အပြတ်အသတ်စွမ်းရည်များ
Vol. 25 Ch. 364
ဒီနေ့က တရုတ်စစ်တုရင်ဖလားလုပွဲ၏ ဖိုင်နယ် ဖြစ်သည်။
တရုတ်စစ်တုရင်ပြိုင်ပွဲမှာ ဝမ်ထျန်းယီပါဝင်ဖူးသည့် ၆ နှစ်မြောက်လည်း ဖြစ်ပါသည်။
ယခင် ၅ နှစ်စလုံး ချန်ပီယံဆုကို ရရှိခဲ့ကာ သူ့အစွမ်းအစကို သက်သေပြခဲ့ပါသည်။
ဒီနှစ်လည်း ဝမ်ထျန်းယီက အရင်လို စွမ်းအားကြီးဆဲ ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ကစားသမားများစွာကို အနိုင်ယူပြီး ဖိုင်နယ်ကို ရောက်ရှိခဲ့ပါသည်။
ဒီနေ့ ဖိုင်နယ်ပွဲကိုလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကာ အစီရင်ခံသူတွေလည်း ပါလိမ့်မည်။
လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ အတူတူထိုင်လိုက်ကြပြီး တရုတ်စစ်တုရင်ပြိုင်ပွဲကို စဖို့ ပြင်ဆင်လိုက်ချိန်တွင် အစီရင်ခံတင်ဆက်သူ၏ စိတ်လှုပ်ရှားနေသော အသံက ထွက်ပေါ်လာခဲ့ပါသည်။
"အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့နကတော့ တရုတ်စစ်တုရင် ဆုဖလား ၂၁ ရာစု Edition ရဲ့ ဖိုင်နယ်ပွဲပဲ ဖြစ်ပါတယ်"
"ဖိုင်နယ်ပွဲကို တက်ရောက်လာတဲ့ ပြိုင်ပွဲဝင် နှစ်ယောက် ရှိပါတယ်။ တစ်ယောက်ကတော့ ၅ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့ ဝမ်ထျန်းယီပဲ ဖြစ်ပါတယ်ခင်ဗျား"
"ဒုတိယတစ်ယောက်ကတော့ တရုတ်စစ်တုရင် လောကရဲ့ တောက်ပနေတဲ့ တက်သစ်စလေး လင်းဖန်ပဲ ဖြစ်ပါတယ်"
"မကြာသေးခင်က ၁၇၁ ပွဲဆက်တိုက် အနိုင်ရရှိထားတာဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၇၁ ပွဲဆက်တိုက် အနိုင်ရရှိဖူးတဲ့ ပထမဆုံးလူဖြစ်မှန်း အားလုံးလည်း သိကြမှာပါ။ သူ့ရဲ့ တရုတ်စစ်တုရင်စွမ်းရည်တွေက အားလုံးအတွက် မြင်သာလောက်မှာပါ"
"ဘယ်ပြိုင်ပွဲဝင်က အနိုင်ရရှိမယ်လို့ ထင်လဲ။ ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲဝင်နှစ်ယောက်က ဒီနေ့ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားဖို့ အကောင်းဆုံး ပြိုင်ပွဲတစ်ခုကို ယူဆောင်လာပေးနိုင်မှာ အသေအချာပါပဲ"
"ဒီချန်ပီယံပြိုင်ပွဲရဲ့ ပြိုင်ပွဲပုံစံကတော့ ၅ ပွဲ ယှဉ်ပြိုင်ပြီး ၃ ပွဲနိုင် စနစ် ဖြစ်ပါတယ်။ ၃ ပွဲ အရင် အနိုင်ရရှိတဲ့လူက ဒီပြိုင်ပွဲကြီးရဲ့ ချန်ပီယံ ဖြစ်လာမှာပါ"
"ဒီပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆု ဆွတ်ခူးသွားသူက ၁.၅ သန်းယွမ်ကိုလည်း ရရှိသွားမှာ ဖြစ်ပါတယ်"
"တစ်ချိန်တည်းမှာပဲ တရုတ်စစ်တုရင်ရဲ့ အမြင့်ဆုံး အဆင့်ကိုလည်း ကိုယ်စားပြုပြီးသား ဖြစ်သွားမှာပါ"
တင်ဆက်သူ၏ စိတ်လှုပ်ရှားစရာ အသံက ပျော်ရွှင်စွာဖြင့် ထွက်ပေါ်လာခဲ့ပါသည်။
သူ လင်းဖန်အကြောင်း သိပါသည်။
တရုတ်နိုင်ငံက လူတိုင်း လင်းဖန်အကြောင်း သိသည်ဟု ဆိုနိုင်ပါသည်။
လင်းဖန်၏ ရေပန်းစားမှု၊ အစွမ်းအစ၊ သရုပ်ဆောင် စွမ်းရည်၊ သူရိုက်ကူးခဲ့တဲ့ ရုပ်သံဒရမ်မာတိုင်း၊ သူ သီဆိုခဲ့သည့် သီချင်းတိုင်းက ပရိတ်သတ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပါသည်။
အနုပညာလောကမှာ အတော်လေး အဆင်ပြေနေသည့် လင်းဖန်တစ်ယောက် တရုတ်စစ်တုရင်လောကထဲ ခြေချလာပြီး အလွန် ထူးချွန်သည့် ရလဒ်များ ရလာလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။
တိုက်ရိုက်ထုတ်လွှင့်မှု ပရိတ်သတ်များ၏ ဖန်သားပြင်ပေါ်တွင် ကောမန့်ပေါင်းစုံ ပေါ်လာခဲ့သည်။
"666666666"
"နောက်ဆုံးတော့ ပြိုင်ပွဲကို စောင့်ကြည့်နိုင်ပြီး ဖိုင်နယ်ပွဲ စောင့်နိုင်ပြီကွ ငါမှတ်မိတာသာ မမှားရင် အရင်တစ်ခေါက် လင်းဖန် ဝမ်ထျန်းယီနဲ့ စစ်တုရင် ကစားခဲ့တုန်းက သရေပွဲ ဖြစ်ခဲ့တယ်။ ပြီးတော့ အဲ့တုန်းက ဝမ်ထျန်းယီလည်း အစွမ်းကုန် ထုတ်သုံးခဲ့တာ မဟုတ်လောက်ဘူး"
"ဟုတ်တယ်။ ဝမ်ထျန်းယီက ဒီနေ့ဖိုင်နယ်ပွဲမှာတော့ ကျိန်းသေ အစွမ်းကုန် ထုတ်သုံးလောက်မှာပါ။ လင်းဖန် နိုင်မလား မသိပေမယ့် လင်းဖန်ရဲ့ စွမ်းရည်လည်း အများကြီး တိုးတက်လာလောက်ပြီလို့ ခံစားနေမိတယ်။ ဝမ်ထျန်းယီကို တကယ်ကြီး အနိုင်ယူနိုင်လောက်တယ်"
"မဟုတ်လောက်ဘူး။ ဝမ်ထျန်းယီက ၅ နှစ်ဆက်တိုက် ချန်ပီယံဖြစ်လာခဲ့တာ။ လင်းဖန် အန္တရာယ်ရှိနေပြီလို့ ခံစားရတယ်။ ဟာကွာ။ စိတ်လှုပ်ရှားလိုက်တာ။ နှစ်ယောက်စလုံးကို သဘောကျလို့ ဘယ်လိုလုပ်ရမလဲ"
တစ်ချိန်တည်းမှာပဲ စောင့်ကြည့်နေသူများစွာ ရှိသည်။
အားပေးနေကြသူများစွာလည်း ရှိပါသည်။
တရုတ်စစ်တုရင် ပရိတ်သတ်အများစုက ဝမ်ထျန်းယီကို အားပေးနေကြသည်။
