ချန်ပီယံ လင်းဖန်
Vol. 25 Ch. 367
စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်သည်။ "နိုင်သွားပြီ။ ဆရာနိုင်မယ်ဆိုတာ ငါသိသားပဲ"
ဖန်တုံတုံက စုရှောင်းယွီဘေးမှာ ထိုင်နေပြီး သူမကို ကြည့်လိုက်ပါသည်။ "ဟီးဟီး အစ်ကိုဖန်က အတော်ဆုံးပဲ။ အမ်... အစ်မရှောင်းယွီ မုန့်နည်းနည်းလောက် ကျွေးပါလား။ မိန်းကလေးတွေက မုန့်အများကြီးစားရင် ဝသွားတတ်တယ်"
“...” စုရှောင်းယွီ ပြန်ပြောလိုက်သည်။ "ကျန်တာအဆင်ပြေတယ်။ ငါ့မုန့်ကို လာထိရင်တော့ နင့်ကို ကိုက်မှာနော်"
ဖန်တုံတုံက စုရှောင်းယွီကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။ "ဟူး...။ အစ်မရှောင်းယွီ။ ငါက မုန့်စားချင်ရုံပါ။ မစားရင် ဗိုက်ဆာမှာပေါ့။ အဲ့ဒီအာလူးကြော်တွေက ကယ်လိုရီမြင့်တဲ့ အစားအစာတွေ။ နင်စားလိုက်ရင် သေချာပေါက် ဝလာမှာပဲ။ ဝလာရင် ကြည့်လို့ကောင်းမှာ မဟုတ်ဘူး"
စုရှောင်းယွီက သူမရင်ခွင်ထဲက အာလူးကြော်ကို ဖက်ထားလိုက်သည်။ "မရဘူး မရဘူး။ အာလူးကြော်တွေက အရမ်း အရသာရှိတာ။ ပြီးတော့ ငါက ဘယ်လိုလုပ် ဝလာမှာလဲ"
စုရှောင်းယွီ JK ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမရဲ့ ခြေတံဖြူဖြူသွယ်သွယ်က ပေါ်လွင်နေပါသည်။ လင်းဖန်ဆီမှာ အလုပ်လုပ်ပြီးနောက် စုရှောင်းယွီ၏ ကိုယ်လုံးကိုယ်ပေါက်က ပို၍ပင် လှပလာပါသေးသည်။
သူမရဲ့ ရင်ဘတ်တွေတောင် ပိုကြီးလာပါသေးသည်။ ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။
ထို့အပြင် စုရှောင်းယွီက ဝတ်တတ် စားတတ်သည့် ကောင်မလေးမျိုး ဖြစ်သည်။ သူမ ဘယ်လို စတိုင်မျိုးကိုမဆို ဝတ်တတ်သည်။ ယူနီဖောင်းနဲ့တောင် ကြည့်ကောင်းလှပါသည်။
ဖန်တုံတုံက စုရှောင်းယွီကို ခါးသီးစွာ ကြည့်လိုက်ပါသည်။
နေ့တိုင်း မုန့်တွေဒီ လောက် စားနေတာတောင် သူက ဘာလို့ ဝမလာရတာလဲ။ သူ့ကျတော့ မုန့်လေးနည်းနည်းစားတာတောင် ဝက်တစ်ကောင်လို ဘာလို့ ဝလာရတာလဲ။
အားလုံး အားပေးနေကြစဉ် တရုတ်စစ်တုရင် စတုတ္ထပွဲ စတင်ခဲ့ပါသည်။
တရုတ်စစ်တုရင် စတုတ္ထပွဲက တစ်နာရီကျော်ကြာလိမ့်မည်ဟု အားလုံးထင်ခဲ့ကြသော်လည်း အံ့အားသင့်ဖို့ ကောင်းလောက်အောင် မိနစ် ၄၀ သာ ကြာမြင့်ခဲ့ပါသည်။
မိနစ် ၄၀ အတွင်း ဝမ်ထျန်းယီ ရှုံးနိမ့်သွားခဲ့ပါသည်။
တရုတ်စစ်တုရင်စားပွဲတွင် ထိုင်နေသည့် ဝမ်ထျန်းယီလည်း ကိုယ့်ဘဝကိုယ် သံသယဝင်လာမိပါတော့သည်။
လင်းဖန်ရဲ့ တရုတ်စစ်တုရင်အဆင့်က ရုတ်တရက်ကြီး မကြုံစဖူး ပြောင်းလဲသွားခဲ့သည်ဟု ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက် ဉာဏ်အလင်းပွင့်ကာ အသွင်ပြောင်းမှု အစစ်အမှန် ကြုံတွေ့ခဲ့ရသလိုပင်။
လင်းဖန်၏ တရုတ်စစ်တုရင် စကေးများက ပြိုင်ပွဲတိုင်းမှာ အတော်လေးကို မြင့်မားစွာ တိုးတက်လာခဲ့ပါသည်။
"လင်းဖန် တကယ် သန်မာတာပဲ..."
