← Chapters

ဉာဏ်ပညာရှင်တို့ စုရုံးခြင်း

Vol. 51 Ch. 692

ဉာဏ်ပညာရှင်တို့ စုရုံးခြင်း

Vol. 51 Ch. 692

ချင်မူ အမှောင်ထုထဲတွင် ရပ်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဆာ‌လောင်နေသော သရဲတချို့အား မြင်ရသေးသော်လည်း အရေအတွက်က သိပ်မများပေ။

မှန်သည်၊ နည်းသည်ဆိုစေဦးတော့ ဆာလောင်နေသော သရဲများက အလွန်အန္တရာယ်များသေး၏။ သူတို့၏အလျင်မှာ အလွန်မြန်သည့်အပြင် သာမန်လူတစ်ယောက် အမှောင်ထုထဲ ဝင်သွားလျှင် အရိုးပဲ ကျန်အောင် အစားခံရလိမ့်မည်။

အရေအတွက်နည်းသွားသည့် အဓိပ္ပါယ်သည် ကောင်းကင်ယင်နတ်ဘုရားမနှင့် ကောင်းကင်ယင်သားတော်၏ တိုက်ပွဲ ပြီးဆုံးသွားပြီဟု ဆိုလို၏။ ကောင်းကင်ယင်သားတော်မှာ ကောင်းကင်ယင်ကမ္ဘာသို့ ဝင်၍ ကောင်းကင်ယင်နတ်ဘုရားမအား မသတ်နိုင်ခဲ့ပေ။

ကောင်းကင်ယင်ကမ္ဘာအပေါ် သူ၏ထိန်းချုပ်နိုင်မှု အားနည်းသွားသဖြင့် ဆာလောင်နေသော သရဲအရေအတွက် လျော့ကျသွားခြင်းဖြစ်သည်။

ကောင်းကင်ယင်နတ်ဘုရားမက ကောင်းကင်ယင်ကမ္ဘာရှိ ဆာလောင်နေသော သရဲတချို့ကို ဖိနှိပ်ထားလိမ့်မည်။

ရလဒ်ကြောင့် ချင်မူ စိတ်အားတက်ကြွလာကာ ပြောလိုက်သည်။ “ဒီမှာ စောင့်နေကြဦး... ငါ ကောင်းကင်ယင်ကမ္ဘာထဲ တစ်ချက် သွားကြည့်ဦးမယ်”

“အင်း”

ဟယ့်ရီရီ စကားဆက်မပြောနိုင်ခင် ယန်ကျင့်ကျင့်က ခိုင်မာပြတ်သားသောအသံဖြင့် ပြောလိုက်သည်။ “ဂရုစိုက်နော်”

ချင်မူ ကောင်းကင်ယင်ကမ္ဘာသို့ ဦးတည်နေသော အက်ကွဲကြောင်းဆီ ပျံသန်းသွားသည့်အခါ ဟယ့်ရီရီက တိုးညှင်းစွာ မေးလေသည်။ “ညီမလေးကျင့်ကျင့်၊ ဒီလောက်အန္တရာယ်များတဲ့နေရာကို ဘာလို့ တစ်‌ယောက်တည်း လွှတ်လိုက်တာလဲ.... ညီမလေးက နတ်ဘုရားမဟုတ်လား လိုက်သွားရင် သူ အန္တရာယ်မကင်းဘူးလား”

ယန်ကျင့်ကျင့်က ခေါင်းယမ်းကာ ရှင်းပြသည်။ “သူ့အစွမ်းအစတွေက အင်မတန် မြင့်မားတယ်... အန္တရာယ်နဲ့ တွေ့လည်း သူ ထွက်ပြေးနိုင်တယ်.... ကျွန်မတို့ လိုက်သွားရင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာ... ပိုဆိုးတာက ကောင်းကင်ယင်သားတော်နဲ့ ပက်ပင်းတိုးရင် ကျွန်မအနေနဲ့ နတ်ဘုရားဖြစ်နေလည်း ဘာမှမလုပ်နိုင်ဘူး”

ဟယ့်ရီရီ သူမစကားကို တွေးပြီး သူမမျက်လုံးများအား လေးနက်စွာ ကြည့်နေမိသည်။

ချင်မူ တောင်အက်ကွဲကြောင်းထဲ အလျင်အမြန် ဝင်ပြီး အချိန်အတော်လေးကြာမှ ကောင်းကင်ယင်ကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံးဆီ ရောက်လာသည်။ ကောင်းကင်ယင်ကမ္ဘာသို့ လှမ်းကြည့်လိုက်သည့်အခါ မျှော်စင်တစ်ခုက ကမ္ဘာ၏နေရာဟင်းလင်းပြင်ကို လိပ်လျက် ဖိနှိပ်ထားကြောင်း မြင်လိုက်ရ၏။ သံလုံးကြီးတစ်လုံးက ဖျာလိပ်ပေါ် ဖိထားသည်နှင့် တူနေသည်။

