ဝမ်ထျန်းယီကို အနိုင်ယူခြင်း
Vol. 25 Ch. 366
တင်ဆက်သူက စတိတ်စင်ပေါ်က လက်ရှိ အခြေအနေကို အားတက်သရော ရှင်းပြလိုက်ပါသည်။
"အားလုံးပဲ။ ဒါက လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ တတိယအချီပါခင်ဗျာာ။ ဝမ်ထျန်းယီက 2 : 0 နဲ့ ဦးဆောင်နေပါတယ်"
"ဝမ်ထျန်းယီ နောက်တစ်ပွဲ ထပ်နိုင်ပြီဆိုတာနဲ့ တရုတ်စစ်တုရင် ဆုဖလားပြိုင်ပွဲ နောက်ဆုံး ချန်ပီယံက ဝမ်ထျန်းယီပဲဖြစ်သွားမှာပါ။ လင်းဖန် မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို ရောက်နေပါပြီ။ သူဘယ်လောက်ထိရောက်အောင် ဆက်တင်းခံထားနိုင်ဦးမှာလဲ"
"အခု ပြိုင်ပွဲ တတိယအချီ တရားဝင်စတင်ကြောင်း ကြေညာလိုက်ပါပြီ"
တတိယပွဲစတင်သောအခါ လင်းဖန် ထိုင်လိုက်သည်။
ဒီတစ်ခေါက် လင်းဖန် အားအကုန် ထုတ်သုံးရုံတင် မကဘဲ ပြိုင်ပွဲကို အနိုင်ယူဖို့ အကောင်းဆုံး ကြိုးစားသွားမည်။
လက်ရှိ လင်းဖန်မှာ လုံးဝ ချောမွေ့သွားပြီဟု ခံစားလိုက်ရသည်။
သူ့တရုတ်စစ်တုရင် စကေးများက မကြုံစဖူး တိုးတက်လာခဲ့သည်။
တတိယပွဲတွင် ဝမ်ထျန်းယီ စတင်ရွှေ့ရသည်။
ဝမ်ထျန်းယီက ဖိအားပေးတိုက်ခိုက်မှုကို အသုံးပြုပြီး လင်းဖန်ကို စတင်တိုက်ခိုက်လေသည်။
သို့သော်လည်း ဒီတစ်ခေါက်တော့ စစ်တုရင်ရုပ် အားလုံးက လင်းဖန်ရဲ့ မျက်လုံးထဲမှာ ချိတ်ဆက်သွားခဲ့ပါသည်။
လင်းဖန် ကာကွယ်ပြီး တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်သည်။
ဒီတစ်ခေါက် လွတ်လမ်း မရှိတော့ပါ။
လင်းဖန် ဒီပြိုင်ပွဲကို နိုင်ချင်ပါသည်။
ရှားဝမ်ချွေ့က သူ့ကောင်မလေး။ ရှားဝမ်ချွေ့ကိုယ်တိုင်သာ သူ့ကို လာရောက် အားပေးခဲ့သည်။ လင်းဖန် မကြိုးစားလို့ ဖြစ်ပါ့မလား။
ဒီပြိုင်ပွဲကို အနိုင်ယူနိုင်ပါက လင်းဖန် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိပါသေးသည်။
တင်ဆက်သူ ပလက်ဖောင်းပေါ်က တင်ဆက်သူလည်း ဒီပြိုင်ပွဲကို စိတ်လှုပ်ရှားဖွယ် ရှင်းပြနေပါသည်။
"အားလုံးပဲ... အခုဆိုရင် တတိယပွဲ စတင်ခဲ့ပါပြီ"
"၁၀ မိနစ်ရှိနေပါပြီ။ ဘုရား။ ဝမ်ထျန်းယီက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတယ်ခင်ဗျာ။ ပထမပွဲနဲ့ တူတူပါပဲ။ လင်းဖန် တောင့်ခံနိုင်ပါ့မလား မသိဘူး"
"မိနစ် ၂၀ ကုန်လွန်သွားပါပြီ။ သရေပွဲဖြစ်တော့မှာလား။ နှစ်ဖက်စလုံး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ ဖြစ်သွားပါပြီ"
