← Chapters

ဉာဏ်အကောင်းဆုံး

Vol. 51 Ch. 693

ဉာဏ်အကောင်းဆုံး

Vol. 51 Ch. 693

တန်ခိုးရှင်သစ်ခုတ်သမားမှာ လူ့အရေခွံကို အသေးစိတ် ကြည့်ပြီး ရင်ထဲ လှုပ်ခါသွားသည်။ “မှတ်မိတယ်... သူ့နာမည်က နင်းကျင့်တဲ့... အမှောင်ထုနဲ့ပတ်သက်ပြီး စူးစမ်းဖို့ လွှတ်လိုက်တဲ့ နတ်ဘုရားတွေထဲက တစ်ယောက်ပဲ... အမှောင်ထုထဲက မကောင်းဆိုးဝါးတွေ သူ့ကို မစားအောင် ငါ ကောင်းကင်နတ်ဆိုးဖန်ဆင်းကျမ်းစာနဲ့ အစီအရင် ဆွဲပေးလိုက်သေးတယ်... သူ အသက်ရှိနေသေးတာလား”

ချင်မူ ပြောလိုက်သည်။ “မသေ၊ မရှင်လို့ ပြောရမယ်... ဆရာ၊ သူ သူ့တာဝန်ကျေသွားပြီ”

တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။ သူက ခေါင်းညိတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သူ့ကို နိုးနိုင်တဲ့ နည်းလမ်းရှိလား”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ညရောက်လာရင် သူ အသက်ဝင်လာလိမ့်မယ်... အဲ့ကျရင် ဆရာ သူ့ကို တွေ့လို့ရတယ်”

ထိုအခိုက်အတန့်တွင် မည်းမည်းအရိပ်ကြီး မျောလွင့်လာသည်။ ယမမင်း လှုပ်ရှားလိုက်သည့်အခါ သူ၏အမှောင်ခြုံထည်လည်း သူတို့ကို လွှမ်းခြုံသွား၏။ လူ့အ‌ရေခွံမှာ တမုဟုတ်ချင်း ဖောင်းကြွလာပြီး အသွေးအသားတို့ စတင်ပေါက်ဖွားလာသည်။ မကြာမီ ခိုင်ဧကရာဇ်နတ်ဘုရားသည် သက်ရှိလူသားတစ်ယောက်သဖွယ် သူတို့အရှေ့၌ ရပ်နေချေပြီ။

“သူ ဖုန်းတုမှာ နေလို့ရတယ်” ယမမင်းက အမှောင်ခြုံထည်အောက်မှ ပြောသည်။

ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ သူ့လက်သူ ငုံ့ကြည့်ပြီး အံ့အားသင့်နေသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အသက်ရှင်ရတဲ့ ခံစားချက်က ဒါပဲ... အသက်ရှင်ရတဲ့ ခံစားချက်က ဒါပဲ... နှစ်နှစ်သောင်းတောင် ကြာပြီ ဒါ အသက်ရှင်လာတဲ့ ခံစားချက်ပဲ”

ချင်မူ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ “ဆရာကြီး၊ ဆရာကြီးက တကယ် သေနေပြီ... ယမမင်းက သေဆုံးသူတို့ ရှင်သန်ရာကမ္ဘာကို ခေါ်ပေးလိုက်လို့သာ ဆရာကြီး အသက်ရှင်နေသလို ခံစားရတာ”

ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ အလွန်စိတ်လှုပ်ရှားနေသည်။ ရုတ်တရက် တန်ခိုးရှင်သစ်ခုတ်သမားကို မြင်လိုက်ရ၍ သူ့မျက်လုံးများ နီရဲသွား၏။ သူက မြေကြီးပေါ်တွင် ဒူးတစ်ဖက်ထောက်ပြီး လက်နှစ်ဖက်ကို ဆုပ်လျက် ခေါင်းပေါ် မြှောက်လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “ကောင်းကင်ဆရာသခင်ကို ဂါဝရပြုပါတယ်... ကောင်းကင်စာသားအဖွဲ့ နန်းကျင့်၊ နှစ်ပေါင်း နှစ်သောင်းခြောက်ရာ အချိန်ယူခဲ့ရပြီး တာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ”

