မိသားစုနဲ့ တွေ့ဆုံခြင်း
Vol. 25 Ch. 369
သတင်သမား တစ်စုက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို အင်တာဗျူးနေကြပါသည်။
လင်းဖန်က ရှားဝမ်ချွေ့လက်ကို ကိုင်ထားပြီး သူတို့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။
အင်တာဗျူးပြီးသောအခါ လင်းဖန် ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ "အိမ်ပြန်ကြစို့~"
ရှားဝမ်ချွေ့က နူးညံ့စွာ ခေါင်းငြိမ့်ပြလိုက်ပါသည်။ "အင်း"
လင်းဖန် လက်တွေ အေးစက်သွားသလို ခံစားလိုက်ရသည်။
ရှားဝမ်ချွေ့ရဲ့ လက်ကို ကိုင်ထားရတာ အတော်လေး ခံစားလို့ ကောင်းပါသည်။
မိန်းကလေးတွေရဲ့ လက်က အေးမြတာကိုး။
ရုတ်တရက် ရှားဝမ်ချွေ့က လင်းဖန်လက်ကို လွှတ်လိုက်ပါသည်။
အားလုံးက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ နောက်ကျောကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ဧကန္တ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ပဋိပက္ခ ဖြစ်သွားကြတာလား။
ထို့နောက် အားလုံးရဲ့ အကြည့်အောက်မှာ လင်းဖန် လက်မောင်းကို ရှားဝမ်ချွေ့ လက်နှစ်ဖက်စလုံးနဲ့ ကိုင်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဒီနေ့ နင် ချန်ပီယံဆု ရသွားပြီ။ နင်က ဒီနေ့အတွက် ဘော့စ်ပဲ~ အနာဂတ်ကျရင် နင့်ကို အထက်စီးက နေခွင့်ပြုမယ်"
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ "ဒါဆို ဒီနေ့ညကော... အထက်စီးက နေလို့ ရမလား"
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ချွဲနွဲ့စွာ ပြောလိုက်ပါသည်။ "လူဆိုးကောင် နင်ငါ့ကို အနိုင်ကျင့်ဖို့ပဲ သိတယ်။ မရဘူး"
လင်းဖန် သက်ပြင်းချလိုက်သည်။ ရှားဝမ်ချွေ့နဲ့ တွဲနေတာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူမနဲ့ မနီးစပ်နိုင်သေးပါ။
ယောက်ျားလေးတိုင်း ဒီလိုအရာမျိုးကို လိုချင်ကြသည်။
သို့သော်လည်း ရှားဝမ်ချွေ့ကို သူ အနိုင်မကျင့်ရက်ပါ။
သူမနဲ့ လက်ချင်း ချိတ်ထားရသည့် ခံစားချက်က တကယ် ခြားနားပါသည်။
လမ်းလျှောက်ရင်း လင်းဖန် အနည်းငယ် ဘဝင်ခိုက်မိသည်။
သူက ခြေရှုပ်သူ မဟုတ်ပေ။ သူတော်စင်လည်း မဟုတ်ပါ။ ရှားဝမ်ချွေ့နဲ့ အတူတူ လျှောက်လှမ်းရသည့် ခံစားချက်က တကယ်ပဲ ခြားနားပါသည်။
တခြား ဘယ်အရာနဲ့မှ ယှဉ်လို့ မရပါ။
လင်းဖန် တစ်ဘဝလုံးမှာ ဒီလိုမျိုး ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။
