သူတို့ရဲ့အကောင်းဆုံးပစ်ချက်ကို စောင့်ခြင်း
Vol. 9 Ch. 122
ရှောင်ဟန်ကျန့်က စာကို ဖောက်ဖြဲပြီးနောက် နှစ်ယောက်သား အတူတူ ဖတ်ပြလိုက်ကြသည်။
စာဖတ်ပြီးနောက် ရှစ်ချင်းလျို့က သူမ မျှော်လင့်ထားသည့်အတိုင်းဖြစ်ကြောင်း ဟန်အမူအရာ ထုတ်ပြခဲ့သည်။
“ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေက ရှင့်ရဲ့ အကြီးဆုံးတူကို မိန်းမတစ်ယောက်နဲ့ ဆွဲဆောင်ခိုင်းနိုင်လောက်အောင် ကြောက်စရာကောင်းတာပဲ၊ အဲဒီလူက ကျွန်မကို သစ္စာဖောက်တာနဲ့ အတူတူပဲ။”
ရှောင်မိသားစုရဲ့အကြီးဆုံးမြေးက မကြာသေးမီက အမျိုးသမီးတစ်ဦးကို ချစ်မိသွားပြီး ကိုယ်လုပ်တော်အဖြစ် စစ်သူကြီးစံအိမ်သို့ပင် ခေါ်သွားခဲ့ကြောင်း စာထဲတွင် ရေးသားဖော်ပြထားသည်။
ရှောင်ဟန်ကျန့်ရဲ့ လူတွေက သူ့ဆန်ကုန်မြေလေးအဖေက ဒီအမျိုးသမီးကို အဲ့ဒီမှာနေဖို့ စီစဉ်ခဲ့တာကို သိလိုက်ရလေသည်။
သူ့ရဲ့ ဆန်ကုန်မြေလေးအဖေက ပြဿနာကောင်တွေမှာ တစ်ခုခု မှားယွင်းနေကြောင်း အလွယ်တကူ မှန်းဆနိုင်ပေမယ့် နောက်ကွယ်က ကြိုးကိုင်သူဟာ ဘယ်သူလဲဆိုတာကိုတော့ မသိသေးပေ။
ထို့ကြောင့် သူက ပြဿနာကောင်တွေကို ဦးစွာ ချော့မော့ပေးလိုက်ခြင်း ဖြစ်သည်။
သူတို့ ကိုယ့်ဘာသာကိုယ် ကျေနပ်အားရလာပြီး သတိ လျှော့ချလိုက်သည့်အခါ သူက ပျားရည်ထောင်ချောက်ကို အသုံးပြုပြီး ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို တိုက်ရိုက် ပစ်မှတ်ထားခဲ့သည်။
ရှောင်ဟန်ကျန့်က မြူးထူးစွာ ပြုံးလိုက်သည်။ "ဒါက အဲဒီမိန်းမရဲ့ အကြံပဲ ဖြစ်လိမ့်မယ်။"
နောက်ကွယ်မှာ ဘယ်သူရှိတာလဲဆိုတာ သိချင်တာအပြင် အဲဒီအမျိုးသမီးက သူမရဲ့ မောင်လေး၏ အနာဂတ်ကို ဖျက်ဆီးခဲ့တဲ့သူကို လက်စားချေချင်တာ ဖြစ်နိုင်သည်။
ရှစ်ချင်းလျို့က ခေါင်းညိတ်ပြလိုက်သည်။ “အဲဒီမိန်းမက တကယ်ကို ဉာဏ်ကောင်းတယ်။"
ထိုနည်းလမ်းက လူပျိုဖော်ဝင်စ ရောက်လာသည့် ဖြူစင်သည့် လူပျိုတွေအတွက် ထိရောက်မှု ရှိသည်။
“ရှင့်လူတွေက ရှင့်ဆန်ကုန်မြေလေးအဖေက သူ့ရဲ့အကြီးဆုံးတူကို သူ့အကြံအစည်အတွက် အသုံးချနေတာလို့ ရေးထားတယ်၊ ရှောင်မိသားစုဟောင်းကလူတွေ မကြာခင်ပဲ မြို့တော်ကနေ နှင်ထုတ်ခံရတော့မယ့်ပုံပဲ။”