“အစီရင်ခံစာ၊ ကောင်းကင်စာသားအဖွဲ့သား ငါးဆယ့်ရှစ်ယောက်... ကောင်းကင်ဆရာသခင်ရဲ့ အမိန့်‌တော်အတိုင်း အမှောင်ထုရဲ့ အရင်းအမြစ်ကို သွားရှာခဲ့ပါတယ်... ငါးဆယ့်ခုနစ်ယောက် ကျဆုံးပြီး ဝိညာဉ်တွေ ပြိုကွဲသွားပါတယ်... ဒီငယ်သားပဲ ကံကောင်းထောက်မပြီး အမှောင်ထုရဲ့ အမှန်တရားကို ရှာတွေ့ခဲ့ပါတယ်... ကောင်းကင်ဆရာသခင်၊ ကျေးဇူးပြုပြီး ဒီငယ်သားကို ရာထူးပြန်အပ်နှင်းပေးနိုင်မလားခင်ဗျာ”

တန်ခိုးရှင်သစ်ခုတ်သမား တိတ်ဆိတ်သွားသည်။ သူ့မျက်လုံးများတွင် မျက်ရည်တို့ ဝဲတက်လာသယောင် ထင်ရသော်လည်း စီးကျမလာပေ။ တခဏကြာသော် သူက အမှောင်ထုထဲ ဝင်၍ နင်းကျင့်ကို လက်မောင်းမှ ဆွဲထူပေးလိုက်သည်။ “ကောင်းကင်စာသားအဖွဲ့ရဲ့ စစ်သည်တော်... တာဝန်ကျေပါတယ်”

“ကျေးဇူးတင်ပါတယ် ကောင်းကင်ဆရာသခင်”

နန်းကျင့်က ထပြီး မတ်မတ်ရပ်နေသည်။ သူက စစ်ဆေးမေးမြန်းမှုအတွက် စောင့်နေသော စစ်သည်တော်တစ်ယောက်ပမာ လေးနက်နေပြီး အော်လိုက်၏။ “နင်းကျင့် ကောင်းကင်စာသားအဖွဲ့ထဲ ပြန်ဝင်ခွင့် တောင်းဆိုပါတယ်”

တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလိုက်ကာ ပြောသည်။ “ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားပြီ... ငါ မင်းတို့ကို စိတ်ပျက်စေခဲ့မိတယ်... ကောင်းကင်စာသားအဖွဲ့လည်း မရှိတော့ဘူး... မင်း လွတ်လပ်ပါပြီ”

နန်းကျင့်မှာ ငေးကြောင်သွားပြီး မယုံနိုင်သကဲ့သို့ မျက်လုံးများပြူးကျယ်သွားသည်။ “ကောင်းကင်ဆရာသခင်၊ နှစ်နှစ်သောင်း ကြာခဲ့ပေမယ့် ကျွန်တော် ပြန်လာဖို့ပဲ စောင့်နေခဲ့တာပါ... ကောင်းကင်ဆရာသခင်၊ နင်းကျင့် ရာထူးကို ပြန်ထမ်းဆောင်ပါရစေ”

တန်ခိုးရှင်သစ်ခုတ်သမား မျက်မှောင်ကြုတ်သွားသည်။ “ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံက ပျက်စီးသွားပြီ၊ ကောင်းကင်စာသားအဖွဲ့လည်း ပြိုကွဲသွားပြီ... မင်း လွတ်လပ်ပါပြီ နင်းကျင့်...”

ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ တုန်ရီအက်ကွဲနေသောအသံဖြင့် အော်ဟစ်သည်။ “နင်းကျင့် ရာထူးပြန်ထမ်းဆောင်ပါရစေ”

တန်ခိုးရှင်သစ်ခုတ်သမားမှာ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူ့အသံလည်း အနည်းငယ် တုန်ရီနေသည်။ သူ့အတွက် ခံစားချက်အစစ်အမှန်ကို ဖော်ပြရန် အလွန်ခက်ခဲလေသည်။ သူက တာအိုနှလုံးသားကို ထိန်းချုပ်ရင်း တစ်လုံးချင်း ပြောလိုက်၏။ “ခိုင်ဧကရာဇ်ရဲ့ စစ်သည်တော်၊ ကောင်းကင်စာသားအဖွဲ့သား နင်းကျင့်... ငါ မင်းကို ရာထူးပြန်ထမ်းဆောင်ခွင့် ပြုတယ်”

