အသန်မာဆုံးသော စိန်ခေါ်မှု
Vol. 25 Ch. 361
ဂေါ့ဆစ်ပ်က ပြောလိုက်သည်။ "ငါ ရှုံးသွားပြီ။ လင်းဖန်ရဲ့ စွမ်းရည်က အရမ်းအားကောင်းတာပဲ။ တရုတ်စစ်တုရင်ရဲ့ လှည့်ကွက်ပေါင်းစုံ နားလည်နိုင်စွမ်းလည်း အရမ်း လေးနက်တယ်။ အဖွင့်ကွက်ပဲဖြစ်ဖြစ်၊ ကစားပွဲလယ်မှာပဲဖြစ်ဖြစ်၊ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေမှာပဲဖြစ်ဖြစ် လင်းဖန်က အမြင့်ဆုံး အဆင့်ထိ ကျွမ်းကျင်တတ်မြောက်ထားတယ်"
"လင်းဖန်ရဲ့ တရုတ်စစ်တုရင်စွမ်းရည် ဒီအဆင့်လောက် ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး။ ငါအရှုံးကိုဝန်ခံပါတယ်" ဂေါ့ဆစ်ပ်က ပြောလိုက်ပါသည်။
Group ခေါင်းဆောင် တစ်ယောက်အနေနဲ့ လင်းဖန်ရဲ့ တရုတ်စစ်တုရင်စွမ်းရည်များကို အခုတော့ သိသွားပါပြီ။
သူ ရှုံးနိမ့်သွားခဲ့ပြီ။
အကြီးစား တရုတ်စစ်တုရင် Group တွေထဲမှာလည်း ဆွေးနွေးမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။
"လခွမ်း။ လင်းဖန်ဆိုတာ ကြယ်ပွင့်မလား။ တရုတ်စစ်တုရင်မှာပါ ဘာလို့ ဒီလောက် တော်ရတာလဲ"
"အဓိပ္ပာယ်မရှိဘူးကွာ။ ဂေါ့ဆစ်ပ်တောင် ရှုံးသွားရင် ငါတို့လည်း လင်းဖန်ကို မယှဉ်နိုင်လောက်ဘူး"
"ကြယ်ပွင့်တစ်ပွင့်က တရုတ်စစ်တုရင်ကို ပရော်ဖက်ရှင်နယ်အဆင့်လောက်ထိ ရောက်အောင် ကစားနိုင်မယ်လို့ ဘယ်သူထင်မှာလဲ"
"လင်းဖန်ကို ဘယ်သူ တားနိုင်သေးလဲ။ ငါတို့ ပိုကြမ်းတဲ့ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်ကို ဖိတ်ကြားမှပဲရတော့မယ်။ ဧကန္တ သူပဲ လင်းဖန်ကို အနိုင်ယူနိုင်လောက်မယ်"
"ငါအထင်ကြီးသွားပြီ။ လင်းဖန်က တော်လိုက်တာ။ တရုတ်စစ်တုရင်ကို တိုက်ရိုက်ထုတ်လွှင့်ပြီးတောင် ကစားပြတယ်။ နိုင်ပွဲ ဆက်တိုက်တွေလည်း အများကြီး ရခဲ့တယ်။ ဉာဏ်ကြီးရှင်ဆိုတာ ဒါမျိုးလား"
"ဒီနေ့ကစပြီး ငါ လင်းဖန်ရဲ့ ပရိတ်သတ်ပဲ။ လင်းဖန် ဘာပဲလုပ်လုပ် ပြီးပြည့်စုံအောင် လုပ်နိုင်တယ်။ ရုပ်သံဒရမ်မာ ရိုက်ကူးတာကော၊ သီချင်းဆိုတာကော၊ အခု တရုတ်စစ်တုရင် ကစားတာကော အားလုံးတူတူပဲ"
"တရုတ်စစ်တုရင် ဒီလောက် ကောင်းကောင်း ကစားတတ်တဲ့ လူမျိုးကို ငါအရင်က မတွေ့ဖူးဘူး"
လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်များကို မမှုပါ။
ပရော်ဖက်ရှင်နယ်ကစားသမားတွေကြားထဲမှာ ဂေါ့ဆစ်ပ်က အရမ်းကြီး ကြမ်းနေတာ မဟုတ်မှန်း သူသိပါသည်။
သူနှင့် ဂေါ့ဆစ်ပ်တို့ အလွန်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
အဆုံးသတ်နားမှာ ဂေါ့ဆစ်ပ်ထုတ်ပြလိုက်မိသည့် ဟာကွက်တချို့နဲ့ လင်းဖန် အခွင့်အရေးကို အရယူနိုင်ခဲ့ခြင်းတို့ မရှိပါက ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်ကို လင်းဖန် အနိုင်ယူဖို့ အလွန်ခက်ခဲနိုင်ပါသည်။
ယခု ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်ရဲ့ စွမ်းအားမျိုးကို နောက်ဆုံးတော့ လင်းဖန် ခံစားလိုက်ရပါပြီ။
သို့သော်လည်း ဂေါ့ဆစ်ပ်ကို အနိုင်ယူလိုက်ရုံနဲ့ သူ့ခွန်အားကို သက်သေမပြနိုင်သေးပါ။
သူ့ရဲ့ တရုတ်စစ်တုရင်စွမ်းရည်တွေ သိပ်မကောင်းသေးဘူး ဆိုတာကိုပင် လင်းဖန် သိလိုက်ရသည်။
ရှားဝမ်ချွေ့ရဲ့ အဖေကို ဒီတိုင်းသွားယှဉ်ပြိုင်ပါက လင်းဖန် မအောင်မြင်နိုင်ခြေ မြင့်မားပါသည်။
ရှားဝမ်ချွေ့ရဲ့ သဘောတူညီမှုကို ရဖို့အတွက် သူ့တရုတ်စစ်တုရင် စွမ်းရည် တိုးတက်ဖို့လိုသည်ဟု လင်းဖန် ခံစားလိုက်ရပါသည်။
ဂေါ့ဆစ်ပ်နဲ့ တရုတ်စစ်တုရင် ကစားပြီးနောက် သူ့တရုတ်စစ်တုရင်စွမ်းရည် နောက်ထပ် တစ်ဆင့် တက်သွားပြီဟု ခံစားလိုက်ရသည်။
စစ်တုရင်နဲ့ ဂိုကစားနည်း၊ အားကစားလောကထဲက အားကစားတိုင်းက အတွေ့အကြုံ ရင့်ကျက်လာဖို့ လေ့ကျင့်မှုလိုအပ်သည်။
တချို့အရာတွေက သီအိုရီတွေကို အားကိုးနေရုံနဲ့ အရမ်းကြီး အသုံးမဝင်နိုင်ပါ။ လေ့ကျင့်မှသာ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နိုင်မည် ဖြစ်သည်။
LOL ကစားနေသလိုပင်။ လမ်းညွှန်ချက်တချို့တော့ လူတိုင်းက ပေးတတ်သည်။ ကစားပွဲအတွင်း တစ်ဖက်ဖက်က အမှား တစ်ခုခု လုပ်မိလျှင် ပရိတ်သတ်တွေ စားထားတွေ ပြန်ထွေးထုတ်မိလောက်သည်။
တကယ်တော့ ပရိတ်သတ်တွေ အချင်းချင်း တိုက်ခိုင်းလိုက်တာက ပိုပြီးတောင် ကြည့်ကောင်းနိုင်ပါလိမ့်မည်။
စာရွက်ပေါ်မှာ ဗျူဟာတွေအကြောင်းပြောဖို့က အသုံးမဝင်နိုင်ပါ။ ကစားပွဲကို နက်ရှိုင်းတဲ့ အဆင့်တစ်ခုထိ ရောက်အောင် ကစားကြည့်ရပါမည်။
"အားလုံးပဲ ကျွန်တော့်ကို မချီးကျူးကြပါနဲ့တော့ဗျာ။ ကျွန်တော် တရုတ်စစ်တုရင်မှာ အရမ်းတော်တယ်လို့ မထင်ပါဘူး။ ကျွန်တော် သင်ယူလေ့လာနေဆဲပါပဲ။”
"လက်ဆောင်တွေပေးဖို့လည်း ငွေတွေ အများကြီး မဖြုန်းကြပါနဲ့။ ဘာမှ ဆက်မဖြစ်ဘူးဆိုရင် ဒီနေ့က ကျွန်တော့်ရဲ့ နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်နိုင်တယ်" လင်းဖန် ပြုံးကာ ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူက ကျားရှင်းဖျော်ဖြေရေးရဲ့ စီအီးအိုဖြစ်ကာ ရှားဝမ်ချွေ့အဖေနဲ့ တွေ့ဖို့လည်း ပြင်ဆင်ရဦးမည်။ နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ဖို့ မဖြစ်နိုင်ပါ။
ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသောအခါ နောက်ကို လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်သလောက် ရှားပါလိမ့်မည်။