မျှော်စင်ဖိထားသော နေရာတွင် ဆာလောင်နေ‌သော သရဲများ မရှိတော့ပေ။ သရဲအုပ်မှာ ဖိအားကြောင့် ပြားကပ်ကာ တုန်ရီနေကြသည်။ မှောင်မှိုင်းနေခဲ့သည့် ကောင်းကင်လည်း ကြည်လင်လာသည်။ သို့သော် လင်းနေခြင်း မရှိသေး။

ချင်မူ သက်ပြင်းချ၍ ရှေ့ဆက်သွားလိုက်သည်။ နောက်ဆုံးတော့ ပင်လယ်ကမ်းစပ်တွင် ခေါင်းကိုက်နေသည့် နတ်ဘုရားမအား တွေ့ရ၏။

ကောင်းကင်ယင်နတ်ဘုရားမမှာ မေးထောက်လျက် ထိုင်နေပြီး ပင်လယ်ကြီးအား ပျင်းရိပျင်းတွဲကြည့်ကာ ခြေထောက်ကို ရေထဲ ချထားသည်။ ရေပြင်မှာ သူ၏ခြေကျင်းဝတ်အထိသာ ရောက်နိုင်လေသည်။

သူမတွင် အဝတ်အစားများမရှိ၊ ကောင်းကင်အလင်းတန်းမှ ဖွဲ့တည်ထားသော အစင်းကြောင်းများသာ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေ၏။ ဤအခြင်းအရာက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လွတ်လပ်ကြမ်းတမ်းမှုကို မြင်သာစေသည်။

ချင်မူ သူမဆီ လျှောက်သွားကာ ကမ်းခြေ၌ ထိုင်လိုက်သည်။ ထို့နောက် သူမပုံစံအတိုင်း ပင်လယ်ထဲ ခြေထောက်ချလိုက်သော်လည်း လှိုင်းလုံးကြီးတစ်လုံးက ရုတ်တရက် လှမ်းပုတ်လိုက်သဖြင့် သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုသွား၏။

ကောင်းကင်ယင်နတ်ဘုရားမမှာ သဘောကျစွာ ရယ်လိုက်ပြီး ပြောသည်။ “မှော်ဝိဇ္ဇာရှင်က သေးလွန်းတယ်... ကောင်းကင်ယင်သားတော်နဲ့ ကျွန်မရဲ့ တိုက်ပွဲကြောင့် ပင်လယ်လှိုင်းတွေ ထန်နေတာပါ”

နတ်ဘုရားမက မေးထောက်ထားသော လက်နှစ်ဖက်ကို မြေပေါ် ပြန်ချ၍ ကောင်းကင်သို့ မော့ကြည့်သည်။ “ကျွန်မ တစ်ယောက်တည်း မဖြစ်ချင်ဘူး... ဒီနေရာကို ရွှမ်တုလို စည်ကားစေချင်တယ်... ကောင်းကင်နယ်စားမင်းရဲ့ ကိုယ်ထဲမှာ အိမ်ဆောက်ထားကြတဲ့ နတ်ဘုရားတွေ အများကြီးပဲသိလား... ကောင်းကင်နယ်စားမင်းရဲ့ ကိုယ်ပေါ်က မြေပြင်တွေမှာလည်း သက်ရှိသတ္တဝါတွေ အများကြီး နေထိုင်ကြတယ်... သူတို့ဘဝတွေက သိပ်ပျော်စရာကောင်းနေမှာပဲ... ဆာလောင်နေတဲ့ သရဲတွေကတော့ စားဖို့ကလွဲပြီး ဘာမှမသိဘူး”

ချင်မူ စဉ်းစားနေစဉ် လှိုင်းလုံးကြီးနောက်တစ်လုံး ပြေးဝင်လာသည်။ လူငယ်လေးက ချီစွမ်းအင်ဖြင့် ကပျာကယာ ခုခံလိုက်၍ နောက်တစ်ကြိမ် ကြွက်စုတ်ဖြစ်မသွားပေ။ “နတ်ဘုရားမ၊ ကောင်းကင်ယင်ကမ္ဘာရဲ့ လက်ရှိအခြေအနေကို ဖြေရှင်းဖို့ ကောင်းကင်နယ်စားမင်းရဲ့ အကူအညီ လိုလောက်တယ်”