"မင်းကို ငါထင်ထားတာ မမှားမှန်း ငါသိတယ်။ မင်းရဲ့ တရုတ်စစ်တုရင်စွမ်းရည်က နိုင်ငံတော်ထဲမှာ အကောင်းဆုံးထဲက တစ်ခုပဲ" ဝမ်ထျန်းယီက လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။
လင်းဖန်က ပြုံးပြီး ဝမ်ထျန်းယီ၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။
သူ အခု အလွန်လေးနက်နေပါပြီ။ နောက်ဆုံးတစ်ပွဲသာ ကျန်တော့သည်။
တရုတ်စစ်တုရင် နောက်ဆုံးပွဲကို အနိုင်ယူရပါမည်။
သူ အနိုင်မယူနိုင်ပါက အရင် ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။
သူ့ပြိုင်ဘက် ဝမ်ထျန်းယီက အလွန် အားကောင်းသူ ဖြစ်သည်။ အထင်သေးလို့ မရပါ။
လင်းဖန်ထွက်သားသည့်အခါ သူ့နောက်ကျောကိုကြည့်ရင်း ဝမ်ထျန်းယီ အနည်းငယ် တုန်လှုပ်မိပါသည်။
သူက ၅ နှစ်ဆက်တိုက် နိုင်ငံအဆင့် ချန်ပီယံဖြစ်ထားသူဖြစ်သည်။ သို့သော်လည်း ဒီနှစ်တော့ စွမ်းအားကြီးသည့် ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင်ရပါသည်။ ထိုလူကတော့ လင်းဖန်ပဲဖြစ်သည်။
"ဒီတစ်ပွဲတော့... မရှုံးလောက်ဘူးမဟုတ်လား" လက်ထောက်က ဝမ်ထျန်းယီကို ကြည့်ကာ မေးလိုက်ပါသည်။
"ရှုံးမယ်ဟုတ်လား။ ငါ မရှုံးပါဘူး"
"လင်းဖန်ရဲ့ တရုတ်စစ်တုရင်စကေးတွေက အရမ်းကောင်းတာ မှန်ပေမယ့် တရုတ်စစ်တုရင်လောကမှာ စကေးအပြင် လှည့်ကွက်နဲ့ အတွေ့အကြုံကိုလည်း အားကိုးရတယ်။ အဲ့ဒီ အတွေ့အကြုံနဲ့ လှည့်ကွက်တွေက လင်းဖန်ယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး"
"ပဉ္စမပွဲမှာ တရုတ်စစ်တုရင်ရဲ့ အနှစ်သာရ အစစ်အမှန်ကို လင်းဖန် သိသွားစေရမယ်။ တရုတ်စစ်တုရင်မှာ ငါသင်ယူထားသမျှ အရာအားလုံးကို ထုတ်သုံးပြီး လင်းဖန်ကို တိုက်ခိုက်မယ်"
"ပဉ္စမအချီမှာ ငါအရင်ဆုံး ရွှေ့ရမှာဆိုတော့ လင်းဖန်ကို အနိုင်ယူပြီး တရုတ်စစ်တုရင်လောကထဲက ငါ့ရာထူးကို ကာကွယ်ဖို့ ဗျူဟာ အသစ်စက်စက် ထုတ်သုံးလိုက်မယ်" ဝမ်ထျန်းယီ၏ မျက်လုံးများက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေပါသည်။
ဒါက အများကြီး ကြုံတွေ့ဖူးသည့် လူတစ်ယောက်၏ ယုံကြည်ချက်ပဲ ဖြစ်သည်။
တရုတ်စစ်တုရင်မှာ လှည့်ကွက်များစွာရှိပါသည်။ လှည့်ကွက်တွေကို ပြောင်းလဲလိုက်တာနဲ့ တစ်ဖက်လူက ကောင်းကောင်း ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘဲ ရှုံးနိမ့်သွားပါလိမ့်မည်။
