Central TV အံ့အားသင့်သွားခြင်း
Vol. 25 Ch. 372
လင်းဝေဝေ တစ်ယောက် တံတွေးမျိုချလိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်ပါသည်။ "လက်ထောက်လုပ်တာ... တစ်လကို ယွမ် ၃၀၀,၀၀၀ ရတယ်ဟုတ်လား"
"အဲ့တာဆို တစ်နှစ်ဝင်ငွေက ၉ သန်းလောက် ရှိမသွားဘူးလား။ တစ်နှစ်ကို ၉ သန်း...။ ရှန်ဟိုင်းမှာ အိမ်တစ်လုံး နှစ်လုံးလောက် ဝယ်လို့ ရတယ်"
လင်းဝေဝေ အလွန်အံ့အားသင့်သွားရပါသည်။ စီအီးအိုမဟုတ်တဲ့ ပါဆင်နယ် လက်ထောက်တစ်ယောက်က ဘယ်လိုဖြစ်ပြီး တစ်လကို ယွမ် ၃၀၀,၀၀၀ ရသွားတာလဲ။
ဒီလိုလစာမျိုးကို တရားလွန်သည်ဟုသာ ဖော်ပြနိုင်ပါလိမ့်မည်။
ဘယ်လို ဖျော်ဖြေရေးကုမ္ပဏီမျိုးမှာမဆို ဘယ်သူက လက်ထောက်တစ်ယောက်ကို တစ်လ ယွမ် ၃၀၀,၀၀၀ လောက် ပေးမှာလဲ။
ထိုလက်ထောက်က... လင်းဖန်၏ ရည်းစား ဖြစ်နေမှ ရလိမ့်မည်။
လင်းဖန်က ဒီလောက်လစာ အများကြီးကို အကြောင်းအရင်း တစ်ခုခုကြောင့် ထောက်ပံ့ပေးထားတာ ဖြစ်နိုင်ပါသည်။
လင်းဝေဝေ၏ စိတ်ထဲ ထိုအတွေး ဝင်ရောက်လာသော်လည်း သူမ ထုတ်မပြောခဲ့ပါ။
"တကယ်တော့ ဘာမှ မပြောပလောက်ပါဘူး။ ကျွန်မ လစာက ၁၀,၀၀၀ ယွမ်ပဲ ရှိတာပါ။ ဘော့စ်လင်းက ကျွန်မလစာကို ခေါင်းမာပြီး တိုးပေးနေလို့ပါရှင်" စုမူချင်းက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ လင်းဖန်ရဲ့ လက်ထောက်ဖြစ်ရတာ အလွန် ဝမ်းသာပါသည်။
"ကျွန်မ အားကျလိုက်တာ" လင်းဝေဝေက စုမူချင်းကို ကြည့်လိုက်ပြီး အားကျသွားရပါသည်။
"အခု ဘော့စ်လင်းက ကျွန်မနဲ့ အနုပညာရှင်စာချုပ် တစ်ခု ချုပ်လိုက်ပြီဆိုတော့ အမ်... ကျွန်မရဲ့ နှစ်စဉ် ဝင်ငွေက သန်း ၁၀ - ၂၀ အောက်တော့ မနိမ့်ဘူး ထင်တာပဲ။” စုမူချင်းက ပိုမို ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"..." လင်းဝေဝေ။
လင်းဝေဝေ ဘာပြောရမှန်း မသိပါ။ စုမူချင်းကို လင်းဖန် အကျိုးခံစားခွင့်တွေ ပေးထားတာ အရမ်း ကောင်းလွန်းနေပါသည်။
သူမက စုမိသားစု၏ ဒုတိယသမီး ဖြစ်သည်။ သူမကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြရမည်ဆိုပါက ဉာဏ်ကြီးရှင် ကောင်မလေး ဖြစ်သည်။
စုရှောင်းယွီလောက် ဉာဏ်မကောင်းသော်လည်း စုမူချင်းက ကိစ္စကြီးကြီးသေးသေး အကုန် ဆောင်ရွက်တတ်ပါသည်။
လင်းဖန်က ကုမ္ပဏီများစွာမှာ အဓိက ရှယ်ယာဝင်တစ်ယောက်ဖြစ်သည်။ တစ်ခုခု ဖြစ်လာသည့်အခါ စုမူချင်းက ကူရှင်းပေးနိုင်ပါသည်။
စုမူချင်းက လင်းဖန်၏ ပါဆယ်နယ်လက်ထောက်ဟု ဆိုနိုင်သည်။ သူမ အချိန်အားလုံးကို လင်းဖန်က ပိုင်ဆိုင်ထားပါသည်။
အစားအသောက်ပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝ၊ ပျော်စရာ၊ သို့မဟုတ် အနုပညာလောကထဲက ဘယ်လိုအလုပ်မျိုး ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့လုပ်ငန်းတွေကိုပဲဖြစ်ဖြစ် လင်းဖန်အတွက် ဝန်ထုပ်ဝန်ပိုး ကူသယ်ပေးနိုင်ပါသည်။
ထို့အပြင် လင်းဖန်က သူမကို ရာနှုန်းပြည့် ယုံကြည်ထားသည်။
သူမကလည်း လင်းဖန်ကို အပြည့်အဝ သစ္စာရှိပါသည်။
သူမကို ဒီလို လစာမြင့်မြင့်ပေးတာ ဖြစ်သင့်ပါသည်။
အမှန်ပင်။ အရေးအကြီးဆုံး အကြောင်းအရင်းက လင်းဖန် ချမ်းသာတာကြောင့် ဖြစ်သည်။
အခု သူမကို တစ်နှစ် ယွမ် ၉ သန်းသာ ပေးဖို့ လိုသည်။
စုမူချင်းက ကျားရှင်းဖျော်ဖြေရေးရဲ့ အနုပညာရှင် တစ်ယောက်ဖြစ်လာခဲ့ပါက တစ်နှစ်ကိုကုမ္ပဏီအတွက် သူမ ငွေတွေ ဘယ်လောက် ရှာပေးနိုင်မလဲ ဘယ်သူမှ မသိနိုင်ပါ။
အရေးအကြီးဆုံးက ဒီလောက်လှပသည့် မိန်းကလေးတစ်ယောက်ကို လက်ထောက် အနေဖြင့် ပိုင်ဆိုင်ထားရတာ မျက်စိကျဖို့ ကောင်းပါသည်။
စုမူချင်းကို လင်းဖန် ဘာထူးထူးဆန်းဆန်း အတွေးမှ မထားသော်လည်း နေ့တိုင်း ခြေတံသွယ်သွယ်နဲ့ မိန်းမလှလေးကို မြင်ရတာ စိတ်ချမ်းသာဖို့ မကောင်းဘူးလား။
လင်းဝေဝေက ပြောလိုက်သည်။ "ကျွန်မ ငိုတောင် ငိုချင်သွားပြီ. အားကျလိုက်တာ။ ရှင့်မှာ အချိန်ရရင် ဘော့စ်လင်းကို လက်ထောက် ခန့်ချင်သေးလားလို့ မေးပေးပါလား"
စုမူချင်းက ချိုမြိန်စွာ ပြုံးကာ ပြောလိုက်ပါသည်။ "ကျွန်မ အချိန်ရှိရင် ကူမေးပေးပါ့မယ်"
ယခု လင်းဖန်မှာ လက်ထောက် ၂ ယောက် ရှိပါသည်။ တစ်ယောက်က စုမူချင်းဖြစ်ပြီး နောက်တစ်ယောက်က လင်းချမ့်ဝေ ဖြစ်သည်။
လင်းချမ့်ဝေက လုပ်ငန်းအကြောင်း အများကြီး သိပ်နားမလည်ဘဲ အချိန်စာရင်း သတ်မှတ်ခြင်း စသည့် ရိုးရိုးရှင်းရှင်း အလုပ်များသာ လုပ်နိုင်သည်။
လင်းဝေဝေက စုမူခချင်းကို ကြည့်ကာ ပြောလိုက်၏။ "ဘော့စ်လင်းက အကျိုးခံစားခွင့်ကောင်းတွေနဲ့ လစာမြင့်မြင့်ကို ပေးထားတာ။ ကုမ္ပဏီက အရှုံးမပေါ်ဘူးလား"
စုမူချင်းက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "မရှုံးပါဘူး။ ဘော့စ်လင်းက ဘက်စုံ အစွမ်း ရှိတယ်လေ~"
လင်းဝေဝေက ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါဆို ကျွန်မ ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာကို ပိုကြည့်ချင်လာပြီ။ စကားမစပ် ဒီရုပ်သံဒရမ်မာကိုလည်း ဘော့စ်လင်း ရိုက်ကူးထားတာလား"
စုမူချင်းက ခေါင်းကို နူးညံ့စွာခါပြီး ပြောလိုက်ပါသည်။ "ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာကို ဘော့စ်လင်း ရေးထားတာပါ။ ဒါပေမယ့် ရိုက်ကူးရေး လုပ်ငန်းစဉ်တစ်ခုလုံးမှာ မပါဝင်ခဲ့ဘူး။ ဘော့စ်လင်းက ကုမ္ပဏီထဲမှာ ပါရမီရှင်တွေ အများကြီး ပျိုးထောင်ထားပြီးသားဆိုတော့ သူကိုယ်တိုင် အဲ့တာတွေ လုပ်ဖို့ မလိုတော့ဘူးလေ"
လင်းဝေဝေ မျက်လုံးများ ဝိုင်းစက်သွား၏။ "ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းတွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းမှန်း ကျွန်မ သိတယ်။ ဘော့စ်လင်းရဲ့ ရှန်းရှဒရမ်မာတွေ၊ သမိုင်းကြောင်း ဒရမ်မာတွေနဲ့ ရုပ်သံဒရမ်မာ ၄ ကားစလုံးက အရမ်း ပြောင်မြောက်ကြတယ်။ အခု စစ်ရေးစစ်ရာ ဒရမ်မာနဲ့ လူငယ်ကြိုက် ရုပ်သံဒရမ်မာတွေကိုပါ ထုတ်လုပ်နေပြီဆိုတော့ ကျွန်မ မျှော်လင့်နေပါပြီ"
စုမူချင်းက လင်းဝေဝေကို သီးသန့်အခန်း တစ်ခန်းထဲ ခေါ်သွားလိုက်ပါသည်။ ဒီနေရာမှာ လုံးဝ လုံခြုံပါသည်။
"ဓားထုတ်ခြင်းအနုပညာ" ထုတ်လွှင့်ပြသမှုကို အတည်မပြုခင် လုံးဝ ပေါက်ကြားခွင့် မပြုထားပါ။
ဒီရုပ်ရှင်ကို ရုပ်သံဌာနပေါင်းစုံမှာ ထုတ်လွှင့်ဖို့လည်း ပြင်ဆင်ထားပါသည်။ ရုပ်သံဌာနတစ်ခုခုက သူတို့နဲ့ အလုပ်တူတူ လုပ်ချင်ပါက ဒရမ်မာကို အစမ်း ကြည့်ရှုပြီး နောက်ဆုံးစျေးကို ဆုံးဖြတ်နိုင်သည်။
Central TV ၏ ဝန်ထမ်းတစ်ယောက်အနေဖြင့် ထိုကဲ့သို့ တာဝန်များကို လင်းဝေဝေ ယူထားရပါသည်။
လင်းဝေဝေက Central TV ၏ အလွန်ထူးချွန်သည့် ဝန်ထမ်းတစ်ယောက်လည်း ဖြစ်သည်။ မဟုတ်ပါက ဒီလိုတာ ဝန်မျိုး ပေးအပ်ခံရမှာ မဟုတ်ပါ။
သူမ Central TV အတွက် ရုပ်သံဒရမ်မာများ ရွေးချယ်ပေးရာတွင် အတွေ့အကြုံ အများကြီး ရှိပါသည်။
ဘာပဲဖြစ်ဖြစ် Central TV က သြဇာရှိသည်။ ၎င်းတို့ ထုတ်လွှင့်ပြသချင်သည့် ရုပ်သံဒရမ်မာများက လူထုအတွက်ပဲ ဖြစ်ပါသည။
၁ နာရီခွဲလောက် ကြာသောအခါ လင်းဝေဝေ ထွက်လာခဲ့သည်။
ထိုရုပ်သံဒရမ်မာ ၂ ခုကို ကြည့်ပြီးသွားတော့ သူမရဲ့ မျက်လုံးလှလှလေးများ ဗလာဖြစ်သွားခဲ့သည်။
စစ်ပွဲနှင့် သက်ဆိုင်သည့် ရုပ်သံဒရမ်မာများ၊ အထူးသဖြင့် ဂျပန်တွေနဲ့ ရင်ဆိုင်သည့် ဒုတိယ ကမ္ဘာစစ် စစ်ပွဲရုပ်ရှင်များက နိုင်ငံတော်ထဲမှာ အလွန် ရေပန်းစားပါသည်။
သို့သော်လည်း ထိုဒရမ်မာများက ပရိတ်သတ်အတွက် မမှန်ကန်သည့် တန်ဖိုးများကိုသာ ယူဆောင်လာပေးနိုင်သည်။
ဥပမာအားဖြင့် ဂျပန်တွေကို အနိုင်ယူခြင်းက ပရိတ်သတ်တွေရဲ့ ဉာဏ်ရည်ကို စော်ကားတာပဲ မဟုတ်လား။
လင်းဝေဝေက သမိုင်းအကြောင်းအရ တိကျမှု ရှိပြီး ပရိတ်သတ်အတွေ သင့်တော်မည့် ရုပ်သံဒရမ်မာမျိုးကို ရှာဖွေချင်ခဲ့သည်။
ထိုကဲ့သို့ စစ်ပွဲ ရုပ်ရှင်မျိုးက ရှာဖွေဖို့ အလွန် ခက်ခဲသည်။ နိုင်ငံတော်ထဲက ဘယ်သူမှ ဒါကို ကောင်းမွန်အောင် မရိုက်နိုင်ကြပေ။
ထို စစ်ပွဲရုပ်ရှင်များက စိတ်ကျေနပ်ဖွယ် မကောင်းပါ။
ကျားရှင်းဖျော်ဖြေရေးမှ ထုတ်လုပ်ထားသည့် စစ်ပွဲ ရုပ်ရှင်ကို မြင်သောအခါ သူမ လေးလေးနက်နက် အံ့အားသင့်သွားရ၏။
အဘယ့်ကြောင့်ဆိုသော်... ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာအား အလွန်ပြောင်မြောက်စွာ ရိုက်ကူးထားခြင်း ဖြစ်တာကြောင့်ပင်။
"ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာက တခြား ဒရမ်မာတွေနဲ့ လုံးဝ ခြားနားတယ်"
"ဒီလို ရုပ်သံဒရမ်မာမျိုးမှာ စည်းချက်က ရှင်းလင်း ညီမျှပြီး ပဋိပက္ခကိုလည်း ခံစားနိုင်တယ်။ ကြည့်ရှုသူတွေရဲ့ အကြိုက်နဲ့လည်း ကိုက်ညီမှု ရှိတယ်။ ရုပ်သံဒရမ်မာတစ်ခုလုံးက လီယွင်လုံကို ရိုက်ပြထားတာ။ ၂ ပိုင်းကြည့်ပြီးတော့... ဘော့စ်လင်း အရမ်းတော်တာပဲလို့ ခံစားလိုက်ရတယ်။ ဇာတ်ညွှန်း တစ်ပုဒ်ကို ဒီလောက်ကောင်းအောင် ရိုက်နိုင်တာပါလား" လင်းဝေဝေပြောလိုက်ပါသည်။
လင်းဝေဝေ နှလုံးခုန်သံတွေ မြန်လာခဲ့သည်။
သူမက မိန်းကလေးဖြစ်ပြီး စစ်ပွဲရုပ်ရှင်တွေ ကြည့်ရတာ မကြိုက်ပါ။
သို့သော်လည်း လင်းဖန်ကုမ္ပဏီမှ ဖန်တီးထားသည့် ဒီ ရုပ်သံဒရမ်မာက... ကောင်းမွန်လွန်းပါသည်။
ပထမအပိုင်းကစပြီး လင်းဝေဝေ ယစ်မူးသွားရသည်။
ဒီရုပ်သံဒရမ်မာကို Central TV က ဝယ်ယူပြီး ထုတ်လွှင့်ပြသလိုက်ပါက ကြည့်ရှုသူနှုန်း ဘယ်လောက် ရှိလာမလဲ မပြောတတ်ပါ။
ကျားရှင်း ဖျော်ဖြေရေးမှ ထုတ်လုပ်သည့် ရုပ်သံဒရမ်မာတိုင်းက ထိပ်တန်း အရည်အသွေးများ ဖြစ်ပါသည်။
အခုချိန်ထိ ကျာရှင်းဖျော်ဖြေရေးက ခပ်စုတ်စုတ် ရုပ်ရှင်ကို မထုတ်လုပ်ဖူးသေးပါ။
ရုပ်သံဒရမ်မာတိုင်းက အနုပညာစျေးကွက်၏ ဦးတည်ချက်ကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။
ဓားထုတ်ခြင်းအနုပညာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
လင်းဝေဝေ ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် Central TV က ဒီရုပ်သံဒရမ်မာအတွက် ထုတ်လွှင့်ပြသခွင့်ကို ရအောင် ဝယ်ရမည်။
အရင်တုန်းက ကျားရှင်းဖျော်ဖြေရေး၏ ရုပ်သံဒရမ်မာတွေကို ဝယ်ယူဖို့ စိတ်မပါကြသည့် ရုပ်သံဌာနများစွာရှိသည်။ အခု ထိုရုပ်သံဌာနများ နောင်တရနေဆဲ ဖြစ်သည်။
Central TV ကတော့ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်လို့ မဖြစ်ပါ။
လင်းဝေဝေ စုမူချင်းကို ကြည့်ကာ ပြောလိုက်၏။
"မစ္စစု၊ Central TV က ဓားထုတ်ခြင်း အနုပညာ တစ်သက်တာ ထုတ်လွှင့်ပြသပိုင်ခွင့်ကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါပြီ"
"ဘော့စ်လင်းဦးဆောင်တဲ့ ကုမ္ပဏီဆိုတဲ့အတိုင်းပဲ။ ကျားရှင်းဖျော်ဖြေရေးက ရိုက်ကူးထားတဲ့ ရုပ်သံဒရမ်မာတွေက စိတ်ဝင်စားဖို့ကောင်းတုန်းပဲ"