သူ စဉ်းစားမိသည့် နည်းနှစ်နည်းကို ရှင်းပြပြီးသည့်အခါ ကောင်းကင်ယင်နတ်ဘုရားမက ခေါင်းယမ်း၏။ “နေတစ်လုံး ခိုးပြီး ဒီနေရာမှာ ချိတ်ဆွဲလိုက်ရင် ကောင်းကင်ရဲ့အရိပ်က ရွှမ်တုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလိမ့်မယ်... ကောင်းကင်ယင်ကမ္ဘာဆိုတာ မရှိ‌တော့မှတော့ ကျွန်မက ကောင်းကင်နယ်စားမင်းနဲ့ တန်းတူ ဘယ်ဖြစ်တော့မလဲ... သူ့ရဲ့ အစေခံမိန်းကလေး ဖြစ်မသွားဘူးလား... သူ့ဖိနပ်ကို အပေါက်ဖောက်မယ့် ကိစ္စကတော့ သူလည်း မကြိုက်လောက်သလို၊ ကျွန်မလည်း မလုပ်ချင်ဘူး... သူ့ရဲ့ နံစော်နေတဲ့ ခြေထောက်ကြီးက သွေးတွေ ကျွန်မကမ္ဘာထဲ စီးဆင်းလာမှာပေါ့”

ချင်မူမှာ ဆွံ့အသွားပြီးနောက် အော်ရယ်လိုက်မိသည်။ “ကျွန်တော့်မှာ သေခြင်းရှင်ခြင်းစာအုပ်တစ်အုပ် ရှိတယ်... နတ်ဘုရားမ ကောင်းကင်ယင်သား‌တော်ရဲ့ ကောင်းကင်နတ်သိုင်းတွေကို လေ့လာနိုင်လောက်တယ်”

“ကောင်းကင်ယင်သားတော်ရဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း ရောဂါလက္ခဏာတွေကိုပဲ ကုသပေးတာ... ရောဂါရဲ့အမြစ်ကို ဖြတ်ပေးတာမဟုတ်ဘူး... လေ့လာလည်း မထူးဘူး”

ကောင်းကင်ယင်နတ်ဘုရားမက ခေါင်းယမ်းပြီး ရှင်းပြသည်။ “ကျွန်မရဲ့ ကောင်းကင်ယင်ကမ္ဘာမှာ သက်ရှိတွေ မွေးဖွားလာစေချင်တယ်... နေထိုင်စေချင်တယ်... ကောင်းကင်ယင်သားတော်ရဲ့ အစွမ်းအစတွေက ကြီးမားပေမယ့် သူကိုယ်တိုင်လည်း ဆာလောင်နေတဲ့ သရဲပြဿနာကို မဖြေရှင်းနိုင်ဘူး”

ချင်မူလည်း ခေါင်းကိုက်စပြုလာ၏။ “လူတစ်ယောက်တည်းရဲ့ ဦးနှောက်က မလုံလောက်ဘူး... နတ်ဘုရားမ ရက်ပိုင်းလောက် ဒီမှာ စောင့်နေပေးပါ... ကျွန်တော် ပြန်ပြီး ဉာဏ်ကောင်းတဲ့လူတွေ သွားခေါ်လိုက်ဦးမယ်... ဒါဆို ဆာလောင်နေတဲ့ သရဲပြဿနာနဲ့ အနက်ရောင်ဝိညာဉ်အမှုန်တွေကို အတူတူ ဖြေရှင်းနိုင်လောက်တယ်”

ကောင်းကင်ယင်နတ်ဘုရားမ အံ့အားသင့်သွားသည်။ “‌ဒီကမ္ဘာပေါ်မှာ မှော်ဝိဇ္ဇာရှင်ထက် ဉာဏ်ပိုကောင်းတဲ့လူတွေ ရှိသေးတယ်လား”

ချင်မူက အလွန်လေးနက်သွားပြီး ဩရှသောအသံဖြင့် ပြောလိုက်သည်။ “နတ်ဘုရားမကတော့ နောက်ပြီ.... ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ထက် ဉာဏ်ပိုကောင်းတဲ့လူတွေ ရှိတာပေါ့... ကျွန်တော်က သိပ်တုံးတယ် ကမ္ဘာပေါ်မှာ နံပါတ်တစ်လို့ မပြောဝံ့ပါဘူး... ကျွန်တော့်ထက် ဉာဏ်ပိုကောင်းတဲ့လူတွေက တစ်ယောက်၊ နှစ်ယောက်... အမ်း လေး၊ ငါးယောက်လောက် ရှိသေးတယ်”

ကောင်းကင်ယင်နတ်ဘုရားမ သူ့အမူအရာကို ကြည့်ကာ တခစ်ခစ် ရယ်မိ၏။ “ဟုတ်ပါပြီ သွားခေါ်ပေးပါဦး... ကျွန်မလည်း မှော်ဝိဇ္ဇာရှင်ထက် ဉာဏ်ပိုကောင်းတဲ့ လူလေး၊ငါးယောက်ကို တွေ့ချင်တယ်”

ချင်မူက ပြုံးလိုက်၏။ “သူတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် ထောက်တိုင်တွေလေ... ဖုန်းတုရဲ့ ယမမင်းလည်း ရှိသေးတယ်... နတ်ဘုရားမ သေချာပေါက် အံ့ဩသွားမှာပါ”

ချင်မူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံ ထုတ်လွှတ်လိုက်သည်။

ကောင်းကင်ယင်နတ်ဘုရားမသည် သူ့ကို စပ်စပ်စုစု ကြည့်နေပြီး ချင်မူ၏မူလဝိညာဉ် ကောင်းကင်ယင်ကမ္ဘာ၏အပြင် ထွက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရ၏။

‘ဆာလောင်နေတဲ့ သရဲတွေ သူ့ခန္ဓာကိုယ်ကို စားမှာ မကြောက်ဘူးလား’ လူနံ့ကြောင့် ရောက်လာကြသော ဆာလောင်နေသော သရဲများအား မောင်းထုတ်ရင်း ကောင်းကင်ယင်နတ်ဘုရားမ တွေးမိသည်။

နန်းတွင်းကောလိပ်၏ သင်ကြားရေးခန်းမထဲတွင် မူလဝိညာဉ်များစွာ ညီလာခံတက်ရောက်နေကြသည်။

“ဘာကိစ္စရှိလို့လဲ ဂိုဏ်းသခင်” စစ်ယွင်ရှန်းက မေးသည်။

“ဧကရာဇ်အတိုင်ပင်ခံ၊ တန်ခိုးရှင်သစ်ခုတ်သမား၊ ရှုရှန်းဟွာနဲ့ ပထမဘိုးဘေးကြီးကို ရှာဖို့လိုတယ်”

ချင်မူ အလျင်အမြန် ပြောလိုက်သည်။ “သူတို့ကို ကူရှာပေးပြီး မာန်ဟုန်မြစ်အစက ကမ်းပါးကြီးလာခဲ့ဖို့ ပြောပေးကြပါ.. အင်မတန် အရေးကြီးပါတယ်လို့..... ဖုန်းတုကနေ ဖြတ်လာရင် ယမမင်းနဲ့ ဝိညာဉ်အစီအရင်ကျွမ်းကျင်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ခေါ်လာခဲ့ပါလို့လည်း ပြောပေးပါဦး”

“ဂိုဏ်းသခင် မပူနဲ့ ကျွန်မတို့ ရှာပေးမယ်”

မူလဝိညာဉ်များ ပြန်ထွက်ခွာသွားကြပြီး များစွာမကြာလိုက်ဘဲ ချင်မူ၏မူလဝိညာဉ်က သူ့ရုပ်ခန္ဓာထဲ ပြန်ရောက်လာသည်။ လှပသော မျက်ဝန်းနက်နက်များဖြင့် သူ့အား စပ်စုနေသော ကောင်းကင်ယင်နတ်ဘုရားမအား မြင်လိုက်ရ၏။

“ဆက်သွယ်ပြီးသွားပြီလား” သူ တခဏလေးအတွင်း ပြန်နိုးလာသည်ကို မြင်လျှင် ကောင်းကင်ယင်နတ်ဘုရားမ အံ့အားသင့်သွားသည်။

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နတ်ဘုရားမ စိတ်မပူနဲ့ သူတို့ ရက်ပိုင်းလောက်နေရင် ဒီရောက်လာလိမ့်မယ်... ကျွန်တော်လည်း ဓားစက်လုံးတစ်လုံး သွန်းလုပ်ရမှာမလို့ ပြန်လိုက်ဦးမယ်”

