← Chapters

ဘီလူးကြီး၏ ပခုံး

Vol. 51 Ch. 693

ဘီလူးကြီး၏ ပခုံး

Vol. 51 Ch. 693

ကောင်းကင်ယင်နတ်ဘုရားမက သူတို့ကို ကြည့်ပြီး ချီးကျူးသည်။ “ဒီကလူအားလုံးရဲ့ ဉာဏ်ပညာနဲ့ တွေးခေါ်နိုင်စွမ်းတွေက ဒီကမ္ဘာတွေပေါ်မှာ ရှားပါးလှပါပေတယ်... ဒီလောက်အချိန်တိုအတွင်း လူခြောက်ယောက် ပေါ်ထွန်းလာခဲ့မယ် မထင်ထားဘူး... အခု ဘယ်လိုကမ္ဘာမျိုး ဖြစ်နေပြီလဲ... ဒီလောက် ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ အချိန်တိုအတွင်း ဘယ်လိုလုပ်ပြီး ပေါများလာခဲ့တာပါလိမ့်”

ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်၏။ “နတ်ဘုရားမ၊ နတ်ဘုရားမအရှေ့က ဒီလူတွေက နှစ်နှစ်သောင်းအတွင်း ပေါ်ထွန်းခဲ့တဲ့ ဉာဏ်ပညာရှင်တွေပဲ ရှိပါသေးတယ်....”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို လောလိုက်သည်။ “နတ်ဘုရားမကို အသက်သွင်းပေးခဲ့တဲ့ မင်းရဲ့ ကောင်းကင်နတ်သိုင်းကို မြန်မြန်ထုတ်ဖော်လိုက်တော့... မင်းကိုယ်မင်း ချီးကျူးတော့မှာကိုလည်း ရပ်လိုက်... ဒီနှစ်နှစ်သောင်းအတွင်း ‌ပေါ်ထွန်းခဲ့တဲ့ ဉာဏ်ပညာရှင်က ငါးယောက်ပဲ ရှိတယ်... မင်းက လောကသခင်ခန္ဓာ.. ဉာဏ်ကောင်းနေတာမဟုတ်ဘူး”

ချင်မူ စိတ်တိုသွားသော်လည်း သူ ပြောင်းလဲထားသော ဝိညာဉ်လမ်းညွှန်အစီအရင်ကို ထုတ်ဖော်ပြလိုက်သည်။ ကောင်းကင်အလိုတော်မုခ်ဝ၏ ဖွဲ့စည်းပုံကိုလည်း ပြောင်းလဲလိုက်၏။ ယိုတုဘာသာစကား နောက်တစ်ကြိမ် ပျံ့လွင့်လာပြီး အားလုံး သူ့အသံကြားသည့်အခါ မျက်မှောင်ကြုတ်သွားကြသည်။

ချင်မူက ကောင်းကင်အလိုတော်မုခ်ဝကို လှည့်၍ ကောင်းကင်နယ်စားမင်းဆီမှ စွမ်းအားကို ခိုးယူသည်။ ထို့နောက် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို ခိုးယူပြီးနောက် နှစ်ယောက်လုံး၏စွမ်းအားကို တစ်ပြိုင်တည်း ခိုးလိုက်၏။

အားလုံး ငေးငိုင်သွားကြပြီး နားထောင်ရင်း တွေဝေရှုပ်ထွေးကုန်ကြသည်။

“ဒါက ယိုတုဘာသာစကားပဲ ငါ ရှစ်ဆယ်ရာခိုင်နှုန်း နားလည်တယ်”

ယမမင်းက သူ့ကျင့်စဉ်ကို ထုတ်လွှတ်လိုက်ရာ သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝနှင့် ခပ်ဆင်ဆင်တူသော မုခ်ဝတစ်ခု ဖွဲ့တည်လာသည်။ “ဒါပေမဲ့ ဒီစာအုပ်မျိုး တစ်ခါမှ မမြင်ဖူးဘူး.... ပြီး‌တော့ ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ဆီက စွမ်းအားခိုးယူတာ ပြဿနာနည်းနည်း ရှိလောက်တယ်... သူတို့အမျက်ရှရင် ငါတို့ မခံနိုင်ဘူး”

