ကောင်းကင်မီးလျှံ၏ မဟာတာအို
Vol. 52 Ch. 695
ချင်မူ ရှုရှန်းဟွာ ထွက်သွားသည်ကို ကြည့်နေပြီး ယမမင်းကလည်း နင်းကျင့်ကို ဖုန်းတုဆီ ခေါ်သွားချေပြီ။ နတ်ဘုရားနင်းကျင့်အတွက် သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာသည် နေထိုင်ရန် ပိုမိုသင့်တော်လိမ့်မည်။
‘ကောင်းကင်ယင်နတ်ဘုရားမရဲ့ ပြဿနာကို ဖြေရှင်းပြီးပြီ.. အခြေခံသင်္ကေတအမှတ်အသား (၃၂၄) မျိုးနဲ့ ကောင်းကင်ယင်ကမ္ဘာက တိုးတက်သထက် တိုးတက်လာလိမ့်မယ်... ကောင်းကင်ယင်ကမ္ဘာဟာ အနာဂတ်မှာ သေဆုံးနေတဲ့ ကမ္ဘာတစ်ကမ္ဘာ မဖြစ်တော့ဘူး... စည်ကားတိုးတက်နေတဲ့ ကမ္ဘာတစ်ကမ္ဘာ ဖြစ်လာတော့မယ်”
ချင်မူ သက်ပြင်းချနိုင်သွားသည်။ ကောင်းကင်ယင်ကမ္ဘာသို့ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ဝင်ရောက်သွားကြလျှင် ကောင်းကင်ယင်ကမ္ဘာသည် စည်ကားသိုက်မြိုက်လာလိမ့်မည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အတွေးအခေါ်၊ အယူအဆများနှင့်အတူ မတူကွဲပြားသော ကောင်းကင်နတ်သိုင်းတို့ကိုလည်း လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ကြမည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုသည်လည်း စကားသက်သက်သာ မဟုတ်ပေ။ ကောင်းကင်ယင်နတ်ဘုရားမ၏ အကူအညီပါလျှင် ပြုပြင်ပြောင်းလဲမှု၏ အင်အားသည် ခိုင်မာတောင့်တင်းသည်ထက် ခိုင်မာတောင့်တင်းလာလိမ့်မည်။
သို့သော် အချိန် လိုသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ယခုထက်ထိ အင်အားမကြီးထွားသေးသလို၊ ကောင်းကင်ယင်ကမ္ဘာလည်း မတိုးတက်သေးပေ။
“အခုအချိန်က အန္တရာယ်အများဆုံး ကာလပဲ... ပြုပြင်ပြောင်းလဲမှုရဲ့ အရှိန်က အချိန်မရွေး ငြိမ်းသေသွားနိုင်တယ်”
ချင်မူ မျက်မှောင်ကြုတ်ပြီး ထိုကိစ္စများ မစဉ်းစားသေးရန် ဆုံးဖြတ်လိုက်သည်။ ယန်ကျင့်ကျင့်နှင့်အတူ နဂါးချီလင်ကို သွားရှာသည့်အခါ နဂါးချီလင် ဟယ့်ရီရီနှင့်အတူ အလုပ်ကြိုးစားနေကြောင်း တွေ့ရသည်။ အနောက်ကမ္ဘာမြေသူများက သူ့ကို တောက်တိုမယ်ရ ခိုင်းနေကြ၏။
နဂါးချီလင်မှာ ငိုချင်နေသော်လည်း မျက်ရည်ထွက်မလာသလို၊ ငြင်းလည်း မငြင်းနိုင်ပေ။ အနောက်ကမ္ဘာမြေ၏ အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များသည် ဝိညာဉ်ထိန်းချုပ်နိုင်သော ကောင်းကင်နတ်သိုင်းများ တတ်မြောက်ထား၏။ သူတို့က ထူးဆန်းသော ကောင်းကင်နတ်သိုင်းတစ်မျိုးဖြင့် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ စိတ်တိုင်းကျ ခိုင်းနေကြခြင်းဖြစ်သည်။