သူတို့ရင်ထဲမှာတော့ ဝမ်ထျန်းယီက မကျော်လွှားနိုင်သည့် ရာဇဝင်ကြီးတစ်ခုလို ဖြစ်သည်။
ဝမ်ထျန်းယီ၏ များပြားသော ဗျူဟာမျာား၊ အားကောင်းသည့် စွမ်းရည်တို့ကြောင့် အားလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါသည်။
တရုတ်စစ်တုရင် လောကထဲမှာ ကစားသမား အားလုံးနည်းပါးက နာမည်ကို ကြားလိုက်ရုံနဲ့ ဝမ်ထျန်းယီကို လေးစားကြသည်။
အမှန်ပင်။ လင်းဖန်ကို အားပေးသည့် လူတွေလည်း ရှိပါသည်။
အရှေ့က ကောင်မလေးတစ်ယောက်က လင်းဖန်၏ နာမည်ကို ကိုင်ထားသည်။ သူမက အဖြူရောင် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး အနည်းငယ် ချစ်ဖို့ကောင်းကာ လှပနေပါသည်။
"အာဝူး~ ဒီနေ့ ဆရာ တရုတ်စစ်တုရင် ဖိုင်နယ်ပွဲ ကစားတော့မှာ။ သေချာပေါက် ဆရာပဲနိုင်မှာ" စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။ ဖန်သားပြင်ပေါ်မှာ လင်းဖန်နဲ့ ဝမ်ထျန်းယီတို့၏ အာဗတာလေးများကိုကြည့်ရင်း အားပေးနေသည်။
"ကျိန်းသေ ဘော့စ်ပဲ နိုင်မှာ" စုမူချင်းက ခေါင်းငြိမ့်ကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။
"ပြောစရာ မလိုအောင် လင်းဖန် ရှုံးရင် အပြစ်ပေးခံရမှာပဲ" ရှုယန်က လင်းကျင်းကျင်း၏ ပခုံံးကို ဖက်ရင်း ပြုံးလိုက်ပါသည်။
လင်းကျင်းကျင်းကလည်း လင်းဖန်၏ နာမည်ကို ကိုင်ထားပြီး ပရိတ်သတ်တစ်ယောက်လို ယိမ်းနွဲ့နေပါသည်။
ရှားဝမ်ချွေ့က မစ်တီးတစ်ခွက် ကိုင်ထားပြီး အလွန် ပျော်ရွှင်စွာဖြင့် တိတ်ဆိတ်စွာ ထိုင်နေပါသည်။
အဖေသာ ဒါကို မြင်ရင် သူလည်း ပျော်မှာပဲ မဟုတ်လား။
လင်းဖန်က တရုတ်စစ်တုရင် လေ့လာနေတာ ကြာပါပြီ။ ဒီအဆင့်ထိ ရောက်လာနိုင်သဖြင့် သူ့အတွက် သူမ ဂုဏ်ယူမိပါသည်။
ဖန်တုံတုံလည်း ကြက်ကင်ကိုကိုင်ပြီး ထိုင်လိုက်ပါသည်။ သူရယ်မောလိုက်၏။ "ပြောစရာ မလိုအောင် အစ်ကိုဖန်ပဲ ကျိန်းသေနိုင်မှာ။ ဒီကြက်ကင်က အရသာရှိလိုက်တာ။ နောက်တစ်ကောင်လောက် ဝယ်ကျွေးပါလား"
လင်းချမ့်ဝေက မကျေမနပ်ပြောလိုက်ပါသည်။ "နင်က စားဖို့သောက်ဖို့ပဲသိတယ်။ ဒီ့ထက်စားရင် ၁၀၀ ကီလိုဂရမ်လောက် တိုးသွားတော့မယ်"