ရွာကို ပြန်မလွှတ်သရွေ့တော့ အဆင်ပြေနေပါသေးသည်။
သူ့ရဲ့ ဆန်ကုန်မြေလေးဖခင်နှင့် သူ့ဇနီးတို့က ရွာကို ပြန်လွှတ်ပစ်ချင်သော်လည်း သူတို့၏ သားသမီးဝတ္တရားနှင့် ဂုဏ်သတင်းကြောင့် သူတို့ မလုပ်နိုင်ကြပေ။
ကံကောင်းထောက်မစွာ ရှောင်မိသားစုဟောင်း၏ ပြဿနာကောင်များသည် အရင်က သူမ လှုံ့ဆော်ပေးခဲ့သည့်အရာတွေ သင်ပေးခဲ့သည့် အရာများကို လုပ်ဆောင်ခဲ့ရုံသာမက ထူးထူးခြားခြား ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
မဟုတ်ပါက ဒီလက်ဆောင်တွေက သူတို့ဆီ သေချာပေါက် ပြန်ရောက်လာလိမ့်မည်။
ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို မှီပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ “ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေနဲ့ အဲဒီအမျိုးသမီးရဲ့ သေးနုပ်တဲ့ အကျင့်စရိုက်အရ ကျွန်မတို့ရဲ့ အကြောင်းကို သိသွားပြီးရင် သူတို့က ကျွန်မတို့ကို လွယ်လွယ်နဲ့ လွှတ်မပေးမှာကို စိုးတယ်၊ သူတို့ ကျွန်မတို့ကို ဘယ်လိုလက်စားချေမယ်လို့ ထင်လဲ။"
သူမက မကြောက်သလို စိုးရိမ်မှုလည်း မဖြစ်သည့်အပြင် သူမ၏ လက်သီးများကိုပင် အတူတကွ ပွတ်သပ်နေခဲ့သည်။
ရှောင်ဟန်ကျန့်က သူမကို ဒီလိုမြင်လိုက်ရတာကြောင့် ရယ်လိုက်လေသည် ။ "သူတို့ရဲ့ ပင်ကိုယ်စရိုက်အရတော့ ဒီအတိုင်း ထားမှာ မဟုတ်ဘူး။"
သူက ဆက်ပြောခဲ့သည်။ "သူတို့က မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်း အတွက် သွားတစ်ချောင်း လိုချင်တဲ့ လူမျိုးပဲ။"
ရှစ်ချင်းလျို့က သူမ မတုံ့ပြန်မှု မပြုမီ ခဏလောက် ကြက်သေ သေသွားခဲ့သည်။ "ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေကို ပြည့်ပြည့်ဝဝ အသုံးချလိမ့်မယ်လို့ ဆိုလိုတာလား။"
ရှောင်မိသားစု၏ ပြဿနာကောင်များက ပြန်မလာနိုင်ကြသေးပေ။
သူတို့ ကလဲ့စားချေလိုပါက သူမ၏ ပြဿနာကောင် မိသားစုဝင်များကို ပစ်မှတ်ထားကြလိမ့်မည်။
ရှောင်ဟန်ကျန့်က တိုးတိုးလေး ရယ်မောလိုက်သည်။ “ကိုယ့်မိန်းမက တကယ်ကို ဉာဏ်ကောင်းတယ်၊ ရှစ်မိသားစုအပြင် သူတို့ ဝူမိသားစုကိုလည်း အမြတ်ထုတ်လိမ့်မယ်"
သူက သူ့ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးကို အကြာကြီး စူးစမ်းခဲ့သည်။
