← Chapters

မဖြစ်နိုင်တဲ့ အံ့ဖွယ်ဖြစ်ရပ်။

Vol. 25 Ch. 362

မဖြစ်နိုင်တဲ့ အံ့ဖွယ်ဖြစ်ရပ်။

Vol. 25 Ch. 362

ဝမ်ထျန်းယီ၏ စွမ်းရည်က ထင်ပေါ်လွန်းသည်။

တရုတ်စစ်တုရင်လောကထဲကလူတိုင်း ဒါကို သိကြပါသည်။

တရုတ်စစ်တုရင်လောကထဲတွင် ဝမ်ထျန်းယီက ရာဇဝင်ကြီးတစ်ခုဖြစ်သည်။

လွန်ခဲ့သည့် ၅ နှစ်အတွင်း ဝမ်ထျန်းယီပြိုင်ပွဲများစွာတွင် ပါဝင်ဖူးပါသည်။

ပါဝင်လိုက်တိုင်းလည်း ချန်ပီယံဖြစ်ခဲ့ပါသည်။

တရုတ်စစ်တုရင်လောကထဲမှာ အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဝမ်ထျန်းယီရဲ့ ခွန်အားနဲ့ အတွေ့အကြုံများက တခြားစစ်တုရင်ပညာရှင်များကို အနိုင်ယူဖို့ လုံလောက်ပါသည်။

ဝမ်ထျန်းယီက တရုတ်စစ်တုရင် ကစားနည်းအားလုံးလိုလိုကို အကျွမ်းတဝင် ရှိနေပြီးသား ဖြစ်သည်။

လင်းဖန်သာ ဝမ်ထျန်းယီကို အနိုင်ယူနိုင်ပါက တရုတ်စစ်တုရင်ပညာရှင်များအကြားတွင် စွမ်းရည် ထိပ်တန်း ဖြစ်သွားနိုင်ပါသည်။

တရုတ်စစ်တုရင် App မှ မတော်တဆ တွေ့ခဲ့သော်လည်း သူ့ရှေ့က ပြိုင်ဘက်က လင်းဖန် တစ်ဘဝလုံး တွေ့ခဲ့ဖူးသမျှထဲမှာ အသန်မာဆုံး ပြိုင်ဘက် ဖြစ်နေပါသည်။

သူ အသေးငယ်ဆုံး အမှားလေး လုပ်မိရင်တောင် အနိုင်ယူသွားမည့် ပြိုင်ဘက်မျိုး ဖြစ်သည်။

ဒီတစ်ခေါက် ဝမ်ထျန်းယီက အရင်ဆုံး ရွှေ့ရပါသည်။

"လခွမ်း။ အစ်ကိုဖန် တရုတ်စစ်တုရင် ချန်ပီယံကြီးနဲ့ တွေ့သွားတာပဲ"

"ဟုတ်တယ်။ ဝမ်ထျန်းယီက ချန်ပီယံဖြစ်ပြီး တရုတ်စစ်တုရင် ကစားတဲ့နေရာမှာ အတော်ဆုံးလူပဲ။ ပရော်ဖက်ရှင်နယ် ကစားသမားအများစုက ဝမ်ထျန်းယီကို မယှဉ်နိုင်ကြဘူး။ အစ်ကိုဖန်လည်း ဝမ်ထျန်းယီကို အနိုင်မယူနိုင်မှာ စိုးရတယ်"

"သူနဲ့ အဆင့်ချင်းတူတဲ့ တရုတ်စစ်တုရင်ပညာရှင်တွေ မြင်ဖူးပါတယ်။ သူတို့ အကောင်းဆုံး ကြိုးစားရင်တောင် ဝမ်ထျန်းယီနဲ့ သရေပွဲပဲ ရနိုင်တယ်။ AI ပဲ ဝမ်ထျန်းယီကို အနိုင်ယူနိုင်လိမ့်မယ် ထင်တယ်နော်"