၅ နှစ်ဆက်တိုက် ချန်ပီယံတစ်ယောက်အဖြစ် ဝမ်ထျန်းယီက သူ့အစွမ်းအစကို သူ ယုံကြည်ချက် ရှိသည်။
ထို့နောက် သူ သွားပြင်ဆင်လိုက်ပါသည်။
ယခု တင်ဆက်သူ ပလက်ဖောင်းမှာ တင်ဆက်သူက စတိတ်စင်ပေါ်ရှိ အခြေအနေများကို ပရိတ်သတ်အတွက် စိတ်လှုပ်ရှားဖွယ် အစီရင်ခံပေးလိုက်ပါသည်။
"အားလုံးပဲ။ မတ်တပ်ရပ်ကြည့်ဖို့ အချိန်ရောက်ပါပြီခင်ဗျာ။ ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ တရုတ်စစ်တုရင် ပြိုင်ပွဲမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး"
"လင်းဖန်ရဲ့ ကောင်းမွန်တဲ့ တရုတ်စစ်တုရင်စွမ်းရည်နဲ့ ချောမွေ့တဲ့ ဗျူဟာတို့ကြောင့် ဝမ်ထျန်းယီကို ၂ ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့တယ်"
"အခုလက်ရှိ အမှတ်က 2 : 2 ပဲ ဖြစ်ပါတယ်"
"နောက်ဆုံး တစ်ပွဲပဲ ကျန်ပါတော့တယ်။ ဒီနှစ် ချန်ပီယံက ဘယ်သူဖြစ်မလဲဆိုတာကို ကျွန်တော်တို့ မြင်ရတော့မှာပါ"
"တရုတ်စစ်တုရင်လောကထဲက တက်သစ်စ လင်းဖန်တစ်ယောက် ဝမ်ထျန်းယီကို လှုပ်ခါစေမှာလား။”
"တရုတ်စစ်တုရင်လောကရဲ့ တည်ဆောက်ပုံကို ပြောင်းလဲနိုင်မလားဆိုတာ လင်းဖန်အပေါ်မှာပဲ မူတည်နေပါပြီ"
၁၀ မိနစ် အနားယူပြီးနောက် လင်းဖန် သန့်စင်ခန်းထဲက ထွက်လာပြီး ဝင်ပေါက်တွင် မြင်ဖူးနေကျ လူရိပ်တစ်ခုကို မြင်လိုက်ရပါသည်။
စုရှောင်းယွီက JK ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အရင်တိုင်း လှပနေဆဲ ဖြစ်သည်။ လက်ထဲမှာ ရေခဲမုန့်ကို ကိုင်ထားသေးသည်။
"ဆရာ နင် ဆက်ကြိုးစားမှ ဖြစ်မယ်နော်" စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူမ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေပါသည်။
"အင်းပါ" လင်းဖန် ခေါင်းငြိမ့်လိုက်၏။
"ဆရာ ရေခဲမုန့်စားမလား" စုရှောင်းယွီ ထပ်မေးလိုက်ပါသည်။
"အေး" လင်းဖန် စုရှောင်းယွီလက်ထဲက ရေခဲမုန့်ကို ယူလိုက်ပြီး သူမနဲ့ အတူတူ ကော်ရစ်ဒါမှာ လမ်းလျှောက်လိုက်ပါသည်။
နေဝင်ဆည်းဆာ၏ အလင်းရောင်က ကျရောက်လာခဲ့သည်။ ဘာမှန်း မသိလိုက်ဘဲ နေ့လည်ခင်းတောင် ရောက်လာခဲ့ပါသည်။
လင်းဖန်နဲ့ စုရှောင်းယွီကလွဲပြီး တခြား ဘယ်သူမှ မရှိကြပါ။