နင်းကျင့်က ပြုံးပြီး ကျယ်လောင်စွာ အော်ငိုတော့သည်။

တန်ခိုးရှင်သစ်ခုတ်သမားက လှုပ်ခတ်နေသော မျက်ဝန်းများဖြင့် သူ့ပခုံးကို ပုတ်ပြီး စကားထပ်မပြောတော့ပေ။

ချင်မူ သူတို့ကို ကြည့်နေမိသည်။ အဘယ်သို့သော ဧကရာဇ်မျိုးသည် ယခုလို စစ်သည်တော်တစ်ယောက်အား ပိုင်ဆိုင်ထားသနည်း။ ခိုင်ဧကရာဇ်လား။

သို့သော် ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာ၌ ပုန်းနေပြီး သွားပုန်းကတည်းက နှစ်နှစ်သောင်းကြာသည့်တိုင် အရိပ်အယောင်ပင် မမြင်ရတော့ပေ။ အသက်သေဆုံးသည်အထိ သူ့နောက် လိုက်မည့် စစ်သည်တော်များ ရှိနေသည်ကိုလည်း မေ့နေလောက်ပြီ ဖြစ်သည်။

‘ခိုင်ဧကရာဇ်ရဲ့ နတ်ဘုရားတွေဟာ ချင်မိသားစုအပေါ် ကျေးဇူးအကြွေးမရှိဘူး... သူတို့ ငါတို့အတွက် ပေးဆပ်ပေးစရာ မလိုဘူး... ဒီသစ္စာရှိ စစ်သည်တော်တွေကို ကျေးဇူးတင်ရမှာက ချင်မိသားစုပဲ’ ချင်မူ သူ့ဘာသာသူ တွေးမိသည်။

ရှုရှန်းဟွာက သိချင်စိတ်ဖြင့် မေးလေသည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ကို ဘာအတွက် ခေါ်လိုက်တာလဲ”

ချင်မူက ကောင်းကင်ယင်ကမ္ဘာ၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြောပြလိုက်သည်။ “အခုရောက်လာတဲ့ လူတိုင်းက ကျွန်တော့်ထက် ဉာဏ်ပိုကောင်းကြတယ်လေ... ကျွန်တော်တစ်ယောက်တည်း ကောင်းကင်ယင်နတ်ဘုရားမရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူး... ဒါကြောင့် အားလုံး ဝိုင်းကူစဉ်းစားပေးကြပါ”

အားလုံး မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ကာ သူ့စကားကို မယုံနိုင်ကြပေ။ တန်ခိုးရှင်သစ်ခုတ်သမားမှာ ချင်မူ တံငါသည်အဘိုးအိုနှင့်အတူ နေနှင့်လများ သွားမျှားမှန်း သိထားသော်လည်း တံငါသည်အဘိုးအို ပြန်သွားသည်နှင့် ထိုကောင်စုတ်လေး ‌ကောင်းကင်ယင်ကမ္ဘာထဲ ရောက်သွားလိမ့်မည် မထင်ထားခဲ့ပေ။

‘ငါ ကောင်းကင်စာသားအဖွဲ့ရဲ့ နတ်ဘုရား ငါးဆယ့်ရှစ်ယောက်ကို ကောင်းကင်ယင်ကမ္ဘာထဲ လွှတ်ခဲ့ပေမယ့် တစ်ယောက်မှ အသက်ရှင်ရက် ပြန်ထွက်မလာနိုင်ခဲ့ဘူး... ဒီကောင်စုတ်လေးကတော့ ဒီအတိုင်း ဝင်သွားတယ်တဲ့လား”

တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းယမ်းရင်း‌ တွေးနေသည်။ ‘ဒီကောင်စုတ်လေးက သူ့ဆရာတူအစ်ကိုကြီးနဲ့ တစ်ပုံစံတည်းပဲ အကြောက်အလန့်ကို မရှိဘူး.... ငါ့ပထမတပည့်က သူတော်စင်တန်ခိုးရှင် ဖြစ်ချင်လို့ စူးစမ်းလေ့လာနေတယ် ပြောပေမယ့် ဘာအတွက် လုပ်နေတာ ဖြစ်မလဲ... သူ စပ်စုချင်နေတာတွေ သိရဖို့ပဲ မဟုတ်လား’

