← Chapters

ဒရမ်မာ

Vol. 25 Ch. 370

ဒရမ်မာ

Vol. 25 Ch. 370

ဘာမှန်း မသိလိုက်ဘဲ အချိန် ၂ လ ကုန်လွန်သွားခဲ့သည်။

လွန်ခဲ့တဲဲ့ အချိန် ၂ လ စလုံး လင်းဖန် ဘာတွေ လုပ်နေသလဲ မမေးပါနှင့်။

လင်းဖန်အစကတော့ ရှားဝမ်ချွေ့နဲ့ အတူတူ သူမ အိမ်ကို သွားချင်သော်လည်း သူမ ၂ လလုံးလုံး သူမ အဖေက နိုင်ငံခြားမှာ ရောက်နေပြီး မကြာသေးခင်ကမှ ကျန်းမြို့ကို ပြန်ရောက်လာခဲ့သည်။

လင်းဖန်သာ သူ့ယောက္ခမလောင်းကို တွေ့ချင်ပါက သူပြန်လာတဲ့အချိန်အထိ စောင့်ရပါမည်။

ဒီနှစ်လအတွင်း "ဓားထုတ်ခြင်းအနုပညာ"နဲ့ "၂၀ ကျော်ဘဝများ" တို့ကို ရိုက်ကူးထုတ်လုပ်ပြီးပါပြီ။ ကုမ္ပဏီတွေနဲ့ စျေးနှုန်းညှိနှိုင်းဖို့ စောင့်နေခြင်းသာ ဖြစ်သည်။

သင့်တော်တဲ့ ရုပ်သံဌာနတစ်ခုက ဒီရုပ်သံဒရမ်မာ ၂ ခုကို ဝယ်ချင်ပြီဆိုတာနဲ့ သူတို့ ထုတ်လွှင့်ပြသဖို့ ဆုံးဖြတ်လို့ ရပါပြီ။

ကုမ္ပဏီထဲတွင် လင်းဖန် ရုံးခန်းထဲ အလုပ်များနေသည်။

ထျန်ကျန်းက အံ့သြတကြီး ဝင်လာခဲ့၏။ လင်းဖန်ကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်လင်း။ ကျုပ်တို့ရဲ့ ရုပ်သံဒရမ်မာ ၂ ကားစလုံး ပြီးမြောက်သွားပါပြီ။ ပြီးတော့ ကျွန်တော် အခုလေးတင် ကြည့်လာခဲ့တာ။ ဓားထုတ်ခြင်းအနုပညာနဲ့ ၂၀ကျော် ဘဝများ ရုပ်သံဒရမ်မာ ၂ကားစလုံးက အရမ်းကို ကောင်းကြပါတယ်။ ခင်ဗျား ပျိုးထောင်ထားတဲ့ အဖွဲ့ဆိုတဲ့အတိုင်းပဲ။ ဇာတ်ညွှန်းတွေ၊ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေ အကုန်လုံးက စိတ်ဝင်စားဖို့ ကောင်းတယ်"

"ဓားထုတ်ခြင်းအနုပညာရဲ့ ဇာတ်လိုက်မင်းသား လီယွင်လုံကို ဝါရင့်သရုပ်ဆောင်တစ်ယောက်က သရုပ်ဆောင်ပေးထားတယ်။ သူ့သရုပ်ဆောင်စွမ်းရည်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောရမယ်။ ရုပ်သံဒရမ်မာ တစ်ခုလုံးရဲ့ စည်းချက်နဲ့ ပတ်ဝန်းကျင် အခြေအနေတွေက ပြီးပြည့်စုံလွန်းတယ်။ လက်ရှိ ပရိတ်သတ်ကို ကျိန်းသေ ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်"

"၂၀ ကျော်ဘဝများ ရုပ်သံဒရမ်မာကိုတော့ ဘယ်လို ချီးကျူးရမှန်းတောင် မသိတော့ပါဘူး။ ဒီလို ဇာတ်ညွှန်းမျိုးက... ကျုပ် ဇာတ်ညွှန်းကို စစမြင်လိုက်ချင်း တစ်ရက်နဲ့ တစ်ညလောက် အိပ်မပျော်ခဲ့ဘူး။ ကျုပ်အသက်အရွယ်မှာတောင် ခင်ဗျားရေးတဲ့ ဇာတ်ညွှန်းကို သဘောကျတုန်းပဲ။ ရိုက်ကူးရေးအာနိသင်က ပိုပြီးတောင် ကောင်းသေးတယ်။ နောက်ဆက်တွဲထုတ်လုပ်မှု အဖွဲ့ထဲက ကောင်လေးတွေဆို အလုပ်မလုပ်ခင် ရုပ်သံဒရမ်မာကို နေ့တစ်ဝက်လောက် ကြည့်ကြတာ သိလား။ ဒီရုပ်သံဒရမ်မာထဲက ခေါင်းဆောင် မင်းသမီးနဲ့ ဇာတ်ပို့တွေကလည်း အားလုံး လှပကြတယ်။ သူတို့တွေ လှပလွန်းလို့ ကောင်လေးတွေ အလုပ်လုပ်ဖို့တောင် မေ့သွားကြတဲ့အထိပဲ"