စုရှောင်းယွီက အလွန်ရိုးသားပြီး ရူးမိုက်သည့်ပုံပေါက်သော်လည်း သူမက ဉာဏ်အကောင်းဆုံး ဖြစ်သည်။
လင်းဖန် ကျိန်းသေ သန့်စင်ခန်းကို လာမှာသိနေသဖြင့် သူမ ကြိုတင်စောင့်နေခြင်း ဖြစ်သည်။
သူမ... လင်းဖန်ကို ဒီ့ထက် ပိုကြည့်ချင်ရုံသာ ဖြစ်၏။
လင်းဖန်လည်း သူမကို ဒီ့ထက် ပိုကြည့်ဖို့ မျှော်လင့်မိသည်။
သို့သော်လည်း လင်းဖန်က မကြည့်ပါ။ ရေခဲမုန့်စားပြီးနောက် သူတို့ စကား ခဏ ပြောခဲ့ကြသည်။
"ဒါဆို ပွဲသိမ်းဖို့ အသင့်ပြင်လိုက်ဦးမယ်" လင်းဖန် ပြုံးရင်း ပြောလိုက်ပါသည်။
"ဆရာ ငါ နီးနီးကပ်ကပ် နေပေးရမလား။ ငါသာ နီးနီးကပ်ကပ်နေရင် ခဏနေ နင် ကစားတာ ပိုတော်သွားနိုင်တယ်။ သေချာပေါက် ချန်ပီယံဆုကြီး ရသွားနိုင်တယ်" စုရှောင်းယွီက လင်းဖန်ကို ကြည့်လိုက်ပြီး သတ္တိမွေးကာ သူ့ရှေ့ကို တိုးလာခဲ့ပါသည်။
"ဘာကို နီးနီးကပ်ကပ် နေမှာလဲ" လင်းဖန်က မေးလိုက်သည်။
"အမ်... ဖက်တာကို ပြောတာလေ" စုရှောင်းယွီ၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားပါသည်။
"ရပါတယ်။ စစ်တုရင်ဆိုတာ စွမ်းရည်အပေါ်မှာပဲ အခြေခံတာကွ" လင်းဖန်ပြောပြီး လှည့်ထွက်လာခဲ့ပါသည်။
စုရှောင်းယွီက လင်းဖန်ကို ဝမ်းနည်းနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
အခုထိ... မဖြစ်နိုင်သေးဘူးလား။
ရှားဝမ်ချွေ့သာဆို ကျိန်းသေ သူ ဖက်မှာပဲ မဟုတ်လား။
နောက်ဆုံးတော့ အားလုံးရဲ့ စောင့်ကြည့်မှုအောက်မှာ တရုတ်စစ်တုရင် ပဉ္စမပွဲ စတင်ခဲ့ပါသည်။
ဝမ်ထျန်းယီက သူ့ရဲ့နောက်ဆုံးဗျူဟာကို ထုတ်သုံးခဲ့သည်။
လင်းဖန် အနည်းငယ် ဖိအားများခဲ့သည်။
ဒါက ဝမ်ထျန်းယီရဲ့ နောက်ဆုံးဝှက်ဖဲပဲ ဖြစ်သည်။
သို့သော်လည်း ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ သူ့မိတ်ဆွေတွေရဲ့ အားပေးမှုများအကြောင်း ပြန်စဉ်းစားကြည့်လိုက်သောအခါ လင်းဖန် အနည်းငယ် ယုံကြည်ချက် ပြည့်ဝလာခဲ့သည်။
ဝမ်ထျန်းယီရဲ့ ဗျူဟာပေါင်းစုံနဲ့ လှည့်ကွက်ပေါင်းစုံကို ရင်ဆိုင်ရသောအခါ လင်းဖန် တည်တည်ငြိမ်ငြိမ်သာ ပြုံးလိုက်ပါသည်။
ဒီတရုတ်စစ်တုရင်ပွဲက မိနစ် ၂၀ သာ ကြာခဲ့သည်။
လင်းဖန်က အနှစ်ချုပ် အားသာချက်ကို ရရှိသွားပါပြီ။