“ဖက်တီးနဂါးလည်း အလုပ်ကြိုးစားသားပဲဟ”
ချင်မူ အလွန်ဝမ်းသာသွားပြီး ပြုံးကာ ပြောလိုက်သည်။ “ဖက်တီးနဂါး၊ ငါ့ဓားစက်လုံးကို ကူသယ်ပေးပါဦး... ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ဖို့ အချိန်ကျပြီ”
ဓားစက်လုံးက ကိုက်တစ်ရာကျော် မြင့်မားကာ ကြောက်မက်ဖွယ်ရာ လေးလံသည်။ နဂါးချီလင် ငြင်းရန် ပြင်လိုက်သော်လည်း သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘ငါ အနောက်ကမ္ဘာမြေသူတွေကို အများကြီး ကူညီပေးခဲ့ပြီးပြီ... ဂိုဏ်းသခင်ကို မကူညီရင် ဒီနေ့ကစပြီး စွမ်းအင်ဆေးလုံးတွေ စားရမှာ မဟုတ်တော့ဘူး’
သူ့မှာ အားတင်းပြီး ဓားစက်လုံးအား ထမ်းသယ်လိုက်သည်။ ချင်မူကတော့ အလွန်ဝမ်းမြောက်နေသည်။ ‘ဖက်တီးနဂါးက တကယ်ပဲ အလုပ်ကြိုးစားလာတာပါလား’
ယန်ကျင့်ကျင့်သည် သန့်စင်သော ယင်ချီမျှင်ကို ရရှိပြီးနောက်ပိုင်း သိုင်းအခြေခံ တဖြည်းဖြည်း ခိုင်မာလာသည်သာမက သူမခန္ဓာကိုယ်လည်း သန်မာလာကြောင်း ခံစားနေရ၍ အလွန်ပျော်နေ၏။
နှစ်ယောက်သား စကားတပြောပြောဖြင့် လမ်းလျှောက်နေကြပြီး တစ်ချက်တစ်ချက် ရယ်သံများ ထွက်လာတတ်၏။
ချင်မူက ယန်ကျင့်ကျင့်ကို နေရေတွင်းဆီ လိုက်ပို့ပေးကာ ပြောလိုက်သည်။ “မကြာခင် ဧကရာဇ် အမိန့်တော် ထုတ်ပြန်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ လော့ဖူကောင်းကင်ဘုံကို အလင်းရောင်ပေးဖို့ နင့်ကို ထွက်လာခိုင်းလိမ့်မယ်... အဓိကက ဒီကောင်းကင်ဘုံနှစ်ခုရဲ့ အသက်စွမ်းအား ပြန်ပြည့်လာဖို့ အတွက်ပါပဲ... ဒါပေမဲ့ စိတ်မပူနဲ့... သန့်စင်ယန်ခန္ဓာ၊ သန့်စင်ယင်ခန္ဓာတွေ ရှာတွေ့ရင် နင် နေသင်္ဘောကို မောင်းနှင်နေစရာ မလိုတော့ဘူး... ပြီးတော့ နင့်သိုင်းအဆင့်က မြင့်မားပေမယ့် သိုင်းအခြေခံက မခိုင်မာသေးဘူး... နေရေတွင်းကနေ ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပညာလာသင်သင့်တယ်... အခြေခံက စပြီး သင်ဖို့လည်း လိုတယ်... ငါ နင့်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ စောင့်နေပါ့မယ်”
နှစ်ယောက်သား မခွဲချင်ခွဲချင်ဖြင့် နှုတ်ဆက်လိုက်ကြပြီး ချင်မူက အရှေ့အရပ်သို့ ဆက်ထွက်လာခဲ့သည်။
သူက နဂါးချီလင်၏ ကျောပေါ်တွင် ထိုင်ကာ ရွှမ်တု၏ ကောင်းကင်မီးလျှံကို ထုတ်ကြည့်၏။