ကောင်းကင်ယင်နတ်ဘုရားမ ခေါင်းညိတ်ပြပြီး ချင်မူ ထွက်လာခဲ့သည်။

သဘာဝကမ်းပါးကြီးအောက်တွင် ဟယ့်ရီရီက ဟယ့်မိသားစု၏ အမျိုးသမီးများကို ဦးဆောင်ကာ လမ်းဆက်ခင်းနေသည်။ ယန်ကျင့်ကျင့်က ချင်မူ ကောင်းကင်မီးလျှံအား ထိန်းချုပ်၍ ဗုဒ္ဓစွမ်းအင်သတ္ထုနီများနှင့် ကောင်းကင်ယင်သတ္ထုများ အရည်ဖျော်နိုင်အောင် ကူညီပေးနေ၏။

ဗုဒ္ဓစွမ်းအင်သတ္ထုတွင် အားကောင်းသော ဗုဒ္ဓသဘာဝ ကိန်းဝပ်နေ၍ ရတနာအဖြစ် သွန်းလုပ်လိုက်လျှင် ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးဖြာထွက်တတ်သည်။ ဘုန်းကြီးများသာ လက်နက်အတွက် ထိုသတ္ထုမျိုးကို သုံးတတ်ကြသည်။ ကောင်းကင်ယင်သတ္ထုကမူ ဝိညာဉ်ဓာတ် သွန်းလုပ်ရန်တွင် အသုံးဝင်သည့် သတ္ထုမျိုးဖြစ်၍ ဝိညာဉ်များ ထည့်သွင်းထားနိုင်ရာ မူလဝိညာဉ်နှင့် အလွန်လိုက်ဖက်လေသည်။ သို့သော် ထိုကဲ့သို့ ဝိညာဉ်လက်နက်မျိုးမှ သရဲအခိုးအငွေ့များ ထွက်ပေါ်တတ်၏။

ကောင်းကင်ယင်နတ်ဘုရားမ ကောင်းကင်နယ်စားမင်းဆီမှ မီးလျှံ ခိုးယူခဲ့သော အကြောင်းရင်းမှာ ထိုသရဲအခိုးအငွေ့များကို ဖယ်ရှားသန့်စင်ရန် ဖြစ်သည်။

သို့သော် ချင်မူကမူ အနီရောင်သတ္ထုတို့၏ ဗုဒ္ဓရောင်ခြည်တော်များနှင့် ကောင်းကင်ယင်သတ္ထုအတွင်းရှိ သရဲအခိုးအငွေ့များကို အချင်းချင်း တွေ့ပေးလိုက်ရန် ပြင်ထားသည်။ ထိုနည်းဖြင့် ဝိညာဉ်လက်နက် သုံးလျှင် ဘုန်းကြီးရုပ်လည်း မပေါက်၊ သရဲတစ်ကောင်လိုလည်း မဖြစ်သွားတော့ပေ။

သူနှင့် ယန်ကျင့်ကျင့်က ကောင်းကင်သတ္ထုနှစ်မျိုး၏ အချိုးအစားကို ဦးစွာစမ်းကြည့်ကြသည်။ သတ္ထုနှစ်မျိုး သဟဇာတဖြစ်စေရန်အပြင် အကောင်းဆုံး မာကြောမှုနှင့် ကွေးညွတ်နိုင်မှုအချိုးအစားကိုလည်း ရှာရလိမ့်မည်။

ချင်မူ အကြိမ်တစ်ရာကျော် စမ်းသပ်ပြီးသည့်အခါ အပြီးပြည့်စုံဆုံး အချိုးအစားကို တွေ့သွားသည်။ တွေ့သည်နှင့် အရည်ဖျော်၍ ဓားစက်လုံး စတင်သွန်းလုပ်၏။

ယန်ကျင့်ကျင့်မှာ သူ ဓားပျံတစ်လက်ပြီးတစ်လက် သွန်းလုပ်နေသည်ကို ကြည့်နေပြီး လုပ်ငန်းစဉ်မှာ အလွန်ရှုပ်ထွေးမည့်ပုံပေါ်သည်။ သူမက နားမလည်နိုင်စွာ မေးမိသည်။ “နွားကျောင်းတဲ့အစ်ကိုလေး... နင် သွန်းလုပ်ခဲ့တဲ့ ဓားတွေကို ငါ မြင်ဖူးတယ်... နင်က ဓားတွေကို စီးဆင်းနေတဲ့ ရေအလျဉ်လို စိတ်တိုင်းကျ ပြောင်းလဲနိုင်တဲ့အဆင့်အထိ သွန်းလုပ်နိုင်တယ်မဟုတ်လား.. ဒါဖြင့် ဘာလို့ ဓားတစ်လက်ပြီးမှ တစ်လက် သွန်းလုပ်နေတာလဲ....ကောင်းကင်သတ္ထုကိုပဲ စီးဆင်းနေတဲ့ ရေအလျဉ်အဆင့် သွန်းလုပ်လိုက်လို့မရဘူးလား... ဒါဆို ဓားပျံအလက်ရှစ်ထောင်လုံး အပင်ပန်းခံ သွန်းလုပ်နေစရာ မလိုတော့ဘူးလေ”

