← Chapters

ဝမ်ထျန်းယီနဲ့ နောက်တစ်ပွဲ

Vol. 25 Ch. 363

ဝမ်ထျန်းယီနဲ့ နောက်တစ်ပွဲ

Vol. 25 Ch. 363

"ဘုရားရေ လင်းဖန်က တကယ် တော်တာပဲ..."

"ဝမ်ထျန်းယီက တရုတ်စစ်တုရင်လောကမှာ ရာဇဝင်ကြီးတစ်ခုပဲ။ သူနဲ့ သရေပွဲဖြစ်အောင် ကစားဖို့တောင် အရမ်းခက်နေပြီ။ လင်းဖန် သူ့ကို သရေပွဲဖြစ်အောင် တိုက်ခိုက်ဖို့ မလွယ်ခဲ့ဘူး"

"ဆက်တိုက်အနိုင်ရရှိမှုကို ဆက်ထိန်းမထားနိုင်တာ နှမြောဖို့ကောင်းတယ်ဆိုပေမယ့် လင်းဖန်က တော်လွန်းနေပါပြီ။ ဒီလောက် အားကောင်းတဲ့ ပြိုင်ဘက်ကိုတောင် သရေပွဲဖြစ်အောင် ကစားနိုင်တယ်။ သူ့ပြိုင်ဘက်က ဝမ်ထျန်းယီ ဖြစ်နေတာကိုး"

"ဟုတ်တယ် ဝမ်ထျန်းယီကို သရေပွဲရအောင် ကစားနိုင်တာနဲ့တင် လင်းဖန်ကို လေးစားသွားပြီ။ တစ်နည်းအားဖြင့် လက်ရှိ လင်းဖန်ရဲ့ အဆင့်က တရုတ်စစ်တုရင် ထိပ်တန်းအဆင့်ကို ရောက်သွားပြီ ဆိုတဲ့သဘောပဲ"

"စဉ်းစားကြည့်လိုက်စမ်းပါ။ ဝမ်ထျန်းယီလို လူမျိုးတောင် လင်းဖန်နဲ့ သရေပွဲဖြစ်အောင်ပဲ ကစားနိုင်တယ်။ ဝမ်ထျန်းယီတောင် လင်းဖန်ကို အနိုင်မယူနိုင်ဘူး"

"6666666 အစ်ကိုဖန် ငါ့ရဲ့ ထာဝရ အိုင်ဒေါလေး"

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်များ ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့ပါသည်။

ပရိတ်သတ်တွေကလည်း လင်းဖန်ကို ရူးလောက်စရာ လက်ဆောက်တွေ ဘောက်ဆူးတွေ ပေးနေကြပါသည်။

လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ပရိတ်သတ်တွေကို အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။

ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ၅နာရီခွဲလောက် သူတို့ ထပ်ကြည့်ခဲ့ကြသည်။ ညမိုးချုပ်နေပါပြီ။

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ဒီနေ့တော့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီမှာပဲ ရပ်လိုက်ပါ့မယ်။ နောက်ပိုင်း တရုတ်စစ်တုရင် ကစားတာကိုလည်း ထပ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှာ မဟုတ်တော့ပါဘူး။ အားလုံးကို ဝေ့ပေါ် မှာ အသိပေးလိုက်ပါ့မယ်"

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ထွက်ပြီးနောက် လင်းဖန် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပါသည်။

သူ တရုတ်စစ်တုရင် ကစားနေခဲ့တာ အတော်ကြာပြီ ဖြစ်ပြီး တကယ် ပင်ပန်းနေပါပြီ။

တစ်ဖက်မှာတော့ ဝမ်ထျန်းယီက ရေတစ်ခွက်သောက်ရင်း တောက်ပစွာ ပြုံးလိုက်ပါသည်။

"ဒီလင်းဖန်ရဲ့ စကေးက တကယ် ထူးခြားတာပဲ။ ၁၇၁ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဆိုတော့ နာမည်ကြီးထိုက်ပါတယ်" ဝမ်ထျန်းယီ ချီးမွန်းလိုက်ပါသည်။ သူလည်း အံ့အားသင့်ခဲ့ရပါသည်။