သူက သူတို့အကြောင်း ကောင်းကောင်း နားလည်ခဲ့တာကြာပြီ ဖြစ်သည်။
ရှစ်ချင်းလျို့က ခေါင်းညိတ်လိုက်သည်။ “အဲဒါ အဓိပ္ပာယ်ရှိတယ်။”
သူမက အဓိပ္ပာယ်အပြည့်ဖြင့် ပြောလေသည်။ “ဒီနေ့ပြန်သွားပြီး ကျွန်မရဲ့ ဆန်ကုန်မြေလေးအဖေနဲ့ စကားစမြည် ပြောကြည့်ရအောင်။”
ရှောင်ဟန်ကျန့်၏ လူယုတ်မာဖခင်နှင့် သူ့ဇနီးသည်တို့ မည်သို့လက်စားချေမည်ကို သူမ စောင့်မျှော်နေသည်။
ဤစစ်တုရင်ပွဲက ကစားသမားနှစ်ဦး အပြန်ပြန် အလှန်လှန် အကွက်ရွှေ့ လှုပ်ရှားခြင်းကြောင့် ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။
သူ့ဆန်ကုန်အဖေနှင့် အဲဒီအမျိုးသမီးက ထိုပြဿနာကောင်တွေ လွယ်လွယ်နှင့် အနိုင်ယူနိုင်သည့် အလွန်အားနည်းသည့်လူတွေဆိုပါက သူမ ခင်ပွန်း နိုးလာသည့်အခါတုန်းက အလွန် ဒေါသဖြစ်မှာ မဟုတ်ပေ။
မြို့တော်မှာ ဒီစုံတွဲကို သူတို့ ပိုကိုင်တွယ်ဖြေရှင်းလေလေ၊ သူတို့နှစ်ယောက်ကို ပိုအထိနာမှာကို မြင်ရမှာ ပိုစိတ်လှုပ်ရှားစရာကောင်းနေလေသည်။
ရှောင်ဟန်ကျန့်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ အရင်က ကိုယ်တို့မှာ အခြေခံအုတ်မြစ် မရှိခဲ့ဘူး၊ ကိုယ့်အဖေက တစ်ချက် လှုပ်ရှားပြီးတာနဲ့ ကိုယ်တို့ကို ပစ်မှတ်ထားဖို့ လွယ်တယ်၊ သူက ကိုယ်တို့ကို ထပ်ပြီး ပစ်မှတ်ထားချင်ရင်တော့ လွယ်မှာ မဟုတ်ဘူး။"
ရှောင်ဟန်ကျန့်က ဆရာဟုန်၏ တပည့်အဖြစ် အောင်မြင်ခဲ့ပြီး မော့ချင်းလင်နှင့် မိတ်ဆွေဖြစ်ခဲ့သည်။
ဖေးယွီကျယ်နှင့် လျန့်ယို့ရှောင်တို့သည်လည်း သူ့အိမ်တွင် နေထိုင်နေကြသည်။
သူ့ဇနီး၏ အကြံအစည်များမှ ရရှိသောအကျိုးကျေးဇူးများအပြင် ဧကရာဇ်မင်းမြတ်အား သူတို့ တင်ပြခဲ့သော ထုတ်လုပ်နည်း နှစ်ခုကြောင့် သူ့ဆန်ကုန်မြေလေးဖခင်က ထိုအကြောင်းများကို သိရှိပြီးနောက်တွင် လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် သေချာပေါက် သွေးဆောင်ခံရမည်ဖြစ်သည်။
သူတို့မှာလည်း သူတို့ရဲ့ ခံစစ်နည်းဗျူဟာတွေ ရှိတာကြောင့် သိုသိုသိပ်သိပ် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။
ရှစ်ချင်းလျို့က သဘောတူခဲ့သည်။"အင်း သူတို့ရဲ့ အကောင်းဆုံး ပစ်ချက်ကို စောင့်ကြရအောင်။"
ရှောင်မိသားစုဟောင်းက ပြဿနာကောင်များကို မြို့တော်ကိုရောက်ပြီးနောက် ခွေးချင်းကိုက်သည့်ပွဲကို ဖြစ်စေကာ ထိုလင်မယား နှစ်ယောက်၏ ဂုဏ်သိက္ခာကို ဖျက်စီးခြင်းအပြင် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ပြဿနာကောင်များဖြင့် သူတို့နှစ်ယောက်၏ အာရုံကို ဆွဲဆောင်ပြီး သူတို့ရဲ့ ဇွဲလုံ့လကို ထုတ်ပြချင်တာ ဖြစ်သည်။
ဒါက မှန်ကန်သည့် လှုပ်ရှားမှုလို့ ထင်ရသည်။
သူမက ဆက်ပြောခဲ့သည့်။ “ကျွန်မတို့ ပထမဆုံး ရေခဲထုတ်လုပ်နည်းကို ဆက်သလိုက်တုန်းက ရှင့်အဖေက အဲဒါကို သိပ်အာရုံမစိုက်တော့ အဲဒါက ကျွန်မတို့ပဲဆိုတာ သူ သိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီတစ်ခါတော့ ရှင်က ဘိလပ်မြေထုတ်လုပ်နည်းကို တင်ပြတဲ့သူဆိုတာ သူ သိသွားလိမ့်မယ်၊ အခုတော့ သူ့အာရုံက ပြဿနာကောင်တွေဆီကနေ ကျွန်မတို့ဆီ ပြောင်းလာလိမ့်မယ်။"
ရှောင်ဟန်ကျန့်၏ မျက်လုံးများသည် ကြိုတင်မျှော်မှန်းချက်နှင့် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ “ဒါဆိုလည်း သူတို့ ကိုယ်တို့ကို ပိုပြီး အာရုံစိုက်ပါစေ။”
သူ စွန့်ပစ်ခဲ့သည့် သားဖြစ်သူက သူ့အပေါ်ကို တက်နင်းပြီး သူ့ကို ထောင်ဖမ်းသည်ဆိုတာကို သူ့အဖေကို သူ့မျက်စိနှင့် မြင်ခွင့်ပေးလိမ့်မည်။
သူ့ဆန်ကုန်မြေလေးအဖေကို ခြောက်သွေ့အောင် ညှစ်ပြီး သူတို့နှစ်ယောက်ကို နေ့တိုင်း ကြောက်ရွံ့စွာ နေထိုင်နေစေရမည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။
သူက ယခုမှ အခြေခံအဆင့် စာသင်သားသာ ဖြစ်သေးသော်လည်း သူ့အတောင်များက ပို၍ သန်မာလာပြီ ဖြစ်သည်။
သူက ပျက်စီးနေသော အနာဂတ်နှင့် မိသားစုကို ဆုံးရှုံးခဲ့ရသော အခြေခံအဆင့် စာသင်သား မဟုတ်တော့ပေ။
ရှစ်ချင်းလျို့သည် သူမ ခင်ပွန်း၏ အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
သူမက လှည့်ကာ သူ့ခါးကို ပွေ့ဖက်ပြီး သူ့ရင်ခွင်ထဲသို့ မှီလိုက်သည်။ "ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေနဲ့ အဲဒီအမျိုးသမီးက ကျွန်မတို့ကို မဖယ်ထုတ်နိုင်လို့ ကူကယ်ရာမဲ့နေမယ့်ပုံစံကိုကြည့်ရတာ ကျွန်မ ကြိုက်တယ်။"
သေမတတ် ဒေါသထွက်နေကြမှာပဲ။ အဟွန်း။