ချင်မူက ဓားများ ထုရိုက်ရာတွင် အာရုံစိုက်ကာ ဖြေလိုက်သည်။ “ဓားပျံတစ်လက်စီတိုင်းမှာ ခတ်နှိပ်ရတဲ့ သင်္ကေတအမှတ်အသားတွေက မတူဘူး... အဲဒီသင်္ကေတအမှတ်အသားတွေက ငါ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နဲ့ ကိုက်ညီဖို့ လိုတယ်... အဲဒါမှ ဓားတွေက ငါ စေစားရာအတိုင်း လိုက်နာကြမှာ... ဓားတစ်လက်စီတိုင်းအတွက် သင်္ကေတအမှတ်အသားတွေ မှန်ကန်အောင် ခတ်နှိပ်‌ပေးရတယ်....”

သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ရီသွားပြီး ပန်းပဲဆက်မထုတော့ပေ။ သူ့မျက်လုံးများ ကြောင်ငေးသွားသည်။

ယန်ကျင့်ကျင့်မှာ သူ့ကို ကြည့်နေပြီး ချင်မူ၏ ငေးကြောင်နေသောအမူအရာက တဖြည်းဖြည်း လေးနက်လာသည်ကို မြင်နေရ၏။ ထို့နောက် လေးနက်နေရာမှ ဝမ်းမြောက်သွားပြီး အတွေးထဲ နစ်မျောသွားသည့် အမူအရာပြောင်းသွားပြန်သည်။ တခဏလေးအတွင်း မျက်နှာအမူအရာဆယ်ခု ကျော်သည်။

“ဟုတ်သားပဲ”

ချင်မူ ဖြန်းခနဲ လက်ခုပ်တီးကာ ကျယ်လောင်စွာ ရယ်လိုက်၏။ “နင်ပြောတာမှန်တယ်... ငါက ဓားတစ်လက်ချင်းစီကို ပြီးပြည့်စုံအောင် သွန်းလုပ်ပြီး သင်္ကေတအမှတ်အသားတွေ အတိအကျ ခတ်နှိပ်နေပေမယ့် ဒီနည်းလမ်းက ရှုပ်လွန်းတယ်... ကောင်းကင်သတ္ထုကို ဓားစက်လုံးဖြစ်အောင် တန်းသွန်းလုပ်လို့ရတာပဲ”

သူက ရုတ်တရက် ယန်ကျင့်ကျင့်ကို ဖက်၍ မြှောက်ရန် ပြင်လိုက်သော်လည်း အင့်ခနဲ ညည်းလိုက်ရ၏။ သူ့ခါးမှ ကျိုးတော့မည့်အလား ဂျွတ်ခနဲ မြည်သွားသည်။

ယန်ကျင့်ကျင့်က နတ်ဘုရားအဆင့်မဟုတ်ပါလော။ သူမကိုယ်လုံးလေးမှာ သေးသေးကွေးကွေးလေး ဖြစ်သော်လည်း အလေးချိန်ကတော့ ကြောက်စရာကောင်းသည်။ ချင်မူက ကောင်းကင်နတ်အသွင်အဆင့် ဖြစ်၍ သူမကို မြှောက်ချင်လျှင် အိပ်မက်မက်ရုံသာ တတ်နိုင်လိမ့်မည်။

ယန်ကျင့်ကျင့် ရှက်သွားပြီး အလေးချိန်ပေါ့သွားအောင် တိတ်တိတ်က‌လေး မှော်စွမ်းအင် ထုတ်လွှတ်လိုက်သည်။ ထိုအခါမှ ချင်မူမှာ သူမကို မြှောက်ကာ နှစ်ပတ်လှည့်နိုင်သွားသည်။

“တစ်လက်ချင်းစီ သွန်းလုပ်နေရင် အချိန်လည်း ကုန်သလို ငါ့ကျင့်စဉ်ကိုလည်း အပိုင်းရှစ်ထောင် ခွဲပြီး ခတ်နှိပ်ရတယ်... သင်္ချာသဘောတရားတွေ တွေးတာများပြီး အရိုးရှင်းဆုံးနည်းလမ်းကို မေ့သွားတာပဲ”