ကောင်းကင်မီးလျှံသလင်းကျောက်ကို ရခဲ့ပြီးနောက်ပိုင်း အသေးစိတ် လေ့လာရန် အချိန်မရခဲ့ပေ။ တစ်ကြိမ်သာ သုံးခဲ့ဖူးပြီး ကျန်အချိန်များတွင် ယန်ကျင့်ကျင့်လက်ထဲ အပ်ထားရသည်။
‘ဒါက မီးဖြစ်ပြီး ဘယ်လိုလုပ် အစိုင်အခဲရှိနေတာလဲ... ဘာကြောင့် မီးသလင်းကျောက် ဖြစ်လာတာလဲ’
သူ ဇဝေဇဝါ မဖြစ်မိဘဲ မနေပေ။ ကောင်းကင်မီးလျှံသလင်းကျောက်က ကောင်းကင်နယ်စားမင်း၏ ကောင်းကင်မီးလျှံဖြစ်ပြီး စွမ်းအားကြီးမားသော်လည်း သူ အပူရှိန်မထိန်းနိုင်သည်မှာ နှမြောစရာကောင်းသည်။ ထိုနယ်ပယ်တွင် ယန်ကျင့်ကျင့်အောက် နိမ့်ကျသလို၊ သူ၏မီးဓာတ်သတ္တိ ကောင်းကင်နတ်သိုင်းများမှာလည်း သိပ်မထူးခြားပေ။
ထိုစဉ် သလင်းကျောက်၏ဖွဲ့စည်းပုံက အဆက်မပြတ် ပြောင်းလဲနေကြောင်း သတိထားမိလိုက်၍ ချင်မူ မှင်သက်သွားသည်။ သူ ကပျာကယာ ကြည့်လိုက်သည့်အခါ မီးလျှံသလင်းကျောက်၏ အတွင်း၌ သလင်းကျောက်သဏ္ဍာန် မီးလျှံများ ရှိနေကြောင်း မြင်လိုက်ရသည်။ ထိုမီးလျှံများက အနားခြောက်နားရှိသော ဆဋ္ဌဂံသလင်းကျောက်သဏ္ဍာန် ဖြစ်ကြ၏။ မီးလျှံများမှာ အဆက်မပြတ် ပေါ်ချည်၊ ပျောက်ချည်ဖြစ်နေရာ စိတ်ဝင်စားဖွယ်ကောင်းပေသည်။
“ဒါ ထူးဆန်းတဲ့ သင်္ချာဖွဲ့စည်းပုံစနစ် တစ်မျိုးပဲ”
ချင်မူမှာ စပ်စုလိုစိတ် ပြင်းထန်လာ၍ ဆက်လက်လေ့လာနေသည်။ ဆဋ္ဌဂံသဏ္ဍာန် မီးလျှံတို့၏ အတွင်းတွင်လည်း အဋ္ဌဂံသဏ္ဍာန် မီးသလင်းကျောက်များ ဖွဲ့တည်နေကြ၏။ ၎င်းတို့က တစ်ချက်တစ်ချက် ပြားလိုက်၊ လုံးလိုက်ဖြင့် မတည်ငြိမ်ကြပေ။
ချင်မူ စိတ်လှုပ်ရှားလာကာ အသေးစိတ် ဆက်ကြည့်နေသည်။ ကောင်းကင်မီးလျှံ၏ ဖွဲ့စည်းပုံက အက္ခရာသင်္ချာကို အလွှာအထပ်ထပ် ပိုင်းခြားထားသကဲ့သို့ ဖြစ်ချေသည်။ အတွင်းထဲ ရောက်လေလေ၊ သင်္ချာဖွဲ့စည်းပုံများက ပိုမိုရှုပ်ထွေးလာသည်။
ချင်မူ ကောင်းကင်မီးလျှံ၏ အတွင်းထဲသို့ စိုက်ကြည့်နေသည်နှင့်အမျှ အက္ခရာသင်္ချာအလွှာအထပ်ထပ် ပေါ်လွင်လာသည်။ အနောက်ရှိ သလင်းကျောက်သဏ္ဍာန်များမှာ သဏ္ဍာန်အတိအကျ မရှိတော့ဘဲ ပိုမိုရှုပ်ထွေးဆန်းပြားလာကြ၏။
ချင်မူမှာ ကောင်းကင်မီးလျှံအထဲသို့ ချောင်းကြည့်ပြီး နစ်မျောနေသည်။ သူ၏စိတ်နှင့် အာရုံတွင် အက္ခရာသင်္ချာအပြောင်းအလဲများသာ စိုးမိုးနေ၏။
ဤသို့ဖြင့် ကောင်းကင်မီးလျှံ၏ အူတိုင်အထိ ရောက်သွားသည်။ ထိုနေရာ၌ မရေမတွက်သော အစက်အပြောက်လေးများသည် တစ်ခုနှင့်တစ်ခု လျင်မြန်စွာ ဝင်တိုက်နေကြသည်။ ဝင်တိုက်မှုများကြောင့် မြင့်မားသော အပူချိန်၊ ပြင်းထန်သော အားလှိုင်းတို့ ထွက်ပေါ်လာသည်။