"ဟုတ်တယ်။ လင်းဖန်ကို မင်းတောင် အနိုင်မယူနိုင်ဘူးမလား။ လင်းဖန်ရဲ့ စွမ်းရည်က ကောင်းလွန်းတယ်။ သူသာ ထပ်လေ့ကျင့်မယ်ဆိုရင် ကျိန်းသေ ထိပ်တန်း စစ်တုရင်ကစားသမား ဖြစ်လာမှာပဲ" နောက်ထပ် စစ်တုရင် ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်သူ ဟူဝေယုံက ပြောလိုက်ပါသည်။

"မဟုတ်ဘူး။ အခု လက်ရှိ လင်းဖန်ကတောင် ထိပ်တန်း တရုတ်စစ်တုရင် ကစားသမားဖြစ်နေပြီ" ဝမ်ထျန်းယီက ပြောလိုက်၏။

"ခုနက မင်းစွမ်းရည် ၇၀ ရာခိုင်နှုန်းတောင် မသုံးခဲ့ဘူးမလား။ မင်းသာ ၁၀၀ ရာခိုင်နှုန်းလောက် ထုတ်သုံးလိုက်ရင် မင်းနိုင်လောက်တယ်..." ဟူဝေယုံက ပြုံးလိုက်သည်။ ဝမ်ထျန်းယီဘယ်လောက် တော်လဲ သူသိပါသည်။

"ဟားဟား ကိစ္စမရှိပါဘူးကွာ။ ဒီတိုင်း တရုတ်စစ်တုရင် ကစားပွဲတစ်ခုပဲဟာကို။ ပြိုင်ပွဲ မဟုတ်ပါဘူး"

"လင်းဖန်ရဲ့ တရုတ်စစ်တုရင်စွမ်းရည် ပိုပြီး တိုးတက်လာဖို့ ငါလည်း မျှော်လင့်နေပါတယ်။ လင်းဖန်နဲ့ ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်နိုင်ရင် ကောင်းမှာပဲ" ဝမ်ထျန်းယီက ပြောလိုက်ပါသည်။

"ဒီလိုဆိုရင်ကော လင်းဖန်ကို ပရော်ဖက်ရှင်နယ် ဖိတ်ကြားလွှာတစ်စောင် ပို့ပေးလိုက်မယ်။ လတ်တလော ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတစ်ခုရှိတယ်။ သူ စာရင်းသွင်းပြီး ဝင်ပြိုင်လို့ ရတာပဲ။ လင်းဖန်ရဲ့ တရုတ်စစ်တုရင်စွမ်းရည်က သေချာပေါက် ပိုမြင့်သွားလိမ့်မယ်"

ဝမ်ထျန်းယီ လင်းဖန်ကို ဒီပွဲမှာ အနိုင်မယူနိုင်ခဲ့သဖြင့် တရုတ်စစ်တုရင် လောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဂေါ့ဆစ်ပ်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ "လခွမ်း တကယ်ကြီးလား။ ဝမ်ထျန်းယီတောင် လင်းဖန်ကို အနိုင်မယူနိုင်ဘူးလား။ သူတို့ စစ်တုရင် ကစားပွဲ ကစားခဲ့ကြတာလား"

Group မန်ဘာဝင်များ ခေါင်းငြိမ့်လိုက်ကြ၏။ "လင်းဖန်က တော်လွန်းတယ်။ သူ ဘယ်လို လုပ်လိုက်သလဲဆိုတာတောင် ငါမသိတော့ဘူး။ အဲ့တာ ဝမ်ထျန်းယီကြီးနော်"

"ဝမ်ထျန်းယီ အစွမ်းကုန် ထုတ်မသုံးဘူးလို့ ငါခံစားမိတယ်။ အစွမ်းကုန်သာ ထုတ်သုံးရင် လင်းဖန်ကို နိုင်လောက်တယ်"

"ဒါပေါ့။ သူက ဝမ်ထျန်းယီပဲ ဥစ္စာ။ ဒါပေမယ့် လင်းဖန်ကလည်း မညံ့ပါဘူး။ လင်းဖန်က သူနဲ့ ယှဉ်ရင် ဒုတိယအဆင့်လောက် ရှိတယ်"

လင်းဖန် နိုးလာသောအခါ ဝမ်ထျန်းယီထံမှ မက်ဆေ့တစ်စောင် ရရှိခဲ့ပါသည်။

ထို့အပြင် ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ပြိုင်ပွဲတစ်ခုအတွက် ဖိတ်ကြားစာတစ်စောင်ကိုပါ ရရှိခဲ့ပါသည်။

တရုတ်သမိုင်းကြောင်းမှာ အကြီးမားဆုံး ပရော်ဖက်ရှင်နယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်သဖြင့် ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သည်။ ဆုကြေးငွေက ၁.၅ သန်းတောင် ဖြစ်ပါသည်။

ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများက လူတွေ စစ်တုရင်စွမ်းရည် တိုးတက်နိုင်အောင် လေ့ကျင့်နိုင်သည့် အကောင်းဆုံး နေရာလည်း ဖြစ်သည်။

စစ်တုရင်ကစားဖို့ ပရော်ဖက်ရှင်နယ် ပြိုင်ကွင်းဆီ လာကြသည့် အပျော်တမ်းကစားသမားတွေကော၊ ပရော်ဖက်ရှင်နယ်တွေကော အများကြီး ရှိပါသည်။

အားလုံးက အမြင့်မားဆုံး ဂုဏ်ကျက်သရေဖြစ်သည့် ချန်ပီယံဆုကို လိုချင်နေကြသည်။

လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ ပြိုင်ပွဲမှာ သူတို့ရဲ့ အားနည်းချက်များကို ခံစားခဲ့ရသည်။ ဝမ်ထျန်းယီက အစွမ်းကုန် ထုတ်မသုံးသေးဘူးဟုလည်း ခံစားမိပါသည်။

ထို့ကြောင့်ပဲ လင်းဖန် အနည်းငယ် ပျော်ရွှင်သွားရ၏။

ဒီတစ်ခေါက် ဝမ်ထျန်းယီကို အနိုင်မယူနိုင်ခဲ့သဖြင့် နောက်တစ်ခေါက်တော့ အနိုင်ယူရပါမည်။

ရှားဝမ်ချွေ့အဖေနဲ့ တွေ့ဖို့ လဝက်အောက်သာ လိုတောာ့သည်။ လင်းဖန် ဒီအချိန်ကာလကို ကောင်းကောင်း အသုံးချနိုင်ပါသည်။

လင်းဖန် ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ပြိုင်ပွဲဝင်ဖို့ အစီအစဉ်ရှိပြီးသားပါ။ ကျွန်တော် ခုတလော အချိန်အားတယ်လေ"

ဝမ်ထျန်းယီက ရယ်မောကာ ပြောလိုက်သည်။ "ကောင်းတာပေါ့။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ မင်းဝင်ပြိုင်ချင်တယ်ဆိုရင် သေချာလေ့ကျင့်ဖို့တော့ လိုလိမ့်မယ်။ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေမှာ ပါဝင်တာက App မှာ စစ်တုရင်ကစားတာနဲ့ မတူဘူးနော်။ ပြိုင်ပွဲဝင်အားလုံးက ပြင်ဆင်လာကြပြီး သန်မာကြတယ်။ ငါ့ဆီမှာ တရုတ်စစ်တုရင် လက်စွဲစာအုပ်တချို့ရှိတယ်။ မင်း ဝယ်လို့ မရဘူးဆိုရင် ငါ့ဆီကယူပြီး လေ့လာကြည့်လိုက်"

လင်းဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးဝမ်"