"မိနစ် ၃၀ ရှိပါပြီ။ ဝမ်ထျန်းယီ အစွန်းကုန် ထုတ်သုံး တိုက်ခိုက်နေပါပြီ။ လင်းဖန်ကလည်း ကာကွယ်နေပါတယ်။ သူ့ကာကွယ်မှုက တော်တော်လေး ကောင်းတယ်ဗျ"
"မိနစ် ၅၀ ရှိသွားပါပြီ။ လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ ရထားတွေ နှစ်ဖက်စလုံး အစားခံလိုက်ရပါပြီ။ သရေပွဲဖြစ်နေတုန်းဖြစ်ပြီး ဘယ်သူက ပိုတော်သလဲ မပြောနိုင်သေးပါဘူး။ ဒီတရုတ်စစ်တုရင်ပွဲက အရမ်းကို ကြာမြင့်နေပါပြီ"
တင်ဆက်သူနဲ့ စိစစ်သူတွေအားလုံး လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ တတိယပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ပရိတ်သတ်ကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာကော ပြိုင်ပွဲအခမ်းအနားမှာကော စောင့်မျှော်နေကြ၏။
ရှားဝမ်ချွေ့လည်း အသက်ရှူသံတွေ မြန်လာခဲ့ပါသည်။
ပထမဆုံးအကြိမ်အဖြစ် သူတို့ တရုတ်စစ်တုရင်ကို ၅၀ မိနစ်တိတိ ကစားခဲ့ကြသည်။
တိုက်ရီုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်ကလည်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပါသည်။
ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားများကလည်း လင်းဖန်နဲ့ ဝမ်ထျန်းယီတို့ရဲ့ ကစားပွဲကို စောင့်ကြည့်နေကြပါသည်။
"လင်းဖန် ဒီတရုတ်စစ်တုရင်ပွဲမှာ တော်တော် အခက်တွေ့နေပြီထင်တယ်။ ဝမ်ထျန်းယီရဲ့ တိုက်စစ် ဖိအားတွေက အရမ်းကြမ်းလွန်းတယ်"
"ဟုတ်တယ်။ ဝမ်ထျန်းယီက တရုတ်စစ်တုရင်မှာ တော်လွန်းပါတယ်။ လင်းဖန် ဝမ်ထျန်းယီရဲ့ တိုက်စစ်ကို မခံနိုင်လောက်တော့ဘူး"
"ဝမ်ထျန်းယီက တရုတ်စစ်တုရင် ရာဇဝင်ကြီး တစ်ခုပဲလေ။ လင်းဖန် ခံနိုင်ရည်မရှိတော့ရင် ဝမ်ထျန်းယီ 3 : 0 နဲ့ နိုင်သွားတော့မယ်ထင်တယ်။ ချန်ပီယံဆုတွေ အကုန်လုံးကို သိမ်းပိုက်သွားတော့မှာ ဟုတ်တယ်မလား"
"ပွဲသိမ်းသွားပြီ။ လင်းဖန် ထပ်ရှုံးတော့မယ်လို့ ငါခံစားနေရတယ်။ ဝမ်ထျန်းယီကို 0 : 3 နဲ့ ရှုံးတော့မယ်"
"အရင်တုန်းက လင်းဖန် ပွဲ ၁၇၀ ဆက်တိုက် အနိုင်ရရှိခဲ့တုန်းက ဝမ်ထျန်းယီကို လင်းဖန် ယှဉ်နိုင်မယ် ထင်ထားတာ။ အခုတော့ သူ့အဆင့်က ဝမ်ထျန်းယီရဲ့ အဆင့်ကို မမှီသေးဘူး ထင်ပါတယ်'
စုရှောင်းယွီလည်း LED ဖန်သားပြင်ကြီးကို ကြည့်နေပါသည်။ လင်ဖးန်နဲ့ ဝမ်ထျန်းယီတို့၏ ပြိုင်ပွဲကို ပြသနေသည်။
စုရှောင်းယွီ စိတ်လှုပ်ရှားလာရ၏။ သူမ လက်ဖဝါး နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ပြောလိုက်ပသါည်။ "ဆရာ ရှုံးတော့မှာလား"