ချင်မူ သူမကို ပြန်ချကာ ပျော်ရွှင်စွာဖြင့် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ “ငါ ဓားစက်လုံး သွန်းလုပ်လိုက်လို့ရတာပဲ... မဟုတ်ဘူး ဓားတစ်လက် သွန်းလုပ်မယ်... မဟုတ်ဘူး စက်လုံးပဲ သွန်းလုပ်မယ်.... ဒီဓားစက်လုံးက ငါ့ဓား၊ ငါ့ဓားမ၊ ကျန်တဲ့ဝိညာဉ်လက်နက်အားလုံး ဖြစ်လိမ့်မယ်... ငါ့ရဲ့ လောကသခင်ခန္ဓာအမြုတေ သုံးသွယ်ကျင့်စဉ်ရောပဲ...”

သူ့မှာ ဣန္ဒြေမဆည်နိုင်အောင် စိတ်လှုပ်ရှားနေပြီး ဗုဒ္ဓစွမ်းအင်သတ္ထုအနီများနှင့် ကောင်းကင်ယင်သတ္ထုများ ကပျာကယာ ထုတ်သည်။ ထို့နောက် သတ္ထုများကို ပေလေး‌ထောင်မြင့်သော အလုံးကြီးအဖြစ် ပုံသွင်းလိုက်၏။

ချင်မူက သတ္ထုအလုံးကြီး အေးသွားအောင် စောင့်ကာ မ,ကြည့်သော်လည်း တစ်စင်တီမီတာလေးပင် မရွှေ့နိုင်ကြောင်း သဘောပေါက်သွားသည်။ ပုဆိတ်လေးတစ်ကောင်က သစ်ပင်ကြီးကို လှုပ်နေသကဲ့သို့ ဖြစ်နေသည်။

ယန်ကျင့်ကျင့်လည်း မ,ကြည့်သော်လည်း မ,မနိုင်ပေ။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်မိကြသည်။

ချင်မူ့မျက်နှာမှာ နီရဲနေ၏။ ယန်ကျင့်ကျင့်က သူ ကောင်းကင်မီးလျှံ ထိန်းချုပ်နိုင်အောင် ကူညီပေးပြီး စက်လုံးကြီးကို ဖဲ့ကာ မေးလိုက်သည်။ “ဒါကိုရော မနိုင်လား”

ချင်မူ ကြိုးစားကြည့်ပြီး နီရဲနေသောမျက်နှာဖြင့် ပြောလိုက်သည်။ “လေးနေတုန်းပဲ”

ယန်ကျင့်ကျင့်က ကောင်းကင်မီးလျှံကို ထိန်းချုပ်ကာ နောက်တစ်တုံး ထပ်ဖဲ့သည်။ ချင်မူ မ,ကြည့်သည့်အခါ အနည်းငယ်တော့ လေးနေသေးသည်။ သူက ပြုံးလျက် ပြောလိုက်၏။ “ဒါကိုတော့ မ,နိုင်ပြီ... ငါ့သိုင်းအဆင့် တက်လာရင် ရုပ်ခန္ဓာလည်း သန်မာလာလိမ့်မယ်... အဲဒီကျ ဒီလောက်မလေးတော့ဘူး”

ယန်ကျင့်ကျင့်၏အကူအညီဖြင့် ကောင်းကင်သတ္ထုတုံးကို ချင်မူ စက်လုံးဖြစ်အောင် ပုံသွင်းလိုက်၏။ ဤစက်လုံးက တောင်အပုလေးတစ်လုံးအရွယ် မြင့်မားသည်။ ချင်မူ ကိုက်သုံးရာရှိသော သူ၏မူလဝိညာဉ်ကို ထုတ်လွှတ်ကာ စက်လုံးကို ထုရိုက်ပြီး သူ၏ကျင့်စဉ်မှ သင်္ကေတအမှတ်အသားများ ခတ်နှိပ်သည်။ သူက သင်္ကေတအမှတ်အသားများ တူသဖွယ် ဖွဲ့တည်ကာ ဝိညာဉ်လက်နက်ကို ထုရိုက်နေ၏။

မူလဝိညာဉ်က ကောင်းကင်သတ္ထုလုံးကို တစ်နေ့လုံး ထုရိုက်နေသော်လည်း ကောင်းကင်သတ္ထုမှာ သေးငယ်သွားမည့် အရိပ်အယောင် မပြသေးပေ။