သူ့မှာ ချင်မူ့ကိုလည်း မနိုင်ပေ။ ကောင်းကင်ယင်ကမ္ဘာသည် တွေးဆမကြည့်နိုင်အောင် အန္တရာယ်များသော်လည်း ချင်မူက ပြန်ထွက်လာနိုင်သည့်အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သော ကောင်းကင်ယင်နတ်ဘုရားမကိုပင် အသက်သွင်းနိုင်ခဲ့သည်။

ဤကဲ့သို့ အတွေ့အကြုံ၊ ဤကဲ့သို့ အခွင့်အရေးနှင့် ပြဿနာဖြေရှင်းသော နည်းလမ်းများက သူပင်လျှင် မယှဉ်နိုင်ပေ။

“ဂိုဏ်းသခင်ချင်၊ မင်းထက် ဉာဏ်ပိုကောင်းတဲ့လူတွေက ဘယ်သူတွေလို့ ပြောလိုက်တာ”

ရှုရှန်းဟွာက ပြုံးတောင့်ပြုံးခဲ ပြုံးနေပြီး မရယ်မိအောင် မြိုသိပ်ထား၏။ “ဂိုဏ်းသခင်ချင် အဲဒီစကားလေး ပြန်ပြောပေးလို့ရမလား”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ချောင်းဟန့်ကာ ပြောသည်။ “ငါလည်း ဒုတိယအစ်ကိုကြီး ထပ်ပြောတာ ကြားချင်တယ်”

ပထမလူသားဧကရာဇ်က အပြုံးတစ်ခုဖြင့် ပြော၏။ “ငါရောပဲ... မူအာ စောစောက ပြောလိုက်တာလေး ထပ်ပြောစမ်းပါ”

ယမမင်း၏အသံက ဖုန်းတုထဲမှ ထွက်လာသည့်အလား အဝေးမှ ပျံ့လွင့်လာသည်။ “ဒီလောက် မာန်တက်နေတဲ့ လူတစ်ယောက်ဆီက ငါတို့လောက် ဉာဏ်မကောင်းဘူးလို့ ဝန်ခံစကား ကြားရတာ သိပ်ကျေနပ်မိတယ်”

သူတို့အားလုံး ချင်မူ၏ ရိုက်နှက်ခံခဲ့ရသည်မဟုတ်ပါလော။ ပထမလူသားဧကရာဇ်မှာ ထည့်ပြောနေစရာပင် မလိုသလို၊ ရှုရှန်းဟွာလည်း ချင်မူ့ကို ရှုံးနိမ့်ခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာလည်း မူလဝိညာဉ်လမ်းညွှန်နှင့် လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံကြောင့် အံ့အားသင့်ရပြီး ချင်မူ ဖန်တီးခဲ့သော ဆယ့်ရှစ်ချက်မြောက် ဓားကွက်ကြောင့် ပို၍ပင် အံ့ဩခဲ့ရလေသည်။

ယမမင်းကတော့ ပြောနေစရာပင် မလိုပေ။ ဘုရင်ချင်၏ခန်းမတစ်ခုလုံး ပြိုကျသည်အထိ ရိုက်နှက်ခံခဲ့ရသော အဖြစ်က သူ့ကို တစ်သက်လုံး ခြောက်လှန့်နေမည့် အရိပ်ကြီးဖြစ်၏။

ချင်မူ့မျက်နှာမှာ မီးသွေးတုံးလို မည်းမှောင်သွားသည်။ သူက သရော်တော်တော် ပြောလိုက်သည်။ “ဒီထဲမှာ ငါ့ထက် ဉာဏ်ကောင်းတဲ့လူ လေးယောက်ပဲ ရှိတယ်... အဲဒီတစ်ယောက်က ဘယ်သူလဲ ကိုယ့်သာသာကိုယ် တွေးကြည့်ကြ”

သူ ထိုသို့ပြောလိုက်သည်နှင့် အားလုံး အတွေးထဲ နစ်မျောသွားကြသည်။

ပထမလူသားဧကရာဇ်က သက်ပြင်းချပြီး စိတ်ဓာတ်ကျသွားသည်။ ‘သူက ငါ့ရဲ့ ကောင်းကင်မြေပြင်မုဒြာသိုင်းကို မလေ့လာချင်ဘူး... ငါ့မုဒြာသိုင်းက သူ့မုဒြာသိုင်းလောက် မကောင်းဘူးလို့ ခံစားနေရတာဖြစ်မယ်...’