“ကျုပ် ယိုတုဘာသာစကားကို ခြောက်ဆယ်ရာခိုင်နှုန်း နားလည်နိုင်တယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “ကောင်းကင်ဆရာသခင်လက်အောက်မှာ အချိန်တစ်ခုအထိ သင်ယူခဲ့ရပေမယ့် အသံမထွက်တတ်သေးတဲ့ စကားစုတွေ ရှိနေသေးတယ်”

တန်ခိုးရှင်သစ်ခုတ်သမား မျက်မှောင်ကြုတ်၍ ပြော၏။ “ငါလည်း သူ ရွတ်နေတာကို အပြည့်အဝ နားမလည်ဘူး... ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအား ခိုးတဲ့ကိစ္စကတော့ နည်းနည်းလေး ခိုးလို့ ပြဿနာမရှိပါဘူး... ဒါပေမဲ့ များသွားရင်တော့ သူတို့နှစ်ယောက် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမှာမဟုတ်ဘူး... ကောင်းကင်ယင်ကမ္ဘာရဲ့ ဝိညာဉ်တွေကို အသက်သွင်းဖို့ သူတို့စွမ်းအား ခိုးလိုက်ရင်ကတော့ သေချာပေါက် အမျက်ရှလိမ့်မယ်”

ရှုရှန်းဟွာ၊ ကောင်းကင်နယ်စားမင်းနှင့် ယန်ကျင့်ကျင့်မှာ ယိုတုဘာသာစကား မသင်ဖူး၍ နားမလည်ကြပေ။

ရှုရှန်းဟွာက မေးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားကို ခိုးလို့မရဘူးဆိုရင် ဂိုဏ်းသခင်ချင်ရဲ့ ကေင်းကင်နတ်သိုင်းကို ပြောင်းလဲပြီး ရှောင်သွားလိုက်ရင်ရော”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “ရှောင်သွားတယ် မခေါ်ဘူး... ဂိုဏ်းသခင်က ငါတို့အတွက် သိပ်ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးထားပြီးပြီ... နတ်ဘုရားမ၊ ကောင်းကင်ယင်ကမ္ဘာမှာ ကိုယ်ပိုင်ကောင်းကင်နတ်သိုင်းစနစ်တွေ မရှိဘူးမလား”

ကောင်းကင်ယင်နတ်ဘုရားမ ခေါင်းညိတ်လိုက်၏။ “အစတုန်းက ဒီမှာ နေထိုင်ကြတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရှိပေမယ့် သူတို့အားလုံးက အပြင်ကမ္ဘာသားတွေပဲ... စစ်ဘေးရှောင်ဖို့ ဒီနေရာကို လာကြတာဆိုတော့ အပြင်လောကရဲ့ ကောင်းကင်နတ်သိုင်းတွေကို ယူဆောင်လာကြတယ်... အရင်တုန်းကတော့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ မရှိဘူး... ကျွန်မတစ်ယောက်ပဲ ရှိခဲ့တာ”

ဧကရာဇ်အတိုင်ပင်ခံက ပြုံးလိုက်သည်။ “အဲဒါဆို ဒီနေ့ကစပြီး ကောင်းကင်ယင်ကမ္ဘာမှာ ကိုယ်ပိုင်ကောင်းကင်နတ်သိုင်းစနစ် ရှိလာနိုင်ပြီ”

ရှုရှန်းဟွာ၏ မျက်လုံးများ လင်းလက်သွားပြီး ဧကရာဇ်အတိုင်ပင်ခံဆီသို့ ကြည့်ကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘နှစ်ငါးရာမှာ တစ်ကြိမ်‌ပေါ်တဲ့ ပါရမီရှင်ဆိုတဲ့အတိုင်း ဉာဏ်ပညာကြီးမားပါပေတယ်... ဒါပေမဲ့ တန်ခိုးရှင်သစ်ခုတ်သမား ဘာတစ်ခွန်းမှ ဝင်မပြောတာက သူ့တပည့်ရဲ့ ဉာဏ်အမြော်အမြင်နဲ့ တွေးခေါ်နိုင်စွမ်းကို ကြည့်ချင်လို့ ဖြစ်လောက်တယ်’

ပထမလူသားဧကရာဇ်နှင့် ယမမင်းလည်း တမုဟုတ်ချင်း သဘောပေါက်သွားသည်။ ပထမလူသားဧကရာဇ်က ပြုံးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ လမ်းပြပေးမှုကြောင့် ကျုပ်တို့ လမ်းရှာတွေ့သွားပါပြီ”

ယမမင်းလည်း သက်ပြင်းချသည်။ “လူသားဧကရာဇ်ချင်ရဲ့ ကောင်းကင်နတ်သိုင်းက ကောင်းကင်ယင်ကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းစနစ်ကို တည်ထောင်ဖို့ အဓိကသော့ချက်ပဲ”

တန်ခိုးရှင်သစ်ခုတ်သမား ချင်မူ့ကို ကြည့်ကာ ပြောလိုက်၏။ “တပည့်လေး၊ မင်းရဲ့ ကောင်းကင်နတ်သိုင်းကို ရှင်းပြပါဦး”

ချင်မူက ကောင်းကင်နတ်သိုင်းအကြောင်း အသေးစိတ် ရှင်းပြလိုက်ပြီး ဤနေရာရှိ လူတိုင်းသည် ဉာဏ်အမြော်အမြင်ကြီးမားသူများ ဖြစ်သည့်အလျောက် တစ်ခေါက်နားထောင်ရုံနှင့် အလွတ်ရသွားကြ၏။ ထို့နောက် အားလုံး ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြသည်။

ဧကရာဇ်အတိုင်ပင်ခံ ယိုတုစကားကို တိတ်ဆိတ်စွာ ရွတ်လိုက်သည့်အခါ သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင်ဝိညာဉ်မှုန်များ လှုပ်ရှားလာသည်။

ရှုရှန်းဟွာက ခြေလှမ်းများကို ရပ်၍ ချင်မူ ဖမ်းပေးခဲ့သည့် ဆာလောင်နေသော သရဲဆီသို့ ယိုတုစကား ရွတ်ဖတ်လိုက်သည်။ ဆာလောင်နေသော သရဲမှာ ပါးစပ်ကြီးဟကာ သွေးပျက်စွာ အော်ဟစ်လိုက်ပြီး သူ့ကိုယ်ထဲရှိ အနက်ရောင်အမှုန်များ ထွက်လာ၏။ တစ်ချိန်တည်းမှာပင် အပြင်ရှိ အနက်ရောင်အမှုန်များကလည်း အထဲသို့ တိုးဝင်နေသည်။

ပထမလူသားဧကရာဇ်သည် သေခြင်းရှင်ခြင်းစာအုပ်ကို ငှား၍ ချီစွမ်းအင်ဖြင့် ယိုတုဘာသာစကားကို ဖွဲ့တည်ကြည့်သည်။ ထို့နောက် ချင်မူ၏ကောင်းကင်နတ်သိုင်းတွင် အပြောင်းအလဲတချို့ လုပ်နေ၏။

ယမမင်းကလည်း ယိုတုကောင်းကင်နတ်သိုင်းများအား လေ့လာထားဖူး၍ ချင်မူ့ကောင်းကင်နတ်သိုင်းကိုသာ တန်းပြောင်းလဲနေသည်။

အခြားတစ်ဖက်တွင် တန်ခိုးရှင်သစ်ခုတ်သမားသည် နတ်ဘုရားနင်းကျင့်ကို ပတ်၍ လျှောက်ရင်း လေ့လာစူးစမ်းနေ၏။

တစ်ယောက်နှင့်တစ်ယောက် အတွေးအခေါ် ကွဲပြားကြသလို၊ ကောင်းကင်နတ်သိုင်းအပေါ် သဘောပေါက်နားလည်ထားမှုများလည်း မတူညီကြပေ။ မည်သို့ဆိုစေ အားလုံး ချင်မူ၏ကောင်းကင်နတ်သိုင်းအပေါ် အခြေခံ၍ အသစ်များ တီထွင်နေကြသည်။

ယန်ကျင့်ကျင့်တစ်ယောက်သာ နားကန်းတစ်လုံးမျှ နားမလည်သဖြင့် လူထူးဆန်းများကိုသာ ကြည့်နေရလေသည်။

ချင်မူ သူတို့ကို ငေးကြည့်နေမိသည်။ ယခင်တုန်းက အခြားသူတို့၏ ကောင်းကင်နတ်သိုင်းများကို ပြောင်းလဲတီထွင်နေသူမှာ သူသာ ဖြစ်ခဲ့ရ၏။ ယခုတွင်တော့ မိမိ၏ကောင်းကင်နတ်သိုင်းအား အခြားသူများ ပြောင်းလဲပစ်နေသည့် ခံစားချက်ကို သူ နားလည်သွားချေပြီ။