လင်းခဲ့ရှင်းက ခေါင်းခါလိုက်သည်။ "မဟုတ်တာ မရှုံးလောက်ပါဘူး"
ရှုယန် သက်ပြင်းချလိုက်သည်။ "လင်းဖန် အခွင့်မသာတဲ့ အခြေအနေကို ရောက်နေပြီ။ နိုင်ဖို့ဆိုတာ ခက်သွားပြီ"
ရှားဝမ်ချွေ့က မတ်တပ်ရပ်ပြီး လင်းဖန်ကို ကြည့်ကာ သူ့ရဲ့ ပရိတ်သတ် ဆိုင်းဘုတ်ကို ယိမ်းနွဲ့နေပါသည်။
ပရိတ်သတ်တွေလည်း လင်းဖန်အတွက် အားပေးနေကြသည်။ တိိက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်လည်း လင်းဖန်ကို အားပေးနေကြ၏။
ပြိုင်ပွဲ ၆၅ မိနစ်ကိုရောက်သောအခါ လင်းဖန် တန်ပြန် တိုက်ခိိက်ခဲ့ပါသည်။
အမြှောက်နဲ့ ဝမ်ထျန်းယီကို တိုက်ရိုက် ချက်ခ်လုပ်လိုက်ပါသည်။
အခုချိန်ကစပြီး လင်းဖန် သူ့ရဲ့ အခွင့်မသာမှုကို အားသာချက်အဖြစ် ပြောင်းလဲပါတော့မည်။
လင်းဖန် ပွဲကို ပြန်လည် ဦးဆောင်လာ၏။
"ဘုရားရေ။ အားလုံးပဲ။ လင်းဖန် အခု ပွဲကို စတင် ဦးဆောင်လာပါပြီခင်ဗျာ"
"ပြိုင်ပွဲအချိန်က ၆၅ မိနစ်တောင် ကြာပြီဖြစ်ပြီးတော့ လင်းဖန် နောက်ဆုံးတော့ တန်ပြန်တိုက်ခိုက်လာပါပြီ"
"လင်းဖန်က ဝမ်ထျန်းယီကို ချက်ခ်လုပ်နေပါတယ်ခင်ဗျာ ဝမ်ထျန်းယီကို ချက်ခ် လုပ်ပြီးရင်း လုပ်နေပါတယ် ခင်ဗျ"
"ဘုရား... ကျိန်းသေ အနိုင်ရရှိမှုပဲ"
"လင်းဖန် ဝမ်ထျန်းယီကို နိုင်သွားပါပြီ"
"တတိယပွဲက မိနစ် ၇၀ ကြာခဲ့ပါတယ်။ လင်းဖန် တတိယပွဲကို အနိုင်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်ခင်ဗျာ"
"လင်းဖန် ဘယ်လိုများလုပ်လိုက်တာလဲ။ အချိန်မှီတောင် မတင်ဆက်နိုင်ခဲ့ဘူး။ တစ်ပြိုင်တည်း ချက်ခ်တွေ ဆက်တိုက် လုပ်သွားတာ"
"လက်ရှိမှာ လင်းဖန်က 1 : 2 နဲ့ နောက်ကျကျန်နေတုန်းပါပဲ။ ဒါပေမယ့် နောက်ဆုံးတော့ ဝမ်ထျန်းယီရဲ့ ရှုံးပွဲမရှိ ရာဇဝင်ကို လင်းဖန် ချိုးဖောက်နိုင်ခဲ့ပြီ။ ဒီပြိုင်ပွဲမှာ ဧရာမ တကျော့ပြန်လာမှုကြီးတောင် ကြုံရနိုင်ပါတယ်။"
တင်ဆက်သူ၏ အသံထွက်ပေါ်လာခဲ့သည်။ ပရိတ်သတ်များ ကျယ်လောင်စွာ အားပေးလိုက်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်များက ပို၍ပင် ပျော်ရွှင်သွားကြပါသည်။
"လင်းဖန် တတိယပွဲကို နိုင်သွားပြီ"
"လင်းဖန် ဘယ်လိုလုပ်လိုက်လဲ မသိပေမယ့် တကယ် နိုင်သွားတာပဲ။ အရှုံးကို အနိုင်အဖြစ် ပြောင်းလဲလိုက်ပြီ။ လင်းဖန်က တော်လိုက်တာ"
"6666666666"
"လင်းဖန် အဆုံးသတ်ကျရင် ချန်ပီယံဆုရနိုင်မယ်ထင်လား။ ဝမ်ထျန်းယီကို အနိုင်ယူနိုင်ဖို့ တကယ် အခွင့်အရေး ရှိလောက်တယ်"