ယမမင်းမှာလည်း ထို‌ကောင်စုတ်လေးလောက် ဉာဏ်မကောင်းသလို ခံစားရ၍ သက်ပြင်းချနေသည်။ သူ့ခန္ဓာကိုယ်က အမှောင်ထဲ၌ မှေးမှိန်သွား၏။ ဧကရာဇ်အတိုင်ပင်ခံက မျက်ဝန်းထောင့်စွန်းများ တွန့်သွားသော်လည်း စကားတစ်ခွန်းမပြောပေ။

ရှုရှန်းဟွာက သေသေချာချာ တွေးကြည့်နေပြီး တချို့နယ်ပယ်များတွင် ချင်မူ့ထက် သာသည်ဟု ခံစားရသော်လည်း အနိုင်ယူရန် ယုံကြည်ချက်မရှိသေးပေ။ ထို့ကြောင့် သူလည်း အနည်းငယ် စိတ်ပျက်သွားသည်။

“ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တယ်ဆိုတဲ့ ဆိုရိုးရှိတယ်... အခု ချင်မူက စကားတစ်ခွန်းတည်းနဲ့ လူလေးယောက်ကို ရိုက်ချလိုက်ပြီ”

တန်ခိုးရှင်သစ်ခုတ်သမား အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မင်းတို့တွေ စိတ်ပူမနေကြနဲ့... သူက ငါတို့လောက် ဉာဏ်ကောင်းတာမဟုတ်ဘူး... သူက လောကသခင်ခန္ဓာမဟုတ်လား... သူ့မှာ အရည်အချင်းကောင်းတွေ ရှိနေတာ မထူးဆန်းပေမယ့် သူ့ ကြည့်လေ ကောင်းကင်နတ်အသွင်အဆင့်ကနေ မတက်သေးဘူး... သူ့ဦးနှောက် ကောင်းမကောင်း အသိသာကြီးပဲ...ကဲ သွားဖို့ ကောင်းကင်ယင်ကမ္ဘာမှာ ကောင်းကင်ယင်နတ်ဘုရားမနဲ့ သွားတွေ့ကြမယ်”

ချင်မူက ခပ်တိုးတိုး ချေပနေ၏။ “ဆရာ့သိုင်းအဆင့်ကလည်း ကောင်းကင်ဆရာသခင်လေးယောက်ထဲမှာ ဘိတ်ချီးကို .... ဆရာ ဘယ်လောက်တုံးလဲ အသိသာကြီး”

တန်ခိုးရှင်သစ်ခုတ်သမား ပုဆိန်ထုတ်၍ သွေးလိုက်သည်။ မီးပွားများ ထွက်လာပြီး ချင်မူ ပါးစပ်ပေါက်ပိတ်သွား၏။  သူက သူတို့ကို ကောင်းကင်ယင်ကမ္ဘာဆီသို့ ခပ်သွက်သွက် ခေါ်သွားတော့သည်။

နဂါးချီလင်မှာ ကောင်းကင်ယင်ကမ္ဘာထဲ လိုက်မလာရဲသဖြင့် ဟယ့်ရီရီနှင့်သာ ထားခဲ့ရသည်။

ကောင်းကင်ယင်ကမ္ဘာတွင်

အမှောင်ထု လွှမ်းခြုံနေသည်။ အနက်ရောင်အမှုန်များက မည်သည့်အရာကိုမဆို ဖုံးလွှမ်းနေပြီး အမှောင်ထုထဲ၌ မြင့်မားသော မျှော်စင်တစ်ခုသာ ရှိ၏။ မျှော်စင်က အနက်ရောင်အမှုန်တို့အား ကောင်းကင်ယင်ကမ္ဘာ၏ အနားသတ်များဆီသို့ တွန်းထုတ်ထားသည်။

“ဒါက အနက်ရောင်အမှုန်တွေနဲ့ ဆာလောင်နေတဲ့ သရဲတွေလား”