"ဘောစ်လင်း ဒီရုပ်သံဒရမ်မာ ၂ ခုကို ကျိန်းသေ စျေးမြင့်မြင့်နဲ့ ရောင်းနိုင်ပြီး ရေပန်းစားလာမယ်ဆိုတာ ကျုပ်ယုံကြည်တယ်။ ဘော့စ်လင်းလည်း အချိန်ပေးပြီး အဲ့ဒီ ရုပ်သံဒရမ်မာ ၂ ကားရဲ့ ရလဒ်တွေကို ကြည့်ကြည့်ပါဦး"

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ။ ကျွန်တော် အချိန်ရရင် လာကြည့်လိုက်ပါ့မယ်"

လင်းဖန် ရုံးထဲက ထွက်လာတော့ ကုမ္ပဏီကို မြင်လိုက်ရပါသည်။ ဝန်ထမ်းများစွာက ဆွေးနွေးဖို့အတွက် စုဝေးနေကြသည်။

"၂၀ကျော်ဘဝများ ရုပ်သံဒရမ်မာက အရမ်းကောင်းတာပဲ။ ငါတစ်ပိုင်းပဲ ကြည့်ရသေးတယ် ဆိုပေမယ့် ရုပ်သံဒရမ်မာက အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲ။ မိန်းကလေး ဇာတ်ကောင်တွေက အလှပဆုံးပဲ"

"လင်းခဲ့ရှင်းက ၂၀ ကျော်ဘဝများ ရုပ်သံဒရမ်မာထဲမှာ တော်တော် လှတာ။ သူမ ဒီလိုမျိုး သေသေချာချာ ဝတ်စားဖူးတာ ပထမဆုံးအကြိမ်ပဲ။ ကျောင်းတုန်းက Queen ရဲ့ အရှိန်အဝါမျိုး လုံးဝ ပြန်ပေါ်လာပြီ။ ငါကြိုက်တယ်"

"စုရှောင်းယွီလည်း အရမ်းလှတယ်ဆိုတာ မသိကြဘူးလား။ ငါ ရိုက်ကူးရေးပုံတွေနဲ့ ဗီဒီယို အတိုလေး ကြည့်ခဲ့သေးတယ်။ စုရှောင်းယွီလည်း Queen တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတဲ့ ကောင်မလေးပဲ။ သူ့ရဲ့ ခြေတံသွယ်သွယ်လေးတွေကို တကယ် သဘောကျတယ်"

"စုမူချင်းကလည်း ငါတို့ရဲ့ နတ်သမီးလေးပဲ။ ဒီကောင်မလေး ၃ ယောက်က ပုံမှန်ဆို အရမ်းလှပါတယ်။ ဒါပေမယ့် ရုပ်သံဒရမ်မာထဲမှာတော့ မိတ်ကပ်နည်းနည်းလေးနဲ့ မှင်သက်စရာပဲ။ ဒါလူငယ်အကြိုက် ရုပ်သံဒရမ်မာမျိုး မဟုတ်ဘဲ ဘယ်သူပိုလှလဲ ပြိုင်တဲ့ ရုပ်သံဒရမ်မာလို့တောင် ထင်လာပြီ"

"ဒါပေမယ့် ငါမကြည့်ရသေးဘူး။ အသေးစိတ် ပြောပြပေးကြပါလား"

"အဲ့လို ပြောလို့မရဘူးလေ။ ငါတို့က ဒီကုမ္ပဏီကပဲ ဆိုပေမယ့် ရုပ်သံဒရမ်မာ စထုတ်လွှင့်တဲ့နေ့အထိ စောင့်ရမှာပေါ့။ ဘယ်တော့ ထုတ်လွှင့်မလဲဆိုတာကို ဘော့စ်လင်းကိုသာ မေးကြည့်ကြပါ"

လူတွေ အများကြီး စကားများနေကြစဉ် လင်းဖန် ထွက်လာပြီး ပြုံးလိုက်ပါသည်။

"ဘော့စ်လင်း"