လင်းဖန် ပြောပြီးတာနဲ့ တရုတ်စစ်တုရင် နောက်တစ်ပွဲ ကစားလိုက်ပါသည်။
ဒီလိုနဲ့ အချိန် ၅ နာရီ ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန် ၅ နာရီက လင်းဖန်အတွက် အပင်ပန်းရဆုံး ဖြစ်ပါသည်။
ဂေါ့ဆစ်ပ်ကို အနိုင်ယူပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားများစွာက အပြိုင်ပြိုင် အဆိုင်ဆိုင် ဖြစ်လာကြသည်။
တရုတ်စစ်တုရင်လောကထဲက ကျွမ်းကျင်သူတိုင်း လင်းဖန်အကြောင်း သိသည်။
ထို့ကြောင့် လူပေါင်းများစွာက သူနဲ့အတူ တရုတ်စစ်တုရင် ကစားဖို့ ဆုံးဖြတ်ကြသည်။ သူတို့လင်းဖန်ကို အနိုင်ယူနိုင်ပါက လင်းဖန်၏ ဆက်တိုက် နိုင်ပွဲများကို ချိုးဖျက်နိုင်မည့် ပထမဆုံး ကစားသမား ဖြစ်လာနိုင်ကြပါသည်။
၎င်းတို့ထဲမှာ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားများစွာ ပါဝင်သည်။
၅ နာရီအချိန်အတွင်း လင်းဖန် တရုတ်စစ်တုရင် ပွဲ ၃၀ ကို ကစားပြီးသွားပါပြီ။
အကုန်လုံးကိုလည်း အနိုင်ရရှိခဲ့သည်။
တစ်ပွဲတောင် မရှုံးခဲ့ပါ။ သရေပွဲလည်း လုံးဝ မရှိခဲ့ပါ။
အခုထိတော့ လင်းဖန် အားလုံးကို အနိုင်ရဆဲ ဖြစ်သည်။
လင်းဖန် ၁၇၁ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါသည်။
၁၇၁ ပွဲဆက်တိုက် အနိုင်ရရှိပြီးသွားသောအခါ လင်းဖန်တစ်ယောက် တရုတ်စစ်တုရင်အသိပညာအားလုံးကို သူ့ခေါင်းထဲ လုံးဝ ရေးထွင်းပြီးသား ဖြစ်သွားသည်။
သူ့တရုတ်စစ်တုရင် စွမ်းရည်တွေလည်း ဆက်တိုက် တိုးတက်နေခဲ့ပါသည်။
ရလဒ်အနေဖြင့် လင်းဖန်၏ တရုတ်စစ်တုရင် စွမ်းရည်များက အလွန် ကြောက်ဖို့ ကောင်းသည့် အဆင့်တစ်ခုအထိ ရောက်သွားခဲ့သည်။
ပရော်ဖက်ရှင်နယ်တရုတ်စစ်တုရင် ကစားသမား များစွာကို လင်းဖန် အနိုင်ယူနိုင်ခဲ့သည်။
ထိုပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားများစွာကို ကျွမ်းကျင်သူအစစ်ဟု သတ်မှတ်လို့ မရသေးသော်လည်း နှစ်ဝက်လောက် ကြိုးစားအားထုတ်ခဲ့ရပြီးနောက် လင်းဖန်၏ တရုတ်စစ်တုရင် စွမ်းရည်များ နောက်ဆုံးတော့ ဒီနေ့ ရလဒ် ထွက်လာခဲ့ပါပြီ။
"ဟာ ၁၇၁ ပွဲဆက်တိုက် အနိုင်ရသွားပြီ။ တော်လိုက်တာ"
"အစ်ကိုဖန်က ငါ့မျက်လုံးထဲမှာတော့ ထာဝရ နတ်ဘုရား တစ်ပါးပဲ"
"လင်းဖန်ကို တကယ် အနိုင်ယူနိုင်တဲ့ လူမျိုး မရှိတော့ဘူးလား"
"ပရော်ဖက်ရှင်နယ် ကစားသမားတွေအများကြီးကို လင်းဖန် အနိုင်ယူသွားတာ မြင်ခဲ့ပြီးပြီ"
"လင်းဖန် ခုနက အဆင့် ၈-၃ ကျွမ်းကျင်သူ တစ်ယောက်နဲဲ့ တွေ့တာလေ။ ရလဒ်က ဘယ်လို ဖြစ်သွားလဲသိလား။ အဲ့ဒီကျွမ်းကျင်သူ ချက်ချင်း အနိုင်ယူခံလိုက်ရတယ်"
"လင်းဖန်က တရုတ်စစ်တုရင်ကစားတဲ့အခါ တစ်ဖက်လူကို အခွင့်အရေးတောင် မပေးတော့ဘူး။ ကြမ်းလိုက်တာ..."
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကြည့်ရှုသူတွေလည်း လုံးဝ မှင်သက်သွားကြပါသည်။
တရုတ်စစ်တုရင်မှာ ဒီလောက် ပြိုင်ဘက်ကင်းတဲ့ လူမျိုး တကယ်ရှိနိုင်လို့လား။
ပရော်ဖက်ရှင်နယ် ကစားသမားတွေတောင် ရှုံးနိမ့်သွားတတ်သည်။
လူတွေက စက်ရုပ်မဟုတ်ပေ။ ဆက်တိုက် အနိုင်မရနိုင်ပါ။
သို့သော်လင်းဖန်ကတော့ အနိုင်ရနိုင်ခဲ့ပါသည်။
လင်းဖန်၏ အောင်မြင်မှုများက တရုတ်စစ်တုရင်လောကကို တုန်လှုပ်သွားစေခဲ့သည်။
"လင်းဖန်က အဆင့် ၉-၃ တောင်ရောက်သွားပြီ။ ဘယ်သူမှ ဒီလောက်ထိ တော်နိုင်မှာ မဟုတ်ဘူး"
"လင်းဖန်က အလားအလာ အရမ်း ရှိတယ်။ ပြီးတော့ တရုတ်စစ်တုရင် စွမ်းရည်လည်း အရမ်း မြင့်မားတယ်။ တိုက်စစ်ပဲဖြစ်ဖြစ် ခံစစ်ပဲဖြစ်ဖြစ် လင်းဖန်က အရမ်း အားကောင်းတယ်။ သူ့ရဲ့ တွက်ချက်နိုင်စွမ်းကလည်း အရမ်း ကောင်းတယ်။ ငါခြေလှမ်း ၇ လှမ်း ၈လှမ်းလောက်ပဲ ကြိုတွက်နိုင်တဲ့အချိန်မှာ လင်းဖန်က ၁၀ လှမ်းလောက် ကြိုတွက်ပြီးနေပြီ"
"လင်းဖန်ကို အနိုင်ယူဖို့က အရမ်းခက်လွန်းတယ်။ လင်းဖန် အမှားကြီးကြီး မမှားပဲ သူ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
"အရင်က ဘယ်သူ့ကိုမှ ဒီလောက်ထိ မလေးစားဖူးဘူး။ ဒီနေ့က လင်းဖန်ကို ဒီလောက်ထိ ပထမဆုံး လေးစားဖူးတာပဲ"
"လင်းဖန်က အနိုင်ရဖို့ တရုတ်စစ်တုရင်ကို ကစားနေတယ်ဆိုတာ ငါပြောနိုင်တယ်။ သူ့တရုတ်စစ်တုရင် စွမ်းရည်ကို တိုးမြှင့်ဖို့ လေးလေးနက်နက် ကြိုးစားနေတာ။ ငါတို့လည်း ကြိုးစားရမယ်"
၁၇၁ ပွဲဆက်တိုက် အနိုင်ရရှိပြီးနောက် လင်းဖန် ၁၇၂ ပွဲမြောက်ကို စတင်လိုက်ပြီး ဒီနေ့အတွက် နောက်ဆုံး ပွဲစဉ်လည်း ဖြစ်သည်။
စတင်ရန်ကို နှိပ်လိုက်တော့ သူ့ပြိုင်ဘက်ရဲ့ တရုတ်စစ်တုရင် ကျွမ်းကျင်သူ ID က ရင်းနှီးနေသလိုလို ရှိမှန်း လင်းဖန် မြင်လိုက်ရပါသည်။
တစ်ဖက်လူ၏ ကစားသမား id က ရိုးရိုးရှင်းရှင်း စကားလုံးနှစ်လုံးသာရှိသည်။ ဝမ်ထျန်းယီ ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်များ မတ်တပ်ရပ်လိုက်မိကြသည်။
တရုတ်စစ်တုရင်လောကထဲက ကျွမ်းကျင်သူတွေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားပေါင်းများစွာ ပြိုင်ပွဲကို လာကြည့်ကြပါသည်။
ဂေါ့ဆစ်ပ်ကိုယ်တိုင်တောင် လာကြည့်သေးသည်။ သူ့ Group ထဲက ကျွမ်းကျင်သူများစွာလည်း ပါပါသည်။
အားလုံး ပွက်လောရိုက်သွားခဲ့သည်။
တရုတ်စစ်တုရင်လောကထဲက ဘယ်သူမှ လင်းဖန်ရဲ့ ဆက်တိုက်အနိုင်ရရှိမှုများကို မတားဆီးနိုင်တော့ပါ။
လင်းဖန် သန်မာတဲ့ ပြိုင်ဘက်ကို မတွေ့ရသေးတာလည်း ဖြစ်နိုင်သည်။
သို့သော် ဒီတစ်ယောက်ကတော့ ခြားနားပါသည်။
လင်းဖန်ရဲ့ ပြိုင်ဘက်က ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက် ဖြစ်သည်။
ဒီလောက်နဲ့ဆို အံ့အားသင့်ဖို့ ကောင်းဦးမှာ မဟုတ်ပါ။
အားလုံး အံ့အားသင့်သွားရတာက ဒီပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမား ဝမ်ထျန်းယီမှာ တရုတ်စစ်တုရင်လောကရဲ့ ချန်ပီယံ ဖြစ်နေတာကြောင့်ပင်။
ထို့အပြင် ဝမ်ထျန်းယီက တရုတ်စစ်တုရင်လောကရဲ့ ချန်ပီယံ ၅ နှစ် ဆက်တိုက် ဖြစ်ခဲ့သဖြစ်သည်။
တရုတ်စစ်တုရင်လောကမှာ သူက တားဆီးမရနိုင်သည့် ဖြစ်တည်မှုတစ်ခုဟုလည်း ဆိုနိုင်ပါသည်။
ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမား အများစုက ဝမ်ထျန်းယီကို ကြောက်ရွံ့ကြသည်။
ပရော်ဖက်ရှင်နယ်တရုတ်စစ်တုရင် ကစားသမားများစွာကို ဝမ်ထျန်းယီ ဖိနှိပ်ခဲ့ပါသည်။
လင်းဖန် ၁၇၂ ပွဲမြောက် တရုတ်စစ်တုရင်ပွဲတွင် လင်းဖန် ရင်ဆိုင်ရသည့် ပြိုင်ဘက်က တရုတ်စစ်တုရင် လောကရဲ့ နံပါတ်တစ် ကစားသမား ဖြစ်သည်။ တရုတ်မှာ ၅ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည့် ဝမ်ထျန်းယီ ဖြစ်သည်။
လူပေါင်းများစွာ လေးစားရပြီး ဘယ်သူမှ အနိုင်မယူနိုင်သည့် စစ်တုရင်ပညာရှင် ဝမ်ထျန်းယီ ပေါ်လာခဲ့ပါပြီ။
ဝမ်ထျန်းယီ၏ ပြိုင်ဘက်က မကြာသေးခင် ရက်ပိုင်းလောက်မှ မြင့်တက်လာခဲ့သည့် တက်သစ်စ လင်းဖန်ဖြစ်သည်။
လင်းဖန်၏ ၁၇၂ ယောက်မြောက် ပြိုင်ဘက်က ဒီလောက် စွမ်းအားကြီးသည့် ပုဂ္ဂိုလ် ဖြစ်နေသည်။
ဒီတစ်ခေါက် ၁၇၁ ပွဲ ဆက်တိုက် အနိုင်ရရှိထားသည့် လင်းဖန်တောင် ရှုံးနိမ့်ချင် ရှုံးနိမ့်သွားနိုင်ပါသည်။