"အစ်ကိုဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်တွေက အရမ်း အားကောင်းပေမယ့် တစ်ဖက်လူက ဝမ်ထျန်းယီ ဖြစ်နေတယ်။ သူ့ကို အနိုင်ယူနိုင်ဖို့က အရမ်းခက်တယ်။ ဝမ်ထျန်းယီ အမှားမလုပ်ဘဲ နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်တွေအားလုံးလည်း ဒီဘော့စ်ကြီးကို မှတ်မိကြပါသည်။

တရုတ်စစ်တုရင်လောကမှာ ဝမ်ထျန်းယီဟူသည့် နာမည်ကို ကြားလိုက်ရုံနဲ့ တရုတ်စစ်တုရင် ကစားသမားများစွာကို ကြောက်ရွံ့သွားစေနိုင်သည်။

သုံးပြည်ထောင်ခေတ်မှာ လွီပုရဲ့ နာမည်ကို ကြားလိုက်ရသလိုပင်။ ဘယ်သူက သူ့ကို တိုက်ခိုက်ရဲမှာလဲ။

ဒီလိုအားကောင်းသန်မာသည့် ပြိုင်ဘက်နဲ့ ရင်ဆိုင်ရသဖြင့် လင်းဖန် အာရုံစိုက်လိုက်ရပါသည်။

တရုတ်စစ်တုရင် ၁၇၂ ပွဲမြောက် သူ့ပြိုင်ဘက်က အလွန် စွမ်းအားကြီးသည်။

လက်ရှိ သူ့ရဲ့ တရုတ်စစ်တုရင် စွမ်းရည်က ထိပ်ဆုံး အဆင့်ကို မရောက်လောက်သေးဘူးဟု လင်းဖန် ခံစားမိပါသည်။

တိုးတက်ဖို့အတွက် အများကြီး လိုပါသေးသည်။

ခြားနားချက် ဘယ်လောက်ကြီးမားသလဲဆိုတာကို တရုတ်စစ်တုရင် ကစားပြီးမှ သိပါလိမ့်မည်။

ဝမ်ထျန်းယီ အတည်ပေါက် ကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ လင်းဖန်ကတော့ ဒီတစ်ပွဲအတွက် အလွန် လေးနက်နေပါပြီ။

နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် ဝမ်ထျန်းယီက စစ်တုရင်အကြောင်းပြောဖို့သာ အာရုံစိုက်ထားသည်။

ဆက်တိုက်နိုင်ပွဲ ၁၇၁ ပွဲရရှိထားသည့် သူ့ပြိုင်ဘက် လင်းဖန်ကို ဝမ်ထျန်းယီ သိပ်ဂရုမစိုက်ပါ။

ဆက်တိုက်နိုင်ပွဲများအရဆို သူလည်း တရုတ်စစ်တုရင်လောကထဲမှာ တစ်ပွဲမှ မရှုံးဖူးသေးပေ။ ထိုကဲ့သို့ ရလဒ်များကို ဂုဏ်မယူမိပါ။

ဒီပွဲမှာ ဝမ်ထျန်းယီ စတင်ရွှေ့ရပါသည်။

ပထမခြေလှမ်းက ဝမ်ထျန်းယီ အမြှောက်နဲ့ အလယ်ကို သိမ်းပိုက်ထားပြီး လင်းဖန်ကို အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထားပါသည်။

လင်းဖန်ရဲ့ တုန့်ပြန်မှုကတော့ ကာကွယ်ဖို့အတွက် မြင်းကို ဒုတိယအတန်းမှ တတိယအတန်းသို့ ထောင့်ဖြတ်အတိုင်း ရွှေ့လိုက်သည်။

အချိန်တိုအတွင်း နှစ်ဖက်စလုံး အဖွင့်ရွှေ့ကွက်များ ရွှေ့ပြီးကြပါပြီ။

ဝမ်ထျန်းယီက ပြုံးကာ ပြောလိုက်၏။ "ဒီ ID... သူ့နာမည်က လင်းဖန်ထင်တယ်။ သူ့အဆင့်က တော်တော် ကောင်းမယ့်ပုံပဲ။ ဒီ App မှာ စွမ်းရည်မြင့်တဲ့ ပြိုင်ဘက်မျိုး မမြင်ဖူးသေးဘူး။ နောက်ဆုံးတော့ ဒီနေ့ တစ်ယောက် တွေ့လိုက်ရပြီ"

ထို့နောက် နှစ်ဖက်စလုံး စစ်တုရင် စကစားကြပါတော့သည်။

ဝမ်ထျန်းယီက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်သည်။

လင်းဖန်က ကာကွယ်ဖို့သာ ရွေးချယ်နိုင်ပါသည်။

၁၀ မိနစ်ကြာသောအခါ သူတို့နှစ်ယောက်အကြားက တိုက်ပွဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရောက်သွားသည်။

ယခု သူတို့ရဲ့ စွမ်းရည်များကို ပိုမိုစမ်းသပ်ရာ ရောက်သွားပါပြီ။

လင်းဖန် အသက်ရှူတောင် ကြပ်လာ၏။

ဝမ်ထျန်းယီက တကယ်ပဲ ၅ နှစ်ဆက်တိုက် တရုတ်စစ်တုရင် ချန်ပီယံ ပီသပါသည်။ သူ့ရဲ့ တိုက်စစ် ဖိအားများက လင်းဖန်ကို အလွန် ဝန်ပိစေသည်။

ထို့အပြင် ဝမ်ထျန်းယီ နောက်ထက် ရွှေ့ကွက် မလုပ်ခင် ခြေလှမ်း ၁၅ လှမ်းလောက် ကြိုမြင်နိုင်ပါသည်။

တကယ်တော့ လင်းဖန်သာ ခြေလှမ်းမှား တစ်ခု လှမ်းလိုက်မိပါက ဝမ်ထျန်းယီ အခွင့်အရေးကို ချဲ့ထွင်ကာ လင်းဖန်ကို အနိုင်ယူပြီး နောက်ဆုံး နိုင်ပွဲကို ရယူနိုင်ပါသည်။

ကစားပွဲလယ်ကို ရောက်ရှိလာသောအခါ နှစ်ဖက် ကစားသမားများ၏ စွမ်းရည်ကို စတင်စမ်းသပ်လာပြီဖြစ်သည်။

ကစားပွဲလယ်က ကစားသမားတစ်ယောက်ရဲ့ စွမ်းရည် ဘယ်လောက်ကြွယ်ဝသလဲဆိုတာကို မြင်နိုင်သည့် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။

သာမန်အဖွင့်ကွက်ဆို အပျော်တမ်း ကစားများစွာတွင် ပုံစံကွက်တစ်ခုစီ ရှိကြသည်။ တရုတ်စစ်တုရင်အတွက် ဖွင့်ကွက် ကွာခြားချက်က အနည်းငယ်သာ ရှိပါသည်။

ကစားပွဲလယ်ရောက်မှ ပြောင်းလဲမှုတွေက ပိုများလာပြီး အစီအစဉ်ချနိုင်စွမ်းကို အစမ်းသပ်ဆုံးလည်း ဖြစ်ပါသည်။

ဒီလို ဖိအားမျိုးနဲ့ ရင်ဆိုင်ရသောအခါ လင်းဖန် ကာကွယ်ဖို့ကို ရွေးချယ်ပြီး အခွင့်အရေးများ ရှာဖွေလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လင်းဖန် ပျော်ပျော်ရွှင်ရွှင် စကားပြောမနေတော့ပါ။ ထို့အစား ကစားပွဲထဲက လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ပြီး တွက်ချက်နေရပါသည်။

လင်းဖန်ရဲ့ နဖူးပေါ်မှာလည်း ချွေးတွေ စိုနေပါပြီ။

ဒီလောက် ဖိအားအများကြီးကို ဘဝမှာ ပထမဆုံး ရင်ဆိုင်လိုက်ရတာဖြစ်သည်။

ဖိအားက ကြီးမားလွန်းသဖြင့် လင်းဖန် လက်တွေတောင် တုန်လာပါသည်။

ခြေလှမ်းတစ်ခု မှားယွင်းတာနဲ့ ရှုံးပါပြီ။

လင်းဖန်ရဲ့ စိတ်တွေလည်း ဆက်တိုက် ဝေ့လည်နေသည်။ သူ့စိတ်ထဲက တရုတ်စစ်တုရင် အသိပညာအားလုံး ပေါက်ကွဲထွက်လာပြီး မျဉ်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ချိတ်ဆက်သွားကြသည်။

လင်းဖန် ဝမ်ထျန်းယီနဲ့ တရုတ်စစ်တုရင် ကစားဖို့ အားတွေအကုန်လုံး ထုတ်သုံးပြီးပါပြီ။

သူက တရုတ်စစ်တုရင်စွမ်းရည်များကို ကိုယ်တိုင်လေ့လာပြီး တိုးမြှင့်ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သည့် ၆ လအတွင်း လင်းဖန် ရုပ်သံဒရမ်မာများ ရိုက်ကူးခဲ့သည်။ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။ သရုပ်ဆောင်များစွာကို ငှားခဲ့သည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းတို့ကဲ့သို့ မိန်းကလေးများအားလုံးကို လင်းဖန် မြေတောင်မြှောက်ထားပေးခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၆ လအတွင်း လင်းဖန် အလွန် အလုပ်များနေခဲ့၏။ တရုတ်စစ်တုရင်ကို လေ့လာဖို့ အချိန် အလွန် နည်းပါးသော်လည်း ကြိုးစားကာ လေ့လာခဲ့ပါသည်။

လက်ရှိ တရုတ်စစ်တုရင်စွမ်းရည်မျိုးကို ပိုင်ဆိုင်ဖို့ စနစ်ကို အားမကိုးခဲ့ပါ။

လင်းဖန်က စုစုပေါင်း တရုတ်စစ်တုရင်ကစားပွဲ ၁၇၁ ကြိမ်သာ ကစားရသေးသည်။ တစ်ခါမှလည်း မရှုံးဖူးပါ။ ကျရှုံးမှုက အောင်မြင်မှု၏ မိခင်ဟု ဆိုကြသည်။ လင်းဖန်သာ ရှုံးသွားပါက သူ့ရဲ့ အတွေ့အကြုံကို ထပ်တိုးချဲ့နိုင်ပြီး တရုတ်စစ်တုရင် စွမ်းရည်များကို ပိုအားကောင်းလာအောင် လုပ်နိုင်ပါသည်။

သို့သော်လည်း အခုတော့ လင်းဖန်က တစ်ပွဲတောင် မရှုံးနိမ့်ခဲ့ပါ။ အခု တရုတ်စစ်တုရင်လောကရဲ့ နံပါတ် ၁ ကစားသမား ဝမ်ထျန်းယီနဲ့ ယှဉ်ပြိုင်နေရပါသည်။

နာရီဝက်ခန့် ကြာပြီးနောက်။

လင်းဖန် ဝမ်ထျန်းယီကို တိုက်ရိုက်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။

အပြန်အလှန်အနေနဲ့ ဝမ်ထျန်းယီ၏ သေသပ်သည့် ခံစစ်ကို မြင်လိုက်ရပါသည်။

နှစ်ဖက်စလုံးက အရုပ်များ အပြန်အလှန် စားကြသည်။

သရေကျသွားခဲ့ပါသည်။

သရေပွဲ ဖြစ်သွားပြီ။

လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ ပြိုင်ပွဲ သရေပွဲအဖြစ် အဆုံးသတ်သွားခဲ့ပါတော့သည်။

တရုတ်စစ်တုရင်မှာ သရေပွဲဖြစ်ဖို့က အလွန် လွယ်ကူသည်။ တိုက်လည်း မတိုက်ခိုက်နိုင်တော့ဘဲ တစ်ဖက်လူကလည်း ရွှေ့စရာ စစ်တုရင်ရုပ် မရှိတော့သည့်အခါ သရေပွဲ ဖြစ်သွားနိုင်ပါသည်။

သရေပွဲတစ်ခုက သာမန်ပဲ ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ ကစားပွဲ ရလဒ်များ ထွက်ပေါ်လာခဲ့ပါသည်။

သရေပွဲဖြစ်သွားပြီ။

ကစားပွဲ ပြီးဆုံးသွားသောခါ ရှားဝမ်ချွေ့ အခန်းထဲ ဝင်လာခဲ့သည်။ သူမ ပဝါလေးတစ်ထည်ကိုင်လာပြီး လင်းဖန်ကို ကြည့်လိုက်၏။ "မြောင်မြောင်"

လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့လက်ကို ကိုင်လိုက်သည်။ နဖူးပေါ်က ချွေးတွေကိုလည်း သုတ်လိုက်ပါသည်။

အကောင်းဆုံးကြိုးစားခဲ့ပြီး နောက်ဆုံးတော့ သရေပွဲအဖြစ် အဆုံံးသတ်သွားခဲ့လေပြီ။

လင်းဖန်လည်း ဝမ်ထျန်းယီကို အနိုင်ယူချင်ပါသည်။ သို့သော် သူတို့စွမ်းရည်က အနည်းငယ် ကွာခြားနေ၏။

ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပြီးချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဘာမှ မဖြစ်ပါဘူး။ ဝမ်ထျန်းယီက အစကတည်းက ချန်ပီယံတစ်ယောက်ပဲကို။ သရေပွဲ ဖြစ်တာပဲ နင် တော်လွန်းနေပြီ~"

ရှားဝမ်ချွေ့ စကားကို ကြားပြီးနောက် လင်းဖန် ပြုံးလိုက်ပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်လည်း စိတ်လှုပ်ရှားသွားကြသည်။

လင်းဖန်တစ်ယောက် ဝမ်ထျန်းယီနဲ့ သရေပွဲဖြစ်အောင် ကစားနိုင်လိမ့်မည်ဟု ထင်မထားခဲဲ့ကြပါ။

သရေပွဲတစ်ပွဲဖြစ်သွားပြီး ဆက်တိုက်နိုင်ပွဲ ၁၇၁ ပွဲ ပျက်စီးသွားပြီဖြစ််သော်လည်း လင်းဖန်က အံ့ဖွယ် ဖြစ်ရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါသည်။

ရာဇဝင်ထဲမှာ တရုတ်စစ်တုရင်လောကရဲ့ ထိပ်တန်း ပရော်ဖက်ရှင်နယ်များသာ ဝမ်ထျန်းယီကို သရေပွဲ ဖြစ်အောင် ကစားနိုင်သည်။

တခြား ပရော်ဖက်ရှင်နယ်ကစားသမားများကတော့ ဝမ်ထျန်းယီ အနိုင်ယူတာကို ခံခဲ့ကြရပါသည်။

သို့သော်လည်း ဒီနေ့တော့ လင်းဖန်က ထိပ်တန်း ဝမ်ထျန်းယီနဲ့ သရေပွဲဖြစ်အောင် ကစားနိုင်ခဲ့သည်။

ဒါတောင် မဖြစ်နိုင်သည့် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်နေပါပြီ။

လင်းဖန်... လုပ်နိုင်ခဲ့ပါပြီ။

All Chapters