ခဏလောက် လမ်းလျှောက်ပြီးနောက် ရှားဝမ်ချွေ့ ရပ်တန့်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ သူမ ပါးပြင်များက ပို၍ပင် နီမြန်းသွားခဲ့ပါသည်။ "ငါ့ကို အနိုင်ထပ်ကျင့်ရင် နင့်လက်ကို မကိုင်တော့ဘူးနော်"
လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ "နင့်ကိုယ်နင်ပဲ အပြစ်တင်။ ငါ့မိန်းမက အရမ်းလှတာကိုး"
ရှားဝမ်ချွေ့ နှုတ်ခမ်းစူလိုက်သည်။ "ဟွန်း။ ငါက နင့်မိန်းမ မဟုတ်သေးဘူး။ ငါ့ကို အဲ့လို မခေါ်နဲ့"
လင်းဖန် အတည်ပေါက် ပြောလိုက်သည်။ "ခုနကပဲ ဒီနေ့ ငါကအတော်ဆုံးပဲဆို"
ရှားဝမ်ချွေ့က ကြောင်လေးတစ်ကောင်လို ပြုမူလိုက်ပါသည်။ "ဟွန်း အဲ့လိုဆိုရင်တောင် အနိုင်ကျင့်လို့ မရဘူး~"
တရုတ်စစ်တုရင်ပြိုင်ပွဲ၏ ဒုတိယဆုရှင် ဝမ်ထျန်းယီ အနည်းငယ် စိတ်ပျက်သွားရသည်။
ယခင်တုန်းက ဒုတိယဆုရှင်ကိုပါ အမြဲတမ်း အင်တာဗျူးလေ့ရှိသည်။
ဒုတိယဆုရှင်ဆိုရင်တောင် တရုတ်စစ်တုရင်လောကမှာ နိုင်ငံတော် ဒုတိယအဆင့် ဖြစ်သည်။
ဒီနေ့ ဘယ်သူမှ သူ့ကို အင်တာလာမဗျူးရုံတင် မကဘဲ ဒီလို မြင်ကွင်းမျိုးကိုပါ မြင်လိုက်ရပါသည်။
လခွမ်း... ဘဝက ဒီလိုတောင် ဖြစ်သွားပြီလား။
မကြာမီ တရုတ်စစ်တုရင်ပြိုင်ပွဲမှာ လင်းဖန် အနိုင်ရရှိသွားသည့် သတင်းက ဝေ့ပေါ် ၏ ထိပ်တန်း ရေပန်းစား စာရင်းပေါ်ကို ရောက်ရှိသွားခဲ့ပါသည်။
လင်းဖန်က တရုတ်စစ်တုရင်မှာ နံပါတ် ၁ ကစားသမား ဖြစ်သည်။
ဝေ့ပေါ် ပေါ်က ကောမန့်အားလုံးလည်း အံ့အားသင့်နေသည့် ကောမန့်များသာ ဖြစ်သည်။
လင်းဖန်မှာ ပရိတ်သတ်များစွာ ရှိသော်လည်း ဝေ့ပေါ် ပေါ်က အင်တာနက်စွဲလမ်းသူများက သူ ချက်ချင်း ဘာလုပ်မလဲ ဆိုတာကို မသိနိုင်ကြပါ။
ချန်ပီယံဆုကို ရရှိသွားပြီးနောက် ဝေ့ပေါ် ပေါ်က အင်တာနက်စွဲလမ်းသူအားလုံး တုန်လှုပ်သွားခဲ့ကြပါသည်။
"မဖြစ်နိုင်တာ။ လခွမ်း... လင်းဖန် ချန်ပီယံဆုကို ရသွားတာလား"
"၂၁ ကြိမ်မြောက် တရုတ်စစ်တုရင်ဆုဖလား ပြိုင်ပွဲက တကယ် ဟာသ မဟုတ်ဘူးလား"
"အမှန်ပဲကွ။ လင်းဖန်က တကယ် ချန်ပီယံဆု ရသွားတယ်။ ဝမ်ထျန်းယီကို အနိုင်ယူနိုင်ခဲ့တယ်"
"ဒါတရုတ်စစ်တုရင် ပြိုင်ပွဲ ၅ ခုစလုံးကို မှတ်တမ်းတင်ထားတာ။ ငါခုလေးတင် ပြန်ကြည့်ပြီးသွားပြီ။ လင်းဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်တွေက အရမ်းအံ့သြဖို့ကောင်းလွန်းတယ်"
"ချန်ပီယံ လင်းဖန်က အရမ်းတော်တာပဲ။ သူက ကြယ်ပွင့်တစ်ပွင့်ပဲ မဟုတ်ဘူးလား။ ရုပ်သံဒရမ်မာပဲ ရိုက်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် တော်ရတာလဲ"
