← Chapters

လက်ထောက်တစ်ယောက်ရဲ့ အကျိုးခံစားခွင့်များ

Vol. 25 Ch. 371

လက်ထောက်တစ်ယောက်ရဲ့ အကျိုးခံစားခွင့်များ

Vol. 25 Ch. 371

ဒီနေ့က အလွန်အရေးကြီးသည့်နေ့ တစ်နေ့ ဖြစ်သည်။

လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက စနစ် ဘယ်ရောက်နေသလဲ မေးလို့ မရပါ။ လင်းဖန် Sign-in မဝင်တာကြာပြီဖြစ်ပြီး သူ့အခွင့်အရေးများကို စုဆောင်းနေတာကြောင့် ဖြစ်သည်။ ဒီလိုမှ ပစ္စည်းကောင်းတွေ အများကြီးကို တပြိုင်တည်း ရနိုင်မှာ ဖြစ်ပါသည်။

ဇာတ်ကောင်တွေကို တစ်ကောင်ချင်း ကံစမ်းမဲ နှိုက်ခြင်းကဲ့သို့ ဖြစ်သည်။ တပြိုင်တည်း ၁၀ ကြိမ် ကံစမ်းမဲနှိုက်လိုက်တာနဲ့ ခံစားချက်ခြင်း ကွာခြားပါသည်။

ယခင် ကံစမ်းမဲမှ ရရှိခဲ့သည့် စကေးအများစုကို လင်းဖန် အသုံးမပြုရသေးပါ။

ဒီနေ့ လင်းဖန် ကုမ္ပဏီထဲမှာ ရှိနေဆဲ ဖြစ်၏။

လင်းဝေဝေဟု အမည်ရသည့် ကောင်မလေး တစ်ယောက်က ကျားရှင်းဖျော်ဖြေရေး၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

သူမရဲ့ ID ကတ်ကို ပြသပြီးနောက် ဝင်ပေါက်ရှိ လုံခြုံရေးအစောင့်က လင်းဝေဝေကို ချက်ချင်း ဝင်ခွင့်ပေးလိုက်ပါသည်။

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသည့် လင်းဝေဝေက အလွန်ထူးချွန်ပါသည်။

သူမက Central TVဌာနမှ ဖြစ်ကာ Central TVတွင် ထုတ်လွှင့်ပြသနိုင်မည့် အဓိပ္ပာယ်ရှိသော ရုပ်သံဒရမ်မာတချို့ကို လာရောက် ကြည့်ရှုခြင်းဖြစ်သည်။

Central TV ကရှာဖွေနေသည့် ရုပ်သံဒရမ်မာများမှာ အလွန်ပြီးပြည့်စုံပြီး ကောင်းမွန်သည့် ရုပ်သံဒရမ်မာများ ဖြစ်ကာ ကြည့်ရှုသူ ပရိတ်သတ်ရဲ့ တန်ဖိုးကို မြှင့်တင်နိုင်မည့် ရုပ်သံဒရမ်မာများသာ ဖြစ်ရမည်။

သာမန် ရုပ်သံဒရမ်မာတွေ၊ ရှန်းရှဒရမ်မာတွေကို Central TV မှာ ပြသမှာ မဟုတ်ပါ။

ကျားရှင်းဖျော်ဖြေရေးမှာ ဓာားထုတ်ခြင်း အနုပညာဟု ခေါ်သည့် စစ်ရေးစစ်ရာ ရုပ်သံဒရမ်မာ တစ်ခုကို ဖန်တီးထားသည်ဟု လင်းဝေဝေ ကြားမိသဖြင့် လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။

ဓားထုတ်ခြင်းအနုပညာဟူသည့် နာမည်က အဓိပ္ပာယ် အလွန်ရှိပြီး ကျားရှင်းဖျော်ဖြေရေးက ရိုက်ကူးထားသည့် ရုပ်သံဒရမ်မာလည်း ဖြစ်သည်။

ကျားရှင်းဖျော်ဖြေရေး၏ ရုပ်သံဒရမ်မာများက ဒီလောကထဲမှာ အထွတ်အထိပ်များ ဖြစ်ကြသည်။

လက်ရှိ ကျားရှင်းဖျော်ဖြေရေးက ဒီလောက်တောင် နာမည်ကြီးနေပါပြီ။

အနှစ်ချုပ်အားဖြင့် ဆိုရင်လျှင် လင်းဖန်ကြောင့်သာ ဖြစ်သည်။

ကျားရှင်းဖျော်ဖြေရေးကို လင်းဝေဝေ ပထမဆုံး ရောက်ဖူးတာဖြစ်ပြီး ဒီနေရာကြီးရဲ့ ခမ်းနားမှုကို ခံစားလိုက်ရပါသည်။

"ကျားရှင်းဖျော်ဖြေရေးဆိုတာ ဒါကိုး။ ငါ စိတ်မပျက်ခဲ့ရပါဘူး။ သမိုင်းကြောင်းပြန်လှန်ဖို့ စစ်ရေးစစ်ရာ ရုပ်သံဒရမ်မာတစ်ကား ခေါင်းဆောင်ကြီးက ရှာခိုင်းလိုက်တယ်။ ကျားရှင်းဖျော်ဖြေရေးရဲ့ နောက်ဆုံးထွက် လက်ရာတွေ ဘယ်လိုနေမလဲ မသိဘူး" လင်းဝေဝေ အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။

"ပြီးတော့... ဒီကျားရှင်းဖျော်ဖြေရေးက ဘာလို့ ဒီလောက် ကြီးမားရတာလဲ။ Central TV အလုပ်လုပ်တဲ့ နေရာထက်တောင် အများကြီ ပိုကြီးမားပြီး ခမ်းနားသေးတယ်" လင်းဝေဝေက မနာလို အားကျမှုများဖြင့် လျှောက်ကြည့်လိုက်သည်။

Central TV ၏ ဆွဲဆောင်မှု အရှိဆုံးအရာက ၎င်းရဲ့ ဂုဏ်သတင်းပဲဖြစ်သည်။ Central TV မှ ရောက်လာသည့် လူတိုင်းက အဆင့်အတန်းနဲ့ တန်ဖိုးကို ကိုယ်စားပြုသည်။ အားလုံးက သာမန် နေရာတွေနဲ့ ခြားနားပါသည်။ ဥပမာအားဖြင့် Central TV ရဲ့ တင်ဆက်သူနဲ့ မင်္ဂလာလက်ထပ်ပွဲ ရှိုးတွေရဲ့ တင်ဆက်သူတွေက တူညီတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါ့မလား။

"အလုပ်စားပွဲတွေအကြား အကွာအဝေးကလည်း အရမ်းများတယ်။ အင်း... တကယ် ကောင်းတာပဲ။ ဒါက အကောင်းဆုံး ဖျော်ဖြေရေးကုမ္ပဏီကြီးပဲ။ တခြား ဖျော်ဖြေရေး ကုမ္ပဏီတွေနဲ့ လုံးဝ ခြားနားသလို ခံစားရတယ်" လင်းဝေဝေ ပြောလိုက်သည်။

အလုပ်စားပွဲများတွင် ဆယ်လီများစွာကို လင်းဝေဝေ မြင်လိုက်ရပါသည်။ တချို့က ဇာတ်ညွှန်းများ ဖတ်နေပြီး တချို့ကတော့ လေးလေးနက်နက် အလုပ်လုပ်ကိုင်နေကြပါသည်။

ထို့အပြင် အားလုံးက ရယ်မောပျော်ရွှင်စွာ စကားပြောနေကြသည်။ ဒီနေရာက ပတ်ဝန်းကျင် အခြေအနေနဲ့ သွင်ပြင်လက္ခဏာများက တကယ်ပဲ ကောင်းမွန်လှပါသည်။

ဒီကလူတွေကလည်း နွေးထွေးပြီး ယဉ်ကျေးမှု ရှိသည်။

ထိုအချိန်တွင် စုမူချင်းက လင်းဝေဝေရှေ့ကို လျှောက်လာခဲ့ပါသည်။ "ဟယ်လို။ ရှင်က Central TV ရဲ့ ဝန်ထမ်းလို့ ကြားမိတယ်။ ကျွန်မနာမည် စုမူရှင်းပါ။ ဘော့စ်လင်းရဲ့ လက်ထောက်ပါ"

လင်းဝေဝေ အနည်းငယ် အံ့အားသင့်သွားသည်။ သူမ စုမူချင်းကို ကြည့်ပြီး ပြောလိုက်ပါသည်။ "ဝိုး ရှင်က လင်းဖန်ရဲ့ လက်ထောက် စုမူချင်းကိုး။ ရှင်အရမ်းလှတယ်လို့ အရင်တုန်းက ကြားပဲကြားဖူးတာ။ အခုလူကိုယ်တိုင်တွေ့မှ ရှင်တကယ် လှတာပဲ"

သူတို့အားလုံးက မိန်းကလေးတွေပဲ ဖြစ်သည်။ မိန်းကလေးတွေလည်း လှလှပပလေးတွေကို သဘောကျတတ်ပါသည်။ စုမူချင်း၏ အလှအပက တခြားကောင်မလေးတွေနဲဲ့ ခြားနားသည်။ သို့သော် ပိုမို ဆွဲဆောင်မှုရှိ၏။ အထူးသဖြင့် ကောင်လေးများအတွက် ဖြစ်ပါသည်။

လင်းဖန်ရဲ့ ကောင်မလေး ရှားဝမ်ချွေ့ကသာ ပိုမလှလျှင် စုမူချင်းကို လက်ထောက်အဖြစ် ခန့်ထားသည့်အတွက် လင်းဖန်ကို လူတော်တော်များများ သံသယ ဝင်ကြပါလိမ့်မည်။

လက်ထောက်က တစ်ခုခုလုပ်ဖို့ လိုလျှင် သူလုပ်ကို လုပ်ရမည်။

စုမူချင်းက ချိုမြိန်စွာ ပြုံးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ မေးလို့ ရမလား။ ဘော့စ်လင်းကို ကျွန်မ တင်ပြပေးပါမယ်"

လင်းဝေဝေက လေးလေးနက်နက် ပြောလိုက်ပါသည်။ "ကျွန်မ ဓားထုတ်ခြင်း အနုပညာ ရုပ်သံဒရမ်မာရဲ့ ဇာတ်သိမ်းကို ကြည့်ချင်လို့ပါ။ Central TV က ကျားရှင်းဖျော်ဖြေရေး ထုတ်လုပ်ထားတဲ့ ဓားထုတ်ခြင်း အနုပညာ ရုပ်သံဒရမ်မာကို အရမ်း စိတ်ဝင်စားတယ်။ ကျွန်မ အစမ်းကြည့်လို့ရမယ်ဆိုရင် ဘော့စ်လင်းနဲ့ စျေးနှုန်း ဆွေးနွေးနိုင်မှာပါ"

စုမူချင်းက ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ။ စုစုပေါင်း ၂ ပိုင်း ရှိပါတယ်။ ရှင် ကြည့်ချင်ရင် ကြည့်လို့ရပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးကိရိယာတွေ၊ တခြား ဓာတ်ပုံရိုက်ကူးလို့ ရတဲ့ ကိရိယာတွေတော့ ယူလာလို့ မရပါဘူးရှင့်"

လင်းဝေဝေက ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ။ Central TV က ရှိုးနဲ့ ပတ်သက်တဲ့ အချက်အလက် ဘာမှ မပေါက်ကြားစေရပါဘူး"

Central TV က ဓားထုတ်ခြင်းအနုပညာအတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူတော့မည်ဟု ကြားလိုက်ရသည့်အခါ စုမူချင်း အလွန်ပျော်ရွှင်သွား၏။

Central TV က တခြား ရုပ်သံဌာနတွေနဲ့ ခြားနားပါသည်။ ယခု Central TV ကိုယ်တိုင် ရောက်လာပြီဖြစ်သဖြင့် ကျားရှင်းဖျော်ဖြေရေးရဲ့ ရေပန်းစားမှုကို သက်သေပြလိုက်သလိုပင်။

Central TV ကသာ ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာကို ထုတ်လွှင့်ပြသနိုင်ပါက ပို၍ပင် ရေပန်းစားသွားပါဦးမည်။

လင်းဝေဝေက အပန်းဖြေနယ်မြေ၊ အနားယူ နယ်မြေနဲ့ လေ့ကျင့်ခန်းနယ်မြေတို့ကို ဖြတ်သွားရသည်။ မျက်စိ ကျယ်လောက်စရာပင်။

ဒီက ဝန်းကျင်အခြေအနေက.... တကယ် ကောင်းမွန်လွန်းပါသည်။

သာမန်လူတွေက လေ့ကျင့်ခန်း လုပ်ချင်ပါက Gym ကို သွားပြီး ကတ်ယူရသည်။

သို့သော်လည်း ကျားရှင်းဖျော်ဖြေရေးမှာတော့ ဒါမျိုး မရှိပါ။

ကျားရှင်းဖျော်ဖြေရေးက Gym မန်ဘာဝင်စနစ်ကို ထောက်ပံ့ပေးထားသည်။

"အား... ဒီနေရာကြီးက အရမ်းကောင်းတာပဲနော်။ ဒီမှာ လေ့ကျင့်ခန်းတောင် လုပ်လို့ ရတယ်။ ဒါပေမယ့် အလုပ်ပြီးမှ လေ့ကျင့်ခန်းလုပ်လို့ရတာ မဟုတ်လား" လင်းဝေဝေက စုမူချင်းကို ကြည့်လိုက်သည်။ သူမက Central TV ၏ ဝန်ထမ်း ဖြစ်နေတာတောင် စိတ်ဝင်စားမိပါသည်။

စုမူချင်းက ရှင်းပြလိုက်၏။ "အဲ့လိုတော့ မဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ကျားရှင်းဖျော်ဖြေရေးဝန်ထမ်းတွေက နေ့တိုင်း တစ်နာရီလောက် ဒီမှာ လေ့ကျင့်ခန်းလုပ်ရတယ်။ မနက်ခင်း နာရီဝက်၊ နေ့လည်ခင်း နာရီဝက်ပေါ့~။ ကုမ္ပဏီရဲ့ ပစ္စည်းတွေကိုလည်း မပျက်စီးစေဘူး ဆိုရင် အလုပ်ချိန်ပြင်ပမှာ လွတ်လွတ်လပ်လပ် သုံးလို့ ရပါတယ်"

စုမူချင်း၏ စကားလုံးများကို ကြားသောအခါ လင်းဝေဝေ အနည်းငယ် မက်မောသွားခဲ့ရပါသည်။

သူမ ဒီလောက်သဘောကောင်းတဲ့ ဘော့စ်မျိုးကို မကြားဖူးပါ။ တခြား ကုမ္ပဏီတွေရဲ့ ဘော့စ်တွေက ကိုယ့်ဝန်ထမ်းတွေဆီက ဘယ်လိုညှစ်ထုတ်ရမလဲ၊ သူတို့ကို အလကား အချိန်ပိုလုပ်ခိုင်းဖို့ ဘယ်လို ကြံရမလဲသာ စဉ်းစားနေကြသည်။

ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းတွေကို အလုပ်ချိန် အတွင်းမှာတောင် လေ့ကျင့်ခန်းလုပ်ခွင့် ပေးထားသည်။ ဒါက Gym အသုံးအဆောင်ပစ္စည်းများ ပေးထားပြီး လေ့ကျင့်ခန်း လုပ်ခွင့်လည်း ပေးထားကာ လစာပါ ပေးသည့် ပုံစံ ဖြစ်နေပါသည်။

"ဟူး အားကျလိုက်တာ။ ဘော့စ်လင်းက အရမ်းတော်တာပဲနော်" လင်းဝေဝေက ပြောလိုက်၏။

"ဒါဆို အပန်းဖြေနေရာနဲ့ အနားယူနေရာတွေကတော့ ငွေကုန်ကြေးကျရှိမှာပါ ဟုတ်တယ်မလား။ ခုနက မုန့်တွေ အများကြီး မြင်ခဲ့တယ်။ သောက်စရာတွေလည်း အများကြီးပဲ။ Coke တွေ၊ Sprite တွေ၊ Fanta တွေ၊ အာလူးကြော်တွေနဲ့ တခြားဟာတွေကောပဲ။ စားသောက်ဆိုင်လည်း ရှိသေးတယ်။ စားသောက်ဆိုင်ထဲက အစားအသောက်တွေလည်း အရသာရှိမယ့်ပုံပဲ" လင်းဝေဝေ ပြောလိုက်ပါသည်။

စုမူချင်းက ပြုံးကာ ပြောလိုက်ပါသည်။ "သရေစာနေရာက အနားယူနယ်မြေထဲမှာ ရှိတယ်။ မုန့်တွေ အကုန်လုံးက အခမဲ့ပဲ။ အအေးတွေ၊ လက်ဖက်ရည်တွေ၊ အနောက်ရေကန်လုံကျင်းလက်ဖက်ရည်၊ တာ့ဟုန်ပေါင်နဲ့ တခြား လက်ဖက်ခြောက်ပေါင်းစုံ ရှိသေးတယ်။ အကန့်အသတ်လည်း မရှိဘူး~။ ဒီတိုင်း ဝန်ထမ်းအများစုနဲ့ ဆယ်လီအများစုက မစားသလောက် ရှားပါတယ်။ သူတို့ အများကြီး စားရင် ဝသွားကြမှာလေ။ စားသောက်ဆိုင်လည်း အဲ့လိုပဲ။ ဆယ်လီတွေအတွက် အာဟာရရှိတဲ့ အစားအသောက်တွေကို သီးသန့် ချုပ်လုပ်ပေးတဲ့ ပရော်ဖက်ရှင်နယ် အာဟာရပညာရှင်တွေပါ"

လင်းဝေဝေ ပို၍ပင် အံ့အားသင့်သွားပါသည်။

မုန့်ပဲသရေစာတွေကို အခမဲ့ထောက်ပံ့ပေးထားသည်။ ဒါက တချို့တွေအတွက် ကောင်းကင်ဘုံတစ်ခုလိုပင်။

ဘယ်လို အစားပုပ်မျိုးက ဒီလိုအလုပ်နေရာမျိုးမှာ မလုပ်ချင်ဘဲ နေမှာလဲ။

"ဘော့စ်လင်းက သဘောကောင်းတယ်နော်။ ဒီမှာတောင် ကျွန်မ အလုပ်လုပ်ချင်သွားပြီ" လင်းဝေဝေ ပြုံးလိုက်ပါသည်။

စုမူချင်းလည်း တောက်ပစွာ ပြုံးလိုက်ပါသည်။ "ကျားရှင်းက ပါရမီရှင်တိုင်းကို ကြိုဆိုပါတယ်ရှင်~"

လင်းဝေဝေ စုမူချင်းကို ကြည့်လိုက်၏။ "ကျွန်မ မေးခွန်းတစ်ခုလောက် မေးကြည့်လို့ ရမလား။ မဖြေလည်း ရပါတယ်။ မေးခွန်းက ကိုယ်ရေးကိုယ်တာ ဆန်လို့ပါ"

စုမူချင်း "ကုမ္ပဏီလျှို့ဝှက်ချက်တွေနဲ့ မသက်ဆိုင်ရင်တော့ ကျွန်မ ဖြေပေးလို့ ရပါတယ်"

လင်းဝေဝေ "အဲ ဘော့စ်ဖေးရဲ့ ပါဆယ်နယ်လက်ထောက် လုပ်တာ ရှင် လစာ ဘယ်လောက် ရလဲ"

စုမူချင်း ခေတ္တ စဉ်းစားလိုက်၏။ "တစ်လ ယွမ် ၃၀၀,၀၀၀ လောက်ပါ"

လင်းဝေဝေ “...”

လခွမ်း... လင်းဖန်က ဘယ်လောက်တောင် ချမ်းသာတာလဲ။

အခုခေတ်ကြီးမှာ လက်ထောက်တစ်ယောက်က တစ်လ ယွမ် ၃၀၀,၀၀၀ ရနိုင်တယ်တဲ့။

All Chapters