ထို့ကြောင့် လင်းဖန်က လူ့ဆက်ဆံရေး ပြေပြစ်ခြင်း ဖြစ်သည်။ ဝမ်ချန်းယီက လင်းဖန်ကို တရုတ်စစ်တုရင် စွမ်းရည်တိုးမြှင့်ဖို့ ကူညီပေးချင်နေသဖြင့် ဘာကြောင့် လက်မခံရမှာလဲ။

သူ ပြောပြီးတာနဲ့ ဝမ်ထျန်းယီနဲ့ ပိုရင်းနီးသွားခဲ့ပါသည်။

သူ့ကို အစ်ကိုကြီးဝမ်ဟု ခေါ်လိုက်တာကို ကြားပြီး ဝမ်ထျန်းယီ၏ အပြုံးက ပို၍ပင် တောက်ပလာခဲ့ပါသည်။ "ညီလေးလင်း။ မင်း သေချာလေ့လာမှ ဖြစ်မယ်နော်။ မင်း မေးစရာ တစ်ခုခုရှိရင် ငါ့ကိုသာ မေးလိုက်။ နေ့လည်ခင်းကျရင် ဒီတရုတ်စစ်တုရင် လက်စွဲစာအုပ်ကို တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်"

လင်းဖန် ပြုံးလိုက်သည်။ "ဒါ ကျွန်တော့်တာဝန်ပဲလေ။ ဒီတရုတ်စစ်တုရင်မှတ်စုကို သေချာ လေ့လာရမှာပေါ့။ ကျွန်တော်နဲ့ တရုတ်စစ်တုရင် ကစားခဲ့တုန်းက အစွမ်းကုန် ထုတ်မသုံးခဲ့ဘူးမလား။ ကျွန်နော် ဖိုင်နယ်တွေ အထိတက်နိုင်ရင် ကျိန်းသေ ခင်ဗျားတဲ့ ပြန်ကစားရမှာပဲ"

ဝမ်ထျန်းယီက ခေါင်းငြိမ့်လိုက်သည်။ "ဟားဟား ဟုတ်တာပေါ့။ ပြိုင်ပွဲတွေဆိုတာ ငါတို့ရဲ့ တရုတ်စစ်တုရင်စွမ်းရည်ကို တိုးမြှင့်ဖို့ပဲ ဥစ္စာ။ ညီလေးလင်း အမှန်တိုင်းပြောရရင် ငါက အသက်ကြီးနေပြီဖြစ်ပြီး လူငယ်တွေနဲ့ မယှဉ်နိုင်ပါဘူးကွာ။ တရုတ်စစ်တုရင် ကစားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကော၊ ဦးနှောက်စွမ်းရည်ကော အားလုံး အရေးကြီးတယ်။ နိုင်ငံခြားကကောင်တချို့က သူတို့ တရုတ်စစ်တုရင်က ငါတို့ထက် ကောင်းတယ်ဆိုပြီး ပြောနေကြတယ်။ တရုတ်စစ်တုရင်က သူတို့ နိုင်ငံက အစပြုတာလို့ ပြောတဲ့ကောင်တွေလည်း ရှိတယ်။ ပရင့်ထုတ်ပြီး စက္ကူထုတ်တဲ့ ပညာကလည်း သူတို့နိုင်ငံကပဲတဲ့။ "ချူးနဲ့ ဟန်မြစ်" ဆိုတဲ့ စကားလုံးတွေက ဒီလောက် ရှင်းလင်းနေတာကို သူတို့ အသိအမှတ် မပြုကြဘူး။"

"အဲ့ဒီလူဆိုးကောင်တွေက တရုတ်စစ်တုရင် တော်ကြပြီး ငါတို့ကို စိန်ခေါ်ဖို့ ကြုံးဝါးနေကြတာ။ အဲ့တာကြောင့် ဆုလာဘ်နဲ့ ဂုဏ်ဒြပ်တွေအပြင် ငါတို့ ဒီပရော်ဖက်ရှင်နယ် ပြိုင်ပွဲမှာ ပါဝင်တာက နိုင်ငံခြားက အဲ့ဒီလူဆိုးကောင်တွေကို လူတချို့ အနိုင်ယူနိုင်ပြီး တရုတ်စစ်တုရင်ဆိုတာ ဘာလဲ ပြသနိုင်ဖို့အတွက်ပဲ"