"လင်းဖန်က ငွေရေးကြေးရေး စိတ်မဝင်စားဘူးလို့ ပြောသွားတယ်။ ငိုတောင် ငိုချင်သွားပြီ. ဒါ သူဌေးတစ်ယောက်ရဲ့ ဘဝလား"
လင်းဖန် ချန်ပီယံဆု ရရှိပြီးနောက် တရုတ်စစ်တုရင် ပရိတ်သတ်များစွာ သူ့ကို Follow လာလုပ်ကြပါသည်။
တရုတ်စစ်တုရင်ကို သဘောကျသည့် လူများစွာ လင်းဖန်ကို လေးစားသွားကြသည်။
ဝမ်ထျန်းယီကို အနိုင်ယူနိုင်တာက အံ့ဖွယ် ဖြစ်ရပ် တစ်ခုပင်။
တရုတ်စစ်တုရင် လောကထဲမှာ နောက်ဆုံးတော့ ဝမ်ထျန်းယီရဲ့ ၅ ကြိမ်ဆက်တိုက် ချန်ပီယံဆုကို ချိုးဖောက်နိုင်သူ ပေါ်လာခဲ့ပါသည်။ ပလ္လင်ပေါ်ကို ဘုရင်သစ်တစ်ပါး တက်ရောက်လာခဲ့သည်။
လင်းဖန်က လက်ရှိမှာ တရုတ်စစ်တုရင် လောကရဲ့ နံပါတ် ၁ ပုဂ္ဂိုလ် ဖြစ်သည်။
ထိုနေ့ နေ့လည်ခင်းက တရုတ်စစ်တုရင် ကုမ္ပဏီတစ်ခု လင်းဖန်ကို ဆက်သွယ်လာခဲ့သည်။
"ဟယ်လို မစ္စတာလင်းလား။ ကျွန်တော်တို့က တရုတ်စစ်တုရင် ကုမ္ပဏီတစ်ခုကပါ။ မစ္စတာလင်းနဲ့ စာချုပ်ချုပ်ချင်လို့ပါ။ မစ္စတာလင်း တရားဝင် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်။ မစ္စတာလင်းရဲ့ အဆင့်ကိုလည်း စာရင်းသွင်းထားနိုင်မယ်။ မစ္စတာလင်းရဲ့ အမှတ်တွေအရဆို အခု တရုတ်စစ်တုရင်လောကမှာ နံပါတ် ၁ ဖြစ်နေလောက်ပြီ"
"စာချုပ်တန်ကြေးက တစ်နှစ်ကို ယွမ် ၄ သန်းပါ။ နေ့စဉ် ပြိုင်ပွဲတချို့မှာပဲ ပါဝင်ပေးဖို့ လိုတာပါ။ ဘယ်လို သဘောရလဲ" တရုတ်စစ်တုရင် ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ယောက်က မေးလိုက်ပါသည်။
လင်းဖန်က ပြန်ပြောလိုက်၏။ "ကိစ္စမရှိပါဘူး။ ကျွန်တော် ဘယ်စီမံရေးကုမ္ပဏီနဲ့မျှ စာချုပ်မချုပ်ပါဘူး။ နောက်ပိုင်း တရုတ်စစ်တုရင် ပြိုင်ပွဲတွေမှာလည်း မပါပါဘူး"
လင်းဖန်က တရုတ်စစ်တုရင် စွမ်းရည်ကို တိုးမြှင့်ချင်တာာကြောင့် ဝင်ပြိုင်ခဲ့တာ ဖြစ်သည်။
ရှားဝမ်ချွေ့အဖေရဲ့ တရုတ်စစ်တုရင်စွမ်းရည်က ပရော်ဖက်ရှင်နယ် အဆင့်ရှိမှန်း သူသိပါသည်။ ထို့ကြောင့် လင်းဖန်က သူ့ရဲ့ တရုတ်စစ်တုရင်စွမ်းရည်ကို ပရော်ဖက်ရှင်နယ် အဆင့်ထိရောက်လာအောင် တိုးမြှင့်ချင်ခြင်း ဖြစ်သည်။
အခုလောက်ဆို လင်းဖန် တခြား တရုတ်စစ်တုရင် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ မလိုတော့ပါ။