ဖန်တုံတုံက သူ့ရဲ့ ဗိုက်ပူပူကို ကိုင်လိုက်ပြီး ကြက်ကင်တစ်ကိုက် ကိုက်စားလိုက်ပါသည်။ သူ စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ "အစ်မချမ့်ဝေ ကျွန်တော်စားချင်တာကိုး။ ကျွန်တော် ဗိုက်ဆာတယ်"
ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ထပ်စားရင် ၁၀၀ ကီလိုဂရမ်လောက် တကယ် တက်လာလိမ့်မယ်နော်"
နောက်ဆုံးတော့ ဖန်တုံတုံ လက်လျှော့သွားပါသည်။ သူ့လက်ထဲက ကြက်ကင်ကို အကုန်စားလိုက်ပြီး ဆီတွေကိုတောင် လျက်လိုက်ပါသေးသည်။
ပရိတ်သတ်၏ မျှော်လင့်စောင့်စားမှုအောက်တွင် လင်းဖန်နဲ့ ဝမ်ထျန်းယီတို့လည်း ပြိုင်ပွဲ စတင်ခဲ့ပါတော့သည်။
ယခု တရုတ်စစ်တုရင်ကို စတင်ကစားပြီဖြစ်သဖြင့် လင်းဖန်နဲ့ ဝမ်ထျန်းယီတို့နှစ်ယောက်စလုံး အလွန် လေးနက်သွားကြသည်။
ဘယ်သူမှ အလျှော့ပေးကြမှာ မဟုတ်ပါ။
စစ်တုရင် ကစားနေစဉ် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကားပြောပြီး နှောင့်ယှက်လို့ မရပါ။
ဝမ်ထျန်းယီက ပြင်းပြင်းထန်ထန် စတင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
လင်းဖန်က ခုခံဖို့ အကောင်းဆုံးကြိုးစားသည်။
မျက်နှာချင်းဆိုင် ရင်ဆိုင်ရမှ ၅ ကြိမ်ဆက်တိုက် ချန်ပီယံတစ်ဦး၏ ခွန်အားကို လင်းဖန် ခံစားလိုက်ရသည်။
ဝမ်ထျန်းယီ၏ အစွမ်းကုန် တိုက်ကွက်က လင်းဖန် ခုခံဖို့ ခက်ခဲပါသည်။
အလွန် သန်မာလွန်း၏။
လင်းဖန်ရဲ့ နဖူး ချွေးတွေ စိုရွှဲလာပါသည်။ ဒါက ဝမ်ထျန်းယီရဲ့ စွမ်းအားအပြည့်ပဲ ဖြစ်သည်။
အစမှအဆုံးအထိ ပြီးပြည့်စုံသည့် တိုက်ကွက်များနဲ့ ဖိအားများက လင်းဖန်ကို အသက်ရှူပင် ကြပ်သွားစေပါသည်။
လင်းဖန်က ထိပ်တန်း စစ်တုရင်ကစားသမား တစ်ယောက်ဖြစ်သော်လည်း ပထမပွဲမှာတော့ ဝမ်ထျန်းယီ၏ အနိုင်ယူမှုကို ခံလိုက်ရပါသည်။
လင်းဖန် ပထမပွဲကို ရှုံးနိမ့်သွားခဲ့သည်။
ပထမပွဲကို ရှုံးနိမ့်ပြီးနောက် လင်းဖန် ရေတစ်ခွက် သောက်လိုက်ပါသည်။ သူ့ယုံကြည်ချက် လျော့နည်းသွားလို့ မရပါ။
ဝမ်ထျန်းယီမှာ လှည့်ကွက်နဲ့ အတွေ့အကြုံများစွာ ရှိပါသည်။ လင်းဖန် မတုန့်ပြန်နိုင်ခင်မှာပင် ရှုံးနိမ့်သွားခဲ့သည်။
ဒါက ဝမ်ထျန်းယီ၏ စွမ်းအား အစစ်အမှန် ဖြစ်သည်။