ချင်မူကလည်း သတ္ထုအလုံးကြီး၏ ပတ်ပတ်လည်တွင် ပျံသန်းလျက် သူ၏မူလဝိညာဉ်နှင့်အတူ မတူညီသော သင်္ကေတအမှတ်အသားများ ခတ်နှိပ်နေ၏။ နှစ်ရက်သုံးရက်ခန့် ထိုသို့လုပ်ပြီးသည့်အခါ ကောင်းကင်သတ္ထုမှာ တဖြည်းဖြည်း ‌သေးငယ်လာတော့သည်။

“နွားကျောင်းတဲ့အစ်ကိုလေး... ငါတို့ တစ်လက်ချင်းပဲ သွန်းလုပ်လိုက်တာ ကောင်းမလား”

ယန်ကျင့်ကျင့် မနေနိုင်တော့ဘဲ ပြောမိသည်။ “ဒီနည်းလမ်းက ပိုတောင် ကြာနေသလိုပဲ”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်၏။ “ဓားအလက်ရှစ်ထောင်လုံး အချိန်တိုအတွင်း သွန်းလုပ်ချင်ရင် ကုန်ထုတ်စက်ရုံတစ်ရုံ လိုတယ်... ငါတစ်ယောက်တည်းဆို အချိန်ရော ကုန်သလို၊ လူလည်း ပင်ပန်းလိမ့်မယ်... ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကုန်ထုတ်စက်ရုံတွေက ငါ ဒီဇိုင်းဆွဲထားတာလေ... ကောင်းကင်သတ္ထုတွေကို သွန်းလုပ်ဖို့ အင်အားအများကြီး လိုသေးတယ်”

သူ ထိုသို့ပြောနေစဉ် တန်ခိုးရှင်သစ်ခုတ်သမား၏အသံ ထွက်လာသည်။ “ငါ ကုန်ထုတ်စက်ရုံတွေကို ပြန်ဒီဇိုင်းဆွဲပြီးပြီ... ကောင်းကင်သတ္ထုတွေ သွန်းလုပ်ဖို့ အင်အားအများကြီး မလိုတော့ဘူး”

ချင်မူ အသံလာရာသို့ ကြည့်လိုက်သည့်အခါ တန်ခိုးရှင်သစ်ခုတ်သမား၊ ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ၊ ပထမလူသားဧကရာဇ်နှင့် ရှုရှန်းဟွာတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ဥမင်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူတို့အနောက်၌ အရိပ်များ ပြောင်းလဲနေပြီး မည်းမည်းအရိပ်ကြီးတစ်ခု ရွေ့လျားနေသည်။

ယမမင်းသည် အမှောင်ခြုံထည်ကို လွှားခြုံလျက် အရိပ်ထဲ၌ ရှိနေ၏။

ပထမလူသားဧကရာဇ်က ကိုက်သုံးရာမြင့်သော ဓားစက်လုံးကို ကြည့်ကာ မှင်သက်သွားသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ဘယ်သူက ဓားစက်လုံးကို ဒီလိုသွန်းလုပ်လို့လဲ... အရိုင်းဆန်လွန်းတယ်... မင်းမှာ မင့်ဓားစက်လုံး ရှိတယ်မဟုတ်ဘူးလား”

“ကြေမွသွားပြီလေ”

ချင်မူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။ “ဆရာ ကျွန်တော် အမှောင်ထုရဲ့ အရင်းအမြစ်ကို ရှာတွေ့ပြီ”

အားလုံး ရင်ထဲ လှုပ်ခတ်သွားကြပြီး တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက အော်ဟစ်လိုက်၏။ “မင်း ‌ကောင်းကင်ယင်ကမ္ဘာကို ရှာတွေ့ပြီပေါ့... ကောင်းကင်ယင်နတ်ဘုရားမကိုလည်း တွေ့ပြီးပြီပေါ့”

“ကောင်းကင်ယင်ကမ္ဘာနဲ့ ကောင်းကင်ယင်နတ်ဘုရားမရဲ့ နောက်ဆုံးပြဿနာကို ဖြေရှင်းဖို့ အားလုံးကို ခေါ်လိုက်တာပါ”

ချင်မူ ခိုင်ဧကရာဇ်ခေတ်နတ်ဘုရာ၏ အရေခွံအား ထုတ်ကာ ဖြန့်ခင်းလိုက်သည်။ “ဆရာ သူ့ကို မှတ်မိသေးလား”

All Chapters