ထူးဆန်းသည်မှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သေးငယ်သည့် အစက်လေးများတွင် ကိုယ်ပိုင်လမ်းကြောင်းများ ရှိကြပြီး ၎င်းတို့ လည်ပတ်သွားသည့်အခါ ပြီးပြည့်စုံသော သင်္ချာဖွဲ့စည်းပုံတစ်ခုအား ရေးဆွဲပြီးသွားသည်။
သူ ချီစွမ်းအင်ဖြင့် ကောင်းကင်မီးလျှံကို အသက်သွင်းလိုက်လျှင် အစက်အပြောက်များ ဝင်တိုက်မှုသည် ပိုမိုပြင်းထန်လာကာ မီးသလင်းကျောက်၏ အပူချိန်က အမြင့်ဆုံးသို့ တက်လာတတ်၏။
“ဒါက ကောင်းကင်မီးလျှံသလင်းကျောက်ရဲ့ အသေးငယ်ဆုံး သဏ္ဍာာန်လား”
ချင်မူမှာ အလှဆုံး ပန်းချီကားများကို ရှုစားနေရသကဲ့သို့ မိန်းမောသွားသည်။ အက္ခရာသင်္ချာသည် ပြီးပြည့်စုံသော အလှတရား ကိန်းဝပ်နေသည့် ပန်းချီကားတစ်ချပ်ပင် မဟုတ်ပါ၏လော။
တာအိုဂိုဏ်း၏ မဟာသင်္ချာကျမ်းနှစ်ကျမ်းပင် ကောင်းကင်မီးလျှံ၏ အသေးငယ်ဆုံး ဖွဲ့စည်းပုံအား မဖြေရှင်းနိုင်ပေ။ ထိုက်ရွှမ်သင်္ချာကျမ်းနှင့် ရွှမ်းနီသင်္ချာကျမ်းသည် စကြဝဠာနှင့် နက္ခတ်တာရာတို့၏ အသေးငယ်ဆုံး ဖွဲ့စည်းပုံတို့ကို ဖြေရှင်းနိုင်သော်လည်း ကောင်းကင်မီးလျှံအတွက်မူ မသင့်တော်ပေ။
ချင်မူက တွက်ချက်ပြီး မှတ်သားနေသည်။ ကောင်းကင်မီးလျှံ၏ အသေးငယ်ဆုံး ဖွဲ့စည်းပုံနှင့်ပတ်သက်၍ သူ ပိုမိုနားလည်လာ၏။ သူက စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားပြီး သူ ထုတ်နုတ်ထားသော သင်္ချာညီမျှခြင်းများမှာ သင်္ချာကျမ်းအသစ်တစ်ခုအဖြစ်ပင် ပေါင်းစည်းနိုင်သည်။
နဂါးချီလင်မှာ ဓားစက်လုံးကို သယ်ထားရသောကြောင့် ခြေမသွက်ပေ။ ချင်မူကလည်း ကောင်းကင်မီးလျှံ၏ အက္ခရာသင်္ချာဖွဲ့စည်းပုံတွင် စိတ်ဝင်စားနေ၍ သူ့ကို လောရန် အချိန်မရှိသောကြောင့် နဂါးချီလင် အေးအေးဆေးဆေးသာ သွားနေသည်။
နောက်ဆုံးတွင် ချင်မူ ကောင်းကင်မီးလျှံ၏ အသေးငယ်ဆုံး ဖွဲ့စည်းပုံကို ထုတ်နုတ်ကာ နောက်ဆုံးညီမျှခြင်းအား ရေးသားပြီးသွားသည်။
ချင်မူ ခါးဆန့်၍ စာရွက်များကို ထပ်ကာ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ ‘တာအိုဂိုဏ်းရဲ့ သင်္ချာကျမ်းကို ထိုက်ရွှမ်သင်္ချာကျမ်းလို့ ခေါ်တော့ ငါ့သင်္ချာကျမ်းကို ထိုက်ဝေသင်္ချာကျမ်းလို့ ခေါ်ရမယ်’ (ထိုက်ရွှမ်သင်္ချာကျမ်း - လျှို့ဝှက်ချက်များကို တွက်ထုတ်ပေးသော သင်္ချာကျမ်း၊ ထိုက်ဝေသင်္ချာကျမ်း - အသေးငယ်ဆုံး မော်လီကျူးများအထိ တွက်ထုတ်ပေးသော သင်္ချာကျမ်း)