အားလုံး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိကြသည်။ ယန်ကျင့်ကျင့်လည်း ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်၍ အလွန်စပ်စုချင်နေ၏။

ရှုရှန်းဟွာက သိုင်းအဆင့်က ချင်မူ့လို ကောင်းကင်နတ်အသွင်အဆင့်ဖြစ်သောကြောင့် အားလုံးထဲတွင် အနိမ့်ဆုံးဖြစ်ချေသည်။ သူ အမှောင်ထုကို ထိကြည့်ရန် ကြိုးစားသည့်အခါ တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းပြသည်။ “ဆာလောင်နေတဲ့ သရဲတွေကို သတိထား... သူတို့က အင်မတန် မြန်တယ်”

ရှုရှန်းဟွာ ပြုံးလျက် ပြောလိုက်သည်။ “ဟိုးက မျှော်စင်က ဆာလောင်နေတဲ့ သရဲတွေကို ဖိနှိပ်ပေးထားပါတယ်... သူတို့ မလာနိုင်ပါဘူး... ကျွန်တော် တစ်ကောင်လောက် ဖမ်းပြီး လေ့လာချင်လို့ပါ”

“ခဏစောင့်”

ချင်မူက အမှောင်ထုထဲ ပျောက်ကွယ်သွားပြီး တခဏကြာသော် လက်ထဲတွင် ဆာလောင်နေသော သရဲတစ်ကောင်ဖြင့် ပြန်ပေါ်လာသည်။

ရှုရှန်းဟွာ အသေးစိတ် လေ့လာတော့မည့်အချိန် တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “ကောင်းကင်ယင်နတ်ဘုရားမကို အရင်ဆုံး သွားတွေ့ရအောင်... ဧည့်သည်ဝတ္တရား မေ့လို့ မဖြစ်ဘူး”

အကုန်လုံး ပင်လယ်ကမ်းစပ်သို့ ရောက်သွားပြီး ထိုင်နေသော ကောင်းကင်ယင်နတ်ဘုရားမအား လှမ်းမြင်ကြရသည်။ သူတို့မှာ ခေါင်းမော့ကြည့်ရင်း တုန်လှုပ်သွားကြ၏။

“မင်တုရဲ့ မဟူရာနတ်မင်းက ဒီလောက် အင်အားကြီးမားတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို သတ်နိုင်တယ်ဆိုတော့ သူ့အစွမ်းအစတွေက ဘယ်လောက်ကြောက်စရာကောင်းလိုက်မလဲ”

ချင်မူ အားလုံးကို ခေါ်သွားလိုက်သည်။ ကောင်းကင်ယင်နတ်ဘုရားမက သူတို့ကို အကဲခတ်သလို ကြည့်လေသည်။ “မှော်ဝိဇ္ဇာရှင်၊ ဒီလူတွေက ရှင့်ထက် ဉာဏ်ကောင်းတဲ့ လူတွေဆိုတာလား”

“နတ်ဘုရားမ၊ ဒါက ကျွန်တော့်ဆရာ တန်ခိုးရှင်သစ်ခုတ်သမားပါ... သူက ခိုင်ဧကရာဇ်ခေတ်တုန်းက ပြုပြင်ပြောင်းလဲမှုတွေ ကြီးမှူးလုပ်ဆောင်ခဲ့တဲ့လူပေါ့..

“ဒီလူကတော့ ဧကရာဇ်အတိုင်ပင်ခံ၊ လက်ရှိခေတ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်နေတဲ့လူ... ဒီဘက်က ဖုန်းတုရဲ့ ယမမင်း... သူက ယိုတုရဲ့တစ်စိတ်တစ်ပိုင်းကို ပိုင်နက်အဖြစ် သိမ်းပိုက်ခဲ့ပြီး မဟာမြို့ပျက်မှာ ဖုန်းတုကို တည်ထောင်ထားတာ... ဝိညာဉ်ပညာမှာ သူ့အစွမ်းအစတွေက အင်မတန်မှ မြင့်မားတယ်...

“ဒါကတော့ ပထမလူသားဧကရာဇ်၊ ကောင်းကင်နှင့်မြေပြင် နှလုံးသားလျှို့ဝှက်ချက်သိုင်းကွက်ကို တီထွင်ခဲ့တဲ့သူ... သူ့သိုင်းအဆင့်က နတ်ကောင်းကင်ခန်းမအဆင့် ရောက်နေပေမယ့် အဲဒါ လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းကပါ... အဲဒီအချိန်တုန်းက သူက ပညာသင်ကြားနေတဲ့ မင်းသားတစ်ယောက်ပဲ ရှိသေးတယ်... ဒီနှစ်နှစ်သောင်းကို အလဟဿ ဖြုန်းတီးပစ်ခဲ့ပေမယ့် သူ့အထုံပါရမီနဲ့ တွေးခေါ်နိုင်စွမ်းက သူမတူဘူး...

“ဒီလူငယ်ကတော့ ရှုရှန်းဟွာတဲ့... လောကသခင်ခန္ဓာအတုပေါ့လေ... အရပ်ခြောက်မျက်နှာအဆင့်နဲ့ ခုနစ်စဉ်အဆင့်ကို ပေါင်းစည်းပေးနိုင်ခဲ့တဲ့ လူလည်း ဟုတ်တယ်”

ချင်မူက တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီးနောက် ပြောလိုက်သည်။ “သူတို့ရဲ့ ဉာဏ်ပညာကြောင့် ကျွန်တော် ခဏခဏ အံ့အားသင့်ခဲ့ရတယ်... သူတို့ရဲ့အတွေးအခေါ်တွေကိုလည်း ကျွန်တော် သိပ်လေးစားတယ်... သူတို့ရဲ့ဦးနှောက်က ကောင်းကင်ယင်သားတော်အောက် မနိမ့်ကျဘူး... ဒါကြောင့် ကျွန်တော်တို့အားလုံး ပေါင်းလိုက်ရင် ကောင်းကင်ယင်ကမ္ဘာရဲ့ ပြဿနာကို နတ်ဘုရားမ ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်လောက်တယ်”

အားလုံး နှုတ်ဆက်လိုက်ကြသည်။ “နတ်ဘုရားမကို ဂါဝရပြုပါတယ်”

ကောင်းကင်ယင်နတ်ဘုရားမက လက်ကာပြကာ ပြော၏။ “ထုံးစံတွေ မလိုပါဘူး... မှော်ဝိဇ္ဇာရှင်က အကြံနှစ်ခု ပေးခဲ့ပေမယ့် အဲဒါအကြံတွေက ကောင်းကင်ယင်ကမ္ဘာရဲ့ ပြဿနာဇစ်မြစ်ကို မဖြေရှင်းပေးနိုင်ဘူး... ရှင်တို့အားလုံးက တခြားသူတွေထက် တွေးခေါ်နိုင်စွမ်း မြင့်မားတယ်ဆိုတော့ မှော်ဝိဇ္ဇာရှင်ရဲ့ အကြံနှစ်ခုကို ခန့်မှန်းနိုင်ကြလား”

သူမသည် သူတို့အားလုံး ချင်မူ့ထက် ဉာဏ်ပိုကောင်းကြောင်း မယုံသဖြင့် စမ်းသပ်ကြည့်လိုက်၏။

ဧကရာဇ်အတိုင်ပင်ခံက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “နေတစ်လုံး ချိတ်ဆွဲလိုက်ဖို့များလား”

ကောင်းကင်ယင်နတ်ဘုရားမ၏မျက်လုံးများ အရောင်လက်သွားသည်။

ရှုရှန်းဟွာက ကောင်းကင်ဆီသို့ မော့ကြည့်သည်။ သူက စဉ်းစားပြီး ပြောလိုက်၏။ “ကောင်းကင်နယ်စားမင်းရဲ့ ဖိနပ်ကို အပေါက်ဖောက်ပြီး အလင်းရောင်ခိုးယူဖို့လား”

ပထမလူသားဧကရာဇ်လည်း အတန်ကြာ တွေးတောရင်း ပြောသည်။ “ကောင်းကင်ယင်ကမ္ဘာနဲ့ မဟာမြို့ပျက်ကို ဆက်သွယ်ပေးထားတဲ့ အက်ကွဲကြောင်းမှာ နတ်ဘုရားရုပ်တုတစ်ရုပ် ချထားလိုက်ဖို့ ဖြစ်လောက်တယ်... ဒါဆို အမှောင်ထု မဟာမြို့ပျက်ထဲ မဝင်နိုင်တော့ဘူး”