အချိန်အနည်းငယ်ကြာသော် သူတို့အားလုံး လမ်းလျှောက်သူက လမ်းလျှောက်၊ လှဲသူက လှဲ၊ ထိုင်သူက ထိုင်၊ ပြေးသူက ပြေးလျက် အဖြေကို အားသွန်ခွန်စိုက် စဉ်းစားနေကြသည်။

ဧကရာဇ်အတိုင်ပင်ခံက ပင်လယ်သဲသောင်ပြင်ပေါ်၌ ထူးဆန်းသော သင်္ကေတတချို့ ရေးဆွဲနေစဉ် ပထမလူသားဧကရာဇ်က ချီစွမ်းအင်ကို စုတ်တံသဖွယ် သုံး၍ ကောင်းကင်တွင် ရေးဆွဲနေသည်။ ရှုရှန်းဟွာက မြန်မြန်တွက်ချက်နိုင်အောင် တွက်ချက်ရေးကိရိယာများ ထုတ်လိုက်၏။

ယမမင်း၏အနောက်၌ ဧရာမသတ္ထုစက်ကွင်းကြီးတစ်ခု လွင့်မျောနေပြီး ကွင်းပေါ်၌ သင်္ကေတများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

တန်ခိုးရှင်သစ်ခုတ်သမားသည် ချင်မူ နင်းကျင့်အတွက် သွန်းလုပ်ထားသော လည်ဆွဲကို ယူကြည့်ပြီး ကောင်းကင်ယင်သားတော် ဖန်တီးခဲ့သော ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီဆီသို့ လှည့်ကြည့်၏။

အချိန်မည်မျှ ကြာမှန်းမသိ ကြာသွားပြီး အားလုံး ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီကို ဝိုင်းအုံနေကြချေပြီ။ သူတို့က ချီစွမ်းအင်ဖြင့် နေရာဟင်းလင်းပေါ် ခတ်နှိပ်လိုက်ရာ လှပတင့်တယ်သော သင်္ကေတအမှတ်အသားများ ကောင်းကင်ထက်၌ ဖွဲ့တည်လာသည်။

သင်္ကေတအားလုံးက ရွှေရောင်တောက်နေသည့်အပြင် သဲမှုန်များကဲ့သို့ ရွှေရောင်အလင်းမှုန်များကို ဖြန့်ကျက်နေသည်။ အနက်ရောင်ဝိညာဉ််အမှုန်များနှင့် ဆင်သော်လည်း အရောင်မှာ ရွှေရောင်ဖြစ်၏။

“သူတို့ ဘာလုပ်နေကြတာလဲ” ကောင်းကင်ယင်နတ်ဘုရားမမှာ နားမလည်သဖြင့် ချင်မူနှင့် ယန်ကျင့်ကျင့်အား တိုးတိုးလေး ကပ်မေးလိုက်သည်။

ချင်မူက လေးနက်သောအမူအရာ ရှိနေပြီး ခပ်တိုးတိုး ပြန်ဖြေသည်။ “သူတို့က ကျွန်တော့် ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်ယင်သားတော်ရဲ့ သဲနာရီအပေါ် အခြေခံပြီး ကောင်းကင်ယင်ကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းတွေအတွက် အခြေခံသင်္ကေတအမှတ်အသားတွေ ပြန်‌ဖော်နေတာ...”

ကောင်းကင်ယင်နတ်ဘုရားမ အနည်းငယ် မှင်သက်သွား၏။ “ကောင်းကင်ယင်ကမ္ဘာရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေတဲ့လား... အဲဒီလိုအရာမျိုး ရှိတယ်လား”

“နတ်ဘုရားမ အပြင်တစ်ခါမှ မထွက်ဖူးဘူးမလား... နတ်ဘုရားမအနေနဲ့ မသိလောက်ပေမယ့် ဒီကမ္ဘာပေါ်က ကောင်းကင်နတ်သိုင်းတွေအားလုံး အခြေခံသင်္ကေတအမှတ်အသားတွေနဲ့ တည်ဆောက်ထားတာပါ”

ချင်မူ ရှင်းပြလိုက်သည်။ “လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး၊ တိမ်တိုက်၊ မြူ၊ ကောင်းကင်၊ ကြယ်တွေနဲ့ ဖန်ဆင်းပညာ... ကောင်းကင်နတ်သိုင်းအားလုံးမှာ အခြေခံသင်္ကေတအမှတ်အသားတွေ ဖွဲ့စည်းနေတယ်... ဥပမာ ဓားသိုင်း ဆိုပါတော့... ဓားသိုင်းမှာ အခြေခံဓားချက် ဆယ့်ရှစ်ချက် ရှိတယ်... ဒါပေမဲ့ နတ်ဘုရားမရဲ့ ကောင်းကင်ယင်ကမ္ဘာကတော့ အပြင်လောကနဲ့ ကွဲပြားတယ်... ကောင်းကင်ယင်ကမ္ဘာရဲ့ စည်းမျဉ်းတွေက မတူဘူး... ကိုယ်ပိုင်လမ်းစဉ်၊ ကိုယ်ပိုင်ကျင့်စဉ်နဲ့ ကိုယ်ပိုင်ကောင်းကင်နတ်သိုင်းတွေ ရှိနေတယ်လို့ ဆိုရမှာပေါ့”

ယန့်ကျင့်ကျင့်မှာ နေသင်္ဘောကြောင့် နတ်ဘုရားအဆင့် တက်ခဲ့သူဖြစ်သည့်အတွက် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့၏ အခြေခံသဘောတရားကို များစွာနားမလည်ပေ။ ထို့ကြောင့် သူမလည်း လိုအပ်ချက်ကို ဖာထေးရန် အာရုံစိုက်နားထောင်နေ၏။

“နတ်ဘုရားမကို အသက်သွင်းဖို့ ကျွန်တော်သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်းက အခြေခိုင်မာပြီးဖြစ်တဲ့ ဖွဲ့စည်းပုံစနစ်တွေရဲ့ ကောင်းကင်နတ်သိုင်းတွေဆီက ထုတ်နုတ်ထားတာပါ.... ယိုတု၊ မင်တု၊ ရွှမ်တု၊ ဖန်ဆင်းပညာ၊ နတ်ဘုရားလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ်နဲ့ တာအိုဂိုဏ်းရဲ့ ဖွဲ့စည်းပုံစနစ်အားလုံး ရောနှောပါဝင်နေတယ်... သူတို့တွေက အကြီးစားစနစ်တွေပဲ.... အသေးစားစနစ်လေးတွေကတော့ ရေတွက်လို့တောင် မရဘူး... အဲဒီလို ကောင်းကင်နတ်သိုင်း ဖွဲ့စည်းပုံစနစ်တွေကို ပေါင်းစည်းလိုက်မှ နတ်ဘုရားမကို ကျွန်တော် အသက်သွင်းနိုင်ခဲ့တာ”

ချင်မူက ဆက်ပြောသည်။ “ဒါပေမဲ့ ကျွန်တော် သုံးနေတာက ကောင်းကင်ယင်ကမ္ဘာရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေ မဟုတ်ဘူး.... အဲဒီစနစ်တွေကို မှီငြမ်းထားရုံသက်သက်ပဲ”

ကောင်းကင်ယင်နတ်ဘုရားမ အနည်းငယ် နားလည်သွားပြီး ပြောလိုက်သည်။ “ဒါဆို သူတို့က မှော်ဝိဇ္ဇာရှင်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်ယင်သားတော်ရဲ့ ရတနာထဲက အခြားကမ္ဘာတွေရဲ့ စနစ်တွေကို ဖယ်ထုတ်ပြီး ကောင်းကင်ယင်ကမ္ဘာရဲ့ အပိုင်ဖြစ်တဲ့ အခြေခံသင်္ကေတအမှတ်အသားတွေကို အစားထိုးနေတာပေါ့... များများဖယ်ထုတ်နိုင်လေ၊ တကယ့် အခြေခံသင်္ကေတအမှတ်အသားတွေနဲ့ နီးစပ်လာမှာပေါ့”