"တရုတ်စစ်တုရင်က တရုတ်နိုင်ငံကနေ ပေါက်ဖွားလာတာ။ အဲ့တာ ဘယ်တော့မှ မပြောင်းလဲဘူး" ဝမ်ထျန်းယီက ပြောလိုက်သည်။

လင်းဖန် ပြောလိုက်သသည်။ "အစ်ကိုကြီးဝမ်။ ကျွန်တော်တို့ နိုင်ငံတော်ထဲမှာ တရုတ်စစ်တုရင် ပညာရှင်တွေ အများကြီးရှိနေတာပဲကို။ ဘာလို့ သူတို့ကို ကြောက်ရမှာလဲ။ တိုက်ခိုက်ကြတာပေါ့"

ဝမ်ထျန်းယီက ပြန်ပြောလိုက်၏။ "အဲ့ဒီ လူဆိုးကောင်တွေက တရုတ်စစ်တုရင်လည်း တော်ကြတယ်ကွ။ အရင်တုန်းက ငါတို့နိုင်ငံထဲက ထိပ်တန်းတရုတ်စစ်တုရင်ပညာရှင် ၅ ယောက်ကို အနိုင်ယူနိုင်သွားပြီး သူတို့ ပြိုင်ဘက်ကင်းသွားပြီလို့ အော်နေကြတာ။ အဲ့တာကြောင့် မင်းသေချာ လေ့ကျင့်မှ ဖြစ်မယ်။ မင်းအခွင့်အရေးရလာရင် ငါတို့နိုင်ငံတော်ကို ကိုယ်စားပြုပြီး အဲ့ဒီလူဆိုးကောင်တွေကို အနိုင်ယူခွင့်ရလာနိုင်တယ်"

လင်းဖန် ထိုစကားကို ကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။

တရုတ်နိုင်ငံမှာ တရုတ်စစ်တုရင်ကစားတာက ဉာဏ်ရည်ကို ဖွင့်ဖြိုးစေသည်။ သို့သော်လည်း တချို့ နိုင်ငံခြားသားများက တရုတ်စစ်တုရင်ကစားနည်းမှာ သူတို့နိုင်ငံက အစပြုခဲ့သည်ဟု ပြောလျှင် လင်းဖန် သဘောတူမှာ မဟုတ်ပါ။

တချို့အရာများက တရုတ်နိုင်ငံက အစပြုခဲ့ပြီး တရုတ်ယဉ်ကျေးမှု အဖွဲ့အစည်းနဲ့သာ သက်ဆိုင်ပါလိမ့်မည်။ နိုင်ငံခြားသားများက လုယူသွားလို့ မရပေ။

ဒီလိုဆိုမှတော့ လင်းဖန် တရုတ်စစ်တုရင်စွမ်းရည် တိုးမြှင့်ဖို့ အကြောင်းပြချက်တွေ ပိုတောင် ရသွားပါပြီ။

စစ်တုရင် လက်စွဲစာစောင်ကို ရရှိပြီးနောက် လင်းဖန် ၅ ရက်ဆက်တိုက် လေးလေးနက်နက် လေ့လာခဲ့ပါသည်။ သူ့တရုတ်စစ်တုရင်စွမ်းရည် ကြီးကြီးမားမား အသွင်ပြောင်းလဲသွားခဲ့သည်။

၆ ရက်မြောက်နေ့တွင် လင်းဖန် ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ပြိုင်ပွဲ၌ ပါဝင်ခဲ့သည်။ သူသာ ချန်ပီယံဆုကို ရရှိပါက ၁.၅ သန်းယွမ် ဆုရပါမည်။