ယမမင်း ခေါင်းယမ်းကာ ပြောလိုက်၏။ “အဲဒါ အလုပ်မဖြစ်ဘူး... ကောင်းကင်ယင်ကမ္ဘာကတော့ ကမောက်ကမ ဖြစ်နေဦးမှာပဲ... လူသားဧကရာဇ်ချင်ရဲ့ အကြံက သူ့မျက်ခုံးနှစ်ဖက်ကြားမှာ ဖိနှိပ်ခံထားရတဲ့ ‘သူမဟုတ်တဲ့ သူ’ ဘဝင်လေဟပ်နေတဲ့ အဲဒီမိစ္ဆာလေးကို လွှတ်ပေးပြီး ဆာလောင်နေတဲ့ သရဲတွေနဲ့ အမှောင်ထုကို စားပစ်ဖို့ ဖြစ်လောက်တယ်.... မြေအောက်ဘုံအရှင်သခင်အနေနဲ့ ဒီကို မလာနိုင်ဘူးဆိုတော့ အဲဒီဂြိုဟ်ဆိုးလေးကိုပဲ သူ ခေါ်နိုင်မှာ”

ကောင်းကင်ယင်နတ်ဘုရားမ အံ့ဩဝမ်းသာသွားသည်။ ချင်မူ ပြောခဲ့သော အကြံနှစ်ခုထက် နှစ်ခုပိုသွားချေရာ သူတို့၏ဉာဏ်ပညာက ချင်မူထက် မြင့်မားသည်ဟု ဆိုလို၏။

သူမက တန်ခိုးရှင်သစ်ခုတ်သမားဆီ ကြည့်ကာ ရိုရိုကျိုးကျိုး‌ မေးလိုက်သည်။ “အဆွေတော်ရဲ့ အဖြေကရော”

တန်ခိုးရှင်သစ်ခုတ်သမား စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “နတ်ဘုရားမက မဟူရာနတ်မင်း အကောက်ကြံလိုက်လို့ ဆာလောင်နေတဲ့သရဲတွေ စားတာ ခံခဲ့ရပြီး နတ်ဘုရားမကိုယ်တိုင်လည်း ဆာလောင်နေတဲ့ သရဲတစ်ကောင် ဖြစ်သွားခဲ့မှာပဲ ဟုတ်တယ်မလား... အခု နတ်ဘုရားမ အသက်ပြန်ရှင်လာမှတော့ ဆာလောင်နေတဲ့ သရဲပြဿနာ ပြေလည်သွားတာ သိသာနေပြီလေ... ဘာကြောင့် ကျုပ်တို့ အဖြေထပ်ရှာစရာလိုဦးမှာလဲ”

ကောင်းကင်ယင်နတ်ဘုရားမ အကြီးအကျယ် အံ့အားသင့်သွားသည်။ “ရှင်က တစ်လောကလုံးမှာ ဉာဏ်အကောင်းဆုံးပဲ”

“မဟုတ်ပါဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက ရိုးသားစွာ ပြောလိုက်၏။ “နတ်ဘုရားမကို အသက်သွင်းပေးခဲ့တဲ့လူကမှ ကျုပ်ထက် ပိုဉာဏ်ကောင်းတာပါ... အဲဒီလူက ဘယ်သူများလဲ”

ကောင်းကင်ယင်နတ်ဘုရားမ ချင်မူ့ဆီသို့ လှမ်းကြည့်လိုက်၍ ချင်မူက ပြုံးပြနေသည်။ သို့သော် ဘဝင်လေဟပ်နေသော မျက်နှာထားကိုတော့ မဖုံးဖိနိုင်ပေ။

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို တစ်ချက်ကြည့်ကာ မထူးခြားသလို ပြောလိုက်၏။ “သူ့ဟာသူ အဖြေရှာပြီး အဖြေမှန်းတောင် မသိဘူး... တော်တော်တုံးတာပဲ”

ချင်မူ့မျက်နှာ မီးသွေးတုံးလို မည်းခြစ်သွားသည်။

၎

င

၎

၎

All Chapters