဖတ် ကျဆင်းလာနေသည်။

ချင်မူ၏မူလဝိညာဉ်ကလည်း အက်ကွဲကြောင်းအပြင် ပြေးထွက်ကာ သူတို့နှင့်အတူ ဆင်းလာသည်။

ယန်ကျင့်ကျင့်၊ ဟယ့်ရီရီနှင့် ကျန်ရှိသူများ ကမ်းပါးဘေး၌ စိုးရိမ်ပူပန်စွာ စောင့်နေကြသည်မှာ ရက်အနည်းငယ် ကြာချေပြီ။ ယန်ကျင့်ကျင့်၏အကူအညီဖြင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအား ဥမင် ဖောက်ပြီးသွားပြီး လမ်းလည်း ခင်းပြီးသွားသည့်တိုင် ချင်မူက ပေါ်မလာခဲ့ပေ။ ထို့ကြောင့် သူတို့အားလုံး စိုးရိမ်နေကြသည်။

ယန်ကျင့်ကျင့်က ပြောသည်။ “ဖက်တီးနဂါး၊ နွားကျောင်းတဲ့ အစ်ကိုလေး အဲဒီအက်ကွဲကြောင်းထဲ ဝင်သွားတာ နင် တကယ် မမြင်လိုက်ဘူးလား”

နဂါးချီလင် ခေါင်းယမ်းပြသည်။ “ကျွန်‌တော် တရေးအိပ်နေတုန်း ဂိုဏ်းသခင်အသံ ကြားလိုက်ရလို့ မျက်လုံးဖွင့်ကြည့်မလို့ လုပ်သေးတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်မျက်ခွံတွေကို ဖိထားသလို ခံစားရတာနဲ့ မျက်လုံးမဖွင့်ကြည့်မိခဲ့ဘူး”

ထိုအချိန်မှာပဲ ချင်မူက လူတစ်ယောက်ကို အက်ကွဲကြောင်းအပြင် ဆွဲခေါ်လာသဖြင့် သူတို့အားလုံး အံ့အားသင့်သွားကြသည်။ သို့သော် သူ့အနောက်ရှိ ထိုလူက သွေးပျက်ချောက်ချားစွာ အော်ဟစ်လိုက်ပြီး သူ၏မျက်နှာမှ အနက်ရောင်အခိုးအငွေ့များ ထွက်လာသည်။ ‌နောက်ဆုံးတွင် လူ့အရေခွံကြီး ဖြစ်သွားသောကြောင့် အားလုံး ကြောက်လန့်ကုန်ကြ၏။

ချင်မူက မြေပြင်ပေါ် ဆင်းသက်ပြီး နတ်ဘုရား၏လက်ကို မလွှတ်သေးပေ။ နောက်ပြန်လှည့်ကြည့်၍ ကောင်းကင်ယင်နတ်ဘုရားမနှင့် ကောင်းကင်ယင်သားတော်တို့၏ အသံများ အက်ကွဲကြောင်းအပြင် ထွက်မလာနိုင်မှန်း မြင်မှ... စိတ်ဒုန်းဒုန်းချနိုင်သွားသည်။

ယန်ကျင့်ကျင့်မှာ ချင်မူ ဆုပ်ကိုင်ထားသော နတ်ဘုရားအရေခွံကို ကြည့်ကာ တုန်ရီနေသည့်အသံဖြင့် မေးလိုက်၏။ “နွားကျောင်းတဲ့ အစ်ကို‌လေး... နင့်လက်ထဲက ဟာကြီးက....”

ချင်မူက နတ်ဘုရားအရေခွံကို ကပျာကယာ ဖြန့်ခင်းပြီး ဖျာလိပ်နေသကဲ့သို့ အလျင်အမြန် လိပ်လိုက်သည်။ “ဒါက ကောင်းကင်ယင်ကမ္ဘာမှာ တွေ့ခဲ့ရတဲ့ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားပါ ... ဆရာသစ်ခုတ်သမားက အမှောင်ထုရဲ့ အရင်းအမြစ်ကို ရှာဖို့ သူ့ကို ကောင်းကင်ယင်ကမ္ဘာထဲ လွှတ်လိုက်တာလေ.... သူ့မှာ ရုပ်ခန္ဓာမရှိတော့ဘူး... ဝိညာဉ်ကတော့ သူ့အရေခွံထဲမှာ ချိတ်ပိတ်ခံထားရတယ်.... အရင်ဆုံး လိပ်ထားပေးလိုက်မယ်... ညကျရင်တော့ သူ ပုံမှန်ပြန်ဖြစ်မှာပါ”

“ကောင်းကင်ယင်ကမ္ဘာ၊ အမှောင်ထုရဲ့ အရင်းအမြစ်ဟုတ်လား”

ယန်ကျင့်ကျင့်နှင့် ဟယ့်ရီရီမှာ ချင်မူ့အား မျက်လုံးလေးအဝိုင်းသားဖြင့် ကြည့်နေမိကြသည်။

သူ ဘာတွေ ပြောနေသနည်း။

ချင်မူက ကြိုးအသေးလေးတစ်ကြိုး ထုတ်ကာ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားကို အသေအချာ ချည်လိုက်သည်။ “ဖက်တီးနဂါး သူ့ကို သေချာ သိမ်းပေးထားပါဦး.. ဟင် ဖက်တီးနဂါး ဘယ်ရောက်သွားတာတုန်း”

နဂါးချီလင်မှာ ဥမင်ထဲ ခေါင်းစိုက်ထားပြီး တင်ပါးလုံးလုံးကြီးကိုသာ ဖော်ထားသည်။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေသည်။

ချင်မူ ခေါင်းယမ်းရင်း နတ်ဘုရားကို သူ့ကျောတွင် ချည်လိုက်၏ “ဥမင် ဖောက်ပြီးသွားပြီလား”

ဟယ့်ရီရီက ပြောသည်။ “ညီမလေးကျင့်ကျင့်ရဲ့ အကူအညီနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဖြတ်ပြီး ဥမင် ဖောက်ပြီးသွားပြီ... ဥမင်က သိပ်ကြီးတယ်... နေသင်္ဘောတောင် ဖြတ်သွားလို့ရတယ်... ဒါပေမဲ့ နေတွေကို အရင်ဆုံး ထိန်းသိမ်းရဦးမှာ... ဒီလူ့အရေခွံက...”

သူမလည်း ဆံပင်မွှေးများ ထောင်နေသည်။

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မကြောက်ပါနဲ့... ဒီနတ်ဘုရားက ပြောတတ်ဆိုတတ်တယ် ဘိုးဘိုးရွှေအလိုပဲ... သူတို့မှာ ပြောစရာတွေ တစ်ပုံကြီးရှိကြတယ်”

သူ၏မူလဝိညာဉ်သည် လျှောက်လာကာ ကောင်းကင်မီးလျှံသလင်းကျောက်နှင့် ထောင်ကျယ်အိတ်များအား ချလိုက်၏။ ချင်မူက ကောင်းကင်ယင်သတ္ထုတချို့ ကပျာကယာ ထုတ်လိုက်သည်။ “သူ့အခြေအနေက နည်းနည်းလေး ထူးဆန်းနေတာ တစ်ခုပဲ... သူ့အတွက် အနက်ရောင်အမှုန်တွေ သိမ်းပေးထားနိုင်မယ့် ဘူးတစ်ဘူးဖြစ်ဖြစ် ဖန်တီးပေးလိုက်ရင် ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်... အမ်း ဒါမဲ့ ထူးဆန်းနေဦးမှာပဲ”

မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အူကြောင်ကြောင် ဖြစ်နေကြသည်။

လူ့အရေခွံတစ်ခုတွင် အဘယ်သို့ပြု၍ ပြောစရာစကားများစွာ ရှိနေမည်နည်း။

ဘိုးဘိုးရွှေအလို စကားများသည်တဲ့လား

အမှန်တကယ် ထူးဆန်းလှ၏။

ချင်မူက ထောင်ကျယ်အိတ်ထဲမှ ပန်းပဲထုရန် စားပွဲတစ်လုံး ထုတ်ကာ ကောင်းကင်ယင်သတ္ထုများ တင်လိုက်သည်။ ကောင်းကင်မီးလျှံသလင်းကျောက်အား မီးဖိုထဲ ထည့်လိုက်ပြီး ချီစွမ်းအင်ကို ဂရုတစိုက် ထိန်းချုပ်ရင်း အသက်သွင်းလိုက်၏။ ရုတ်ခြည်းဆိုသလို မီးတောက်များက ဟုန်းခနဲ ထတောက်ကာ စားပွဲတစ်လုံးတစ်လုံးအား ပြာပင် မကျန်အောင် မီးလောင်တိုက်သွင်းပစ်လိုက်သည်။

ချင်မူ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း ကူကယ်ရာမဲ့သွားသည်။ ကောင်းကင်ယင်သတ္ထုအား အငွေ့ပျံသွားချေပြီ။

“ဒီလိုမီးတောက်မျိုးကို လမ်းဖောက်တဲ့နေရာမှာ သုံးလိုက်ရင် သိပ်မြန်မှာပဲ” ယန်ကျင့်ကျင့်က ဝမ်းသာအားရ ပြောသည်။

ဟယ့်ရီရီ၏မျက်လုံးများတွင် ကြောက်လန့်နေသော အရိပ်အယောင်ကို မြင်နိုင်ပြီး သူမက ကပျာကယာ ခေါင်းယမ်းလေသည်။ “ဒီလိုမီးကို မဆင်မခြင် သုံးလိုက်ရင် ငါတို့လည်း ဘာမှမကျန်အောင် မီးလောင်သွားလိမ့်မယ်”

ယန်ကျင့်ကျင့်က ပြောလေသည်။ “ဒါဆိုလည်း အပူရှိန်ကို ထိန်းချုပ်လိုက်ရုံပေါ့”

သူမအတွက် မီးအပူရှိန်ကို ထိန်းညှိရခြင်းက ထမင်းစားရေသောက်ပမာ ရိုးရှင်းနေသည့်အလားပင်။

ချင်မူ ရင်ထဲ လှုပ်ခတ်သွားကာ ပြောလိုက်သည်။ “ကျင့်ကျင့်၊ ဒါက ရွှမ်တုရဲ့ ကောင်းကင်မီးလျှံပဲ... ငါက မီးအပူရှိန် ထိန်းညှိတဲ့ နေရာမှာ နင့်လောက် မကျွမ်းဘူး... လာပြီး တစ်ချက်‌လောက် စမ်းကြည့်ပါလား”

ယန့်ကျင့်ကျင့်က အနားတိုးလာပြီး သူမ၏ချီစွမ်းအင်ဖြင့် ကောင်းကင်မီးလျှံသလင်းကျောက်ကို အသက်သွင်းလိုက်သည်။ မီးလျှံမှာ အသက်ဝင်လာပြီးနောက် သလင်းကျောက်သဏ္ဍာန် မီးလျှံများအသွင် ကွဲထွက်သွားသည်။

ချင်မူက ကောင်းကင်ယင်သတ္ထုတချို့ ထုတ်ကာ မီးလျှံအပေါ် တင်လိုက်သည်။ ကောင်းကင်ယင်သတ္ထုသည် ဖြည်းညင်းစွာ အရည်ပျော်သွား၏။

“ကြည့်ကြည့် ရိုးရိုးလေးပဲလေ မဟုတ်လား” ယန်ကျင့်ကျင့် ပြုံးလျက် ပြောလိုက်သည်။

ချင်မူ ပျော်ရွှင်သွား၏။ “ကျင့်ကျင့်ရဲ့ မီးထိန်းချုပ်နိုင်စွမ်းက အခြားသူတွေက အင်မတန် မြင့်မားတာပဲ... ငါတောင် နိမ့်ကျနေတယ်... ဒီနေ့ကစပြီး နင် ငါနဲ့အတူ လျှောက်သွားပြီး ပြည်သူတွေအတွက် ဓားမတွေ သွန်း၊ လှံတွေ သွေးပေးနိုင်ပြီသိလား... ထယ်တွေ ၊ ထွန်ယက်တွေ သွန်းလုပ်ဖို့ဆို နင်က သိပ်အကူအညီဖြစ်မှာ”

သူက ကောင်းကင်ယင်သတ္ထုကို အရည်ဖျော်ကာ အလွန်သေသပ်လှပသော သဲနာရီတစ်လုံး သွန်းလုပ်နေသည်။ သဲနာရီတွင် တစ်နာရီတိုင်းအတွက် အမှတ်အသားများပင် ရှိနေ၏။ ထို့နောက် ချင်မူက ဆန်းပြားသော သင်္ကေတများ ခတ်နှိပ်လိုက်သည်။

သဲနာရီသည် ကောင်းကင်ယင်သားတော်၏ ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီနှင့် လွန်စွာဆင်သော်လည်း ပုံစံအတုသာ ဖြစ်ချေသည်။

ကောင်းကင်ယင်သားတော် ရေးဆွဲထားသော လှည့်ပတ်နည်းစနစ်က ပိုမိုပြည့်စုံသည်။ သူက ထိုစနစ်ဖြင့် အနက်ရောင်အမှုန်များအား မဟာမြို့ပျက်၊ ကောင်းကင်ယင်ကမ္ဘာနှင့် တခြားမြို့များတွင် လည်ပတ်နေစေခြင်း ဖြစ်၏။

ချင်မူကမူ ကောင်းကင်ယင်သတ္ထုဖြင့် ပုံစံတူ သဲနာရီတစ်လုံး တည်ဆောက်၍ အနက်ရောင်အမှုန်တချို့ ထည့်ထားပြီးနောက် ထိုအမှုန်တို့ကို ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားနှင့် သဲနာရီအကြား ရှေ့သွားနောက်ပြန် လည်ပတ်စေရန် ကြံစည်ထားသည်။

ထိုနည်းလမ်းဖြင့် အသေးစားလှည့်ပတ်နည်းစနစ် ဖြစ်ပေါ်လာမည်။ အချိန် အမှားမရှိသရွေ့ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားသည် နေ့တွင် လူတစ်လှည့်၊ ညတွင် လူ့အရေခွံတစ်လှည့် ပြောင်းလဲနိုင်လိမ့်မည်။

ကောင်းကင်ယင်သတ္ထုသည် ကောင်းကင်ယင်ကမ္ဘာ၏ သတ္ထုတစ်ခုဖြစ်၍ အနက်ရောင်အမှုန်များကို သိမ်းဆည်းထားနိုင်သောကြောင့် ၎င်းကို သုံးခြင်းက အကောင်းဆုံးဖြစ်ပေသည်။

ထို့‌နောက် ချင်မူက အပြားလေးတစ်ပြား သွန်းလုပ်ပြီး အချိန်ကို အတိအကျပြနေသော စက်သွားများ၊ ကိရိယာများ တပ်ဆင်လိုက်သည်။ ၎င်းက တစ်နာရီအပိုင်းအခြားမဟုတ်ဘဲ နေထွက်၊ နေဝင်အတိုင်း အလုပ်လုပ်လိမ့်မည်။

ထို့အပြင် စက်သွားတစ်ခုချင်းစီတွင် သင်္ကေတတစ်ခုစီ ခတ်နှိပ်ခံထားရသည့်အပြင် ထိုသင်္ကေတတို့သည်လည်း လှည့်ပတ်နည်းစနစ်အရ လုပ်ဆောင်ပေးမည်။ ထိုနည်းဖြင့် ကောင်းကင်ယင်ကမ္ဘာ၏ အသေးစားလှည့်ပတ်နည်းစနစ် ဖြစ်ပေါ်လာ၏။

ချင်မူက အပြားလေးကို သွန်းလုပ်ပြီးနောက် သဲနာရီကို အပြားလေးပေါ် တင်ကာ ‌သေးငယ်သွားအောင် ပုံဆက်သွင်းနေသည်။ အဆုံးသတ်၌ ၎င်းတို့မှာ နှစ်လက်မ၊ သုံးလက်မခန့်သာ မြင့်မားပြီး အလွန်အနုစိတ်လှပလေသည်။

ချင်မူက စက်ကွင်းတစ်ကွင်း သွန်းကာ သဲနာရီကို စက်ကွင်း၏အလယ်နှင့် တွဲလိုက်သည်။ ရတနာသုံးမျိုးမှာ ဆွဲသီးတစ်ခုသဖွယ် ဖြစ်နေသည်။ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရား၏ လည်တိုင်တွင် ဆွဲရန် ကြိုးတစ်ကြိုး သွန်းလုပ်ပြီးလျှင်တော့ လှည့်ပတ်နည်းစနစ် အသက်ဝင်လိမ့်မည်။

ကြိုးအား သွန်းလုပ်ပြီးသည့်အခါ ချင်မူ သက်ပြင်းချ၍ ခါးဆန့်လိုက်သည်။

ယန်ကျင့်ကျင့်က ထူးဆန်းသော လည်ဆွဲကို ယူကြည့်သည်။ လည်ဆွဲသည် အသုံးတည့်သည့်အပြင် လက်မလွှတ်ရက်လောက်အောင် လှပလွန်း၏။

ချင်မူ ကမ်းပါးနံရံဘက် လှည့်ကြည့်ပြီ သူ့ဘာသာ တွေးလိုက်မိသည်။ ‘ကောင်းကင်ယင်သားတော်နဲ့ ကောင်းကင်ယင်နတ်ဘုရားမရဲ့ တိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး... ကောင်းကင်ယင်နတ်ဘုရားမ ကောင်းကင်ယင်သားတော်ကို ကောင်းကင်ယင်ကမ္ဘာအပြင်မှာ မတားနိုင်ရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတယ်...’

ကောင်းကင်ယင်ကမ္ဘာထဲ၌ ဧရာမအမျိုးသမီးကြီးသည် ပင်လယ်၏အလယ်၌ ရပ်၍ အလွန်မြင့်မားသော မျှော်စင်ကြီးတစ်ခုဖြင့် ကောင်းကင်ယင်သားတော်အား တိုက်ခိုက်နေ၏။

၎

င

၎

၎

All Chapters