ရှောင်ဟန်ကျန့်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ "အင်း ကိုယ်တို့ကို ဖယ်ရှားဖို့ မတတ်နိုင်တာကို သိတဲ့အခါ သူတို့ ဒေါသထွက်ပြီး စွေ့စွေ့ခုန်နေမှာကို ကြည့်ရတာ ကိုယ်ကြိုက်တယ်။"
နှစ်ယောက်သား ခဏကြာ ပွေ့ဖက်လိုက်ကြပြီးနောက် ခြေသံကြားသည့်အခါ ရှစ်ချင်းလျို့က သူ့ပေါင်ပေါ်မှဆင်းပြီး သူမရဲ့ ထိုင်ခုံဆီသို့ ပြန်ထိုင်လိုက်သည်။
သူတို့ ထိုင်နေတုန်း တံခါးခေါက်သံ ကြားလိုက်လေသည်။
သူတို့ မှာထားသည့် ဟင်းပွဲတွေက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူတို့နှစ်ယောက် ထမင်းစားပြီးတာနှင့် မြင်းရထားပေါ်စီးပြီး ရွာကို အေးအေးဆေးဆေး ပြန်လာခဲ့ကြသည်။
ရှောင်ဟန်ကျန့်မြင်းများကို ဦးဆောင်မောင်းခဲ့ပြီး ရှစ်ချင်းလျို့ကလည်း ရထားလုံးထဲသို့ မ၀င်ခဲ့ပေ။
ထိုအစား သူမက ရထားလုံးမောင်းသည့်စင်ပေါ်တွင် ထိုင်ကာ သူ့ကို အဖော်ပြုပေးခဲ့သည်။
မြင်းရထားလုံးက ရွာထဲကိုဝင်ပြီး သူတို့အိမ်ဘက်ကို ဦးတည်သွားနေသည်။
ရှစ်ချင်းလျို့က တာအိုဘုန်းကြီးကျောင်းနှင့် မဝေးသည့် တောင်ပေါ်သို့ လျှောက်သွားနေသည့် လူတစ်ယောက်ကို မြင်လိုက်လေသည်။
သူမက ထိုလူကို မှတ်မိပြီးသားဖြစ်သည်။ "အဲ့ဒီနေရာကို သွားရအောင်၊ ကျွန်မတို့ကံက တကယ်ကောင်းတယ်၊ ကျွန်မရဲ့ ဆန်ကုန်မြေလေးအဖေအကြောင်း ပြောနေတုန်းမှာပဲ သူက ပေါ်လာပြီ။"
ရှောင်ဟန်ကျန့်က အဲဒီဦးတည်ချက်ကို ကြည့်လိုက်သည်။
သူ့ဇနီးရဲ့ အမြင်က တကယ်ကောင်းသည်။
ထို့ကြောင့် သူက မြင်းရထားလုံးကို ထိုနေရာသို့ မောင်းသွားလိုက်သည်။
လမ်းလျှောက်ရင်း တစ်ခုခုကို တွေးနေတဲ့ ရှစ်မိသားစုရဲ့ တတိယသားက သူ့ဘေးမှာ မြင်းရထားလုံး တစ်စင်း ရုတ်တရက် ပေါ်လာတော့ ထိတ်လန့်သွားခဲ့သည်။
သူ လှည့်ကြည့်လိုက်တော့ ရှစ်ချင်းလျို့နဲ့ ရှောင်ဟန်ကျန့်ကို မြင်းရထားလုံးပေါ်မှာ တွေ့လိုက်ရလေသည်။
သူက ကြက်သေ သေသွားခဲ့သည်။
"ဘာလုပ်တာလဲ။"
ရှစ်ချင်းလျို့က သူ့ကို အပြုံးတစ်ဝက်နဲ့ ကြည့်ပြီး ပြန်ဖြေရမည့်အစား မေးခွန်းမေးခဲ့သည်။ "ကျွန်မရဲ့ ဆရာသခင်နဲ့ တွေ့ဖို့ တာအိုဘုန်းကြီးကျောင်းကို တိတ်တိတ်လေး သွားကြည့်ဖို့ စီစဉ်နေတာလား။"
ရှစ်မိသားစုရဲ့တတိယသားက အသံတိတ်သွားခဲ့သည်။
ဒီမိန်းကလေးက တကယ်ကို ကောက်ကျစ်တယ်။
သူက ဒါကိုတောင် မြင်နိုင်တယ်။
သူက ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။ “မသေမျိုး ဘုန်းတော်ကြီးကို ဂါရဝပြုဖို့ ငါလာခဲ့တာ။”
အခုအချိန်မှာတော့ ရရွာသူရွာသားတွေအားလုံးက မသေမျိုးဘုန်းတော်ကြီးနှင့် ထိုမိန်းကလေးအကြောင်း ပြောနေကြရာ ပိုပိုပြီး ထူးဆန်းလာသည်။
သူ ဒီအကြောင်းတွေ များများတွေးလေ ငြိမ်မနေနိုင်တော့လေပေ။
မသေမျိုးဘုန်းတော်ကြီးအား အရိုအသေပေး ဂါရဝပြုပြီးနောက် သူ့အား သားတစ်ယောက် ကောင်းချီးပေး ချီးမြှင့်လို့ ရမလား ဆိုသည့် အကြောင်း မေးမြန်းကြည့်မည်ဖြစ်သည်။
ရှစ်ချင်းလျို့က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "သားယောကျာ်းလေးလိုချင်လို့ ကျွန်မရဲ့ ဆရာသခင်ကို ဂါရဝပြုရင်လည်း အသုံးမဝင်ဘူး။"
ရှစ်မိသားစုရဲ့ တတိယသားက သားတစ်ယောက် ရဖို့ စိတ်အားထက်သန်နေသူ ဖြစ်သည်။ “ဒါဆို သားယောကျာ်းရအောင် ဘယ်လိုလုပ်ရမလဲ။"
သူက ထပ်ပြောခဲ့သည်။ "မကြာသေးခင်က မကောင်းတာ ဘာမှ မလုပ်ခဲ့ဘူး၊ ရွာထဲက လူအနည်းငယ်ကိုတောင် ကူညီပေးခဲ့သေးတယ်။"
သူက သူ့သမီး၏ အကြံဥာဏ်ကို လက်ခံခဲ့ကြောင်း သိသာထင်ရှားသည်။
ရှစ်ချင်းလျို့က သူမကိုယ်သူမ ညွှန်ပြလိုက်သည်။ “အဓိပ္ပာယ် မရှိတာ၊ မသေမျိုးဘုန်းတော်ကြီးရဲ့ အဖိုးတန်တပည့်ဖြစ်တဲ့ ကျွန်မဆီက ဖြတ်ကျော်မှ ရမှာပေါ့၊ ကျွန်မ သူ့ကိုတောင်းပန်ပေးရင် အသုံးဝင်မှာပါ။"
မင်းက ငါ့ကိုယ်စား သွားပြီး တောင်းပန်ပေးမယ်ဟုတ်လားဟု ရှစ်မိသားစုရဲ့ တတိယသားက တွေးလိုက်သည်။
သူက ခဏလောက် စဉ်းစားပြီးနောက် မေးလိုက်သည်။ “မင်း ဘာလိုချင်လို့လဲ၊ ဒါမှမဟုတ် မင်းငါ့ကို ဘာလုပ်စေချင်တာလဲ။"
ရှစ်ချင်းလျို့က သူမ၏ ဆန်ကုန်မြေလေးဖခင်က ရှစ်မိသားစုထဲမှာ ဉာဏ်ရည် အထက်မြက်ဆုံး လူတစ်ဦး ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။
သူမက ပြုံးပြီး ပြောလိုက်လေသည်။ "ကျွန်မရဲ့ ဆရာသခင်ကို အရင်သွားပြီး ဂါရဝပြုရအောင်၊ ပြီးမှ စကားကောင်းကောင်း ပြောကြတာပေါ့။”
ရှစ်မိသားစုရဲ့ တတိယသားက အသံတိတ်နေခဲ့သည်။
မသွားလို့ မရဘူးလား။
သူမရဲ့ ပုံစံကို ကြည့်ရခြင်းအားဖြင့် ကောင်းတာ ဖြစ်လာမည့်ပုံမပေါ်ပေ။