စာချုပ်တန်ကြေး ၄ သန်းနဲ့ လင်းဖန်ကို သေချာပေါက် ချုပ်နှောင်ထားမှာ ဖြစ်သည်။ ထို့ကြောင့် သူ ငြင်းဆန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ကုမ္ပဏီတာဝန်ရှိသူက ရပ်တန့်သွားပြီး ပြောလိုက်သည်။ "ဒါဆို မစ္စတာလင်း။ နောက်ပိုင်း အရေးကြီးတဲ့ ပြိုင်ပွဲတချို့မှာ ပါဝင်ဖို့ ကျွန်တော်တို့ ဖိတ်ခေါ်လို့ ရမလား"
လင်းဖန် ခေတ္တ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "အဲ့အချိန်ကျမှ ကျွန်တော့်ကို အသိပေးလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော် အချိန်ရှိလောက်မယ် မထင်ဘူး"
ကုမ္ပဏီ တာဝန်ရှိသူက ခေါင်းငြိမ့်လိုက်သည်။ "ကောင်းတာပေါ့။ တရုတ်စစ်တုရင်လောကက ခင်ဗျားလို ပါရမီရှင် မရှိရင် အဆင်မပြေဘူး"
ဖုန်းချပြီးနောက် လင်းဖန် ကျားရှင်းဖျော်ဖြေရေးကို ရောက်ရှိလာပြီး အစည်းအဝေးကျင်းပဖို့ ပြင်လိုက်ပါသည်။
ဧကရာဇ်ဖျော်ဖြေရေး တာဝန်ရှိသူ ကျောင်းရှင်းလည်း လင်းဖန်၏ နောက်တစ်ဆင့် အစီအစဉ်များကို နားထောင်ဖို့ ကျားရှင်းဖျော်ဖြေရေးဆီ လာခဲ့ပါသည်။
လင်းဖန် ပြောလိုက်သည်။ "အားလုံးပဲ။ အချိန်ကျပါတော့မယ်။ ဧကရာဇ်ဖျော်ဖြေရေးရဲ့ ဝန်ထမ်းတွေ ထရိန်နင်ကာလပြီးဆုံးသွားပါပြီ။ အခု ကျွန်တော်တို့ အစီအစဉ်ရဲ့ ပထမအဆင့် စတင်ဖို့ ပြင်ဆင်နေပါပြီ။”
"ဧကရာဇ်ဖျော်ဖြေရေးကုမ္ပဏီနဲ့ ကျားရှင်း ဖျော်ဖြေရေး ကုမ္ပဏီတို့ ရုပ်သံဒရမ်မာ ၂ ခုကို အတူတူ ဖန်တီးကြမယ်"
"ပထမ ရုပ်သံဒရမ်မာရဲ့ နာမည်က ဓားထုတ်အနုပညာ လို့ခေါ်တယ်။ ဇာတ်ညွှန်းကို ရေးပြီးပြီဖြစ်ပြီး ပို့ပေးလိုက်ပါပြီ။ ဒီဇာတ်ညွှန်းအတိုင်း ကျွန်တော်တို့ ရိုက်ကူးရေး စကြမယ်။ မရှင်းတာရှိရင် ဆရာထျန်ကျန်းကို မေးလို့ ရပါတယ်"
"ဓားထုတ်ခြင်း အနုပညာ ရုပ်သံဒရမ်မာာက စစ်ပွဲ ရုပ်သံဒရမ်မာတစ်ခုပါ။ ရေပန်းစားတဲ့ ရုပ်သံဒရမ်မာ တစ်ကားကို ရိုက်ကူးချင်ရင် သင့်တော်တဲ့ ဝါရင့် သရုပ်ဆောင်ကို ရှာဖို့ပဲ လိုတယ်။ ရေပန်းစားတဲ့ ဆယ်လီတွေကို ငှားဖို့ မလိုဘူး"
"ကျောင်းရှင်း။ ဒီတာဝန်ကို ခင်ဗျားကို ပေးထားလိုက်မယ်။ ဓားထုတ်ခြင်းအနုပညာကို ရိုက်ကူးဖို့အတွက် အကောင်းဆုံး ကြိုးစားပေးပါ" လင်းဖန် ပြောလိုက်ပါသည်။
"ဒုတိယရုပ်သံဒရမ်မာရဲ့ နာမည်က ၂၀ ကျော်ဘဝများလို့ခေါ်တယ်။ လူငယ်တွေအတွက် အားပေးနိုင်တဲ့ ဒရမ်မာတစ်ခုပဲ။ တက္ကသိုလ်ကနေ ဘွဲ့ရပြီး လူနေမှုအဖွဲ့အစည်းထဲ ဝင်ရောက်လာမယ့် ကောင်မလေး ၄ ယောက်ရဲ့ ရှုထောင့်ကနေ ရိုက်မှာ။ လူငယ်တွေရဲ့ ပြဿနာနဲ့ စိတ်ရှုပ်မှုတွေအကြားက ရင့်ကျက်လာတဲ့ ဇာတ်လမ်းတစ်ခုပဲ။ ပရိတ်သတ်ကို အရမ်း နစ်မျောသွားစေလိမ့်မယ်"
"ဒီရုပ်သံဒရမ်မာအတွက် အဓိက သရုပ်ဆောင်တွေက လင်းခဲ့ရှင်း၊ ချူးယောင်ယောင်၊ စုရှောင်းယွီတို့ပဲ။ တခြား သရုပ်ဆောင်တွေကို ကိုယ်တိုင် ဆက်ရှာလို့ ရပေမယ့် ဒီ ၃ ယောက်ကိုတော့ သေချာပေါက် ထည့်ရမယ်"
"ပြီးတော့ ကုမ္ပဏီမှာ ကြယ်ပွင့်ပျိုးထောင်မှုပလန်တစ်ခု စတင်ပြီး စုမူချင်းကို ကြယ်ပွင့်တစ်ပွင့် ဖြစ်လာအောင် ပျိုးထောင်ပေးမယ်။ သူလည်း ၂၀ ကျော်ဘဝများ ရုပ်သံဒရမ်မာမှာ ပါဝင် သရုပ်ဆောင်ရမယ်။ ကျွန်တော် ဆရာထျန်ကျန်းကို ဇာတ်ညွှန်းပေးထားတယ်။ ဇာတ်ညွှန်းအတွက် သူ အပြည့်အဝ တာဝန်ယူပါလိမ့်မယ်"
"၃ လ အတွင်းမှာ ကျွန်တော်တို့ ကုမ္ပဏီက ဖန်သားပြင်ပေါ်မှာ အရမ်း ရေပန်းစားတဲ့ ရုပ်သံဒရမ်မာ ၂ ခုကို ထုတ်လုပ်နိုင်မှာပါ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
တစ်ဖက်မှာတော့ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး သူငွေပိုရနိုင်သည်။ နောက်တစ်ဖက်မှာလည်း ကိုယ်တိုင် လုပ်စရာ မလိုသည့် ကိစ္စများစွာ ရှိပါသည်။
အချက်အချာကျတဲ့ နေရာတွေမှာသာ တာဝန်ယူဖို့ လိုအပ်သည်။
ရုပ်သံဒရမ်မာ ၂ ခုကို တစ်ချိန်တည်း စတင် ရိုက်ကူးရေးလုပ်ပြီး ထုတ်လွှင့်ပြသလိုက်သောအခါ တကယ့် ရုပ်သံဒရမ်မာ ခေတ်ထပြီး ရူးသွပ်မှုကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ဒီရုပ်သံဒရမ်မာက စတိုင်ချင်း လုံးဝ မတူသော ဒရမ်မာ ၂ ခုဖြစ်သည်။ ၎င်းတို့ ရေပန်းစားလာပါက ဧကရာဇ်ဖျော်ဖြေရေးကုမ္ပဏီနဲ့ ကျားရှင်းဖျော်ဖြေရေး ကုမ္ပဏီတို့ရဲ့ အနုပညာ လောကထဲက အဆင့်အတန်းကို တည်မြဲသွားစေပါလိမ့်မည်။
အရေးအကြီးဆုံးက ငွေတွေ အများကြီးလည်း ရနိုင်ပါသည်။
ကုမ္ပဏီ၏ ဝန်ထမ်းများ ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့ မျှော်လင့်စောင့်စားနေပါပြီ။
လင်းဖန်၏ ကုမ္ပဏီ တရားဝင်စတင် လည်ပတ်ပါပြီ။
ထိုအချိန်တွင် လင်းဖန်ကို ရှားဝမ်ချွေ့က မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ရှားဝမ်ချွေ့က ရုပ်ရှင်ရိုက်ကူးဖို့ ရှိတယ်။ ငါ့အတွက်ကကောာ"
လင်းဖန်က ရှေ့တိုးက ပြုံးလိုက်သည်။ ရှားဝမ်ချွေ့၏ ခေါင်းကို နူးညံ့စွာ ပုတ်ပေးလိုက်ပါသည်။ "ငါ့ကို နင့်အိမ်လိုက်ပို့ပြီး နင့်အဖေနဲ့ တွေ့ဖို့ စီစဉ်ပေး။ အခု... နင့်မိသားစု ငါ့ကို လက်ခံဖို့ အချိန်တန်ပြီ ထင်တယ်"
"သူတို့ ငါ့ကို လက်ခံပြီးရင် ငါတို့ လက်ထပ်လို့ရပြီ"