ချင်မူ ခေါင်းညိတ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နတ်ဘုရားမ သူတို့အရှေ့က သင်္ကေတတွေကို ကြည့်လိုက်... အပြင်လောကဆီက သင်္ကေတတွေ နည်းသထက် နည်းနေပြီ... သူတို့အနေနဲ့ ကျွန်တော်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်ယင်သားတော်ရဲ့ ရတနာအပြင် နတ်ဘုရားမရဲ့ ကောင်းကင်စွမ်းအားနဲ့ နတ်ဘုရားမကိုယ်ပေါ်က သင်္ကေတအမှတ်အသားတွေကိုလည်း နားလည်ဖို့ လိုသေးတယ်”

တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျန်ရှိသူများ လျှောက်လာပြီး ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်အလင်းတို့အား အသေးစိတ်လေ့လာရန် ပျံတက်လာကြသည်။ သူတို့က သဘာဝသင်္ကေတများကို မှတ်သားပြီး နတ်ဘုရားမ၏ ကိုယ်ပေါ်ရှိ သင်္ကေတများကိုလည်း စစ်ဆေးကြည့်ရှုကြ၏။ ထိုသင်္ကေတများက နတ်ဘုရားမနှင့်အတူ မွေးဖွားလာခဲ့သည့် ထူးဆန်းသော သင်္ကေတအမှတ်အသားများ ဖြစ်ချေသည်။

အတန်ကြာသော် ငါးယောက်သား မြေပြင်ပေါ် ပြန်ဆင်းကာ အချင်းချင်း ဆွေးနွေးကြသည်။

“နတ်ဘုရားမကိုယ်ပေါ်မှာ သင်္ကေတအမှတ်အသား အမျိုးအစား (၁၀၈) မျိုး ရှိတယ်... ဂိုဏ်းသခင်ချင်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်ယင်သားတော်ရဲ့ ရတနာဆီကနေ အမျိုးအစား (၂၁၆) မျိုး ရထားတယ်”

ရှုရှန်းဟွာက သင်္ကေတအမှတ်အသားများကို ရှင်းလင်းပြီး လက်နှစ်ဖက်ဖြင့် ကောင်းကင်တစ်လျှောက် ပွတ်ဆွဲလိုက်သည်။ သူ့လက် ဖြတ်ကျော်သွားသော နေရာတွင် ရွှေရောင်သဲမှုန်များ ပေါ်လာကာ သင်္ကေတများ ဖွဲ့တည်သွား၏။

“စုစုပေါင်း သင်္ကေတအမှတ်အသား (၃၂၄) ခု ... ဒီသင်္ကေတအမှတ်အသားတွေက ကောင်းကင်ယင်ကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းတွေအတွက် အခြေခံပဲ”

ရှုရှန်းဟွာ ဆက်ပြောသည်။ “နတ်ဘုရားမ၊ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပါ... သင်္ကေတအစီအစဉ် မတူရင် အကျိုးသက်ရောက်မှုလည်း ကွဲသွားလိမ့်မယ်”

သူ၏ချီစွမ်းအင်က ပြောင်းလဲသွားပြီး သင်္ကေတအမှတ်အသားများကို ပေါင်းစည်းကာ ကောင်းကင်နတ်သိုင်းတစ်ခု ဖော်ဆောင်လိုက်သည်။ ကောင်းကင်နတ်သိုင်းဖြင့် ဆာလောင်နေသော သရဲအပေါ် ရိုက်ချလိုက်သည့်အခါ ဆာလောင်နေသော သရဲ၏ ကိုယ်ထဲရှိ အနက်ရောင်အမှုန်များ ဖယ်ရှားခံလိုက်ရပြီး ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကလည်း သင်္ကေတအမှတ်အသား (၃၂၄) ခုဖြင့် ဖွဲ့တည်ထားသော အခြားကောင်းကင်နတ်သိုင်းတစ်ခု ထုတ်ဖော်လိုက်သည်။ သူက ပြောလိုက်၏။ “မူလခန္ဓာရဲ့ ဝိညာဉ်ကိုလည်း ပြန်စုစည်းနိုင်တယ်”

ဆာလောင်နေသော သရဲ သေဆုံးသွားပြီးနောက် လူ့အရေခွံသာ ကျန်ခဲ့သည်။ ဧကရာဇ်အတိုင်ပင်ခံ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်သည့်အခါ ကောင်းကင်ယင်ကမ္ဘာရှိ အနက်ရောင်အမှုန်များသည် မီးခိုးငွေ့များလို လွင့်မျောလာကာ လူ့အရေခွံထဲ ပြန်ဝင်သွား၏။