"ဘော့စ်လင်း

ဝန်ထမ်းများစွာ လင်းဖန်ကို မြင်သွားပြီး အလွန် တလေးတစား နှုတ်ဆက်ကြပါသည်။

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ဒီနေ့ အလုပ်စောစော ဆင်းကြ။ လွန်ခဲ့တဲ့ ၂ လအတွင်း မင်းတို့ အများကြီး ပင်ပန်းခဲ့ရပြီ။ ဒီရုပ်သံဒရမ်မာ ၂ ကားကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်လွှင့်ပေးသွားမှာပါ"

ဖန်တုံတုံက အားပေးလိုက်၏။ "အစ်ကိုဖန် အသက်ရှည်ကျန်းမာပါစေ"

သူ ဆက်ပြောလိုက်၏။ "အစ်ကိုဖန်။ ကျွန်တော် မပြန်ချင်သေးဘူး။ ကျွန်တော် မုန့်စားခန်းနဲ့ နားနေခန်းတို့မှာ နေချင်သေးတယ်။ အလုပ်ပြီးရင် ဆက်နေလို့ ရမလား"

လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ ဖန်တုံတုံက အလုပ်မှာတောင် အစားပုပ်တဲ့ အကျင့်ကို မဖျောက်နိုင်သေးပါ။

ဝန်ထမ်းများ အောင်ပွဲခံလိုက်ကြပြီး အိမ်ပြန်သွားကြပါသည်။

ကုမ္ပဏီကြီး တိတ်ဆိတ်သွားရ၏။

လင်းဖန် ကွန်ပျူတာကို ဖွင့်လိုက်ပြီး ထျန်ကျန်းပေးထားသည့် ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။

အရင်ဆုံး ဓားထုတ်ခြင်းအနုပညာကို ကြည့်လိုက်၏။

ခမ်းနားလွန်းပြီး စစ်ပွဲဇာတ်ဝင်ခန်းများကလည်း ကြောက်ဖို့ ကောင်းပါသည်။ ထို့အပြင် နှုန်းထားကလည်း မြန်ဆန်ပြီး သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းပါသည်။ လင်းဖန် ဒီဒရမ်မာကို ရင်ထဲမှာ အလွန်မြင့်မားသည့် အမှတ်တစ်ခု ပေးလိုက်မိပါတော့သည်။

လင်းဖန် ၂၀ ကျော်ဘဝများ ကို ဖွင့်ကြည့်လိုက်သည်။

၅ မိနစ်လောက် ကြည့်ပြီးနောက် လင်းဖန် မှင်သက်သွားရသည်။

ဒီရုပ်သံဒရမ်မာက ဂန္တဝင်လက်ရာတစ်ခုပင်။

သူက ဇာတ်ညွှန်းတာဝန်တစ်ခုတည်းသာ ယူခဲ့တာ ဖြစ်သော်လည်း ဒီရုပ်သံဒရမ်မာ၏ သက်ရောက်မှုက အံ့အားသင့်စရာကောင်းလောက်ပါသည်။

ဒီရုပ်သံဒရမ်မာရဲ့ ခေါင်းဆောင်မင်းသမီးက စုရှောင်းယွီ ဖြစ်သည်။

စုရှောင်းယွီပေါ်လာတော့ အင်္ကျီလက်တို၊ ဘောင်းဘီတိုများကို ဝတ်ဆင်ထားသည်။ သူမ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကာ သူမရဲ့ ခြေတံဖြူဖြူ သွယ်သွယ်များက အထူးတလည် မျက်စိကျဖို့ ကောင်းပါသည်။

သူမရဲ့ခြေထောက်လေးတွေနဲ့ နှစ်တွေအကြာကြီး ကစားနိုင်ရင် ကောင်းမည်ဟု စိတ်ကူးယဉ်ကြည့်လိုက်သည်။

လင်းခဲ့ရှင်းကလည်း အစွမ်းကုန် ကြိုးစားထား၏။ ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ Queen တစ်ယောက် အနေဖြင့် စုရှောင်းယွီအောက် မနိမ့်လှပါ။

စုမူချင်း၏ ဇာတ်ဝင်ခန်းတစ်ခန်းက ရေချိုးသည့် ဇာတ်ဝင်ခန်း ဖြစ်သည်။ သူမရဲ့ ခြေထောက်များနဲ့ လက်တွေကိုသာ မြင်ရပါသည်။ ကျန်တာ ဘာမှ မမြင်ရပါ။ ဘာပဲဖြစ်ဖြစ် စုမူချင်း ရေချိုးနေတာကို အလုံးစုံ ရိုက်ပြလို့တော့ မဖြစ်ဘူးမဟုတ်လား။