ဝမ်ထျန်းယီက လင်းဖန်ကို မယုံကြည်နိုင်စွာကြည့်လိုက်ပြီး မေးလိုက်ပါသည်။ "လင်းဖန် မင်း တရုတ်စစ်တုရင်မှာ အကွက် ၃၀ လောက် ကြိုတွက်နိုင်မယ်လို့ ထင်မထားဘူး။ ငါ့လှည့်ကွက်နဲ့ အတွေ့အကြုံတွေက မင်းအပေါ်မှာ အသုံးမဝင်ခဲ့ဘူးကွာ"
ဝမ်ထျန်းယီ အနည်းငယ် စိတ်ပျက်အားလျော့သွားခဲ့ရပါသည်။ တရုတ်စစ်တုရင်ကို အတော်ဆုံး လူသားစက်ရုပ်နဲ့ ကစားနေရသလိုပင်။ လူသားစက်ရုပ်တွေက ဘီလီယံ ဆယ်ချီ ရာချီပြီး ကြိုတင်တွက်ချက်နိုင်သည်။ လူသားတွေက AI တွေကို ဘယ်လို ယှဉ်နိုင်မှာလဲ။
လင်းဖန်တွင် အားကောင်းသည့် တွက်ချက်နည်းများရှိကာ ဝမ်ထျန်းယီ၏ တရုတ်စစ်တုရင် ပြောင်းလဲမှုများကို တွက်ချက်နိုင်ပါသည်။
သူ ပြုံးကာ ပြန်ပြောလိုက်၏။ "ဆရာ ဝမ်ထျန်းယီ။ တကယ်တော့ ကျွန်တော် စစ်တုရင် ကစားရင် အကွက် ၁၀၀ လောက် ကြိုတွက်နိုင်တယ်။ အခု အကွက် ၁၀၀ အတွင်းရှိတဲ့ တရုတ်စစ်တုရင် အခင်းအကျင်းတိုင်း၊ စစ်တုရင်လက်စွဲစာအုပ်နဲ့ ဘယ်လို လှုပ်ရှားရမလဲ၊ ပြောင်းလဲမှုတွေ ဘယ်လိုရှိမလဲ ဆိုတာကို ကျွန်တော် မှတ်မိနေပြီ"
ထိုစကားကိုကြားသောအခါ ဝမ်ထျန်းယီ မဲ့ပြုံး ပြုံးလိုက်ပါသည်။
လခွမ်းပဲ... လင်းဖန် ဘာလို့ ဒီလောက် တော်လာရတာလဲ။
အကွက် ၁၀၀ လောက် ကြိုတွက်နိုင်တယ်။
တစ်နည်းအားဖြင့် လင်းဖန်က တရုတ်စစ်တုရင် စကစားကတည်းက အဆုံးသတ်ကို ကြိုမြင်နိုင်ပြီ ဖြစ်သည်။
ပထမ ၂ ပွဲတုန်းက လင်းဖန်၏ တရုတ်စစ်တုရင်စွမ်းရည် လိုအပ်ချက် ရှိနေသေးခြင်းကြောင့် သူ့ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ပထမ ၂ ပွဲပြီးသောအခါ လင်းဖန် အသစ်စက်စက် အသွင်ပြောင်းလဲသွားခဲ့သည်။
တင်ဆက်သူလည်း နောက်ဆုံးမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေပါသည်။
"ချစ်လှစွာသော ပရိတ်သတ်တို့.... ပြိုင်ပွဲရဲ့ ရလဒ်တွေ ထွက်ပေါ်လာပါပြီ"
"လင်းဖန် ပဉ္စမပွဲကို နိုင်သွားပါပြီ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... လင်းဖန်က ၂ ပွဲနောက်ကျခဲ့တာတောင် နောက်ဆုံး တကျော့ပြန်လာခဲ့တယ်။ အမှီလိုက်ပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တယ်"
"၂၁ ကြိမ်မြောက် တရုတ်စစ်တုရင် ဆုဖလားပြိုင်ပွဲမှာ လင်းဖန်က ချန်ပီယံဆုကို ရရှိသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ"