ချင်ချူးမူ
Vol. 9 Ch. 117
တစ်ခဏအတွင်းမှာပင် မိန်းကလေး၏ သဘောထားမှာ ဝေ့ဝူယင် အပေါ် ပြောင်းလဲကာ ပျော့ပျောင်းလာ၏။ ကျူးလန်နှင့် သူမ အကြား အဖြစ်အပျက်ကို သိသည့်လူမှာ ဝေ့ဝူယင် အပါအဝင် အနည်းငယ်သာ ရှိသည်။ ထို့ကြောင့်ပင် ငွေရောင်မျက်လုံးများနှင့် လူငယ် ညာနေသည်တော့ မဖြစ်နိုင်ချေ။ တစ်ခါမှ လူချင်း မဆုံဖူးခဲ့သော်လည်း သူ၏ ထူးချွန်ထက်မြက်သော အရည်အချင်းများနှင့် မွှေးပျံ့သော ဂုဏ်သတင်းများကို သူမ ကြားခဲ့ဖူးသည်။
မည်သည့် နောက်ခံမျှ မရှိသည့်တိုင် အသက် ၂၆ ဖြင့် ချီပျစ်ခဲခြင်း အဆင့်ငါးကို ရောက်ရှိခဲ့ခြင်း၊ သံမဏိ သတ္တုချီနှင့် ခရမ်းရောင် လျှပ်စီးချီတို့ကို မွေးဖွားနိုင်ခဲ့ခြင်း...
ကျင့်ကြံခြင်း ရတနာရှိသည်ဟု အများသူငါ ထင်ကြေးပေး ခံရခဲ့သည် အထိ သူ၏ ပါရမီမှာ မြင့်မားလွန်းလှသည်။ ကျင့်ကြံခြင်းလောကက မည်မျှ ခက်ခဲကြမ်းတမ်းကြောင်း သူမ သိပေသည်။
“ကျွန်မ နာမည်က ချင်ချူးမူပါ”
သူမက ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်၏။ ဝေ့ဝူယင် ထိုနာမည်ကို သဘောကျသွားသည်။ သူမ၏ ဇစ်မြစ်၊ အငွေ့အသက်တို့နှင့် လိုက်ဖက်သည်ဟု သူ ခံစားရသည်။
ချင်ချူးမူက ဝေ့ဝူယင်ကို လှပစွာ ပြုံးရင်း ကြည့်လိုက်၏။
“ရှင်မသေသေးတာ သိရတော့ ကျွန်မ ဝမ်းသာပါတယ်... တစ်နေရာရာသွားပြီး စကားပြောကြမလား”
သူမက ဖိတ်ခေါ်လိုက်သည်။ ဝေ့ဝူယင်က ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ ထိုအရာက ထောင်ချောက်မှန်း သိလျှင်ပင် တိုးဝင်မိမလား သူ မသိတော့ချေ။
သူတို့ နှစ်ယောက်သည် လမ်းသွယ်လေးဆီမှ နေ၍ လမ်းမထက်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။ လူအုပ်အကြား ဘေးချင်းယှဥ် လျှောက်ရင်း စားသောက်ဆိုင် တစ်ခုထဲသို့ သူတို့ ရောက်လာခဲ့သည်။
မကြာခင်မှာပင် သူတို့ နှစ်ယောက်သား စကားလက်ဆုံ ကျသွားလေသည်။ ချင်ချူးမူ၏ စကားအရဆိုလျှင် ကျူးလန်သည် လွန်ခဲ့သော ရှစ်နှစ်ခန့်က ဆိုးရွားစွာ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ဝေ့ဝူယင်မှာ အနည်းငယ် ဟာတာတာ ခံစားလိုက်ရသော်လည်း ကျေနပ်မိပေသည်။ သူ လျှင်မြန်စွာပင် ကျူးလန်ကို စိတ်ထဲမှ ထုတ်ပစ်လိုက်၏။
လွန်ခဲ့သော ဆယ့်တစ်နှစ်အတွင်း အဖြစ်အပျက်များကို တိုက်ရိုက် ပြောမပြခဲ့သော်လည်း ဂိုဏ်းမှ ထွက်ခွာကာ ဝူတိုင်းပြည်အတွင်းရှိ အထင်ကရ နေရာများကို လည်ပတ်နေခဲ့ကြောင်းကို သူ သူမအား ပြောပြခဲ့သည်။ သူတို့ နှစ်ယောက် အင်ပါယာဝူ မြို့တော်တွင် ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည် ဆုံစည်းခဲ့ခြင်းမှာမူ ရှားရှားပါးပါး တိုက်ဆိုင်မှု တစ်ခု ဖြစ်ပေသည်။
ဝေ့ဝူယင် ဂိုဏ်းမှ ထွက်ခွာခဲ့သည့် အကြောင်းရင်းကို သိရသော အခိုက်၌ ချင်ချူးမူမှာ သက်ပြင်းချ၏။ ရည်းစားဟောင်း တစ်ယောက်နှင့် ချစ်သူအသစ်တို့ကြားမှ မနာလိုမှုမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်ဟု သူမ မှတ်ချက်ချမိသည်။ ထိုပြဿနာတွင် ပိုမို နက်ရှိုင်းသည့် ကိစ္စများ ရှိနေကြောင်း သူမ ရိပ်မိသော်လည်း စပ်စုရန် မသင့်ဟု သူမ တွေးလိုက်မိသည်။ ထို့အစား ဝေ့ဝူယင်၏ အလည်အပတ် ခရီးစဥ် အကြောင်းကိုသာ သူမ မေးလိုက်၏။
သူတို့ နှစ်ယောက်သည် အချိန်ကြာမြင့်သည် အထိ စကားဆက် မပြတ်သေးချေ။ တစ်ခါတစ်ရံ ရယ်မောလိုက်ကာ တစ်ခါတစ်ရံ၌လည်း တစ်ယောက် စွန့်စားခန်း တစ်ယောက် နားထောင်ရင်း စိတ်လှုပ်ရှား နေကြသည်။ သူတို့ ပြောသမျှ အရာရာက တိုက်ရိုက် အမှန်တရား မဟုတ်သည့်တိုင် အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။
အခြားလူများ အနေဖြင့် ဇာပုဝါကို ဖောက်မြင်နိုင်စွမ်း ရှိချင်မှ ရှိလိမ့်မည် ဖြစ်သော်လည်း ဝေ့ဝူယင်ကမူ သူမ၏ မျက်နှာကို ထင်ထင်ရှားရှားပင် မြင်တွေ့နေရသည်။ သူမသည် သူနှင့် စကားပြောရသည်ကို စိတ်အေးလက်အေးနှင့် ပျော်ရွှင်နေပုံ ရသည်။
ဝေ့ဝူယင် ကိုယ်တိုင်မှာလည်း ကြည်နူးနှစ်သိမ့်မှု တစ်ခုကို ခံစားနေရ၏။ ထိုခံစားချက်က မည်သည့် ခံစားချက်နှင့်မှ မတူချေ။
“ရှင်ထွက်မပြေးဘူးလား”
ချင်ချူးမူက စိုးရိမ်တကြီးနှင့် မေးလိုက်၏။
"ဘာလို့ ပြေးရမှာလဲ... ငါက ဆေဘာ အာဏာရှင်ပဲလေ... မြေပြင်မှာ ရပ်ရင်း ဆေဘာဓားနဲ့ အဲဒီ ကျင့်ကြံသူကို ထိပ်တိုက် ရင်ဆိုင်ခဲ့တာပေါ့”
ဝေ့ဝူယင်သည် သူနှင့် ဟူကျိဝေ့ တိုက်ခိုက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည် ပြောပြနေခြင်း ဖြစ်သည်။ သူသည် နာမည်၊ ကျင့်ကြံခြင်း အဆင့်တို့ကို ချန်လှပ်ထားသည့်တိုင် ဖြစ်စဥ်ကိုမူ အမှန်အတိုင်း ပြောပြနေခဲ့ခြင်း ဖြစ်သည်။
"နောက်ဘာဖြစ်သွားလဲ”
ဝေ့ဝူယင်မှာ သူမ၏ စိတ်လှုပ်ရှားနေသည့် မြစိမ်းရောင် မျက်ဝန်းလေးများကို ရင်ခုန်သွား၏။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အမွှေးရနံ့က သူ၏ နှလုံးသားကို ရီဝေစွာ လွှမ်းခြုံထားသည်။ အကျိုးဆက် အနေဖြင့် သူ ပို၍ အာသွက်လျှာသွက် ဖြစ်လာခဲ့သည်။
"ဘာရွေးချယ်စရာ ရှိဦးမှာလဲ... ငါတို့ နှစ်ယောက် ဓားချင်း ဖလှယ်ခဲ့ကြတာပေါ့... ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ ဒီကို အသက်ရှင်ရက် ရောက်လာနိုင်ခဲ့တယ်လေ... ဟီးဟီး”
ချင်ချူးမူမှာ စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်၏။ ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းသော လုပ်ကြံသူများ၏ အမဲလိုက်ခြင်းကို ခံနေရသည့် သခင်လေး တစ်ယောက်နှင့် ကိုယ်ရံတော် နှစ်ပါး၊ မိသားစု တစ်ခုလုံးကိုပင် အမြစ်ဖြတ်ပစ်ရန် ရည်ရွယ်နေသည့် လုပ်ကြံသူ ခေါင်းဆောင်၊ ထိုပြဿနာများ အတွင်း မထင်မှတ်ပဲ ဝင်ရောက်ပတ်သက်မိသည့် ဝေ့ဝူယင်... တကယ့်ကို အားရစရာ၊ စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည့် ဇာတ်လမ်းတစ်ပုဒ်ပင်။
ဝေ့ဝူယင် နှာခေါင်းကို ပွတ်လိုက်၏။ အကယ်၍ သူသတ်ဖြတ်ခဲ့သည့် ပုဂ္ဂိုလ်မှာ နာမည်ကျော် နတ်ဘုရား ဧကရာဇ် ဟူကျိဝေ့ ဖြစ်ကြောင်းသာ သိရပါက သူမ မည်ကဲ့သို့ ဖြစ်သွားမည်ကို သူ စိတ်ကူးယဥ် ကြည့်နေမိ၏။
သူ အပြင်သို့ လှမ်းကြည့်လိုက်ရာ မိုးချုပ်နေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သတိမထားမိသည့် အချိန်အတွင်းမှာပင် သူတို့ နှစ်ယောက်သည် နာရီပေါင်းများစွာ ကြာအောင် စကားပြောခဲ့ကြပြီး ဖြစ်သည်။
ချင်ချူးမူမှာလည်း အချိန်ကို သတိထားမိသွားကာ အံ့သြသွား၏။ သူတို့ နှစ်ယောက် ဆိုင်သို့ ရောက်သည်မှာ နေ့လည် အချိန်တည်းက ဖြစ်သည်။ ဝေ့ဝူယင်နှင့် စကားပြောရသည်ကို သူမ အလွန် နှစ်သက်မိ၏။ ထိုလူငယ်က သူမ အသက်ကို ကယ်ခဲ့ဖူးသည် ဟူသော အသိကြောင့် စိတ်ချင်း ပိုမို ရင်းနှီးနေခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ချင်ချူးမူ သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိရာ ဝေ့ဝူယင်က ပြုံးလိုက်၏။
“နောက်တောင်ကျနေပြီ... မင်းတည်းတဲ့ နေရာအထိ ငါ လိုက်ပို့မယ်လေ”
ချင်ချူးမူက သဘောတူစွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်သည် ငွေရှင်းကာ ဆိုင်အတွင်းမှ ထွက်ခွာလာခဲ့ကြတော့သည်။
လရောင်ဆမ်းသည့် လမ်းမထက်၌ ယှဥ်တွဲကာ လျှောက်ရင်း လျှို့ဝှက် အယ်ဗန် သစ်တောအကြောင်း ဝေ့ဝူယင် သူမအား မေးနေခဲ့သည်။ တစ်နေ့၌ သူသည် ထိုနေရာကို ရောက်အောင် အလည်အပတ် သွားရောက်မည် ဖြစ်သည်။
သူမက ပြုံးကာ လျှို့ဝှက် ဆန်းကြယ်ကာ လှပသည့် နေရာများ အကြောင်း ပြောပြ၏။ ရှောင်ရှားသင့်သည့် စွန့်ပစ်ခံ နယ်မြေဆိုးများလည်း အပါအဝင် ဖြစ်သည်။ သို့သော်လည်း စွန့်စားလိုစိတ်ဖြင့် တောက်ပနေသည့် ဝေ့ဝူယင်၏ မျက်ဝန်းများကို မြင်သည့် အခါ သူမ ရယ်လိုက်မိ၏။
သတိမထားမိခင်မှာပင် သူမ ညအိပ်မည့် တည်းခိုခန်းသို့ သူတို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာမှာ ကောင်းကင်ဝူ မြို့လယ်တွင် တည်ရှိသည့်တိုင် အကောင်းတကာ့ အကောင်းဆုံးတော့ မဟုတ်ချေ။ နှုတ်ဆက်ရမည့် အချိန်ကား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် သူမ၏ မြစိမ်းရောင် မျက်လုံးများကို ဟာတာတာြဖင့် ကြည့်လိုက်၏။ သူမနှင့် အတူ ရှိခဲ့သည့် အချိန်များ၌ သူ အမှန်တကယ် ပျော်ရွှင်ခဲ့ရပေသည်။
ချင်ချူးမူသည် ဇာပုဝါအောက်တွင် ပြုံးနေခဲ့၏။ သူမ၏ အတွေးများကား သူမ အတွက်ပင် လျှို့ဝှက်လွန်း နေခဲ့သည်။
“ချူးအာ...”
အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ အကြည့်များမှာ ချင်ချူးမူ၏ မြစိမ်းရောင် မျက်လုံးများမှ နေ၍ အသံလာရာသို့ ရွေ့လျားသွားသည်။ ထိုအခါ တည်ငြိမ်စွာ လမ်းလျှောက်လာနေသော ပုံရိပ်တစ်ခုကို သူ မြင်တွေ့ လိုက်ရ၏။ ကြည်လင် နက်မှောင်သော အနက်ရောင် မျက်ဝန်းများ၊ လှိုင်းတွန့် ဆံပင်များနှင့် လူငယ်တစ်ယောက်ပင်။
ထိုလူငယ်သည် လိင်မျိုးကွဲ မှန်သမျှကို ဆွဲဆောင်နိုင်သည့် ချောမောမှုမျိုးကို ပိုင်ဆိုင်ထား၏။ သူကား မိန်းကလေးတိုင်း ကြွေဆင်းပြီး ယောက်ျားလေးတိုင်း အားကျရသည့် ရုပ်ရည်မျိုးပင်။ သို့သော်လည်း ဝေ့ဝူယင် ဂရုစိုက်သည့် အရာက အသွင်အပြင် မဟုတ်ချေ။ ချင်ချူးမူကို “ချူးအာ” ဟု ခေါ်လိုက်သည့် သူ၏ အသုံးအနှုန်းပင် ဖြစ်သည်။
ချင်ချူးမူက လူငယ်ဘက်သို့ လှည့်ကာ လှပစွာ ပြုံးလိုက်၏။
“လုံချန်... သူက ဝေ့ဝူယင်တဲ့... ကျွန်မ အဖမ်းခံနေရတဲ့ အကြောင်း နေသွေးနီနီဂိုဏ်းချုပ်ကို အသိပေးပြီး ကယ်တင်ခဲ့တယ် ဆိုတာ သူပေါ့... ဒီနေ့ လမ်းမှာ သူနဲ့ မတော်တဆ တွေ့ခဲ့တယ်လေ”
သူမ၏ စကားလုံးများက ရိုးသားမှုဖြင့် ပြည့်ဝနေသည်။
“ဝေ့ဝူယင်... သူက လုံချန်တဲ့”
ဝေ့ဝူယင်က လက်နှစ်ဖက် ယှက်ရင်း နှုတ်ဆက်လိုက်သည်။ အပြင်ပန်း၌ တည်ငြိမ်နေသည့်တိုင် သူ၏ အတွင်းစိတ်မှာမူ မုန်တိုင်းအတိုင်း တစ်ခုအလား ရိုင်းစိုင်းစွာ ခက်ထန်နေ၏။
ထိုလူငယ်အား သူ့အား သတ်ဖြတ်ခဲ့သူပင် ဖြစ်သည်။
လူငယ်၏ နောက်ကျော၌ လွယ်ထားသည့် ဓားကို ကြည့်မိသော အခိုက်၌ ဝေ့ဝူယင်၏ မျက်ဝန်းများက ခက်ထန်သွား၏။ သူ၏ လည်ပင်းထက်သို့ ရက်စက်စွာ ကျရောက်လာခဲ့သည့် ဓားကို ဝေ့ဝူယင် တစ်သက် မမေ့ချေ။
သူ၏ အသက်ကို နှုတ်ယူခဲ့သည့်ဓား... သူ၏ အသက်ကို ရိတ်သိမ်းပြီး ကျင့်ကြံခြင်း ခရီးရှည်ကို အဆုံးသတ်စေခဲ့သည့်ဓား...
သို့သော်လည်း ထိုအဖြစ်အပျက်များမှာ ဘယ်တော့မျှ ဖြစ်လာတော့မည် မဟုတ်ချေ။ ယခု၌ သူ့တွင် ဝိညာဥ် လေးခုနှင့် ချီပျစ်ခဲခြင်း အဆင့်ရှစ် ကျင့်ကြံခြင်း အခြေခံ ရှိနေခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်က သူသည် ထိုလူငယ် ခေါင်းဖြတ်သတ်ခြင်းကို ခံရမည့်လူ မဟုတ်တော့။
“ဪ... မင်းက ဝေ့ဝူယင်ကိုး... ကောင်းကင်က ပါရမီရှင်တွေကို အမြဲတမ်း အခွင့်အရေး ပေးတဲ့ပုံပဲ”
လုံချန်က မှတ်ချက်ပေးလိုက်သော်လည်း သူ၏ လေသံမှာ ခြောက်ကပ်ကပ်လိုလို ထူးခြားနေ၏။ ထိုအရာက မနာလိုခြင်း မဟုတ်ချေ။ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ် အရိပ်အငွေ့များပင်။
ချင်ချူးမူမှာ လုံချန်၏ အသံကို သတိထားမိကာ မျက်မှောင်ကြုတ်လိုက်၏။ သူမက ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်ရာ ပုံမှန်အတိုင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ လုံချန်၏ သတ်ဖြတ်လိုစိတ်ကို ဝေ့ဝူယင် သတိထားမိမည် ဖြစ်ကြောင်း သူမ သိသည်။ အနည်းဆုံးတော့ သူ ရိပ်မိလောက်သည်။
“နာ့ရှင်းရီကို မင်းမှတ်မိသေးလား”
လုံချန်က အေးစက်စက် မေးလိုက်၏။
နာ့ရှင်းရီ...
ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။ သို့သော်လည်း မကြာခင်မှာပင် ပုံမှန် ပြန်ဖြစ်သွားကာ လုံချန်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်မိ၏။
“နာ့ရှင်းရီ... ဝေ့ဝူယင်နဲ့ သူက သိနေကြတာလား”
ချင်ချူးမူမှာ အံ့အားသင့်သွား၏။ သူမ နာ့ရှင်းရီကို သိသည်။ သူမသည် ယင်ဆုံမှတ်သုံးခုကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်၏။ သို့သော်လည်း ကြားရသလောက်ဆိုလျှင် သူမသည် အတိတ်၌ ကြေကွဲစရာ အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရသည်။
သူမ၏ ဂိုဏ်းသည် ဖျက်ဆီးခံခဲ့ရကာ သူမကိုယ်တိုင်မှာလည်း စော်ကားခဲ့ရသည်။ လုံချန်သည် နာ့ရှင်းရီအား စော်ကားခဲ့သူကို သတ်ပစ်ရန် ကျိန်ဆိုထားကြောင်း သူမကို ပြောပြခဲ့ဖူးသည်။
နားရှင်း၏ ဂိုဏ်းအား ဖျက်ဆီးခဲ့သည်က နေသွေးနီနီဂိုဏ်းပင် ဖြစ်၏။ နောက်ဆုံး၌ လုံချန် အဘယ်ကြောင့် ရန်လိုနေရသည်ကို ချင်းချူမူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ နေသွေးနီနီဂိုဏ်းမှ ဖြစ်ရာ ထိုအရာက လုံချန်၏ ဒေါသကို နှိုးဆွခဲ့ဟန် ရသည်။
သူမက အလောတကြီးပင် ပြောလိုက်၏။
“ဝေ့ဝူယင်က နေသွေးနီနီဂိုဏ်းက ထွက်ပြီးပြီ... အခု သူက တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ”
လုံချန်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။
သူသိလိုက်ချေပြီ။ နာ့ရှင်းရီသည် သူ ရရှိခဲ့သည့် ကမ္မ ကံကောင်းမှု တစ်ခု ဖြစ်သော်လည်း သူမ၏ ဖြူစင်မှုကို သူ ယူဆောင်ခဲ့သည်။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် တစ်စုံတစ်ယောက်ကို သူနှင့် အတူအိပ်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။
လခရမ်းဂိုဏ်း အကြွင်းအကျန်များ ရှင်းလင်းရေး တာဝန်၌ အတူအိပ်စက်ခဲ့သည့် မိန်းကလေးကိုပင် သူ တွန်းအား မပေးခဲ့ဖူးချေ။ ထိုမိန်းကလေးသည် သူ့ကို အချိုသပ် ပေါင်းရင်း ချစ်သူ လာကယ်မည့် အချိန်ကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံး၌ ထိုချစ်သူ နှစ်ဦးစလုံးမှာ ဝေ့ဝူယင်၏ လက်ဖြင့် သေဆုံးကာ တမလွန်ပင် ပေါင်းစည်းခဲ့ရပေသည်။
နာ့ရှင်းရီ တစ်ယောက်တည်းသာလျှင် ဝေ့ဝူယင်၏ လိင်မှုကိစ္စ သမိုင်းတွင် အမည်းစက် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင် နောင်တ မရခဲ့ချေ။ အကယ်၍ သူမနှင့်သာ အတူ မအိပ်ခဲ့ပါက ယခုကဲ့သို့ အောင်မြင်မှုမျိုး သူရလိမ့်မည် မဟုတ်ချေ။
ကျင့်ကြံခြင်း လောက၌ မှားသည် မှန်သည် မရှိပဲ စွမ်းအားသာလျှင် အက္ခရာ ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့်တစ် ကျင့်ကြံသူ တစ်ယောက်သည် သေမျိုးများ၏ တိုင်းပြည်၌ ဘုရင်တစ်ပါး အဖြစ် စိုးစံနိုင်ကာ သူ့ပါးစပ်မှ ထွက်သမျှ စကားလုံးတိုင်းမှာ ဥပဒေ ဖြစ်လာသည်။
***