သူမက ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားသည်။ နေရောင်အောက်တွင် သူမက နူးညံ့သည်။ တိတ်ဆိတ်သည်။ တောက်ပလွန်းသည်။ သို့သော် သူမရဲ့ အရှိန်အဝါက ခြားနားသည်။

ပရိတ်သတ်သာ ဒါကိုမြင်ပါက စုမူချင်းကို ကြိုက်သွားတဲ့လူတွေ ဘယ်နှယောက်တောင် ရှိနေမလဲ မပြောတတ်ပါ။

စုမူချင်းက တခြားကောင်မလေးတွေနဲ့ ခြားနားပြီး လူတွေကို ဘာမှ အံ့အားသင့်မသွားစေခဲ့ပါ။

သူမက သန့်စင်ရှင်လင်းသည့်မျက်နှာနဲ့ မွေးဖွားလာသူ ဖြစ်သဖြင့် အရမ်းကြီး ထင်ပေါ်သည့် ရုပ်ရည်တော့ မရှိပါ။

သူမ မတ်တပ်ရပ်နေလျှင် အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါသည်။

သူမက နူးညံ့ပြီး တိတ်ဆိတ်သည့် မိန်းကလေးဖြစ်သည်။ အမိန့်နာခံတတ်ကာ စဉ်းစားဉာဏ်ရှိသည်။ သဘောကျဖို့ ကောင်းပါသည်။

လင်းဖန် စဉ်းစားကြည့်လိုက်၏။ သူ့ဘဝဇာတ်ကြောင်းသာ ဝတ္ထုတစ်ပုဒ်ဖြစ်မည် ဆိုလျှင် Harem ဝတ္ထုတစ်ပုဒ် ဖြစ်ချင်မိသည်။

လှလှပပ ကောင်မလေးတွေက အများကြီး ရှိပါသည်။ အားလုံးကိုသာ လက်ခံလို့ရလျှင် နေ့တိုင်း လူပြောင်းချစ်နိုင်သည်။ သူ့ဘဝ ဘယ်လောက်တောင် ကံကောင်းလိုက်မလဲ။

သို့သော်လည်း စိတ်ကူးယဉ်လို့သာ ရသည်။ ဘာပဲဖြစ်ဖြစ် သူ့ဘဝက ဝတ္ထု မဟုတ်ပါ။ Harem ကို နိုင်ငံတော်ကလည်း ခွင့်ပြုမှာ မဟုတ်ပါ။

တွေးရင်းနဲ့ လင်းဖန် နှာချေချင်သလို ဖြစ်လာ၏။ သူ အိမ်သာသုံးစက္ကူကို ယူလိုက်ပါသည်။

ဖန်သားပြင်ပေါ်မှာလည်း ခြေတံသွယ်သွယ် ကောင်မလေး ၃ ယောက်ပုံ ရှိနေသည်။

ထိုအချိန်တွင်... ရှားဝမ်ချွေ့ ဝင်လာ၏။

လင်းဖန်တစ်ယောက် ကွန်ပျူတာဖန်သားပြင်ပေါ်မှာ ကောင်မလေးသုံးယောက်ပုံကို ဖွင့်ထားပြီး အိမ်သာသုံး စက္ကူကို ကိုင်ထားတာ သူမ မြင်လိုက်ရသည်။

ရှားဝမ်ချွေ့ ဒေါသထွက်သွားသည်။ လင်းဖန်ကို စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်၏။

အစကတာ့ လင်းဖန် အလုပ်လုပ်နေသည်ဟု သူမ ထင်ခဲ့သည်။ ထင်မထားစွာဖြင့် လင်းဖန်က မိန်းမလှလေးများ၏ ခြေထောက်များကိုကြည့်ကာ အိမ်သာသုံးစက္ကူတောင် ကိုင်ထားပါသေးသည်။

ရှားဝမ်ချွေ့က အလွန် အပြစ်ကင်းစင်သော်လည်း ဒီကိစ္စမျိုးတွေကို သူမ နားလည်သည်။

မှန်ထဲတွင် သူ့နောက်က ရှားဝမ်ချွေ့၏ ပုံရိပ်ကို လင်းဖန် မြင်သွား၏။

သူ တုန်လှုပ်သွားသည်။

သေပြီ...

ဘာကြောင့်မှန်းမသိဘဲ သူ မဟုတ်တာ တစ်ခုခု လုပ်နေတာကို လူမိသွားသလို ခံစားလိုက်ရသည်။

ကြောင်မလေးသာ သိသွားပါက သေချာပေါက် ဒေါသထွက်လိမ့်မည်။

ဘယ်ကောင်မလေးက ကိုယ့်ကောင်လေး တခြား မိန်းကလေးတွေရဲ့ ခြေထောက်ကိုကြည့်ပြီး နှာဘူးထနေတာကို ဂရုမစိုက်ဘဲ နေမှာလဲ။

ဇာတ်ဝင်ခန်းကို ရပ်တောင် ရပ်ထားသေးသည်။

ဘယ်သူမဆို သဝန်တိုပါလိမ့်မည်။

သဝန်တိုသဖြင့် ဒေါသနဲ့ အငြင်းပွားစရာတွေပါ ပါလာလိမ့်မည်။

တချို့ ကြမ်းကြမ်းတမ်းတမ်း ကောင်မလေးများဆို လက်နက်တောင် ကိုင်ပြီး ထုရိုက်ပါလိမ့်မည်။

လင်းဖန် ရှင်းပြဖို့ ကြိုးစားနေစဉ် ရှားဝမ်ချွေ့ သူ့ရှေ့ လျှောက်လာ၏။

"မြောင် မြောင်" ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံး လှလှလေးများဖြင့် ကြည့်လိုက်၏။

"အဲ... ငါရုပ်သံဒရမ်မာ ကြည့်နေတာပါ" လင်းဖန်က အိမ်သာသုံးစက္ကူကို ဖြည်းဖြည်းချင်း ပြန်ချရင်း ပြောလိုက်သည်။ သူ နှပ်ချေးညှစ်ချင်ရုံလေးသာ။ အခုတော့ ရှင်းရှင်းလင်းလင်းတောင် ရှင်းမပြနိုင်တော့ပါ။

"ဘာမှ ရှင်းပြဖို့ မလိုပါဘူး" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်သည်။ သူမရဲ့ နှုတ်ခမ်းနီနီလေးများက လင်းဖန်ရဲ့ ပါးပြင်ကို နူးညံ့စွာ ထိလိုက်သည်။ သူမ မျက်နှာက အနည်းငယ် နီမြန်းနေပါသည်။

"ဟင်" လင်းဖန် ရှားဝမ်ချွေ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်၏။ သူ မျှော်လင့်ထားတာ ဒီလို မဟုတ်ပါ။

"ငါ့ကိုဖက်ထား~ ဟုတ်ပြီလား" ရှားဝမ်ချွေ့က ချစ်စရာ မျက်နှာထားလေးနဲ့ ချိုမြိန်စွာ ပြုံးလိုက်သည်။ သူမ လင်းဖန်ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး လက်နောက်ပစ်ထားသည်။

သူမ ဒေါသမထွက်သလို လင်းဖန်ကိုလည်း မေးခွန်း မထုတ်ပါ။

သူမ အရှုံးပေးချင်ပြီး လင်းဖန်ကို ကြောင်လေး တစ်ကောင်လို ကပ်နေချင်ခြင်းသာ ဖြစ်သည်။

လင်းဖန် မတ်တပ်ရပ်လိုက်ပြီး ခြေတစ်လှမ်း တိုးလိုက်သည်။ ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို ဖက်လိုက်ပြီး သူမရဲ့ ကိုယ်သင်းရနံ့ကို နူးညံ့စွာ ရှိုက်လိုက်သည်။ "မိန်းမ ငါမှားပါတယ်"

ရှားဝမ်ချွေ့ လင်းဖန် ပွေ့ဖက်တာကို ခွင့်ပြုကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်ပါသည်။ "နင့်အမှားနင်သိရင် ငါအပြစ်ပေးမယ်"

လင်းဖန်က ရှားဝမ်ချွေ့ကို ပွေ့ဖက်ထားပြီး သူ့ရင်ခွင်ထဲက နူးညံ့ မွှေးပျံ့သည့် ခံစားချက်ကို ခံစားကြည့်လိုက်သည်။ "အင်း။ ဘယ်လို အပြစ်ပေးမှာလဲ"

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ခေါင်းကို နူးညံ့စွာ ငုံ့လိုက်ပါသည်။ "ငါ့ကို Mini စကတ်လေးတစ်ထည်၊ JK စကတ်လေးတစ်ထည်၊ ဘောင်းဘီတိုတစ်ထည် ဝယ်ပေး။ ငါလည်း... နင့်အတွက် ဝတ်ပေးမယ်~"

လင်းဖန် “...”

ဒါမျိုး ဘယ်သူက ငြင်းဆန်နိုင်မည်နည်း။

All Chapters