"အစ်ကိုဖန်က တော်လိုက်တာ။ ဝမ်ထျန်းယီက တရုတ်စစ်တုရင်မှာ ၅ နှစ်ဆက်တိုက် ချန်ပီယံဆုရထားတာ။ အစ်ကိုဖန် ဘယ်လိုလုပ်လိုက်လဲ မသိပေမယ့် အရမ်းတော်တာပဲ"
တရုတ်စစ်တုရင် ကျွမ်းကျင်သူ Group တွင် ဂေါ့ဆစ်ပ်က ပြောလိုက်၏။ "လင်းဖန်ရဲ့ အခင်းအကျင်းက အရမ်း အားကောင်းတာပဲ။ တရုတ်စစ်တုရင်တစ်ပွဲလုံးရဲ့ အခင်းအကျင်းကို ပွဲစကတည်းက တွက်ချက်သွားတာ။ လင်းဖန် အကုန်လုံးကို လုပ်နိုင်ခဲ့တာပဲ"
"ဝမ်ထျန်းယီတောင် ဒီတစ်ခေါက် လင်းဖန် ဒီလောက်တော်အောင် ကစားနိုင်မယ်လို့ မျှော်လင့်မထားလောက်ဘူး။ ဝမ်ထျန်းယီက တရုတ်စစ်တုရင်မှာ အကွက် ၂၀ လောက် ကြိုတွက်နိုင်တယ်ဆိုရင် လင်းဖန်က အကွက် ၃၀ လောက် ကြိုတွက်နိုင်လောက်ပြီ။ တစ်နည်းအားဖြင့် လင်းဖန် စကစားကတည်းက ဒီပြိုင်ပွဲရဲ့ ရလဒ်ပေါင်းစုံကို တွက်ချက်ထားပြီးသား။ အနိုင်ရဖို့ အလွယ်ဆုံး နည်းလမ်းကို ရှာပြီး ပွဲသိမ်းလိုက်ရုံပဲ"
ဂေါ့ဆစ်ပ် တုန်လှုပ်သွားခဲ့ရသည်။
လင်းဖန်၏ အစီစဉ်ချနိုင်စွမ်းကြောင့် တုန်လှုပ်သွားခြင်းဖြစ်ပါသည်။ သူ့လို တရုတ်စစ်တုရင်အကြောင်း နားလည်သည့် လူမျိုးတွေသာ လင်းဖန် ဘာလုပ်လိုက်သလဲ သိကြပါသည်။
ပရော်ဖက်ရှင်နယ် စစ်တုရင် ကစားသမားတစ်ယောက်က အသုံးမဝင်တဲ့ အကွက်မျိုး ဘယ်တော့မှ မရွှေ့ပါ။ လူနှစ်ယောက် ရင်ဆိုင်ကစားသည့်အခါ အနိုင်ရဖို့ ပြိုင်ဘက်ထက် ခြေတစ်လှမ်း ပိုသာနေဖို့သာ လိုသည်။
လျို့ရှင်းယီလည်း မှင်က်သွားရ၏။ "အစ်ကို ဂေါ့ဆစ်ပ်။ မဖြစ်နိုင်ဘူး... လင်းဖန်က သူ အကွက်ရွှေ့တိုင်း အကွက် ၃၀ ရဲ့ ရလဒ်ပေါင်းစုံကို ဘယ်လိုလုပ် တွက်ချက်နိုင်မှာလဲ။ ဒီအဆင့်က ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ထက်တောင် ပိုတော်နေသေးတယ်"
"ကျွန်မတို့လို သာမန် ပရော်ဖက်ရှင်နယ် ကစားသမားတွေအတွက် အလွန်ဆုံး ၁၅ ကွက် ကြိုတွက်နိုင်ရင်တောင် အံ့သြဖို့ ကောင်းလွန်းနေပြီ။ ဝမ်ထျန်းယီ အကွက် ၂၀ ကြိုတွက်နိုင်တာ တော်ပေမယ့် လင်းဖန်က အကွက် ၃၀ ကြိုတွက်နိုင်တယ်..." လျို့ရှင်းယီ ပါးစပ်အဟောင်းသား ဖြစ်သွားရပါသည်။
"ဟုတ်တယ်။ လင်းဖန် တရုတ်စစ်တုရင် ကစားပွဲကို ဘယ်လိုစလိုက်လဲ ကြည့်လေ။ ကစားပွဲအလယ်မှာ အခင်းအကျင်းတိုင်းက အရမ်း သေသပ်တယ်။ ဝမ်ထျန်းယီ တကယ်ပဲ လင်းဖန်ရဲ့ ပါရမီကို လှုံ့ဆော်နိုင်ခဲ့ပြီ ထင်တယ်" ဂေါ့ဆစ်ပ်က ပြောလိုက်သည်။
"လင်းဖန်သာ ဒီတိုင်းဆက်သွားမယ်ဆိုရင်... ဝမ်ထျန်းယီကို အနိုင်ယူနိုင်လောက်မယ်ထင်တယ်"
"ဒီနှစ် ချန်ပီယံသစ်တစ်ယောက် ထွက်ပေါ်လာနိုင်တယ်"