ထိုက်ရွှမ်သင်္ချာကျမ်းနှင့် ထိုက်ဝေသင်္ချာကျမ်းသည် လုံးဝဥဿုံ ကွဲပြားသော သင်္ချာစနစ်နှစ်ခု ဖြစ်သည်။ အသုံးပြုသော အက္ခရာသင်္ချာလည်း မတူညီပေ။
မှန်သည်၊ ချင်မူမှာ ကောင်းကင်မီးလျှံမှသာ ထိုက်ဝေသင်္ချာကျမ်းကို တွက်ထုတ်ခဲ့သောကြောင့် လိုအပ်သော နေရာများစွာ ရှိနေသေးသည်။
“ဒီတိုင်းဆို ကောင်းကင်မီးလျှံရဲ့ မဟာတာအိုကို မတွက်ထုတ်နိုင်သွားဘူးလား”
ချင်မူ စိတ်လှုပ်ရှားလာကာ ကောင်းကင်မီးလျှံ၏ မဟာတာအိုကို တွက်ထုတ်ရန် အာရုံစိုက်လိုက်သည်။ မီးလျှံသင်္ကေတများအပေါ် သူ၏နားလည်မှုက ယန်ကျင့်ကျင့်အောက် နိမ့်ကျခြင်းမှာ ယန်ကျင့်ကျင့်လောက် မလေ့လာခဲ့၍ ဖြစ်သည်။ သို့သော် သူ သိထားသော နယ်ပယ်က သူမထက် များစွာ ကျယ်ပြန့်ချေသည်။
သူ၏မီးလျှံသင်္ကေတများတွင် မီးငှက်ချီစွမ်းအင်နှင့် သက်ဆိုင်သော မီးငှက်သင်္ကေတများ၊ အင်္ဂါဂြိုဟ်အရှင်သခင် မီးလျှံအပိုင်စားကျင့်စဉ်မှ အင်္ဂါဂြိုဟ်အရှင်သခင်သင်္ကေတများအပြင် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ နတ်ဘုရားမီးလျှံ၊ မိစ္ဆာမီးလျှံတို့လည်း ပါဝင်သည်။ ရှေးဟောင်းနဂါးကျင့်စဉ်မှ မီးနဂါးဘာသာစကားပင် ရှိနေ၏။
သို့တိုင်အောင် မီးသင်္ကေတများအပေါ် ချင်မူ၏ထိန်းချုပ်နိုင်စွမ်းမှာ ပြီးပြည့်စုံရန် အလှမ်းဝေးသေးသည်။ အဘယ်ကြောင့်ဆိုသော် အထက်ပါသင်္ကေတများအပြင် မဟာနေဧကရာဇ်ဆီမှ မီးသင်္ကေတများ၊ ဖုန့်ဟွမ်ငှက်၏ မီးသင်္ကေတများ၊ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မီးကောင်းကင်နတ်သိုင်းများနှင့် တခြားမီးအမျိုးအစားများ ရှိသေး၍ပင်။
ကောင်းကင်နေမီးလျှံ၏ မဟာတာအိုကို တွက်ထုတ်လိုလျှင် သူ့အနေဖြင့် သင်ယူလေ့လာထားသော မီးသင်္ကေတအမှတ်အသားများကို ပယ်ရှားကာ သုညမှ ပြန်စရလိမ့်မည်။
သုညမှ ‘တစ်’ ရေးနိုင်ရန်မှာ အခက်ခဲဆုံး အဆင့် ဖြစ်ချေသည်။
‘တစ်’ သည် လမ်းကြောင်းကို အဆုံးအဖြတ်ပေးပြီး သင်္ချာစနစ်တစ်ခု တည်ဆောက်ပေးမည့် ပထမဆုံးအမှတ် ဖြစ်၏။ ပထမဆုံးအမှတ်ကို အခြေခံကာ ဒုတိယအမှတ်ကို တွက်ချက်နိုင်သည်။ ထို့နောက် တတိယအမှတ်၊ စတုတ္ထအမှတ် အသီးသီးရလာမည်။
သင်္ချာကိန်းအားလုံးကို ရသည့်အချိန်မှ သဏ္ဍာန်တစ်ခု တည်ဆောက်နိုင်ပြီး ပထမအဆင့် ပြီးမြောက်လိမ့်မည်။
ထို့နောက် ထိုက်ဝေသင်္ချာကျမ်းအား အသုံးချကာ မတူညီသော သဏ္ဍာန်များ တွက်ချက်နိုင်မည်။ သဏ္ဍာန်များကို မတူညီကွဲပြားစွာ အစီအစဉ်ချလိုက်လျှင် မတူညီသည့် စွမ်းအားများဖြင့် ကောင်းကင်နတ်သိုင်းများအား ဖွဲ့တည်ပေးနိုင်မည်။
ချင်မူ တွက်ချက်နေစဉ် နဂါးချီလင်က လေးပင်သော ခြေလှမ်းများဖြင့် သူနှင့် ဓားစက်လုံးကို သယ်နေသည်။ နတ်သက်ကြွေတောင်တန်းသို့ ရောက်သည့်အခါ ကောင်းကင်မီးလျှံတာအို၏ ပထမဆုံးကောင်းကင်နတ်သိုင်းကို ချင်မူ တွက်ချက်ပြီးသွား၏။
ကောင်းကင်နတ်သိုင်းက အကြမ်းစားသာ ရှိသေးသည်။
စွမ်းအားက တာအိုတွင် ရှိခြင်းမဟုတ်၊ ကောင်းကင်နတ်သိုင်းတွင် ရှိခြင်းဖြစ်သည်။ ကောင်းကင်နတ်သိုင်းသည် ကောင်းကင်မီးလျှံ၏မဟာတာအိုကို ထုတ်ဖော်ပေးသော စွမ်းအားဖြစ်၏။
ပြင်းပြင်းထန်ထန် ကြိုးစားပါက ပထမကောင်းကင်နတ်သိုင်းမှတစ်ဆင့် ဒုတိယမီးကောင်းကင်နတ်သိုင်း၊ တတိယမီးကောင်းကင်နတ်သိုင်းတို့အား အဆင့်ဆင့် ဖန်တီးနိုင်လိမ့်မည်။
ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ “ယိုတုသားတော် ချင်ဖုန်းကျင့်”
ချင်မူ အနည်းငယ် မှင်သက်သွားသည်။ သူ့ကို ယိုတုသားတော်၊ ချင်ဖုန်းကျင့်ဟု ခေါ်တတ်သူ သိပ်မရှိပေ။
ချင်မူ ခေါင်းမော့ပြီး ပြုံးလိုက်သည်။ “နောင်တော်ချီကျုံရီ”
ချီကျုံရီက နတ်သက်ကြွေတောင်ကြော၌ ရပ်လျက် မှင်သေသေ ပြောသည်။ “ယိုတုသားတော်၊ ငါ ပြန်တော့မယ်... ကောင်းကင်ဘုံနတ်ဘုံဆီ ပြန်ပြီး အောက်ဘုံကိစ္စတွေမှာ ဝင်မပါတော့ဘူး... ဒီအဓိပ္ပါယ်ကို မင်း သိလား”
ချင်မူ့အကြည့် တောက်ပသွားသည်။ “ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် လှုပ်ရှားတော့မှာပေါ့”
ချီကျုံရီက ခေါင်းညိတ်ကာ ပြောသည်။ “ဒီရက်ပိုင်း ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လျှောက်သွားခဲ့ပြီး ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက တောမီးလို အရှိန်ပြင်းပြင်း တောက်လောင်နေတာ မြင်ခဲ့ရတယ်... ငါ့နောင်တော် သုံးယောက်ကိုလည်း တွေ့ခဲ့သေးတယ်... မင်း သူတို့ကို သိပါတယ်”
ချင်မူ ပြောလိုက်သည်။ “လော့ယွင်ချွီ၊ ခွေ့ချင်းပိုင်နဲ့ ဖုယန်ချီတို့သုံးယောက်မလား... သူတို့က ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ပျက်ကျတုန်းက မဟာမြို့ပျက်ထဲ ဝင်လာခဲ့တာများလား... ဒါပေမဲ့ သူတို့သုံးယောက်လောက်နဲ့တော့ ဘာမှမဖြစ်ပါဘူးး... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပညာရှင်တွေအများကြီး ရှိနေပြီ... သူတို့သုံးယောက်ကို သတ်ဖို့က ပြဿနာမဟုတ်ဘူး”