တင်ဆက်သူကလည်း အော်လိုက်သည်။ "မိတ်ဆွေတို့၊ ပထမပွဲကို ဝမ်ထျန်းယီ အနိုင်ရရှိသွားပါပြီ ရမှတ်ကတော့ 1 : 0 ပါခင်ဗျာ"
"ဝမ်ထျန်းယီက သူ့ရဲ့ ကြွယ်ဝဲ့ စွမ်းရည်တွေ၊ အတွေ့အကြုံတွေနဲ့ ခွန်အားတွေကို အသုံးချပြီး လင်းဖန်ကို အနိုင်ယူသွားခဲ့တာပါ။ ၅ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ပြီးတာတောင် ထပ်ဖြစ်နိုင်ဖို့ ခွန်အား ရှိတုန်းပဲ။ ဝမ်ထျန်းယီက တရုတ်စစ်တုရင် နတ်ဘုရား တစ်ပါးပဲ"
"ဒါပေမယ့် ဒီပြိုင်ပွဲက ၅ ပွဲကစားရမှာပါ။ ဝမ်ထျန်းယီက ပထမတစ်ပွဲပဲ နိုင်သေးတာပါ။ နောက်ဆုံးမှာ ဘယ်သူ ချန်ပီယံ ဖြစ်လာမလဲဆိုတာ ပြောဖို့ ခက်ပါသေးတယ်။ လောလောဆယ် မိနစ် ၃၀ လောက် ခဏနားလိုက်ရအောင်။ ဒုတိယပွဲ မကြာခင် စပါမယ်"
"လင်းဖန် မင်း ထပ်ကြိုးစားရမယ်။ ဝမ်ထျန်းယီ ဖိနှိပ်တာကို မခံနဲ့။ ဝမ်ထျန်းယီရဲ့ ဟာကွက်ကို ရှာဖို့ ကြိုးစား လုပ်ထား" တင်ဆက်သူက ပြောလိုက်သည်။
ဝတ္ထုအများစု၏ ဇာတ်လမ်းတွင် ဇာတ်လိုက်မင်းသား ရှုံးနိမ့်သွားခြင်း သို့မဟုတ် အခွင့်မသာ ဖြစ်သွားပါက ဗီလိန်၊ ပရိတ်သတ်၊ ဖြတ်သွားဖြတ်လာ အကုန်လုံးရဲ့ လှောင်ပြောင်မှုကို ခံရမည်ဖြစ်သည်။ သူ့ကို အမှိုက်သရိုက်ဟု ခေါ်ကြလိမ့်မည်။
သို့သော်လည်း လက်တွေ့မှာတော့ ဘယ်သူမှ လင်းဖန်ကို မလှောင်ကြပါ။
ဝမ်ထျန်းယီ စကားပြောပြီးနောက် လင်းဖန်၏ ပခုံးကို ပုတ်လိုက်ပြီး ရေတစ်ဗူး ပေးလိုက်ပါသည်။
လင်းဖန် အနားယူနေစဉ် စုရှောင်းယွီလည်း ရေယူလာပေးသည်။
"ဆရာ ကြိုးစားမှဖြစ်မယ်နော်။ ရှုံးရင်လည်း ဘာမှ မဖြစ်ပါဘူး။ ဝမ်ထျန်းယီက အရမ်းတော်တာကိုး~" စုရှောင်းယွီက လင်းဖန်ကို ကြည့်လိုက်ပါသည်။
"ငါဘာမှ မဖြစ်ပါဘူး" လင်းဖန်က ပြုံးကာ စုရှောင်းယွီ ပေးသည့် ရေကို ယူလိုက်ပါသည်။
လင်းဖန် ရှားဝမ်ချွေ့ကို ထပ်ကြည့်လိုက်၏။
"မြောင် မြောင် မြောင်" ရှားဝမ်ချွေ့က လင်းဖန်ကို ချစ်စရာ အမူအယာလေး လုပ်ပြလိုက်ပါသည်။
လင်းဖန်က တောက်ပစွာ ပြုံးလိုက်ပြီး စိတ်အခြေအနေ ပိုကောင်းသွားခဲ့ပါသည်။
သူ့ကိုအားပေးနေသည့် လူတွေ အများကြီးရှိနေသဖြင့် နောက်ဆုံးရလဒ်က ဘာပဲဖြစ်ဖြစ် တရုတ်စစ်တုရင် ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားပြီး ကစားသွားပါမည်။