၃ ရက်ကြာ ပြိုင်ပွဲကျင်းပပြီးနောက် လင်းဖန် ထိပ်ဆုံး ၈ ယောက်အထိ ပါလာခဲ့ပြီ ဖြစ်သည်။

တရုတ်စစ်တုရင် လက်စွဲစာစောင်ကို ဖတ်ရှုပြီးနောက် လင်းဖန် ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့ပါပြီ။

ပရော်ဖက်ရှင်နယ် ကစားသမားတွေတောင် လင်းဖန်ကို မယှဉ်နိုင်တော့ပါ။

၂ ရက်ကြာသောအခါ လင်းဖန် ထိပ်ဆုံး ၈ ယောက်နဲ့ ထိပ်ဆုံး ၄ ယောက် မှ ပြိုင်ဘက်များကို လင်းဖန် ဆက်တိုက် အနိုင်ရယူပြီး ဖိုင်နယ်ကို တဟုန်ထိုး တက်လှမ်းလာခဲ့ပါသည်။

ပြိုင်ပွဲနေရာ၏ တခြားတဖက်မှာလည်း ဝမ်ထျန်းယီက သူ့အစွမ်းအစကို ထုတ်ပြခဲ့သည်။ ပြိုင်ဘက်များစွာကို အနိုင်ယူပြီး ဖိုင်နယ်ကို တက်လှမ်းလာခဲ့ပါသည်။

စုစုပေါင်း ၅ ရက်အတွင်း လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ ဖိုင်နယ်ကို တက်ရောက်လာကြသည်။

ဒီနေ့... လင်းဖန်နဲ့ ဝမ်ထျန်းယီတို့၏ ဖိုင်နယ်ပွဲ ကျင်းပပါတော့မည်။

လင်းဖန်လည်း ဝမ်ထျန်းယီနဲ့ တွေ့ဆုံကာ လက်ဆွဲ နှုတ်ဆက်လိုက်ပါသည်။ "ဟားဟား အစ်ကိုကြီးဝမ် တွေ့ကြပြန်ပြီဗျာ။ အရင်တစ်ခေါက်က ခင်ဗျားကို အနိုင်မယူနိုင်ခဲ့ဘူး။ ဒီတစ်ခေါက် ကျွန်တော်တို့ ထပ်ကစားကြတာပေါ့"

လင်းဖန်ကို ဝမ်ထျန်းယီမြင်သောအခါ စိတ်အေးလက်အေးပြုံးလိုက်ပါသည်။ "ဟုတ်ပါပြီ။ ငါပြောထားမယ်။ ဒီတစ်ခေါက် မင်းကို အလျှော့ပေးမှာ မဟုတ်ဘူးနော်"

လင်းဖန် ဝမ်ထျန်းယီကို ပခုံးပုတ်လိုက်ပါသည်။ "ကျွန်တော့်ကို အလျှော့ပေးရဲရင်တောင် ပေးခွင့်ပြုမှာ မဟုတ်ဘူး။ ကစားကြတာပေါ့။ ခင်ဗျားရှုံးရှုံး နိုင်နိုင် ညစာ ဧည့်ခံပါ့မယ်"

ထိုစကားကိုကြားသောအခါ ဝမ်ထျန်းယီ၏ မျက်လုံးများ အရောင်လက်သွား၏။ "မင်းချက်တဲ့ စားသောက်ပွဲတွေက အရမ်းအရသာရှိတယ်လို့ ကြားမိတယ်။ မြန်မြန် ကစားပြီး မင်း ချက်တဲ့ ဟင်းလျာတွေ သွားစားကြတာပေါ့"

အားလုံးရဲ့ စောင့်ကြည့်မှုအောက်တွင် ပရော်ဖက်ရှင်နယ် ပြိုင်ကွင်းထဲက လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ တရားဝင် ပြိုင်ပွဲ စတင်ခဲ့ပါတော့သည်။

All Chapters