ချီကျုံရီက အပြုံးမဟုတ်သော အပြုံးဖြင့် ပြောသည်။ “သူတို့က ကပ်ဘေးကြီး စေလွှတ်ဖို့ လာကြတာ... မင်းတို့နဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘူး.... ကပ်ဘေးလွှတ်ဖို့ကလည်း သူတို့အတွက် မခက်ခဲဘူး... သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ်တဲ့ နတ်ဘုရားတစ်ပါးအတွက် လူသန်းပေါင်းများစွာကို ဖယ်ရှားပစ်ဖို့က ရိုးရိုးလေးပါ... သူတို့အနေနဲ့ အားထုတ်စရာကို မလိုတာ”
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် အမှန်တကယ် ထိုသို့စွမ်းဆောင်နိုင်၏။
ချီကျုံရီက ပြောသည်။ “လူတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက နတ်ဘုရားရုပ်တုတွေဆီ ယဇ်ပူဇော်လိုက်လို့ နတ်ဘုရားတွေ အသက်ဝင်လာရင် မင်းတို့အားလုံးကို အစုလိုက်အပြုံလိုက် သတ်နိုင်ပြီ”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်၏။ “အဲဒီနတ်ဘုရားတွေ အသက်ဝင်လာရင်တောင် ဘာမှမလုပ်နိုင်ပါဘူး... အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အဆင့်မြင့်သိုင်းပညာရှင်တွေအများကြီး ပေါ်ထွက်လာပြီ... ဒါ့အပြင် မဟာမြို့ပျက်ရဲ့ အင်အားက တိုင်းတာလို့တောင် မရဘူး... သူတို့ အသက်ရှင်လာတော့ရော ဘာလုပ်နိုင်မှာလဲ”
ချီကျုံရီက ပြောလိုက်သည်။ “မင်းမှာ မိုးကြိုးငါးသွယ်ဒယ်အိုးဆိုတဲ့ လက်နက်ရှိတယ်မလား... အဲဒါက မြောက်နတ်မင်း သွန်းလုပ်ထားတဲ့ လက်နက်ပဲ... အထဲမှာ မဟာမိုးကြိုးတိမ်တိုက်ငါးခု ကိန်းဝပ်နေတယ်... မိုးကြိုးတိမ်တိုက်တွေထဲမှာ မီးခေါင်းလောင်း ကောင်းကင်လက်နက်တွေလည်း ပါသေးတယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “မြောက်နတ်ဘုရားအကြောင်း ငါ ကြားဖူးတယ်... သူ့ကို အမှောင်စစ်သည်တော် မဟာနတ်မင်းလို့ ခေါ်တာမဟုတ်လား”
ချီကျုံရီက ပြောလိုက်သည်။ “အမှောင်စစ်သည်တော် မဟာနတ်မင်းက သဘာဝကနေ မွေးဖွားလာတဲ့ အထွတ်အမြတ်နတ်ဘုရားတစ်ပါးပဲ”
“ခိုင်ဧကရာဇ်က အမှောင်စစ်သည်တော် မဟာနတ်မင်းကို ဧည့်သည်အဖြစ် တစ်ခါ ဖိတ်ခေါ်ခဲ့ဖူးတယ်” ချင်မူ ပြောလိုက်၏။
ချီကျုံရီက ဆက်ပြောသည်။ “အမှောင်စစ်သည်တော် မဟာနတ်မင်းရဲ့ လက်နက်က ကပ်ဘေးလွှတ်ပေးမယ့် လက်နက်တစ်ခုပဲ ... မိုးကြိုးငါးသွယ်ဒယ်အိုးအပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တခြားကောင်းကင်လက်နက်တွေ ရှိသေးတယ်... မင်းတို့တွေ ဖွက်ထားကြတာမဟုတ်လား... ဒါကြောင့် မင်းတို့ မကြောက်လန့်ကြတာပဲ... အမှောင်စစ်သည်တော် မဟာနတ်မင်းရဲ့ လက်နက်တစ်ခုက ကပ်ဘေးလွှတ်ပေးနိုင်တဲ့ လက်နက်တစ်ခု ဖြစ်နေရင် တခြားလက်နက်တွေကလည်း အားနည်းမယ်ထင်ထား.... မင်းတို့ အဲဒီလက်နက်တွေကို တကယ် ဖွက်ထားနိုင်မယ်ထင်လား”
ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွးသည်။ “တခြားကောင်းကင်လက်နက်တွေက မြောက်နတ်မင်းရဲ့ ကောင်းကင်လက်နက်အောက် မနိမ့်ကျဘူးဟုတ်လား... ဒါဆို သူတို့တွေကလည်း သဘာဝအတိုင်း မွေးဖွားလာတဲ့ အထွတ်အမြတ်နတ်ဘုရားတွေလား”
“ဟုတ်တယ်”
ချီကျုံရီက ပြောသည်။ “ကပ်ဘေးလွှတ်တာက သဘာဝအတိုင်း မွေးဖွားလာတဲ့ အထွတ်အမြတ်နတ်ဘုရားတွေ လုပ်တတ်တဲ့ နည်းလမ်းတွေပဲ.... ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက ကျောက်ရုပ်တုတွေ အသက်ဝင်လာရင် အဲဒီလက်နက်တွေကို မင်းတို့ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး... ငါသာ မင်းဆိုရင် ဒီနေရာက ထွက်သွားပြီး အဝေးဆုံးမှာ သွားပုန်းနေပြီ”
ချင်မူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး အကြည့်များ လှုပ်ခတ်သွား၏။ သူက အလေးအနက် မေးလိုက်သည်။ “နောင်တော်ချီ ငါတို့နှစ်ယောက်က ပြိုင်ဘက်တွေဆိုတာ သိသာပါတယ်.. ဘာကြောင့် ဒီလိုအရေးကြီးတဲ့ကိစ္စတစ်ခုကို ငါ့ဆီ သတိပေးနေတာလဲ”
ချီကျုံရီက ပြုံးလိုက်သည်။ “ငါက မင်းနဲ့ပဲ ရန်ငြိုးရှိတာပါ... ဒီကလူတွေနဲ့ ရှိတာမှ မဟုတ်တာ... ပြီးတော့ ငါ မင်းကို ပြောပြရင်တောင် မင်း ဒီပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာက အနှေးနဲ့အမြန် သုတ်သင်ခံရမယ့် ကံဇာတာပါပြီးသား... ဒါ့အပြင် ငါ မပြန်ခင် ဆန္ဒတစ်ခုလည်း ပြည့်ချင်လို့”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မင်းရဲ့ ဆန္ဒမပြည့်မှာ ငါ စိုးရိမ်မိတယ်”
“သိုင်းပညာရှင်တွေ တိုက်ခိုက်ရင် နှလုံးသားကို ပထမဆုံး ဦးတည်တိုက်ခိုက်တယ်”
ချီကျုံရီက ပြုံးသည်။ “ငါ အခုလေးတင် လျှို့ဝှက်ချက်တစ်ခု ထုတ်ပြောပြီး မင်းရဲ့ တာအိုနှလုံးသားကို ယိမ်းယိုင်စေခဲ့ပြီးပြီ... မင်းနဲ့ ငါက အစွမ်းအစချင်း သိပ်ကွာတာ မဟုတ်ဘူး... မင်းရဲ့ တာအိုနှလုံးသား မခိုင်မာရင် ငါ မင်းကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိတယ်”
ချင်မူက အေးအေးဆေးဆေး ဖြေလိုက်၏။ “လျှို့ဝှက်ချက် ပြောပြပေးတာ ထောက်ထားပြီး အသက်ချမ်းသာပေးပါ့မယ်... လာခဲ့”
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