ယမမင်းက ကောင်းကင်နတ်သိုင်းတစ်မျိုး ထုတ်ဖော်ကာ ပြောသည်။ “အနက်ရောင်ဝိညာဉ်အမှုန်တွေကိုလည်း ပြန်စုစည်းပြီး ဝိညာဉ်အဖြစ် ပြောင်းလဲလို့ရတယ်”

သူ၏ကောင်းကင်နတ်သိုင်းက လူ့အရေခွံထဲရှိ အနက်ရောင်အမှုန်များအပေါ် သက်ရောက်သွား၏။ အနက်ရောင်အမှုန်များက တစတစ စုခဲသွားပြီး ပြည့်စုံသော ဝိညာဉ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားသည်။

ပထမလူသားဧကရာဇ်ကလည်း သင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်ထားသော မုဒြာသိုင်းကွက်တစ်ခု ထုတ်ဖော်ပြသည်။ “ဆာလောင်နေတဲ့ သရဲတွေကို ဖိနှိပ်ပြီး ချေမှုန်းလို့လည်း ရတယ်”

မုဒြာသိုင်း ထုတ်လွှတ်လိုက်သည့်အချိန်တွင် သူသည် ဆာလောင်နေသော သရဲတို့၏ ရှင်ဘုရင်တစ်ပါးသဖွယ် ဖြစ်လာပြီး ဆာလောင်နေသော သရဲအားလုံး သူ့အား ကြောက်လန့်တုန်ရီကုန်ကြ၏။

တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလျက် ပြောလေသည်။ “နတ်ဘုရားမ၊ အတိတ်တုန်းက ကောင်းကင်ယင်ကမ္ဘာရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေဟာ မပြည့်စုံခဲ့ပေမယ့် အခုတော့ ပြည့်စုံသွားပါပြီ... နတ်ဘုရားမအနေနဲ့ ဆာလောင်နေတဲ့ သရဲတွေကို ထိန်းချုပ်နိုင်ပြီ၊ နတ်ဘုရားမအတွက်လည်း တိုက်ခိုက်ခိုင်းနိုင်ပြီ၊ အပြစ်ပေးချင်လည်း ရတယ်... ကောင်းကင်ယင်ကမ္ဘာမှာ နေထိုင်မယ့် ပြည်သူတွေကိုတောင် ကာကွယ်ပေးနိုင်ပါပြီ... ဒီနေ့ကစပြီး နတ်ဘုရားမ စိတ်ချချ နေနိုင်ပါပြီ”

ချင်မူလည်း သက်ပြင်းချကာ ပြောလိုက်သည်။ “နောင်တစ်ချိန်ကျရင် ဒီ သင်္ကေတအမှတ်အသား (၃၂၄) ခုကနေ မရေမတွက်နိုင်တဲ့ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ ကောင်းကင်ယင်ကမ္ဘာမှာ ပေါ်ထွက်လာလောက်တယ်”

တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ထုတ်၍ ပင်လယ်ဘေးရှိ ကမ်းပါးနံရံအပေါ်တွင် သင်္ကေတအမှတ်အသားများ ရေးထွင်းလိုက်သည်။ “နတ်ဘုရားမ၊ ပြဿနာ ဖြေရှင်းပြီးသွားပြီဆို‌တော့ ကျုပ်တို့ ပြန်ပါတော့မယ်”

ကောင်းကင်ယင်နတ်ဘုရားမက သူတို့ကို လိုက်ပို့ပေးရန် ထလိုက်သည်။ “ကျွန်မရဲ့ အထုံပါရမီက အားနည်းတော့ ရှင်တို့ကို ဒုက္ခပေးသလို ဖြစ်သွားပါတယ်... နောင်ကျ ကျွန်မဘက်က တစ်ခုခု အကူအညီပေးနိုင်တာရှိရင် ဒီက လူအားလုံး တောင်းဆိုလို့ရပါတယ်... ကျွန်မ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်”

သူမက ခန္ဓာကိုယ်ထဲရှိ ကောင်းကင်အလင်းမျှင်တစ်မျှင် ထုတ်လိုက်ပြီး ခုနစ်မျှင် ခွဲလိုက်ကာ အလင်းပုလဲခုနစ်လုံးအသွင် ဖန်ဆင်းလိုက်သည်။ ထို့နောက် သစ်ခုတ်သမား၊ ဧကရာဇ်အတိုင်ပင်ခံ၊ ပထမလူသားဧကရာဇ်၊ ယမမင်း၊ ရှုရှန်းဟွာအပြင် ချင်မူနှင့် ယန်ကျင့်ကျင့်ကိုလည်း တစ်လုံးစီ ပေးသည်။

ယန်ကျင့်ကျင့်မှာ ကပျာကယာ ငြင်းဆိုလိုက်သည်။ “ကျွန်မ ဘာမှလည်း မလုပ်ပေးခဲ့ရပါဘူး... မယူဝံ့ပါဘူးရှင်”

ကောင်းကင်ယင်နတ်ဘုရားမ ပြုံးလိုက်၏။ “မင်းဘေးက မင်းရဲ့ချစ်သူလေးအတွက် သိမ်းထားဖို့ ပေးထားပါ”

ယန်ကျင့်ကျင့် ရှက်သွားပြီး ကောင်းကင်ပုလဲလုံးကို အလျင်အမြန် သိမ်းလိုက်သည်။

အားလုံး ကောင်းကင်ယင်ကမ္ဘာအပြင် ထွက်လာပြီး နေရောင်ကို မြင်ရသည့်အခါမှ သက်တောင့်သက်သာ ဖြစ်သွားကြသည်။

“တပည့်လေး၊ ဉာဏ်အမြော်အမြင်ကြီးမားတဲ့ လူတွေက ဘယ်လိုလူတွေလဲဆိုတာ မင်း သိပြီလား” တန်ခိုးရှင်သစ်ခုတ်သမားက ခနဲ့သလို ရယ်ကာ ပြောလိုက်၏။

ချင်မူလည်း ရယ်လိုက်သည်။ “အားလုံးက ဘီလူးကြီးရဲ့ ပခုံး‌ပေါ်မှာ ရပ်နေကြရလို့ပါဗျာ... ကျွန်တော်သာ ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းဖို့ ကောင်းကင်နတ်သိုင်း မတီထွင်ခဲ့ရင် ဆရာတို့တွေ ကောင်းကင်ကမ္ဘာရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေကို ဘယ်လိုလုပ် ဖော်ထုတ်နိုင်တော့မှာလဲ”

“ဘီလူးကြီးရဲ့ ပခုံးဟုတ်လား”

တန်ခိုးရှင်သစ်ခုတ်သမား တဟားဟား အော်ရယ်နေစဉ် နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခုက သူ့ပတ်ပတ်လည်တွင် လည်လာသည်။ သူကား ဝှစ်ခနဲ ပျောက်သွားတော့သည်။

“လူသားဧကရာဇ်ချင် နှုတ်ဆက်ခဲ့ပါတယ်” ယမမင်းက နောက်ဆုတ်သွားပြီး အမှောင်ထုက ရှေ့ရောက်လာသည်။ နောက်တခဏတွင် သူ့အား မမြင်ရတော့ပေ။

ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပြန်တွေ့မယ်” ထိုသို့ပြောပြီးနောက် သူလည်း နေရာရွှေ့ပြောင်းသွား၏။

ချင်မူ ပထမလူသားဧကရာဇ်ဆီ ကြည့်လိုက်သည့်အခါ ပထမလူသားဧကရာဇ်က ခေါင်းယမ်းသည်။ “ငါ ဒီမှာ နေပြီး မင်းကို အဖော်ပြုပေးလို့ မရဘူး... လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်” ထိုသို့ပြောပြီးလျှင်ချင်း သူက ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်အလင်းတန်းအသွင်ဖြင့် ပျောက်ကွယ်သွားတော့သည်။

“ဒီဉာဏ်ကြီးရှင်တွေကတော့”

ချင်မူ သက်ပြင်းချပြီး နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “နောင်တော်ရှုတော့ မပါဘူးနော်”

ရှုရှန်းဟွာက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကောင်းကင်ဆီသို့ လှမ်းလိုက်၏။ သူ့အရိပ်က ကြာပွင့်များနှင့်အတူ ပေါ်လိုက်ပျောက်လိုက် ပြေးထွက်သွားလေသည်။

၎

င

၎

၎

All Chapters